Sunday, November 27, 2011

ဘုန်းကြီးတစ္ဆေများ


ဦးနှောက်ထဲမှာ
မိခင်နို့ရည်ရှိတယ်
ဦးနှောက်ထဲမှာ
သချိုင်းမြေရှိတယ်
ဦးနှောက်ထဲမှာ
ဂလိုဘယ်လိုင်ဇေးရှင်းရှိတယ်
ဦးနှောက်ထဲမှာ
၁၀၉/၁၁၀ရှိတယ်
ဦးနှောက်ထဲမှာ
စစ်ပွဲတွေရှိတယ်
ဦးနှောက်ထဲမှာ
ငြိမ်းချမ်းရေးရှိတယ်
ဦးနှောက်ထဲမှာ
စကြဝဠာရှိတယ်
ဦးနှောက်ထဲမှာ
သင်္ခါရရှိတယ်
ဦးနှောက်ထဲမှာ
ချစ်ခြင်းမေတ္တာရှိတယ်
ဦးနှောက်ထဲမှာ
အမုန်းအာဃာတရှိတယ်
ဦးနှောက်ထဲမှာ
သစ်ပင်ပျိုးစိတ်ရှိတယ်
ဦးနှောက်ထဲမှာ
သစ်ပင်ချိုးစိတ်ရှိတယ်
ဦးနှောက်ထဲမှာ
မိန်းမရှိတယ်
ဦးနှောက်ထဲမှာ
ယောကျာ်းရှိတယ်
ဦးနှောက်ထဲမှာ
ငတ်မွတ်ခါင်းပါးမှုရှိတယ်
ဦးနှောက်ထဲမှာ
ကြွယ်ဝပေါများမှုရှိတယ်
ဦးနှောက်ထဲမှာ
မူးယစ်ဆေးဝါးရှိတယ်
ဦးနှောက်ထဲမှာ
ဒဏ်ပြန်ချေဆေးရှိတယ်
ဦးနှောက်ထဲမှာ
ကွန်ဒွန်ရှိတယ်
ဦးနှောက်ထဲမှာ
AIDSရှိတယ်
ဦးနှောက်ထဲမှာ
ဒီမိုကရေစီရှိတယ်
ဦးနှောက်ထဲမှာ
စစ်အာဏာရှင်ရှိတယ်
..........................
ဦးနှောက်ထဲမှာ
ဦးနှောက်မရှိဘူး။   ။

သုအိုင်စံ
၂၇.၁၁.၂၀၁၁

အပြည့်အစုံသို့...

Friday, November 25, 2011

အခုလို နိုင်ငံရေးရာသီမျိုးမှာ ဒီကဗျာဖတ်လို့ကောင်းတယ်

ပုဂ္ဂလိကပန်းဥယျာဉ်

ဘယ်သူပြောလဲ
တတောလုံးကြွေ …။

တဟုန်းဟုန်းနဲ့
တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာ
ဖျားနာခဲ့ပြီ တို့နှင်းဆီ။

အပူစီးကြောင်း
ချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲ
တစက်နှစ်စက်၊ သွေးစက်စက်လေ
အိပ်မက်မီးသင့် ခဲ့သလော။

ငါလာခဲ့ပြီ
ဤနေရာသို့၊ ငါငိုကြွေးရန်
ဒူးထောက်တောင်းပန်
အညံ့ခံဖို့ လာခြင်းမဟုတ်။

ငါယုံကြည်သည်
နှင်းဆီတပင်၊ မီးလောင်ပြင်က
ရှင်ပြန်ထမြောက်၊ ငှက်တေးကောက်ချိန်
တောက်ပဝေဖူး၊ တို့ခေတ်ဦးကို
ကူးယူနီမြန်း လွမ်းပေလိမ့်။

တို့ လွမ်းသဖြင့်
အပွင့်ကြွေစေ၊ မသေအမြစ်
ချစ်နေသေးသည်
မည်သို့ပင်ဖြစ်စေ …။

ကဲ … ဘယ်သူပြောလဲ
တတောလုံးကြွေ …။ ။

အောင်ဝေး

အပြည့်အစုံသို့...

