နို့ တိုက်သတ္တ၀ါဆိုတဲ့
ကင်းဘတ်စအမျိုးအစားတခုပေါ်မှာ
ရောင်စုံလူတွေသွန်ချ
ရောင်စုံစိတ်တွေသွန်ချ
ရောင်စုံအတွေးအခေါ်တွေသွန်ချ
ရောင်စုံယဉ်ကျေးမှုတွေသွန်ချ
ရောင်စုံအမှန်တရားတွေသွန်ချ
ရောင်စုံချစ်ခြင်းတွေသွန်ချ
ရောင်စုံမုန်းခြင်းတွေသွန်ချ
ရောင်စုံနိယာမတွေသွန်ချ
ရောင်စုံမာန်မာနတွေသွန်ချ
ရောင်စုံသိက္ခာ ဂုဏ်ဒြပ်တွေသွန်ချ
ရောင်စုံမာယာတွေသွန်ချ
ရောင်စုံအတ္တတွေသွန်ချ
ရောင်စုံအာဃာတတွေသွန်ချ
ရောင်စုံအလှအပတွေသွန်ချ
ရောင်စုံဝဋ်ဒုက္ခတွေသွန်ချ
ရောင်စုံသချိုင်းကုန်းတွေသွန်ချ
.............................................။
ဒီလောက်တောင်အရောင်စုံလက်ကြွနေတဲ့ ပန်းချီကားကို
တချို့ ကလူရနံ့ တွေသင်းမြမွှေးကြိုင်နေတာပဲတဲ့
တချို့ ကလူအနံ့ တွေပုတ်ပွနံစော်နေတာပဲတဲ့
တချို့ ကဘာရနံ့ မှမရ ဘာအရောင်မှမမြင်ဘူးတဲ့
ထားလိုက်ပါတော့
ဒီကားကိုဘယ်သူရေးတာလဲ
သူ့ ပန်းချီ ၀ါဒကဘာလဲ။
ပန်းချီဆရာ (အမည်မသိ)
သူ့ ဝါဒက (မတော်တဆ၀ါဒ) လို့ ပြောရင်
ဘုရားကြိုက်ဝါဒီတွေ ငါ့ကိုဝိုင်းရိုက်ကြတော့မှာပဲ
နွား၊ ကျွဲ၊ ခွေး၊ ကြောင်၊ လူ၊ လင်းနို့ ၊ သားပိုက်ကောင်၊ ဝေလငါး၊ ၀က်၊
အားလုံး...အားလုံး...သူ့ လက်ရာတွေ။ ။
ကေသာဦးခိုက်
Sunday, January 30, 2011
MASTERPIECE
Posted by
Anonymous
at
9:23 AM
0
comments
Labels: ကဗျာ
Saturday, January 29, 2011
ယနေ့သတင်း (၂၉ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၉ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၁ နာရီ ၃၅ မိနစ်) ယမန်နေ့က ဒီကေဘီအေ တပ်တွေရှိတဲ့ အူးကရိထနေရာကို နအဖ စစ်တပ် ခမရ (၄၀၁)၊ ခမရ (၄၀၃)၊ ခမရ (၅၈၆)နဲ့ ခမရ (၂၉၉) တို့ ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။
နံနက် (၁၁ နာရီ ၃၀ မိနစ်) ဒီကေဘီအေ ဗိုလ်မှူးချုပ်စောလားပွယ်ဟာ တိုက်ပွဲကာလအတွင်းမှာ ဒီကေဘီအေဘက်ကတော့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနှင့်အညီ အကောင်းဆုံးကိုင်တွယ်သွားတာကို တွေ့နေရပါတယ်။ ထိုကဲ့သို့ အစီအစဉ်တကျ ကိုင်တွယ်နိုင်ခဲ့တဲ့အတွက် နအဖ ကလေးစစ်သားများ၊ အကျဉ်းသားပေါ်တာများ နေ့စဉ်ရက်ဆက် ဒီကေဘီအေဆီကို ထွက်ပြေးလာကြတာကိုလည်း တွေ့ရပါတယ်။ ဒါဟာ နအဖတွေရဲ့ လှည့်ကွက်တခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ဒီကေဘီအေအနေနဲ့ သတိထားစရာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြလာကြပါတယ်။
နအဖဘက်ကတော့ ထုံးစံအတိုင်း ကိုယ့်အမှတ်တံဆိပ်ကို ပုံဖော်ပြသပြီး တိုက်ပွဲကာလအတွင်း အကျဉ်းသားပေါ်တာတွေကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း (ကရင်ငြိမ်းချမ်းရေးကောင်စီ)တွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဝေါ်လေက အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ရုံသာမက ရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊ ရွာသူ/သားတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း စတဲ့ လူမဆန်တဲ့လုပ်ရပ်မျိုးကို လုပ်နေကြပါတယ်။
နံနက် (၁၁ နာရီ ၂၀ မိနစ်) ပြီးခဲ့တဲ့ရက်ပိုင်းက ဗိုလ်မှူးကြီး ယွက်စစ်ဦးဆောင်တဲ့ သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နဲ့ ဒီကေဘီအေတို့ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံပြီး ဒီကေဘီအေကို သျှမ်းပြည်တပ်မတော်က လိုအပ်တဲ့အကူအညီ ပေးသွားမယ်လို့ သဘောတူညီချက် ရရှိခဲ့ကြောင်း သိရပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပဲ ထိန်ချန်ထားခဲ့ကြပါတယ်။ (ကိုးကား - ကိုးဒီသွေး)
Posted by
ကိုဈာန်
at
11:34 AM
1 comments
Labels: သတင်း
Friday, January 28, 2011
ယနေ့သတင်း (၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၈ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၀ နာရီ ၃၅ မိနစ်) ယခုတပတ်အတွင်း ဒီကေဘီအေ စခန်းတွေကို နအဖ ရဲ့ ထိုးစစ်တိုက်ပွဲတွေ အရှိန်အဟုန်မြင့်လာတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေစပြီး အပြင်းအထန် ထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ ယနေ့ ၂၈ ရက်နေ့အထိ နအဖ ဘက်က အရာရှိအရာခံ အကြပ်စစ်သည် ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရမှုတွေ ရှိပါတယ်။ နအဖ ဘက် ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ များပြားလာတဲ့အတွက်ကြောင့် နယ်စပ်တိုက်ပွဲတွေအသုံးချဖို့ ဖွဲ့စည်းထားတဲ့ သူတို့လက်ကိုင်ဒုတ်ဖြစ်တဲ့ နယ်ခြားစောင့်တပ်အပေါ်လည်း ယုံကြည်မှု ကင်းမဲ့လာတာတွေ့ရပါတယ်။ ဒါ့အပြင် နအဖ တပ်သားတွေနဲ့ နယ်ခြားစောင့်တပ်တွေ စစ်ပြေးတွေ ယခင်တိုက်ပွဲကာလတွေထက် ပိုမိုများပြားလာပါတယ်။
နံနက် (၉ နာရီ ၅၅ မိနစ်) ယမန်နေ့မနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀ မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ (ကိုးကား - ကေအိုင်စီ)
နံနက် (၉ နာရီ ၅၀ မိနစ်) ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် ချောင်းဆုံနားမှာလည်း ယမန်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ နအဖတပ် ခမရ (၄၀၁) နဲ့ ကေအဲန်ယူ တပ်ရင်း ၁၆ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆ ခွဲက ချောင်းဆုံရွာနားမှာ ယနေ့မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
