Monday, October 31, 2011
ညီအကိုတို့ 
Posted by
A'karikz Yannaing
at
9:29 PM
0
comments
Labels: ကဗျာ
ရမ္မက်
ကဗျာက
ငါ့ရဲ့ လက်ဝါးကပ်တိုင်
ဝတ္ထုတွေက
ငါ့ရဲ့ သမ္မာကျမ်းစာ
သီချင်းတွေက
ငါ့ရဲ့ တမန်တော်
ရုပ်ရှင်ရုံက
ငါ့ရဲ့ ဘုရားကျောင်း
ငွေစက္ကူတွေက
ငါ့ရဲ့ ဆူးခက်သရဖူ ။ ။
ကြည်မောင်သန်း
ရုပ်ရှင်တေးကဗျာ ၊ ၂၀၀၀ ၊ ဇူလိုင်
" ကဗျာဆရာတစ်ယောက် ကွယ်လွန်သွားသည်။
ကျန်ရစ်သူမှာ ကမ္ဘာမြေကြီးဖြစ်သည်။
ကျန်ရစ်သည်မှာ ကဗျာဖြစ်သည်။ " လို့ ဆရာမြေချစ်သူ ကွယ်လွန်ခြင်းအတွက် အမှတ်တရရေးခဲ့တဲ့ ဆရာလှသန်း သို့..
( သီဟနွယ်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
Posted by
A'karikz Yannaing
at
8:52 PM
0
comments
Labels: ကဗျာ
Saturday, October 29, 2011
We the people by MEGADETH
Secret bureaucracy, it’s just a lie The devil’s henchmen, in suit and tie A sacred brotherhood; an ancient rite Politicians and the double lives they hide Violate your rights, no more equality Surrender freedom, your Social Security We, the people face unconstitutional lies In greed we trust, in revolution we die Our founding fathers are rolling in their graves The land of liberty needs a regime change Until you no longer know right from wrong The constitution isn’t worth the paper it’s written on Screams from the future, warn of calamity The coming plagues of the new disease The illuminati, one world currency One world religion, one World everything
Posted by
A'karikz Yannaing
at
10:41 AM
0
comments
Labels: သီချင်း
Thursday, October 27, 2011
ဒေါန… ဟောင်သရောနဲ့  တာအို့ ထ
(ရဲဘော်ကြီး ကိုနေမျိုးက ရှေ့တန်းတခေါက်ထွက်သွားတာ ဒီကဗျာရှည်ရေးလာခဲ့တယ်၊ ခုလည်းတခေါက် ထပ်ထွက်သွားပြန်ပြီ၊ ဒါမျိုးတွေရေးလာဦးမယ်လို့ ယုံကြည်တယ်၊ လေးစားတယ် ရဲဘော်ရေ...။)
ညီမလေးရယ်
Posted by
A'karikz Yannaing
at
11:50 PM
0
comments
Labels: ကဗျာ
ပိုးလောက်လန်း
အခန်းတစ်ခန်းထဲမှာ အကျဉ်းကျနေတုန်းက
ငါ လထွက်တာကို မသိတော့ဘူး။
မြေတိုက်ခန်းထဲကို ရောက်နေကတည်းက
ငါ နေထွက်တာကို မသိတော့ဘူး။
ခေါင်းငိုက်စိုက်ချကာ လမ်းလျှောက်နေကတည်းက
ငါ ကြည်လင်တဲ့ကောင်းကင်ကို မသိတော့ဘူး။
စာတစ်စောင်မှ လက်ခံ မရကတည်းက
ငါ ဘာသတင်းကိုမှ မရတော့ဘူး။
ငါ့မျက်လုံး အမြင်ကွယ်ကတည်းက
ငါ့အတွက် ပန်းပွင့်တွေနဲ့ မိန်းကလေးတွေဆိုတာ
ဝိုးတဝါးအရာတွေသာဖြစ်တယ်။
ဒါပေမယ့် …
အခုထက်တိုင် ငါအသက်ရှင်သန်နေနိုင်တာကတော့
အေးမြတဲ့လေနဲ့၊ မြေကြီးရဲ့ ရနံ့ကို
ငါသိနေသေးလို့ပါပဲ။
(အာကီဒါ)
Yasao Akeda
ယာဆာအို အာကီဒါ
ခြေသံများ (Footsteps) ဟုခေါ်သော သူ၏ စုပေါင်းကဗျာ စာအုပ်မှတပါး၊
သူ့အကြောင်းကောင်းစွာ မသိကြရပေ။ နောက်ဆက်လက်ထုတ်ဝေသော (A Grub)
ပိုးလောက်လန်း (၁၉၂၉ တွင် ထုတ်ဝေခဲ့သည်။) ကဗျာစာအုပ်မှာ အုပ်ရေ ၁၅၀ သာ
ရောင်းချခဲ့ရလေသည်။
သစ္စာနီ (ဂျပန် ခေတ်ပေါ်ကဗျာ စာအုပ်၊ ဇူလိုင် ၂၀၀၃)
Posted by
A'karikz Yannaing
at
9:49 PM
0
comments
Labels: ကဗျာ
Tuesday, October 25, 2011
ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး (ဝေမှူးသွင်)
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့….