Thursday, November 24, 2011

ဝန်းရံမဲ့သူနဲ့ မဝန်းရံမဲ့သူတွေအတွက် တေးလက်ဆောင်

အပြည့်အစုံသို့...

Wednesday, November 23, 2011

ဒဿနတေး

အပြည့်အစုံသို့...

ကျပ်ကုန်းမှာ သာတဲ့လ

ဝင်းမျိုး

အကိုရေ
လမင်းကြီးက
ဝါးလုံးခေါင်းထဲမှာ
သာနေတာ
ထိန်ထိန်လင်းလို့ ပဲ။

အမြီးအမောက်မတည့်ပဲ
ဆင်ဖမ်းမယ် ကျားဖမ်းမယ်
မိုးကိုဒူးနဲ့တိုက်မယ်
ဓါးတောင်ကို ဖိနပ်မပါဘဲ
သွေးသံရဲရဲဖြတ်လျှောက်မယ်
မီးပင်လယ်ကို လက်ပစ်ကူးလို့ 
တဘက်ကမ်းမှာ ပ၀ါကမ်းမယ့် လက်
ချိတ်ဆက်မယ်မှန်းပြီး
အနှစ်၂၀ကျော် လည်မစင်းဘူး
ခေါင်းမငုံဘူး
အားလုံးကို No ..No
Vote လည်း No
No လည်း Vote ဘဲ
အခုတော့
သဲထဲကို ရေ ဘယ်သူသွန်လည်း
ရေထဲကို သဲ ဘယ်သူသွန်လည်း
တရားခံဘယ်သူလဲ
မေးစရာမလိုဘူး
အကိုပြောတဲ့
ညီအကို မသိတသိအချိန်
မဟုတ်တော့ပါဘူးနော်..။

ဒါပေမယ့်
အရာရာတိုင်းဟာ Uturn ပဲ တဲ့
အရှိတရားကို လက်ခံပါတဲ့
အဖြစ်တရား ဘဘောပေါက်ပါတယ်တဲ့
ဒါပေမယ့် ၉၀ တရားကတော့
အိုလို့ ဟောင်းလို့  အမေ့တရားနဲ့ 
အိမ်မက်ထဲမှာ ထားခဲ့မယ်တဲ့ ...။

မင်းကိုနိုင်ရေ ... ကိုကိုကြီးရေ
ရှင်လိန်ပြန်မယ့်နေ့ 
Uturn ပြန်လာမယ့်နေ့ ကို
လက်တဆုတ်စာ မရှိတော့တဲ့
ရောင်းရင်းတွေနဲ့
နောင်တော်လွမ်းတို့  အိမ်တိုင်မှာ
ထုံးတို့ လို့ စောင့်နေမယ် ...။ ။
ဝင်းမျိုး

အပြည့်အစုံသို့...

