ရေကလည်း ကြည်ပါရဲ့
မြက်ကလည်း နုပါရဲ့
ခက်တာက...
ရေကိုလည်း ဒေါ်လာနဲ့ဝယ်ရ
မြက်ကိုလည်း ဒေါ်လာနဲ့ဝယ်ရ
ဒီတော့ကာ၊
အမဲသားကို ဒေါ်လာနဲ့ရောင်းချလိုက်တယ်။ ။
သုအိုင်စံ
Friday, July 29, 2011
နွား
Posted by
A'karikz Yannaing
at
9:30 PM
0
comments
Labels: ကဗျာ
Aerials by System Of A Down
Life is a waterfall
we're one in the river
and one again after the fall
...swimming through the void
we hear the word
we lose ourselves
but we find it all....
cause we are the ones that want to play
always want to go
but you never want to stay
and we are the ones that want to choose
always want to play
but you never want to lose
aerials, in the sky
when you lose small mind
you free your life
life is a waterfall
we drink from the river
then we turn around and put up our walls
swimming through the void
we hear the word
we lose ourselves
but we find it all...
cause we are the ones that want to play
always want to go
but you never want to stay
and we are the ones that want to choose
always want to play
but you never want to lose
aerials, in the sky
when you lose small mind
you free your life
aerials, so up high
when you free your eyes eternal prize
aerials, in the sky
when you lose small mind
you free your life
aerials, so up high
when you free your eyes eternal prize
Posted by
A'karikz Yannaing
at
8:07 PM
0
comments
ပြက္ခဒိန်(၃)မျိုး
(ရိုးရိုးလူ)
ဇန်န၀ါရီ(၁)ရက်နေ့ကနေခရီးစထွက်ခဲ့
ဒီဇင်ဘာ(၃၁)ရက်နေ့ရောက်မှ
အကျီလဲဖို့သတိရတယ်
ဘ၀ဟာတော်တော်နံစော်ခဲ့ပြီပဲ
(လူထူး)
ဇွန်(၁)ရက်နေ့ကခရီးစထွက်ခဲ့
မေ(၃၁)ရက်နေ့ရောက်မှ
အကျီလဲဖို့သတိရတယ်
ဘ၀ဟာတော်တော်နံစော်ခဲ့ပြီပဲ
(လွပ်လပ်သူ)
ဘယ်နေ့ကခရိးစထွက်ခဲ့မှန်းမသိဘူး
ဘ၀ဟာနံစော်နေတော့မှ
အင်္ကျီကောက်လဲလိုက်တယ်
ဒီနေ့ဘာနေ့လဲသိဖို့မလို
(အခြေခံ)
မရပ်မနားခရီးသွားတာတူတယ်
ညစ်ပတ်ရင်အကျီလဲတာတူတယ်
နောက်ဆုတ်ဂီယာမပါတာတူတယ်
အတိတ်မေ့တာချင်းလည်းတူတဲ့
လူဆိုတာ
ကွဲပြားခြားနားနေတဲ့ ပြက္ခဒိန်တွေပဲ။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
7:48 PM
0
comments
Labels: ကဗျာ
.
Posted by
A'karikz Yannaing
at
5:08 AM
0
comments
Labels: ကဗျာ
Wednesday, July 27, 2011
“သေချာရေရာမှု ဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကို အဖြေရှာတွက်စစ်ကြည့်လေသော်…”
မောင်ချင့်ချိန်
၂၀၁၁ခု ၊ ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့ ၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ ဒီတွေဆုံဆွေးနွေးမှုကို ကုလသမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေး အ တွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာ မှု ဘာမှမရှိသေးတာတွေ့ရပါတယ် ။
ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ပြောရလဲဆိုတော့ ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကိုလိုလားတဲ့ သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ ။
(၁)နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးတဲ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။
(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကိုအရှိန်မြှင့်နေတာ ။
(၃)မကြာသေးခင်(တစ်လတောင်မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန ကနေ ဦးအောင်ရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့ မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကို ပြန်ဖြုတ်ချဖို့ခြိမ်းခြောက်ခဲ့တာ ။
(၄)ဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အကြောင်းအရာတွေဖေါ်ပြခွင့်ကို ပိတ်ပင်လိုက် ၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန် ပြည်သူတယောက်လိုပဲသဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်က အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့တွေ့ဆုံ စဉ်မှာ တရားဝင်ပြောခဲ့တာ ။
(၅)နအဖအမည်နဲ့စစ်အုပ်စုလက်ထက်မှာ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကိုခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ကြိမ်တွေ့ဆုံဆွေး နွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှုမလုပ်ခဲ့သလို အရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုတာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။
(၆)အမျိုးသားညီလာခံကို ၁၅နှစ်ကြာအောင်လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာ နောက်တစ်ကြိမ်ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလ တိကျရေရာစွာ သတ်မှတ်မှုမရှိတာ ။
(၇)မုဒိန်းကျင့် ၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုး လက်နက်ပြခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။
စတဲ့ အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။
ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်က (၁၈)လကျော်ကြာဆွေးနွေးမှုတွေပြတ်တောက်နေခဲ့ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ် ဒေါ် အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာတွေ့ခဲ့တာလဲ ၊ ရှင်းပါတယ် ၊ စစ်အုပ်စုအနေနဲ့ အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့ လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့ နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲဖြစ်ပါတယ် ။
မေလထဲမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ ၂၀၁၄ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့် အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ် ၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲ ရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့လက်တွဲအလုပ်လုပ် ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ်၂၅%နဲ့ စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူးမပေးသင့်ဘူးလို့ မြန်မာ့အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC)ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကိုကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝန်ကပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့ နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ် နိုင်ငံတကာကစိုးရိမ်မကင်းဖြစ်ရတာတွေကိုဖြေရှင်းဖို့လိုတယ် ၊ အဲဒါတွေဆောင်ရွက်ဖို့ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ထိ ခိုက်စေလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ် ။
စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကို လျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့ နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်း ဆိုတာမျိုး ကစားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ် ။
လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း ၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ ဦးသိန်းစိန်ကိုယ်တိုင်သွားရောက်ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရော ဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါက အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဆိုတော့ သမ္မတကြီးအမည်ခံဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကို တလေးတစားသွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာ မြင်သိနိုင်ပါတယ် ။
နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာ သူ့အတွက်နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာ မျိုးလုပ်ခဲ့တာပဲဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ပထမဆုံးစတင်ဆွေးနွေးဖို့စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက် ခန်းဂျိနာဂအိကိုပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့ နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီး အရှိန်လျော့လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကိုထပ်တိုးခဲ့သလို အင်းလျားကန်ကိုရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကိုလက်ခံခဲ့မှုနဲ့လည်း ဒေါ်စုကိုရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင် ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့မသမာမှုတွေကိုဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာ အပစ်ရပ်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBAတပ်တွေက နယ်ခြားစောင့်တပ်ဖွဲ့ရေးကိုငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေပြန်စတင်ခဲ့လို့ လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊ အဲဒီလိုနိုင်ငံရေးအကျပ်အတည်းတွေအများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့လွှတ်လိုက်ပါပြီဆိုပြီး ဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိဒေါ်စုမိန့်ခွန်းပြောတာကိုတောင် ခွင့်ပြုပေးလိုက်တာ တွေဟာ အာရုံလွှဲဖို့ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာဖြစ်ပါတယ် ။
ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကို ဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအမြင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ် ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာ အေးပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့တွက်စစ်ကြည့်ဖို့လိုပါတယ် ။
စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကို အလေးမထားခဲ့သလို NLD ပါတီကိုလည်းအလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ် ဆွေးနွေး ချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌ ဦးတင်ဦးတို့နဲ့ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့ NLDကိုကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုမဆိုထားနဲ့ တိုင်းရင်းသားတွေ ပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲမတည်ဆောက် နိုင်သေးတဲ့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ ဆွေးနွေးဖို့ဆိုတာ လည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော “ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာသဘောထားခဲ့ပြီး ဝတ် ကျေတန်းကျေဆွေးနွေးမှုအဖြစ် NLD ပါတီကိုတရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲ လှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တွေပြောကြားမှာဖြစ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ ဦးအောင်ကြည်ဆီကနှုတ်ထွက်စကား (ဆွေးနွေးချက်)ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကို ဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့ နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင်ထွက်ခဲ့ပြီးပြီ ဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကိုကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး အဖြစ်နဲ့ ပဲဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊ စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေကပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ ဒီမိုကရေစီရေးအင်အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက် သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိ ဒီဆွေးနွေးပွဲကိုအချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြားမှာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကို လက်ခံ ဆောင်ရွက်ဖို့ လိုပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်း ပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီး မိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာ တွေ မီးတဟုန်းဟုန်းတောက်လောင်လို့ ပြည်သူတွေအိုးအိမ်အခြေမဲ့ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာ သတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်းအသက်ဆုံးသွားရတဲ့ မောင်ချစ်လိုအဖြစ်မျိုးဟာပုံနှိုင်းအတုယူစရာပါ ။
အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပဲ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံအဖွဲ့အစည်းတွေကခေါင်းဆောင်တွေမပါပဲ ၊ တိကျရေရာတဲ့ အချိန်ကာလသတ်မှတ်ချက်မရှိပဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့အလိမ်အညာလုပ်ရပ်တွေကို ထောက်ခံပေးနေသလိုမျိုးမဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက် ပိုတဲ့ဦးဆောင်မှုမျိုးဖြစ်ဖို့လိုနေတယ်ဆိုတာ အဖြေရှာတွက်စစ်လို့ရပါတယ်ဆိုတဲ့အကြောင်း…။
အင်အားတူအခြေအနေမရှိရင် စစ်မှန်တဲ့ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ ။
မောင်ချင့်ချိန်
Posted by
ကိုဈာန်
at
9:00 AM
0
comments
Labels: ဆောင်းပါး
Tuesday, July 26, 2011
အနာဂတ်အတွက်စိုက်ပျိုးခြင်း
အချိန်ဆိုတဲ့ရထားကြီးက မရပ်မနားပြေးလွှားလို့
စက္ကန့်နဲ့ မိနစ်တို့ကို ခေါ်ဆောင်ရင်း ပူပြင်းတဲ့ရာသီကို ကျော်ဖြတ်
ဖြူဖွေးတဲ့ နှင်းစလေးတွေကို အဖော်စပ်နေကြပြီ။
နေမ၀င်အင်ပါယာထဲမှာပဲ အိပ်ပျော်သွားတာလား
အမှောင်တိုက်ထဲမှာပဲ အကျဉ်းကျခြင်းခံလိုက်ရတာလား
အားလုံးဟာေ၀၀ါး စမ်းတ၀ါးဝါးနဲ့ ကုန်ခဲ့တဲ့အချိန်တွေကိုတောင်
သတိမထားမိလိုက်အောင် ဟန်ဆောင်ပန်ဆောင် မျက်နှာဖုံးတွေကြားထဲ
မပြုံးချင်လည်းပြုံး မမုန်းချင်လည်းမုန်း အားလုံးကိုရောထွေး ကွမ်းတံတွေးတွေမျိုချ
ကမ္ဘာကြီးလှနေဖို့ ရမ္မက်တွေစွန့်ကြဲ အတ္တရွှံ့နွံထဲမှာ ကိုယ်ပိုင်ရုပ်တွေကွယ်ပျောက်
အာဏာတွေယစ်မူး ဂုဏ်ထူးတွေမက်မော သူရောငါရော
အယောင်ဆောင်ခြင်းရေယာဉ်ကျောမှာ အတိုင်းမသိမျောပါနေခဲ့ကြတယ်။
ခေတ်ကြီးက...