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။
။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား…
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး…ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့….
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့….
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။
ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။
။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့….။
ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။
စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။
ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်….
ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။
မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။
။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။
သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။
ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။
။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။
ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။
အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။
။ ၆ ။
နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ….
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။
ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကိုကြက်ခြေခတ်ထားသူတစ်ယောက်…
သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။
။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်ရဲ့ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။
လရောင်မှာပွင့်တဲ့ ပန်းတွေလား
ဆူးချုံကြားက နေ့စွဲတွေလား။
နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။
။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ….မှ
တစ်နေ့တော့ ဖြစ်လာမှာပါ….အထိ
ငါက တင်ဆက်နေမိတယ်။
ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့….
အပျော်တမ်းငရဲသွားဖို့…..
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ …..။
။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။
Posted by
A'karikz Yannaing
at
4:05 PM
1 comments
Labels: ကဗျာ
Sunday, October 23, 2011
(ကိုလှသန်းအတွက်)...ငါတို့တွေ ရေးခဲ့ကြတယ်...ငါတို့တွေ ရေးခဲ့ကြတယ်...ခဲတံဟာ စာရွက်ကို မကြောက်သလိုပေါ့...(သုအိုင်စံ)
Posted by
A'karikz Yannaing
at
12:42 AM
0
comments
Labels: ကဗျာ
Tuesday, October 18, 2011
ပေးဆပ်သူရဲ့ မြင့်မြတ်တဲ့နှလုံးသား
တိုးမပွါးချင်နေ
ရိုးသားကြိုးစားရမှာက ငါ့တာဝန်...လို့
