Wednesday, August 31, 2011

BALANCE

i won't take over your whole world
i won't let you invade mine at all
i don't hate you whenever i rise or fall

we,all are alike here to survive
we,all want to guide our own rights
we,all like to obey our own choice

you might want the thing that i want
you might hunt the fray that i hunt
lets build some space that empty and blank

lets drink before the strong beer goes flat
lets think before the wrong answers go ahead
but we must have to use each others' respect

my mind can read your intrinsic value
your eyes can see my organic view
we should realize more than we knew

even if you have to cooperate in my geo-politic,
even if i have to participate in your eco-politic,
the balance must be the right balance

would you trust or would you doubt
we,all are on the balance-driven spinning earth

A'karikz Yannaing

အပြည့်အစုံသို့...

Tuesday, August 30, 2011

မင်းတို့ ယန်စီကိုချစ်သလို

ငါတို့လည်း ဧရာဝတီကိုချစ်တယ်

တရုပ်ကွန်မြူနစ်ပါတီနဲ့ တရုပ်ပြည်သူအစိုးရဟာ

ဖြူ ချင် ဖြူ၊ မဲ ချင် မဲ

ငါတို့ ဧရာဝတီဟာ

ကြွက်မဟုတ်ဘူး

သတိရှိကြ

ကျူးကျော်ရေးတပ်တွေဟာ

အင်ဂျင်နီယာတွေအဖြစ်

ငါတို့ရဲ့

အချုပ်အခြာ အာဏာကို သိမ်းယူနေတယ်

ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံသို့...

ဧရာဝတီမှာ ရေကာတာ လာမဆောက်နဲ့
ယန်စီမှာ သွားဆောက်


ညိုထက် (လမ်းသစ်ဦး)

အပြည့်အစုံသို့...

Sunday, August 28, 2011

“ဆင်” ဖြစ်တယ်

ညိုထက် (လမ်းသစ်ဦး)

သဘောတရားတခုကို

လူထုက

အခိုင်အမာ ယုံကြည်ဆွဲကိုင်လိုက်တဲ့အခါ

အင်အားဖြစ်သွားသတဲ့။

အဲဒီလိုနဲ့

ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ

လက်တွေ့အင်အားဖြစ်လာတယ်။

ပြောကြတယ်

“ဆင်” သွားရင် “လမ်း” ဖြစ်သတဲ့။

ဆရာဇော်ဂျီကတော့

“ရသစာပေအဖွင့်” မှာ

သွားပါများရင် “လမ်း” ဖြစ်တယ်လို့ ပြောတယ်။

“ဆင်” သွားရင် “လမ်း” ဖြစ်သလို

သွားပါများရင်လည်း “လမ်း” ဖြစ်တယ်ဆိုတော့

ဒီလိုတွေးမိတယ်

“လမ်း” ဖြစ်အောင်သွားနိုင်သူဟာ “ဆင်” ဖြစ်တယ်။

အဲဒီလိုနဲ့

ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ

လက်တွေ့အင်အားဖြစ်လာတယ်။

ညိုထက် (လမ်းသစ်ဦး)

၁၂ - ၈ - ၂၀၁၁

အပြည့်အစုံသို့...

Friday, August 26, 2011

အမျိုးသားနိုင်ငံရေး

နီ ချင် နီ

ဖြူ ချင် ဖြူ

စိမ်း ချင် စိမ်း

ဝါ ချင် ၀ါ

ဧရာဝတီကိုမချစ်တဲ့အခါ

ဒါ

တိုင်းပြည်ကို သစ္စာဖေါက်တာဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)

၁၅ - ၈ - ၂၀၁၁

အပြည့်အစုံသို့...

အခမ်းနားဆုံးသော သက်ရှိကဗျာ

ဧ ရာ ဝ တီ ...
ကြည်ကြည်လင်လင် ပီပီသသ
လှပတဲ့ မြစ်တစ်စင်း
သွေးချင်းတို့အပိုင်
ငါတို့နိုင်ငံရဲ့ ရတနာ
မြစ်နှစ်ဖြာရဲ့ ရင်နှစ် ...။

ဧရာဝတီ ... ဧရာဝတီငဲ့ ...
လူသားတွေအပေါ် သင်တာဝန်ကျေခဲ့သမျှ
သင့်အလှည့်ကျကာမှ
မကြားဝံ့ မနာသာ
နားနဲ့မနာ ဖဝါးနဲ့လည်းမနာ
ရင်ဘတ်တစ်ခုလုံးနဲ့ နာ ...
ဧရာဝတီ မျက်ရည်ကျရှာတယ် ... ။

အငြင်းပွားမနေကြနဲ့
အချင်းများမနေကြနဲ့တော့
တစ်သားတည်း တစ်ညီတူ
ဧရာဝတီကို ကူကယ်ကြဖို့
ငါတို့ရဲ့ မေတ္တာဆေးမြီးတိုနဲ့
စွမ်းသလောက် ဖေးမ
ခမ်းနားလှပတဲ့ ရာဇဝင်များရဲ့ ပိုင်ရှင်ကို ...။

ဧရာဝတီ ... ဧရာဝတီရယ် ...
အားမပျော့ပါနဲ့
အားမလျှော့လိုက်ပါနဲ့ ...
သင့်ရဲ့ သေဆုံးခြင်းဟာ ငါတို့ရဲ့ သေဆုံးခြင်းသာဖြစ်တယ်
ငါတို့အားလုံး ...
ငါတို့တစ်တွေအားလုံး
ချစ်မြတ်နိုးခြင်း စာနာခြင်းများစွာနဲ့
သင့်အတွက် သင့်ဘက်မှာ
ထာဝရ ကမ္ဘာတည်သရွေ့ဆိုတာ ...
ဧရာဝတီ ကြားသိစေ ...
ဧရာဝတီ ကြားသိစေ ... ။ ။ ။
(အခမ်းနားဆုံးသော သက်ရှိကဗျာသို့)

ချစ်ကြည်အေး

အပြည့်အစုံသို့...

Wednesday, August 24, 2011

အဲဒီမှာ

အဲဒီမှာ
လွပ်လပ်ရေးကျောက်တိုင်တွေ ထူခဲ့ကြရဲ့
(မလွပ်လပ်ခဲ့တာကို အမှတ်ရဖို့)
အဲဒီမှာ
ငြိမ်းချမ်းရေးတေးတွေကို ဆိုခဲ့ကြရဲ့
(မငြိမ်းချမ်းခဲ့တာတွေကို သတိရဖို့)
အဲဒီမှာ
ညီညွတ်ရေးကဗျာတွေကို ဖွဲ့ခဲ့ကြရဲ့
(မညီညွတ်ခဲ့တာကို အောက်မေ့ဖို့)
အဲဒီမှာ
လှောင်အိမ်တွေဆောက်ပေါ့
(မလွပ်လပ်ခဲ့တာကို အမှတ်ရမှုများအတွက်)
အဲဒီမှာ
နံရံတွေ တည်ပေါ့
(မငြိမ်းချမ်းခဲ့တာကို သတိရမှုများအတွက်)
အဲဒီမှာ
ကဗျာတွေကို သတ်ပေါ့
(မညီညွတ်ခဲ့တာကို အောက်မေ့မှုများအတွက်)
အဲဒီမှာ
...............။ ။

စံညိမ်းဦး
(၆၃ နှစ်မြောက်လွပ်လပ်ရေးနေ့ ကဗျာများမှ)

အပြည့်အစုံသို့...

ဗြဟ္မာဦးခေါင်း

အများအလိုကျ
အထားအသိုမတတ်ဘူး

အခက်အခဲတွေက
ဝှက်ဖဲလို

ရူးမိုက်စွာ
ဦးခိုက်ခဲ့တယ်

ဆန့်ကျင်လိုက်
စတန့်ထွင်လိုက်ပဲ

ရူးသွပ်စွာ
ဦးညွတ်ခဲ့တယ်

အဖြစ်အပျက်တစ်ခုမှ
နှစ်သက်မှုမပါဘူး

ခူးလိုက်တာနဲ့
စူးစိုက်သွားမဲ့ ဒသနတွေထဲ

အရေးကြီးရင်
အစည်းပြေတယ်

သုံးသပ်ရရင်တော့
အသုံးမကျတဲ့ကောင် ပေါ့

လျှောက်သွားရင်
ပျောက်သွားမဲ့ လမ်းပေါ်
ဂေါက်သွားတဲ့ ဦးနှောက်တစ်လုံး။

သုအိုင်စံ

အပြည့်အစုံသို့...

Tuesday, August 23, 2011

DKBA မာနယ်စိုး စစ်ဆင်ရေး

အပြည့်အစုံသို့...

ကချင် စစ်ပြေး ဒုက္ခသည် မှတ်တမ်း

War Refugee from Partners Relief & Development on Vimeo.


အပြည့်အစုံသို့...

KIA နှင့် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲ - အပိုင်း (၃)

အပြည့်အစုံသို့...

လွှတ်တော်အတွင်း အကျဉ်းသားအားလုံး လွှတ်မြောက်ရန်တောင်းဆို

ဆုံဆည်းရာ၊ သြဂုတ်လ ၂၃ ရက် ၂၀၁၁

ယနေ့ နေပြည်တော် ကျင်းပနေသော လွှတ်တော်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အကျဉ်းသားအားလုံး လွှတ်ပေးရန် အဆိုကို တင်သွင်းမည်ဖြစ်ကြာင်း ကြားသိရသည်။

အဆိုပါ အဆိုတင်းသွင်းမှုကို အခြားနိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များက ၀ိုင်းဝန်း ထောက်ခံကြမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီများ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

`အကျဉ်းသားအားလုံးဆိုတဲ့အတွက် ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသူများလည်း ပါဝင်နိုင်တယ်၊ အကျဉ်းသား အားလုံးလွတ်မြောက်နိုင်တယ်`ဟု အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။


မြစ်မခ မီဒီယာ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။ http://www.facebook.com/notes/myit-makha-mediagroup/%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8-%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9/276408559041671

အပြည့်အစုံသို့...

Friday, August 19, 2011

စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဆုံဆည်းရာ၊ သြဂုတ်လ ၁၉ ရက် ၂၀၁၁

ယနေ့ နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ နေအိမ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်များမှ လူပုဂ္ဂိုလ်ပေါင်း ၅၀၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ပအခြေစိုက် “ဗဟု” အဖွဲ့မှလည်း စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရသည်ဟု သိရသည်။

အပြည့်အစုံသို့...

သိန်းစိန်အစိုးရ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့
ကြေညာချက်အမှတ် ၁/၂ဝ၁၁
၁၃၇၃ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက် (၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ရက်)

၁။ နိုင်ငံတော် အစိုးရသည် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကို တည်ဆောက်ရန် အတွက် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူ တရပ်လုံး ပူးပေါင်း တည်ဆောက်သွားရန် အထူးပင် လိုအပ်သည်ဟု ယုံကြည်ပါသည်။

၂။ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့ တစ်ဖွဲ့ချင်း အလိုက် ပထမအဆင့် အနေဖြင့် ပဏာမ ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၃။ မဏာမ ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော် အစိုးရဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

အမိန့်အရ

(တင်မျိုးကြည်)
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

အပြည့်အစုံသို့...

Wednesday, August 17, 2011

ပြည်ပသို့ ရောက်ရှိနေသူများကို ပြန်လာခွင့် ပြုသည်ဟု သိန်းစိန်ပြော

ဆုံဆည်းရာ၊ သြဂုတ်လ ၁၇ ရက် ၂၀၁၁

ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဦးသိန်းစိန်က ၁၉၈၈ ခုနှစ် နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက်အတိုက်အခံများအပါအ၀င် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လာ၍ရကြောင်း ပြည်ပသို့ ရောက်ရှိနေသူများကို ပြန်လာခွင့် ပြုသည်ဟု အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားခဲ့သည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု အဆိုပါမိန့်ခွန်းတွင် ပြောကြားသည်။

အပြည့်အစုံသို့...

Tuesday, August 16, 2011

ပြည်ထောင်စု

အပြည့်အစုံသို့...

ငါတို့ဘောလုံးအသင်း

အ၀ါကဒ်တွေလည်းရ အနီကဒ်တွေလည်းရ
မူမမှန်တဲ့ခေါင်းဆောင်တွေနှုတ်ထွက်သွားခဲ့ကြ
ဟိုနားတဘုန်းဘုန်းလဲကြ ဒီနားတ၀ုန်းဝုန်းကွဲကြ
ရဲဘော်တွေတသီတတွဲကြီးဖိတ်စင်ကျဆုံးကြရ
"ဂိုး" လို့ထအော်ချင်နေတဲ့ပရိသတ်ကပွဲကိုအားမရ
လူလဲကစားဖို့ကလည်းမျိုးဆက်သစ်ကခါးချိုးခံထားရ
အမှန်တရားကိုယ်တိုင်ဒိုင်လူကြီးဝင်လုပ်တာတောင်မှ
ဘောလုံးဟာဂိုးဧရိယာစပ်ကိုအခုထိမဖြတ်
သေနတ်ပြကစားတဲ့ရန်ဘက်တွေကလည်းကြမ်းရမ်းညစ်ပတ်
တစ်ယောက်တည်းကစားချင်တဲ့ကိုယ့်ကောင်တွေကလည်းပေကပ်ကပ်
ခေါက်ဆွဲစားချင်တဲ့ကိုယ့်ကောင်တွေကိုလည်းအပစ်ပေးဒါဏ်ခတ်မရ
၁၉၄၇ခုနှစ်ဟာဒီပွဲနဲ့ဒီပြသနာတွေရဲ့အစ
ဒီညနေမှာပဲဒီပွဲကိုကြိုးစားအနိုင်ယူအဆုံးသတ်
ဆရာစံဆန်ဆန်ကစားသမားတွေက
ဓါးအိမ်ကိုကိုင်ပြီးဓါးကိုပြန်လိုက်ရှာကြ
ဂန္ဒီဆန်ဆန်ကစားသမားတွေက
ဓါးနဲ့မတိုက်လည်းစကားနဲ့တိုက်ကြ
ဘယ်လိုကန်ကန်ဂိုးရဖို့သာအဓိက
လူထုကိုအမြန်ဆုံးကယ်တင်ကျေးဇူးဆပ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

နေပြည်တော်တွင် ၀န်ကြီးအချို့အား အစိုးရအဖွဲ့မှ ထုတ်ပယ်

ဆုံဆည်းရာ၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁

အစိုးရသစ် လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း ကိုင်တွယ်ရရသည့် ၀န်ကြီး ဦးကျော်ဆန်းအပြင် ၀န်ကြီးတချို့ကို ရာထူးမှ ထုတ်ပယ်လိုက်သည့် အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်နေပါသည်။

ယခင် နအဖ စစ်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ဆန်းသည် သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာစတင်ယူပြီး ၄ လကျော်အကြာတွင် နေပြည်တော်၌ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ပ သတင်းဌာန ကိုယ်စားလှယ်များနှင့် ပြည်တွင်း စာနယ်ဇင်းသမားများကို ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ၃ ရက်ကြာတွင် ယခုလို ၀န်ကြီးအဖြစ်မှ ထုတ်ပယ်လိုက်သည့် သတင်းများ ထွက်ပေါ်နေသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ နှစ်ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစား မှုများနှင့် စုံစမ်းဆေးလျက်ရှိပြီး လက်ရှိထမ်းဆောင်နေသော ရာထူးတာဝန်များကို ခေတ္တဆိုင်းငံ့ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အပြည့်အစုံသို့...