Tuesday, November 22, 2011

အကြိမ်ကြိမ် အသဲကွဲဖူးတယ်

ကျနော်တို့ ABSDF ( ကျောင်းသားတပ်မတော်) ဆိုတာ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲတိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းပါ။ ABSDF အပါအ၀င် လူမျိုးစု အစည်းတွေဟာ ဘုံရန်သူကိုတိုက်ဖို့ (D.A.B) ဆိုတဲ့ အဖွဲ့အစည်းကြီး ဖွဲ့ထားပါတယ်။ တကယ်လည်း တိုက်ခဲ့ကြတယ်။ တခြားတဖက်မှာလည်း အဲဒီ (D.A.B) အဖွဲ့ထဲက တစ်ဖွဲ့ချင်းစီ လူမျိုးစုအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအရ၊ ရပ်တည်ရေးအရ အခြေအနေ မကောင်းတော့ရင် ဗဟိုအစိုးရနဲ့ စေ့စပ်လေ့ ရှိကြတယ်။ ပြတ်ပြတ်သားသား ရပ်တည်နေတဲ့ ကျနော်တို့ ကျောင်းသားတပ်မတော်ဟာ အခက်ခဲပေါင်းများစွာနဲ့ ဆက်လက် ရပ်တည် ရင်ဆိုင်ခဲ့ရတယ်။ အခုလည်း NLD က ချိုးကွေ့သွားတဲ့ အကွေ့မှာ ကျနော်တို့ အသဲကွဲကြရပြန်ပြီ။ ဟိုတုန်းက ရရှိခဲ့ဖူးတဲ့ ဝေဒနာနဲ့ အခုကျနော်တို့ ရရှိနေတဲ့ ဝေဒနာဟာ တစ်ပုံစံထဲပါပဲ။ အဲဒါကို ထင်ဟပ် ဖွဲ့သီထားတဲ့ ကဗျာဟောင်း ၃ ပုဒ်ကို ပြန်ဖော်ပြလိုက်ပါတယ်။



မိုးခါးရေ

ဓားတောင်တန်း
ပန်းတခြင်းနဲ့ 
လမ်းထွင်းသွားကြမတဲ့
တချို့ ။

မီးပင်လယ်
ဖြတ်မယ်
အလွယ်ကလေး
ရွက်မရွေးနဲ့ 
တက်မရွေးနဲ့ 
လက်သွေးထားကြတဲ့
တချို့ ။

ပန်းသီမယ်လေ
နေလုံး မပျောက်သေး
အကြွေပန်း ကောက်သူကောက်
နောက်ကြောင်းပြန်သူပြန်
ကံကို ယိုးမယ် ဖွဲ့ သူဖွဲ့ 
ကျမ်းကို ဋီကာ ချဲ့ သူ ချဲ့ 
ဒါပေမဲ့ ဆိုတဲ့
မစို့ မပို့ စကားနဲ့ 
တချို့ ။

သင်ဓုန်းဒါးထက်က
ပျာရည်တစက်
နေ့ သစ်ရဲ့ နံနက်ခင်း
ရက်ရက်စက်စက် ငြင်းပယ်လိုက်တယ်။

သစ္စာတရား
မိုးခါးရေမှ မဟုတ်တာပဲ။ ။

မောင်လွမ်းဏီ
၁ - ၅ - ၁၉၉၂



သံတူကြောင်းကွဲ

(က)
ကျွန်းပင်ရင်းက
မှတ်မှတ်ရရ…အဖြစ်၊
သံလွင်ကမ်းက
ထာဝရ…ရုပ်ပုံ၊
ပင်လယ်ပြင်က
တသခြင်း…စကားစု၊
ထင်းရှုးကြောက
တောပန်း…ဝေတဲ့နွယ်၊
မယ်ညောခီးက
အထီးကျန် အလင်္ကာပွင့်ဖတ်၊
(ခ)
မုတ်သုံလာပြီ
ရာသီကိုကြည့် ၊ သတိလည်းထား
‘ရထား ဖြစ်လား’ ‘ရထား ဖြစ်လား’
‘၀ါးပေါက်သံတွေ ကြားနေတယ်’
‘နွားခလောက်သံတွေ ကြားနေတယ်’ ။

မောင်လွမ်းဏီ
ဒေါင်းအိုးဝေ
အတွဲ (၃) အမှတ် (၆) ဧပြီ ၊ မေ ၊ ဇွန် ၁၉၉၃



ကောက် စားချိန်

ကျားတစ်ကောင်
အစားရှောင်
သမားယောင်ဆောင်နေချိန်

သားကောင်
နားယောင်မိတ်ဖွဲ.
ဘ၀ပျက်

လေပြည်ညှင်းလား
လေဗွေပြင်းလား
အဖြေအရှင်းသားလေ

ရွေထီးဆောင်းချင်သူများ
မြေကြီးအောင်းအောင်းသွားကြပေါ့။ ။

(မမှန်ကန်သောစေ့စပ်ရေးသို့ တိုက်ရိုက်တိုက်ခိုက်သည်။)

သုအိုင်စံ
၁၉၉၄

အပြည့်အစုံသို့...