ခံယူထားတဲ့ မြင့်မြတ်သူတို့ရဲ့နှလုံးသား
ပေါ်ဦးဆီမှာရှိတယ်။
ကိုယ်ကျိုးမပါ အတ္တဗလာနဲ့
ဘဝကိုပေးဆပ်
ရဲရဲတောက် သံမဏိစိတ်ဓါတ်ပိုင်ရှင်
မင်းကိုနိုင်....
ကျောင်းပရဝိုက်မှာ ဒေါင်းလံပြန်စိုက်မယ့်
ရဲရဲတောက် သူ့ရဲ့ ကဗျာ၊
သမိုင်းတခေတ် အကောင်းအမှန်ပြောင်းဖို့
သမိုင်းရေးမယ့် သူ့ရဲ့လက်များ၊
အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူ့ရဲ့စိတ်ဓါတ်၊
ကိုယ်ကျင့်တရားကို အသက်ထက်တန်ဖိုးထားတဲ့
မြင့်မြတ်တဲ့ သူ့ရဲ့နှလုံးသား၊
မကြောက်တရားကို ကျောပိုးထားတဲ့ သူ့ရဲ့ခံယူချက်၊
ယုံကြည်ချက်ကို မြဲမြဲဆုတ်ကိုင်ထားတဲ့ သံမဏိလူသား၊
ရည်ရွယ်ရာခရီးကို
မရောက်အရောက်လျှောက်လှမ်းမည့်ူသူ့ရဲ့ဦးတည်ချက်၊
ကမ္ဘာကုန်တည်သ၍ တည်စေမယ့်
သမိုင်းတွင်ရစ်ကျန်မယ့် သူ့ရဲ့လုပ်ရပ်၊
ဒါတွေအကုန်လုံးဟာ....ပေးဆပ်သူ မင်းကိုနိုင် (ခေါ်) ကိုပေါ်ဦးရဲ့
မြင့်မြတ်တဲ့ နှလုံးသားအစစ်အမှန်ဆိုတာတွေပဲမဟုတ်ပါ....တကား။
(၄၉)နှစ်ပြည့် ကိုမင်းကိုနိုင်ရဲ့မွေးနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်)
အောင်စိုး(ခ)ကိုဗလိုင်
Posted by
A'karikz Yannaing
at
2:42 AM
0
comments
Labels: ကဗျာ
Saturday, October 15, 2011
ထောင်တိုင်ရွာရောက်
မောင်လွမ်းဏီ
ဘယ်နှယောက်က သရက်
ဘယ်နှယောက်က သာယာဝတီ
ဘယ်နှယောက်က မှော်ဘီ
ပြည်မှာ ဘယ်နှယောက်။
ဘယ်နှယောက်က ပုသိမ်
ဘယ်နှယောက်က ဟင်္သာတ
ဘယ်နှယောက်က မြင်းခြံ
ဘယ်နှယောက်က သထုံ
ကျိုင်းတုံမှာ ဘယ်နှယောက်။
ဘယ်နှယောက်က ကလေး
ဘယ်နှယောက်က မန္တလေး
ဘယ်နှယောက်က တောင်ကြီး
မြစ်ကြီးနားက ဘယ်နှယောက်။
ဘယ်နှယောက်က မော်လမြိုင်
ဘယ်နှယောက်က တောင်ငူ
ကျောက်ဖြူမှာ ဘယ်နှယောက်
စစ်တွေမှာ ဘယ်နှယောက်
တောင်ကုတ်က ဘယ်နှယောက်
ဘယ်နှယောက်က ဘူးသီးတောင်
၄၂ ထောင်၊ ရောက်အောင်ချီမ
ဗူးဝရှေ့ က ရဲဘော်တွေ။
၄၂ ထောင်က
ဘယ်သကောင့်သားမှ၊ သွေးကြောင်သူ မရှိ
လွတ်ရက်စေ့နေကြပါပြီ။
တတောဝင် တတောင်ထွက်
တတောမြင် တတောင်တက် တဲ့
လေ့ ကျက် မှတ် ယူ ခဲ့မှာပါ၊
ကိုယ့်တို့ ဆရာ၊ ဇာဂနာ ကျမှ
တထောင်ထွက် တထောင်ဝင်
တထောင်ဝင် တထောင်ထွက်
ရွက်တိုက်မယ် သံချောင်းခေါက်
ထောင်တံခါးတွေ ဖောက်မဲ့မောင်။
ထောင်တိုင်ရွာရောက်
တယောက်တလက်၊ ရင်ချင်းဆက်၍
နက်နက်ရှိုင်းရှိုင်း၊ သွေးနဲ့ နှိုင်းသည်
အကျဉ်းသမိုင်း စာမျက်နှာ။ ။
မောင်လွမ်းဏီ
၁၅ - ၁၀ - ၂၀၁၁
Posted by
ကိုဈာန်
at
11:59 PM
0
comments
Labels: ကဗျာ
Friday, October 14, 2011
“အပြောင်းအလဲဖြစ်ပြီမဖြစ်သေးဘူးဆိုတာ ပြည်သူတွေရဲ့လက်တွေ့ဘဝနဲ့ တိုင်းတာရမှာဖြစ်တယ်”
မောင်ချင့်ချိန်
အမှန်တော့ တောင်ပို့ကြီးမှန်း အစောကြီးကတည်းက မြင်ထားသိထားကြပြီးသားပါ၊ “ဖွတ်ထွက်လာတာ မတွေ့သေးဘူး၊ ဘုရားဖြစ်ချင်ဖြစ်နေမှာ၊ စောင့်ကြည့်ကြသေးတာပေါ့” လို့ ဝေဝါးနေဖို့ကို မလိုတာပါ၊ “သူများလိမ်တာ ခံရတာမျိုးက ပထမတကြိမ်မှာ လိမ်တဲ့သူအမှား၊ ဒုတိယတကြိမ်လည်း လိမ်တဲ့သူအမှားပဲ၊ အခါခါခံရရင်တော့ လိမ်တဲ့သူအမှားထက် အလိမ်ခံနေသူကိုက အလွန်းလို့၊ အသုံးမကျလို့ ဆိုတာမျိုး ခံရသူအမှား” ဆိုတဲ့ ဆိုရိုးစကားဟာ ခေတ်အဆက်ဆက် ခုလိုအခြေအနေမျိုးတွေရှိခဲ့လို့ တင်စားပြောခဲ့ကြတာဖြစ်မှာပါ။