ရသခါးခါး

“မထားခဲ့ ပါနဲ့  အမေရယ်”
“ကြောက်တယ်…သူတို့ ကိုကြောက်တယ်”
“တယောက်ထဲ မထားခဲ့ ပါနဲ့ …”
နှုတ်ဖျားက အသံကုန်ဟစ်အော်ရင်း အိုးစားကွဲ နေတဲ့ ခန္ဓာကိုယ်က စိတ်ဝိညာဉ်နဲ့ 
ပြန်ကပ်စပြုလာတယ်။ ပထမဆုံးသတိပြုမိတာက ခန္ဓာကိုယ်တခုလုံး နေရာလပ်မရှိအောင် နာကြင်နေမှု….ပြီးတော့ စိုရွှဲနေတဲ့ ခန္ဓာကိုယ်က အေးစက်စက် သံမံတလင်းတခုပေါ်မှာ ပုံရက်သားအနေအထားနဲ့ …လေးလံနေတဲ့ မျက်ခွံတစုံက ကြိုးစားအားယူဖွင့်နေခြင်းကို လစ်လျှူရှုလွန်ဆန်နေမှု…..ဘာတွေဖြစ်ခဲ့ ပြီလဲ…မရ..လုံးဝစဉ်းစားလို့ မရ..ဦးနှောက်ထဲက နာကြင်ခြင်းတရားတွေသာ ထွက်ကျလာတယ်..အခြေအနေနဲ့ အနေအထားအတွက် မှတ်မိခြင်းဆိုတဲ့ အသိတရားတို့ က ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုပဲ… ထပ်ကြိုးစားကြည့်တယ်..မရသေးဘူး..

“ဂျိန်း……”

ကြိုးစားမှုတို့ လန့် ပြီးထွက်ပြေးသွားကြတယ်..ဟုတ်တယ်..ကျယ်လောင်စွာထွက်ပေါ်လာတဲ့  သံတခါးတခုနဲ့ အုတ်နံရံတို့  ရိုက်ခတ်သံ။ အာရုံတွေကိုဆုဆည်းလို့  လေးလံနေတဲ့  မျက်ခွံတံခါးကို မရမကနဲ့ အခက်အခဲ တွေကြားက ငါတွန်းဖွင့်လိုက်ရတယ်။ ချက်ချင်းတော့မဟုတ်ဘူး။ မနဲအားယူပြီးတွန်းလိုက်မှ တွေ့ လိုက်တဲ့ မြင်ကွင်းက……...
မီးရောင်မှိန်မှိန်အောက်က အခန်းအပြင်ဖက်မှာ ယူနီဖောင်းတစုံနဲ့ လူတယောက်လို့  ယူဆရတယ်။ သူက ခေါင်းကိုငြိမ့်လို့  တစုံတယောက်ကိုအမူအရာနဲ့ လှမ်းခေါ်လိုက်တယ်။ မသဲမကွဲခြေသံတွေသာပေါ်ထွက်လာတယ်။ ခဏဆိုတဲ့ အချိန်တိုအတွင်းမှာတွေ့  လိုက်ရတာက..နောက်ထပ်လူနှစ်ယောက်..ငါရှိနေတဲ့အခန်းထဲကိုဝင်လာနေကြတယ်။ ခုချိန်ထိ တိတ်ဆိတ်မှုကိုဖြိုခွင်းနေတာက သူတို့ ရဲ့ ခြေသံတွေ…။
ခုချိန်ထိ တိတ်ဆိတ်မှုကိုဖြိုခွင်းနေတာက သူတို့ ရဲ့ ခြေသံတွေ…။ ငါ့အနားကိုရောက်တာနဲ့  တမဟုတ်ခြင်း ငါ့ကို ပုခုံးနှစ်ဖက်ဆီကို တယောက်တဖက်ဆီ ဟန်ချက်ညီညီနဲ့  ထိုင်လျက်အနေအထားရောက်တဲ့ အထိဆွဲထူ လိုက်ကြတယ်။ အချည်းနှီးပဲ….ငါ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အရုပ်ကြိုးပြတ် ပြုတ်ကျသွားတယ်..ငါ့နှလုံးသားက ခန္ဓာကိုယ်ရဲ့  နာကြင်မှုအတွက် အမေ့ကိုတမ်းတ မိသွားတယ် (နာလိုက်တာအမေရယ်) …
သူတို့  နောက်တကြိမ်ကြိုးစားကြတယ်။ အလကားပဲ။ ပြီးတော့…နောက်တခေါက်…
ဒီတကြိမ်တော့..စိတ်တိုလာပုံရတယ်။ ပုခုံးနှစ်ဖက်ဆီကဆောင့်ဆွဲလိုက်ကြတာမို့  မူးမိုက်မှုနောက်ဆက်တွဲကိုတမဟုတ်ခြင်းခံစားလိုက်ရတယ်။ ဒါပေမယ့် ဒီတခါတော့ ငါ့ပုခုံးတွေကို ကိုင်ထားကြတယ်…ခဏအကြာမှာ ခွေးသေတကောင်လို ငါ့ကို ရုတ်တရက် ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ အခန်းပြင်ကိုရောက်နေပြီ..ခုထိ ဘာစကားတခွန်းမှ မကြားရသေးဘူး။ နာကြင်နေတဲ့ ခန္ဓာကိုယ်က နာကြင်ရာကကျော်လွန်ပြီး ထုံကြင်လာကြတယ်။ ဘယ်ကွေ့ ညာချိုးနဲ့ သွားပြီးနောက်မှာ လှေခါးတခုကိုရောက်တယ်.. ညင်သာမယ်ထင်လား… တချက်ကလေးမှ တုံ့ ဆိုင်းမှုမရှိတဲ့ ခြေလှမ်းတွေက စက်ရုပ်တွေလို စည်းချက်ကျကျလှေခါးပေါ်က ဆွဲချသွားကြတယ်။ လှေကားပေါ်က ဒရွတ်တိုက်ဆွဲ ချခြင်းခံရတဲ့ငါ မျက်လုံးအစုံကိုမှိတ်ထားပေမယ့် အသိတရားက နာကြင်ခြင်းတွေကြားမှာ အိုးနင်းခွက်နင်းနဲ့ ပါလာတယ်။ လှေခါးပေါ်ကဆင်းပြီး ဒေါင့်ချိုးတခုကိုကျော်ပြီးချိန်မှာတော့ ခန္ဓာကိုယ်က လေထဲကိုမြောက်တက်သွားတယ်။ သံတခါးသံတခုနောက်ကွယ်မှာ စိတ်နဲ့ ကိုယ် အိုးစားကွဲသွားတယ်။ ခဏလေး..တကယ့်ကို ခဏဆိုမှ တကယ့်ခဏလေးအတွင်းမှာ အမှောင်ကမ္ဘာထဲ ငါပြိုလဲသွားပြန်တယ်။
………………………………………………………………….
အသိတရားက ဘယ်လောက်ကြာကြာခရီးထွက်သွားခဲ့ လဲမသိ။ ခြောက်ကပ်နေတဲ့  နှုတ်ခမ်းတစုံနဲ့ ရေဆာမှုဆိုတဲ့ ဒုက္ခတရားက ငါ့ကိုဒီဘ၀ထဲ ပြန်ဆွဲခေါ်လာကြတယ်။ ခန္ဓာကိုယ်တခုလုံးက နာကြင်မှု၊ စိုရွှဲနေတဲ့ အ၀တ်အစားတွေနဲ့ သံမံတလင်းပေါ်မှာအနေ
ကြာမှု၊ ဆာလောင်မွတ်သိပ်မှု၊ အားနည်းနုံးခွေမှု၊ ကြောက်ရွံ့ စိုးရိမ်မှုတွေနဲ့  တစပ်စပ်တုန်ရင်း ပြန်လည်အသက်ဝင်လာတယ်။ မျက်လုံးတွေကိုဖွင့်ကြည့်တယ်။ မမြင်ရ..ဘာဆို ဘာမှမမြင်ရ..။ အမြင်အာရုံတွေချို့ ယွင်းသွားပြီလားဆိုတဲ့  စိုးရိမ်စိတ်ကြောင့်မြန်လာတဲ့  နှလုံးခုန်သံတွေက တရုပ်နဂါးဆိုင်းတခုလို ဆူညံလို့ …။ ကြောက်လန့်  တကြား ငါ့မျက်လုံးတွေကိုလက်ဖ၀ါးနဲ့ အုပ်ထားလိုက်တယ်။ မျက်ရည်ပူတွေ အလိုလို ကျလာတဲ့  အထိ။
ဒီတခေါက်တော့ အသိတရားရဲ့ အကူအညီနဲ့ ပတ်ဝန်းကျင်ကိုလေ့လာဖို့  အာရုံတွေကို စုစည်းလိုက်တယ်…ကတုန်ကယင်ဖြစ်နေတဲ့ စိတ်ကိုငြိမ်သက်ဖို့  အချိန်တခု ပေးလိုက်တယ်.. လွယ်တော့မလွယ်ဘူး..ဒါပေမယ့် ကြိုးစားမှုရဲ့ ရလာဒ်တခုတော့  ရလိုက် တယ်…တခဏ အတွင်း စိတ်တို့ တဖြေးဖြေးခြင်းတည်ငြိမ်စပြုလာတယ်။ မျက်စိတွေကိုဖွင့်ခွင့်မပေးသေးပဲ အာရုံ ခံစားမှု ယူလိုက်တယ်။ ဟုတ်ပြီ…ရပြီ။
…………………………………………………………..
စစချင်းသတိထားမိတာက အခန်းကအေးစိမ့်စိမ့်နဲ့  သံမံတလင်းခင်းပဲ။ တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတာကို အတိုင်းသားကြားနေရတဲ့ အခန်း။ လေ၀င်လေထွက်ရှားပါးပြီး ညှီစို့ စို့ အနံ့ တခုနဲ့ ဖုန်နံ့ တွေရောထွေးနေတဲ့ အခန်း။ ငါ့လက်တွေကိုဆန့် တန်းလိုက်ပေမယ့် ဘာကိုမှတွေ့ ထိမှုမရှိပုံထောက်တော့ ငါဟာအခန်းရဲ့  အလယ်လောက်ခပ်ကျကျမှာရှိနေတယ်လို့ ယူဆရတယ်။ မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်နိုင်ဘို့ အားပေးလိုက်တယ်။ ဖြေးဖြေးဆိုမှ..တကယ့်ဖြေးဖြေးလေး…ဖွင့်ကြည့်လိုက်တယ်။
သေချာတယ် .. အလင်းရောင်လုံးဝမရှိတဲ့ အခန်း။ ဖြေးဖြေးဆိုမှ..တကယ့်ဖြေးဖြေးလေး…ဖွင့်ကြည့်လိုက်တယ်။ သေချာတယ် .. အလင်းရောင်လုံးဝမရှိတဲ့ အခန်း။ နေ့ မှန်းညမှန်းမသိနိုင်တဲ့ အခန်း။ အခန်းကိုလေ့လာနေစဉ်မှာ ခွေးတကောင်ရဲ့ စွဲစွဲငင်ငင်အူသံက အခန်းရဲ့ အထက်နားခပ်ကျကျ တနေရာကထွက်ပေါ်လာတယ်။ အဲဒီခွေးအူသံက ငါဟာမြေအောက်ခန်း တခုထဲမှာဆိုတာကို အသိပေးလိုက်သလိုပဲ။ ဟုတ်ပြီ…မှတ်ဥာဏ်တွေကမှတ်မိသလိုနဲနဲရှိလာတယ်။ ဇာတ်လမ်းရဲ့ အစပိုင်းလောက် ကိုကြိုးစားခန့်မှန်းရင်း ဇာတ်ရည်လည်လာသလိုပဲ။ မီးမောင်းထိုးထားတဲ့  အခန်း…ဟုတ်တယ်..ပြီးတော့ အခန်းထဲကမေးခွန်းပေါင်းများစွာနဲ့  အသံတချို့ ရယ်၊့  နာကြင်ခြင်းတရားတွေရယ်ကို ပြန်သတိရလာတယ်။ ထိတ်လန့်ကြောက်ရွံ့ မှု က တစထက်တစ လက်ရှိဘ၀ကို နားလည် လာစေတယ်။
ဒီအချိန်မှာခန္ဓာကိုယ်ကို အားယူ လို့  မရမက ငါထထိုင်လိုက်တယ်။ ဒီအခန်းကိုဒီထက်ပိုပြီး ငါလေ့လာဖို့ လိုပြီထင်လို့ ။ ပထမဆုံး … ထိုင်ရာမထ ညာဘက်ကိုရွှေ့ သွားဖို့  စဉ်းစားလိုက်တယ်။ စဉ်းစားထားတဲ့  အတိုင်းပဲနာကြင်မှုတွေကိုအံတုရင်း ငါ့ခန္ဓာကိုယ်ကို တရွေ့ ရွေ့  တိုးသွားလိုက်တာ သိပ်မသွားလိုက်ရဘူး..ညာဘက်လက်မောင်းနဲ့ အုတ်နံရံတို့ ထိ ကပ်သွားပြီးနောက်မှာ ခန္ဓာကိုယ်ကရပ်တန့် သွားတယ်။ တခဏနားနေပြီးမှ နံရံတောက် လျှောက်ညာဘက် ကိုပဲဆက်ရွေ့ သွားလိုက်တယ်။ သံမံတလင်းကိုလက်တွေက မမြင်မကန်းစမ်းရင်းနဲ့  တဖြေးဖြေးချင်းရွှေ့  သွားလိုက်တာအပ်ချည်ကြိုးတွေနဲ့ တူတဲ့  ချည်မျှင်တထွေးကိုကိုင်မိတဲ့  အထိ။ သိချင်စိတ်တွေက တားမနိုင်ဆီးမရဖြစ်လာတယ်.. တကယ်ဆို.. ဘာဆိုတာ မြင်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ…ဆိုတဲ့ ပြင်းပြတဲ့  ဆန္ဒ..အဲဒီဆန္ဒရဲ့  နောက်ဆက်တွဲကြောင့် ချည်မျှင်တွေကြားမှာ အလုပ်များသွားကြတဲ့ ငါ့ရဲ့  လက်ချောင်းများ။ မကြာလိုက်ပါဘူး ချည်မျှင်တချို့ ဘေး ရပ်တည်နေတဲ့  အေးစက်စက်အရာတခုကို စမ်းသပ်မိလိုက်တယ်။ ငါ့ခန္ဓာကိုယ်တခုလုံးက တုန့်  ကနဲရပ်သွားကြတယ်။ စူးစမ်းတဲ့ အသိနဲ့  အကြောက်တရား လွန်ဆွဲသွားကြတယ်။ ချက်ခြင်းဆိုသလိုပဲ အကြောက်တရားကို စူးစမ်းစိတ်က နှာတဖျား အသာရသွားတယ်။ အဲဒီနောက် ငါ့လက်နှစ်ဖက်လုံးက အေးစက်စက်အရာဝတ္ထုပေါ်မှာ သုတေသနတွေ စလုပ်တော့တာပဲ။ ဟာ…သွားပြီ….။ ဘာကိုမှပြန်မရနိုင်လောက်အောင် သွားပြီ။
လက်ဖျားခြေဖျားတွေက အေးစက်တုန်ရီလာကြတယ်။ အမှောင်ထဲမှာ ဘာမှမမြင်ရတဲ့  ကျမရဲ့မျက်လုံးအစုံဟာ ဗြုန်းကနဲဆိုသလို ပြာသွားတယ်။ ရင်ထဲကထောင်ပေါင်းများစွာသော လိပ်ပြာတို့  တမဟုတ်ချင်းထပျံသွားကြတယ်။ ပြီးတော့… ကျမခန္ဓာကိုယ်က အမှောင်ထဲမှာရှာဖွေတွေ့  ရှိလို့ သိလိုက်ရတဲ့ အေးစက်စက်အလောင်းတကောင်ရဲ့ ဘေးမှာ ပုံရက်သားလဲကျသွားတယ်။
အပြင်မှာတော့ လေးတွဲ့ တွဲ့ နဲ့  စွဲစွဲငင်ငင် ပေါ်ထွက်လာ နေဆဲဖြစ်တဲ့ ခွေးအူသံ။အတွေးတွေထဲမှာတော့ စစ်ကြောရေးစခန်း၊ အမှောင်ထဲကတိုက်ခန်း၊ ဘယ်အချိန်ကသေဆုံးနေမှန်းမသိတဲ့ အလောင်းကောင် နဲ့ကျမ၊ ပျံ့ လွင့်သွားတဲ့ စိတ်နဲ့ ကျမရဲ့  ခန္ဓာ …ဇဝေဇ၀ါ ပလူပျံနေကြ။

