BURMA SOLDIER - (in Burmese) JOIN THE CLANDESTINE RELEASE INTO BURMA from BURMA SOLDIER on Vimeo.
Thursday, March 31, 2011
Tuesday, March 29, 2011
Posted by
ကိုဈာန်
at
8:35 AM
3
comments
Friday, March 25, 2011
ကပ်ဘေး (၂)
အောင်ဝေး
ရှိတဲ့ မုန်တိုင်း၊
ဓားနဲ့ ပိုင်း၊
ငန်းရိုင်းအိပ်တန်း ပြန်ရမယ်။
အောင်ဝေး
၂၅ - ၃- ၂၀၁၁
Posted by
ကိုဈာန်
at
9:11 PM
0
comments
Labels: ကဗျာ
ကပ်ဘေး
မောင်လွမ်းဏီ
ကုန်းမှာ ငလျင်
ရေတွင် ဆုနာမိ
ကောင်းကင်ကိုကြည့် မုန်တိုင်းရှိ။
မောင်လွမ်းဏီ
၂၅-၃-၂၀၁၁
Posted by
ကိုဈာန်
at
8:33 PM
0
comments
Labels: ကဗျာ
ငလျှင်ကြောင့် လူပေါင်း ရာကျော်သေဆုံး
ယမန်နေ့ ည ၈ နာရီ ခွဲနီးပါးတွင် ရှမ်းပြည်အရှေ့ပိုင်း လွိုင်မွေကို ဗဟိုပြုပြီး ၇ ရစ်ချတာစကေား လှုပ်ခဲ့သော ငလျှင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်နှင့် ဒဏ်ရာရသူ ၁၅၀ နီးပါးရှိတယ် သိရပါတယ်။ မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင်သည် တာချီလိတ်မြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် တာလေမြို့နယ်တွင် ငလျှင်ဒဏ်အဆိုးဆုံး ခံခဲ့ရသည် လူအသေပျောက်ကို အတိအကျသိရသေးပါ။ ရာကျော်နိုင်သည့်ဟု ခန့်မှန်းနေကြသည်။ တာချီလိတ်-မယ်ဆိုင်တွင် လှုပ်ရုံသာလှုပ်ခဲ့ပြီး အပျက်အစီး မများခဲ့ပါ။












Posted by
ကိုဈာန်
at
7:24 PM
0
comments
Labels: သတင်းဓါတ်ပုံ
Tuesday, March 22, 2011
ကမ္ဘာ့ကဗျာနေ့ (ထိုင်းနိုင်ငံ၊ မဲဆောက်) ၂၁ မတ် ၂၀၁၁
Posted by
ကိုဈာန်
at
8:06 AM
0
comments
Labels: ကဗျာ
Sunday, March 20, 2011
Saturday, March 19, 2011
သို့...ကမ္ဘာမြေ
အို ... ကမ္ဘာမြေ
နှုတ်ဆက်လိုက်တယ်
(သင်)ငြိမ်းချမ်းပါစေ။
...အို ... ကမ္ဘာမြေ
အားလုံးသိတယ်
မင်းနေမကောင်းဖြစ်ခဲ့တာကြာပြီပဲ ... ။
မွန်းကြပ်တဲ့CO2အောက်မှာ
မင်းအသက်ရှုသံလည်း ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်လို့
မင်းအဆီအနှစ်တွေလည်း ခမ်းခြောက်လို့
မင်းအရည်ကြည်ဓါတ်တွေ ယုတ်လျော့လို့
မင်းဝတ်တဲ့အင်္ကျီလည်း ပေါက်ပြဲလို့
မင်းအသွေးအသားရဲ့  စိမ်းလန်းမှု ဘယ်မ(မှာ)လဲ...။
လှပတဲ့ အများခေါ်တဲ့ မင်းနာမည်
နွေးထွေးတဲ့ “ အမိ ကမ္ဘာမြေ ”
၂၁ ရာစုစ မင်းနာမည်သစ် “ Endangered Earth”
“အန္တရာယ်ကြုံနေရတဲ့ ကမ္ဘာမြေ” တဲ့
သဘာဝဒဏ်တွေ ခြိမ်းခြောက်ခံနေရတဲ့ မင်း
ကိုယ့်ခန္ဓာပိုးတွေရဲ့  လှိုက်စားမှုဒဏ် ခံနေရတဲ့ မင်း
ရောဂါဆိုးတွေ တမျိုးပြီးတမျိုးကလည်း
အပေါင်းအဖော်ပြုလို့ ... ။
မင်းသက်တမ်းစေ့ မနေနိုင်မှာစိုးရိမ်မိတယ် ကမ္ဘာမြေ
မင်းခန္ဓာအပူရှိန်လည်း တရိပ်ရိပ်တတ်လို့
မင်းကိုယ်မင်းလည်း မထိန်းနိုင်တော့ဘူး
မင်းရင်ခုန်သံတွေလည်း ပြင်းထန်လိုက်တာကွယ်
ကြားရသူတွေ တုန်လှုပ်ကုန်ရတယ် ... ။
ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ ကမ္ဘာမြေ
ငါ ချစ်တဲ့ ကမ္ဘာမြေ
ငါ မှီတင်းတဲ့ ကမ္ဘာမြေ
ဒါတွေဟာ ဘယ်သူ့ကြောင့်များလဲကွယ်...။
အို ... ကမ္ဘာမြေ
ဆုတောင်းလိုက်တယ်
(သင်) ကျမ်းမာပါစေ ။ ။ ။
(((အမ်အယ်လ်)))
Posted by
A'karikz Yannaing
at
4:25 PM
0
comments
Friday, March 18, 2011
ဒီကေဘီအေ မြ၀တီမြို့အား ၀င်ရောက်တိုက်ခိုက်မည်
ဆုံဆည်းရာ၊ မတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်
ဒီကေဘီအေ ဘက်က မြ၀တီမြို့နှင့် ကော့ကရိတ်မြို့ရှိ စစ်အစိုးရ ဌာနဆိုင်ရာရုံးတွေကို ၀င်ရောက် တိုက်ခိုက်မည်ဟု ပြောဆိုလိုက်ပါတယ်။ ယနေ့နံနက်ပိုင်းတွင် မြ၀တီမြို့တွင် ဒီကေဘီအေ တပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ဈေးဆိုင်များ၊ ရွှေဆိုင်များ၊ စတိုးဆိုင်ကြီးများကို ရဲများ လွန်ခဲ့သည့် နှစ်ရက်လောက် ကတည်းက ကြိုတင် ပိတ်ခိုင်းထားကြောင်း သိရပါတယ်။
ဒီကေဘီဘက် ထိုကဲ့သို့ တိုက်ခိုက်မယ့်အကြောင်းကို စစ်အစိုးရ အာဏာပိုင်များထံ တရားဝင်အကြောင်းကြားစာ ပို့ထားကြောင်းနှင့် ပြည်သူလူထု ထိခိုက်နစ်နာမှုများရှိမှာ မလိုလားသောကြောင့် နအဖ စစ်အစိုးရ ဌာနအဆိုင်ရာများကိုသာ အဓိက တိုက်ခိုက်မယ်ဟု သိရပါတယ်။
Posted by
ကိုဈာန်
at
6:15 PM
2
comments
Labels: သတင်း
နအဖ တပ်များနဲ့ SSPP/SSA တပ်များကြား တိုက်ပွဲပြင်းထန်
ဆုံဆည်းရာ၊ မတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ်