ပြောကြည့်စမ်းပါ၊ စစ်အုပ်စုမှာ ရိုးသားတဲ့လက္ခဏာတွေ၊ တိုင်းပြည်အကျိုးကိုပဲ ဦးစားပေးဆုံးဖြတ်တော့မဲ့အနေအထားတွေ၊ တကယ်ပဲ တွေ့နေရပါပြီလားလို့။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြတာ၊ နိုင်ငံရေးအကျဉ်းသား(တချို့)လွှတ်ပြတာ၊ ပြောချင်ရာပြောခွင့်ရထားတဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေပေါ်ကနေ စကားလုံးလှလှတွေ ရွတ်ပြတာတွေလောက်ကိုကြည့်ပြီး ပြောင်းလဲဖို့လမ်းစမြင်နေရပါပြီ လို့ စစ်အုပ်စုကိုယုံကြည်ရတော့မယောင်ပြောဆိုမှုမျိုး ဘယ်ပြည်သူ့ဘက်တော်သားကမှ ယတိပြတ်ပြောရဲမှာမဟုတ်ပါဘူး ။
“စားဝတ်နေမှုဘဝ ဖူလုံခွင့်ပေးပါ”လို့ ဆန္ဒပြတောင်းဆိုယုံသက်သက်နဲ့ ရက်ရက်စက်စက်ပစ်သတ်ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေကို မေ့ထားလိုက်ကြတော့မလား ။ အကျဉ်းထောင်တွေ၊ တောတောင်တွေထဲ၊ မိတကွဲဖတကွဲ သားတကွဲ မယားတကွဲရောက်ကြရပြီး ဘဝတွေ ထိခိုက်ပျက်ဆီးခဲ့ရသူတွေ ၊ ခြေလက်ခန္ဓာဆုံးရှုံးခဲ့ရသူတွေ၊ အသက်ပါပေးခဲ့ရသူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေက အလကားဖြစ်ရတော့မှာလား။ စစ်ပွဲတွေကြားမှာ အိုးအိမ်စွန့်ခွာ ရှောင်ပုန်းပြေးလွှားပြီး အနာဂတ်မဲ့နေတဲ့ တိုင်းရင်းသားတွေအတွက် ဘယ်လိုအာမခံချက်မျိုးကို ဘယ်သူက ပေးနိုင်ပါပြီတဲ့လဲ။
အစွန်းရောက်လွန်းတယ်လို့ မထင်ပါနဲ့၊ စစ်အာဏာရှင်ခေတ် နှစ်ငါးဆယ်သက်တမ်းမှာ ကျနော်တို့ မမှီခဲ့ပေမဲ့ ကြားရဖတ်ရလို့သိခဲ့ရတဲ့ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ကနေ ၁၉၈၈ခုနှစ်ထိ ၂၆ နှစ်စာအခြေအနေတွေနဲ့ ကျနော်တို့ ကောင်းကောင်းမှီပြီး ကိုယ့်တွေခံစားသိမြင် ခဲ့ရတဲ့ ရှစ်လေးလုံးကာလ အပါအဝင်၂၃ နှစ်ကျော်အတွေ့အကြုံတွေက စစ်အုပ်စုကို ဘယ်လိုမှ မယုံကြည်သင့်ဘူးဆိုတာ သတိပေးနေလို့ ပါ ။
အာဏာခိုင်မြဲရေးအတွက် မီးစတဘက် ရေမှုတ်တဘက်နည်းကို နေဝင်းလက်ထက်ကတည်းက တွင်တွင်သုံးလာခဲ့တာပါ၊ ပစ်သတ်တယ်၊ ရိုက်နှက်ဖမ်းဆီးတယ်၊ လူမဆန်တဲ့ နှိပ်စက်ညှင်းပန်းမှုတွေလုပ်တယ်၊ ထောင်ချတယ်၊ မိသားစုလိုက်ဘဝပျက်ပြီး နာလန်မထူ နိုင်တော့အောင် နှိပ်ကွတ်တယ်၊ အဲဒီလိုမီးစတဘက်နည်းတွေကို ကျောင်းသားသမဂ္ဂအဆောက်အဦးဖျက်ခဲ့တဲ့ ၆၂ ဆဲဗင်းဂျူလိုင်၊ ၇၄ အလုပ်သမားအရေးအခင်း၊ ၇၄ ဦးသန့်အရေးအခင်း၊ ၇၅ အလုပ်သမားအရေး အခင်းနှစ်ပတ်လည်၊ ၇၆ မှိုင်းရာပြည့် ၊ ၈၈ မတ်လ အရေးအခင်း စတဲ့ အာဏာကို ထိပါးလာတဲ့ ကိစ္စတိုင်းမှာ ရက်ရက်စက်စက် အသုံးပြုခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာ၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတာ၊ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ပြီး စစ်ယူနီဖေါင်းတွေချွတ် အရပ်သားအစိုးရ ယောင်ဆောင်ပြတာ၊ ဝန်ထမ်းတွေကိုလစာတိုးပေးတာ၊ ဘုရားတည် ၊ တံတားဆောက် ၊ လမ်းဖေါက်ဆိုတာတွေလုပ်ပြတာ စတဲ့ ရေမှုတ်တဘက် နည်းတွေကိုလည်း တလျှောက်လုံးအသုံးပြုခဲ့တာပါ ။