Sunday, November 20, 2011

သစ္စာစားသူများ

နင်းမိုင်းထောင်တဲ့ရဲဘော် ဂေါက်သွားပြီဟေ့
ဒီစစ်မြေပြင်ကို မီးရှို့ ပစ်လိုက်ရတော့မလား
ဒီဗျူဟာမှားတယ်ဆိုရင် ဘယ်ဗျူဟာကမှန်လဲ
ဝေဟင်ထောက်လှန်းရေးက ကြားဖြတ်စက် ရပ်သွားပြီ
မြေပြင်ထောက်လှန်းရေးက ခါးက အဆက်ပြတ်သွားပြီ
စစ်ကြောင်းဟာရေနဲ့ ဝေးနေတယ်
ကင်းရှည်ထုတ်ထားတဲ့ တပ်စိတ် စက်မပေါ်တော့ဘူး
ကင်းချထားတဲ့ ရဲဘော်တွေအိပ်ပျော်နေတယ်
စစ်ကြောင်းဟာ ရန်သူ့ နယ်မြေထဲမှာ မီးမသုံးရတဲ့ညနက်နက်ထဲ
မင်းမှာ ကျည်ဘယ်လောက်ကျန်သေးလဲ ဟေ့ကောင်
ငါ့ဦးနှောက်တွေ သဲဝဲစားနေပြီကွာ

လမ်းခွမှာ လမ်းမှားမပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ ရဲဘော်တိုင်းရဲ့ သစ္စာ
လမ်းခွမှာ လမ်းမှားပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ နောက်ဆုံးရဲဘော်ရဲ့ သစ္စာ
သစ္စာဆိုတာ
သေရင်တောင် မရရအောင် ထမ်းထုတ်ခဲ့ရမဲ့ အလောင်း
စုတ်ပြတ်သတ်နေရင်တောင် လွှင့်ထူတားရမဲ့ အလံတော်
တော်လှန်ရေးကွာ
သမိုင်းတွေ တ၀ုန်းဝုန်းတွန်းတိုက်ပြိုဆင်းဖြစ်တည်သလို ယုံကြည်ထားလိုက်
ယုံ-ကြည်-ထား-လိုက်။။။

သုအိုင်စံ

အပြည့်အစုံသို့...

အောက်ဈေး

ဈေးကစားခဲ့တယ်
လို့ များ ထင်ရက်တယ်
တရက်ထဲပဲ၊ ဒီတရက်ထဲပဲ
အကြီးအကျယ် အရှုံးကြီး ရှုံးတာ။

ဘ၀တွေနဲ့  ပုံအော
ထပ်လောင်းခဲ့တာ
ယုံကြည်စရာ ဒီ့ထက်
ဘာရှိအုန်းမှာလဲ။

သူ့ ချိန်ခွင်က
ပျံကျဈေးခေါင်းရုံးကထက်
သမာဓိ
ရှိပုံ။

ရဲရဲပစ် ယုံ
ရာခိုင်နှုန်းပြည့် ယုံ။

အတိုးကြီးကြီးနဲ့ 
ပေါင်နှံထားတဲ့
ကံဇာတာတွေကိုရော
ပြန်ရနိုင်မလား။

ဈာပနပြီးရင်
အမွေလုမနေပါနဲ့ 
သေသော်မှတည့် အော်ကောင်း၏ပါပဲ။     ။

မောင်လွမ်းဏီ
၁၈ - ၁၁ - ၂၀၁၁

အပြည့်အစုံသို့...

