ဓမ္မဆွဲအားနဲ့
အစလွဲသွားတဲ့ အပ္ပါယ်ဘာသာ
ကမ္ဘာ့ဆွဲအားနဲ့
ကပ်လွဲသွားတဲ့ ကြယ်တာရာ
ဘ၀ဆွဲအားနဲ့
ထပ်လွဲသွားတဲ့ အမုန်းများ
အလှဆွဲအားနဲ့
ပြတ်စဲသွားတဲ့ နှလုံးသား
မနုဿလူ့ရဲ့ဘောင်သို့
ဒုက္ခဆုလက်ဆောင်ပို့လိုက်တယ်။ ။
သုအိုင်စံ
Thursday, September 29, 2011
အမှောင် ၆၆၆
Posted by
Anonymous
at
12:14 AM
0
comments
Labels: ကဗျာ
Wednesday, September 28, 2011
ဧရာဝတီ၊ မြေနုကျွန်းပေါ်က စိန်ခေါ်သံလို့ ပြောရင်ရတယ်
ဒေါင်းကို လည်ဖြတ်
မြစ်ကို သတ်လည်း
သွေးမကွဲကြေး၊ အရေးကြုံပြီ
နဒီဧရာ၊ ကဗျာအော်သံ
မြစ်ယံ စိန်ခေါ်သံတွေပဲ။
ရေကိုသား၍
အကြားမထင်ငြား
ဓားသွားပေါ်က သွေးမြစ်တွေ။
ရေကိုခြား၍
တံတား တမံ စစ်ရန်တံတိုင်း
“ကိုင်း ... ထထကြွကြွနဲ့ ၀ိုင်းကြပေရော့” တဲ့
မှိုင်းပြောချင်တဲ့
သမိုင်းတင်စကား၊ ကြားယောင်ပဲ့တင်။
ရေသာများ၍
ငါးမတွေ့ပြီ၊ မန်ဒါလီလား
ယန်စီမြစ်သေ၊ သံဝေဂယူ။
ဒင်းတို့က၊ ဓား ဓားချင်း
ငဖျင်းတို့က၊ လှံ လှံချင်း
ငနုံတို့က တုတ် တုတ်ချင်း
လေပြင်းဒေါသ
လောဘလှိုင်းတွေ ထကြွချိန်။
ချင်းတွင်းရေစီး
မပြီးသေးတဲ့
ရေးဆေးပန်းချီကားတွေအကြောင်း ...။
သံလွင်ချောင်းခြား မျက်ရည်များ
သံလွင်ရေတွေ ကုန်ကာမှ တွေ့ရမှာလား။
စစ်တောင်းမြစ်ဆိပ်၊ စစ်ရိပ်မဲမှောင်
လောင်စာရန်ငြှိုး၊ မီးဆက်၍ ပျိုးမည်လား။
နောင်မျိုးဆက်များ၊ လှိုင်းလေကြားမှာ
ဧရာဝတီ၊ နဒီသွေးသား
တရားတဘက်၊ ဓားတလက်နဲ့
ကမ်းဆက် ကာကွယ်ကြပေတော့ ...။ ။
မောင်လွမ်းဏီ
၂၄.၀၉.၂၀၁၁
Posted by
Anonymous
at
4:53 PM
0
comments
Labels: ကဗျာ
Tuesday, September 27, 2011
ငါ့အတွက် သင်မငိုပါနဲ့ ဗမာပြည်
ငါ့အတွက် သင်မငိုပါနဲ့ ဗမာပြည်
(ဧရာဝတီကိုယ်စား)
စံညိမ်းဦး
အဲဒီမှာ ...
ဧရာဝတီတဲ့
မြစ်တစင်းတဲ့
မြစ်တစင်းဆိုတာထက်
ငါဟာ ...
အချစ်သီချင်းတွေကိုသာ နားစွင့်
အချစ်သီချင်းတွေကိုသာ နာယူလိုခဲ့သူ
ဒါပေမယ့် ...
စစ်တလင်းတွေကိုသာ ဖြတ်ခဲ့ရ
စစ်သတင်းတွေကိုသာ နားဆင်ခဲ့ရသူဖြစ်လို့ ...။
အဲဒီမှာ ...
ဧရာဝတီတဲ့
မြစ်တစင်းတဲ့
မြစ်တစင်းဆိုတာထက်
ငါဟာ ...