လူသားခြင်းညှာတာခြင်းတွေကင်းလို့ မျက်စိရှေ့ညှင်းပန်းနှိပ်စက်ခြင်းတွေကိုတောင်
ပွဲကြည့်ပရိသတ်တစ်ကောင်လို လက်ပိုက်လို့ ရပ်ကြည့်ဖို့ ၀န်မလေးတော့ဘူး။
လမ်းပေါ်မှာလဲကျ ဒုက္ခရောက်နေသူဘေး ကူညီသူဝေးစွ ခွကျော်လို့တောင် သွားတတ်နေကြပြီ။
သူတပါးရဲ့နာကျင်မှု ဟာသတစ်ခုလိုရယ်မော ခေတ်ရေစီးကြောင်းထဲ မျောကုန်ကြပြီ။
လောဘ မောဟ ဒေါသတို့ကိုရင်မှာပိုက် လစ်လျူခြင်းနောက်ကိုလိုက်ပြီး
ကမ္ဘာကြီးမြည်ဟီးနေတာ မင်းနဲ့ငါ မေ့နေလို့မရတော့ဘူး။
ဘိုးဘွားခေတ်ကစိုက်ခဲ့တဲ့သစ်သီး တစ်လုံးပြီးတစ်လုံးထိုင်စား
ဘ၀ရဲ့ရထားကြီး ဒီတိုင်းပဲသွားနေလို့မဖြစ်တော့ဘူး။
နောင်လာနောက်သားတွေရဲ့ အနာဂတ်ထဲ
အကြင်နာ ဘာလဲဆိုတဲ့ အဖြေမရှိခြင်းအတွက်
တို့ရဲ့လက်တွေစုစည်းလို့ မျိုးဆက်သစ်တို့စားသုံးဖို့
အကြင်နာသစ်ပင် စိုက်ကြစို့လား။
ထူးသျှား
Posted by
A'karikz Yannaing
at
7:49 PM
0
comments
Labels: ကဗျာ
လှေကား
"အနိမ့်" တွေကိုကောက် "မ"
"အမြင့်" မှာနေရာချ။
"အမြင့်" တွေကို "ချီပွေ."
"အနိမ့်"ဆီနေရာရွေ.။
အတွေ.အကြုံကဆိုတယ်
"အနိမ့်" တွေဟာ
ဘယ်လောက်ကြီးကြီး
"မ" ရတာပေါ့ပါးပြီး
"အမြင့်" တွေဟာ
ဘယ်လောက်သေးသေး
"ချီ" ရတာသိပ်လေးတယ်
အထူးသဖြင့် "လူ" တဲ့။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
7:09 PM
0
comments
Labels: ကဗျာ
Sunday, July 24, 2011
တမ်းတခြင်း
ရဲရဲနီသွေးကော်ဇောကြီးနဲ့ အာဏာရှင်တို့ရဲ့ အော်စကာပြပွဲ
အမေ့အိမ်ထဲထိဝင်ရောက် "တောက်" ခေါက်သံတွေပေါ်ထွက်
အိမ်မက်တွေခါးသီး ကျောင်းတော်ကြီးကို ကျောခိုင်း။
စာသင်ခန်းကို ကျောခိုင်း။
မိခင်အိုကို ကျောခိုင်း။
အနာဂတ်များစွာအတွက် အသက်ခန္ဓာတွေကိုခင်း
သွေးရင်းတို့မြေမှာခ ခရီးစဖို့ညဥ့်မနက်ခင်
ဆုံးဖြတ်ချက်ခေါ်ရာလမ်း ကံကော်တန်းနဲ့ဝေး။
ဂျက်ဆင်အိုနဲ့ ဝေး။
ကြင်နာသူနဲ့ ဝေး။
တပ်ဦးကခွပ်ဒေါင်းအလံကိုဦးညွတ် ရေရွတ်ခဲ့ သံဓိဌာန်
မနက်ဖန်များစွာကိုဖန်ဆင်း နံနက်ခင်းနဲ့ဆည်းဆာတို့လန်းဆန်း
မိုးမခတန်းကို အဖော်ပြု။
သံလွင်ချောင်းကို အဖော်ပြု။
အပြုံးနုနုလေးကို အဖော်ပြု။
ရာသီတွေ အလီလီပြောင်း အဟောင်းတွေ အသစ်ဖြစ်
ဆန်းစစ်လို့တွေးတော နှလုံးသွေးကြောထဲမှာ နွေးထွေး
ဆွေးဆွေးလေး တမ်းတလို့မှန်း မိုးမခတန်းလေးကို လွမ်းတယ်။
သံလွင်ချောင်းလေးကို လွမ်းတယ်။
လောကွားလူဆေးရုံလေးကို လွမ်းတယ်။
ပြီးတော့...
နေညိုချိန် ဆည်းဆာရဲ့တွဲဖက် လျပ်တပြက် အပြုံးယဲ့ယဲ့လေးနဲ့
ညှင်းသဲ့သဲ့ သက်ပြင်းရှိုက်သံလေးကို လွမ်းတယ်။
ထူးသျှား
Posted by
A'karikz Yannaing
at
9:30 PM
0
comments
Labels: ကဗျာ
Saturday, July 23, 2011
ညီလာခံ
(၁)
ခန်းမထဲကို
(က)အမှားတွေနဲ့ဖော်စပ်ထားတဲ့
ရှေ.နေသုံးလက်ပစ်ဗုံးတွေဝင်လာတယ်။
(ခ)ပရိသတ်များများရှာနေတဲ့
နောက်ဆုံးပေါ်တသီးပုဂ္ဂလအမြင်တွေဝင်လာတယ်။
(ဂ)နှစ်ချုပ်အစီရင်ခံစာ၊စာရင်းရှင်းတမ်းနဲ့
ပိန်ပိန်ပါးပါး ၂နှစ်သားလုပ်ဆောင်ချက်တွေဝင်လာတယ်။
(ဃ)သွေးပူအောင်လုပ်လာတဲ့ ကန့်ကွက်ခြင်းနဲ့
သွေးပူအောင်လုပ်လာတဲ့ ထောက်ခံခြင်းတွေဝင်လာတယ်။
(င)ရှေ.လုပ်ငန်းစဉ်လို့ခေါင်းစီးပါတဲ့
A4စာရွက်အလွတ်တွေဝင်လာတယ်။
(စ)မျက်နှာအသစ်နဲ့မျက်နှာအဟောင်းတွေဝင်လာတယ်။
(ဆ)ထိုးမြဲလက်မှတ်တွေဝင်လာတယ်။
(၂)
ခန်းမထဲမှာ
(က)လက်ပစ်ဗုံးတွေကွဲတယ်။
(ခ)နောက်ဆုံးပေါ်အမြင်တွေ catwalk လျှောက်တယ်။
(ဂ)၂နှစ်စာကို တထိုင်တည်းနဲ့ဝိုင်းလေ့လာကြတယ်။
(ဃ)ထောက်ခံခြင်းကကန့်ကွက်ခြင်းကို အလဲထိုးသတ်လိုက်တယ်။
(င)စာရွက်တွေမှာစကားလုံးတွေစွန်းကုန်တယ်။
(စ)မျက်နှာအသစ်နဲ့အဟောင်းတွေကိုမဲပုံးထဲထည့်မွေပြီး
လူသစ်စိတ်သစ်နဲ့မျက်နှာတစ်ခုရတယ်။
(ဆ)အားလုံးလက်မှတ်ထိုးတယ်။
(၃)
ခန်းမထဲကအားလုံးထွက်လာ
အ၀မှာထားခဲ့တဲ့ ကိုယ်ရေးကိုယ်တာတွေကိုပြန်ကောက်
လိုရာဆက်လျှောက်ကြ၊ တစ်ယောက်မှလက်မှတ်မထိုးဘူး။
(၄)
ခုံအလွတ်တွေနဲ့ပြည့်ကျပ်နေတဲ့ခန်းမကြီးရပ်ကျန်နေခဲ့သလိုမျိုး
လူအလွတ်တွေနဲ့ပြည့်ကျပ်နေတဲ့ ကော်မတီကြီးရွေ.နေတယ်
( ၂နှစ်မှာတစ်ခါဆုံတဲ့ မျက်နှာတွေနဲ့ )။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
8:42 AM
0
comments
Labels: ကဗျာ
Wednesday, July 20, 2011
Friday, July 15, 2011
ဒေါန… ဟောင်သရောနဲ့  တာအို့ ထ
ညီမလေးရယ်
လိုချင်တာ ပြောရရင် …
တက်ကျမ်းဆရာဆီက ခဲယမ်းဝယ်ဖို့ နည်းနာလိုချင်တယ်
ရှေ့ဖြစ်ဟောဆရာဆီက ကံကောင်းခြင်းလက်ဆောင်လိုချင်တယ်
ကွန်ပြူတာကျွမ်းကျင်သူဆီက ဟက်ကာလုပ်နည်းလိုချင်တယ်
တော်လှန်ရေးဆီက ခေါင်းဆောင်ကောင်းတယောက်လိုချင်တယ်
ကုလသမဂ္ဂဆီက ငြိမ်းချမ်းရေးတပ် လိုချင်တယ်
စီးပွားရေးသမားဆီက ငွေကြေးအကူအညီ လိုချင်တယ်
ဘုရားသခင်ဆီက ထာဝရတော်လှန်ရေးသမားကို လိုချင်တယ်
ကမ္ဘာမြေကြီးပေါ်က မိတ်ဆွေကောင်းတွေကို လိုချင်တယ်
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေကို လိုချင်တယ်
ပြည်သူလူထုအတွက် ဒီမိုကရေစီ လိုချင်တယ်
မေမေဆီက မေတ္တာတရားကို လိုချင်တယ်
ကျနော့်ဆီက ရိုးသားမှုကို လိုချင်ပါတယ်။
မေမေ
ဒီနေ့ … ကျနော်တို့နေတဲ့ရွာကို
လက်နက်ကြီးအလုံး တရာကျော်ကျော်နဲ့ပစ်တယ်
မရှိမဲ့ ရှိမဲ့ ရွာသားတွေ
မနက်ဖြန်ဆို ယိုးဒယားဘက် ကူးပြီး
ဘိုင်း .. ဘိုင်း .. မင်္ဂလာတံတားရေ…။
ဒီတောင်တန်းကြီးတွေပေါ့ 
ရင်ခုန်သံစနှစ်တကျနဲ့  တလှမ်းချင်းလှမ်း
တက် … ဆင်း
ပြီးတော့ …. ချောင်းဖြတ်များစွာကို ဖြတ်လို့ 
သင့် ဆီကို ရောက်လာခဲ့ပြီ။
ဟိုရှေ့မှာ ….