နံနက် (၉ နာရီ ၄၀ မိနစ်) KNLA တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်း(၂၁)၊ (၂၂)နှင့် အထူးပြောက်ကျားအဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၇၀ခန့်ရှိ အဖွဲ့သည် ဇန်န၀ါရီလ ၂၁ရက်နေ့က နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်း၏ ဟောသူးခီးစခန်းကို တက်ရောက်သိမ်းဆည်းခဲ့ရာ လက်နက် ၁၂လက် ရရှိပြီး ၎င်း နယ်ခြားစောင့်တပ် တပ်ရင်းမှ ဗိုလ်ချာလယ်၊ ဒုဗိုလ်ရော့ကက်၊ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် ၈ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
9:47 AM
0
comments
Labels: သတင်း
Thursday, January 27, 2011
ယနေ့သတင်း (၂၇ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၇ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၁ နာရီ ၅၅ မိနစ်) ယနေ့မနက်ပိုင်း ၁၁ နာရီဝင်းကျင်လောက်တွင် ယမန်နေ့တိုက်ပွဲတွင် နအဖ ဘက်မှ သေဆုံးသွားသော အရာရှိအရာခံ အကြပ် စစ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာ ရသူများကို နောက်တန်းသို့ ပြန်လည်ပို့ဆောင်နေပါတယ်။ ထိုသို့ပို့ဆောင်ရာ ခရီးလမ်းတလျှောက် တိုက်ပွဲများ မဖြစ်ပွားစေရန် နအဖ ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးအမြောက်တွေနဲ့ ကာပစ်ဆုတ်ခွာ ပို့ဆောင်နေတယ်လို့ သိရှိရပါတယ်။
နံနက် (၁၁ နာရီ ၅၀ မိနစ်) ယမန်နေ့တိုက်ပွဲမှာ နအဖ စစ်သား တပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက်ကို တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ အန်အေ ၇ (ဆဲဗင်း) နှစ်လက်နှင့်တကွ အဆိုပါ စစ်သုံးပန်း နှစ်ယောက်ကို လက်ရ ဖမ်းမိခဲ့တာပါ။ ယမန်နေ့က တိုက်ပွဲမှာ နအဖ ဘက်က အရပ်ဝတ်တွေ ၀တ်ဆင်ပြီး ထိုင်း ဘက်ကမ်း ချောင့်ခက်ရွာဘက်မှ မြန်မာဘက် ကမ်းကို ကူးဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။
နံနက် (၁၁ နာရီ ၃၀ မိနစ်) ယမန်နေ့မနက်ပိုင်းက ညနေပိုင်းအထိ ဝေါ်လေနားက မော်ခီး၊ ချောင့်ခက်အနီးက ဘောပူကျိုးနေရာ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန်နေ့က ဖြစ်ပွားတဲ့တိုက်ပွဲများမှာ နအဖ ဘက်က ၂၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာများပြားခဲ့တယ်လို့ သိရပါတယ်။ နအဖ ဘက်က စကခ (၁၂) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၅၄၆)၊ ခမရ (၅၄၈)၊ ခမရ (၅၄၉) နှင့် စကခ (၉) လက်အောက်ခံ ခမရ (၃၅၆)၊ ခမရ (၃၅၇) တပ်ရင်းများဖြင့် ကျောက်ခက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး အင်အား ၂၀၀ ကျော် ပါရှိကြောင်း သိရပါတယ်။
Posted by
ဆုံဆည်းရာ
at
11:39 AM
0
comments
Labels: သတင်း
Wednesday, January 26, 2011
ဇာဂနာ ကဗျာ ဒေါ့ကွန်း
မောင်လွမ်းဏီ
အငြိမ့် အနုသဘင်
သုခုမ ရင်ခွင်၊ ရုပ်ရှင် ဂီတ
ဘ၀နဲ့ ရင်း၊ လမ်းသစ်ထွင်း၍
တေးချင်းညည်းတယ်။
ကြောက်မွှေးပါ၊ ဇာဂနာနဲ့ နှုတ်
အယုတ်အမြတ်၊ အလတ်မရွေ့း
ကြွေးကြော်သံပေးတယ်။
လူထုအပူ၊ လူထုဝေဒနာ
တရားရှာ၊ ကိုယ်မှာတွေ့ တယ်။
အဘိဓမ္မာ၊ ဋီကာမချဲ့ 
အားနွဲ့ သူရှေ့ရှိနေတယ်။
သံဃံသရဏံ ဂန်းစာမိတော့
မချိတင်ကဲ မျက်ရည်ဝဲတယ်။
အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့ 
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ 
ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့ 
မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့
ဇာဂနာရဲ့  မှာတော်ပုံ
မြေ၀သုန်ကို သစ္စာထားခဲ့တယ်။
ထောင်အပြင် တန်းလား၊
သွားစမ်းပါတဲ့
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။
စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ
ဇာဂနာလေ
သေတောင်ဒူးမထောက်နိုင်ဘူး။
ကဲ စစ်ဗိုလ်တအုပ်
ဇာဂနာကို၊ ကဗျာလုပ်တယ်
ဘာပုဒ်မနဲ့  ဖမ်းမလဲ။
မောင်လွမ်းဏီ
၂၅ - ၁ - ၂၀၁၁
Posted by
ဆုံဆည်းရာ
at
4:45 PM
0
comments
Labels: ကဗျာ
ယနေ့သတင်း (၂၆ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၆ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၀ နာရီ ၅၀ မိနစ်) ယနေ့နံနက်ပိုင်း ကျောက်ခက်စခန်းအနီးတွင် ဒီကေဘီအေတပ်များနဲ့ နအဖ တပ်များတိုက်ပွဲဖြစ်ပွားရာ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရှိမှု မျာပြားကြောင်း သိရှိရသည်။
နံနက် (၁၀ နာရီ ၄၄ မိနစ်) ဒီကေဘီအေ ကျောက်ခက်စခန်း အနီးတွင် ယမန်နေ့ ညနေ ၆ နာရီ ၂၄ မိနစ် အချိန်တွင် နအဖ စစ်တပ် ခမရ (၅၄၈) (၅၄၉) တပ်များနှင့် ဒီကေဘီအေ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။
Posted by
ဆုံဆည်းရာ
at
10:45 AM
0
comments
Labels: သတင်း
Monday, January 24, 2011
အမေတွက်တဲ့သင်္ချာ
မြင့်မိုးအောင်
ကျွန်တော်တို့ ငယ်ငယ်
မနက်မိုးလင်းတိုင်းမှာ
အိမ်ရှေ့က ပန်းခင်းလေးထဲ
အမေနဲ့ လမ်းလျှောက်ခဲ့ဖူးတယ်
ကျွန်တော်တို့ရဲ့ လက်တွေကို ဆွဲလို့
ပန်းရနံ့လေးတွေကို ရှုရှိုက်လို့
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