နအဖ တပ်များက သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များ ထိန်းချုပ်ရာ ဒေသတွေကို အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ပြည်သူ့စစ်အဖြစ် လက်မခံတဲ့ SSPP/SSA တပ်များကို ဧပြီလ ၁ ရက်နေ့မှာ နောက်ဆုံးလက်နက်ချဖို့ နအဖ စစ်တပ်က ပြောကြားလိုက်ပါတယ်။ နအဖ တပ်များက တပ်အင်အား အလုံးအရင်းနဲ့ မတ်လ ၁၃ ရက်နေ့က စတင်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များ ထိန်းချုပ်ရာဒေသတွေကို စတင်ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခဲ့တာပါ။ နအဖ တပ်များက ကွန်ဟိန်း၊ နမ့်စန်နှင့် ကျေးသီးမြို့နယ်မှ ရွာပေါင်း ၁၁ ရွာကို ကျိုင်းတုံ-တောင်ကြီး အဝေးပြေးလမ်းမဘေးသို့ ပြောင်း ရွှေ့ရန် ထုတ်ပြန်ထားသောကြောင့် ရွာသူရွာသား ၇၀၀ ကျော် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရပါတယ်။
နအဖ တပ်များနဲ့ SSPP/SSA တပ်များ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာနိုင်တယ် လို့ စစ်ရေးသုံးသပ်သူများ ပြောဆိုပါတယ်။ နအဖ ဘက်မှ ရှမ်းပြည်ဘက်တွင် တပ်အင်အား တိုးချဲ့ချထားလိုက်ကြောင်း သိရပါတယ်။ တိုးချဲ့ချထားတဲ့ နအဖ တပ်များကတော့ လားရှိုးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ (သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ) မိုင်းယော်အုပ်စု၊ မိုင်းကျက်အုပ်စုမှ တောင်ဖက် ဂွင် တန့်ယန်းမြောက်ဘက် လွယ်မော်နမ့်မူဆယ် ပါဖန် အုပ်စုအထိ နအဖ တပ်ရင်း ၅ ရင်း၊ နမ့်မူဆယ်၊ ပါဖန် အုပ်စုမှ (မိုင်းရှူးမြို့နယ်) တာ့ဝန်းနောင်း သံလွင်ကူးတို့ဆိပ်အထိ တပ်ရင်း ၄ ရင်း၊ သံလွင်မြစ် အရှေ့ခြမ်းမော်ဖှမှ မိုင်းလားထိန်း ချုပ်နယ်မြေ မိုင်းယောင်း၊ မိုင်း ယုအထိ တပ်ရင်း ၇ ရင်း ထပ်မံချထားလိုက်ပြီး နအဖ စစ်တပ်မှ တပ်အင်အား ၂၀၀၀ မှ ၃၀၀၀ ၀န်းကျင်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။
Posted by
ကိုဈာန်
at
5:51 PM
0
comments
Labels: သတင်း
Tuesday, March 15, 2011
နအဖ တပ်မှ ကလေးစစ်သားများ ထွက်ပြေးမှု များပြားလာ
ဆုံဆည်းရာ၊ မတ်လ ၁၅ ရက် ၂၀၁၁ ခုနှစ်
အင်တာဗျူး
မြ၀တီအခြေအစိုက် အမြောက်ကုန်းတွင်ရှိသည် နအဖ ရန်သူ့ စစ်တပ် ခလရ ၂၇၅ မှ တပ်ကြပ်မျိုးမင်း ကေအန်ယူ ထံ မတ်လ ၁၃ ရက်နေ့က လက်နက်ချ အလင်းဝင်ရောက်ခဲ့ပါတယ်။ နအဖ စစ်တပ်ထဲတွင် ကလေးစစ်သားအဖြစ် အသက် ၁၄ နှစ်(၁၉၉၅ ခုနှစ်) တွင် စတင်ဝင်ရောက်ခဲ့ပြီး တပ်တွင်း ကြီးနိုင်ငယ်ညည်းဖြစ်မှု အာဏာဖြင့် အနိုင်ကျင့် ခိုင်းစေမှုတို့ကြောင့် ကေအန်ယူထံ လက်နက်ချ ခဲ့ခြင်းဖြစ်တယ်ဟု ကိုယ်ပိုင်အမှတ် (ကပ/၉၉၉၉၈၆) တပ်ကြပ် မျိုးမင်း က ပြောဆိုပါတယ်။
Posted by
ဆုံဆည်းရာ
at
7:53 AM
0
comments
Monday, March 14, 2011
တိုက်ပွဲသတင်း (မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်)
ဆုံဆည်းရာ၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်
သတင်း
ည (၈ နာရီ ၅ မိနစ်) နအဖ စကခ ၂ ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃ ရင်း ဗျူဟာမှူးတဦး ဦးဆောင်တဲ့ အင်အား ၂၀၀ ကျော် ရှိသည့် နအဖ တပ်များနှင့် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁) တပ်ရင်းတို့ ယနေ့မနက် ၆ နာရီခွဲတွင်မူ မိုင်းအော့တ်အုပ်စု အရှေ့မြောက်ဘက် ၁၅ မိုင်အကွာမာ့ဟယ်ရွာ နှင့် ဟိုနမ့်ရွာအကြား မိနစ် ၃၀ ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ နှစ်ဘက်စလုံးသေကြေ ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရပါတယ်။
ည (၈ နာရီ) ယမန်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များနှင့် နအဖ စကခ ၂ လက်အောက်ခံ တပ်ရင်း ခလရ ၂၉၁ တပ်တို့ မိုင်းရှူးမြို့အဝင် မိုင်းအောတ်အုပ်စု နောင်ဟျိုးဘုန်းကြီးကျောင်းအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နအဖ တပ်သား ၁ ဦးသေ ၂ ဦး ဒဏ်ရာရရှိကာ သေနတ်တလက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
ည (၇ နာရီ ၄၉ မိနစ်) နအဖ ဘက်မှ ရှမ်းပြည်ဘက်တွင် တပ်အင်အားတိုးချဲ့ချထားလိုက်ကြောင်း သိရပါတယ်။ တိုးချဲ့ချထားတဲ့ နအဖ တပ်များကတော့ လားရှိုးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ (သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ) မိုင်းယော်အုပ်စု၊ မိုင်းကျက်အုပ်စုမှ တောင်ဖက် ဂွင် တန့်ယန်းမြောက်ဘက် လွယ်မော်နမ့်မူဆယ် ပါဖန် အုပ်စုအထိ နအဖ တပ်ရင်း ၅ ရင်း၊ နမ့်မူဆယ်၊ ပါဖန် အုပ်စုမှ (မိုင်းရှူးမြို့နယ်) တာ့ဝန်းနောင်း သံလွင်ကူးတို့ဆိပ်အထိ တပ်ရင်း ၄ ရင်း၊ သံလွင်မြစ် အရှေ့ခြမ်းမော်ဖှမှ မိုင်းလားထိန်း ချုပ်နယ်မြေ မိုင်းယောင်း၊ မိုင်း ယုအထိ တပ်ရင်း ၇ ရင်း ထပ်မံချထားမည် ဖြစ်ကြောင်း သိရပါတယ်။