ကမာတလုံးတည် ချောင်းဖျားကို တွေ့ မြင်လိုက်ရ
မှုန်ပျပျ ကောင်းကင်အောက်
ဟောင်သရောမြစ်ရဲ့ မြစ်ဖျား
ကြိတ်ချောင်းဖျားက
ငါတို့ ကို မာယာကြီးစွာနဲ့  ကြိုဆိုနေပေါ့ ။
ဆင်းစမ်း …
ဆက်ဆင်းလိုက်စမ်း
ဆင်းခဲ့လိုက်ရတဲ့တောင်ကြောကြီးကို လှည့်ကြည့်
ပြီး … ရှေ့က ရွာတန်းလေးရဲ့ ခေါင်းမိုးတချို့ ကို လှမ်းကြည့်
ဒါ … ပထမ ရည်မှန်းချက် ဖြစ်ရဲ့ 
ဟုတ်ပါရဲ့  … ဒီနေ့  သင်္ကြန်အတက်နေ့ 
မိုးမချုပ်ခင် ရွာရောက်စေရမယ်။
သောကြာနဲ့စတဲ့ ရွာ ဖြစ်တယ်
ရှေ့နားမှာ လုထိုင် စောင့်နေရဲ့
နွေရာသီ စမ်းချောင်းဘေးအနား ခြေကုန်လက်ပမ်းကျ
လူတချို့ဘေးနားမှာအမောဖြေရင်း စကားပြောနေရဲ့ 
ငါတို့  ရောက်ရမယ့်ရွာက သဒဲခို့ ရွာ။
ဒီနေ့  … နှစ်ဆန်းတရက်နေ့ 
ညနေဆိုရင် ဆေးမူဝါးတွေ ဘုရားဖူးသွားမယ့်နေ့ 
အမေအိုတွေ ဦးကြီးတွေ ခလေးငယ်တွေ ဘုရားဖူးသွားမယ့်နေ့ 
အဲဒီနေ့ မှာ
ရွာခံလူငယ်တချို့က ဖိုးဖီးကားတစီးနဲ့ 
ပေါင်ဒါဗူးကိုယ်စီနဲ့ 
အပျိုမတချို့ ရေဖလားကိုယ်စီနဲ့ 
ကားပေါ်မှာ ရေတိုင်ကီတလုံးနဲ့ 
အမိုးချက်တဲ့ဂျစ်ပုံးတပုံးလည်း ပါရဲ့ 
ရွာနီးတ၀ိုက်ရွာများဆီ ရေပက်ခံထွက်လို့ 
ဆောင်းဘောက်ကြီးက ရက်စ်သင်္ကြန်သီချင်းတမြိုင်မြိုင်
ဒိုးပတ်ဝိုင်းနဲ့ အပြိုင်အဆိုင်ပေါ့ ။
ဝက်သားပေါ်တယ်
အမိုးချက်တဲ့ပုလင်းနဲ့  နေညိုချိန်ကို ဦးညွတ်ဂုဏ်ပြုလိုက်တယ်
ရွာဦးဘုန်းတော်ကြီးကျောင်းရဲ့  ဆွမ်းစားရုံအောက်
ပင်ပန်းခဲ့သမျှ အမောဖြေရင်း
ဆည်းဆာနဲ့ အပြိုင်ဆေးမူဝါးတို့ ရဲ့လှပမှုထဲ နွံနှစ်
ရဲဘော်တယောက်ဆို ပါလာတဲ့ ဗွီဒီယိုကင်မရာနဲ့ 
ဆေးမူဝါးတို့ ရဲ့ အလှတရားတွေကို
မယ်မိုရီထဲ ဖြည့်သွင်းနေလေရဲ့ ။
တောစပ်တွေက နီးကပ်လွန်းတယ်
လယ်ကွင်းတချို့ကို ဖြတ်ခဲ့ရ
မျက်လုံးကို အနားမပေးရဲ
ချောင်းအဖြတ် ကုန်းအတက်မှာ
တွန်း.. ဆင်းတွန်း … တွန်းကြ
လုထိုင်ပေါ်က ကမန်းကတန်းဆင်း
အားကုန်းဆင်းတွန်းတော့
လုထိုင်အထွက် လူလဲ မှောက်လျှက်လဲပေါ့ ။
အမှားမကင်းတဲ့လူ့ ဘ၀ထဲ
သတင်းတွေ ပေါက်ဆဲ
ရွာဆိုတာ ကိုယ်လူ သူ့ လူနဲ့ 
သို့ ပေမယ့် .. အေးရာအေးကြောင်းပဲတဲ့။
မြေသားလမ်းက ကျဉ်းလို့ 
ကွန်သီးခြံက ကျည်တိုးမပေါက်
ဒူးရင်ခြံအောက်က အထွက်
ဗြုန်းကနဲ့  ရွာလမ်းကလေးက ဆီးကြို
ဖိုးဖိးတစီးလည်း စောင့်မျှော်နေခဲ့။
…………
(၂)
ဘုရားရေ
မြေကမ္ဘာမှာ မြန်မာပြည်ဟာ
မြေပြင်မှာ ဆန္ဒပြပွဲ
တောင်တန်းမှာ စစ်ပွဲ
လွတ်တော်မှာ အာဏာသိမ်းပွဲတွေနဲ့  အသားကျ
မှားယွင်းနေလိုက်ကြတာ။
သေနတ်ကိုယ်စီနဲ့  ကားပေါ်မသက်မသာလိုက်ပါလို့ 
လမ်းတလျှောက် တပ်ခွဲအသီးသီးကို ဖြတ်ကျော်ရင်း
ဘယ်ဆီကိုရောက်ရောက်
လမ်းလျှောက်သူ ရဲဘော်တချို့ ကို အော်ဟစ်နောက်ပြောင်
ကုန်းပြောင်ပြောင်တောင်ယာကုန်းက သူ့ ကြောပေါ် ငါတို့ ကို ထမ်းပိုးလို့ ။
အဲဒါ … ကျိုက်ဒုံမြို့ တဲ့
ခေါင်းမိုးဖြူဖြူနဲ့ 
ကားလမ်းက ဖြူးလို့ 
ရုတ်တရက် .. တံတားအဖြတ်မှာ
ကားအရှိန်ကို မြှင့်လိုက်တာ
လမ်းဝဲယာအိမ်တွေဟာ မျက်လုံးထဲမှာ
ရိပ်ကနဲ့  ရိပ်ကနဲ့ 
နောက်ဘက်မှာ ဖုံးလုံးကြီးသာ တ၀ုန်းဝုန်းကျန်ရစ်ခဲ့။
မိနာအ
ငါတို့  သူမဆီ မရောက်ဖြစ်တာ ၁၅ နှစ်နဲ့  ၈ လ
သူမက အပြောင်းအလဲကြီး ပြောင်းလဲ
တချို့ဆို အိမ်ကြီးရခိုင်နဲ့  ခမ်းနားလို့ 
အပျိုမတွေက လှလို့  ၀လို့ 
ဒူးရင်ပင်တွေက ပိုလို့ ပိုလို့  မြှင့်လာသလို
ကွန်ခြံတွေက ပိုလို့ ပိုလို့  ကျယ်လာခဲ့
ငါစာပေးခဲ့တဲ့ ကောင်မလေးတောင် အခု ခလေး ၅ ယောက်နဲ့ 
ငါအမိုးကြီးလည်း မရှိတော့ဘူး
ဟိုဘက်အိမ်က ဘီဂျီအက်ဖ် အိမ်ဆိုပဲ
မိနာအ
သူမရဲ့ အလှက လှမြဲလှဆဲ။
ရန်သူတပ်ရင်းတရင်း ဆင်းလာခဲ့ပြီ
ငါတို့ က တက်တက်ကြွကြွ
လာခဲ့ ရန်သူရေ
မရပ်မနားနဲ့ ရွာဥက္ကထ
ဟိုဘက်ဒီဘက် ပြေးလိုက်ရ
ဆက်သွယ်ကြ ညှိနှိုင်းကြနဲ့ 
ဗြုန်းဆို အာပီဂျေတချက်နဲ့  တိုက်ပွဲစခဲ့
ပစ် … ပစ်…
ဒီဖောက်ပြန်နေတဲ့ ရန်သူတွေကို ပစ်
သူတို့  ငါတို့ နယ်မြေကို ချေကုတ်ယူဖို့  လာနေတာ
ပစ် …. အဲဒီ လခစား လူ့ မိုက်ရိုင်းတွေကိုပစ်
ပစ် … အဲဒီ စစ်ခွေးကနေ မြို့ခွေးဖြစ်လာတဲ့သူတွေကို ပစ်သာပစ်
ပစ်ဟေး … ပစ်။
နှစ်ရက်မြောက်တိုက်ပွဲ
ရန်သူလည်း အလဲလဲ အကွဲကွဲနဲ့ 
လူနာပို့ တဲ့ စစ်ကြောင်းက လူနာပို့ လိုက်နဲ့ 
ပတ်ရှောင်တဲ့ စစ်ကြောင်းက ပတ်လမ်းကို ရှာလိုက်နဲ့ 
ရန်သူက ညဘက်ဆို ရမ်းသမ်းပစ်ခတ်လိုက်နဲ့ 
ရွာသားတွေခမျာ အိမ်အောက်ပုန်းကျဉ်းထဲမှာ ထမင်းစားလို့ ။
ရန်သူလည်းရှင်းပြီး
မင်းရဲ့ရွာသားတွေလည်း ပင်ပန်းလှပြီ … မိနာအ
ကျနော်တို့  သွားတော့မယ်
ရှေ့ ခရီးအတွက် သွားပြီ … မိနာအ
နောက်တခါ တခေါက်ပေါ့ ။
……………
(၃)
ဒါ … အိမ်မက်မဟုတ်ဘူး
သူတို့  အဖိုးအခနဲ့  အာဏာသိမ်းလိုက်ပုံများ
အခု ၅ နှစ်ပြီးရင် နောက် ၅ နှစ်ပေါ့ 
ပြီးရင် … နောက် ၅ နှစ်….။
အဟောင်းပြီးရင် အသစ်လာမယ်တဲ့
အသစ်ပြီးရင် အဟောင်းမလာဖို့  အရေးကြီးတယ်
ဟေး … လူ့ မိုက်ရိုင်းတွေ အာဏာမသိမ်းကြေး။
ဝမ်လုံရွာ
လမ်းဘေးတဖက်တချက် ဆိုင်တန်းတွေနဲ့ 
ပအို့ မလေးက သနပ်ခါး ပါးကွက်နဲ့ 
ခလေးမလေးတွေ ဆံပင်ကို စုစည်းထားတာ
လမ်းကလေးနဲ့ လိုက်ဖက်လို့ 
ဟိုဘက်ချမ်းကဆို တောင်ပေါ်က ကရင်အပိုင်းပေါ့ 
အမိုးတယောက်ကတော့ သူ့ အိမ်အောက်မှာ ပုန်းခိုကျင်းတကျင်း တူးနေလေရဲ့ ။
နွေခေါင်ခေါင်မိုးကြိုးပစ်သံနဲ့ 
ညဘက် မိုးကလည်းရွာလိုက်သေး
ဘုရားကုန်းဘက်က လက်နက်ကြီးနဲ့  ပွိုင့် ၅ ကလည့်း ရမ်းသမ်းပစ်လိုက်သေးတယ်
အိမ်က အမိုးမိသားစုဆို ပုန်းခိုကျင်းထဲ ဆင်းလိုက်တက်လိုက်နဲ့ 
သုံးကြိမ်တိတိ