အမေရေတွက်တယ်
ပန်းပွင့်လေးတွေကို နမ်းလိုက်
ကျွန်တော်တို့ကို နမ်းလိုက်နဲ့
ရယ်သံတွေကြားက ပြောတယ်
ကျွန်တော်တို့ရဲ့ မျက်နှာလေးတွေက
ပန်းပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ပန်းပွင့်လေးတွေလိုပဲ လှပသတဲ့
ညရောက်ပြန်တော့
အမေ့ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း
အမေပြောတဲ့ ပုံပြင်တွေကို
ကျွန်တော်တို့ နားထောင်ခဲ့ကြတယ်
ပြီးတော့ ပြတင်းပေါက်ဆီကို ကြည့်ရင်း
ကောင်းကင်က ကြယ်ပွင့်လေးတွေကို
တစ်ပွင့်ချင်း
တစ်ပွင့်ချင်း
ရေတွက်ရင်းနဲ့ အမေပြောတယ်
ကျွန်တော်တို့ရဲ့ မျက်လုံးတွေက
ကြယ်ပွင့်လေးတွေနဲ့ သိပ်တူသတဲ့
ကြယ်ပွင့်လေးတွေလိုပဲ တောက်ပသတဲ့
ခုတော့ဖြင့် ငယ်ငယ်က ရေတွက်ခဲ့ဖူးတဲ့
ပန်းတွေနဲ့ ကြယ်တွေရဲ့ သင်္ချာကို
အမေမေ့လျော့ခဲ့ပြီထင်ပါရဲ့
အဖေက ကျွန်တော်တို့ရဲ့ ဟိုး..အဝေးမှာ
အဖေ့ဆီ ပို့ပေးရမယ့် ပစ္စည်းတွေ
အဖေပြန်ရောက်လာမယ့် နေ့တွေ
အမေရေတွက်တယ်
ပြက္ခဒိန်ပေါ်က နေ့စွဲတွေ
လကုန်ရင် ပေးရတော့မယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ဧည့်ခန်းထဲမှာ မိုးယိုတဲ့ အပေါက်တွေ
မီးဖိုချောင်မှာ ကျိုးတဲ့ကြမ်းခင်းတွေ
အမေရေတွက်တယ်
ညီမလေး ကျောင်းပြီးမယ့် နေ့တွေ
လကုန်ရင် ကျွန်တော်ပါလာမယ့် ပိုက်ဆံတွေ
အမေရေတွက်တယ်
ပြတင်းပေါက်က ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
တောက်ပတဲ့ ကြယ်ပွင့်လေးတွေ
အမေ မရေတွက်ရတာ ကြာပြီ
မျက်ရည်က ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တွေဆိုတော့
ဘယ်လိုနည်းနဲ့ တောက်ပနိုင်ပါ့မလဲ
လှပတဲ့ ပန်းပွင့်လေးတွေ
အမေ မရေတွက် ရတာ ကြာပြီ
အသစ်ပွင့်လာတဲ့ ပန်းပွင့်လေးတွေ
အမေ မနမ်းရှိုက်ရတာ ကြာပြီ
အမေစိုက်ထားခဲ့တဲ့
အိမ်ရှေ့က ပန်းခင်းလေးလည်း
မနှစ်ကပဲ သေဆုံးသွားခဲ့ပြီ။
မြင့်မိုးအောင်
Posted by
Anonymous
at
1:57 PM
0
comments
Labels: ကဗျာ
Sunday, January 23, 2011
ယနေ့သတင်း (၂၃ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၃ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
ညနေ (၆ နာရီ ၄ မိနစ်) ယနေ့နံနက် ၅ နာရီ ၅ မိနစ်မှ ၁၀ နာရီအထိ နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည် ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်များ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် ကျောက်ခက် စခန်းကို ထိုးစစ်ဆင်ရာတွင် နအဖ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ များပြားစွာဖြင့် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
နံနက် (၉ နာရီ ၄ မိနစ်) ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄နှင့် နအဖ ခမရ ၅၅၈တို့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၃ယောက် သေဆုံးပြီး ၄ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၄ ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာကတော့ ဘိတ် ထားဝယ် ခရိုင်အတွင်းမှာ ရှိတဲ့ ထိုမားဖလို တောင်ကုန်းနဲ့ ဘိုရာခါဟေး တောင်ကုန်း ကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဟာ မနက် ၈ နာရီ ၄၀ မိနစ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး KNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိကြောင်း သိရှိရပါတယ်။ (ကိုးကား- အဲခါန်သင့်)
Posted by
ဆုံဆည်းရာ
at
9:08 AM
0
comments
Labels: သတင်း
Saturday, January 22, 2011
ယနေ့သတင်း (၂၂ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၂၂ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၉ နာရီ ၄ မိနစ်) နအဖ စစ်တပ်တွေ ကရင်ပြည်နယ်အတွင်း စစ်ရေးအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေဆဲပါ။ ရခိုင်ပြည်နယ်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မ (၄၄) လက်အောက်ခံ တပ်ရင်းများ ကောကရိတ်ကို ပို့ဆောင်ပြီး အင်အားဖြည့်တင်း နေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ပထမ ပတ်ကစတင်ပြီး နအဖ ဘက်မှ ဒီကေဘီအေ တပ်တွေကို ၄ ရက်အတွင်း အပြီးတိုက်မယ်ဆိုတဲ့ စကားတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်တွေ့ စစ်ရေးအရမှာ နအဖ စစ်ဆင်ရေးတွေ သူတို့မျှော်မှန်းသလောက် အောင်မြင်မှုမရှိခဲ့ဘူးလို့ ပြောဆိုရမှာပါ။ ယခုတခါလည်း ဒီကေဘီအေ တပ်တွေကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အပြီး တိုက်မယ်ဆိုပြီး စကားတွေ ထွက်ပေါ်လာပြန်ပါတယ်။ ထိုကဲ့သို့ ပြောဆိုနေပေမယ့် နအဖ စစ်တပ်တွေကတော့ ဒီကေဘီအေ တပ်တွေရဲ့ ရှေ့ထွက်မိုင်းနဲ့ ပျောက်ကြား တိုက်ခိုက်မှုဒဏ်တွေကို အလူးအလဲခံနေရပြီး ထိခိုက်ဒဏ်ရာရမှုတွေ၊ သေဆုံးမှုတွေသာ များပြားလာပြီး စစ်ပြေး၊ ပေါ်တာပြေးတွေလည်း တနေ့ထက်တနေ့ ပိုမို များပြားလာပါတယ်။ ဒီကေဘီအေ ဘက်က အခြေချ စခန်းနှစ်ခုကို စစ်ရေးအမြင်အရ ယာယီဆုတ်ခွာပေးခဲ့ရပေမယ့် ၄င်းတို့ရဲ့ နယ်မြေဒေသ ကျွမ်းကျင်မှုအရ နအဖ စစ်တပ်၊ စစ်ကြောင်းတွေကို ပိုမိုအထိနာစေမယ့် တောတွင်း ပျောက်ကြားစနစ်တွေ၊ မြို့ပြပျောက်ကြားနည်းဗျူဟာ တိုက်ခိုက်နည်းတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