Posted by
ကိုဈာန်
at
8:06 PM
0
comments
Labels: သတင်း
Thursday, March 10, 2011
ယနေ့ တိုက်ပွဲသတင်း (မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်)
ဆုံဆည်းရာ၊ မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်
သတင်း
ည (၇ နာရီ ၇ မိနစ်) ကရင်ပြည်နယ်၊ သေ့ပေါပိုးအနီးက တနဲအုကလိုး နေရာတွင် ယနေ့ နံနက် ၇ နာရီတွင် နအဖ စစ်တပ် ခလရ (၃၄၂) တပ်ရင်းကို ကေအန် ယူ တပ်ရင်း ၁၀၁ မှ ပြောက်ကျားတိုက်ခိုက်ရာ နအဖ စစ်တပ်ဘက်မှ ၂ ဦးသေ ၁ ဦးဒဏ်ရာ ရရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်ကလည်း ဝေါ်လေဒေသ ကနဲလေးနေရာတွင် နအဖ ခလရ ၃၀၄ ၊ ၃၆၂ ခမရ ၃၄၆ စစ်ကြောင်းကို ကေအန်ယူ တပ်ရင်း ၂၀၁ စောင့် ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် နအဖ ဘက်မှ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။ (ကိုးကား - နေ့သစ်)
Posted by
ဆုံဆည်းရာ
at
7:33 PM
0
comments
Labels: သတင်း
Self-shot By Soldier With Coma
Hold! hold on Existence, let me check and think
all the d-days and zero-hours are expired
all pre-war preparations can't be discovered
not a new single out come is fresh for future
you're just marching like a lost war warrior
the gun of Life is more often jammed and heavier
friend and foe both evolutionally disappeared
all you can re-group is only your desperate failure
heading up to aimless and wasteful territory
with wounded belief and unhealthy policy
no back up troops or other useful plan B
you only guard your soul and guide your reality
military songs no longer make you be active
yes, it's time to give him back your duty to live
medals and pride are no longer attractive
yes, it's time to give him back your ability to exist
he has designed both alliance and conflict forever
he has satisfied for both enemy and friendly fire
each war history will be forgotten soon or later
Go! go on Existence, not even a battle's left to live!
A'karikz Yannaing
THE SECOND SECOND
Posted by
A'karikz Yannaing
at
7:25 PM
0
comments
တိုက်ပွဲသတင်းများ (မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်)
ကေအန်ယူ၊ တပ်မဟာ(၅) တောင်ငူခရိုင်
ဖေဖော်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူကွန်မန်ဒိုတပ်ရင်းမှ ရန်သူနအဖတပ်ဖွဲ့နှင့် ထီးညာ့ပေါ့တွင် တိုက်ပွဲဖြစ်ခဲ့ရာ ရန်သူ(၁)ယောက်ကျဆုံးခဲ့သည်။ ဆက်လက်၍ စောယယ်ကျိုးနှင့် ထိုးကိဂွင်မှာ တိုက်ပွဲဆက်ဖြစ်ရာ ရန်သူအကျအဆုံးကို မသိရှိရသေးချေ။ ထိုနေ့မှာပင် ကေအန်ယူတပ်ဖွဲ့သည် ရန်သူနှင့် ဘူးဘောဒေသတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူမှ(၁)ယောက် ဒဏ်ရရှိခဲ့သည်။
မတ်လ ၁ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူ ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်း(၁)အဖွဲ့သည် တမင်ထာ့၊ ခိဖိုးဂွင်တွင် ရန်သူကို သွားရောက်ချေမှုန်းရာမှာ ရန်သူ(၁)ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရပါ။
မတ်လ ၂ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူပြောက်ကျား(၂)အဖွဲ့နှင့် ရန်သူနအဖတပ်ဖွဲ့တို့ ထော့ကွိဂွင် မီးပါပူ ဒေသမှာ ဖြစ်ပွားသော တိုက်ပွဲတွင် ရန်သူဘက်မှ (၁)ယောက်ဒဏ်ရာရှိပြီး ထိုနေ့မှာပင် ကေအန်ယူ ကာကွယ်ရေး တပ်ရင်း(၁)မှ ရန်သူကို ကော့ထဲဒါး၊ ခေးပူဒေသ ဖြစ်ပွားသောတိုက်ပွဲတွင် ရန်သူ အသေအပျောက် မသိရှိရပါ။ တရက်ထဲမှာပင် ကေအန်ယူ အထူးပြောက်ကျားတပ်ဖွဲ့နှင့် ရန်သူအဖွဲ့တို့ ဘူးဘောတွင် တိုက်ပွဲဖြစ်ပွားရာ ရန်သူ(၁)ယောက်ဒဏ်ရာရှိခဲ့သည်။
မတ်လ ၃ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူ ကာကွယ်ရေး၊ တပ်ရင်း(၁)အဖွဲ့နှင့် ရန်သူနအဖတပ်ဖွဲ့တို့သည် ပေါ်ပူထာ့ရွာနှင့် လာ့မုပလောရွာ အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုကို မသိရသေးချေ။ ထို့နေ့မှာပင် ကေအန်ယူတပ်ရင်း(၁၀၂)၊ ခွဲ(၃)အဖွဲ့မှ ရန်သူ၏ မယ်တိုးစခန်းကို ပြောက်ကျား သွားတိုက်ရာမှာ ရန်သူ(၁)ယောက်သေပြီး ထိခိုက်ဒဏ်ရာစာရင်းကိုတော့ မသိရပါ။