ဘုရားစာရွတ်ဆိုသံတောင် ကြားလိုက်မိသေးတယ်။
ကျောပိုးအိတ်ကို ဗုန်းကနဲ့ ပစ်ချ
လူက ခြေပစ်လက်ပစ် ကိုင်းတောကြားထဲ လှဲချလိုက်တယ်
ရှေ့ရွာက ဗမာစကားပြောတဲ့ရှမ်းရွာ
ကရင်လူမျိုးတို့ ရဲ့နန်းထိုင်ခဲ့တဲ့ရွာ နောင်တမန်မှာ
ခရီးတထောက်နားမယ်တဲ့။
ရောဘာခြံထဲတိုးဝင်
သီဟိုခြံထဲထိုးဖောက်
နေပူလိုက် မိုးရွာလိုက်နဲ့ 
တောနင်းလို့ ရောက်လာခဲ့ပြီ … ကော့ဆိုင်
ကောင်းစွာကြိုပါ ကော့ဆိုင်
အိမ်မက်တွေကို ဖန်တီးဖို့ ပါ … ကော့ဆိုင်
ဒီည .. သင့်ရဲ့ သွေးကြောပေါ်မှာ ငါတို့  အိပ်စက်မယ် … ကော့ဆိုင်။
ကော့ဆိုင်မှာ တကာကြီးနဲ့ တွေ့ တယ်
ဘီယာနဲ့ တွေ့ တယ်
ဂရမ်ရိုင်ရယ်နဲ့ တွေ့ တယ်
ညဘက် .. အိမ်အပြန် လမ်းတွေ မှားတယ်။
ဘေးအိမ်မှာ ရဲဘော်တစု
မီးစက်သံတညံညံနဲ့  မိုးဟေကိုပါတဲ့ စီဒီကိုကြည့်လို့ 
ဟိုအရှေ့ဘက်ဈေးဆိုင်က ခေတ်ပေါ်ရက်စ်သီချင်းကို ဖွင့်လို့ 
အိမ်ပေါ်မှာအဖိုးက လမ်းလျှောက်စကားပြောစက်ကို အဖော်ပြုလို့ 
ခုဒုံမှာ ညဘက်ဆို ခြင်အရမ်းကိုက်တယ်။
ဒူးရင်သီးတွေ ပေါတဲ့
ဆေးမူဝါးတွေ လှတဲ့ စက်က၀က်မှာ
ခလေးကြီးတချို့သရေပင်ပစ်ကစားနေရဲ့။
လမ်းပေါ်မှာ ဒူးရင်ကုန်သည်တချို့ 
ဆိုင်ကယ်ကိုယ်စီနဲ့  လမ်းသလားနေဆဲ
အိမ်ရှေ့ကအမိုးသမီး ရိုးရာတေးတပုဒ်ညီးရင်း သင်တိုင်ရက်လို့ 
အိမ်ကအနော်က စားဖို့ ဒူးရင်သီးတချို့နဲ့ ငါတို့ကိုအဖော်ပြုခဲ့။
ပျင်းပျင်းရှိတာနဲ့ 
အနော်သမီး နော်ပဲ့နဲ့ လမ်းလျှောက်ထွက်ခဲ့တယ်
လမ်းတလျှောက်ဒူးရင်သီးနှံ့ တို့ ကြိုင်လှိုင်လို့ 
မနက်ဖြန်ဆို စစ်ဆင်ရေးတခု စပြီးမို့ 
အာရုံသိက တခွက်စာလောက်ပေါ့ လို့ နိုးဆော်
အတွင်းပိုင်းလမ်းက ရဲဘော်အိမ်ကို
နော်ပဲ့ကိုချီပိုးလို့  ခြေဦးလှည့် ညနေခင်းကို ကြိုဆိုလိုက်တယ်။
မနက်ခင်းက
မြူးတူးခုန်ပေါက်
သေနတ်သံနဲ့ လက်နက်ကြီးသံတို့ ရောစွက်
တော်လှန်တေးသံကို သီဆိုလိုက်တယ်
မဟာမိတ်တပ်မှူးတယောက်က စက်တလုံးနဲ့ ဟန်ရေးပြ
စစ်မြေပြင်ကို တိုက်ရိုက်ကွပ်ကဲနေလိုက်တာ
မနက်ခင်း အာရုဏ်ဦးအောက်မှာ ခမ်းနားကြီးမြတ်နေပုံများ
ကမ္ဘာကျော်ပန်းချီးဆရာတောင် ဆေးစပ်ဖို့  လက်တွန့် နေမိရော့မယ်။
ဒီခေတ်ကြီးမှာ
လူတယောက်ရဲ့ အထက်မှာ လူတယောက်ရှိရမယ်တဲ့
အမိုးကတော့ ဒါတွေကို မသိဘူးတဲ့
မနက်ခြံထဲသွား ညနေပြန်လာ
ဧည့်သည်တွေဖြစ်တဲ့ ငါတို့ ကိုကျွေးဖို့ သီးနှံတွေခူး
ဒါနေ့ စဉ်အလုပ် ဗမာစစ်သားတွေဆိုရင်တော့ ကြောက်တယ်လို့  ပြောတယ်။
မေမေ
ဌာနေတိုင်းရင်းသားတွေ ဗမာစစ်တပ်ကို မုန်းလိုက်ပုံများ
တခါတလေ …
ဗမာစကားပဲ ပြောတတ်တဲ့ကျနော်တို့ တောင်
အမုန်းခံဗမာ ဖြစ်သွားလေရော။
ကျောင်းနံရံတ၀ိုက်မှာ
ဒေါင်းအလံစိုက်ထူရမယ်
ဒါ … ရှစ်လေးလုံး(ဂဂဂဂ) .. ဖြစ်တယ်။
……….
(၄)
မေမေ
ခေတ်တခေတ်ကို ရှေ့ ကနေ အထူးပြုလို့ 
သူတို့  ခေတ်တွေကို အရောင်ဆိုးနေကြတယ်
ပြီးတော့ ….
ကျနော်တို့ အာလုံးဟာ
ရိုးရှင်းတဲ့အမှန်တရားတခုလို မျက်နှာစုံညီအစည်းအဝေးပွဲမှာ
အလွမ်းတွေကိုယ်စီနဲ့  ရိုးသားနေလိုက်ကြတာ
မေမေရယ် … ခေတ်ကြီးကိုက ဟောင်းနွမ်းနေတာပါ။
တိတ်ဆိတ်ငြိမ်သက် လွတ်လပ်မှုထဲ
အင်တာနက်ထဲ လှိုင်းစီးနေသလိုမျိုး
ကိုယ်တိုင်စိတ်ဝင်တစားဖြစ်မှုနဲ့ 
စက္က၀က်ကျောကုန်းပေါ်တက်လျှောက်ရင်း
ပြည်တွင်းစစ်မီးထဲ ငါတို့ စီးဆင်းဆဲ။
မြို့ပေါ်မှာ နေခဲ့သလိုမျိုး
ငါတို့အီးမေးလ်သုံးခွင့်ရခဲ့ရင်
အင်္ဂလန်က ကောင်မလေးရေ …
မင်းကိုလွမ်းရတဲ့အကြောင်း စာလွှာတစောင်ပါလိုက်ချင်ရဲ့ ။
လမ်းပေါ်မှာ စစ်ဖိနပ်ရာတွေ ပွစာကြဲလို့ 
ရွာသားတွေလည်း ပုန်းခိုကျင်းထဲ ၀င်ပုန်းလို့
ဈေးဆိုင်တွေမှာ လူသူကင်းမဲ့လို့
စာသင်ကျောင်းနားတ၀ိုက် လက်နက်ကြီးသံတွေဆူညံလို့
ဝန်းကျင်တခွင်လုံးသေနတ်သံတွေပဲ ကြားနေရ
ခုအချိန် …
ဆာဗာတလုံးသာရှိခဲ့ရင်
ကမ္ဘာကိုထုတ်လွင့်ပြလိုက်ချင်ရဲ့။
မြေပြန့်ကလာတဲ့တောင်ပေါ်မြေက ဆရာမလေးရေ
မင်းရဲ့ပုံတူတခုကို ကွန်ပြူတာဆောဝဲလ်တခုထဲ
သိမ်းဆည်းခွင့်ပြုပါ။
………
(၅)
ကျေးဇူးရှင်တော်တောင်မှာ မိုးတဖွဲဖွဲကျ
မှုန်ရီဝိုတ၀ါးနဲ့ မိုးမှုန်ငွေ့က
တယောက်ကိုတယောက်မြင်ဖို့တောင် ရိုးတိုးရိပ်တိတ်နဲ့
ကယန်းမလေးရေ …
ကင်းလိုက်တောင်ကြောကို ငါတို့အတူ တက်ခဲ့သလိုမျိုးပေါ့
ခရီးနှင်းဆက်ဆဲ။
ညီမလေးရယ်
လိုချင်တာ ပြောရရင် …
တက်ကျမ်းဆရာဆီက ခဲယမ်းဝယ်ဖို့ နည်းနာလိုချင်တယ်
ရှေ့ဖြစ်ဟောဆရာဆီက ကံကောင်းခြင်းလက်ဆောင်လိုချင်တယ်
ကွန်ပြူတာကျွမ်းကျင်သူဆီက ဟက်ကာလုပ်နည်းလိုချင်တယ်
တော်လှန်ရေးဆီက ခေါင်းဆောင်ကောင်းတယောက်လိုချင်တယ်
ကုလသမဂ္ဂဆီက ငြိမ်းချမ်းရေးတပ် လိုချင်တယ်
စီးပွားရေးသမားဆီက ငွေကြေးအကူအညီ လိုချင်တယ်
ဘုရားသခင်ဆီက ထာဝရတော်လှန်ရေးသမားကို လိုချင်တယ်
ကမ္ဘာမြေကြီးပေါ်က မိတ်ဆွေကောင်းတွေကို လိုချင်တယ်
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေကို လိုချင်တယ်
ပြည်သူလူထုအတွက် ဒီမိုကရေစီ လိုချင်တယ်
မေမေဆီက မေတ္တာတရားကို လိုချင်တယ်
ကျနော့်ဆီက ရိုးသားမှုကို လိုချင်ပါတယ်။
အဖိုးရဲ့ သားတွေ သမီးတွေ ဘယ်သွားနေသလဲ လို့
အိမ်ကြီးတလုံးထဲ မြေးတယောက်နဲ့အတူနေတဲ့ အဖိုးကိုမေးတော့
ဘန်ကောက်မှာ အလုပ်သွားလုပ်သတဲ့
ဒါနဲ့ဆို ၂၃ ရွာမြောက် ဘန်ကောက်သွားတဲ့ရွာ
အိမ်တိုင်မှာ လူငယ်မရှိ မိဘဖိုးဖွားတွေသာရှိ
လုပ်အားတွေသာ ယိုစီးနေတဲ့တိုင်းပြည်။
ည … ညဆို
ဟိုဘက်အိမ်က
ဘန်ကောက်က ပြန်လာတဲ့ အမိုးရဲ့သမီး
အရှုးမကြီးက ရောက်တတ်ရာရာ အော်ဟစ်နေတတ်ရဲ့။
ခုလောက်ဆို
တာ့ကော်ကျိုးတောင်မှာ