စစ်အာဏာရှင်မျိုးဆက်တွေအဖြစ် နေဝင်းအမွေကိုဆက်ခံခဲ့တဲ့ စောမောင်၊ ခင်ညွှန့်၊ သန်းရွှေ၊ သိန်းစိန်တို့ လက်ထက်မှာလည်း ဒီနည်း နာတွေကိုပဲ ဆက်သုံးနေတာပါပဲ၊ ၈၈ လူထုအရေးတော်ပုံကြီးနဲ့ ၉၆ - ၉၉ ကျောင်းသားလှုပ်ရှားမှုတွေကို ပစ်ခတ်သတ်ဖြတ်ပြီးဖြိုခွဲတယ်၊ ကျောင်းသားတွေ၊ ကလေးသူငယ်တွေရယ်လို့ ချမ်းသာမပေး၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေရယ် လို့ မညှာတာ ၊ သံဃာတော်တွေရယ်လို့ အလေးမထားပဲ ရိုက်နှက်ဖမ်းဆီးတယ်၊ လူမဆန်တဲ့နှိပ်စက်ညှင်း ပန်းမှုတွေလုပ်တယ်၊ ထောင်ချတယ်၊ မိသားစုလိုက်ဘဝပျက်ပြီး နာလန်မထူနိုင်တော့အောင်နှိပ်ကွတ်တယ်၊ နေဝင်းလက်ထက်ကအတိုင်း မီးစတဘက်နည်းကိုသုံးတဲ့အပြင် ဒီပဲယင်းလို အောက်တန်းကျတဲ့ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေကိုလည်း ကျူးလွန်ခဲ့တယ်၊ ၂၀၀၇ စက်တင်ဘာလို သံဃာတော်တွေရဲ့ မေတ္တာပို့ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်မှုမျိုးကို ကမ္ဘာသိပြောင်ပြောင်တင်းတင်း ရိုက်နှက်ဖြိုခွဲတာမျိုး၊ ဘုန်းကြီးကျောင်းတွေ ကို စစ်မြေပြင်မှာရန်သူ့စခန်းတက်သိမ်းသလို ပစ်ခတ်တိုက်ခိုက်စီးနင်းပြီး ချိတ်ပိတ်ခဲ့တာမျိုး၊ ခန်းဂျိနာဂအိလို နိုင်ငံခြားသား သတင်း ထောက်ကိုတောင် ပစ်သတ်တာမျိုး ၊ နေဝင်းခေတ်ထက်တောင် ကြမ်းခဲ့ ရမ်းခဲ့ပါသေးတယ်။
ရေမှုတ်တဘက်နည်းမှာလည်း ရွေးကောက်ပွဲပြီးရင်စစ်တန်းလျားပြန်မှာပါဆိုတာမျိုး လိမ်ညာတာတွေ ၊ အမျိုးသားညီလာခံကျင်းပနေလို့ ပါဆိုတာမျိုး အချိန်ဆွဲတာတွေ ၊ အခွင့်အရေးလေး နည်းနည်းပေးပြီး တိုင်းရင်းသားတချို့ကို အပစ်ရပ်လုပ်ထားတာတွေ ၊ ဝန်ထမ်းတွေကို ခဏခဏလစာတိုးပေးတာမျိုးတွေ ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတာမျိုး လုပ်ပြတာတွေ ၊ စောမောင်လက်ထက်ကနေ သိန်းစိန် လက်ထက်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါတယ်ဆိုတာမျိုးတွေ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုဆန္ဒနဲ့အတည်ပြုတာ ပါဆိုတာမျိုးတွေ ၊ အကြောင်းကြောင်းကြောင့် နိုင်ငံတကာရောက်နေသူတွေ ပြန်လာဖို့ဖိတ်ခေါ်တယ်ဆိုတာမျိုးတွေ စသဖြင့် နေဝင်းနည်း နာတွေအတိုင်း တထပ်တည်းလိုလုပ်ခဲ့တာပါပဲ ။
နေဝင်းခေတ်မှာ ပထမပိုင်းအတိုက်အခံလုပ်ခဲ့တဲ့ ဝိဒူရသခင်ချစ်မောင်လိုပုဂ္ဂိုလ်မျိုးကို “ဆိုရှယ်လစ် စနစ်နဲ့သာဆိုရင် ခွေးကတက်ကနေ တာဝန်ထမ်းရထမ်းရ”လို့ပြောတဲ့အထိ စည်းရုံးနိုင်ခဲ့သလို သိန်းစိန် ခေတ်မှာလည်း ပထမပိုင်းက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ”လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “တိုင်းပြည်ကောင်းဖို့ဆို အသုံးချခံဖြစ်ချင်လည်းဖြစ်ပါစေ”လို့ ပြောလာတဲ့အထိ စည်းရုံးနိုင်ခဲ့ပါတယ် ၊ နောက်ကျတော့ ပြည်သူတွေက သခင်ချစ်မောင်ကို ခွေးကတက်ချစ်မောင်လို့ပဲ ခေါ်ကြပါတော့တယ် ။