မတ်လ ၄ ရက် ၂၀၁၁ ခုနှစ်၊ ကေအန်ယူ ကာကွယ်ရေးအဖွဲ့က ဟောဒေးခုမှာ ရန်သူကို ပြောက်ကျား သွားရောက် တိုက်ခိုက်ခဲ့ပြီး ရန်သူ ထိခိုက်ဒဏ်ရာရရှိမှု မသိရပါ။ ထိုရက်မှာပင် တပ်မဟာ (၅) ဗဟိုဌာနချုပ် တပ်ဖွဲ့မှ ရန်သူကို စောစေးဒေး၊ လယ်တို့နှင့် ခေါက်ဖို့အနီးတစ်ဝိုက်မှာ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ (၅)ဦးသေကာ (၁)ဦး ဒဏ်ရာရရှိခဲ့သည်။ ဆက်လက်၍ ထိုနေ့တွင်ပင် ကေအန်ယူတပ်ရင်း(၁)၊ ပြောက်ကျား(၂)အဖွဲ့မှ ရန်သူကို ကားလမ်း မဘေးတစ်နေရာတွင် သွားရောက်တိုက်ခိုက်ရာ ရန်သူ(၃)ယောက် ဒဏ်ရာရရှိခဲ့သည်။
တရက်တည်းမှာပင် ကေအန်ယူတပ်ရင်း(၁၀၂)မှ ပြောက်ကျား(၂)အဖွဲ့က ထီးသဲခါ့နှင့် ဒဲကဝေါကြားမှာ ရန်သူကို တိုက်ခိုက်ရာမှာ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၄ ရက် ၂၀၁၁ ခုနှစ်၊ တပ်မဟာ(၂) ဆဲထီ မှ လှုပ်ရှားနေသော ရန်သူတပ်ဖွဲ့သည် တပ်မဟာ(၅) တာ့ခဲဒါးမှ ဆာ့လော်ကျိုးအထိ လုံခြုံရေးယူရန် ရောက်လာခဲ့သည်။
မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်၊ မနက် (၁၀း၁၀) မိနစ်အချိန်တွင် ကေအန်ယူတပ်ဖွဲ့သည် ရန်သူကို ဟော်သားထုနေရာတွင် (၅)မိနစ်ကြာ ပြောက်ကျားတိုက်ခိုက်ခဲ့သည်။ အသေအပျောက် မသိရပါ။
မတ်လ ၈ ရက် ၂၀၁၁ ခုနှစ်၊ ၁၂း၃၀ အချိန်မှာ ကေအန်ယူတပ်ဖွဲ့မှ ရန်သူကနဲလေးစခန်းကို သွားရောက် ပြောက်ကျား တိုက်ခိုက်ရာ ရန်သူဘက်မှ (၂)ယောက်သေပြီး (၄)ယောက် ဒဏ်ရာရရှိခဲ့သည်။ (၂)ယောက် သေသည့်အထဲတွင် ဒုဗိုလ်(၁)ယောက်လည်း ပါဝင်ပါသည်။ ကေအန်ယူဘက်မှ (၆၀)မမ တစ်လုံးသာ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ အခြေအနေ ကောင်းမွန်းကြောင်းလည်း သတင်းရရှိပါသည်။
တပ်မဟာ(၆) ဒူးပလာယာခရိုင်
မတ်လ ၄ ရက် ၂၀၁၁ ခုနှစ်၊ ညနေ(၈)နာရီခွဲအချိန်တွင် ကော့နွဲရွာမှာ လှုပ်ရှားနေသော ရန်သူခမရ(၅၄၇) ဦးစီးဦးဆောင် ဗိုလ်မှူး ရဲထွန်းသည် ရွာသစ်ကုန်းရွာထဲသို့ အမြောက်ကြီး(၅)လုံးပစ်ခတ်ခဲ့ရာ အမျိုးသမီးငယ် တစ်ဦး ဖြစ်သူ နော်ကူးကူး(၁၀)နှစ်(အမိအမည်-နော်ကြည်ညို(၃၃ နှစ်) အဖအမည်-စောဖါးဒီး (၃၂)နှစ်က ဘယ်ဘက်ရင်အုံကို ကျည်စထိမှန်သွားပါသည်။
မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်၊ ဘုရားသုံးဆူမှာလှုပ်ရှားနေသော ရန်သူ ခလရ (၂၈၃)အစား ခလရ (၂၈၄)က အစားထိုး ရောက်ရှိလာသည်။ တရက်အတွင်းမှာပင် နံနက် (၉း၀၀)နာရီအချိန်တွင် ရန်သူ စကခ (၈) လက်အောက်ခံ နည်းဗျူဟာမှူး သိန်းဇော်ဦးဆောင်သော (၄၀၂) (၄၀၅) (၄၀၆) တပ်ဖွဲ့သည် မကျုရွာအနီး ရောက်ရှိလာချိန်တွင် ဈေးရောင်းဈေးဝယ်ဖြင့် စည်ကားနေသော ရွာလယ်ထဲသို့ အမြောက်များပစ်ချခဲ့သည်။
၎င်းအမြောက်ကြောင့် ကားလမ်းနံဘေးရှိ ဘုန်းကြီးကျောင်းမှ အသက်(၁၄)နှစ်ရှိသော ကိုယ်ရင် တစ်ပါး၏ ဘယ်ဘက်ပေါင်ကို ထိမှန်ဒဏ်ရရှိခဲ့သည်။
ပေးပို့သူ - ကိုးဒီသွေး
Posted by
ဆုံဆည်းရာ
at
4:00 PM
0
comments
Labels: သတင်း
နအဖ တပ်မှ ရွာသူနှစ်ဦးအား အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်
ဆုံဆည်းရာ၊ မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်
သတင်း
နေ့လည် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ဝေါလေဒေသအနီး မင်္ဂလာမြိုင်ရွာနားတွင် နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခမရ (၄၀၁) တပ်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ပေါင်းနှစ်ဦးအား နအဖ ထိုးစစ်အကြီးအကျယ် ပြုလုပ်နေတဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်သွားခဲ့ပါတယ်။ အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပေမယ့် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ဓါတ်ပုံကို ဆုံဆည်းရာမှ ဇန်န၀ါရီလ ၂၇ ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သတင်းသဘာဝအရ ဓါတ်ပုံကို မဖော်ပြသင့်ကြောင်း သတိပြုမိပေမယ့် နအဖ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရိုင်းစိုင်းယုတ်မာ သတ်ဖြတ်မှုတွေကို မှတ်တမ်းအနေနဲ့ ပြန်လည်ဖော်တာဖြစ်ပါတယ်။ ဓါတ်ပုံကို ကြည့်ရှုမယ်ဆိုရင် အပြည့်အစုံကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျား။
စစ်အာဏာရှင်စနစ် ကျဆုံးချုပ်ငြိမ်းပါစေ။
Posted by
ဆုံဆည်းရာ
at
12:00 PM
1 comments
Labels: သတင်း
တိရိစ္ဆာန်အကြောင်း စကားလက်ဆုံ...