ထူးသျှား

အပြည့်အစုံသို့...

Sunday, August 14, 2011

လှိုင်းရိုင်းမဲလ်တယ်လ်

ပင်လယ်ရဲ့အကိုးအကားအရ
ဒီပွဲကိုကျင်းပရတာဖြစ်တယ်။

သမိုင်းစာအုပ်ထဲမှာ
ကိုယ့်ဝါကျကိုယ်ရှာမတွေ့ရင်
ပထ၀ီစာအုပ်ထဲမှာလည်း
ကိုယ့်မြေပုံကိုယ်ရှာမတွေ့နိုင်ဘူး။

ကမ်းတွေအကုန်ပြို
သဘောင်္တွေအကုန်မှောက်စေတော့ရယ်လို့
လှိုင်းတွေပေါက်ကရတီးခတ်နေတာမဟုတ်ဘူး
ဒုတ်တွေဓါးတွေပဲစားလာခဲ့ရတဲ့နှလုံးသားက
ဘယ်လိုပဲတီးခတ်တီးခတ်
ဒီဂီတပဲရတယ်မဟုတ်လား။

ဘ၀ကိုရွက်လွှင့်ရှာဖွေနေသူများ
ကိုယ်ခံအားကောင်းကြ
ဒုက္ခအချင်းချင်းဖျော်ဖြေကြ
ဒဏ်ရာအချင်းချင်းကုသကြ
လှိုင်းဂီတကိုကျော်ဖြတ်မယ်။

မြေပြင် ရေပြင် ဝေဟင် ကောင်းကင်
ဒါ စကြ၀ဠာဖွဲ့စည်းပုံပြင်တဲ့ပွဲပေါ့
အမှန်တရားတွေပဲဇကာတင်ကျန်လိမ့်မယ်။

မိတ်ဆွေတို့...
ခြေပြတ်လက်ပြတ်အနာဂတ်များကို
မထားရစ်ခဲ့ကြနဲ့
ကျုပ်တို့မိုင်းကျုပ်တို့ရိပ်သိမ်းသွားရမယ်။

ပင်လယ်ရဲ့အကိုးအကားအရ
သမိုင်းလေးကိုင်းကိုတင်
လှိုင်းရိုင်းဂီတနဲ့ပစ်ခတ်
ဟောဒီခေတ်စနစ်ဆိုးကြီးကိုသတ်ကြမယ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

သတင်းစာ

ဝါးတစ်ပင်အဖြစ်နဲ့
သစ်ပင်တွေနဲ့လုံးထွေးလုယက်ရှင်သန်ခဲ့ရ
ရိုးဖြတ်တစ်ငုတ်အဖြစ်နဲ့
အညွန့်ဖြတ်စွန့်ပစ်ခံအထီးကျန်နေပူဒဏ်ခံရ
စက္ကူဖြစ်လာရပြန်တော့လည်း
နိုင်ရာဝန်လေးထမ်းမှလူဖြစ်ကျိုးနပ်မှာမို့
သူတို့ငါ့ကိုတာဝန်ပေးကြပြီ။

အဘိဓာန်တွေ ကျမ်းစာအုပ်တွေလို
အသိပညာတွေသိုလှောင်ပြီးမခမ်းနားနိုင်ပေမဲ့
တစ်ခါသုံးကော်ဖီမှုန့်တစ်ထုပ်လို
မနက်လင်းပြီဆိုသူတို့ငါ့ကိုဖောက်သောက်ကြတယ်။

ရေးပစ်ဘောပင်တစ်ချောင်းလို
ဟိုလှန်ဒီလှန်လုပ်ပြီးငါ့ကိုအမှိုက်တောင်းထဲပစ်ထဲ့တဲ့လူကတစ်မျိုး
ခပ်ကောင်းကောင်းကဗျာတစ်ပုဒ်လို
ငါ့ကိုဂရုစိုက်သေချာဖတ်သိမ်းဆည်းတတ်တဲ့လူကတစ်မျိုး
အဲဒီနှစ်မျိုးပဲရှိတဲ့ဒီလောကမှာ
သမိုင်းကိုငါမလေ့လာခဲ့ပါဘူး
ငါကိုယ်တိုင်ဟာသမိုင်းဖြစ်ခဲ့တယ်။

နောင်နှစ်များစွာမှာ
လိုအပ်လို့ငါ့ကိုပြန်ရှာတဲ့အခါမှာ
ငါအသက်ပြန်ဝင်လာဦးမှာပါ
အခြေခံအားဖြင့်တော့
ငါ့သက်တမ်းက ၂၄နာရီ
ဒါပေမဲ့
ကမ္ဘာနဲ့ချီတဲ့တန်ဖိုးတွေနဲ့
ငါကသာမာန်လူစက္ကူလေးတစ်ရွက်ပဲ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Friday, August 12, 2011

ဆည်းလည်းသံ ညံမစဲ

ဒီလိုအချိန်တွေမှာ
ငါဟာ...
ဦးနှောက်က ကွန်ထရိုးပေးတဲ့
စက်ရုပ်တစ်ကောင် ဟန်မဆောင်ပဲ
ဖြစ်မှန်းမသိ ဖြစ်လာတယ်။
ခံစားချက်တွေ ဘေးဖယ်ထားပြီး
ဈေးဝယ်သွားနေရတာလောက်
မုန်းစရာကောင်းတဲ့အလုပ်
ဒီအလုပ်အတွက်
နှလုံးသားကို ဆတ်ကနဲဆွဲထုတ်လို့
ဘေးကအိပ်စုတ်တစ်လုံးထဲ
ဘုတ်ကနဲနေအောင်ပစ်ထဲ့လိုက်တယ်။
ခုတော့ငါ...ခံစားချက်ဗလာနဲ့
ကွန်ထရိုးပေါင်းများစွာရဲ့အောက်
ကောင်းကောင်းကြီးရောက်သွားတယ်။
လမ်းတွေ လမ်းတွေပေါ်မှာ
ငါမနက်တိုင်းကောက်နေကျ
ခရေပန်းတွေလိုတဖြုတ်ဖြုတ်ကြွေကျကုန်တာ
လူတွေ..လူတွေ..လူတွေရယ်ပါ။
သွေးအိုင်ထဲ ပိုးလိုးပက်လက်လဲနေလိုက်ကြတာ
ငါဆိုတဲ့စက်ရုပ် ဘက်ထရီထုတ်ခံလိုက်ရသလို
ဗြုန်းဆိုရပ်သွားတာ နျူရိုထရန်စမစ်တာတွေဆီက
လာနေကြ ဆစ်ဂနယ်တွေပါ ခဏတာ
ပျောက်ရှကုန်ကြတယ်။
သွေးစီးချောင်းထဲမှာ ရပ်နေတဲ့ ခြေထောက်တွေ
ပူနွေးကပ်စေးလာမှ အသိတရားက
အိမ်လည်ရာကပြန်လာရင်း
အချိန်တွေဝယ်နေခြင်းအတွက်
စိတ်ဆိုးမာန်ဆိုးနဲ့ စောဒကတက်တယ်
ငါကလုပ်နေကြအတိုင်းပဲ ငြင်းဆန်နေဆဲ
ငြင်းဆန်နေတဲ့ ငါ့ရဲ့လက်ကိုဆွဲလို့
အချိန်တွေဝယ်ယူခြင်းကိုတားတယ်
ငါရယ် အသိတရားရယ်
အငြင်းအခုန်တွေဖြစ်တယ်
ဒီပွဲမှာ ငါနိုင်မှဖြစ်မယ်။
မ၀ယ်မဖြစ်တဲ့ အချိန်တွေကို ၀ယ်နိုင်မှ
ငါရှာနေတဲ့ ၀ိညာဉ်တစ်ခုကို ပြန်ဖမ်းမိမှာ
နားခိုရာ ရှာမတွေ့ခင် ငါလက်ဦးမှုရနိုင်မှ
ပါးစပ်ကတတွတ်တွတ်ပြောရင်း
ခြေထောက်တွေကရှေ့ကပြေး
လက်တွေနဲ့ ၀ိညာဉ်ကိုတိုးဖယ်ရင်း
မျက်စိတွေက ဂဏာမငြိမ် အလုပ်များရင်းနဲ့
အသိတရားနောက်ကလိုက်လာခြင်းကိုမေ့နေခိုက်
မိုက်ခနဲဖြစ်ပြီး နောက်ကရိုက်ချခြင်းကိုခံလိုက်ရတယ်။
သွားပြီ..ငါ..ရှုံးသွားပြီ
ဒီပွဲမှာ ငါအသိတရားကို ရှုံးသွားပြီ
စောင့်စားနေတဲ့ အမေ့အတွက်
သားအသက်ကိုလုယူဖို့ တိုက်ပွဲမှာ
အရှုံးများစွာနဲ့ငါ
နှလုံးသားဗလာနဲ့သာ ဖြစ်သင့်တာ
ယူခဲ့တဲ့တာဝန်တစ်ခုအတွက်
သွေးစက်စက်ကျနေတဲ့ ငါ့နှလုံးသားကို
သက်သေထားလို့ ဒီလိုရက်တွေကြားမှာတော့
အမေ့ရဲ့ ပျောက်ရှသွားတဲ့ သားတစ်ယောက်အတွက်
အချိန်တွေကိုရလိုရညား ၀ယ်ယူသွားလိုတဲ့ဆန္ဒ
တားမနိုင်ဆီးမရ ဖြစ်နေကြအတိုင်းပဲ
"ရှစ်လေးလုံး" ဆိုတဲ့ ဆည်းလည်း။ ။

ထူးသျှား

အပြည့်အစုံသို့...

Thursday, August 11, 2011


အပြည့်အစုံသို့...

Wednesday, August 10, 2011

အချစ်ကဗျာ စမ်းရေးကြည့်ခြင်း (၁)

မေတ္တာမှာ ခြစ်ရာတွေနဲ့
ချစ်ရမှာမို့ ချစ်ခဲ့တယ် ယဉ်သဒ္ဒါ

ဒီလိုနဲ့
ငါတို့ရဲ့ ထမင်းတနပ်တာ
၇၄တွေ
၈၈တွေ
ရွှေဝါရောင်တွေ

မင်းရဲ့
လှည်းဝင်ရိုးသံတွေ
အဆက်မပြတ်ညံနေတယ်
ငါ့ရဲ့
ပုဂံတွေ
အဆက်မပြတ်ပြေးနေတယ်

မင်းရောငါပါ
ရေသောက်မြစ်တွေရှည်လာမြဲ
ရေဘယ်လောက်နစ်နေပြီလဲ
ဆွဲတင်နိုင်ခဲ့
ဘာမှ မသီးပွင့်ခဲ့ဘူး...ရတယ်

ဒါပေမဲ့...