ဆိုလိုချင်တာက စစ်အာဏာရှင်တွေကိုယုံစားရင် မှားလိမ့်မယ်ဆိုတာပါပဲ ၊ အဲဒီအမှားဟာ တဦးတယောက်ထဲ ထိခိုက်နစ်နာတဲ့ အမှားမ ဟုတ်ပါဘူး ၊ တတိုင်းတပြည်လုံး ဘဝတွေ ၊ အသက်တွေ အများကြီးနဲ့ဆိုင်တာပါ ၊ ဘာနဲ့မှ အလဲအထပ်လုပ်လို့ ၊ အစားထိုးလို့ မရပါဘူး ၊ မှားသွားပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေပြရဲရင်တောင် ပြည်သူတွေရဲ့ဆုံးရှုံးခဲ့ပြီးတဲ့အခြေအနေတွေက ဘယ်လိုမှပြန်မရနိုင် တော့ပါဘူး ၊ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့အပြစ်တွေ ၊ ဗလောင်းဗလဲအကြိမ်ကြိမ်လုပ်ခဲ့တာတွေ ၊ ဘာကိုမှဂရုမစိုက်တတ်တာတွေ ကို အထပ်ထပ်ပြန်သုံးသပ်ပြီး မှန်ကန်လက်တွေ့ကျတဲ့ တိုက်ပွဲဝင်မှုမျိုးကိုရွေးချယ်ကြရမှာပါ ။
နေဝင်းခေတ်ကမှ အထွေထွေလွတ်ငြိမ်းချမ်းသာနဲ့ နိုင်ငံရေးအကျဉ်းသားအကုန်လွတ်ပါသေးတယ် ၊ ခုက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါတယ်လို့ ပြောရယုံလေးတင်ပါ ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထုကြီးရဲ့ သူရဲကောင်း ၈၈မျိုးဆက်ကျောင်းသားတွေ ၊ ဖေါက် ခွဲရေးပုဒ်မ ၊ အီလက်ထရောနစ်ပုဒ်မ ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုပုဒ်မဆိုတာမျိုး တပ်ချင်တဲ့ပုဒ်မတပ်ဖမ်းတာခံထားရတဲ့သူတွေ အများကြီးကျန်နေသေးတာပါ ။ လွတ်ငြိမ်ချမ်းသာကို တနှစ်ထဲပေးလိုက် ၊ ထိုက်သင့်တဲ့အပြစ်ဒါဏ်ခံပြီး ကောင်းကောင်းမွန်မွန်နေတဲ့သူ တွေကိုပေးတယ်လုပ်လိုက်နဲ့ နိုင်ငံတကာအခြေအနေကိုလိုက်ပြီး မီးစင်ကြည့်ကနေတာမျိုး ၊ သဘောထားမမှန်တာကို သတိထားမိကြဖို့ လိုပါတယ် ။
“အားလုံးလွှတ်ပေးရင်ကော”လို့ မေးစရာရှိပါတယ် ၊ လွှတ်ပေးချင်လည်း လွှတ်ပေးနိုင်တာပါပဲ ၊ “ခြံထဲကကြက်တွေ ခြင်းထဲ ကြိုက်တဲ့အ ချိန်ပြန်ကောက်ထည့်လို့ရတာပဲ” ဆိုတာမျိုး လွှတ်ပေးနိုင်ပါတယ် ၊ အရင်ကလည်း ဒီလိုလွှတ်ပေးခဲ့ဖူးတာပါပဲ ၊ ဒေါ်အောင်ဆန်းစုကြည် ကိုရော ၊ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရော အပြင်မှာ လွတ်နေတဲ့အချိန်တွေ ရှိခဲ့ဖူးတာပါပဲ ၊ မတရားအဖမ်းခံထားရသူ တွေမို့ ပြန်လွတ်စေချင်တဲ့ဆန္ဒကြောင့် တောင်းဆိုနေတာမှန်ပေမဲ့ သူတို့လွတ်ယုံနဲ့ ပြည်သူတွေဖိနှိပ်ခံဘဝက လွတ်မြောက်သေးတာမှ မဟုတ်တာ ၊ အဲဒီအတွက် ဆက်တိုက်ပွဲဝင်ကြရမှာပါပဲ ၊ စစ်အုပ်စုကလည်း လွှတ်ပေးလိုက်တဲ့ထဲက ဘယ်သူ့ကိုမဆို သူတို့ထိုင်ခုံကိုကန် လှဲဖို့လုပ်ပြီဆိုရင် ပြန်ဖမ်းဦးမှာပါပဲ ၊ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့် ၊ လွတ်လပ်စွာဟောပြောခွင့် ၊ လွတ်လပ်စွာရေးသားခွင့်တွေရှိပါပြီလို့ ဘယ်သူအာမခံမလဲ၊ မတရားမှုကိုမခံချင်တဲ့သူက ဆန္ဒထုတ်ဖေါ်တိုက်ပွဲဝင် ၊ စစ်အုပ်စုကပြန်ဖမ်း ၊ တခါ နိုင်ငံရေးအကျဉ်းသားလွှတ်ပေး ပြန်တောင်းဆို ၊ ဒီလို သံသရာလည်နေကြဦးမှာပဲမဟုတ်လား ။