မြေမြုပ်မိုင်းတွေနဲ့သာ ပြည့်နက်
မဲဂလာချောင်းဖျားအထက်မှာ
အမိုးရဲ့တောင်ယာတကွက်တော့ စွန့်ပစ်ခံလိုက်ရတော့မယ်။
မြစ်ဝါးမြစ်ကြီးရေ …
သင့်ရဲ့အရှင်သခင်
လူဝါတို့ရဲ့မိခင်ကို ၀တ်ပြုဆုတောင်းတဲ့အခါ
မျှော်လင့်ခြင်းသစ်သီးကို ပြန်ယူသွားဖို့ ပြောပေးပါ။
တာ့ကခါ့ တောင်စောင်းမှာ
ဒီနှစ်မိုးတွင်းစာအတွက်
သီးပင်စားပင်တွေ စိုက်ရဦးမယ်။
ယုံကြည်ချက်ကို ဖန်တီးယူလို့မရဘူး
မျှော်လင့်ချက်ပေးစရာမလိုဘူး
အာမခံစရာမလိုဘူး
ဒါ … သူ့အလိုလို ဖြစ်လာတာ
မိခင်ဘာသာစကားအတွက်
ရိုးရာယာဉ်ကျေးမှုအတွက်
ဌာနေတိုင်းရင်းသားအတွက်
ဖိနှိပ်မှု ကင်းမဲ့ရေးအတွက် တော်လှန်ပြောင်းလဲပစ်ရမယ်။
စစ်ကျွန်ပြုရေးစနစ်ကို မုန်တယ်
SSA နဲ့ KIA ကို ၀န်ရံကြ … ကူညီကြ
ဒီစစ်အုပ်စု ကျဆုံးစေရမယ်။
ကောင်းကင်အထပ်ထပ်နဲ့ဂလက်ဆီတန်းကြားမှာ
အလွမ်းတွေဟာ ကြယ်စင်တွေလို ပျံ့ကျဲသွားကြလို့။
အတွေးနက်နက်ထဲ
ဟန်ကြီးတခွဲသားနဲ့
သံပုရာခြမ်းဦးထုတ်ကိုဆောင်းလို့
ခမ်းနားကြီးကြယ်စွာလျှောက်လှမ်းလာခဲ့
တော်လှန်ရဲမက် ချစ်သူကိုယ်စီနဲ့။
တားဆီးခံရမှုတပွေ့တပိုက်ကို ထွေးပိုက်ရင်း
အချိန်တန်ရင် ရိပ်သိမ်းဖို့
စိုက်ပျိုးထားခဲ့
နွေးထွေးစွာနှုတ်ဆက် သစ္စာရှာထွက်ခဲ့တယ်။
ခေတ်သစ်နည်းပညာတွေနဲ့
ဘ၀အတုတွေကို မတီထွင်စမ်းပါနဲ့
သူတို့ ကျေးလက်တွေကို မှတ်ဥာဏ်ကတ်ထဲထည့်သွင်းလိုက်လို့
ကျေးလက်တွေသာ မြို့ပြ ဖြစ်ချင်သလို ဖြစ်လိုက်နဲ့
မြို့ပြဟာ ကျေးလက်ဒေသတွေကို ခက်ခက်ခဲခဲ ရှာဖွေလို့။
ကျနော်တို့
ကမ္ဘာမြေပေါ် ခြေထောက်တင်လို့
သစ္စာတရားကို ရှာဖွေထွက်ခဲ့တာ
ဒီမိုးနဲ့ဆို ၂၄ မိုး ရှိပြီး
ခြေထောက်တွေသာ အကြောပြိုင်းပြိုင်းထလို့
တကိုယ်စာ ဒီမိုကရေစီသာရရှိခဲ့။
ဖော်ပြကြ ..
သင်တို့ရဲ့ လွတ်မြောက်မှုအတွက်
လက်သီးလက်မောင်းတွေကို ဖြောင့်ဖြောင့်တန်းလို့
အသံကုန် အော်ဟစ်ဖော်ပြလိုက်ကြ။
အနယ်ထိုင်နေတဲ့ဘ၀တွေထဲ အသားတကျမဖြစ်စေနဲ့
လွတ်လပ်စွာတေးသီနိုင်ဖို့အတွက်
ညီတူညာတူ ရုန်းထ
အပြုံးစကား တစစီဖွင့်လို့
ငြိမ်းချမ်းစွာ တည်ရှိစေ။
သင်တို့အားလုံးအတွက် ဖြစ်စေ
ကမ္ဘာပြည်သူလူထုကြီးအတွက် ဖြစ်စေ
ဖောက်ပြန်သူတွေအပေါ် ငါတို့ အားလုံးမှားယွင်းကြမယ်။
အီလက်ထရွန်ပေါင်းများစွာ ဖိသွင်းထားတဲ့
သံဘော်လုံးတခုနဲ့
လူ့အဖွဲ့အစည်းတခုအပေါ် ဖောက်ခွဲပစ်လိုက်ရရင် ကောင်းမလား။
သိပ်ရက်စက်လွန်းတဲ့ကောင်မလေးရယ်
တိုင်းတပါးသားတယောက်နဲ့ မင်း… သိပ်လွတ်လပ်လွန်းတယ်
ဒီက မင်းရဲ့ သားလေးတယောက် ခဏခဏ အလွမ်းမီးတောက်နေလေရဲ့။
ယုံကြည်ချက်ကို ရက်ရက်စက်စက်ဖယ်ခွာသွားပေါ့
အတွေးအခေါ်တို့ ပြိုကွဲ
ရပ်တည်ချက်တို့ ယိုင်လဲ
စိတ်ဓာတ်တို့ လက်နက်ချကြပေါ့။
တချို့ကိစ္စတွေမှာ ပြောကြစမ်းဆိုရင်
အပြောစကားမသွက်
စည်းရုံးရေးကင်းမဲ့
ဘေးထွက်ထိုင်နေကြတယ် …
ဟေး … … ခင်ဗျားတို့
တော်လှန်ရေးကို လူငယ်တွေ မလုပ်ရင်
ဘယ်သူတွေ လုပ်မလဲ
ခလေးငယ်တွေလား
အဖိုးကြီးတွေလား … ။
မီးလောင်းနေတဲ့ စပါးပုံကိုကြည့်ပြီး
မျိုးဆက်သစ်တချို့ရဲ့ တောက်ခေါက်သံဟာ
ဟစ်ဟော့လို့ ပြောနိုင်မလား။ ။
Posted by
ဖိုးနေ
at
3:45 PM
2
comments
Labels: ကဗျာ
Thursday, July 14, 2011
Enter Sandman
Say your prayers little one
Don't forget, my son
To include everyone
Tuck you in, warm within
Keep you free from sin
Till the sandman he comes
Sleep with one eye open
Gripping your pillow tight
Exit light
Enter night
Take my hand
Off to never never land
Something's wrong, shut the light
Heavy thoughts tonight
And they aren't of snow white
Dreams of war, dreams of liars
Dreams of dragon's fire
And of things that will bite
Sleep with one eye open
Gripping your pillow tight
Exit light
Enter night
Take my hand
Off to never never land
Now I lay me down to sleep
Pray the lord my soul to keep
If I die before I wake
Pray the lord my soul to take
Hush little baby, don't say a word
And never mind that noise you heard
It's just the beast under your bed,
In your closet, in your head
Exit light
Enter night
Grain of sand
Exit light
Enter night
Take my hand
We're off to never never land
Posted by
A'karikz Yannaing
at
7:59 PM
0
comments
သံစဉ်
ဒိုမိန်းတခုထဲကို ဘလော့လည်သူ တစ်ယောက်လို မတော်တဆ ရောက်လာတယ်
ရေလျှံငွေလျှံ ဒုက္ခတရားတွေကို လူပါးဝအောင်စား သောက် ပြီး စားမြုံ့ပြန် အန်
မိရိုးဖလာ အသိရိုးရာတွေကို အလွတ်ရအောင်ကျက်ပြီးတော့ မှီခို စော်ကား
ဖာရုံရောက်လိုက် ဘုန်းကြီးကျောင်းရောက်လိုက် ကိလေသာလေတိုက်နှုန်းအတိုင်း
ဆိုနေကြတေးဟာ ဘယ်သူကြားဖို့မှ မဟုတ်သလို ဘယ်နားကိုမှမစော်ကားခဲ့ပါဘူး
လာလိုက်သွားလိုက် ဆိုးလိုက်မိုက်လိုက် အမှိုက်တွေအမှိုက်ပုံးထဲသောင်းကျန်းသလိုမျိုး
တီကောင်တကောင်လို... ငါးမျှားခြင်းမှာ စွန့်လွှတ်ခဲ့သမျှ ကိုယ့်အတွက် ဘာမှမကျန်
ဒိုမိန်းတခုထဲမှာ ဗိုင်းရပ်တကောင်လို အသတ်ခံရတယ်...ဒါဘုရားသခင်လက်ချက်ပဲ။ ။
ကေသာဦးခိုက်
Posted by
A'karikz Yannaing
at
7:23 PM
0
comments
Labels: ကဗျာ
Monday, July 11, 2011
ခေတ်တခေတ်ကို အရောင်ဆိုးခြင်း
ဘ၀တွေနေပျော်ဖို့ အတွက်
ကျနော်တို့  မြစ်တို့ ရဲ့  စီးမြဲအတိုင်း
တခါတလေ စီးဆင်းခံလိုက်ရ။
ချစ်သုရေ ..