Saturday, November 19, 2011

ဒီကဗျာ ပြန်ဖတ်မိပြန်ပြီ

စိတ်ခြေကျင်း

ခြေထောက်ညောင်းနေမျှော်လင့်ချက်ဟာ
ရိလွယ်ပြဲလွယ်ပြက္ခဒိန်ပေါ်တက်
ငှက်ဖျားရင့်ရင့်တက်နေခဲ့ပြီ။

အနေအထားက
ေ၀၀ါးရှုပ်ထွေး
ပုတ်ဆွေးဆွေး ယုံကြည်ချက်က
တုံ့နှေးနှေးချီတက်လာ
ဒီညစာကိုတော့
ဖောက်ပြန်ခြင်းနဲ့မက်လုံး ရောချက်စားလိုက်ပြီ။

ဝါဒတွေကို
ဝါဒီတွေကစိုက်ပျိုး
ဝါဒီတွေက
ဝါဒတွေကိုရိုက်ချိုး
ကြိုးညှိရင်းကြိုးငြိကြ
ငါတို့ရဲ့ပဋိပက္ခတွေကို
ရာစုအထောင်ထောင်ထိသယ်ဆောင်ကြ။

လမ်းများစွာပေါ်က
တန်းများစွာကိုကျော်ဖြတ်ခဲ့ခြင်းများ
ရောင်းစားဖို့မှမဟုတ်တာ။

အလွှဲအပြောင်းလေးကြား
ဖဲကောင်းလေးများတက်လာမလားလို့...တချို့
လိုအပ်ရင်
စားခဲ့တာထက်လည်းပိုအန်နိုင်တယ်...တချို့
မှားခဲ့တာထက်လည်းပိုခံနိုင်တယ်...တချို့
သွားခဲ့တာထက်လည်းပိုပြန်နိုင်တယ်...တချို့
ပြီးတော့
"လေသူ" တွေဟာ "လူသေ" တွေပဲ ဖြစ်ဖြစ်သွားတဲ့...တချို့။

ဒါတွေပြောခဲ့ချင်တယ်
၁၉၈၈...................
...........................
...........................
...........................
...........................
...........................
....................၁၉၉၄။

အနာဂတ်ရေ
ခင်ဗျားလာရင်
ကိုယ့်လည်ပင်းကိုယ်ဓါးနဲ့ထောက်ခဲ့
ဖောက်ထွက်ရတော့မယ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Tuesday, November 15, 2011

မန္တလေးမြို့တွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င် ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။

အဖမ်း​ခံထား​ရတဲ့​ သံဃာ​တော်​တွေနဲ့ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​၊​ တိုင်း​ရင်း​သား​ဒေသက စစ်ပွဲ​တွေရပ်​ရေး​အတွက် ဒီသံဃာ​တော် ၅ ပါး​က ဘုရား​ကြီး​ဝင်း​ထဲက မဟာဗုဒ္ဓဝင်ဗိမာန်မှာ အသံချဲ့စက်နဲ့ ​ဟော​ပြောကြပါတယ်။

ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဘုရားကြီးမြောက်မုခ်တွင် ငြိမ်းချမ်းစွာစုဝေးမည် လူအားများ ဖုန်းဖြင့် အသံလွှင့်မည်ဖြစ်ကြောင်း သိရသည်။ မနက် ၇ နာ၇ီခန့်မှ စတင်ခြင်းဖြစ်သည်။ ဘုရားကြီး မြောက်မုခ်နှင့် အရှေ့မုခ်လမ်းတွင် ရဲကားတစ်စီးရဲ ၆ယောက်ခန့် လက်နက်အပြည့်အစုံဖြင့် နေရာယူထားသည်။ ဘုရားကြီးအရှေ့မုခ် အနီးရှိ ကြယ်နီသင်္ကန်းတိုက်အနီးတွင် ရဲကားတစ်စီး လက်နက်၊ အသံဖမ်း၊ အသံလွှင်စက် အပြည့်အစုံဖြင့် နေရာယူပြီးဖြစ်သည်။ စအဖ များမှာ မြောက်မုခ်ဘက်အတွင်းရှိ လူများထဲမှ သတင်းယူနေကြသည်။