သစ္စာမှာ အပြစ်အနာတွေနဲ့
ပစ်ရမှာမို့ ပစ်ခဲ့တယ် အကြင်နာ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

တီထွင်ဖန်တီးမှုများ

ပေတံနဲ့သုံးသပ်
အဖြေမှန်နဲ့ဆုံးဖြတ်။

အမှားအမှန်နဲ့ကျက်စား
အားမာန်နဲ့ဆက်သွား။

အကျိုးအကြောင်းနဲ့လမ်းပြ
အဆိုးအကောင်းနဲ့စမ်းသပ်။

ဦးနှောက်ထဲတက္ကဗေဒ
အသဲနှလုံးထဲအာရုံအ။

မြန်မြန်ဆန်ဆန်ခေတ်ရှေ့ပြေးလွန်းလို့
မြန်မြန်ဆန်ဆန်ခေတ်နောက်ကျခဲ့တာပါ
စက်ဆန်ဆန်သံချေးတက်ပြီး
စက်ရုပ်ဆန်ဆန်အထီးကျန်ခံနိုင်ဖို့
သင်္ခါရ၀တ်စုံကိုခြုံလိုက်ရတယ်။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Tuesday, August 9, 2011

စာရေးဆရာကြီး ဒဂုန်တာရာ ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆို

ဆုံဆည်းရာ၊ သြဂုတ်လ ၉ ရက် ၂၀၁၁

ကျည်ဆန်ခြုံ၍ မလုံ (ဒဂုန်တာရာ) ဟုခေါင်းစဉ်ဖြင့် စာရေးဆရာကြီး ဒဂုန်တာရာက ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုလိုက်သည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြရန် စာရေးဆရာကြီး ဒဂုန်တာရာက သြဂုတ်လ ၇ ရက်စွဲဖြင့် ပန်ကြားလွှာ လက်ကမ်းစာရွက်များ ဝေငှနေကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောကြားသည်။

၂၀၁၁ နွေရာသီသို့ ရောက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည် တောက်လောင်လာခဲ့ကြောင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ပွဲ များ ပိုမိုများပြား ပိုမိုပြင်းထန်လာခဲ့ကြောင်း အသက်များစွာ သေဆုံးနေရကြောင်းလည်း ယင်းကြေငြာချက်တွင် ဖော်ပြပါ ရှိသည်။

ဆက်ပြီး ပြည်တွင်းစစ်မီးသည် ပိုမိုပြင်းထန် ပိုမိုကျယ်ပြန့် ပိုမိုအသက်သေကြေ၊ အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာ ပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ်စိုးရိမ်လာကြရကြောင်း သေဆုံးသူများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား များ ဖြစ်ကြပြီး အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာများ ပျက်စီး ဆုံးရှုံးရသည်မှာလည်း နိုင်ငံသားများ၏ အိုးအိမ် ပစ္စည်း၊ ဥစ္စာများသာဖြစ်ကြောင်း ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်ဆုံးရှုံးရသမျှ အိုးအိမ်ပစ္စည်း ဥစ္စာတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အသွေးအသားများဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြထားသည်။

ထိုဆုံးရှုံးမှုများကို ဆက်ပြီးမခံ ကြရစေရန် အချင်းချင်း တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်စဲပစ်ကြဖို့ မလုပ်မဖြစ်လို အပ်နေပြီး သက်ဆိုင်ရာအားလုံး အချင်းချင်း အပစ်အခတ်ရပ်ရန် တွေ့ဆုံဆွေးနွေးပြီး ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန် အလေးအနက် မေတ္တာရပ်ခံထားကြောင်း ယင်းပန်ကြားလွှာတွင် ဖော်ပြထားသည်။

အဆုံးတွင် “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဒဂုန်တာရာ ၇.၈.၂၀၁၁ အောင်ပန်းမြို့ ရှမ်းရဠ ဟု ပါရှိသည်။

အပြည့်အစုံသို့...

ရှစ်လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနားကို လိုင်ဇာမြို့တွင် ကျင်းပ

ဆုံဆည်းရာ၊ သြဂုတ်လ ၉ ရက် ၂၀၁၁

မြန်မာအစိုးရနှင့် စစ်ဖြစ်ပွားနေသော ကေအိုင်အေတပ်များ ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ လိုင်ဇာမြို့တွင် ကေအိုင်အိုဦးစီးမှုဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) မှ ၂၃ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ လိုင်ဇာမြို့ ခန်းမတွင် ကျင်းပခဲ့တာပါ။ မြန်မာ တရုတ်နယ်စပ်မြို့တခု ဖြစ်သည့် လိုင်ဇာတွင် ပထမဆုံးအကြိမ် ရှစ်လေးလုံး အရေးတော်ပုံ အခမ်းအနားကို ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်။ အခမ်းအနားကို ကေအိုင်အို အဖွဲ့ဝင်များ၊ သျှမ်းပြည် တပ်မတော်၊ ချင်းအမျိုးသား တပ်မတော်၊ ရခိုင်အမျိုးသား တပ်မတော်၊ ကချင် ရပ်မိရပ်ဖများနှင့် အမျိုးသမီး သမဂ္ဂများ အပါအဝင် စုစုပေါင်း လူဦးရေ ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ်က အေအိုင်အိုနှင့် န၀တ စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေးပြုလုပ်အပြီး ၁၉၉၇ တွင် ကေအိုင်အို ထိန်းချုပ်ရာနယ်မြေအတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ထွက်ခွာခဲ့ရာ လွန်ခဲ့တဲ့လပိုင်းအတွင်းမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) အဖွဲ့ကို ကေအိုင်အို ထိန်းချုပ်ရာနယ်မြေတွင် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ Ref: S.H.A.N

အပြည့်အစုံသို့...

Monday, August 8, 2011

ABSDF မှ ၈ လေးလုံး အခမ်းအနားများ ကျင်းပ

ဆုံဆည်းရာ၊ သြဂုတ်လ ၈ ရက် ၂၀၁၁

၈ လေးလုံး ၂၃ နှစ်မြောက်ပြည့် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ်ရုံးခွဲ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို မဟာမိတ် အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများနှင့် ABSDF ရဲဘော်ရဲဘက်များ အပါအ၀င် စုစုပေါင်း အင်အား (၁၀၀) ကျော်တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှူးအဖြစ် ရဲဘော် မောင်လွမ်းဏီမှ ပြုလုပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများကို ABSDF ဒု ဥက္ကဌ ကိုမျိုးဝင်းမှ ၈ လေးလုံးမှစတင်ပြီး ABSDF ဖြစ်ပေါ်လာပုံနှင့် စတင်တည်ထောင်ချိန်မှစပြီး ယနေ့ကာလအထိ ABSDF စစ်ရေး၊ နိုင်ငံရေး ဖြတ်သန်းမှုသမိုင်းကြောင်းကို တက်ရောက် လာသည့် ကျောင်းသားကျောင်းသူများ မဟာမိတ် ရဲဘော်ရဲဘက်များနှင့် ABSDF ရဲဘော်များအား ဆွေးနွေးပြောကြားခဲ့ပါတယ်။ ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ (နိုင်ငံခြားရေးရာကော်မတီ)မှ ကိုတင်အေး မှလည်း ၈ လေးလုံးလူထုအရေးတော်ပုံကြီး ပါဝင်ခဲ့တဲ့ ဗကသ ရဲ့ အခန်းကဏ္ဍ အရေးပါပုံကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ၈ လေးလုံးအရေးတော်ပုံကြီးတွင် စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုသံဒုတ်မှလည်း ၄င်းရဲ့ ၈ လေးလုံးဖြတ်သန်းမှု အတွေ့အကြုံကို ဆွေးနွေးခဲ့ပါတယ်။

ABSDF (ကျောင်းသားတပ်မတော်)မှ ရှေ့တန်း တော်လှန်ရေးစစ်မျက်နှာပြင် အသီးသီးတွင် ရောက်ရှိနေတဲ့ ရဲဘော်များမှလည်း ၈ လေးလုံးအခမ်းအနားကို မဟာမိတ် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် ကျင်းပပြုလုပ်ခဲ့ပြီး ၈ လေးလုံးအမှတ်တရ ဆွေးနွေးပွဲ စကားဝိုင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အပြည့်အစုံသို့...

Sunday, August 7, 2011

ကြောက်ရွံ့မှု သေဆုံးခြင်း

၁၉၈၈ ခု သြဂုတ်လ ၈ ရက်နေ့ဟာ မြန်မာပြည်သူတွေရဲ့ ကြောက်ရွံ့မှု သေဆုံးကြောင်း ကမ္ဘာကို ကြေညာလိုက်တဲ့နေ့ဖြစ်ခဲ့ပါတယ်။ မဆလ စစ်အာဏာရှင်တွေရဲ့ မိုးပေါ် ထောင်မပစ်တဲ့ သေနတ်တွေကို ရင်ကော့ရင်ဆိုင်ပြီး တနိုင်ငံလုံးမှာ ဒီမိုကရေစီ တော်လှန်ရေးကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တယောက်သေ တယောက်ထ နဲ့ ရှေ့ကို ဇွတ်တိုးခဲ့ကြတဲ့နေ့ဖြစ်ပါတယ်။ ၁၉၆၂ ခု ဇူလိုင် ၇ ရက်ကတည်းက လက်မှာသွေးစွန်းခဲ့တဲ့သားသတ်သမား စိန်လွင်ကို ကျောင်းသားတွေနဲ့ သာမန် ပြည်သူတွေက အတိအလင်းစိန်ခေါ်ပြီး တဒိုင်းဒိုင်းပစ်နေတဲ့ ကျည်ဆံတွေကြား မှာ အကြောက်တရားကင်းစွာနဲ့ ဇွဲနဘဲကြီးကြီး တိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ဖြစ်ပါတယ်။

တယောက်တည်းကိုပစ်သတ်တာ မဟုတ်၊ နှစ်ယောက်တည်းကိုပစ်သတ်တာ မဟုတ်။ တရက်တည်းပစ်သတ်တာလဲ မဟုတ်၊ နှစ်ရက်တည်းပစ်သတ်တာလဲ မဟုတ်။ တနေရာတည်းပစ်သတ်တာလဲ မဟုတ်၊ နှစ်နေရာတည်း ပစ်သတ် တာလဲ မဟုတ်ခဲ့ပါ။

၁၉၈၈ သြဂုတ် ၈ ရက်ဟာ မြန်မာပြည်သူတွေအဖို့ အကြောက်တရားကို မြေမြှုပ်ပစ်ခဲ့တဲ့နေ့ ဖြစ်ခဲ့ပါတယ်။ အာဏာရှင် စနစ် လုံးဝဖယ်ရှားရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင်ရေး စဉ်းစားချက်ကလွဲပြီး ကျောင်းသားတွေ ပြည်သူတွေရဲ့ ခေါင်းထဲမှာ ကြောက်ရွံ့စိတ်ဆိုတာ မရှိခဲ့တဲ့နေ့ရက်တွေ ၈-၈-၈၈ မှာစခဲ့ပါတယ်။

xxx

ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး Freedom from Fear ကို အမေရိကန်သမတ ဖရန်ကလင်ရူးစဗဲလ့်က ၁၉၄၁ ခုမှာ စပြောခဲ့ပါတယ်။ ရူးစဗဲလ့်ရဲ့ ကမ္ဘာကျော်မိန့်ခွန်းထဲမှာ လူသားတိုင်းအတွက် အရင်းခံအကျဆုံးလွတ်လပ်မှုကြီး လေးရပ်ကို ဖော်ထုတ်ပြခဲ့ပါတယ်။ အဲဒါတွေကတော့ --

(၁) လွတ်လပ်စွာထုတ်ဖော်-ပြောဆိုခွင့်

(၂) လွတ်လပ်စွာကိုးကွယ်-ယုံကြည်ခွင့်

(၃) ချို့ငဲ့ခြင်းမှလွတ်ကင်းခွင့်

(၄) ကြောက်ရွံ့ခြင်းမှလွတ်ကင်းခွင့်

နောက်ဆုံးလွတ်လပ်ခွင့်နှစ်ခုဟာ သမရိုးကျဒီမိုကရေစီအခွင့်အရေးထက်ပိုမြင့်မားတဲ့ လွတ်လပ်ခွင့်တွေဖြစ်ပြီး လူသား ဖြစ်တည်မှုအဓိပ္ပာယ်ကိုပါ အကျုံးဝင်နေပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က နက်နက်နဲနဲခံစားဆင်ခြင်ပြီး ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးဆိုတဲ့ စာတမ်းတစောင် ရေးထုတ်ခဲ့တာဖြစ်ပါတယ်။

လူထုတွေရဲ့ သည်းခံနိုင်စွမ်းတွေ ခံနိုင်ရည်တွေ ကုန်ဆုံးသွားတဲ့အခါ ကြောက်ရွံ့မှုဟာ ကျဆုံးသွားတတ်ပါတယ်။ သေ မှာကိုကြောက်၊ ဆုံးရှုံးနစ်နာမှာကိုကြောက်နေတဲ့ အခြေအနေ နိဂုံးချုပ်သွားပါတယ်။ အဲဒါ ဘယ်လိုအချိန်မှာ ဖြစ်တတ် ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုးကားထားတဲ့ ဆရာမောင်သာယာရဲ့ကဗျာထဲကလို အာဏာရှင့်လက်အောက်က လူထုတွေဟာ "အရာရာကိုစိုးရိမ်ကြောက်ရွံ့နေရတဲ့ မလုံခြုံတဲ့ဘဝ" (တနည်းအားဖြင့်) လက်ခုပ်ထဲကရေ မဟုတ်ဘဲ လက်ခုပ်ထဲကဖန်ကွဲစတွေဖြစ်တယ်ဆိုတာကို လူထုတွေ သိရှိ သဘောပေါက်သွားတဲ့အချိန်ဟာ ကြောက်ရွံ့မှု သေဆုံး သွားချိန်ဖြစ်ပါတယ်။

xxx

ကျူနီးရှားနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရဖြစ်ပေမဲ့ အဆက်အသွယ်မကောင်း အကြံအဖန်မတတ်နိုင်လို့ အလုပ်ကောင်း ကောင်း မရနိုင်ဘဲ သစ်သီးလှည်းတွန်းရောင်းနေရတဲ့ အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘွာဇီဇီ ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ ရဲတွေက လူကြားသူကြားထဲ အသားလွတ် အနိုင်ကျင့်ဗိုလ်ကျတာ ရိုက်နှက်တာကို ခံခဲ့ရပါ တယ်။ ဘွာဇီဇီ မိသားစုဟာ ငွေမရှိ၊ ကားမရှိ၊ လျှပ်စစ်မီးမရှိ၊ ဆောင်းရာသီမှာ မီးသွေးလောက်လောက်ငငမရှိနဲ့ နေခဲ့ရတာ ကြာပါပြီ။ ဒါပေမဲ့ အခု နောက်ဆုံးဖြစ်သွားတာကတော့ လူ့ဂုဏ်သိက္ခာပါ ချိုးနှိမ်စော်ကားခံလိုက်ရတာ ဖြစ်ပါတယ်။ ဘွာဇီဇီရဲ့သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပါပြီ။ ဒါကြောင့် ဘယ်လိုမှ မခံမရပ်နိုင်တဲ့အဆုံး အာဏာရှင် အစိုးရရဲ့ အကျင့်ပျက်ခြစားမှု မတရားမှုတို့ကို တကမ္ဘာလုံးသိစေဖို့ မြို့တော်ခန်းမရှေ့မှာ ကိုယ့်ကိုယ်ကိုမီးရှို့ ဆန္ဒပြခဲ့ ပါတော့တယ်။ ဘေးကလူတွေက စည်ပင်သာယာရုံးထဲပြေးဝင်ပြီး မီးသတ်ဆေးဗူးတဗူးဆွဲထုတ်လာပါတယ်။ ဒါပေမဲ့ ဆေးဗူးထဲမှာ ဆေးမရှိ။ ရဲတွေ မီးသတ်တွေ ခေါ်တော့ တနာရီခွဲလောက်ကြာမှ ဆေးရုံကားတစီးဘဲ ရောက်လာပါ တယ်။

အာဏာရှင်သမတ ဘင်အလီက ဘွာဇီဇီကို ဆေးရုံမှာ လာသတင်းမေးပါသေးတယ်။ တီဗီရိုက်တဲ့အဖွဲ့ပါခေါ်လာပြီး ငွေ တသောင်းထောက်ပံ့တာကို တီဗီရိုက် လွှင့်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံခန်းထဲက သမတပြန်ထွက်သွားတာနဲ့တပြိုင် နက် သမတနဲ့ပါလာတဲ့ဝန်ထမ်းတွေက ဒီငွေကို ပြန်ယူသွားခဲ့တဲ့အကြောင်း ဘွာဇီဇီ့အမေက ဖွင့်ချခဲ့လို့ ခဏလေးနဲ့ သတင်းပျံ့သွားခဲ့ပါတယ်။