မင်းကို တည်ငြိမ်စွာ ထားရစ်လိုက်ရပြီး။
တချို့  ဖြစ်စင်တွေမှာ
ပေါ်လစီတွေ နဲ့ ရှုပ်ပွ
လက်တွေ့ အားကျတဲ့ သူတွေ ရှိစေ။
နာမည်မှားပေးတာ ဘယ်သူလဲ
သူလား ... ငါလား။
ရာဇ၀င်တပုဒ် ရေးချလိုက်ဦးမယ်
မျှော်လင့်ချက်နဲ့ လက်တွေ့ ဟာ
ခြားနားလွန်းတယ်။
ကျဆုံးခြင်း သင်္ကေတကို
အမှတ်တရ ခါးသီးခြင်းလို့ ဘဲ ခေါ်တော့မယ်။
ကျနော်တို့  ရောက်လာခဲ့ပြီး
အဖိနှိပ်ခံဘက်က ရပ်တည်ဖို့ ။
မှားယွင်းမှုကို ၀န်ခံပါရစေ
ဘ၀နဲ့  ထပ်တူထပ်ကျ မဖြစ်သေးတဲ့အခါ
တော်လှန်ရေးကို အခမဲ့ ရောင်းစားခဲ့ဖူးတယ်။
သေချာတာက
လူတွေဟာ အသက်ကြီးလာလေလေ
ပိုပြီးလွတ်မြောက်မှုကို လိုချင်လာလေလေဘဲ။
ချစ်သူရယ် .. နေရစ်ပါကွယ်
ငြိမ်းချမ်းစွာ နေရစ်တော့
ခေတ်ကြီးကို အရောင်ဆိုးထားတဲ့ နေရာကို
အော်ကြီးဟစ်ကျယ် ဖော်ပြပေးဖို့ 
အဲဒီ မကောင်းဆိုးဝါးေ တွ မောင်းထုတ်ပစ်ဖို့ 
ခရီးဆက်ထွက်ရဦးမှာလေ။
Posted by
ဖိုးနေ
at
10:54 PM
0
comments
Labels: ကဗျာ
SELF-DEBT
i've got "Bomb For Foe and Bread For Friend" policy
both things are occupied by my air force and navy
bread fallen into foe's mouth
bomb fallen over friend's house
i know what's wrong and how to sort out
let me correct my mistake 'cause i love this world
this world supplies me a country to live
let me forget my mistake 'cause i love this war
this war supplies me money to exist
when friend's become foe
and foe's become friend
i know how to fix the things
but these days, humans become bomb
and bomb never become human being
i've got no idea how to adjust the things
i, my friend and my enemy are all human that eats bread
we've invented bomb, human and bread but wrongly unlimited
Gentleman, lets pay back our debt
when human gets hungry,
they don't eat bomb but bread!
A'karikz Yannaing
Posted by
A'karikz Yannaing
at
4:06 PM
1 comments
Labels: ကဗျာ
Saturday, July 9, 2011
ဖောက်ပြန်သူ
ဒီနှစ် ...
နွေမှာလဲ မိုးရွာတယ်
ဆောင်းမှာလဲ မိုးရွာတယ်
မိုးမှာဆို မုန်တိုင်းတွေနဲ့ ....။
ဒီနှစ် ...
တောအသစ်မှာ..
ခုတ်ထားတဲ့ တောင်ယာ
ကောင်းကောင်း မီးမလောင်ဘူး ... သားရယ်...။ .
Posted by
ဖိုးနေ
at
10:52 PM
1 comments
Labels: ကဗျာ
မှတ်တမ်းတဗုဒ်နဲ့ ဇိုရာ
ဇိုရာ
ဒီကောင်းကင်ကြီးထဲမှာ
ကြယ်စင်တွေ လင်းလက်
ဘုရားသခင်ရဲ့  ကောင်းချီးပေးတော်မှုကို ခံယူခဲ့ပီ။
ဇိုရာ
ပြောကြားပေးပါ....
လူထုကြီးကို ပြောကြားပေးပါ
ကျနော်တို့  မှတ်တမ်းမဲ့ စာတအုပ်နဲ့ 
ခရီးဆက်ခဲ့... ဆဲ။
ဇိုရာ
ဒီတောင်တန်းတွေရဲ့ အပေါ်မှာ အမှန်တရားတွေ ရှိခဲ့
လွတ်မြောက်မှုအတွက်နဲ့ 
ဘ၀တွေကို ကျောပိုးလို့ နေခဲ့။
ဇိုရာ
ဒီမြစ်ကမ်းတွေမှာ
ဒီ ဗြောင်ပြန်စီးနေတဲ့ မြစ်ကမ်းတလျှောက်မှာ
အသဲနှလုံးတွေ ကြွေကျ
မားမားရပ်ရပ် ...
ရပ်တည်ချက်ကောင်းခဲ့သူပါ။
ဇိုရာ
ဘုရားသခင်ရဲ့  ချီးမြှင့်မှုကို ခံယူပါ
ကောင်းကင်အထပ်ထပ်မှာ ရှိတဲ့ ကြယ်စင်တွေလို ..
အလွမ်းတွေ ပြည့်နက်
အလင်းပြန့် နေတဲ့ ..
အဲဒီ ယူနီဗာဆယ်နဲ့ 
ဟောဒီမြေပေါ်မှာ
စစ်ပွဲကြီးတွေ ဖြစ်လို့ ။
ဇိုရာ
ပြောကြားပေးပါ
လူထုကြီးကို ပြောကြားပေးပါ ... ဇိုရာ။ ။
SummaryRest of your post
Posted by
ဖိုးနေ
at
10:32 AM
0
comments
Labels: ကဗျာ
Thursday, July 7, 2011
BALANCE
i won't take over your whole world
i won't let you invade mine at all
i don't hate you whenever i rise or fall
we,all are alike here to survive
we,all want to guide our own rights
we,all like to obey our own choice
you might want the thing that i want
you might hunt the fray that i hunt
lets build some space that empty and blank
lets drink before the strong beer goes flat
lets think before the wrong answers go ahead
but we must have to use each others' respect
my mind can read your intrinsic value
your eyes can see my organic view
we should realize more than we knew
even if you have to cooperate in my geo-politic,
even if i have to perticipate in your eco-politic,
the balance must be the right balance
would you trust or would you doubt
we,all are on the balance-driven spinning earth
A'karikz Yannaing
Posted by
A'karikz Yannaing
at
11:39 PM
0
comments
Labels: ကဗျာ
မိုး
သမုဒ္ဓရာက
ကျည်ဆံတစ်တောင့်ပစ်တင်လိုက်တယ်
ကောင်းကင်ကို ရောက်မရောက်တော့မသိဘူး။
ဘ၀တစ်လျှောက်လုံးမှာ မပိုင်ဆိုင်ခဲ့ရဖူးတဲ့
အပြာစစ်စစ်အရောင်တွေကို တိမ်တွေက သိပ်ကြိုက်သတဲ့
ကောင်းကင်ကို စစ်ထိုးဖို့
တိမ်မျိုးနွယ်စုတွေ ညီညွတ်ရမယ်တဲ့
အဝေးရောက်တိမ်တွေကို လေလွှတ်ခေါ်လိုက်တယ်။
ကြည့်စမ်းပါဦး
အတန်းလိုက် အတန်းလိုက်
အုပ်စုလိုက် အုပ်စုလိုက်
တိမ်တိုက်ကြီးတွေ တိမ်တပ်မတော်ကြီးတွေ
တော်လှန်စစ်လား ကျူးကျော်စစ်လား
စစ်ပြင်ထားတာတော့ သေချာတယ်။
သိပ်မကြာလိုက်ပါဘူး
တကယ်ကို သိပ်မကြာလိုက်ပါဘူး
တိမ်တွေရဲ့ လမ်းစဉ်မှားလို့လား
ဖောက်ပြန်တဲ့ တိမ်ပါမွှားလေးတွေကြောင့်လား
တိမ်တွေရဲ့ ညီညွတ်ရေးထဲ ဗုံးခွဲခံလိုက်ရတယ်။
ဝုန်း ဂျိန်း ပေါက်ကွဲ
မိုးသည်းသည်းထဲ လျှပ်စီးကြောင်းတွေ လန့်အော်ဖြတ်ပြေး
ဒါ တိမ်တွေရဲ့ သွေးတွေလား
တိမ်တွေရဲ့ မျက်ရည်လား
နှစ်မျိုးစလုံး ရောသွားတာလည်းဖြစ်နိုင်တယ်။
အခြေအနေတွေ ကြည်စင်သွားတဲ့အခါ
ကောင်းကင်က စာတစ်စောင်ကျလာတယ်
"တစ်ကောင်ကောင်ကများ
ငါ့အောက်မှာ ကောင်းကင်တစ်ခု ထပ်ဆောက်နိုင်ခဲ့ရင်
ငါ့ကောင်းကင် ငါပြန်ရုပ်သိမ်းသွားပါ့မယ် ချစ်သူရယ်" တဲ့...
ကမ္ဘာမြေက ဘာပြန်ပြောလိုက်တယ်ထင်လဲ
"မျက်ရည်ပဲ ပေးပေး
တံတွေးပဲ ထွေးထွေး
သေးပဲ ပေါက်ချပေါက်ချ
ချစ်ရတာ သူ့တစ်ယောက်ထဲပါ
စိုစွတ်ရတာ သိပ်ပျော်ပါတယ်" တဲ့။
တိမ်တွေကတော့ လုပ်စား ခံလိုက်ရတယ်။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
9:45 PM
0
comments
Labels: ကဗျာ
နယ်စပ်တိုက်ပွဲများ
တောင်ယာကို
လောင်စာလုပ်ထားတဲ့
တောမီးက
ဒေါကြီးတယ်
အလှတရားတွေ
ခြစားသွားပြီးနောက်
အနာဂတ်ကိုယ်တိုင်
ပြာကျငိုမှိုင်နေတော့တယ်။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
7:58 PM
0
comments
Labels: ကဗျာ
ငြိမ်းချမ်းရေး
လမ်းသရဲတစ်ကောင်က
လမ်းသရဲတစ်ကောင်ကို
ဂစ်တာနဲ့ဆွဲရိုက်လိုက်တယ်
ဂစ်တာလည်းကွဲ
ခေါင်းလည်းကွဲ
ဂီတလည်းပျောက်
.....................