နံနက် (၈ နာရီ ၄၀ မိနစ်) ကေအန်ယူ တပ်မဟာ (၂) တောင်ငူ ခရိုင်တွင်လည်း နအဖ စစ်တပ်မှ စစ်အင်အားတိုးချဲ့မှုတွေ ပြုလုပ်လာပါတယ်။ ယခင် စကခ(၇)မှ တပ်ရင်း ၇ ရင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ၊ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်း တပ်ရင်းပေါင်း ၃၀ ကျော်နဲ့ အကျဉ်းသားများ အပါဝင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။
နံနက် (၈ နာရီ ၃၇ မိနစ်) ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်သည့် အဖွဲ့မှ သရက်တပင်နှင့် ကျောက်ခက်ကြားမှ နအဖ စစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နံနက် (၈ နာရီ ၃၅ မိနစ်) ယမန်နေ့ညပိုင်းတွင် နအဖ ဘက်မှ တပ်သား တဦးနှင့် ပေါ်တာ အကျဉ်းအသားတဦးတို့ ဒီကေဘီအေ စခန်းတွင် အလင်းဝင်ရောက်ကြောင်းသိရှိရသည်။ ထို့အပြင် ကေအန်ယူ တပ်မဟာ (၇) နယ်မြေသို့ နယ်ခြားစောင့်တပ် (၁၀၁၈)မှ ဒုတပ်ကြပ်တဦးနှင့် တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ လာရောက်ပူးပေါင်းကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
9:03 AM
0
comments
Labels: သတင်း
Wednesday, January 19, 2011
ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား ကြိုဆိုပွဲအခမ်းအနား
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင်ပြည်နယ် တောင်ပိုင်း ယော်ဖိုးကီး ကျေးရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ တပ်မဟာ ၆ က ခွဲထွက်လာသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များကို ကြိုဆိုပွဲ အခမ်းအနား (မူရင်း - ဧရာဝတီ)
Posted by
ကိုဈာန်
at
8:55 PM
0
comments
Labels: ဗွီဒီယို
ကြယ်တွေကောက်နေသူ
မောင်လွမ်းဏီ
ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။
အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။
ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။
အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။
အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။
မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ
Posted by
ကိုဈာန်
at
5:54 PM
0
comments
Labels: ကဗျာ
Sunday, January 16, 2011
ယနေ့သတင်း (၁၆ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၁၆ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
ညနေ (၆ နာရီ ၁၀ မိနစ်) ကောကရိတ်နှင့် သင်္ကန်းညီနောင်ကားလမ်းကြားရှိ ချောက်ကမ်းပါးနေရာတွင် နအဖ စစ်ကားအား ဒီကေဘီအေမှ ရှေ့ထွက်မိုင်းနှင့် ခြုံခိုတိုက်ခိုက်မှုတို့ကြောင့် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သိရှိရသည်။
ညနေ (၆ နာရီ ၅ မိနစ်) ယနေ့ ဒီကေဘီအေ တပ်မှ ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် လေးဒေးနေရာတွင် နအဖ ဘက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ညနေ (၆ နာရီ ၂ မိနစ်) ယမန်နေ့ညနေ ၆ နာရီခွဲခန့်တွင် ထီးဖိုးသံရွာတွင် အခြေစိုက်နေသည့် နအဖ စစ်တပ်မှ ခမရ (၅၈၈) စစ်ကြောင်း (၂) ဗိုလ်မှူး သန်းထိုက်ဦး ဦးဆောင်တဲ့ စစ်ကြောင်းကို ဒီကေဘီအေ (၉၀၁) တပ်ခွဲ (၂) ဆရာထူးဂေဦးဆောင်သည့် အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ တပ်ကြပ်ကြီးတဦး သေဆုံးပြီး တပ်သား ၂ ဦး ဒဏ်ရာရှိကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
6:30 PM
0
comments
Labels: သတင်း
Saturday, January 15, 2011
ယနေ့သတင်း (၁၅ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၁၅ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
ည (၁၀ နာရီ ၂၅ မိနစ်) ယနေ့နံနက်ပိုင်းတွင် ဝေါလေဒေသ အင်ကြင်းမြိုင်တွင် နအဖ စစ်တပ်ကို ဒီကေဘီအေ တပ်များ ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ တပ်စုမှူးတဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း သိရှိရသည်။
ည (၁၀ နာရီ ၁၅ မိနစ်) ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် နအဖ စစ်တပ် စကခ (၁၉) လက်အောက်ခံ တပ်ရင်း ခမရ (၂၉၉)နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့ ဝေါလေဒေသ အူကရီးထ နေရာတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
နံနက် (၁၀ နာရီ ၁၅ မိနစ်) နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ(၂၉၉)နှင့် စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ ယာယီစခန်းအား ယမန် နေ့လည် ၁၂ နာရီကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီးပါးခန့် ပစ်ခတ်ခဲ့သည်။ ယခုလက်တလောတွင် စစ်ရေးအခြေအနေအရ ဒီကေဘီအေ ဘက်မှ အူးကလော့ထာ့ စခန်းမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရှိရသည်။
နံနက် (၁၀ နာရီ ၅ မိနစ်) မြန်မာဘက်ခြမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ မြန်မာစစ်ပြေးဒုက္ခသည် ၂၀၀ နီးပါး ထိုင်းဘက်ကမ်းရှိ ငေါင်ဖိုင်ရွာ၊ ကျောက်ခက်ရွာ၊ ဟွေးနန်းနပ်ရွာ တွေဆီကို ယမန်နေ့က ထပ်မံထွက်ပြေးလာတယ်လို့ သိရှိရပါတယ်။