ဘွာဇီဇီကို ပါးရိုက်၊ တံထွေးနဲ့ထွေးခဲ့တဲ့ ပုလိပ်မကို ဇန်နဝါရီလဆန်းမှာ အစိုးရကဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကျ သွားပါပြီ။ ဘွာဇီဇီအကြောင်းသတင်းတွေ တောမီးလိုပျံ့သွားခဲ့ပါပြီ။ ဘွာဇီဇီ မီးလောင်ပြီးနောက်တရက်မှာ ဘဝတူ လမ်းဘေးဈေးသည်တွေက စည်ပင်သာယာရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို လူတယောက်က ဖုံးကင်မရာနဲ့ ဗီဒီယို ရိုက်ပြီး ဘွာဇီဇီ့ဖြစ်စဉ် နောက်ခံစကားပြောနဲ့အတူ အင်တာနက်တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကျူနီးရှားအာဏာရှင် ဆန့်ကျင်ရေးသမား ကွန်ပျူတာဝိဇ္ဇာတယောက်က တွေ့သွားပြီး ဖေ့စ်ဘွတ်ကနေ ဖြန့်ပေးလိုက်ပါတယ် (ကျူနီးရှားမှာ ယူကျူ့ဘ် ကိုပိတ်ထားပါတယ်)။ ၂ ရက်အကြာမှာ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ စဖြစ်လာပါတော့တယ်။

ဖေ့စ်ဘွတ် တင်ပြီး နောက်တနေ့ညနေမှာ အယ်လ်ဂျာဇီးရားသတင်းဌာနက ဒီဗီဒီယိုကို ထပ်တလဲလဲလွှင့်ပေးခဲ့ပါတယ် (ကျူနီးရှား အစိုးရတီဗီမှာတော့ နောက် ၁၂ ရက်ကြာမှ ဒီသတင်းပါလာပါတယ်)။ ဆန္ဒပြပွဲသတင်းတွေ၊ အစိုးရလက် ဖြောင့်တပ်သားတွေရဲ့ ပစ်ခတ်မှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေကို ပါဝင်သူတွေနဲ့ သတင်းထောက်တွေက အက်ဖ်အမ် ရေဒီယိုဌာနတွေဆီ ဖုံးနဲ့ တိုက်ရိုက်သတင်းပို့ကြလို့ အဖြစ်အပျက်တွေကို တပြိုင်နက်တည်း သိကုန်ပါတယ်။ မျက်ရည် ယိုဗုံးကို ရှာလကာရည်နဲ့ ပက်ပ်ဆီကိုလာအချိုရည် မျက်စိမှာဆွတ်ပြီး ကာကွယ်နည်းကအစ ဖုံး၊ အင်တာနက် နဲ့ ရေဒီယိုကနေ သတင်းဖြန့်ပေးခဲ့ပါတယ်။ ဒီ့နောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း ကျူနီးရှားကနေ ဘင်အလီ ထွက်ပြေးရတာ၊ အိဂျစ်မှာ မူဘာရတ် ပြေးရတာတွေက သမိုင်းဖြစ်လာပါတယ်။

တချိန်လုံး လက်ခုပ်ထဲကရေ ဖြစ်ခဲ့ရတဲ့ ဘွာဇီဇီဟာ ကိုယ့်ကိုယ်ကို မီးရှို့အသေခံပြီး တိုင်းသိပြည်သိ ကမ္ဘာသိ ပြလိုက် ခြင်းအားဖြင့် လက်ခုပ်ထဲကဖန်ကွဲစ ဖြစ်တာ ပေါ်လွင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကြောက်ရွံ့ခြင်း ဖုံးလွှမ်းနေတဲ့ လက်ခုပ် ထဲကရေဘဝ ကျူနီးရှားပြည်သူတွေလဲ ကြောက်ရွံ့ခြင်း လွတ်ကင်းတဲ့ ဖန်ကွဲစဖြစ်တဲ့အကြောင်း လိုက်ပြသလာကြပါ တယ်။ ဆန္ဒပြပြည်သူ ၂၀၀ လောက် အသတ်ခံရပေမဲ့လဲ နောက်မဆုတ်တော့ပါဘူး။

xxx

၁၉၈၈ ခု မတ်လ ၁၃ ရက် ကျောင်းသား မောင်ဖုံးမော် အသတ်ခံရမှုနဲ့အတူ စစ်အာဏာရှင်တွေရဲ့ လိမ်ညာမှု၊ မမှန် သတင်းဖြန့်မှု၊ မတရားဘက်လိုက်မှုတွေဟာ ကျောင်းသားတွေရဲ့ သည်းခံနိုင်စွမ်းတွေကို ကုန်ဆုံးသွားစေခဲ့ပါတယ်။ မတ်လ ၁၆ ရက် တံတားနီသွေးချောင်းစီးမှု၊ မတ်လ ၁၈ ရက် အချုပ်ကားထဲ မွန်းသေမှုတွေဟာ ကျောင်းသားတွေရဲ့ အကြောက်တရားကို ဒေါသနဲ့ အစားထိုးလိုက်စေပါတော့တယ်။ ကျောင်းသားတွေဆီမှာ အကြောက်တရား သေဆုံး သွားမှုဟာ ၁၉၈၈ ဇွန် အရေးတော်ပုံကို ပေါက်ဖွားစေခဲ့ပါတယ်။

ကျောင်းသားတွေဟာ ထပ်တလဲလဲအသတ်ခံ အရိုက်အနှက်ခံနေရတဲ့ကြားက ထပ်တလဲလဲဆန္ဒပြတိုက်ပွဲဝင်နေပေမဲ့ ကျောင်းသားမဟုတ်တဲ့ ပြည်သူလူထုတွေအဖို့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းသွားစေတဲ့ ဖြစ်ရပ်ကတော့ ဇွန် ၂၁ ရက်နေ့ မြေနီကုန်းတိုက်ပွဲ ဖြစ်ပါတယ်။ ဒီနေ့မှာ တိုက်ပွဲဝင်နေတဲ့ကျောင်းသားတွေအပေါ် ရက်ရက်စက်စက်နှိပ်စက်နေတဲ့ လုံထိန်းတွေကို တခါမှမကြုံဖူးတဲ့ဆုံးမနည်းနဲ့ ဆုံးမလိုက်လို့ အနည်းဆုံးလုံထိန်း ၆ ယောက် ဂျင်ဂလိစာမိပြီး အသက် ပျောက်သွားတဲ့အခါ ပြည်သူလူထုဟာ ကိုယ့်ရဲ့ဖန်ကွဲစဘဝကို သဘောပေါက်နားလည်သွားခဲ့ပါတယ်။

အရာရာကို စိုးရိမ်ကြောက်ရွံ့နေရတဲ့ မလုံခြုံတဲ့ဘဝ အဆုံးသတ်ခဲ့ပါပြီ။ ဖန်ကွဲစရဲ့စွမ်းအား ပေါ်ထွန်းလာပါပြီ။ ပြည်သူ တွေဆီမှာ အကြောက်တရား နိဂုံးချုပ် သေဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် သြဂုတ်လ ၈ ရက်နေ့ အရေးတော်ပုံရက်ချိန်း နေ့မှာ ရေဘဝက ဖန်ကွဲစဘဝ ပြောင်းလာတဲ့ ပြည်သူပြည်သားတွေဟာ ကျောင်းသားတွေနဲ့အတူ လမ်းပေါ် အလုံး အရင်းနဲ့ထွက်လာပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်မှာတင်မက နယ်မြို့တွေမှာပါ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ နေ့စဉ်ရက်ဆက် ပစ်သတ်နေပေမဲ့ ကြောက်ရွံ့မှုမှလွတ်ကင်းသွားတဲ့ ပြည်သူတွေ လမ်းမတွေပေါ် ဆက်လက်ချီတက်ခဲ့ကြတာ ဖန်ကွဲစစိတ်ဓာတ်ဘဲဖြစ်ပါတယ်။

ဒီစိတ်ဓာတ်နဲ့ မြန်မာပြည်သူတွေဟာ အသေခံ အနာခံပြီး တပြည်လုံးအနှံ့မှာ မြို့ရွာတွေကိုသိမ်း၊ လမ်းတွေကိုပိတ်ဆို့၊ သပိတ်စခန်းတွေ အနှံ့ဖွင့်၊ ရဲစခန်းတွေ ကင်းစခန်းတွေကို စီးနင်းခဲ့ကြပါတယ်။ အကြောက်တရားမဲ့ဖန်ကွဲစ လူထုဟာ ကိုယ့်ကို တလျှောက်လုံးဖိနှိပ်စော်ကားခဲ့တဲ့ နာမယ်ကြီးအာဏာပိုင်တွေ ပုလိပ်တွေကို လက်လှမ်းမှီသမျှ ဇီဝိန်ချွေ စည်းစိမ်ဖြုတ် အိမ်တိုင်ပါချွတ်ပစ်ခဲ့ပါတယ်။ ပြည်သူတွေဟာ မှောက်လိုမှောက် လှန်လိုလှန် ခံနေရတဲ့ ရေဘဝ မဟုတ် တော့ပါ။

xxx

ကျူနီးရှား နဲ့ အိဂျစ်မှာ ဒီလိုဘဲ ဖြစ်ခဲ့ပါတယ်။ လစ်ဗျား၊ ဆီးရီးယား၊ ယီမင် တို့မှာလဲ ဒီလိုဘဲ ဖြစ်နေပါတယ်။ ကြောက်ရွံ့ခြင်းမှလွတ်ကင်းသွားရင် နောက်ဆုံးအောင်ပွဲအထိ ရောက်မယ့်လမ်းပေါ် ရောက်သွားပြီဖြစ်ပါတယ်။ လမ်း ကြောင်းပေါ်မှာ ပဲ့ကိုင်သွားဖို့ကတော့ ခေါင်းဆောင်မှုရဲ့အခန်းကဏ္ဍဘဲ ရှိပါတော့တယ်။

ဂါမဏိ

အပြည့်အစုံသို့...

အတိတ်ပုံရိပ် တစေ့တစောင်းနဲ့ အားကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်

ခုဆို ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးလို့ခေါ်တဲ့ ၁၃၅၀ ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၂၃ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတ၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် တိုင်ရင်းသားပေါင်းစုံ၊ ပြည်သူလူထု လူတန်းစားစုံ အလွှာစုံ ပူးပေါင်းပါဝင် တညီတညွတ်တည်း စစ်အာဏာရှင် တပါတီစနစ်ကို အုံကြွတော်လှန်ခဲ့တဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးတခု အဖြစ် ကိုယ်တိုင် ပါဝင်လှုပ်ရှားကြသူတွေ၊ သိမှီသူတွေ၊ အားပေး ကူညီသူတွေ၊ ထောက်ခံ တန်ဘိုးထားသူ မျိုးဆက်သစ်လူငယ်တွေက အမှတ်တရရှိကြ၊ မမေ့နိုင်ကြသလို ကျဆုံးခဲ့တဲ့ သူရဲကောင်း အာဇာနည်တွေကိုလည်း အလေးပြု ဂုဏ်ပြုကြပါတယ်။ ၈၈ စိတ်ဓာတ်ကိုလည်း မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းသယ်ပိုးပေးအပ်နေကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အလုပ်တခု လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုဖြစ်သလို တာဝန်ရှိတဲ့ အလုပ်တခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၈၈ အရေးတော်ပုံဟာ အောင်ပွဲတော့ မရခဲ့ပါဘူး။ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ အောင်ပွဲရလုဆဲဆဲ အခြေအနေ ရောက်ခဲ့ပြီးမှ ကျဆုံးခဲ့ရတဲ့အတွက် မချိတင်ကဲ ဖြစ်ခဲ့ကြရပါတယ်။ ခုချိန်မှာတော့ ဘယ်သူဘယ်ပါတီ ဘယ်အဖွဲ့ကိုမှ အပြစ်တင်နေဖို့ မသင့်တော့ပါ။ သာမန် ပြည်သူလူထုကြီးကလွဲရင် အဲဒီအချိန်မှာ ဆိုင်ရာ ဆိုင်ရာ တာဝန်ရှိခဲ့ကြသူတွေ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒါပေမယ့်အဲဒီအချိန်က အရေးတော်ပုံကြီးမှာ ပါဝင်လှုပ်ရှားကြသူတွေထဲမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍတခုက ပါဝင်လှုပ်ရှားခဲ့ကြတဲ့ သူတွေဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေကိုတော့ ကျနော်တို့က အများကြီး နားလည်ခဲ့ပါတယ်။ တကယ်တော့ အဲဒီအချိန်က ကျောင်းသားကျောင်းသူတွေဟာ ကျနော်တို့ခေတ် (မဆလ အစောပိုင်း) ကျောင်းသားတွေနဲ့ ဖြတ်သန်းရတဲ့ အခြေအနေခြင်း မတူသလို အခွင့်အရေးချင်းလည်း မတူကြပါဘူး။ ကျနော်တို့ခေတ်က နိုင်ငံရေးကို စိတ်ဝင်စားခဲ့ကြသူကျောင်းသားတွေအနေနဲ့ နိုင်ငံရေး အတွေးအခေါ်တွေ၊ သဘောတရားတွေ၊ တော်လှန်ရေးတွေနဲ့ပတ်သက်ပြီး ဦးဆောင်လမ်းပြ ဆွေးနွေးလမ်းပြပေးခဲ့တဲ့ အတွေ့အကြုံရှိ နိုင်ငံရေးသမားဟောင်းကြီးတွေ၊ ကျောင်းသားသမဂ္ဂ ရဲဘော်ဟောင်းကြီးတွေ၊ အစိုးရကို တောခိုတော်လှန်တိုက်ခိုက်ခဲ့ရာက အကြောင်းအမျိုးမျိုးနဲ့ ပြန်ရောက်နေကြသူ တော်လှန်ရေးသမားဟောင်းကြီးတွေ အတော်များများ အမြို့မြို့အနယ်နယ်မှာ ရှိနေခဲ့ကြပါသေးတယ်။ အဲဒီသူတွေကလည်း မတရားတဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ပါဘူး။ ဆန့်ကျင်တိုက်ဖျက်ချင်ကြပါတယ်။ ဒါကြောင့်တချို့သူတွေက စစ်အစိုးရကိုဆန့်ကျင်တိုက်ခိုက်ဖို့ ပြင်ဆင်နေခဲ့ကြသလို ကျနော်တို့လိုမျိုးဆက်သစ်တွေကိုလည်း ထိတွေ့ စည်းရုံးသင်ကြားပို့ချ လမ်းညွှန်ပေးခဲ့ကြပါတယ်။