အဲ့ဒီနောက်
လမ်းသရဲတွေ ထွက်ပြေးသွားကြပြီး
သချိုင်းဟစ်သံ အမှုန်အစပဲ ကျန်ခဲ့တယ်
လူသားများနေတဲ့ ဒီအမှားထဲမှာ...
မူများခြားနေတဲ့ ဒီတရားထဲမှာ...
သုအိုင်စံ
Posted by
A'karikz Yannaing
at
6:26 PM
0
comments
Labels: ကဗျာ
Wednesday, July 6, 2011
“လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ…။”
မောင်ချင့်ချိန်
ဗမာပြည်နိုင်ငံရေးအခြေအနေကိုလေ့လာကြည့်ရင် စစ်အာဏာရှင်တွေကို ထိပ်တိုက်ရင်ဆိုင် တွန်းလှန်တိုက်ပွဲဝင်မှုတွေနည်းပါးနေသလို ယူနီဖေါင်းချွတ်ပြထားတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ရဲ့လက်ကိုင်ဒုတ်ကြံ့ဖွတ်တွေက စစ်အာဏာရှင်စနစ်ကိုသက်တမ်းတိုးဖို့ အစိုးရ သစ်အမည်ခံပြီး နိုင်ငံတကာအလယ်မှာဝင်ဆံ့အောင် တည်ဆောက်နေတာတွေ့နေရပါတယ် ။
သန်းရွှေနဲ့စစ်အုပ်စုကြီးစိုးချယ်လှယ်တဲ့ပုံသဏ္ဍာန်ကနေ အရပ်သားအစိုးရအဖြစ် သိန်းစိန်နဲ့စစ်ဗိုလ်ချုပ်တစုအရပ်ဝတ်လဲပြီး အတုအယောင် ရွေးကောက်ပွဲနဲ့လွှတ်တော်တရပ်ဖွဲ့စည်းခဲ့တဲ့ကစားကွက်ကို ဘယ်နိုင်ငံရေးပါတီအဖွဲ့အစည်းကမှ ထိထိရောက်ရောက်ဟန့်တားတိုက်ပွဲဝင် မှုမလုပ်နိုင်ခဲ့ပါဘူး၊ အစိုးရသစ်လို့ စစ်အုပ်စုလက်ခမောင်းခတ်ရပ်တည်နေချိန်မှာ လက်နက်ကိုင်အင်အားစုတွေအပိုင်းမှာသာ အပစ်အခတ် ရပ်စဲမှုပျက်တာ၊ နယ်ခြားစောင့်တပ်အဖြစ်ကနေ တော်လှန်ရေးတပ်အဖြစ်ပြန်ရပ်တည်တာ ၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေအရှိန် မြှင့်ပြီး မြို့တွင်းစစ်ဆင်ရေးထိုးဖေါက်ဆင်နွှဲတာတွေအထိရှိလာခဲ့ပေမဲ့ ပြည်တွင်းနိုင်ငံရေးအဖွဲ့တွေအနေနဲ့တော့ စစ်အုပ်စုကိုတွန်းလှန်ဖို့ ဘယ်လိုနိုင်ငံရေးလမ်းကြောင်းပုံသဏ္ဍာန်တည်ဆောက်တာကိုမှ မတွေ့ခဲ့ရပါဘူး ။
လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီပေါင်းစည်းနိုင်ဖို့လိုတယ်လို့ လက်နက်ကိုင်လမ်းစဉ်မှာလျှောက်လှမ်းနေသူတွေက ယုံ ကြည်ထားကြပေမဲ့ ပြည်တွင်းအင်အားစုတွေအနေနဲ့က လက်နက်ကိုင်လမ်းစဉ်ကို အကြမ်းဖက်လုပ်ငန်းတွေလို့သဘောထားနေတာတွေ့ရ ပါတယ် ၊ ဗုဒ္ဓဘာသာရာဇဝင်မှာ ဘုရားလောင်း ဝေသန္တရာမင်းကြီးဖြစ်စဉ်အခါက လှုလိုက်တဲ့သားနဲ့သမီးကို ပုဏ္ဏားယောင်ဆောင်ထားတဲ့ သကြားမင်းကရိုက်တော့ ဒေါသစိတ်ဖြစ်ပြီး ဓားထဆွဲတယ်လို့အထင်ကရပါရှိပါတယ် ၊ အဲဒီလို ဘုရားလောင်းတောင်မှ လှုပြီးသားရင် သွေးအတွက် လက်နက်နဲ့ဖြေရှင်းဖို့စိတ်ကူးမိသေးရင် ရင်သွေးတွေအသတ်ခံရ၊မိသားစုတွေတကွဲတပြားဖြစ်၊ဘဝတွေပျက်၊ကိုယ်လက်အင်္ဂါ တွေဆုံရှုံးဖြစ်ရတဲ့အထိ စစ်အုပ်စုရဲ့မတရားနှိပ်စက်အနိုင်ကျင့်မှုကိုခံနေရတဲ့ ပုထုဇဉ်လူသားတွေက လက်နက်နဲ့ခုခံတော်လှန်ဖို့ကြိုးစားကြ တာ သဘာဝကျတဲ့အကြောင်းအရာပဲမဟုတ်ပါလား၊လူထုတိုက်ပွဲတွေဆင်နွှဲတိုင်း စစ်တပ်နဲ့လုံထိန်းတွေက အကြမ်းဖက်ဖြိုခွဲတဲ့အချိန် တွေ့ ရာအုတ်ခဲနဲ့ ကောက်ထုတုန့်ပြန်ဖို့ကြိုးစားကြတာ ပြည်သူ့ဆန္ဒအစစ်အမှန်ဆိုတာ သတိထားမိကြဖို့လိုပါတယ်၊အဲဒီလို ပြည်သူတွေရဲ့ လက် တွေ့ဘဝနဲ့ဆန္ဒကိုမမြင်ပဲ ကိုယ်ထင်ရာကိုယ်ပြောနေသမျှ စစ်အုပ်စုကခေါင်းထောင်နေဦးမှာပါပဲ၊ မဟော်သဓာဇတ်တော်ထဲက သားတရား စီရင်ခန်းလို အမေရင်းမို့ သားလေးနာမှာစိုးလို့လွှတ်ပေးလိုက်တယ်ဆိုတာမျိုးက မဟော်သဓာလို ကြားဝင်စေ့စပ်ပေးမဲ့သူကိုမျှော်တဲ့ အတွေး အခေါ်မျိုးသာဖြစ်ပြီး ခုခေတ်မှာတော့ သားဘီလူးလက်ပါပြီး အစားခံလိုက်ရမှာပါ ၊ တစ်ကိုယ်လုံးပါပြီး အသက်သေမှာထက်စာရင် လက် တဘက်ပြုတ်သွားတာကတော်သေးတာမို့ ဘီလူးလက်အပါမခံပဲ မရ ရအောင်ပြန်စွဲမယ်ဆိုတဲ့ အတွေးမျိုးနဲ့ စစ်အုပ်စုလက်ထဲက ဗမာပြည်ကိုပြန်ဆွဲလုကြရမှာပါ ။
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ် ဆိုတဲ့သီချင်းလေးကိုကြားယောင်မိပါတယ် ၊ ငြိမ်းချမ်းစေချင်ပါတယ်လို့ လေလှိုင်းနဲ့ စာရွက်တွေပေါ် ကနေပြောနေပေမဲ့ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တိုက်ပွဲတွေဖန်တီးပြီး ပြည်သူပေါင်းများစွာကို စစ်ဘေးဒုက္ခသည်တွေအဖြစ် အိုးအိမ်မဲ့ နိုင်ငံမဲ့ဖြစ်စေတဲ့ စစ်အုပ်စုရဲ့တရားမဲ့လုပ်ရပ်တွေကို ဆန္ဒပြကန့်ကွက်မှုတွေလုပ်ဆောင်ဖို့ကိုတော့ ဘယ်ပါတီအဖွဲ့အစည်းကမှ ထိထိရောက်ရောက်လုပ်ဆောင်တာမတွေ့ရပါဘူး ။
ပြည်တွင်းနိုင်ငံရေးပါတီအဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးတိုက်ပွဲဖေါ်ဆောင်မှုမရှိပဲ နိုင်ငံတကာအကူအညီကိုအားထားမျှော်ကိုး နေယုံနဲ့ ဘယ်လိုတွေ့ဆုံဆွေးနွေးမှုမျိုးမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ဖြတ်သန်းခဲ့ပြီးတဲ့ ၂၃ နှစ်တာကာလကိုပြန်တွေးသတိမူသင့် ပါတယ် ၊ တိုက်ပွဲဖေါ်ဆောင်မှုမရှိရင် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့မဖြစ်နိုင်သေးသလို ပြည် တွင်းစစ်ကိုမီးရှိန်မြှင့်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေကို လည်း ဘယ်လိုမှတာဆီးနိုင်မှာမဟုတ်ပါဘူး ။
စစ်အုပ်စုရဲ့ဖိနှိပ်မှုပုံစံအမျိုးမျိုးအောက်မှာရပ်တည်လုပ်ဆောင်နေကြရတဲ့ ပြည်တွင်းအင်အားစုတွေအနေနဲ့ ကိုယ်ဘာသာအမြင်ရှင်းဖို့အရေး ကြီးပါတယ် ၊ ပြည်သူတွေကကြောက်နေကြတာလား ၊ ဘယ်လိုတိုက်ပွဲဝင်ကြမယ်ဆိုတာ ဦးဆောင်လမ်းပြပေးမဲ့သူမရှိလို့ အချိန်စောင့်နေ ကြတာလားဆိုတာ အပြန်ပြန်အလှန်လှန်သုံးသပ်စဉ်းစားကြဖို့လိုပါတယ် ၊ တကယ်တမ်းမှာ အသက်ရှင်ပြီးဘဝတွေသေနေတဲ့ပြည်သူတွေ က တိုက်ပွဲဝင်ဖို့အသင့်ပါပဲ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုပြန်ကြည့်ပါ ၊ စစ်တပ်ကအာဏာသိမ်းပြီး ၂၆ နှစ်လုံးလုံး တော်လှန်ရေးကောင် စီကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ဆိုပြီး ကျည်ဆံမိုးရွာအုပ်ချုပ်မှုကို အံခဲခံနေခဲ့ကြရပေမဲ့ ကျောင်းသားတွေအသေခံပြီး ကိုယ်ကျိုးစွန့်ဦးဆောင်တော့ ပြည်သူတရပ်လုံးလိုက်ပါတိုက်ပွဲဝင်ခဲ့ကြပါတယ်၊ ၂၀၀၇ မှာလည်း ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား တွေ ၂၀၀၇ မျိုးဆက်ကျောင်းသားတွေက ပြည်သူကိုယုံကြည်မှုပေးနိုင်ခဲ့တယ် ၊ ထောင်ဒဏ် ၆၅ နှစ်တွေရင်းပြီး ပြည်သူကိုနှိုးဆွနိုင်ခဲ့တယ်၊ သံဃာတော်တွေပါ အသေခံဦးဆောင်ချိန်ကျတော့ (နိုင်ငံရေးပါတီကလူတွေသာ တွေဝေနေပြီး) ပြည်သူတွေက လိုက်ပါခဲ့ကြတာပါပဲ ။