နံနက် (၁၀ နာရီ ) နအဖစစ်တပ် ဘက်မှ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ တပ်ဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁နာရီကျော် အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
10:09 AM
0
comments
Labels: သတင်း
Friday, January 14, 2011
ယနေ့သတင်း (၁၄ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၁၄ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
ညနေ (၃ နာရီ ၅ မိနစ်) ယနေ့လွှဲပိုင်းတွင် မြ၀တီ- သင်္ကန်းညီနောင်ကားလမ်း ဒေါနတောင် အလယ်ဗဟိုအနီးတွင် နအဖ စစ်သားများတင်ဆောင်လာသည့် စစ်ကားအား ချုံခိုတိုက်ခိုက်ခြင်းခံရကြောင်း သိရှိရသည်။ ထိခိုက်ဒဏ်ရာ သေဆုံးမှုများကို စုံစမ်းနေဆဲဖြစ်သည်။
နေ့လည် (၁ နာရီ ၅ မိနစ်) ယနေ့နံနက်ပိုင်း ၁၀ နာရီကျော်ခန့်တွင် မြ၀တီအခြေစိုက် (၃၅၆)၊ (၃၅၇) တပ်ရင်း အထိုင်စခန်း၊ ဖားတောင်းအနီး မြ၀တီ - သင်္ကန်းညီနောင် ကားလမ်းတွင် နယ်ခြားစောင့်တပ်ကား ဆွဲမိုင်းထိရာ ၁၅ ဦးဒဏ်ရာပြီး နယ်ခြားစောင့်တပ်သားတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
နံနက် (၁၀ နာရီ ၂၅ မိနစ်) နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းမှ လှိုင်းဘွဲ့မြို့နယ်မာနယ်ပလောဂွင်ကို နယ်ခြားစောင့်တပ်နှင့် နအဖ စစ်တပ်တို့မှ ပူးတွဲ ထိုးစစ်ဆင်ရန်အတွင် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသား ၄၀ ကျော်ကို စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများ ထမ်းခိုင်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
နံနက် (၁၀ နာရီ ၂၀ မိနစ်) နအဖ စစ်တပ်မှ လှိုင်းဘွဲ့ မြို့နယ် မာနယ်ပလောဂွင်သို့ ထိုးစစ်ဆင်ရန် နည်းဗျူဟာ (၂၂၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် နအဖ စစ်တပ် ခမရ(၂၁၂)၊ ခမရ (၂၁၄)၊ ခမရ (၂၁၆)နှင့် ခမရ (၂၂၀)တပ်ရင်းများနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း အင်အား ၅၀၀ ခန့်ဖြင့် ထွက်ခွာသွားကြောင်းသိရှိရသည်။
Posted by
ဆုံဆည်းရာ
at
10:21 AM
0
comments
Labels: သတင်း
LAKE WATER
ကဗျာအသစ်မရေးနိုင်တော့လို့ မကောင်းဆိုးဝါးအဟောင်းတပုဒ် တင်လိုက်တယ်။
LAKE WATER
If it is possible, I'd like to flow like the rivers go
Complete journey, kiss the sea and get the goals
Does all type of water flow wherever there is lower
I was born in this lake and became natural prisoner
Of course, there won't be me without this automatic boundaries
But did I really want to be born and exist in these originalities
Nothing can reject or correct the earliest beginning of self-story
All is accidentally made with unseen expired date
All is accidentally made with temporary fate
Nothing can escape from self-ready-made sake
But let the future hope for next with emergency update
So I don't need to blame you, my…dear…lake
What I've learnt is the enlightenment of solo-education
What I've earned is the enjoyment of immortal isolation
What I want to demand is unwritten abstract definition
My lake, would you let me take my own way to liberation
There are so many conspiracies of poisonous lie
There are so many purities of innocent mind
There is the only eternity of lifeless time
There isn't be the only poetry that out of rhyme
You can clearly see minority light in the majority dark-side
What do you see when majority darkness in the minority light
So please don't bring to me that awful democratic theory
All we need is respectable and understandable flexibility
You and I have lost a chance to choose the time and the place
You and I have lost a chance to choose the root and the race
You and I have lost a chance to choose the mum and the dad
You and I have lost a chance to check the wills and the wishes
The birth has come with the death, to you and to me
The birth died after birth, the death carried the being
Until the being doesn't make any guided regular things
It's already end before it begins
I am so exhausted been boiling in this lake
How could I go away from this own hate
Can I flow into somewhere---heaven, hell or nowhere
Are we unfortunately an unwanted gift to us
Are we luckily a precious presents to us
Are we usefully useless to us at last
Can our hate or love really help us
We have agreed that "Silence Is The Last Tune"
We have agreed that "Emptiness Is The Last Value"
Could anything come out as "An Alternative New"
Dear visitors,
You are warmly welcome, you are my temporary freedom
Dear death,
You are deadly welcome, you are my forever freedom!