ဓမ္မတရားကိုလည်း ငတ်
အလှတရားကိုလည်း ငတ်
ငြိမ်းချမ်းရေးကိုလည်း ငတ်
စိမ်းလန်းရေးကိုလည်း ငတ်သနဲ့
အဲဒီလို ဒုဗ္ဗိကန္တရကပ်တည့်တည့်မှာ တွင်းဆုံးကျလို့
ငါဟာ အငတ်ဘေးကျရောက်နေသူ။
တကယ်တော့
သင်နဲ့ ငါဟာ
‘အလံ’ နဲ့ ‘လေ’ ဆိုလည်းဟုတ်ခဲ့ရဲ့ ဗမာပြည်
‘ထီး’ နဲ့ ‘ဖိနပ်’ ဆိုလည်းဟုတ်ခဲ့ရဲ့ ဗမာပြည်
သင်ပြုံးရင် ငါပျော်
သင်မော်ရင် ငါမြူး
သင်လဲတော့ ငါထူ
သင်ပူတော့ ငါကျွမ်း
သင်က ဓားရေး လှံရေးဆိုရင်
ငါက တော်လှန်တေးတွေကို တံပိုးခရာမှုတ်လို့။
အဲဒီ ၀ါကျင့်ကျင့် သမိုင်းခေတ် ဇာတ်ဝင်ခန်းများထဲ
စီးဆင်းခဲ့အတူ
နေ့စွဲတွေကို လွမ်းလို့။
ဗမာပြည်တဲ့
သင်က
တိုင်းပြည်တပြည်တဲ့
သင်က
တိုင်းပြည်တပြည်ဆိုတာထက်
သင်ဟာ
အာရှတိုက်ရဲ့နေရောင်ခြည်ထဲ
ရွှေရည်တဖျပ်ဖျပ်နဲ့ တန်ဖိုးအနဂ္ဃကြီးမြတ်
သင်ဟာ အားလုံးရဲ့ အလေးမြတ်ပြုခံခဲ့ရဖူးတဲ့ ကဒေါင်း
သင်ဟာ အားလုံးရဲ့ အမော်အဖူးကို ခံခဲ့ရဖူးတဲ့ ရွှေထီးတလက်
အခုတော့ ...
နှစ်ပရိစ္ဆေဒရဲ့ချောက်ကမ်းပါးထဲ
ရွှေရောင်ဒဏ္ဍာရီဟာ ပျော်ကျ
အရာရာဟာ မှုန်ဝါးလို့။
တကယ်ဆို
ဘာပဲဖြစ်ဖြစ်
ငါဟာ သင့်ကို ချစ်ခဲ့ရဲ့ ဗမာပြည်
ငါဟာ သင့်ကို ချစ်နေသေးရဲ့ ဗမာပြည်
သင့်ကို ချစ်ခဲ့သမျှ
ငါပြန်ရခဲ့တာကတော့
သင့်ရဲ့ ကြင်နာမှုဟာ ရက်စက်ခြင်း
သင့်ရဲ့ သစ္စာမဲ့မှုဟာ မိုက်မဲခြင်း
အို ...
အခုတော့
သင့်ရဲ့အမြော်မြင်မဲ့မှုမှာ
ငါဟာ အသက်ကို တမျှင်းမျှင်းရှူလို့။
ငါဟာ သင်ပစ်ချလိုက်တဲ့
သူစိမ်းတစ်ရံဆံတွေရဲ့ သံဖနောင့်အောက်မှာ
သောင်ထွန်းနေသော ငါ့နှလုံးသားကိုငါဖွဖွကိုင်ရင်း
သင့်ကိုငေးရီလို့။
ငါ … ဘာများပြောရမလဲ ဗမာပြည်။
ဟောဟိုမှာ
ဧရာဝတီကို ကယ်တင်ကြတဲ့
ငါ့အပေါ်ထားတဲ့ လီစ္ဆ၀ီတွေထက်လှတဲ့
ငါ့ပြည်သူတွေရဲ့တေးသံမှာ
ငါ့သွေးခုန်သံဟာ ပူနွေးခဲ့ရ။
ငါ့ပြည်သူတွေရဲ့ မေတ္တာပန်းများမှာ
ငါ့သွေးခုန်သံဟာ မွှေးမြခဲ့ရ။
သင်ကတော့
ငါ့အဝေးမှာ
ငါ့မှာတော့
ဖွတ်မိချောင်းဖြစ်
မြစ်မချမ်းသာ နေ့ရက်များကို
ကျောပေါ်တင်ပြီးစီးရ။
အခုတော့ ...
ငါ့အတွက် သင်ငိုလည်း အပိုပဲဖြစ်လို့နေမလား ဗမာပြည်
သင်ရဲ့ ရက်စက်သော မျက်ဝန်းဆီမှ
ကျလာမယ့်အရာဟာ ကမ္ဘာဖျက်မိုးများ (သို့မဟုတ်) မျက်ရည်တဲ့လား
အခုတော့ ...