နေ့လည် ၁၁နာရီခွဲခန့်က သံဃာတော်များထဲမှာ ဆရာတော် ၃ ပါးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ငွေပွင့် ဗိုလ်မှူးကြီးအဆင့်ရှိ လူတဦးနှင့်ညှိနှိုင်းပြီး နေရာပြောင်းခိုင်းပါသည်။ နေရာအား ယခုသတင်းရေးနေချိန်ထိ အတိအကျ မသိရသေးသော်လည်း ပြတိုက်အတွင်း နေရာယူထားသော သံဃာတော်များအား ၁၅ မိနစ်ခန့် စုရုံးရောက်လာကြသော လူထုအား ငြိမ်းချမ်းရေးတရား ဟောကြားခွင့်ပြုပါသည်။ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ စုရုံးလာကြသော လူထုကြီးအား ဖုန်းဖြင့် မေးခွန်းများကို ပြန်လည်ဖြေကြား အသံလွှင့်မည်ဟု သိရပါသည်။

အပြည့်အစုံသို့...

Sunday, November 13, 2011

သိသူတွေက သိတယ်

မောင်လွမ်းဏီ

ဆရာငြိမ်းအေးကတော့
သိတာပေါ့။

သူက
အလုံးစုံ မဟုတ်တောင်
ချက်အရက်က အစ
မြန်မာ့ လူမှုဘ၀ ဝေဒနာကို
တင်းပြည့်ကျပ်ပြည့် သိသူကိုး။

သူက
သိတာများသလို
သိသူလည်း များတယ်။

၃ ကိုယ်ခွဲလား
၎ ကိုယ်ခွဲလား
၅ ကိုယ်ခွဲလား
ကလောင်ခွဲတွေလား
အများက မသိပေမဲ့
တရားတွေ သူ့ မှာ ရှိတယ်။

သူက
ယုံကြည်လေးမြတ်မှုကို
အတုအယောင် မဖန်တီး။

ကြည့်
ကဗျာဆရာတယောက်ကို သူပြောတာ
တကိုယ်က အရက်ချစ်တယ်
နောက်တကိုယ်က အရက်ကို မမုန်းဘူးတဲ့၊

ကဗျာထုဆစ်
အလုံးကြီးပုလင်းတွေ ဖြစ်ပစေ
အဲဒီ့ ၂ ကောင်လုံး
နေပြည်တော် ချက်အရက်ကို ထွီတယ်။

အဲဒါပါပဲ
ချစ်တာနဲ့  ချက်တာတွေ
ကွာတာလေ
မြစ်ကို မမြင်ဖူးသူတွေကတော့
မူးကိုမြစ်ထင်တာ ဘာဆန်းမှာလဲ။ ။


မောင်လွမ်းဏီ
၂၄ - ၈ - ၂၀၁၁

အပြည့်အစုံသို့...

Wednesday, November 9, 2011

ယူခဲ့မယ်…

ယုံကြည်ချက်ကို တံခွန်ထူလို့
တိုင်းပြည်နဲ့ ပြည်သူအတွက်
တော်လှန်ရေး ခရီးထွက်ခဲ့တယ်။
ငါမောင်းနှင်လာတဲ့ ဒီရထားကို
တက်လာသူတွေ ရှိနေသလို
ဆင်းသွားသူတွေလဲ ရှိနေခဲ့။
ရောင်နီဆိုတာ
ပျို့ အန်ကျလာဖို့
လက်တကမ်းမှာရှိလို့နေပြီ။
ဒါပေမယ့်လို့
ခံယူချက်ဆိုတဲ့ လက်နက်ကို
မောင်းဖြုတ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးတဲ့အရာ။
ဦးတည်ချက်ကို ရင်မှာပိုက်ရင်း
ခလုတ်ကသင်းဆိုတာတွေ ဖြတ်ဖို့ 
မင်းဆီကအင်အားတချို့ လိုတယ်ချစ်သူ။
နားလည်မှုဆိုတဲ့ အပြုံးတချက်က
ငါ့ခရီးအတွက် အသက်ဆက်ပေးရာ
အကြင်နာ ကမ္ဘာလေးရယ်ပါ။
ပေးဆပ်ခဲ့တဲ့ အချိန်တွေအားလုံးနဲ့
သိတ်ချစ်တတ်တဲ့ အချစ်ဆုံးအတွက်
ယူခဲ့မယ်..ဒီမိုကရေစီပန်းတခက်။

ထူးသျှား

အပြည့်အစုံသို့...