ရေးသူ - ဒေါ်အောင်ဆန်းစုကြည်
ထောင်တွင်းရောက်ရှိနေကြသော လုပ်ဖော်ကိုင်ဘက် အပေါင်းအသင်းများသည် အလွန်ညံ့ဖျင်းသည့် မနေအပ်သော ထောင်အကျဉ်းခန်းများတွင် ကာလရှည်စွာထောင်အချခံရစဉ် မိသားစုသဖွယ်ဖြစ်ခဲ့ကြရ သော သတ္တဝါငယ်လေးများ၊ ငှက်များ၊ ပိုးမွှားလေးများအကြောင်းများကို တခါတရံ စာမြုံ့ပြန်တတ်ကြပါ သည်။
တွေ့ဆုံပြောဆိုခန်း၏နံရံများနှင့် ဘားတန်းများတွင်တွေ့ရတတ်သည့် ကြောင်များသည် အထီးကျန်ဖြစ် နေကြသည့် အကျဉ်းကျများ၏ မေတ္တာကိုရယူရန် ချဉ်းကပ်တိုးဝင်တတ်ပါသည်။ ယင်းအကျဉ်းသားများ ကလည်း သက်ရှိသတ္တဝါများကို အဖော်ပြုနိုင်အတွက် မိမိတို့၏စားကြွင်းစားကျန်လေးများဖြင့် အလဲ အလှယ် လုပ်တတ်ပါသည်။
အင်းစိန်ထောင်၏ပရဝဏ်တွင် အချိန်တို နှစ်ကြိမ်ကာလ နေခဲ့ရစဉ်အတွင်း ကျွန်မသည် ကြောင်တကောင် မျှမတွေ့ခဲ့ရပါ။ သို့သော် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ်တလျှောက်လုံး ကျွန်မသည် ကြောင်များ ကို အမြဲတွေ့နေရပါသည်။
အဖိုးဖြစ်သူက “ပူစီ ပူစီ ပူစီ”လို့ခေါ်သံကို ပြန်ထူးသည့်ကြောင်ကြီး (ကျွန်မ၏ကလေးမျက်စိမှာတော့ အတော်ကို ကြီးပါသည်။)ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပထမဦးဆုံးသိမြင်ခဲ့ရသော်လည်း ကျွန်မသည် ကြောင်ထက် ခွေးကို ပိုချစ်ပါသည်။ ကျန်မိသားစုများကလည်း အဖိုး၏ကြောင်ဖြစ်၍ အဖိုးကိုလေးစား စွာဖြင့် “ပူစီ ပူစီ ပူစီ”လို့ ခေါ်ကြပါသည်။
ခွေးများကို လမ်းများပေါ်တွင် ဝဲစွဲလေလွင့် ခွေးဗန္ဓတ်များ သို့မဟုတ် လူကြီးများက အိမ်နောက်ဖေး မီးဖို ဆောင်များမှမောင်းထုတ်လေ့ရှိသည့် မလိုလားသောကျူးကျော်သူများအဖြစ်သာ ကျွန်မသိထားခဲ့ပါသည်။
ခေါင်းမာသောခွေးမတကောင်ကတော့ မီးဖိုဆောင်မှ ဆွဲထုတ်အမောင်းခံရခြင်းကိုအာခံလျက် အမှိုက်များ ဖွသွားခဲ့ပါသည်။
လွန့်လွန့်လူးလူးသွားလာနေသော ခွေးငယ်အုပ်ကို ကျွန်မ စိတ်ကူးအလွန်ယဉ်ခဲ့ပါသည်။ ကျွန်မ၏ ပထမ အိပ်မက်ကတော့ ခွေးအုပ်ငယ်တွေပဲဖြစ်ပါသည်။ အဲဒီအချိန်တုန်းကတော့ ဒါကို အိပ်မက်လို့ မထင်ခဲ့ပါ။ ခွေးငယ်တအုပ်ဟာ တကယ်ပဲ ကျွန်မခြေထောက်တွေကို ကျော်လွှားပြေးလွှားနေတယ်လို့ ထင်မိခဲ့ပါသည်။ အိပ်ရာမှနိုးတော့ သူတို့ကိုမတွေ့ရတော့ပါ။ ဘာတွေဖြစ်ပျက်တယ်ဆိုတာ ကျွန်မနားမလည်နိုင်ခဲ့ပါ။ စိတ်အတွေးတွေ အားလုံးရှုပ်ထွေးနေပါတော့သည်။
၁၉၅၀ ခုနှစ်၏ အစောပိုင်းလများတွင် ရန်ကုန်၏လမ်းများပေါ်၌ စိတ်ဝင်စားဘွယ် ပို့ဆောင်ရေးယာဉ်များနှင့် ပြည့်နှက်လျက်ရှိနေခဲ့ပါသည်။
ထောင့်ကျကျဘတ်စ်ကားများ၊ ဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရသော ဂျစ်ကားများ၊ စစ်ကြိုဆလွန်းကားများ၊ ဆိုက်ကားများ(စက်ဘီးဘေးတွင် ကျောချင်းကပ်ခရီးသည် ၂ ဦးထိုင်ခုံကိုဘေးတွင်ကပ်ပြုလုပ်ထားသည့် ယာဉ်) နှင့် လံခြားများဖြစ်ကြပါသည်။
နွမ်းနယ်ဟန်ပေါ်ကာ ပိန်လှီပြီး ခြေထောက်များကြောက်စရာအနာများရှိနေတတ်သော မြင်းများတပ်ဆွဲ သည့် ပေါင်းမိုးပါမြင်းလှည်းများလည်းရှိပါသည်။ သူတို့ကိုမြင်တွေ့ရသည်မှာ နှလုံးမချမ်းမြေ့ဘွယ် မြင်ကွင်း ဖြစ်ရပါသည်။ ယင်းနှင့်ဆက်စပ်ကာ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုမှကာကွယ်သည့်အသင်း (SPCA - Society for the Prevention of Cruelty to Animals)ကို ကျွန်မ စတင်လေ့လာမိတော့ပါသည်။
အခြားသောမြင်းအမျိုးအစားကို ကျွန်မ မကြာခဏ တွေ့မိခဲ့ပါသည်။ အမေရိကန်အနောက်တိုင်း ဇာတ် ကြမ်းရုပ်ရှင်များတွင် ဖြစ်ပါသည်။ သန်စွမ်း၊ မြူးကြွ၊ တဟုန်ထိုးခုန်ပေါက်၊ ခွါဆုံပေါက် ထွားကြိုင်းသော ထိုမြင်းများသည် ရန်ကုန်မှ ညီကိုတော်မြင်းများနှင့် အမျိုးတူများဖြစ်နေသည်ကို ယုံနိုင်စရာ ခက်ခဲနေရ ပါသည်။
သို့သော် မြင်းစီးသူ၏ဘိနပ်တွင်တပ်ဆင်ထားသော မြင်းကိုဆောင့်သည့်အချွန်များကိုမြင်လိုက်ရသောအခါ SPCA သည်လည်း အနောက်နိုင်ငံများတွင် ကျွန်မနိုင်ငံကလမ်းများပေါ်တွင်မှာလို အသုံးမဝင်ပါကလားလို့ အံ့သြမိခဲ့ရပါသည်။
ကျွန်မမိခင် မြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်ရသော အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် မြင်းများနှင့် ကျွန်မအကျွမ်းဝင်ခဲ့ရပါသည်။ ကျွန်မ၏ပထမမြင်းစီးသင်ခန်းစာများမှာ အဖြူနှင့်အုန်းခွံရောင်အကွက်အ ကျားအရောင်ရှိ လုံးပတ်ထွားပြီး သဘောထားမသေချာသည့် “ပရေရီ အွိုက်စတာ”အမည်ရှိ မြင်းငယ် ကလေးပေါ်တွင်ဖြစ်ပါသည်။
နောက်ပိုင်းတွင် မြင်းစီးကလပ်ကိုဝင်ရောက်ခဲ့ကာ ရဲစွမ်းသတ္တိအမည်များဖြစ်သော “ဘလက်ပရင့်စ်”၊ “ပရင့်သ်ဗီရာ့ဂ်ျ”နှင့် “သျှီဗဂျိ” တို့၏ကျောပေါ်ရှိကုန်းနှီးပေါ်တွင်တက်စီးခဲ့ပါသည်။ “ဘလက်ပရင့်စ်” သည် ကျွန်မ၏အချစ်တော်မြင်းဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ချောချောမွေ့မွေ့ ပြေးသားကျကာ သက်တောင့်သက်သာကုန်းနှီး ‘က’လျက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ကျွန်မသည် မြင်းစီးထူးချွန်သူ အဖြစ်တော့ မတော်ခဲ့ပါ။