ပြည်သူတွေအတွက်အပြောင်းအလဲဆိုတာ အာဏာပိုင်တွေကစေတနာမှန်မှဖြစ်မှာပါ ၊ နေဝင်းခေတ်ကလည်း ဆိုရှယ်လစ်စနစ်နဲ့တိုင်း ပြည်ကို ဘယ်လိုတည်ဆောက်မယ်ပြောပြော ၊ စစ်ယူနီဖေါင်းတွေချွတ်ပြီး ဘယ်လိုပဲအရပ်သားအစိုးရပါလုပ်ပြပြ ၊ ပြည်သူကိုစေတနာ မမှန်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့အခြေအနေကနေ ၊ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့အဆင့်ကိုရောက်သွားပြီး လူတန်းမစေ့ဖြစ်ခဲ့ကြရပါတယ် ၊ ခုလည်းဒီလိုပါပဲ ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကိုစတင်နေပါပြီလို့ စစ်အုပ်စုဟန်ရေးပြနေတဲ့အချိန်မှာ ရန်ကုန်မန္တလေးလမ်းမကြီး ပေါ်ကကျေးရွာတွေတောင် လျှပ်စစ်မီးမရှိ ၊ မှောင်ထဲနေရဆဲပါပဲ ၊ ကိုယ့်ရွာမှာကျောင်းမရှိလို့ ဖိနပ်မပါ ၊ နှပ်ချေးတွဲလောင်းကလေးတွေက လမ်းမပေါ်ကြုံရာကားတားစီးပြီးသွားနေကြရဆဲပါပဲ ၊ စားဝတ်နေမှုအခက်အခဲတွေကြောင့် ရေးတတ်ဖတ်တတ်ပြီးရင် ကျောင်းထွက် ၊ အလုပ်ဝင်နေကြရတဲ့ကလေးတွေ ၊ အများကြီးပါပဲ ၊ ရွာမှာဆေးခန်းမရှိလို့ ၊ ဆေးခန်းရှိရင်တောင် ဆေးမရှိလို့ ၊ ဆေးရှိရင်လည်း ငွေမပေး နိုင်လို့ မြွေကိုက်ခံရပြီးသေတဲ့သူတွေ ၊ မီးမဖွားနိုင်လို့သေတဲ့သူတွေ ၊ ဖျားနာပြီးသေတဲ့သူတွေ အများကြီးပါပဲ ၊ မြို့ပေါ်တွေမှာလည်း အလုပ်လက်မဲ့ ၊ အလုပ်ရှိတော့လည်း ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းကမမျှတ ၊ မွဲပြာကျနေတဲ့အခြေအနေမှာပဲ ဗမာပြည်သူတရပ်လုံးရှိနေကြ ဆဲပါ ၊ တိုင်းရင်းသားဒေသတွေမှာဆိုရင်လည်း ခုချိန်ထိစစ်ပွဲတွေဖြစ်ပွားဆဲဖြစ်ပြီး စစ်တပ်ရဲ့ရွာဖျက်ဆီးမှုတွေ ၊ စိုက်ခင်းဖျက်ဆီးမှုတွေ ၊ မုဒိန်းကျင့်စော်ကားမှုတွေ ၊ ပေါ်တာဆွဲသတ်ဖြတ်မှုတွေရှိနေဆဲဖြစ်ပြီး ပြည်သူတွေမှာ စစ်ပွဲလွတ်ရာ ရှောင်ပုန်းပြေးလွှား ဒုက္ခပင်လယ် ဝေနေဆဲပါ ။
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာတရားဟောပွဲတွေမှာဟောပြောခဲ့တာတွေထဲက သဘောတူနှစ်ခြိုက်ပြီး မှတ်သားထားမိခဲ့တာရှိပါတယ် ၊ “တိုင်းပြည်တိုးတက်တယ် မတိုးတက်ဘူးဆိုတာက ပြည်သူတွေရဲ့အခြေအနေနဲ့ပဲဆိုင်တယ် ၊ ဘယ်လိုပဲ လမ်းတွေဖေါက် ၊ ဆည်တွေ တံတားတွေဆောက်နေပါစေ ၊ ပြည်သူတွေစားဝတ်နေရေးအဆင်မပြေသေးသမျှ ဖွံ့ဖြိုးတိုးတက်တယ်မပြောနိုင်ပါဘူး”တဲ့ ၊ ပြည်သူတွေ “ဝေး”ကနဲ လက်ခုတ်တွေတီးအားပေးလိုက်ကြတာများ ။