Tuesday, November 1, 2011

ခေါင်းဆောင်တွေခေါင်းထဲ တည့်တည့်ပစ်လိုက်တဲ့မေးခွန်း

ငါ့ရဲ့လောဘတွေအကုန်လုံးပေါင်းမှ
ဒီပန်းသီးတစ်လုံးစာတောင်မရှိပါဘူးလို့ဆိုတဲ့
ပန်းသီးထဲကပိုးကောင်တွေကလည်း
တစ်ဝက်ချန်တစ်ဝက်စားရေးမူနဲ့
မနက်ဖန်ကိုဆက်သွား (လူသားဆန်ဆန်)။

ရေခဲသေတ္တာထဲကဆောင်းဥတုတစ်ခုလို
ကိုယ့်ကိုယ်ကိုယ်ရစ်ပတ်ထုပ်ပိုး
မပုတ်သိုးရုံသဘောတရားများကလည်း
အဓိပ္ပါယ်ဆွဲဆန့်ရေးသင်ခန်းစာနဲ့
အမူးလွန်ဒသနတွေကိုပဲစားမြုံ့ပြန်(ကွန်ဆာဗေးတစ်စံ)။

နေကလည်းကျဲကျဲတောက်
ရေကလည်းနည်းနည်းလောက်နဲ့
ကန္တာရကိုဖြတ်သန်းလာတဲ့ခရီးရှည်များ
အိုအေစစ်တွေအဝှက်ခံထားရတဲ့ခေတ်ကြီးမှာ(နည်းဗျူဟာလေလား)။

အထက်ပါတို့သည်
ခင်ဗျားတို့၏ အကြောင်းအရာများဖြစ်၍
အောက်ပါတို့သည်
ကျွန်ပ်တို့၏ အကြောင်းအရာများဖြစ်သည်။

ဒုက္ခတွေရှုပ်ပွပြီး ရေရှည်သေနေတဲ့ ဒီနိုင်ငံသားအုပ်စုဘဝကြီး
ဘာလုပ်လို့ဘာလုပ်ရမှန်းမသိတဲ့ကျုပ်တို့ပြည်သူတွေက ဘာဆက်လုပ်ရမှာလဲ (အခုချက်ချင်းဖြေ)။ ။

သုအိုင်စံ

အပြည့်အစုံသို့...

ဂုဏ်ယူတယ်သူငယ်ချင်း

သူငယ်ချင်း
မင်းတာဝန်ယူနေတာ
မျိုးဆက်သစ်တို့ရဲ့ ခိုလှုံရာ
အနာဂတ်ဆိုတဲ့ ကမ္ဘာအတွက်
ခိုင်မာတဲ့ လက်တွေနဲ့
ယုံကြည်ချက်ကို ကိုင်စွဲ
ဒေါင်းအလံကို လေမှာဝဲလို့
အပွဲပွဲနွှဲဖို့ အသင့်ဖြစ်ရင်း
ပေးဆပ်စွန့်လွှတ်ခြင်း ဆိုတဲ့
မလွယ်ကူခြင်းတရား
အပြုံးများနဲ့ ချေဖျက်
တိုက်ပွဲဝင်လျှက်ရှိနေတဲ့
မင်းနဲ့ ရဲဘော်အားလုံးအတွက်
လေးစား ဂုဏ်ယူလျက်။

ထူးသျှား

အပြည့်အစုံသို့...