သေနတ်ပြောင်း၊နံပါတ်တုတ်နဲ့အချုပ်ထောင်တွေကိုပြပြီးဟစ်အော်ကြိမ်းမောင်းနေတဲ့ စစ်အာဏာရှင်ရဲ့အမိန့်သံတွေကို ဥပဒေတွေအဖြစ် လိုက်နာရင်း တိုက်ပွဲလမ်းကြောင်းပျောက်နေတဲ့အဖြစ်ကြောင့် ပြည်သူတွေဝေဝါးနေရတာကို တိုက်ပွဲဝင်ရဲမှ ဖိနှိပ်ခံစစ်ကျွန်ဘဝက လွတ် မြောက်မှာဆိုတဲ့ယုံကြည်မှု ပြန်တည်ဆောက်ပေးနိုင်ဖို့လိုပါတယ် ၊ ခုချိန်မှာတော့ ပြည်သူတွေရဲ့ လေးစားအားကိုးမှုယုံကြည်မှုကိုရဖို့က တော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မှီကလို ကျောင်းသားလှုပ်ရှားမှုတွေ ၊ ဦးအုန်းသန်းတို့ ကိုထင်ကျော်တို့လို အဖမ်းခံရမှာသိသိနဲ့ တကိုယ်တော်ရဲရဲရင့်ရင့်ဆန္ဒပြသူတွေ ၊ ကိုမင်းကိုနိုင်တို့လိုရှေ့ကထွက်ဦးဆောင်မဲ့ကျောင်းသားတွေ လိုနေတာပါပဲ ။
ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မှီက ခုလောက်နိုင်ငံရေးအသိတွေမရှိကြပဲ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ပစ်သတ်ခံခဲ့ရတဲ့ RITကျောင်းဝန်း ကမတရားမှုကြောင့် ကျောင်းသားတိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ် ၊ အင်းလျားကန်ဘောင်ကတံတားဖြူကို တံတားနီလို့တင်စားခေါ်ရ လောက်အောင် သွေးတွေအိုင်ထွန်းနေတဲ့အထိအရိုက်ခံပြီး မတရားမှုကိုတုန့်ပြန် မကျေနပ်မှုတွေကိုပြခဲ့တဲ့ကျောင်းသားတွေကြောင့် တက္က သိုလ်ကျောင်းသားတွေသာမက အခြေခံပညာကျောင်းသားတွေပါ ကျောင်းသားတိုက်ပွဲထဲမှာပါဝင်လာကြသလို မြေနီကုန်းအရေးတော်ပုံနေ့ (အခြေခံပညာကျောင်းသားများနေ့)လို့ သတ်မှတ်ခေါ်ဆိုကြတဲ့ ဇွန်လ ၂၁ ရက်နေ့က လုံထိန်းတွေရဲ့နံပါတ်တုတ်နဲ့ရိုက်နှက်နှိမ်နှင်းမှုကို တက္ကသိုလ်ကျောင်းသားတွေနဲ့အတူ အခြေခံပညာကျောင်းသားတွေပါ ရဲရဲရင့်ရင့်ရင်ဆိုင်တုန့်ပြန်ခဲ့တာကြောင့် ပြည်သူတွေပါကျောင်းသား တိုက်ပွဲထဲပါဝင်လာခဲ့ကြပြီး သမိုင်းတွင်မဲ့လူထုအရေးတော်ပုံကြီးဖြစ်ခဲ့တဲ့သာဓကကိုပြန်တွေးကြည့်ရင် လက်ရှိအခြေအနေမှာ ပြည်သူတွေ ကြောက်နေကြလို့မဟုတ်ပဲ ဦးဆောင်မဲ့ကျောင်းသားလှုပ်ရှားမှုတွေကို စောင့်နေကြတာသာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ် ။
ဖိရင်ကြွမယ် ထိရင်ချမယ် ၊ ကျောင်းသားဟာ လက်သည်းဆိတ်ရင် လက်ထိပ်ကနာတယ်ဆိုတဲ့အတွေးအခေါ်တွေ ကျောင်းသားတွေကြား ပြန်ရောက်အောင် အရင်လုပ်ကြရမယ်ထင်ပါတယ် ၊ တော်လှန်ရေးမျိုးဆက်ပြတ်သည်မရှိဆိုပေမဲ့ စစ်အုပ်စုရဲ့ အဆိုးရွားဆုံးနှိပ်ကွတ်နှိမ်နှင်း မှုတွေနဲ့ အာရုံလွှဲထားမှုတွေကြောင့် မျိုးဆက်ပေါ်ထွက်မှုကျဲနေတာမျိုးဖြစ်နေတာကို ချေဖျက်နိုင်အောင်ကြိုးစားကြပြီး ကျောင်းသား လှုပ်ရှားမှုတွေပေါ်ထွက်ရေးကနေ ကြံ့ဖွတ်လွှတ်တော်ဖျက်သိမ်းရေးထိ တည်ဆောက်ကြသင့်ပါတယ် ။
“အမိမြေလွတ်မြောက်ဖို့ အရိုးတွေတောင်လိုပုံမှရမယ်ဆိုရင်
ကျောင်းသားအရိုးတွေက အောက်ဆုံအလွှာကရှိရစေမယ်” ဆိုတာကိုယုံကြည်လျက်
ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲဝင်နေသောကျောင်းသားအပေါင်းအား ဦးညွတ်အလေးပြုပါသည်။
မောင်ချင့်ချိန်
Posted by
ကိုဈာန်
at
9:18 AM
0
comments
Labels: ဆောင်းပါး
Tuesday, July 5, 2011
လေးဖြူရဲ့စုန်းမ
Fire In The Sky
The introduction to his heartache began as a child
So it's no wonder that he grew up to be so wild
So he protected his feelings in walls he imagined
But castles crumble, exposing the frightened child
Fire in the sky
Can't you see that all my castles are burning?
Fire in the sky
Won't you help me now, my castles are burning
In solitude he couldn't deal with his own existence
The burning questions in the castles have still remained
God only knows how he searched in vain for the answers
Now castles crumble, exposing his naked flames, yeah
Fire in the sky
Can't you see that all my castles are burning?
Fire in the sky
Won't you help me now, my castles are burning
Fire in the sky
Can't you see that all my castles are burning?
Fire in the sky
Won't you help me now, my castles are burning
Fire in the sky
Can't you see that all my castles are burning?
Fire in the sky
Won't you help me now, my castles are burning
Fire in the sky
Can't you see that all my castles are burning?
Fire in the sky
Won't you help me now, my castles are burning
Posted by
A'karikz Yannaing
at
5:29 PM
0
comments
ဖတ်လို့ကောင်းတဲ့မေတ္တာ
ချစ်သူက တစ်နေ့နှင်းဆီတစ်ဖူးပန်တယ်
ကျနော်က တစ်နေ့ စီးကရက်တစ်ဘူးသောက်တယ်
ကျနော်တို့ရဲ့ စုဗူးတွေ အသံတိတ်သွားတဲ့နေ့မှာ
အမေ့ ပိုက်ဆံအိပ် ခြေရာလက်ရာ စပျက်ခဲ့တာပါ။
အမေက ကျနော့်လက်ချက်မှန်း သိတဲ့အခါ
ပိုက်ဆံအိတ်ကို ဖွင့်ထားပေးတယ်ဗျာ
ပွင့်နေတဲ့ ပိုက်ဆံအိတ်ထဲက ခိုးရတာ
ကိုယ့်အရည်အချင်းကိုယ် စော်ကားသလိုပါပဲ
အဲဒါနဲ့...
ကျနော် စီးကရက်ဖြတ်ပြီး နှင်းဆီစိုက်ဖို့လုပ်တယ်
ချစ်သူက နှင်းဆီအစား ဘ၀တစ်ခုကိုပဲ ပန်တော့မယ်လို့ပြောတယ်
ကျနော့် ဘ၀ကို ရဲရဲကြီး ချစိုက်ပေးလိုက်တယ်
အဲဒါတောင် အမေ့ပိုက်ဆံအိတ်က ပွင့်နေတုန်းပဲ။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
3:12 PM
0
comments
Labels: ကဗျာ
Saturday, July 2, 2011
တနင်္ဂနွေဇာတ်လိုက်
တစ်မိနစ်လေးနောက်ကျရုံနဲ့
တစ်နာရီလောက်ထပ်စောင့်လိုက်ရတဲ့
တနင်္ဂနွေခရီးသွားလိုပဲ
ဘ၀က မလိုအပ်တဲ့ကွက်လပ်တွေကို ဖြည့် ဖြည့် နေရတယ်။
တစ်နာရီ တစ်ခေါက်လေး ပြေးဆွဲတာတောင်
အချိန်မမှန်နောက်ကျတတ်တဲ့
တနင်္ဂနွေရထားလိုပဲ
ဘ၀မှာ...
အလာကျဲ အပျင်းကြီးတဲ့လိုအပ်ချက်တွေ ပို ပို လာခဲ့တယ်။
ခရီးသည်တွေ ရှိ ရှိ မရှိ ရှိ
ရထားတွေ လာ လာ မလာ လာ
အဲဒီမှာထိုင်စောင့်နေရှာတဲ့
တနင်္ဂနွေဘူတာရုံလိုပဲ
ဘ၀ဟာ ပရိတ်သတ်မရှိလည်း ဖျော်ဖြေနေရမှာပဲ။
ဈေးကောင်းကောင်းရလို့
ကိုယ့်ဘ၀ကိုယ် တနင်္ဂနွေနေ့မှာ ရောင်းစားလိုက်ရဲ့
ငွေကိုက်ခံရတဲ့ အဓိပ္ပါယ်သေတွေ။
မပြေလည်ရှာတဲ့ ဘ၀လေးအတွက်
ဖြေဆည်ရာ ဓမ္မတေးတချို့ကို
တနင်္ဂနွေနေ့နဲ့ တီးခတ်လိုက်တယ်
"အာမင်" ။ ။
သုအိုင်စံ
Posted by
A'karikz Yannaing
at
12:51 PM
0
comments
Labels: ကဗျာ