A'karikz Yannaing
THE SECOND SECOND
December, 2004
Posted by
Anonymous
at
5:13 AM
0
comments
Labels: ကဗျာ
Tuesday, January 11, 2011
ယနေ့သတင်း (၁၁ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၁၁ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နေ့လည် (၁၁ နာရီ ၂၀ မိနစ်) ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အကျဉ်းအသား ၄ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်းသိရှိသည်။ ကရင်ပြည်နယ် ဝေါလေဒေသ နအဖ ထိုးစစ်တွင် နအဖ ဘက်မှ စစ်အင်အား ၃၀၀ ကျော်အသုံးပြုပြီး အကျဉ်းသား အင်အား ၅၀၀ ကျော် အသုံးပြုကြောင်း သိရပါတယ်။ အကျဉ်းသားများကို ခြေထောက်တွင် သံခြေကျင်းခတ် ၅ ယောက်တတွဲကြိုးချည် ရင်ဘောင်တန်းခိုင်းပြီး မိုင်းတွင်းများကို ဖြတ်သန်းခိုင်းနေကြောင်း သိရှိရသည်။ အချို့အကျဉ်းသားများကို လက်နက်နှင့် ရိက္ခာသယ်ယူရာတွင် အသုံးပြုကြောင်း သိရသည်။
နေ့လည် (၁၁ နာရီ ၁၅မိနစ်) ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နအဖ စစ်သားအယောက် ၂၀ ကျော်ဒဏ်ရာရှိပြီး ဒဏ်ရာရသူများကို ထိုင်းနိုင်ငံဘက်မှတဆင့် မြ၀တီမြို့သို့ ပို့ဆောင်နေကြောင်း သိရပါတယ်။
နေ့လည် (၁၁ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသတွင် ဒီကေဘီအေ စခန်းကို နအဖ ဘက်မှ တပ်ရင်း ၈ ရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မြ၀တီမြို့တွင် နအဖ တပ်မမှူး ကိုယ်တိုင် ဦးစီးအမိန့်ပေးမှုများ ပြုလုပ်နေပြီး စကခ (၁၂) ဗျူဟာ (၁)၊ (၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် တပ်ရင်း ခလရ (၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)၊ ခမရ (၃၅၉)နှင့် ခမရ(၅၄၅) တပ်တို့မှ အင်အား အင်းအား ၃၀၀ ကျော်နှင့် ထိုးစစ်ဆင်တိုက်နေတာပါ။
Posted by
ဆုံဆည်းရာ
at
11:14 AM
1 comments
Labels: သတင်း
Monday, January 10, 2011
ယနေ့သတင်း (၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
ည (၇ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသတွင် နအဖ ထိုးစစ်ဆင်သည့် တပ်ရင်း ၈ ရှိပြီး အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံထောင်တို့မှ ရာဇ၀တ်အကျဉ်းသား ၄၀၀ ကျော်ကို လက်နက် ရိက္ခာ သယ်ယူရန်နှင့် လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရှိရသည်။ နအဖ စစ်တပ် အပြင်းအထန်ထိုးစစ်ဆင်သည့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှ ယနေ့အချိန်အထိ နအဖနှင့် ဒီကေဘီအေ တိုက်ပွဲများအတွင်း အကျဉ်းသား(ထောင်သား) ၆ ဦး ဒဏ်ရာရမှု ရှိကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း အကျဉ်းသား သေဆုံးမှုများကို စုံစမ်းနေဆဲ ဖြစ်သည်။
ည (၇ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသ တပ်ခေါ်ကျိုးနှင့် ကဆောဝါးလေး ကြား လေးဒေး စခန်းတွင် နအဖ စစ်တပ် စကခ (၁၂)လက်အောက်ခံ ခမရ (၅၄၉)နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ယနေ့ နေ့လည် ၂ နာရီတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် နအဖ စစ်တပ်မှ ၁၆ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
ည (၇ နာရီ ၁ မိနစ်) ဝေါလေဒေသ မောတူးတွင် နအဖ စစ်တပ်မ စကခ(၁၉)လက်အောက်ခံ ခမရ (၂၉၉)နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ယနေ့နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဗွီဒီယို
ဖလူးဒေသ ၉ ရက်နေ့ တိုက်ပွဲရုပ်သံ (မူရင်း - နေ့သစ်)
စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်သည့်အကြောင်း ဂျပန်သတင်းဌာန NHK ရုပ်သံသတင်း (မူရင်း - NHK)
Posted by
ဆုံဆည်းရာ
at
7:11 PM
0
comments
Labels: သတင်း
စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရပြဌာန်းတော့မည်
ဆုံဆည်းရာ၊ ၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၉ နာရီ ၁ မိနစ်) စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။ (ကိုးကား - NHK)
Posted by
ကိုဈာန်
at
9:27 AM
0
comments
Labels: သတင်း
Sunday, January 9, 2011
ယနေ့သတင်း (၉ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၉ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နေ့လည် (၁၂ နာရီ ၁၀ မိနစ်) ယခုတိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ နအဖ ရဲ့ စစ်ဆင်ရေးများတွင် လက်နက်ကြီးကျရောက်သည့် ကိုက်တရာအတွင်းရှိ လူများ နားစည်များမှ သွေးယိုသည့် ဓါတုလက်နက်ပစ္စည်းများ စမ်းသပ်အသုံးပြုမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။
နံနက် (၁၁ နာရီ ၅၀ မိနစ်) နအဖ ဘက်မှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော ယခု စစ်ဆင်ရေးများတွင် အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံ(တောင်ကလေး)ထောင်တို့မှ အကျဉ်းသားများအပြင် လက်နက်ရိက္ခာသယ်ယူရန်နှင့် လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုရန် အကျဉ်းသားများမလုံလောက်သဖြင့် တောင်ငူထောင်မှ အကျဉ်းသားများကိုလည်း ထပ်မံခေါ်ယူထားကြောင်းသိရှိရသည်။