‘လေ’ ဟာလည်း ‘အလံ’ ကို မလွင့်စေတော့ဘူးလေ။ ။
စံညိမ်းဦး
၂၆-၉-၂၀၀၁
Posted by
Anonymous
at
2:57 AM
0
comments
Labels: ကဗျာ
Saturday, September 24, 2011
Friday, September 23, 2011
လွန်ခဲ့တဲ့ ၁၂ နှစ် လောက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် (ဗကပ) က ဒီလိုမြင်ခဲ့ထားတယ်
Posted by
ဖိုးညို
at
1:23 AM
0
comments
Labels: သဘောထား
Thursday, September 22, 2011
ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော ရန်ပိုင်
ရန်ပိုင်
Thursday, 22 September 2011 17:45
“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့စဉ်
ဧရာဝတီမြစ်ကို အခြေခံ၍
ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင်
ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီ
မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး
အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး
ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့်
စာနယ်ဇင်း သမားတဦးက ဆိုသည်။
ယခုပြပွဲတွင် အနုပညာရှင် ၅၄ ဦး၏ ဧရာဝတီနှင့် ပတ်သက်သည့် ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ၁၄၂ ခုကို ပြသထားသည်ဟု သိရသည်။
ပြပွဲစီစဉ်သူ
တဦးဖြစ်သည့် ဦးရဲနိုင်မိုးက ပြပွဲတင်ဓာတ်ပုံများသည် ၂၀၀၉ – ၂၀၁၀
ခုနှစ်များ၌ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာများ စုပေါင်းကာ
မန္တလေးမြို့မှနေ၍ မေခ၊ မေလိခ ပေါင်းဆုံသည့် ကချင်ပြည်နယ် မြစ်ဆုံအထိ ဧရာ
ဝတီမြစ်အတွင်း အထက်အောက် သွားလာ ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်ဟု
ရှင်းပြသည်။
“ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် ယခု ပြပွဲမှ ဓာတ်ပုံ ပညာရှင်များ ဖြစ်ကြသည့် မျိုးမြင့်ဆွေ၊
စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း၊ ညီပုလေး၊ ဦးဖေမောင်သိန်းတို့၏ လက်ရာများ
ပါဝင်သော “မြစ်တစင်း၏ ပုံရိပ်” အမည်ရှိ ဓာတ်ပုံစာအုပ်ကိုလည်း ယနေ့
စတင်ဖြန့်ချိလိုက်ကြောင်း ဦးရဲနိုင်မိုးက ဆက်လက် ရှင်းပြသည်။တည်ဆောက်ပြီးရင်
ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် အမှတ်ရ ပြပွဲလုပ်
တာပါ” ဟု ၎င်းက ဆိုသည်။
ပြပွဲတွင် ကာတွန်း စိုးသော်တာ၏ “တရားခံများတွင် သမိုင်းတရားခံမှာ
အဆိုးဆုံးဖြစ်သည်” ဆိုသည့် ကာတွန်းကို စာပေစိ စစ်ရေးက တားမြစ်သည့် အတွက်
ဖြုတ်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ပြပွဲ ဖွင့်ပွဲကို ပရိသတ် ၁၀၀၀
နီးပါး တက်ရောက်ခဲ့ပြီး နိုင်ငံရေး ပါတီများ၊ နာမည်ကြီး စာရေးဆရာ၊
ရုပ်ရှင်၊ ဂီတ အနုပညာ ရှင်များ၊ စာပေနှင့် စာနယ်ဇင်း အသိုင်းအ၀န်းအပြင်၊
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှ
ပုဂ္ဂိုလ်များ လာရောက်ကြောင်း သိရသည်။
ဧရာဝတီ မြစ်အတွင်း
ကိုယ်တိုင်သွားရောက် ဓာတ်ပုံရိုက်ကူး တင်ပြခဲ့သည့် မန္တလေးသား စာရေးဆရာ
ညီပုလေးကလည်း “ဧရာဝ တီက အရင်လို မဟုတ်တော့ဘူး။ ကမ်းတလျှောက်
ရေပိုက်တွေနဲ့ထိုးပြီး ရွှေတွေကျင်နေတာ အရမ်းပျက်စီးပြီး အကျည်းတန်နေပြီ။
စိတ်မချမ်းသာဘူး” ဟု ဆိုသည်။
ဧရာဝတီမြစ်အတွင်း တရုတ်နိုင်ငံမှ
လာရောက် ရွှေကျင်ခြင်း၊ သတ္တုတူးဖော်ခြင်း ပြုလုပ်နေသည့် ဖောင်များ၊
သင်္ဘောများကိုလည်း အထက်ပိုင်း မြစ်ကြောင်းတလျောက် တွေ့မြင်ရပြီး
သစ်လုံးတင်သင်္ဘော အများအပြား သွားလာနေသည်ကို တွေ့ရကြောင်း
သောင်များ အလွန်အကျွံ ထွန်းနေသည့်အတွက် မြစ်ကြောင်းမှာ ကျဉ်းမြောင်းသွားသည်ကို သတိထားမိကြောင်း စာရေးဆရာညီပု လေးက ဆက်လက်ပြောပြသည်။
ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့်
မေလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနားမြို့ တန်ဖဲ ရွာ အနီးတွင် ပေါင်းဆုံ၍
ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း
နှင့် ဧရာဝတီတိုင်းတို့ကို ဖြတ် သန်းစီးဆင်းသည်။
၁၉၈၈
ခုနှစ်နောက်ပိုင်း စစ်တပ်အာဏာ ရယူခဲ့ချိန်မှစ၍ ဧရာဝတီမြစ်အတွင်းသို့
စီးဝင်နေသည့် မြစ်နှင့် ချောင်းလက်တက်များတွင် ဆည်များ တည်ဆောက်ခဲ့ခြင်း၊
မြစ်ကူးတံတားများ တည်ဆောက်ခြင်းတို့ကြောင့် မြစ်ကြောင်းများ ပြောင်းလဲကာ
ရေနည်းပါးမှု ဖြစ်ပေါ်ခဲ့သည်။
ယခုအစိုးရက ထပ်မံ၍ ဧရာဝတီမြစ်ဖျား
မေခနှင့် မေလိခဆုံရာ မြစ်ဆုံဒေသ၌ တရုတ်အစိုးရပိုင် (CPI) ကုမ္ပဏီဖြင့်
ပူးပေါင်းကာ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍
တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ပြုလုပ် နေသည့် အတွက်
ပြည်သူများက အတိအလင်း ဆန့်ကျင်ကန့်ကွက် ပြောဆိုမှုများ ပြုလုပ်နေသည်။
Posted by
ဖိုးညို
at
11:14 PM
0
comments
ဧရာဝတီအရေးက ညီညွတ်မှုတခု ဖြစ်လာနိုင်
မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်သုံးသပ်ရန်လူသိရှင်ကြားပြောဆိုထားသော
ဒေါ်အောင်ဆန်းစုကြည်က
“ဒီနေ့အချိန်မှာ ညီညွတ်မှုအတွက် ရင်ဆိုင်ရတဲ့ အခန်းကဏ္ဍတွေ များလာတယ်။ ဧရာဝတီအရေးက ညီညွတ်မှုတခု ဖြစ်လာနိုင်ပါတယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ ဝိုင်းလုပ်ရင် ဧရာဝတီနဲ့ပတ်သတ်ပြီး ကောင်းမွန်တဲ့ ရလာဒ်တွေ ရလာနိုင်ပါတယ်။” ဟု အနုပညာပြပွဲတွင် ပြောဆိုသွားခဲ့သည်။
Posted by
ဖိုးညို
at
11:00 PM
0
comments
Labels: သူတို့ စကား
လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
Posted by
ဖိုးညို
at
8:25 PM
0
comments
ဒီရက်ပိုင်း ကြားနေရတဲ့ တရုပ်နဲ့ပတ်သက်တဲ့ သတင်းတွေ ရေးသားချက်တွေကို ချုပ်ကြည့်လိုက်တော့
ဒီရက်ပိုင်း ကြားနေရတဲ့ တရုပ်နဲ့ပတ်သက်တဲ့ သတင်းတွေ ရေးသားချက်တွေကို ချုပ်ကြည့်လိုက်တော့
-ဧရာဝတီ မြစ်ဆုံနဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့အနေနဲ့ တရုပ်သံရုံးမှာ ပြည်သူတွေက ဆန္ဒပြမယ်ဆိုတာ ကြားရတယ်
- တရုပ်သံရုံးမှာ မြန်မာပြည်သူတွေဆန္ဒပြမှာကို ရန်ကုန်က ရဲတွေ၊ ထောက်လှမ်းရေးတွေက အကာအကွယ်ပေးတယ်
- အင်္ဂလန်မှာ နေထိုင်သူ သူရိန်ကျော်ဇောလို့ ထင်ကြေးပေးခံနေရသူ ၀တုတ် က “ကြိးဒေါ်စုသို့ ပေးစာ” မှာ တရုပ်ကို အတွေးအခေါ်အရ အကာအကွယ်ပေးထားတာတွေ့ရတယ်
“တရုတ်ကို ဆဲ တယ်၊
ခြေလေးချောင်း ကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ်
ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ်မှတ်ပြီး အမေစု၊
အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံ ရေးတာဝန်ကျေပြီလို့ ခံယူထားသူတွေ
အများကြီးပါ။”
- အမျိုးသားနိုင်ငံရေးအဖြစ်တင်စားခံနေရတဲ့ ဧရာဝတီ ကို ဖျက်ဆီးလိုသူ တရုပ်ကို အတွေးအခေါ်အရ အကာအကွယ်ပေးနေသူ ၀တုတ် ရဲ့ ဆောင်းပါးကို မဲဆောက်က လူထုတိုက်ပွဲ ကော်မတီဝင် (အခုနှစ်စပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တဲ့ ဆောင်းပါးတွေကို ဒေါက်တာလွဏ်းဆွေ တင်ခဲ့ဖူးပါတယ်။ အဲဒီတော့ အသံတွေထွက်ပါတယ်။ အသံတွေထွက်တော့ ဒေါက်တာလွဏ်းဆွေ ကာကွယ်ရေးသမားများက ဒေါက်တာလွဏ်းဆွေက စာနယ်ဇင်းသမားမို့ ဖွတာပါလို့ တုန့်ပြန်ခဲ့တာ သတိရသွားလို့ ဒေါက်တာလွဏ်းဆွေဟာ နိုင်ငံရေးအဖွဲ့အစည်း နောက်ခံမရှိတဲ့ စာနယ်ဇင်းသမား မဟုတ်ဘူး။ လွတ်လပ်တဲ့ စာနယ်ဇင်းသမား မဟုတ်ဘူးဆိုတာ ထင်ရှားစေချင်လို့ ဒါကို ထည့်သွင်းဖေါ်ပြတာပါ) ဒေါက်တာလွဏ်းဆွေဆိုသူက အလေးအနက်ထားပြီး တင်ပြပေးနေတယ်
ဆိုတဲ့ အချက်တွေကို တွေ့မြင်နေရပါတယ်။
nyo htet
Posted by
ဖိုးညို
at
3:16 AM
0
comments
လာပြီဟေ့
အနှီ အေဘီစီက ဝ၊တုတ်၊ပေါ တို့ ဝနေက စနေတို့ ၏ အာဘော်ကို (ဘုရားစူးရစေ့)
လေးစားစွာ လေ့လာခဲ့ပြီး တွေ့ရှိသမျှမှာ..