စစ်အစိုးရက တားမြစ်ပိတ်ပင်ထားပေမယ့် တော်လှန်ရေးအတွေးအခေါ်၊ သဘောတရားကျမ်းတွေ၊ စာအုပ်စာတမ်းတွေ၊ ဖြစ်ရပ်မှန် ကျောရိုးပြုဝတ္ထုကြီးတွေ သိပ်အရှားပါးကြီး မဟုတ်ပါဘူး။ ရှာတတ်ရင်ရနိုင်ပါတယ်။ စုဆောင်းထားသူ တွေကလည်း ပေးဖတ်ကြပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ခေတ်နိုင်ငံရေးစိတ်ဝင်စားသူ၊ စစ်အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်လိုသူ ကျောင်းသားတွေဟာ တော်လှန်ရေးအတွေးအခေါ်၊ တော်လှန်ရေးသဘောတရားတွေကို အရင်ဖတ်မှတ်လေ့လာဆွေးနွေးခဲ့ကြရတာဖြစ်ပြီး လက်တွေ့ကိုတော့ ကျောင်းသားသပိတ်တွေ၊ ဆန္ဒပြပွဲတွေနဲ့ ကျောင်းသားထုအခွင့်အရေး တိုက်ပွဲကြီးငယ်တွေမှာ ကိုယ်လေ့လာသင်ယူထားတဲ့ သဘောတရားတွေကို လက်တွေ့ချသုံးကြည့်ခွင့်ရခဲ့ကြ၊ သဘောတရားနဲ့လက်တွေ့ကို ပေါင်းစပ်ကြည့်ခွင့်၊ စစ်ဆေးသင်ခန်းစာထုတ်ယူခွင့်တွေ ရခဲ့ကြပါတယ်။ နာမည်ကြီးစကားတခုဖြစ်တဲ့ သဘောတရားမရှိပဲ လက်တွေ့သာရှိသူဟာ အကန်းနဲ့တူပြီး သဘောတရားသာရှိပြီး လက်တွေ့မရှိသူဟာ အကျိုးနဲ့တူတယ်ဆိုတဲ့ စကားကို ကျကျနနနားလည် ခဲ့ကြပါတယ်။ နှစ်ခုစလုံးရှိအောင် ကြိုးစားခဲ့ကြပါတယ်။

သဘောတရားကအရင် လက်တွေ့ကနောက် အဲဒီလိုဖြတ်သန်းခဲ့ရတော့ ကိုယ့်လှုပ်ရှားလုပ်ဆောင်မှု ဆုံးဖြတ်မှုတွေကို အမှားအယွင်းနည်းအောင် ထိမ်းသိမ်းတည့်မတ်နိုင်ခဲ့ကြသလို၊ ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံမှု၊ စည်းရုံးသိမ်းသွင်းမှု၊ မိတ်ဖက်ပဋိပက္ခ၊ ရန်ဖက်ပဋိပက္ခ၊ ပဋိပက္ခဖြေရှင်းနည်း၊ အနုပတိလောမနည်းနာတွေကို လက်တွေ့အသုံးချကြည့်ပြီး။ အော်ဒါတွေဟာ တကယ်မှန်တာပဲ။ အသုံးဝင်တာပဲဆိုတာကို တွေ့ရှိခဲ့ကြရပါတယ်။ တချို့သဘောတရားတွေကျတော့ ဒါကတော့လက်တွေ့မှာ မဖြစ်နိုင်လောက်ဘူး။ ဒါကတော့ မှားနေပြီထင်တယ် စသဖြင့် စဉ်းစားတွေးဆနှိုင်းယှဉ် ကြည့်ခွင့်ရခဲ့ကြပါတယ်။ တိုင်းအတာတခုထိလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင် တော်လှန်ရေးအတွက်၊ ပြည်သူလူထုအတွက် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။

၈၈ ကာလ ကျောင်းသားမျိုးဆက်တွေကတော့ အဲဒီလို တော်လှန်ရေး သဘောာတရားတွေ၊ အတွေးအခေါ်တွေကို လေ့လာာဆည်းပူးဖို့ အခွင့်အလမ်း နည်းပါးခဲ့ပါတယ်။ စာအုပ်စာတမ်းရှားပါးမှု၊ နည်းပေး လမ်းပြပေးသူ ဆွေးနွေးဝေဖန်ပေးသူ အားနည်းမှုတွေ ရှိနေသလို အစိုးရရဲ့ ဖိစီးနှိပ်ကွပ်မှုတွေကလည်း ပိုကြီးမားလာတဲ့အတွက်၊ မဆိုစလောက်လူနည်းစုကလွဲလို့ သဘောတရားဖြည့်ဆည်းတည်ဆောက်မှုမှာ အားနည်းခဲ့ကြပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ဖိနှိပ်မှုတွေကို မခံမရပ်နိုင်လို့ အားပြိုင်ဆန့်ကျင်ရတဲ့ တိုက်ပွဲတွေကိုတော့ မလွှဲမရှောင်နိုင်ကြပါဘူး။ အမှန်တရားနဲ့တရားမျှတမှုကို ချစ်မြတ်နိုးတဲ့စိတ်။ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး ကိုလေးစားတန်ဖိုးထားတဲ့ စိတ်ဓာတ်တွေကတော့ ခိုင်ခိုင်မာမာရှိနှင့်ပြီးဖြစ်လို့ရဲရဲရင့်ရင့် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ တိုက်ပွဲကို အရင်ဖြတ်သန်းခဲ့ကြရတာပါ။ တိုက်ပွဲထဲက သင်ယူ၊ တိုက်ပွဲပြီးမှ တော်လှန်ရေး အတွေးအခေါ်တွေ၊ နိုင်ငံရေးသဘောတရားတွေကို အလုအယက် ဖတ်မှတ်လေ့လာ သင်ယူခဲ့ရတာပါ။ လက်တွေ့အသုံးချခွင့်ကို စစ်အစိုးရ အကျဉ်းထောင်တွေထဲရောက်မှ ၊တောတွင်းတပ်စခန်းတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေ ရောက်မှ ရခဲ့ကြတာပါ။ တချို့ဆို အဲဒီနေရာတွေရောက်မှပဲ စတင်လေ့လာဆည်းပူးခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ အဲဒီတော့ တိုက်ပွဲကာလ၊အ ရေးတော်ပုံကာလတွေမှာ အမှားအယွင်းတွေ၊ အတွေးအခေါ်မှား၊ လုပ်ရပ်မှားတွေ ကိုလုပ်မိခဲ့ကြတာတွေလည်း ရှိမှာပါပဲ။ ဒါကိုကျနော်တို့က ကောင်းကောင်းနားလည်မှု ရှိခဲ့ပါတယ်။ တတ်နိုင်သမျှ၊ ထိတွေ့ခွင့်ရသမျှ ကျောင်းသားတွေ၊ လူငယ်တွေကို အတွေးအခေါ် တပ်ဆင်ပေးခဲ့၊ လမ်းညွှန်တည့်မတ်ပေးခဲ့ပါတယ်။ လွတ်လပ်စွာ တွေးတောစဉ်းစားခွင့် ဝေဖန်သုံးသပ်ခွင့်တွေကို ကိုင်စွဲအသုံးချဖို့၊ ဒီမိုကရေစီသဘောအရ အရေးကြီးတဲ့ အများစုဆုံးဖြတ်ချက်ကို အနည်းစုကနာခံတတ်ဖို့၊ စုပေါင်းခေါင်းဆောင် စုပေါင်းဆုံးဖြတ်မှုရဲ့ အရေးကြီးမှုတွေကို ဆွေးနွေးပြောပြခဲ့သလို၊ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်အပေါ် ခိုင်ခိုင်မာမာရပ်တည်ရဲဖို့၊ သစ္စာရှိဖို့၊ ပြည်သူလူထုကိုသစ္စာမဖောက်ဖို့၊ ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့စတာတွေကို လည်းရတဲ့ နည်းနာတွေ အသုံးပြုပြီး သိမြင်နားလည်လာကြအောင် အကူအညီပေးခဲ့ပါတယ်။

၈၈ လူထုဒီမိုကရေစီအရေးတော်ပုံကြီးဟာ အောင်ပွဲမရသေးသလိုပြီးဆုံးလို့လည်းမသွားသေးပါဘူး။ တိုက်ပွဲတပွဲဟာ ကိုယ်က အရှုံးပေးအညံ့ခံပြီး၊ကိုယ်ကိုယ်တိုင်ကရှုံးပြီလို့လက်ခံလိုက်မှ တကယ်ရှုံးတာပါ။ ကိုယ်ကိုယ်တိုင်က ရှုံးသွားပြီလို့လက်မခံသေးသမျှ ရှုံးပြီလို့ပြောလို့မရပါဘူး။ ဒီကနေ့ပြည်တွင်းမှာ ရှိနေကြတဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ၊ သံဃာတော်တွေ၊ ကျောင်းသားကျောင်းသူတွေရဲ့ စိတ်ဓာတ်ဟာလည်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားဖို့သံဓိဌာန်ချထားကြတယ် အာခံဆန့်ကျင်ဖို့၊ တော်လှန်ဖို့ ပြင်ဆင်အားယူနေကြတယ်လို့ ကျနော်က ယုံကြည်ပါတယ်။ အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတွေ အောင်မြင်ရယူနိုင်တဲ့အထိ စစ်အာဏာရှင်တွေကို ဆန့်ကျင်တိုက်ခိုက်သွားကြဖို့ဆိုရင် ရန်သူရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသေအချာ လေ့လာရမှာဖြစ်သလို၊ မိမိဘက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်းသိမြင်နားလည်ထားဖို့ အရေးကြီးပါတယ်။ မိမိဘက်ရဲ့အားနည်းချက်တွေကို အာားကောင်းလာအောင်ဖြည့်ဆည်းကြရပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေ ကအမှားတွေ အားနည်းချက်တွေကို သင်ခန်းစာယူကြရပါလိမ့်မယ်။ ၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးက အမှားတွေ၊ ချို့ယွင်းအားနည်းချက်တွေကို အသေအချာခွဲခြမ်းစိတ်ဖြာ လေ့လာပြီးသင်ခန်းစာယူသင့်ကြပါတယ်။ ဆိုရိုးစကားအရ လူဆိုတာမှားကြမှာဖြစ်ပေမယ့် အမှားတွေကို ထပ်လဲလဲ ကျူးလွန်သူဟာ လူမိုက်ဖြစ်ပြီး အမှားတွေကို မှန်အောင်ပြုပြင် နိုင်တဲ့သူဟာ ပညာရှိ ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီအမှားတွေချို့ယွင်းချက်တွေကို ရှောင်ရှားနိုင်ဖို့ ပြုပြင်တည့်မတ်နိုင်ဖို့နိုင်ငံရေး အတွေးအခေါ်တွေ၊ တော်လှန်ရေးသဘောတရားတွေ၊ တော်လှန်ရေးတွေရဲ့ သမိုင်းကြောင်းတွေကို လေ့လာဖတ်ရှုဖို့ ဝေဖန်သုံးသပ် အကဲဖြတ်တတ်ဖို့လိုအပ်ပါတယ်။ ရရှိလာတဲ့ အတွေးအခေါ်နဲ့ သဘောတရားတွေကို လက်တွေ့ဘ၀မှာချသုံးပြီး သဘောတရားနဲ့လက်တွေ့ပေါင်းစပ် အမှန်တရားရှာဖွေ ကြရပါမယ်။ လူထုဒီမိုကရေစီတော်လှန်ရေးကြီး အဆုံးသတ်အောာင်ပွဲခံနိုင်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ခိုင်မာအားကောင်းပြီးမှန်ကန်လက်တွေ့ကျတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကို ချမှတ်နိုင်ကြရပါမယ်။

ကမ္ဘာ့သမိုင်းစာမျက်နှာတွေပေါ်က စစ်အာဏာရှင်စနစ်၊ဖက်ဆစ်စနစ် တော်လှန်ရေးတိုင်းဟာ အလွယ်တကူ ချောချောမွေ့မွေ့ သွေးမြေမကျဘဲ အောင်ပွဲရခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ စစ်အာဏာရှင်တွေက သူတို့ဘာသာ အသိတရားရပြီး ပြည်သူလူထုကို စိတ်လိုလက်ရ ရှောရှောရှူရှူ အာဏာပြန်အပ်တယ်ဆိုတာ ဘယ်တုံးကမှ မရှိခဲ့ဘူးဆိုတာ သတိထားကြရပါမယ်။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု ရက်စက်ကြမ်းတမ်းမှုတွေကို သတိထားရမှာဖြစ်သလို၊ အနုနည်းနဲ့အချိုသပ်လှည့်စားမှုတွေနဲ့ ကောက်ကျစ်စဉ်းလဲတဲ့ နည်းပရိယာယ်တွေ၊ မက်လုံးပေး သိမ်းသွင်းမှု၊ သွေးခွဲစည်းရုံးမှုတွေကိုလည်း တော်လှန်ရေးသတိ ကြီးကြီးထားကြရမှာဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ရန်သူကို တုန့်ပြန်အားပြိုင်နိုင်ဖို့ လက်ရုံးရည်သာမက နှလုံးရည်အရာမှာလည်း အားကောင်းသန်မာကြဖို့လိုပါတယ်။

သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေအားလုံးကို အခြေအနေအချိန်အခါအရ ထိထိရောက်ရောက်အသုံးချနိုင်ဖို့ အချိန်ကိုက်ဆုံးဖြတ်တတ်ဖို့၊ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား တော်လှန်တိုက်ခိုက်နိုင်ကြဖို့သာဖြစ်ပါတယ်။

ကျနော်တို့တွေ မှာမျှော်လင့်ချက် မမဲ့သေးပါဘူး။
ကျနော်တို့မှာ အားကောင်းခိုင်မာတဲ့မျှော်လင့်ချက်တွေ ထင်ထင်လင်းလင်းရှိနေပါသေးတယ်။ ။

အပြည့်အစုံသို့...

ပြတိုက်သက်တမ်း ၂၃ နှစ်



ကတ္တရာလမ်းပေါ်မှာ
ရာဇ၀င်ရေးထုံးကို
လူထုသွေးစာလုံးနဲ့ ဖလှယ်ခဲ့ကြ။

လွတ်မြောက်ရေး အတွက်
ဘ၀နဲ့ အသက်ကို လောင်းကစား လုပ်ကြ
ဆယ်စုနှစ်တွေ ကြာရှည်နိုင်သမျှ။

ဖုံးကွယ်ထားသမျှကို
ခွာချနိုင်ခဲ့သလို
နိမ့်ကျခဲ့သမျှ တွန်းလှန်ပြခဲ့ကြ။

အစွယ်အဆိပ်ကြောင့် စိုးမထိတ်
စိတ်မဆင်းရဲဘူး၊ စိတ်ဓာတ်မကျဘူး
စိတ်ပျက်အားငယ်ခြင်းမရှိဘူး
စိတ်လေ တွေဝေမှု အလျင်း ကင်းမဲ့
စိတ်က ရှင်းပ
ဗကသ ရဲဘော်များနဲ့  လူထုကြီးရဲ့ 
အရေးတော်ပုံဆိုတဲ့ မုန်တိုင်း။

ညီညွတ်မှုအတိုင်းမဲ့
ဦးညွှတ်မှု ဒီရေလှိုင်းနဲ့ 
မုန်တိုင်းမှာ ပျော်ပါးကြ
မုန်တိုင်းကို ဂူဏ်ပြုကြ။

မောင်လွမ်းဏီ
၁၉ - ၇ - ၂၀၁၁

(ကိုမင်းကိုနိုင် နှင့် ကိုမွန်းအောင်သို့  ချစ်ခင်လေးစားရင်းစွဲဖြင့်)

အပြည့်အစုံသို့...