အင်္ဂလန်တွင် တက္ကသိုလ်ကျောင်းသူဘဝတွင် ခွေးချစ်သူများလောကသို့ ကျွန်မဝင်ရောက်ခဲ့ပါသည်။
ကျွန်မ၏ကျောင်းအားလပ်ရက်များတွင် အင်္ဂလိပ်သူငယ်ချင်းများ၏အိမ်များတွင် အချိန်ဖြုန်းလေ့ရှိရာ မိသား စုအလယ်တွင် ခွေးချစ်သူတဦးကို အံ့သြဘွယ်မရှိ မကြာခဏတွေ့ရပါသည်။
အဝလွန်ကာ လိမ့်လိမ့် လိမ့်လိမ့်ဖြင့်သွားတတ်သော မျက်စိတဘက်တွင် အနက်ကွက်ရှိ “ဆေလာ”ခေါ် စတက်ဖို့ဒ်ရှိုင်းယား တယ်ရီယားမျိုး ခွေးလေးတကောင်ကိုလည်းတွေ့ခဲ့ဘူးပါသည်။ သူသည်အဝေးမှနေ၍ ဂျင်အရက်နံ့ကိုခံတတ်ပါသည်။ ညင်သာလျက် သဘောကောင်းသည့် အိမ်ရှင်ကောင်းလည်းဖြစ်ပါသည်။
နောက်တကောင်ကတော့ “ဟဲန်ဒ် ဆမ်း”အမည်ရှိ ရွှေရောင် လာဘရာဒါ ခွေးလေးပါ။ ထွားပြီး ချစ်စရာ ကောင်းပါသည်။ သူ့သခင် အငြိမ်းစားဗိုလ်မှူးကြီးထံမှ အထင်အရှားအမွေခံထားသကဲ့သို့ သက်ကြီးလောက ၏ လောကွတ်ပျူငှာသော အသံဖြင့်ဆီးကြိုဆက်ဆံပါသည်။ သူ့သခင်မှာလည်း လူကြီးလူကောင်း နှင့်အရာရှိတဦး၏ပင်ကိုယ်အရည်အချင်းဉာဉ်ဖြင့် အများ၏ “ဦးလေးကြီး”အဖြစ် လူတိုင်း၏အချစ်တော် ဖြစ်နေခဲ့သူပါ။
“ဆေလာ”နှင့် “ဟဲန်ဒ် ဆမ်း”တို့ကို ကျွန်မ၏သူငယ်ချင်းများအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း၊ ကျွန်မ၏ အရေးပေါ်အဒေါ်၏ အယ်ဇေးရှင်း “အင်မ်ပလီ”ကတော့ မိသားစုပါ။ ကျွန်မ ကုလသမဂ္ဂမှာ အလုပ်လုပ်စဉ် ကျွန်မတို့ ၃ ယောက် မဲန်ဟတ်တန်မှာ အတူနေခဲ့ကြပါသည်။
ခွေးများသည် သခင်များကိုအတုယူသည်ဟူသော ဆိုရိုးအတိုင်းအမှန်ပင် “အင်မ်ပလီ”၏သဘောထား သည် ကျွန်မအပေါ် အမိသဖွယ်ကာကွယ်စောင့်ရှောက်ပါသည်။ ကျွန်မအပြင်ထွက်၍ နောက်ကျနေလျှင် အပြစ်တင်မှုအနည်းဆုံးဖြင့် စိတ်ရှည်စွာစောင့်မျှော်နေတတ်ပါသည်။ သူ မသိသောလူများလာလျှင်လည်း ထိုသူများ ဆိုဖာခုံပေါ် ကျွန်မဘေးတွင် ဝင်မထိုင်မိစေရန် အသေအချာဂရုစိုက်တတ်ပါသည်။
၁၉၇၂ ခုနှစ် လက်ထပ်ပြီးပြီးခြင်း မိုက်ကယ်နှင့်ကျွန်မတို့ ဘူတန်တွင်နေထိုင်ရန် ရောက်ရှိချိန်တွင် ကျွန်မတို့၌ ကိုယ်ပိုင်ခွေးတကောင် ရရှိခဲ့ပါသည်။ သူသည် အဖြူနှင့်အညိုအရောင်စုပေါင်းထားသည့် ခွေးငယ်လေးအနေနှင့်ရောက်ရှိလာခဲ့ပါသည်။ သူကို သင့်တော်သောနာမည်ပေးရန် စဉ်းစားရအလွန်ခက် ခဲ့ပါသည်။ နောင်လပေါင်းများစွာ အလေးအနက်စဉ်းစားပြီး နောက်ဆုံးမတော့ ရောက်ခါစက သူ့ကို ခေါ်ခဲ့သည့် “ပါပီ”ဟူသောအမည်ဟာ အသင့်တော်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြပါသည်။ သူငယ်လွန်းချိန်မှာတော့ ကျွန်မ၏လည်ပင်းကိုဖက်လျက်အိပ်ခဲ့ပါသည်။ မိုက်ကယ်၏ အိပ်ရာထဲစီး ဖိနပ်၏ အမွေးပွ သည်းကြိုးများနှင့်လည်း မှန်မှန်နပန်းသတ်ခဲ့ပါသည်။
အရွယ်ရောက်လာတော့ ရာသီအလိုက် ခရီးသွားတကောင်ဖြစ်လာခဲ့ပါသည်။ ကမ္ဘာတခြမ်းခရီးထွက်ရာ တွင် ကျွန်မတို့နှင့်အတူတကွ မြဲမြံခိုင်မာစွာအဖော်ပြုလိုက်ပါခဲ့ပါသည်။ ကျွန်မတို့၏ သားများ လူ့လောက ရောက်လာတော့လည်း သူက အကျိုးပြုဆောင်ရွက်လျက် ပါးရေတွန့်မျက်လုံးများနှင့် စောင့်ကြည့်ထိန်း ကျောင်းပေးခဲ့ပါသည်။
ဂုဏ်သရေရှိ ခွေးအိုကြီးအနေနှင့် ကျွန်မတို့အောက်စဖို့ဒ်အိမ်ထောင်၏အမှတ်အသားအဖြစ် မိတ်ဆွေများ နှင့်မိသားစုမှ ကောင်းစွာအကျွမ်းဝင်သိရှိကြခဲ့ပါသည် (လေးစားခံရသည်ဟု ကျွန်မထင်မြင်ပါသည်)။ “ပါပီ” သည် အသက်မှည့်ရွဲသော ၁၉ နှစ်သားတွင် သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်မလည်း မြန်မာ နိုင်ငံမှာ အကျယ်ချုပ်အချခံနေရပါသည်။
ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်။
(၂၀၁၁ ခု မတ်လ ၇ ရက်နေ့ထုတ် မိုင်အိနိချိ ဂျပန်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ ANIMAL TALK ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။ )
ဘာသာပြန်သူ - မောင်မောင်လှကြိုင်
၂၀၁၁ မတ်လ ၀၇။
Posted by
ကိုဈာန်
at
10:49 AM
0
comments
Labels: အက်ဆေး/၀ထ္ထုတို
Wednesday, March 9, 2011
တဆင့်စကားများ
မောင်လွမ်းဏီ
ညဆို
နွေရနံ့ နဲ့ 
ချော့သိပ်လို့  မအိပ်တဲ့ အတိတ်တွေ
ကမ်းဆိပ်မှာ သောင်တင်နေတာမျိုး။
နေ့ ဆို
တံလှပ်တောကြောင်တွေ
ရွှေသမင်လုပ်တတ်တဲ့ ခပ်ရိုးရိုး ဇာတ်
စတစ်ကာ ကပ်ခွာ ဆိုပေမဲ့ တခါသုံးမျိုး။
မနေ့ က
ဘ၀တွေ ကျိုးကြေခဲ့တဲ့အကြောင်း
ဒီနေ့ လောက် အပူကဲပေမဲ့
ရေသောက်ချင်စိတ် ကုန်ခမ်းနေသလိုမျိုး။
လေဟုန်စီးတတ်တဲ့
လက်ပံပွင့်တွေကို သုတေသန လုပ်ကြမယ်
လက်ပံပွင့်ကို ရှာမတွေ့ ဘူး ဆိုပါလား