၁) လူထုခေါင်းဆောင် ပြီသလိုလျှင် (အမျိုးသမီးမှန်က) နံ့သာလိမ်းကျံ ပန်းမပန်ရ။ လူထူထူမှာ စကားမပြောရ၊ ဘယ်သူ့ကိုမှပြုံးမပြရ၊ ပြီးတော့ (ဘာအကြောင်းကြောင့်ဖြစ်ဖြစ်)
ဘောလုံးပွဲမကြည့်ရ၊ ပြီးတော့ ငြိမ်းချမ်းရေးစကား ယောင်လို့တောင် မပြောရ။ ရန်သူနှင့် တစားပွဲတည်းမထိုင်ရ၊ ရန်သူနှင့် မစေ့စပ်ရ၊ ပြီးတော့..ပြီးတော့
၂) လူထုခေါင်းဆောင် (အမျိုးသား) မှန်က (အစ ဘယ်ညာ အချမှားမည်စိုး၍) ခေါင်းပေါင်း မပေါင်းရ၊ ရန်ငါမျဉ်းမကျူးရ၊ ပန်းနံ့သာ ကိစ္စမှအပ အမှတ်စဉ်(၁) က အတိုင်း။ (လူထုခါင်းဆောင် အလောင်းလျာများ ဖြစ်ကြကုန်သော ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ကိုဌေးကြွယ် ကိုမင်းဇေယျာတို့ မမီးမီး မနီလာသိမ်းတို့၊ မစုစုနွေး တို့နှင့်တကွ အကျဉ်းစံ အကျဉ်းလွတ် ရွက်ပုံးသီးများ အပါအဝင် အားလုံးသတိပြု ကြပါစေကုန်)
၃) လွတ်မြောက်ရေးဆိုသည် လက်ဝေခံ၍ မရ၊ တိုက်ယူမှရသည်။ လက်နက်ချင်းမမျှလည်း ကိစ္စမရှိ၊ မဝင်းမော်ဦးလို သမီးရတနာလေးတွေ နောက်ထပ် ရာဂဏန်းမျှ ရှေ့ကထားလိုက်ရုံနှင့် ပွဲပြီးပြီ။ ဘုရား..ဘုရား။(သူတို့ဝေါဟာရ အချောင်သမား ပညာတတ်ညဉ်နှင့်) သူခိုးလူဟစ်သလို ပြော (လှုံ့ဆော်) ရက်သည်က “ဒီအဖွားကြီး မဝင်းမော်ဦး ကိုမှ အားမနာ သစ္စာမစောင့်” တဲ့။ မဝင်းမော်ဦးတို့ လို အနာဂါတ် တောက်ပြောင် သင့်သည့် နိုင်ငံ့သည်းပွတ် လေးများ (နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို) ဘာအကြောင်းပြနှင့်မှ ထပ်မံ (ထပ်မံ) အစတေး မခံစေလို၍ သူ့ကိုယ်သူ (တကယ့်သေနပ်နှင့် လေသေနပ်တွေ) အကြားမှာ စတေးခံကာ ကျဉ်းကျဉ်းကျပ်ကျပ် လှုပ်ရှားနေသူ (မရိုသေ့စကား) စူပါစတား၊ ဇာတ်ပျက်၊ အဖွားကြီး အခေါ်ခံ (နေလိုက သင်းတို့ထက် နေသာသော) အမေအရွယ် အဖွားအရွယ် တခေတ်တယောက် မိန်းမသား တဦး၏ စေတနာ ကို အသိအမှတ်ပြုရန် ငြင်းဆန်နေကြသည့် သူတို့ အတ္တ မှာ စော်ကားသည် ဟူသော စကားကပင် (သူတို့စကားနှင့်ပင် သူတို့ကိုပြန်ပြောရလျှင်) အလေးနီပြုလောက် ပါပေသည်။
၎) နိပါတ်တော်လာ လူဆိုးသူခိုးတို့၏ အမွေးမြူခံ (စင်စစ်သူတို့ကို မြွေပွေးသဘွယ် ခါးပိုက်ပိုက်ထား ကြကုန်သော တိုင်းပြည်နိုင်ငံများသည် လူဆိုးသူခိုး မဟုတ်ရုံမက သူတို့ဖျက်ဆီးရန် မဆုတ်မနစ် ကြံနေကြသော သူတို့မွေးဖွားခဲ့ရာ သူတို့ဇာတိမြေမှ ပြည်သူတွေအပေါ် သူတို့ထက်ပို၍ပင် မေတ္တာထားကြသည်ကို စိုးစဉ်းမျှ သံသယဖြစ်ဘွယ် မရှိ၊ သူတို့၏အဇ္ဈတ္တ ကိုက သားရေပေါ်အိပ် သားရေနားစား ခြင်း၌ ဝါသနာထုံခြင်း ဖြစ်ပေမည်။ ဤကားစကားချပ်။)
ကျေးမိုက်သို့ ဟေ့..ဝိုင်းကြပါ တော့လား၊ ချကြပါတော့လား၊ အာရပ်နွေဦးမှာ