နံနက် (၁၁ နာရီ ၄၀ မိနစ်) နအဖ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာန လက်အောက်ခံတပ်ရင်းများ ကေအန်ယူ တပ်မဟာ (၁)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) နယ်မြေတွေကို ယမန်နေ့ကနေ့စတင်ပြီး အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။
- နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ
- စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)မှ ချူကလီးဒေသတွင် ထိုးစစ်ဆင်၊
- ခမရ(၅၈၆)မှ အူးကလေးထာ့ရွာတွင် အခြေစိုက်လှုပ်ရှားနေပြီး ဖားအံမြို့အခြေစိုက် လှုပ်ရှား၊
- နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တပ်ရင်းမှာ ကမမောင်းကျေးရွာဘက်သို့ ထိုးစစ်ဆင်လှုပ်ရှား၊
- မာနယ်ပလော နယ်မြေတွင် စစ်ဆင်ရေး လှုပ်ရှားဖို့အတွက် နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်ဘက်တွင် ထိုးစစ်ဆင်ပြီး၊
- နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များဖြစ်သည့် ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ ဘက်သို့ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
နံနက် (၁၁ နာရီ ၃၅ မိနစ်) ယမန့်နေ့က ဝေါလေဒေသ ဖလူးကျေးရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီအေ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန့်နေ့ မနက်ပိုင်းမှ စပြီး နအဖ စစ်တပ်တွေ ဒီကေဘီအေတပ်တွေကို အရှိန်အဟုန်မြင့်ပြီး တိုက်ခိုက်လာတာတွေ့ရပါတယ်။
Posted by
ဆုံဆည်းရာ
at
11:54 AM
0
comments
Labels: သတင်း
စစ်ပန်းချီ (၄)
ဒီသီချင်းက အီရတ်စစ်ပွဲကြောင့် ဖြစ်လာတာပါ။ အဲဒီမှာ အရပ်သား အသေခံဗုံးခွဲသမားတွေဟာ အမေရိကန်စစ်သားတွေကို ထိထိရောက်ရောက် ခြောက်ခြားရူးသွပ်စေပါတယ်။ သီချင်း စာသားက မာကျောကျစ်လစ်တဲ့ကဗျာ ဖြစ်နေပြီး ရန်ကြွေးတရားကို ပါးပါးနပ်နပ် ပုံဖော်ထားတယ်။ ဂီတပိုင်းက အရမ်းထက်ရှနေပြီး ဘုရှ် ရဲ့အိမ်မက်တွေဟာလည်း မအောင်မြင်ဘူးလို့ ဆိုထားပါတယ်။
Born to push you around
Better just stay down
You pull away,
He hits the flesh,
You hit the ground
Mouth's so full of lies
Tend to black your eyes
Just keep them closed,
Keep praying,
Just keep waiting
[Chorus:]
Waiting for the one
The day that never comes
When you stand up and feel the warmth
But the sunshine never comes
No, the sunshine never comes
Push you cross that line
Just stay down this time
Hide in yourself,
Crawl in yourself,
You'll have your time
God, I'll make them pay
Take it back one day
I'll end this day,
I'll splatter color on this grey
[Chorus]
Love is a four letter word
And never spoken here
Love is a four letter word
Here in this prison
I suffer this no longer
I put an end to...
This I swear!
This I swear!
The sun will shine
This I swear!
This I swear!
This I swear!
Posted by
Anonymous
at
5:31 AM
0
comments
Labels: သီချင်း
Friday, January 7, 2011
ယနေ့သတင်း (၇ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၇ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နေ့လည် (၁၂ နာရီ ၃၅ မိနစ်) ယနေ့ ဝေါလေ ဒေသ၌ နအဖ ဘက်မှ အပစ်ရပ်ရေးအတွက် ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်ချုပ် စောလားဘွယ် နှင့် တွေ့ဆုံဆွေးနွေးမည့် သတင်းများ ထွက်ပေါ်နေသော်လည်း နအဖ ဘက်မှ တရားဝင် ကမ်းလှမ်းမှု မရှိသေးဘူးလို့ ဒီကေဘီအေ ဘက်မှ ပြောကြားလိုက်ပါတယ်။
နေ့လည် (၁၂ နာရီ ၃၀ မိနစ်) ယမန်နေ့က ဝေါလေဒေသ ကနဲလေးတွင် ဒီကေဘီအေနှင့် အေဘီအက်ဒီဘက် ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် နအဖ စစ်တပ်မှ ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း သိရှိရပါတယ်။
နေ့လည် (၁၂ နာရီ ၂၀ မိနစ်) လတ်တလော ဒီကေဘီအေနဲ့ နအဖ တပ်တွေ ကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ ရှေ့တန်းစစ်မြေပြင်အထိုင်တပ်များ စစ်ဆင်ရေးနဲ့ကွပ်ကွဲရေး(စကခ) လက်အောက်ခံတပ်ရင်းမှ တပ်များ ရိက္ခာပြတ်တောက်မှုနှင့် အကျအဆုံးများမှုများ ကြုံတွေ့နေရသောကြောင့် တပ်ပြေးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ကနေ့စပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ နှစ်လ နီးပါး ပြည့်မြောက်ခဲ့ပါပြီ ဖြစ်ပါတယ်။
Posted by
ဆုံဆည်းရာ
at
12:47 PM
0
comments
Labels: သတင်း
စစ်ပန်းချီ (၃)
"Civil War"
"What we've got here is failure to
communicate.
Some men you just can't reach...
So, you get what we had here last week,
which is the way he wants it!
Well, he gets it!
