Saturday, April 30, 2011

ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း

ဆရာဂါရဲ့ ဆောင်းပါးဆိုလိုရင်းကို သဘောပေါက်အောင် တခေါက်လောက် သေသေချာချာ ပြန်ဖတ်စေချင်ပါတယ် ကိုကန့်လန့်။ ဆရာဂါ ဘာပြောချင်တယ် ဆိုတာကိုပေါ့။ ဆရာဂါ ပေးချင်တာနဲ့ ကိုကန့်လန့် ရနေတာ လွဲနေတယ်ထင်တယ်။

ကျနော် ဒီကဗျာကို ဒေါက်တာလွဏ်းဆွေဘလော့ခ်ကို အရင်ပို့တာပါ။ သူ့က ဒေါက်တာလွဏ်းဆွေက အထက်ပါအတိုင်း သဘောထားပေးခဲ့ပါတယ်။ ကျနော်ကပဲ စာရေးဆရာ - ဂါမဏိရဲ့ ဆောင်းပါးအပေါ် အမြင်လွဲခဲ့တာလား၊ စာရေးဆရာ - ဂါမဏိကပဲ ဆရာဒဂုန်တာရာရဲ့ တရားကို တလွဲသုံးခဲ့တာလား။ ကျနော်မှားတယ်ဆိုရင် ကျနော်တာဝန်ခံပါတယ်။ အမှားအမှန်ကို စာဖတ်သူများက ဆုံးဖြတ်ပေးရမှာပါပဲ။ ဒါ့ကြောင့် ဒိကဗျာကိုတင်ပြလိုက်ပါတယ်။

ဖြစ်ခဲ့ဖူးပါတယ်။ ပြည်တွင်းမှာ မြတ်ခိုင်က မော်နီတာဂျာနယ် အမှတ် (၁) မှာ ဆရာဒဂုန်တာရာကို ဦးချစ်လှိုင်တို့၊ သခင်တင်မြတို့နဲ့ တွဲပြီးတော့ စကားဝိုင်းလုပ်ခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး ဗကပ ကြေငြာချက်မှာ မြတ်ခိုင်တို့က ဆရာ ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်တယ်” ဆိုတာကို လိုရာဆွဲပြီး အသုံးချခဲ့တာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ အခုလည်း စာရေးဆရာ - ဂါမဏိက ဆရာ ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်တယ်” ဆိုတာကို လိုရာဆွဲ အသုံးချနေတယ်လို့ မြင်လို့ ဒီကဗျာကို ရေးခဲ့တာပါ။ နည်းနာဆိုတာ တခုတည်းမဟုတ်ဘူးဆိုတာက စာရေးဆရာ - ဂါမဏိ ဆိုလိုရင်းပါ။ ဒါကို ပြောတာ ဒဂုန်တာရာကို အသုံးချစရာမလိုပါဘူး။ ဒဂုန်တာရာက ငြိမ်းချမ်းရေးဝါဒီပါ။ ဆင်ကြုံးသွင်းရေးသမားမဟုတ်ပါဘူး။ ကိုယ့်တရားကိုယ် ထူထောင်ခွင့်ရှိပါတယ်။ ဥပမာဗျာ - “စားပွဲဝိုင်းထိုင်ဆွေးနွေးဖို့ နည်းနာအားလုံးသုံးကြစို့” ဆိုလည်း ရပါတယ်။

ဒီမှာသေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမော်ကားရေးနေတာတွေကို ၂ ဖက်အမြင်သိရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေေ၀စာစာဖော်ပြနေတဲ့ ဒေါက်တာလွဏ်းဆွေဟာ စာရေးဆရာ - ဂါမဏိကို ဝေဖန်တဲ့ ကဗျာကိုတော့ ၂ ဖက်အမြင်သိရအောင် ဖေါ်ပြသင့်ပါလျက် မဖေါ်ပြခဲ့တဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ဖေါ်ပြချက်ကို တွေ့လိုက်ရတာပါပဲ။ ရန်ကုန်မှာ မြားနတ်မောင်လုပ်စဉ်က စစ်အုပ်စုကို မဝေဖန်ရဲသလိုမျိုးပေါ့။ နီးရာဓါးတော့ ကြောက်တဲ့ပုံပါပဲ။ မဲဆောက်မှာ နေတဲ့အခါကြတော့လည်း မိခင်စိတ်ရှိတဲ့၊ အာဃာတမရှိတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် စာရေးဆရာ - ဂါမဏိကို ကြောက်ပုံရပါတယ်။ ဒေါက်တာလွဏ်းဆွေလည်း မဲဆောက်မြို့က မြတ်ခိုင် ဖြစ်မှန်းမသိဖြစ်နေပြီ။