မြူးကြပါတော့လား (စင်စစ် အာရပ်လို အရပ်မျိုးမှာ နွေဦးရှိနိုင်မရှိနိုင် ကျွနုပ်မသိ သူတို့လည်း သိပုံမပေါ်) လစ်ဗျားကလှိုင်းကြီး စီးကြပါတော့လား ဟု ခပ်မိုက်မိုက် ခပ်ဖိုက်ဖိုက် (တချိန်က ငါးသိုင်းချောင်းမြို့သား ကဗျာနီဆရာသမား ရေးဖွဲ့ဘူးသလို) ပြည့်တံဆာခန်းမှာ အိပ်မောကျနေဆဲ ဆိုက်ကားဘီးပေါက်သံကြောင့် လန့်နိုးသည့် လေသံမျိုးဖြင့် အော်နေကြ သည်မှာ ယိုသူမရှက် မြင်သူရှက် ကွက်တိဖြစ်နေ လေ၏။ လုပ်စားခံရဖန်များ လွန်း၍ နောကျေနေသော၊ သင်းရို့ အာဏာရှင်တွေ နှင့် အာဏာတည်ဆောက် ချင်ခြင်းကြီးသူတွေ အကြားမှာ ချိနဲ့နေပြီလည်းဖြစ်သော ပြည်သူတွေ တုတ်တုတ် (သူတို့နာမည်မဟုတ်) မျှ မလှုပ်သော အခါတွင်မူ ဒီအဖွားကြီးကြောင့်၊ ဒင်းရှုပ်နေလို့ဟု ယိုးစွပ်ကြပြန်သည်။ တဦးကဆိုလျှင် လွန်ခဲ့တဲ့ ၂၃ နှစ်လုံး ဒင်းဘာမှမလုပ်ခဲ့ဘူး ဟု အရူးချေးပန်း သံယောင်ဟစ်လိုက်သေး၏။ ၂၃ နှစ်လုံးလုံး အဖွားကြီး၏ ခြေ၊လက်၊ပါးစပ် တွေတုပ်နှောင် ပိတ်ဆို့ ခံနေခဲ့ရစဉ် သူတို့ရဲ့တန်ဘိုးရှိတဲ့ အချိန်တွေ (ဘီယာဆိုင်၊ ဖဲဝိုင်း၊ ကာရာအိုကေ နဲ့စိုပြေချိန် အပါအဝင်) ဘယ်လောက် ပြည်သူအတွက် လုပ်ခဲ့ပါသလဲ ဟု သူတို့ကိုယ်သူတို့တော့
မေးဖြစ်ကြပုံ မပေါ်။
ယပ်လှဲ ပရိတ်တရားအရေး။
ပစ္စည်းမဲ့သောမမဲ့သော ခေတ်အဆက်ဆက် အရပ်တကာ လူတကာ တို့၏ အကော်ရော် ခံရသူ စာရေးဆရာကြီး ဂေါ်ကီ ရေးသားပြီး စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်ဆို ခဲ့ဘူးသည့် “ဖိုးမာဂေါ်ဒီယက်” အမည်ရှိ ဝတ္တုစာအုပ် မှ ကြံကြံဖန်ဖန် မှတ်မိနေသေးသော စကားတခွန်း ကိုးကားခွင့်ပြုပါ။ “ ဒီလူ (တွေ) ဟာ ခြင် လိုဘဲ။ တဝီဝီနဲ့ နားညီးအောင်လုပ်တယ်၊ လစ်ရင်လစ်သလို ဝင်လဲကိုက် တတ် (ကြ) သေးတယ်” ဟူသတတ်။ ဘာမှမဟုတ်ဘူး ဆိုရင်တောင်မှ ကျီးလန့်စာ စားနေကြရတဲ့ ပြည်သူတွေ အလကားနေရင်း အိပ်ရေးမပျက်ရအောင် သုံးဆယ့်တစ်ဘုံ ခြင်ရန်ကာကွယ်ရေး အသိလေးတွေ ပေးထားကြရင် ကောင်းမလားတွေးမိကြောင်းပါခင်ဗျား။
မှတ်ချက်။ အရင့်အရင် ဒီဘလော့မှာ ဒေါက်တာလွှတ်ဆွ လို့ချစ်စနိုး ကျီစယ်တာတွေ တွေ့တိုင်း ဒီလူတွေတော်တော်ဆိုး ဟု ကြားက အမနာပရ ဘူးပါတယ်။ ခုတော့ (စိတ်မဆိုးဘူး ဆိုရင်) အို့ ဟိုး ဒါ့ကြောင့်ကိုး လို့ ပြောကြည့်ချင် ပါတယ်။ လေးစားရပါသော မြှားနတ်မောင်တို့ ၏ အရှင်သခင် အယ်ဒီတာဂိုဏ်းဝင် ဒေါက်တာကြီးခင်ဗျား၊ ထိုစကားကြောင့်ဖြင့် ရွှေစိတ်တော်ညို အလိုမကျဖြစ်မည် မထင်ပါ၊ ဖြစ်မိသည့်တိုင် ဤဝေဖန်ချက်ကို ပြည်သူ့သဘောထား ခံယူနိုင်ရန် အလို့ငှါ(နောက်ဆုံးစာပိုဒ်အားဖြုတ်၍ဖြစ်စေ)
ဖေါ်ပြပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
Posted by
ဖိုးညို
at
2:27 AM
0
comments
Labels: သရော်စာ, အက်ဆေး။ဝတ္ထုတို
Wednesday, September 21, 2011
အစိုးရသစ် အနေနဲ့ အကျိုးစီးပွားကြောင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လျစ်လျှူရှု
ဆုံဆည်းရာ၊ ၂၁ ရက် စက်တင်ဘာလ ၂၀၁၁
(၆.၉.၂၀၁၁) တွင် သမ္မတ ဆီသို့လိပ်မူကာ သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စစ်ဗျူဟာနှင့် သက်ဆိုင်ရာ ဌာန အသီးသီးသို့ စင်္ဂပူနိုင်ငံမှ ဧရာမ သဲစုပ်သင်္ဘောကြီးများ မြို့နှင့် အလွန်နီးကပ်စွာ သဲစုပ်နေမှုကြောင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ကမ်းပါပြိုမှုများ ငါးနှင့်၊ပုဇွန်များ ရှားပါးနေသည့် အပေါ် အရေးယူဆောင်ရွက်ပေးပါရန် တိုက်တွန်းနိုးဆော်ထားသော်လည်း ယုခုထက်ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့် အပြင် နောက်ထပ် သဲတင်ဘောကြီး (၂) စီးပင်ထပ်တိုး စုပ်ယူ လာသည်ဟုသိရှိရ။