မဆီမဆိုင် လက်ပံသား ဓားနဲ့ ချိုင်နေကြသလိုမျိုး။
ရေဘူးနဲ့  ထီးမပါလည်း
နွေအကြော နောကျေသူတွေပါပဲ
ကြည့်လေ ကန်ရေခြောက်မှ
အိုင်ပျက် ငါးကောက်နေကြသလိုမျိုး။
တနှစ်မှာ တခေါက်လောက်
ရောက် ရောက် လာတတ်တဲ့
ဥသြငှက်ကလည်း ထစ် ထစ် အ အ
ချိုးကူသံကလည်း အစ် အစ် ဖွ ဖွ
နွားကျောင်းသားရဲ့  လောက်စလုံးကတော့
တစ်တစ်ခွခွပေါ့လို့  ပြောနေကြသလိုမျိုး။
အညာမြေလတ်မှာပါ
ဒီရာသီဖွားတွေ
မြွေပွေး မြွေဟောက်ဆို
အရေခွံခြောက်တောင် မီးတင်ပစ်ဖို့  ကြိမ်းမောင်းလိုက်
တယောက်ပြီးတယောက် ပိုးထိလိုက် ဆိုသလိုမျိုး။
မောင်လွမ်းဏီ
၉ - ၃ - ၂၀၁၁
Posted by
ကိုဈာန်
at
8:05 PM
0
comments
Labels: ကဗျာ
ယနေ့ သတင်းများ (မတ်လ ၉ ရက် ၂၀၁၁ ခုနှစ်)
ဆုံဆည်းရာ၊ မတ်လ ၉ ရက် ၂၀၁၁ ခုနှစ်
သတင်း
နံနက် (၁၁ နာရီ ၂၈ မိနစ်) မြ၀တီမြို့နယ် ဝေါလေဒေသ တောင်နီတွင် နအဖ စစ်တပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၃) တပ်အခြေစိုက်ထားသည့် မင်္ဂလာစခန်းနှင့် တောင်နီ-သေ့ဘောဘိုးရွာကြား လမ်းလုံခြုံရေးယူနေသည့် ခမရ (၂၀၃) တပ်ခွဲ အခြေစိုက်နေရာစခန်းများကို ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်မှ ၁၂ နာရီ အထိ ဒီကေဘီအေ၊ ကေအန်အယ်အေနှင့် ကျောင်းသားတပ်မတော် ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ ဒုအရာခံဗိုလ်တယောက်အပါအ၀င် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
Posted by
ဆုံဆည်းရာ
at
10:28 AM
0
comments
Labels: သတင်း
Tuesday, March 8, 2011
ယနေ့ သတင်းများ (မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်)
ဆုံဆည်းရာ၊ မတ်လ ၇ ရက် ၂၀၁၁ ခုနှစ်
သတင်းနေ့လည် (၁၂ နာရီ ၃၈ မိနစ်) မြဝတီမြို့နယ် ဝေါ်လေဒေသတွင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ မတ်လ ၆ ရက်နေ့က ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ ရိက္ခာသွားရောက် ပို့ဆောင်တဲ့ နအဖ စစ်တပ်ကားအား ကေအန်ယူ၊ ဒီကေဘီအေ တပ်ဖွဲ့ဝင်များက နေရာ ၂ နေရာတွင် ၂ ကြိမ်တိုင်တိုင် ချုံခို တိုက်ခိုက်ခဲ့တဲ့သောကြောင့် နအဖ စစ်တပ်ဘက်မှ ၆ဘီးကားတစီး ပျက်ဆီးသွားပြီး တပ်ကြပ်ကြီးတဦးအပါအ၀င် ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
နေ့လည် (၁၂ နာရီ ၃၀ မိနစ်) ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။ (ကိုးကား - ကေအိုင်စီ)
နေ့လည် (၁၂ နာရီ ၂၀ မိနစ်) မတ်လ ၅ ရက်နေ့ ညပိုင်းက မြ၀တီ မြို့ပေါ် ရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် မြို့သူ၊ မြို့သားများ ယနေ့တိုင် စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။
Posted by
ကိုဈာန်
at
12:45 PM
0
comments
Labels: သတင်း
Saturday, March 5, 2011
ယနေ့ သတင်းများ (မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်)
ဆုံဆည်းရာ၊ မတ်လ ၅ ရက် ၂၀၁၁ ခုနှစ်
နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် လက်မခံသော အပစ်ရပ်အဖွဲ့များရှိရာ ဒေသများဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် နအဖ စစ်တပ်မှ စားနပ်ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းအရင်းမြစ်နှင့် တပ်ဖွဲ့ဝင်သစ် စုဆောင်းခြင်းတို့ကို ဖြတ်တောက်ရန်အတွက် သက်ဆိုင်ရာ စစ်ဌာနချုပ်များကို ညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။
Posted by
ကိုဈာန်
at
8:59 PM
0
comments
Labels: သတင်း
Wednesday, March 2, 2011
နအဖ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုက်ပွဲသတင်းများ
ကေအန်ယူ တပ်မဟာ(၂) နယ်မြေ
ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နံက် (၁၀)နာရီအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)သည်
ကော်သေးဒဲရွာ၏ ကားလမ်းမပေါ်ကို သွားရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ရန်သူဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကို မသိရသေးပါ။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိချေ။
ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ထန်းတပင်မြို့နယ်၊ (ကလောမီးဒဲ) စခန်းအခြေစိုက် ရန်သူ ခလရ(၁၀၂)မှ တပ်ရင်းမှူး မြင့်သန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွာသား(၁၀) ယောက်ကို အတင်းအဓမ္မ ချောဆွဲပြီး ကလောမီးဒဲစခန်းမှ ကွယ်ဒေးစခန်းအထိ လမ်းတလျှောက် မိုင်းရှင်းခိုင်းခဲ့သည်။
ကေအန်ယူ တပ်မဟာ (၄) နယ်မြေ