ဒီကဗျာဟာ ဒဂုန်တာရာအတွက် ခုခံကာကွယ်တာဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ခုခံကာကွယ်တာဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ညိုထက် (လမ်းသစ်ဦး) လည်း တတပ်၊ တအား ဖြစ်တယ်ဆိုတာ ဖေါ်ပြတာလည်းဖြစ်ပါတယ်။


ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း

ကြံကြံဖန်ဖန်

ဆင်ကြုံးသွင်းနည်းနဲ့မှ

မိတ်ဆွေဖွဲ့ရတယ်လို့။

တန်းတူ

ချစ်ကြည်

နားလည်မှုရှိပါမှ

မိတ်ဆွေဖြစ်ကြမှာ မဟုတ်လား။

ဥပမာပေးစရာရှားလို့

ဆရာဂါလည်းဖတ်ဖူးမှာပေါ့

“လွမ်းတေး”

ဟုတ်ပါ့

ဆရာဇော်ဇော်အောင်ရဲ့ “လွမ်းတေး”ပေါ့။

ဒီလိုရှိတယ်ဆရာဂါ

ဆရာဇော်ဇော်အောင်ရဲ့ငယ်ဘဝ

(ဆိုကြပါစို့)

ဇော် (သလ္လာ) ဘ၀ကတည်းက

ကွန်မြူနစ်တွေအပေါ်ထားခဲ့တဲ့

အညိုးအတေး

အာဃာတ

အမုန်းတရားများ

ကြေပါပြီ

ပြေပါပြီ

ပြီးပါပြီတဲ့။

အဲဒါ “လွမ်းတေး” ပေါ့

အဲဒါ “ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း” ပေါ့

အဲဒါ “ကြီးမြတ်တဲ့ နိုင်ငံရေး” ပေါ့။

“မတူတာတွေ ပေါင်းစည်းတဲ့အခါ အသစ်ဖြစ်တယ်” တဲ့

“လူဆိုတာ အချစ်တွေနဲ့ မွေးလာတာ” တဲ့

ဒဂုန်တာရာက

သူ့အတွေးအခေါ်ကို အဲဒီနေရာကစခဲ့တယ်

ဘယ်မှာ ဆင်ကြုံးသွင်းတာ ပါလို့လည်း

ကျနော်တော့ဖြင့် အချစ်ကိုပဲတွေ့ရတယ်။

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

မုန်းသူမရှိ၊ ချစ်သူသာရှိ

အဲဒါ

ဆရာဂါရေးသလို

ငါနဲ့မတူ၊ မိတ်ဆွေမဟုတ်

မိတ်ဆွေမဟုတ်သူဖယ်ရှား

ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဖြစ်သွားသတဲ့

ရယ်စရာတော့လည်းအကောင်းသား

ဒီအတိုင်းသွားနေလို့ကတော့

ချစ်သူမရှိ၊ မုန်းသူသာရှိ ဖြစ်သွားမပေါ့ ဆရာဂါ။

ပန်းပေါင်းတရာပွင့်ပါစေ

ပညာရှိတိုင်း ငြင်းခုန်ပါစေ

သူ့အပင်မှာ သူ့အပွင့် ပွင့်မယ်

ကိုယ့်အပင်မှာ ကိုယ့်အပွင့် ပွင့်မယ်။

မိတ်ဆွေကို ကြုံးသွင်း ဖွဲ့လို့မရသလိုမျိုး

အဘိဓမ္မာကိုလည်း ကြုံးသွင်းလို့မရဘူး။

ကိုယ့်စကားနားထောင်မှ မိတ်ဆွေ

ကိုယ့်တရားနာခံမှ မိတ်ဆွေ

ဆရာဂါရေ …

အဲဒီအသိလောက်နဲ့

ဒဂုန်တာရာကိုလည်း ကြုံးသွင်းလို့မရဘူး။

ဒဂုန်တာရာဆိုတာ

စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့သူ

သခင်ကိုယ်တော်မှိုင်းကို ဆက်ခံသူ

ကိုယ်ပိုင်အဘိဓမ္မာရှိတဲ့ ငြိမ်းချမ်းရေးဝါဒီ

မိမိကိုယ်ကို ရွေးချယ်တက်တဲ့ ကဗျာဆရာ

နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ယုံသူ

မတူတာတွေပေါင်းတဲ့အခါ အသစ်ဖြစ်တယ်လို့ ယုံသူ

အချစ်ကို ယုံသူ။

ဒဂုန်တာရာက သူ့ဘ၀တလျောက်လုံး

ငြိမ်းချမ်းရေးအဘိဓမ္မာကို ကိုင်ဆွဲခဲ့တယ်

ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးခရီးတလျောက်လုံး

တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ကိုင်ဆွဲခဲ့တယ်