အာစီယမ်နိုင်ငံတွေရဲ့သဲတွေကို စလုံးတို့ ဂျပန်တို့က၀ယ်လို့ ကျွန်းငယ်တွေ ပျောက်
ရေဝေတောပျက်စီးလို့ သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက ပါလီမန်တွေမှာကန့်ကွက်လို့ ဥပဒေပြုပြီး တားမြစ်ခဲ့ပါတယ်။
ဧရာဝတီမြစ်ဆုံဆည် အရေးကိစ္စလိုဘဲ အရေးကြီးပြီး သန္တာကျောက်တန်းတွေနဲ့ သဘာဝကျွန်းငယ်တွေပျက်စီးဖို့ အန္တရာယ်တွေ အလွန်များကြောင်း သိရပါတယ်။ ယခုလို သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ ကိစ္စတွေကို အစိုးရသစ် အနေနဲ့ လျစ်လျှူရှုမှုတွေ ရှိတဲ့အတွက် အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေကို ပိုမိုရရှိမှာဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ် ပြောဆိုနေကြပါတယ်။
Posted by
ကိုဈာန်
at
4:27 PM
0
comments
Labels: သတင်း
Tuesday, September 20, 2011
မိသားစု သစ်တပင်
မောင်လွမ်းဏီ
လွန်လေပြီးသော
နှစ်ချို့ တောက၊ မိတ်ဆွေတယောက်
မဲဆောက်အိမ်သို့ ၊ ပို့ လာဝေငှ
ပိတောက်တပင်၊ ရင်တွင်ထွေးပိုက်
စိုက်ပျိုးယုယခဲ့ပါသည်။
လူတရပ်က
ဓာတ်မီးတိုင်လောက်၊ ကြီးကောင်ပေါက်လည်း။
တနှစ်မဟုတ်
နှစ်နှစ်မဟုတ်၊ ဆယ်နှစ်မဟုတ်
တဖြုတ်ဖြုတ်ကြွေ၊ ရက်တွေကောက်ရင်း
အခေါက်ရင့်လာ၊ အပွေးမာလည်း။
စည်ပင်သာယာ
မကြာခန၊ လာကြ ခုတ်ဖြတ်
ဓာတ်မီးကြိုးထိ၊ ငြိလေလေတိုင်း
ဆဲရေးတိုင်းထွာ၊ ထိုင်းစာမတပ်ငြား
အိုင်စပ်တခွန်း အော်မိတယ်။
ပိတောက်မထိနဲ့ 
ဓားကြည့်ဆိုတဲ့၊ သူအိုနှပ်စား
မိတ်ဆွေများကိုလည်း၊ လေးစားမိတယ်။
အိမ်ကိုလာကြ
ပိတောက်ချစ်သူ၊ ခလေးသူငယ်
ပျိုရွယ်လုံမ
ပိတောက်ပွင့်လား၊ မွှေးရီလား အဘ
ငေးမျော်ကြတယ်၊ မေးကြတယ်။
သင်္ကြန်နီးရင်
အိမ်ရှင်မက၊ ဖွဖွဆုတောင်း
မိုးလေကောင်းသစ်၊ ဒီတနှစ်တော့
သူချစ်တဲ့ပန်း ပွင့်ပါစေ။
ကျနော်တယောက်လည်း
ပိတောက်ပင်အောက်၊
လောက်ခေါင်သောက်ရင်း
ရှေ့ နှစ်လောက်များ
ပွင့်မလားနဲ့  ချစ်အားငယ်ငယ်။
ဆယ်နှစ်လည်း မဖူး
ဆယ်နှစ်ကျော်လည်း မပွင့်
သက်ရင့်ပိတောက်၊ ပင်စည်အောက်ခြေ
ထမီပတ်လေ၊ ယတြာချေတဲ့
တချို့ တွေက အကြံပြုတယ်။
တချို့ ကလည်း
အပင်ခြေရင်း၊ မြေတလင်းမှာ
ထင်းမီးမြှိုက်ပေး၊ တဖြေးဖြေးနဲ့  ပွင့်လိမ့်မယ်တဲ့။
ကျနော်တို့ မိသားစု
အခု
ထုံထောင်းက ဘုံပြောင်းခဲ့ကြရပေမဲ့။
ထိုအိမ်လေးက
ပိတောက်ပွင့်ရက်
ဆက်ဆက်စောင့်ကြိုနေဆဲပဲ။
မောင်လွမ်းဏီ
၁၈ - ၉ - ၂၀၁၁
အိုင်စပ် = ထိုင်းဘာသာ၊ တိရိစ္ဆာန်
Posted by
ကိုဈာန်
at
12:20 PM
0
comments
Labels: ကဗျာ
ဘောလက်ချာ၊ ဘောစည်းကမ်း … စသည်အားဖြင့် ဘောစကားပြောလာသူဟာ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ မြေးဖြစ်သူ သူရိန်ကျော်ဇောဖြစ်ကြောင်း တဦးတယောက်မှ ပြောကြားလာ
လတ်တလောဆောင်ရွက်နေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး လုပ်ငန်းစဉ်များအား သဘောမတူကြောင်း ရေးသားထားပြီး
“ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ တရုတ်ကို ဆဲ တယ်၊ ခြေလေးချောင်း ကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ်မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံ ရေးတာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။”
ဟုဆိုကာ လတ်တလောဖြစ်ပျက်နေသည့် ဧရာဝတီဖြစ်ဆုံတွင် ရေကာတာဆောက်နေသည့် တရုပ်နိုင်ငံအား အမြင် သဘောထား တမျိုးတမည်ပေးလာသူ။
ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထု၏ အားကိုတကယ်တမ်းမယုံ ယမ်းကီး (အမေရိကန်) ၏ ဖိအားကိုသာ အားကိုးသူ
“ခု ဇော်ဇော့်ဆီက ဘောလက်ချာ လာယူတော့မှပဲ ဒေါ်စုနှယ် ဘောစည်းကမ်း နားလည်ဖို့ ဘာ့ကြောင့် နှစ်နှစ်ဆယ် စောင့်ရသလဲဆိုပြီး မေးခွန်းထုတ်မိတယ်။”
ဘောလက်ချာ၊ ဘောစည်းကမ်း … စသည်အားဖြင့် ဘောစကားပြောလာသူ ဘောစာရေးဆရာ၏ ဘောစာ (ယောင်လို့) “ကြီးဒေါ်စုသို့ ပေးစာ” အား ဘောဘလော့ဂါ ဒေါက်တာလွဏ်းဆွေမှ (အဲလေ) ဒေါက်တာလွဏ်းဆွေ၏ ဘလော့ခ်တွင် တင်ပြထားရာ ၎င်းစာအား ရေးသားသူ “၀တုတ်” မှာ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော်၏ မြေးဖြစ်သူ ဖြစ်ပြီး အင်္ဂလန်တွင်နေထိုင်ကာ ယခင်က BBC တွင် လုပ်ကိုင်ခဲ့ဖူးသူ “ကိုသူရိန်ကျော်ဇော” ဖြစ်ကြောင်း ironheel မှ ဒေါက်တာလွဏ်းဆွေ၏ ဘလော့ခ်ကွန်မင့်တွင် အောက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရသည်။
“ဝတုတ်ရေ မင်း အဘိုးမျက်နှာတောင် မထောက် မရှက်ဘူးလား။ ဝတုတ်ဆိုတာ ဗိုလ်ချုပ်ကျော်ဇော် မြေးပါ။ အရင် ဘီဘီစီမှာ လုပ်ခဲ့တဲ့ သူရိန်ကျော်ဇော ဆိုတဲ့ ပုဂ္ဂိုလ်ပါ။ မင်းအဖိုး မသေသေးပါဘူး။ မင်းဖာသာမင်း နေချင်သလိုနေလို့ရပေမယ့် သူ့မျက်နှာတော့ ထောက်သင့်ပါတယ်။ မောင်ရင် အင်္ဂလန်မှာ အေးအေးနေပါ။ တိုင်းပြည် အတွက် အခုလို မိုက်မိုက်ရိုင်းရိုင်း စာတွေရေးတာက လွဲလို့ မောင်ရင် ဘာတွေ လုပ်ခဲ့လဲ။ ဟိုတကောင် ဘိုဘိုလန်းစင် "သူမသည် ဘောသို့သွားသည်တဲ့" မင်း ပို့စ်မှာ ရေးထားတယ်။ သူ့အဖိုး၊ အဖွား (လူထု ဒေါ်အမာ၊ လူထု ဦးလှ) တို့ မျက်နှာမှ မထောက်၊ ဟိုလူ့ဆဲ ဒီလူ့ဆဲနဲ့ မပြည့်အိုးတွေ။ မင်းတို့ ကိုယ့်ဖာသာ မေးကြ ဘာလုပ်ခဲ့သလဲဆိုတာ။”
သတင်းပေးပို့သူ - ညိုထက် (လမ်းသစ်ဦး)
၁၉ - ၀၉ - ၂၀၁၁
Posted by
ဖိုးညို
at
2:38 AM
0
comments
Labels: သတင်း
Monday, September 19, 2011
“ရွှေဝါရောင်” ဟာ “တော်လှန်ရေး”
ညိုထက် (လမ်းသစ်ဦး)
ဗုဒ္ဓဘာသာဝင်တိုင်းဟာ
“ကုသိုလ်” နဲ့ “အကုသိုလ်” ကိုသိတယ်
ဘာလို့လည်းဆိုတော့
ရှင်ကြီးဂေါတမက
“အကြောင်းကြောင့်သာလျင် အကျိုးဖြစ်ကုန်၏” လို့
အခိုင်အမာ ယုံကြည် ညွှန်ပြခဲ့လို့ဖြစ်တယ်
တကယ်တော့
“ကံ - ကံ၏ အကျိုး” ဆိုတာ
ကံ အကျိုးပေးမှုဆိုတာ
ချွန်းချက်မရှိဘူး
ကျောသား - ရင်သား မခွဲခြားဘူး
တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး
ဒါ့ကြောင့်ပဲ
ရွှေဝါရောင် ဟာ တော်လှန်ရေးဖြစ်တာ ဖြစ်တယ်။
ညိုထက် (လမ်းသစ်ဦး)
၁၂ - ၀၉ - ၂၀၁၁
Posted by
ဖိုးညို
at
9:55 PM
0
comments
Labels: ကဗျာ