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်၊ မွန်းလွဲပိုင်း (၃)နာရီခန့် အချိန်တွင် KNU ပြောက်ကျား(၂) အဖွဲ့က ရန်သူ နအဖ တပ်ဖွဲ့နှင့် ယိုပယောတာ့ရွယ် ဒေသမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၊ နံနက် ၁၀ နာရီအချိန်တွင် KNU က ရန်သူ ခလရ (၅၅၈)ကို ထီးဟေထ နေရာတွင် (၁၀)မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ နအဖ ဘက်မှ (၂)ယောက်သေပြီး (၃)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။
ကေအန်ယူ တပ်မဟာ(၅) နယ်မြေ
ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူ၏ တပ်မ (၁၀)လက်အောက်ခံတပ်များက နော်ပလားခို ဒေသမှာသွားရောက်စခန်းချရာတွင် တစ်ချို့တပ်ရင်းသည် သေးဒေရွာတွင် ခရီးတစ်ထောက်နားပြီး ညအချိန်တွင် တယ်ဘိုးဂွင်မှာရှိသော စော်ကဲ့ဒဲ၊ လယ်ကလားပယ်ဟို၊ ထီးမူးထ၊ ဟော့လယ်ထ၊ ပလာ လော့တယ်၊ တယ်နဲ၊ ထီးမီးတော် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူ ရွာသားများ ကြောက်လန့်ကာ အသက်အန္တရာယ်အတွက် ညအချိန်မှာပင် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ရွာသူ ရွာသားများသည် ဘာတစ်ခုမှ ယူဆောင်ရန် အချိန်မရလိုက်သဖြင့် တောထဲတွင် ကလေးသူငယ်များ ဒုက္ခအတိ ရောက်ခဲ့ရကြောင်းလည်း သိရပါသည်။
နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်၊ နံနက် ၇ နာရီခန့်အချိန်တွင် ရန်သူ နအဖ တပ်များသည် ရွာထဲသို့ ၀င်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်၊ ဘဲနှင့် ရှိသမျှကို ယူဆောင် စားသောက်ကြပြီး ရွာထဲရှိ စပါး ကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရန်သူ နအဖ တပ်များသည် ထိုရွာများတွင် ခုချိန်ထိ စခန်းချ ထားကြောင်းလည်း သိရပါသည်။
ထိုနေ့မှာပင် ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် KNU တပ်ရင်း (၁၀၂)၊ တပ်ခွဲ(၃)တပ်ဖွဲ့နှင့် ရန်သူ နအဖ တပ်ဖွဲ့တို့သည် လေးဖိုးထရွာ၏ အနောက်ဘက်ခြမ်းရှိ ချောင်းကလေး ကမ်းစပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။
ဆက်လက်ပြီး ထိုနေ့မှာပင် KNU မှ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၅)အဖွဲ့နှင့် ၀င်းမောင်း ရွာမှ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ပင်ဆိပ်နှင့် သရက်ပင်ဂွကြားရှိ မီးလေးချောင်းကမ်းနားတွင် ရန်သူနအဖတပ်ဖွဲ့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ KNU တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၁)မှ တပ်ဖွဲ့ဝင်များသည် မလေးချောင့်ရွာ၏ ကားလမ်းမပေါ်တွင် ရန်သူ နအဖ တပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရန်သူဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။ ၄င်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားရာတွင် KNUဘက်မှ ထိခိုက်သေကြေမှု မရှိကြောင်းလည်း သိရပါသည်။
ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ နအဖ တပ်မ (၁၁)အဖွဲ့နှင့် BGF တပ်ရင်း(၁၀၁၄)တို့ ပူးပေါင်းပြီး စခန်းအမိုး မိုးရန်အတွက် ဒေးမူရွာမှ အင်ဖက် အပြစ်(၄၀၀၀၀)၊ ကွီးနက်ရွာမှ အင်ဖက် အပြစ် (၄၀၀၀၀)၊ ထီးဂေးလိုရွာမှ (၄၀၀၀၀)၊ မယ်ညောရွာမှ ဖက် အပြစ်(၄၀၀၀၀)နှင့် လေးဖိုးဟောရွာမှ ဖက်အပြစ်(၂၀၀၀၀) တို့ကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့ပြင် မယ်မွဲကျေးရွာမှ ၀ါးပိုးအလုံး(၃၅၀)၊ ညတေလိုရွာမှ ငွေ (၄၆၀၀၀၀)ကျပ်နှင့် ၀ါးခလုကို့ရွာမှ (၂၆၀၀၀၀)ကျပ်ကို တောင်းခံခဲ့သည်။
နအဖ တပ်မ(၁၁) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ မဲပါရွာအနီး တ၀ိုက်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် ရွာသူရွာသားများသည် တခြားဒေသများသို့ မသွားရောက်နိုင်ကြပဲ မိသားစု (၁၄)စုနှင့် ရွာသူ/သားပေါင်း (၈၄)ယောက်က ပိတ်မိနေကြောင်း သတင်းရရှိပါသည်။
ကေအန်ယူ တပ်မဟာ(၇) နယ်မြေ
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူနအဖ ခလရ(၆၂)တပ်ဖွဲနှင့် KNU မှ ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာကလိုးနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖမှ (၃)ယောက်သေပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်တွင်မူ နအဖ မှ ခလရ(၆၂)အဖွဲ့နှင့် KNU ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာ တရောတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ နအဖ ဘက်မှ (၁)ယောက် ကျဆုံးသွားပါသည်။
ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ၏ ထို ခလရ (၆၂)အဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
Posted by
ဆုံဆည်းရာ
at
4:25 PM
1 comments
Labels: သတင်း