ဒဂုန်တာရာက “ဗဟုဝါဒ” ကိုပြောတယ်

ဒေါ်အောင်ဆန်းစုကြည်က “ပါတီစုံ ဒီမိုကရေစီ” ကိုပြောတယ်

သူတို့ ၂ ယောက်လုံးက ပြည်တွင်းစစ်ကို မလိုလားကြဘူး။

ရပ်တည်ချက်

အမြင်

နည်းနာ

ဆရာဂါရေ …

ရပ်တည်ချက်က အဆုံးအဖြတ်မဟုတ်လား။

လက်နက်ကိုင်တိုက်တာပဲဖြစ်ဖြစ်

စေ့စပ်ဆွေးနွေးအဖြေရှာတာပဲဖြစ်ဖြစ်

နည်းနာတွေပဲမဟုတ်လား။

ကျနော်တို့ အဓိက ဆုပ်ကိုင်ရမှာ

ရည်မှန်းချက်လား

နည်းနာလား။

ဂဋုန်ဦးစောက

ဗိုလ်ချုပ်အောင်ဆန်းကို

လက်နက်ပုန်းတွေနဲ့ လုပ်ကြံသတ်ဖြတ်သလိုမျိုး

ဂဋုန်ဦးစောလက်သစ် အက်ဆစ်က

ဒေါ်အောင်ဆန်းစုကြည်ကို

ကလောင်ပုန်းနဲ့ လုပ်ကြံသတ်ဖြတ်တဲ့အချိန်နဲ့

ဆရာဂါ့ဆောင်းပါး မရှေးမနှောင်းထွက်လာတယ်

ဖွဟဲ့ … လွဲပါစေ - ဖယ်ပါစေ

မတော်တဆ တိုက်ဆိုင်တာပဲဖြစ်ပါစေ။

အချစ် - ဝေဖန်ရေး - အချစ်

ဆရာဂါရေ …

ကျနော့်မှာတော့

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

မုန်းသူမရှိ၊ ချစ်သူသာရှိ။

ဆရာဂါ - စာရေးဆရာ ဂါမဏိ

ညိုထက် (လမ်းသစ်ဦး)

၂၃ - ၄ - ၁၁

အပြည့်အစုံသို့...

Thursday, April 28, 2011

ကဗျာခေါင်းလောင်း

မောင်လွမ်းဏီ

နေရောင်အောက်မှာ
ပျောက်သည့်အလင်း
အမှောင်တွင်းကို
ခွင်းမည့်ဥာဏ်ရောင် လင်းစေသား။

အမှိုက်ပုံဆွေး
လမ်းဘေးအုတ်ပုံ၊ စာသင်ခုံဖြစ်
အရုဏ်နုသစ်၊ ယနေ့ ခေတ်မှာ
ပညာရှာ ပမာသူဖုန်းစား
မဟောင်းနွမ်းတဲ့ ဆုံးမစာ။

သူတောင်းစားလည်း
အားမလျော့နှင့်
ကျောင်းသားဖြစ်ခွင့် ရှိတယ်ဟုတ်။ ။

မောင်လွမ်းဏီ
၂၇ - ၄ - ၂၀၁၁

အပြည့်အစုံသို့...

Wednesday, April 27, 2011

၂၃ နှစ် … အတွေးများ၊ လူများနှင့် မင်းကိုနိုင်ကို ရှက်ပါ

ကမာပုလဲ

အတွေးများ၊ လူများ

၈၈ အရေးတော်ပုံကြီးတွင် ပြည်သူတယောက်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာသည့်အခါ လူ့ဘောင်သစ် ဒီမိုရက်တစ် ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြို့နယ် စည်းရုံးရေး ကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ အောက်တိုဘာလထဲတွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့သည်။ မအူပင် အကျဉ်းထောင်၊ ရွှေသဌေး ရဲဘက်စခန်းမှ သည် အင်းစိန်ထောင်သို့ …။

ကိုထက်မိုး (နယ်စပ် ကျဆုံး)၊ ရွှေဘုန်းလူ (တာရာမင်းဝေ မဖြစ်သေး၊ ယခု ကွယ်လွန်) တို့ နှင့် ( ၃ ) ဆောင်တွင် အတူနေရသည်။ ၁၉၉၀-ခု မေဒေး ထောင်တွင်း လှုပ်ရှားမှု ဖြစ်သည်။ မြအေး (ယခု ထောင်တွင်းအကျဉ်းကျနေသူ) တို့က ကမကထပြု လှုပ်ရှားရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထောင်ပိုင် ဘိုကြည်က မာဖီ (အရပ် ၀တ်စုံ) ဖြင့် ကိုမြအေးကို အဆောင်ထဲ ၀င်ရောက်လာကာ လက်သီးနှင့် ထိုးသည်ဟု ကြားရသည်။ နောက်တနေ့တွင် (၅)တိုက်ထဲသို့ အမှုတွဲနှင့်အတူ ရောက်သွားသည်။