အိပ်မက်ထဲမှာတောင် သွေးမြင်ရင် လန့်တယ်

ဘ၀မှာ ဘယ်အရာကို အကြောက်ဆုံးလဲလို့မေးရင် ကျမ မှာ မစိုင်းမတွဖြေဖို့ အဖြေရှိပါတယ်။ အဲဒါဟာ ၈၈ ပြည်သူ့အရေးတော်ပုံကြီးထဲက မျက်မြင်အဖြစ်အပျက်ပါပဲ။ လူမဆန်ဆုံး လုပ်ရပ်လို့ ပြောရင်လည်းရ သလို ကျမရဲ့ စိတ်ထဲမှာ အာဏာရှင်ကို မပြုတ်မချင်းတော်လှန်ရမယ်ဆိုတဲ့ အသိကိုလည်း ပေးခဲ့တဲ့ ဖြစ်ရပ်တခုပါပဲ။ သြဂုတ်လ ၁၀ ရက်နေ့က ကျမနဲ့ ကျမရဲ့အမေ ဆေးရုံကြီးဝင်းထဲကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆေးရုံကြီးရဲ့ အရေးပေါ်မှာ လူနာတွေ အရမ်းများနေပါပြီ။ ဆေးလည်းမရှိတော့ပါ။ သွေးလည်းမရှိတော့ပါ။

ဂွမ်း၊ ပတ်တီး ၊ ဘာဆိုဘာမှ မရှိတော့လို့ ဆေးရုံက သူနာပြုတွေက ဆိုင်းဘုတ် တခုရေးပြီး အဖြူရောင် ကမ္ဘာသုံး ဆေးဝန်ထမ်း အမှတ်တံဆိပ်နဲ့ ဆေးရုံကြီး အပြင်ဘက်ကိုထွက်ပြီး ဆိုင်းဘုတ်နဲ့ မတ်ရပ်ကြပါတယ်။ ဆိုင်းဘုတ်မှာက "ဆေးလည်းကုန်ပြီ၊ သွေးလည်းကုန်ပြီ၊ ပစ်နေတာကို ရပ်ပေးပါ" လို့ရေးထားတာပါ။ မြန်မာစာမတတ်တဲ့ စစ်သားတွေက သူနာပြုတွေကို ဆန္ဒပြသူတွေလို့ သတ်မှတ်ပြီး စစ်ကားနဲ့ ဆေးရုံကြီးဝင်းအတွင်း ၀င်ရောက်ပစ်ခတ်ပါတယ်။ သူနာပြုတွေကို ၀န်းရံပေးနေတဲ့ လူတွေကိုပါ ပစ်ခတ်တာပါ။ အဲဒီနေရာမှာ လူ ၂ ဦးသေဆုံးခဲ့ရပြီး သူနာပြုဆရာမတွေ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ကျမလည်း အဲဒီလူအုပ်ထဲမှာ ရပ်နေရာက ပစ်တော့ ပြေးပါတယ်။ ပြေးရင်းပြေးရင်းက ဒေါ်ပုဆေးရုံဝင်း(ယခု ဦးနှောက်နဲ့ အာရုံကြောအဆောင်) အတွင်းရောက်သွားပါတယ်။ ဒေါ်ပုဆေးရုံဝင်းထဲမှာ ကျမ ငယ်သူငယ်ချင်း နွယ်နွယ်ထွန်းရှိတော့ ကျမသူတို့အိမ်ပေါ် ပြေးတက်သွားလိုက်ပါတယ်။ သူတို့အိမ်က ဆေးရုံကို ခတ်ထားတဲ့ ခြံဝင်းနဲ့ ကပ်လျက်တည်ရှိပါတယ်။ သူတို့အိမ်ကနေလှမ်းကြည့်ရင် ဆေးရုံကြီးရှေ့က ကတ္တရာလမ်းမကြီးကိုလည်းမြင်နေရပါတယ်။ သူတို့ အိမ်ရှေ့မှာ ကျမတို့ တဖက် မကတဲ့ မကျည်းပင်ကြီးရှိပါတယ်။ လူတွေအားလုံးပြေးကြလွှားကြနဲ့ ဆေးရုံကြီးရှေ့မှာ ကမ္ဘာပျက်နေပါတယ်။ သေနတ်သံတွေက တဒိန်းဒိန်းနဲ့ ဆူညံနေပုံက စစ်မြေပြင်ကို ရောက်နေသလား ထင်မှတ်ရလောက်အောင်ပါ။

ကျမ မိနွယ်တို့အိမ်ပေါ်ပြေးတက်လာတော့ မိနွယ်အမ မသီတာက တံခါးပြေးဖွင့်ပေးပါတယ်။ သူတို့အိမ်မှာလည်း သူတို့ညီအမ ၂ ယောက်ပဲကျန်ခဲ့တာပါ။ ကျမရောက်လာတော့ သူတို့က အားရှိသွားတဲ့ပုံနဲ့ ပျော်သွားပုံရပါတယ်။ မိနွယ်တို့ အိမ် နံရံတွေမှာလည်း သေနတ်ကျည်ပေါက်ရာတွေတွေ့နေရပါတယ်။ မသီတာက ၉ ရက်နေ့ မနက်ကတည်း ကျည်ဆံတွေပလူပျံနေလို့ သူတို့ မတ်တပ်ရပ်ပြီး လမ်းမသွားရဲတဲ့ အကြောင်းပြောပါတယ်။ ကျမတို့ သုံးယောက် သူတို့ အိမ်ဝရံတာလေးကနေ မှောက်လျက်အိပ်ပြီး သူတို့အိမ်အောက်ထပ်ကို ချောင်းကြည့်ကြပါတယ်။

ပစ်သတ်ခတ်သံတွေကြားထဲမှာပဲ မိနွယ်တို့ အိမ်ရှေ့က မကျည်းပင်ကြီးအောက်ကို အသက် ၄၀ ၀န်းကျင်ယောက်ျား ၂ ယောက်၊ အသက် ၅၀ ၀န်းကျင် မိန်းမတယောက်နဲ့ ဘုန်းတော်ကြီး တပါးပြေးဝင်လာတာကို ကျမတို့တွေ့လိုက်ပါတယ်။ မသီတာက တံခါးဖွင့်ပေးမလို့ ထလိုက်ချိန်မှာပဲ ဆေးရုံဝင်းထဲကို ဘက်နက်တပ်ထားတဲ့ သေနတ်ကိုင်လာတဲ့ စစ်သား ၂ ယောက်ဝင်လာလို့ ကိုယ်ရှိန်သတ်ပြီး စောင့်ကြည့်နေလိုက်ပါတယ်။

စစ်သားတွေက ပုန်းအောင်းနေတဲ့ လူတွေဆီကို လျောက်လာပါတယ်။ စစ်သားတွေအနားရောက်လာတော့ ဘုန်းကြီးက "တကာတို့ ဦးဇင်းတို့က ဆေးရုံမှာ ရောဂါလာပြတာ။ ဆန္ဒပြတဲ့ သူတွေမဟုတ်ဘူး" လို့ ပြောတဲ့ အသံကို ကျမတို့ ကြားလိုက်ပါတယ်။ စစ်သားတွေကလည်း ဒေါသတကြီးနဲ့ ပြန်ပြောပေမဲ့ သူတို့ပြောတဲ့ စကားကို ကျမတို့နားမလည်ပါ။ တိုင်းရင်းသားတွေဖြစ်ပုံရပါတယ်။ ပုန်းနေသူတွေလည်း နားလည်ပုံမရပါ။ နောက်ဆုံး ဘုန်းကြီးက စစ်သားတွေကို လက်အုပ်မိုးပြီး သူတို့အသက်ကို ချမ်းသာပေးဖို့ ပြောတာကိုလည်း တွေ့လိုက်ရပါတယ်။ ကျမတို့ မြင်ကွင်းရှင်းရှင်းမြင်ရအောင် အိမ်အောက်ကို သေချာငုံကြည့်လိုက်ချိန်မှာပဲ ဘုန်းကြီးရဲ့ ရင်ဝကို ဘက်နက်နဲ့ ထိုးချလိုက်ပါတယ်။ ဘုန်းကြီးရဲ့ ရင်ဝထဲက ဘက်နက်ကို ပြန်စွဲထုတ်လိုက်ချိန်မှာတော့ သွေးတွေ ပန်းပြီးထွက်လာတာမြင်လိုက်ရပါတယ်။ တချိန်တည်းမှာပဲ ကျန်လူ ၃ ဦးကိုပါ ဘက်နက်နဲ့ ထိုးသတ်ပြီး သူတို့ အလောင်းတွေကို မြေပြင်မှာ ဒရွတ်တိုက်စွဲသွားပါတယ်။ သဲလမ်းပေါ်မှာ သွေးဆွတ်ကြောင်းကြီး ကျန်ခဲ့ပါတယ်။ ဘက်နက်နဲ့ ထိုးလိုက်တဲ့ အချိန်မှာ မသီတာက ယောင်ယမ်းပြီး ထဖို့ ကျိုးစားလိုက်ပါသေးတယ် ။ မသီတာဘေးမှာနေတဲ့ မိနွယ်က မသီတာပခုံးကို အတင်းပြန်ဆွဲချလိုက်ပါတယ်။ နို့မို့ ကျမတို့ရှိတဲ့ဆီတောင် သေနတ်နဲ့ ပစ်သွားနိုင်ပါတယ်။ အဲဒီအချိန်က မသီတာက ၂၁ နှစ်ပဲရှိသေးပြီး ကျမနဲ့ မိနွယ်က ၁၉ နှစ်ပဲရှိပါသေးတယ်။
အဲဒီအချိန်ကတည်း က ကျမလေ အိပ်မက်ထဲမှာ ရဲကနဲ မြင်လိုက်ရင် ညဆက်အိပ်လို့ မရတော့ပါဘူး။ သွေးမြင်ရင် ရင်တုန်ပန်းတုန်ဖြစ်တတ်တာ အခုအချိန်အထိပါပဲ။ မသီတာကတော့ စကားမပြောတော့ပဲ ငေးငိုင်နေလို့ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသခဲ့ရပါသေးတယ်။ ကျမထောင်မကျခင်အထိ မသီတာနဲ့တွေ့တော့ သူက သွေးတွေမြင်ရင်အခုအချိန်အထိ ရင်ထဲမှာ တမျိုးကြီးဖြစ်နေတုန်းပဲတဲ့။
ခင်ငြိမ်းသစ်။

အပြည့်အစုံသို့...

၈၈၈၈ … ၂၃ နှစ်

၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်ခဲ့ပြီဖြစ်တယ်။ ၂၃ နှစ်တာ ခရီးဆိုတာ မျိုးဆက် တဆက်ကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်တယ်။ ၂၃ နှစ်တာ အချိန်ကာလနဲ့ အရေးတော်ပုံ ခရီးကြမ်းဟာ ပြည်တွင်း မြေပေါ်နဲ့ မြေအောက်(ယူဂျီ) ဘ၀တွေရော၊ လွတ်မြောက်နယ်မြေလို့ ခေါ်တဲ့ လက်နက်ကိုင် တော်လှန်ရေးနယ်မြေက ဘ၀တွေ အတွက်ပါ အရင်းအနှီး ကြီးစွာ ပေးဆပ်ခဲ့ရတဲ့ သမိုင်းဖြစ်ခဲ့တယ်။

တကယ်တော့ ၈၈၈၈ အရေးတော်ပုံကြီးဟာ လူထုရဲ့ တိုက်ပွဲသရဖူ ဖြစ်ပါတယ်။ အရေးတော်ပုံကာလက သင်ဟာ မဆလ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့တဲ့ လူထုထဲက လူသားတယောက်အဖြစ်နဲ့ ပါဝင်ခဲ့ကောင်း ပါဝင်ခဲ့မှာပါ။ အဲဒီလို ပါဝင်ခဲ့တဲ့ အတွက်လည်း သမိုင်းပေးတာဝန်ကို အထိုက်အလျောက် ကျေပွန်ခဲ့တယ်လို့လည်း ကျေနပ်ရမှာပါ။

အဲဒီတုန်းက သင်ဟာ ကျောင်းသားအရွယ် ဖြစ်ချင်ဖြစ်နေမယ်။ အလုပ်ထဲကလည်း ဖြစ်နိုင်တယ်။ သက်ကြားအို အရွယ်လည်း ဖြစ်နိုင်ပါတယ်လေ။ ဘယ်အရွယ်ပဲ ဖြစ်ဖြစ် အဖိနှိပ်ခံ ဘ၀မှာ မခံမရပ်နိုင် တိုက်ပွဲဝင် ချင်သူတိုင်းအတွက် ၈၈၈၈ အရေးတော်ပုံကြီးဟာ သမိုင်းက ပေးလိုက်တဲ့ ကြီးမြတ်တဲ့ လက်ဆောင်ကြီးဆိုတာ ငြင်းလို့ မရနိုင်ပါဘူး … ။

ပါတီတွေ ဖွဲ့ခဲ့ကြတယ်။ အကျဉ်းထောင်တွေထဲ နှစ်ရှည်လများ ရောက်သွားကြတယ်။ ထောင်တွင်းမှာ တချို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့တယ်။ တချို့ ထောင်ကထွက်လာတယ်။ မိသားစု ဘ၀ကလေးတွေ အသိုက်ပျက်ခဲ့ကြတယ်။ ယုံကြည်ချက်အတိုင်း ထောင်မကြောက် စစ်ကြောရေးမကြောက် ဆက်လက် လှုပ်ရှားနေ ခဲ့ကြတယ်။ သူလို၊ ကိုယ်လို၊ ကျနော်တို့လို လူမျိုးတွေ မပြောနဲ့။ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးရဲ့ ဖခင်ကြီးလို့ သမိုင်းမော်ကွန်းရေးထိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီးကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နှစ်ရှည်လ များ နေခဲ့ရတယ်မဟုတ်ပါလား။ အပြင်ပြန်ရောက်တော့လည်း လူအုပ်စုနဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရသေး တယ်။ မိသားစု ဘ၀ တစစီပြိုကွဲခဲ့၊ ပြိုကွဲနေတာကိုတော့ ထူးပြီး ပြောမနေတော့ပါဘူး။

စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ အငြိုးကြီးရက်စက်မှုဟာ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် (အဆိုတော် ကိုသန်းလှိုင်၏ အကို) ကိုကိုးကျွန်းပြန်ကြီး၊ နောက် ကိုကိုးကျွန်းပြန်တွေ ဖြစ်ကြတဲ့ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း တို့သည်လည်း ထောင်ထဲမှာ နှိပ်စက်ခံရမှုကြောင့် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ရတာ ဖြစ်တယ်။ ကိုတင်မောင်ဝင်း ဈာပနမှာ ကမ်းခဲ့တဲ့ ယပ်တောင်ကလေးမှာ ရေးထားတာက …

“လူကိုသတ်တာ ကင်ဆာလား၊ ကင်ဆာကျဆုံးပါစေ”

စစ်အုပ်စု အလိုကျ ထောင်ပိုင်တွေက ကိုတင်မောင်ဝင်း ကျဆုံးတာ ကင်ဆာကြောင့်လို့ ဗြောင်လိမ် သတင်းထုတ်ခဲ့တာကိုး။ ဒါပေမဲ့ အဲဒီ ကဗျာစကလေးက အဖြစ်အမှန် သမိုင်းကို မော်ကွန်းထိုးခဲ့လေတယ်။

စစ်အုပ်စုရဲ့ ထောင်ထဲမှာ နှိပ်စက်တယ်ဆိုတာက နည်းအမျိုးမျိုး ရှိတယ်။ စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း မျိုးစုံ နှိပ်စက်လို့ရတဲ့အပြင် ဆေးဝါးကုသမှု စနစ်မကျတာ ( ဆေးကို ပုံမှန်သေချာ မထိုး၊ မတိုက်တာ)၊ အစားအသောက် စသည်ဖြင့် နှိပ်စက်လို့ရတယ်။ ၀မ်းကိုက်ရောဂါဟာ အကျဉ်းကျ နိုင်ငံရေးသမားတွေအတွက်တော့ လူတိုင်း ဖြစ်နေကျ ရောဂါ။ ဒါကို ဆေးပုံမှန်မကုသပေးရင် ၀မ်းကိုက်ပိုးက အသည်းထဲဝင်တော့တာ။ နီးစပ်သူတွေထဲက ဆိုရင် ဖထီးမန်းဒါဝိတ်၊ ဘိုကလေး လူ့ဘောင်သစ် (မျိုးချစ်ဒီမိုကရက်တစ် လူငယ် တပ်ပေါင်းစု) က ဂျပန်ကြီးခေါ် ကျော်မျိုးသန့်တို့ဟာ အသည်းထဲ ၀မ်းကိုက်ပိုးဝင် ကျဆုံးခဲ့ကြတာ ဖြစ်တယ်။

စာကို ဘယ်လက်နဲ့ရော၊ ညာလက်နဲ့ရော ရေးတတ်တဲ့ အင်ဂျင်နီယာ ကျောင်းသားဟောင်း ကိုအောင်ကျော်မိုး ကျတော့ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ အစာငတ်ခံ တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့တာ ဖြစ်တယ်။ သူလို တိုက်ပွဲဝင်ကျဆုံးခဲ့သူများကား သမိုင်းမော်ကွန်း တင်ရစ်ခဲ့ပြီ။ ဗန်းမော်ဦးတင်အောင် စကားကို ကိုးကား ပြောရရင် သူတို့ ဖြတ်သန်းနေတဲ့ ခေတ်ကြီးက သူတို့ ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသူတွေ …။

အမေဒေါ်ကြည်ကြည် ( သခင်ဇင်၏ဇနီး ) ဆိုရင် ထောင်ထဲမှာသာ အနေများခဲ့ရတယ်။ သူမဆိုရင် နိုင်ငံရေးသမားများအတွက် ဂေါ်ကီရဲ့ “အမေ” လို ကျင့်ကြံနေထိုင်သွားခဲ့တာ။ အမေလူထုဒေါ်အမာကလည်း သူသေသည်အထိ လူထုအကျိုးစီးပွားဘက်က ရပ်ခံခဲ့တယ်။ သူ့ဖြတ်သန်းမှု သမိုင်းဟာ ဗမာတင်မက တကမ္ဘာလုံးက အမျိုးသမီးတွေအတွက် အားကျ အတုယူစရာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မန္တလေးရောက်ရင် အမေ့ကို သွားရောက် ဂါရ၀ ပြုနေကျ။ ဦးဝင်းတင်၊ ဦးတင်ဦး တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံး ၀န်းရံပေးနေခဲ့၊ ပေးနေဆဲဖြစ်တယ်။ သူတို့ဟာ သက်ကြားအိုတွေ ဖြစ်နေကြပေမဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီအကျိုးစီးပွား တည်ဆောက်ရေး ဆိုတဲ့ သမိုင်းပေးတာဝန်ကို ဦးလည်မသုန် ဆောင်ရွက်နေကြတာ။ သတ္တိရှိသလို ဇွဲလည်းရှိကြတယ်။ ဒုက္ခမျိုးစုံကိုလည်း ကြံ့ကြံ့ ခံနိုင်ကြတယ်။ ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို မျက်ခြေမပြတ်ကြဘူး။ လူငယ်တွေအတွက် စံပြု အတုယူရမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးကြီးတွေအဖြစ် ယနေ့အထိ ပိုင်းဖြတ် တိုက်ပွဲဝင်နေကြတယ်။

မီဒီယာ ဘက်ကကြည့်မယ်ဆိုရင် လူထုဦးစိန်ဝင်းဟာ လူထုတပ်ဦးကနေ ဦးဆောင်လမ်းပြတိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တယ်။ ဘယ်လိုပဲ အတွေးအခေါ်တွေ ရှုပ်ထွေးနေပါစေ။ သူပြောလိုက်ရင် ရှင်းသွားတာပဲ။ မျက်ခြေမပြတ်တော့ဘူး။ လက်ရှိမှာ အောက်ဆီဂျင်နဲ့ အသက်ရှုနေရတယ်။ စိတ်ဓါတ်ကတော့ ရန်သူ့အပေါ်မှာ ပြတ်သား မာကျော ခိုင်မာနေမြဲပဲ …။

လက်ရှိ ကျနော်တို့ရဲ့ လွတ်မြောက်နယ်မြေမှာရော …။

မိခင်ရုံးကို ရောက်သွားတော့ တိုက်ပွဲဝင် ကျဆုံးသွားခဲ့ ရတဲ့ ရဲဘော်တွေနဲ့ ပြန်တွေ့လိုက်ရတယ်။ သူတို့ကို သူတို့ရဲ့ ရှားပါး ဓါတ်ပုံကလေးတွေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုထားတာ ဖြစ်တယ်။ ဓါတ်ပုံထဲက သူတို့ရဲ့ ရုပ်ပုံလွှာတွေဟာ ပီဘိ အပြစ်ကင်းစင် ရိုးသားကြတယ်။ မျက်နှာကလေးတွေက နုနုကလေးတွေ။ မိဘတွေရဲ့ မျက်စိအောက်မှာ အေးချမ်းစွာ ပညာသင်ကြားရမယ့် အရွယ်တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်အောင် ဖေါ်ပြနေကြတယ်။ သူတို့ကား ဒီမိုကရေစီရေးအတွက်၊ တိုင်းပြည်အတွက်၊ အဓမ္မ ဗုံးခွဲအဖျက်ဆီးခံ ကျောင်းသား သမဂ္ဂအဆောက်အဦကြီးအတွက်၊ အစဉ်အလာ ကြီးမားသော ဗမာပြည် ကျောင်းသား လှုပ်ရှားမှု သမိုင်းအတွက် တကယ့်ကို တန်ဖိုးရှိရှိ ဂုဏ်ယူဖွယ် ကျဆုံးခဲ့ကြတာ ဖြစ်တယ်။

ဓါတ်ပုံတွေထဲကနေ ကျဆုံးရဲဘော်တွေက ကျနော်တို့ကို ကြည့်နေသလိုပဲ။ တစုံတခုကို ပြောနေ၊ သတိပေးနေ သလို ခံစားရတယ်။ မင်းတို့ ဘယ်လမ်းလျှောက်နေကြပြီလဲ။ မင်းတို့ ဒီ လွတ်မြောက်နယ်မြေကို ဘာအတွက်၊ ဘာလုပ်ဖို့ လာခဲ့ကြတာလဲလို့ မေးခွန်းထုတ်နေသလိုလို ခံစားလာရတယ်။ ထွက်ပြေးမတတ် သိမ်ငယ်နေတဲ့ မိမိ လိပ်ပြာဟာ ကြေကွဲစွာ လွင့်စဉ်သွားမတတ် ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးပေး။ ပြီးတော့ ကိုယ့် အတ္တကို ကိုယ်တိုက်ပွဲဝင်ဖို့ လုပ်ရတယ်။ ဒီလိုမှ မဟုတ်ရင် သမိုင်းက အညှာအတာ ကင်းတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်နိုင်မယ် မဟုတ်တော့မှာ သေချာတယ်။ သြော် သူတို့ဟာ ကျဆုံးပြီးခဲ့တာတောင် ဆက်ပြီး တိုက်ပွဲဝင် တာဝန်ကျေနေကြမြဲ။ သူတို့ရဲ့ မိခင်တွေဟာ သမိုင်းရဲ့ အမျိုးသမီးကောင်း မိခင်တွေ ဖြစ်ခဲ့ပြီ …။

ပြောင်းလဲနေတဲ့ ကမ္ဘာ့ အခင်းအကျင်းသစ်ပေါ်ကနေ စစ်အုပ်စုဟာ အသက်ရှုပေါက် ချောင်သလို ဖြစ်သွား ခဲ့တယ်။ ဒေသန္တရ နိုင်ငံရေးကလည်း သူ့ကို လူမိုက် အခြေအနေကောင်း ဖြစ်စေပြန်နေရော။ အတုအယောင် အပစ်အခတ် ရပ်စဲရေးကနေ ငြိမ်းချမ်းရေးဆိုပြီး နတ်စကားတွေ လှိုင်လှိုင် ထုတ်ပြန်နေခဲ့တယ်။ နောက်ဆုတ်လိုက်ရတဲ့ လက်နက်ကိုင်တော်လှန်ရေး ဒီရေ အကျမှာ လွတ်မြောက်နယ်မြေက ဘ၀တွေ လိမ့်နေအောင် ခံလိုက်ရတယ်။ အခင်းအကျင်းတခုလုံးနဲ့ လက်တွေ့ သမိုင်းရဲ့ အခြေအနေကို မဆုပ်ကိုင်မိဘူးဆိုရင် လူဟာ ကိုယ့်ကိုယ်ကိုယ် ဆယ်ယူဖို့ အတော့်ကို ခက်သွားလိမ့်မယ်။ မျက်မှောက်ပြုနေရတဲ့ လေထုထဲမှာ တန်ဖိုးအတွက် စံသတ်မှတ်စရာ ပေတံ ရှားပါးနေခဲ့တယ်။ ကိုယ့်အတ္တကိုမှ ကိုယ်မနိုင်ရင် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးဖို့က သေချာသလောက်ရှိနေပါတယ်။

အဆိုးဆုံးက ကိုယ် ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိတော့တဲ့ကိစ္စ။ ဘ၀ဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားဖို့ သိပ်လွယ်လွန်းနေတယ်။

ခုတော့ မင်းသားခေါင်းပြုတ်ကျပြီး ဘီလူးခေါင်းပြန်ပေါ်လာတဲ့ စစ်အုပ်စုဟာ အတုအယောင်အပစ်အခတ် ရပ်စဲရေး ဖြစ်ပါတယ်ဆိုတာကို တဖန်ပြန်လည်ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့အတူ ကမ္ဘာကိုရော သမိုင်းကိုပါ ၀န်ခံလိုက်ရပြီ။ ကျနော်တို့ ဒီမိုကရေစီရေးဘက်က မရှိမဖြစ်လိုအပ်နေသည်မှာ အဖိနှိပ်ခံလူထုကြီး၏ အနှစ်သာရပြည့်စုံတဲ့ “ညီညွတ်ရေး” … ။ ဘုံရန်သူ စစ်အာဏာရှင်၊ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ရှိရုပ်သေးအစိုးရကို ဖျက်သိမ်းပစ်ဖို့အတွက် အနိမ့်ဆုံး ဘုံလုပ်ငန်စဉ် တခုကို ချမှတ်နိုင်ဖို့ အမြန်ဆုံး လိုအပ်နေပါတယ်။

မည်သူမဆို ကိုယ်ရောက်ရာအရပ်ကနေ ဒီမိုကရေစီရေးကို ရွက်ကျပင်ပေါက် ပမာ ဆောင်ရွက်နိုင်တယ်လို့ နာယူမှတ်သားခဲ့ဖူးတယ်။ ဟုတ်ပါတယ်။ မည်သူမဆိုပါ။ ဆန္ဒအတိုင်း မဖြစ်တတ်တဲ့ ဘ၀မှာ လူသားဟာ ကိုယ်ရောက်တဲ့အရပ်ကနေ ဘုံရန်သူကို မျက်ခြေမပြတ်ဖို့နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူထုရဲ့ အကျိုးစီးပွားကို နိုင်ငံရေး အသိ၊ သတိရှိရှိနဲ့ လုပ်သွားကြဖို့လိုတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြား ခံယူလာမိတယ်။ အဲဒီ ခံယူမှုကို ခိုင်မာသထက် ခိုင်မာအောင် လုပ်သွားမယ်လို့လည်း ပိုင်းဖြတ်ရပါမယ်။ ဒီအသိနဲ့ ဒီအားအင်တွေက သူ့အလိုလို ဖြစ်လာတာတော့ မဟုတ်ဘူး။ အထက်ဖေါ်ပြပါ ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင်ကျဆုံးခဲ့ကြ သူတွေက သူတို့ရဲ့ ဘ၀တွေ၊ အသက်တွေ၊ သွေးတွေနဲ့ ရင်းနှီးပြီး သမိုင်းတာဝန် သင်ကြားချက်ကို တန်ဖိုးရှိရှိပေးခဲ့တာ …။

၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တချို့ကား ကြယ်စင်တွေလို ဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင် ကျဆုံး ကြွေသက်ခဲ့ကြတယ်။ တချို့ကား …။

အရေးတော်ပုံကြီး၏ ခရီးရှည်ကား မဆုံးသေး … ။ ပန်းတိုင်သို့ … မရောက်ရှိသေး … ။ တနေ့မှာ … ဒီမိုကရေစီအကျိုးစီးပွား ပန်းတိုင်ဆီသို့ မလွဲမသွေ ရောက်ရှိမည်ကို အခိုင်အမာ ယုံကြည်တယ် … ။ ။

ကမာပုလဲ

၂၀၁၁။

အပြည့်အစုံသို့...