ပြည်သူတွေရဲ့ စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ကဏ္ဍစုံနိမ့်ကျယိုယွင်းပြီး လူတန်းစေ့မဖြစ်တဲ့ဘဝအခြေအနေတွေဟာ အကြောင်းအရာတခုချင်းချရေးပြရင် ဆုံးမှာတောင်မဟုတ်ပါဘူး ၊ လူ့အခွင့်အရေးခံစားရမှုမှာကျတော့ရော ၊ လွတ်လပ်စွာဆန္ဒထုတ်ဖေါ် ခွင့် ၊ လွတ်လပ်စွာဟောပြောခွင့် ၊ လွတ်လပ်စွာရေးသားခွင့်တွေ ရှိပြီလား ၊ ဝေးပါသေးရဲ့ ။ လယ်သိမ်း ၊ မြေသိမ်း ၊ စိုက်ခင်းသိမ်းနဲ့ ရုပ်ရှင်တွေထဲ အင်္ဂလိပ်ခေတ်က ချစ်တီးကျွဲနွားဆွဲအိမ်သိမ်းလုပ်သလိုအခြေအနေမျိုးရှိနေတာတွေကိုတောင် တိုင်ရင် တိုင်တဲ့သူပဲအဖမ်း ခံရတဲ့အခြေအနေမျိုး ။
နေဝင်းခေတ် ၊ မဆလခေတ်ကလည်း ဒီလိုအခြေအနေပဲ ၊ နဝတခေတ်လည်း ဒီလိုပဲ ၊ နအဖခေတ်လည်း ဒီလိုပဲ ၊ ခုသိန်းစိန်လက်ထက် လည်း ဒီလိုပဲဆိုတော့ ဘာတွေပြောင်းလည်းစပြုလာပါပြီလို့ လက်ခံပေးရပါ့မလဲ ၊ ကိုဇာကနာကတော့ လွတ်လာလာခြင်းပြောပါတယ် ၊ “ပါတီထောင်ဖို့ ၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျနော်တို့ ဘာကြောင့်လမ်းပေါ်ထွက်ခဲ့ကြတာလဲ ၊ ပျင်းလို့ထွက်ခဲ့ကြတာ မဟုတ်ပါဘူး၊ လိုချင်တာတွေရှိလို့ ထွက်ခဲ့ကြတာပါ ၊ ကျနော်တို့ တကယ်လိုချင်တာရပြီလား ၊ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်” တဲ့ ။
အရမ်းမှန်လွန်းပါတယ် ၊ ကျနော်တို့တကယ်လိုချင်တာ အပြောင်းအလဲပါ ၊ ပြည်သူတွေဆင်းရဲမွဲတေနေတဲ့ လက်ရှိအခြေအနေမျိုးကနေ ၊ စားဝတ်နေမှုဘဝ ပြည့်စုံမျှတတဲ့အခြေအနေကိုပြောင်းလဲဖို့ ၈၈ကနေခုထိ ကျနော်တို့ တိုက်ပွဲဝင်နေကြတာပါ ၊ ကျနော်တို့လိုချင်တာ မရ သေးပါဘူး ၊ ဒီတော့ ရတဲ့အထိ ဆက်တိုက်ပွဲဝင်ကြရမှာပါ ၊ ဒီအချိန်မှာ ဘာလုပ်ကြမလဲလို့ တွေဝေနေစရာ မလိုပါဘူး ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ပြည်သူတွေဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ ၊ ဆင်းရဲတွင်းကလွတ်ဖို့ ၊ ကိုယ်ယုံကြည်ရာ ၊ စိတ်အားထက်သန်ရာ လုပ်ငန်း စဉ်တွေနဲ့ တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ် ။
Posted by
ကိုဈာန်
at
9:42 AM
0
comments
Thursday, October 13, 2011
ပုဂ္ဂလိကပန်းဥယျာဉ်
ဘယ်သူပြောလဲ
တတောလုံးကြွေ …။
တဟုန်းဟုန်းနဲ့
တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာ
ဖျားနာခဲ့ပြီ တို့နှင်းဆီ။
အပူစီးကြောင်း
ချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲ
တစက်နှစ်စက်၊ သွေးစက်စက်လေ
အိပ်မက်မီးသင့် ခဲ့သလော။
ငါလာခဲ့ပြီ
ဤနေရာသို့၊ ငါငိုကြွေးရန်
ဒူးထောက်တောင်းပန်
အညံ့ခံဖို့ လာခြင်းမဟုတ်။
ငါယုံကြည်သည်
နှင်းဆီတပင်၊ မီးလောင်ပြင်က
ရှင်ပြန်ထမြောက်၊ ငှက်တေးကောက်ချိန်
တောက်ပဝေဖူး၊ တို့ခေတ်ဦးကို
ကူးယူနီမြန်း လွမ်းပေလိမ့်။
တို့ လွမ်းသဖြင့်
အပွင့်ကြွေစေ၊ မသေအမြစ်
ချစ်နေသေးသည်
မည်သို့ပင်ဖြစ်စေ …။
ကဲ … ဘယ်သူပြောလဲ
တတောလုံးကြွေ …။ ။
အောင်ဝေး
Posted by
A'karikz Yannaing
at
10:31 PM
0
comments
Labels: ကဗျာ
Wednesday, October 12, 2011
အမျိုးသားပေါင်းစည်းရေးအတွက် ဒီကနေ့အချိန်ဟာ အခွင့်အခါကောင်းဖြစ်တယ်။
Posted by
ဖိုးညို
at
8:59 PM
0
comments
Labels: သဘောထား