N' I don't like it any more than you men." *
Look at your young men fighting
Look at your women crying
Look at your young men dying
The way they've always done before
Look at the hate we're breeding
Look at the fear we're feeding
Look at the lives we're leading
The way we've always done before
My hands are tied
The billions shift from side to side
And the wars go on with brainwashed pride
For the love of God and our human rights
And all these things are swept aside
By bloody hands time can't deny
And are washed away by your genocide
And history hides the lies of our civil wars
D'you wear a black armband
When they shot the man
Who said "Peace could last forever"
And in my first memories
They shot Kennedy
I went numb when I learned to see
So I never fell for Vietnam
We got the wall of D.C. to remind us all
That you can't trust freedom
When it's not in your hands
When everybody's fightin'
For their promised land
And
I don't need your civil war
It feeds the rich while it buries the poor
Your power hungry sellin' soldiers
In a human grocery store
Ain't that fresh
I don't need your civil war
Look at the shoes your filling
Look at the blood we're spilling
Look at the world we're killing
The way we've always done before
Look in the doubt we've wallowed
Look at the leaders we've followed
Look at the lies we've swallowed
And I don't want to hear no more
My hands are tied
For all I've seen has changed my mind
But still the wars go on as the years go by
With no love of God or human rights
'Cause all these dreams are swept aside
By bloody hands of the hypnotized
Who carry the cross of homicide
And history bears the scars of our civil wars
"WE PRACTICE SELECTIVE ANNIHILATION OF MAYORS AND GOVERNMENT OFFICIALS
FOR EXAMPLE TO CREATE A VACUUM
THEN WE FILL THAT VACUUM
AS POPULAR WAR ADVANCES
PEACE IS CLOSER" **
I don't need your civil war
It feeds the rich while it buries the poor
Your power hungry sellin' soldiers
In a human grocery store
Ain't that fresh
And I don't need your civil war
I don't need your civil war
I don't need your civil war
Your power hungry sellin' soldiers
In a human grocery store
Ain't that fresh
I don't need your civil war
I don't need one more war
I don't need one more war
Whaz so civil 'bout war anyway
Posted by
Anonymous
at
7:10 AM
0
comments
Labels: သီချင်း
Thursday, January 6, 2011
ယနေ့သတင်း (၆ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၆ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
ညနေ(၃ နာရီ ၃၀ မိနစ်) နအဖ စစ်တပ်မှ ဒီကေဘီအေ နဲ့ နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပေါ် အပစ်ရပ်ရေးအတွက် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါလေ ဒေသ၌ ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်ချုပ် စောလားဘွယ် နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
ညနေ(၃ နာရီ ၂၁ မိနစ်) နအဖ စစ်တပ်မှ ဇန်န၀ါရီလ ၅ ရက်နေ့က ရှေ့တန်းအထိုင်တပ်များ အပြောင်းအလဲနဲ့ ထိုးစစ်ဆင်မှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဝေါလေဒေသတွင် နအဖ စစ်တပ် စကခ (၁၂) ဗျူဟာလက်အောက်ခံ တပ်ရင်းများ တပ်ချိန်းမှုများနှင့် အင်အားတိုးမြင့်မှုများဖြစ်ပေါ်နေပါတယ်။ စကခ (၁၂) ဗျူဟာလက်အောက်အောက်ခံ ဗျူဟာ (၂) တွင် ဗိုလ်မှူးကြီးကြည်လင်ဦးဆောင်သည်ဟု သိရှိရပြီး အပြာရောင် ထောင်ဝတ်စုံ ၀တ်ဆင်ထားသည့် ရာဇ၀တ်အကျဉ်းများကို ၂ ယောက်တတွဲကြိုးနှင့်တုတ်နှောင်ပြီး ရိက္ခာများနဲ့ ကျဉ်ဆံ သေတ္တာများကို သယ်ပို့ခိုင်းကြောင်းနှင့် နအဖ တပ်များ ဒီကေဘီအေ မိုင်းနင်းမိပြီး အထိနာတာကြောင့် ရာဇ၀တ်အကျဉ်းသား များကို လူသားမိုင်းရှင်းကိရိယာသဖွယ် အသုံးပြုနေကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
3:35 PM
0
comments
Labels: သတင်း
Wednesday, January 5, 2011
ယနေ့သတင်း (၅ ရက် ဇန်န၀ါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၅ ရက် ဇန်န၀ါရီလ ၂၀၁၁
သတင်း
နံနက် (၁၁ နာရီ ၂၁ မိနစ်) နအဖ စစ်တပ် စကခ(၁၂) ဗျူဟာလက်အောင်ခံ တပ်ရင်းများမှ ကရင်ပြည်နယ်ရှိ စစ်ပွဲဖြစ်သော ဒေသများသို့ ဘားအံ၊ တောင်ကလေးထောင်နှင့် မော်လမြိုင်ထောင်မှ ရာဇ၀တ် အကျဉ်းသား ၂၀၀ နီးပါးခန့်ကို လူသားမိုင်းရှင်းကိရိယာအဖြစ်နှင့် ၀န်ထမ်းအဖြစ်အသုံးပြုရန် ပို့ဆောင်နေကြောင်း သိရှိရသည်။
နံနက် (၁၁ နာရီ ၁၅ မိနစ်) ဝေါ်လေဒေသ ကနဲလေးရှိ နယ်မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲနေကြောင်း သိရသည်။ (ကိုးကား - ကေအိုင်စီ)
နံနက် (၁၁ နာရီ ၁၁ မိနစ်) နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီးဒေသဘက်သို့ နယ်မြေ ရှင်းလင်းရေးအတွက် သွားရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရှိရသည်။
နံနက် (၁၁ နာရီ ၉ မိနစ်) နအဖ တပ်မှ ရှေ့တန်းဝေါလေဒေသအထိုင်တပ်များကို နအဖ စစ်ကွပ်ကဲရေးဌာနချုပ်(၁၂) လက်အောက်ခံတပ်များနှင့် တပ်ချိန်းမှုများပြုလုပ်နေပြီး တပ်အင်အား ၅၀၀ ခန့်ရှိ ကြောင်းနှင့် ထိုအထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်ကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
11:28 AM
0
comments
Labels: သတင်း
Tuesday, January 4, 2011
မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှု ဖြစ်ပွား
ဆုံဆည်းရာ၊ ၄ ရက် ဇန်န၀ါရီလ ၂၀၁၁
ယနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ UNHCR ရုံးအရှေ့တွင် ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူမှာ ယခင် ဒီကေဘီအေ ၉၉၉ တပ်ရင်းမှ စောသံမဏိ ဆိုသူ ဖြစ်ပြီး မြ၀တီကမ်းဘက်မှ ထိုင်းဘက်ကို ကူးလာပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းကမ်းနဘူး ထိုင်းဘက်ခြမ်းရှိ ထိုင်းဆိုင်ကယ်တက္ကစီကို ငှားစီး၍ UNHCR (မဲဆောက်) ရုံးရှေ့တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။
(၁)၂၀၁၀ ရွေးကောက်ပွဲက တရားမမျှတဘူး
(၂) DKBA အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃) (BGF)နယ်ခြားစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကို လက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။
ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။
ဗွီဒီယို - နေ့သစ်
Posted by
ဆုံဆည်းရာ
at
4:49 PM
0
comments
Labels: သတင်း