ဖထီးမန်းဒါဝိတ် (ထောင်တွင်း ကျဆုံး) က သူ့ဆေးရုံစာ ငါးကြော်ကလေး တတုံးကို ပေးရှာသည်။ အရိုင်း (အောင်သန်းဦး) ကလည်း ပေးသည်။ နယ်မှဆိုတော့ ထောင်ဝင်စာသည် ကိုယ်နှင့် ဘာမျှ မဆိုင်သလိုဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားသည်။ ၀န်ထမ်း (ထောင်ဝါဒါ) အချို့က “ ခမောက်၊ ခမောက် အပြတ်အသတ် နိုင်တယ်” ဟု တိုးတိုး ပြောသွားသည်။ လူထုက မပြီးဆုံးသေးသည့် အရေးတော်ပုံကြီးကို ထပ်မံ တိုက်ပွဲဝင် အနိုင်ယူလိုက် ပြန်လေသည်။ ပီတိ မဆုံးသေးခင် ညနေစောင်းကြီး တိုက်ထဲမှ နိုင်ငံရေး အကျဉ်းသား အချို့ကို လာထုတ် ခေါ်ဆောင်သွားသည်။ ခြေကျင်းရိုက်သည်။ ညတွင် ထောင်အသီးသီး သို့ ပြောင်းရွေ့မည်ကို သိလိုက်ရသည်။ အောင်ဒင် (ဒတ္ထ) က BAD SIGN (မကောင်းတဲ့ လက္ခဏာ) လို့ ပြောလိုက်သည်။ တချို့က မြင်းခြံ၊ တချို့ မန္တလေး၊ တချို့ကား သာယာဝတီ …….။

“၈၈၈၈ တုန်းက ဦးနုရဲ့ အစိုးရ တိုက်ကွက်ကို ဒေါ်စုတို့ နဲ့ ကျောင်းသားတွေ အားလုံး ၀ိုင်းထောက်ခံလိုက်ရင် ပွဲပြီးသွားပြီဗျ။ ခုတော့ဗျာ”
ကျူရှင်ဆရာ ဂျိုးဖြူ ကိုသိန်းဟန်က သူ့အမြင်ကို ယတိပြတ်ပြောသည်။ သူ့အမှုတွဲ ဖြစ်သည့် (မြန်ညီဒီ) ကိုဇော်ဖေ၀င်း (သူလည်း ကျူရှင်ဆရာ) က ထောက်ခံသည်။ ဒေါက်တာ ခင်ဇော်ဝင်းကလည်း သဘောတူသည်။ ကျနော်က ကျနော့်အမြင်ကို ပြောခွင့်ပြုပါဟု တောင်းဆိုလိုက်သည်။

“ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”
စကားဝိုင်းက တိတ်သွားသည်။ ဖဆပလ ခေတ်က ၀န်ကြီးချုပ် ဦးနုသည် လူရှေ့၊ သူရှေ့တွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဟု အော်ဟစ်ကာ လွှတ်တော်တွင် အပြုတ်တိုက် ရေး မူကို မကျကျအောင် ချဖို့လုပ်နေခဲ့သည်။ ဗိုလ်နေ၀င်း၏ တပည့်များဖြစ်သော ဗိုလ်အောင်ကြီး တို့ အာဏာကို လာရောက်ခြိမ်းခြောက် တောင်းဆိုသည့်အခါ ၁၉၅၈ တွင် အသာတကြည် လွှဲပေးလိုက်သည်။ ဗိုလ်နေ၀င်းက သူတော်ယောင်ဆောင်ကာ ကတိစကားအတိုင်း လုပ်သလိုလို ရွေးကောက်ပွဲ ပြန်ကျင်းပပေးသည်။ တည်မြဲ ဖဆပလ ကို သန့်ရှင်း ဖဆပလ (ဦးနု) အနေနှင့် ယှဉ်ပြိုင် အနိုင်ယူဖို့ရာမှာ မလွယ်ကြောင်းကို သိသည်။ ပမညတ က သန့်ရှင်းနှင့် မဟာမိတ်ပြုလိုက်သည်။ သန့်ရှင်း အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါသည်။ သို့သော် ဦးနုသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှာစေးနေခဲ့သည်။ ၁၉၆၂ - ရောက်တော့ ဗိုလ်နေ၀င်းက အစိုးရ အဖွဲ့ကို ဖျက်သိမ်းကာ စစ်တပ်ဖြင့် အာဏာသိမ်းလိုက်သည်။

ဦးနုသည် တောခိုကာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည်။ ထိုင်း- ဗမာ နယ်စပ် တကြောတွင်အများဆုံး ဖြစ်သည်။ ဘယ်သူက ကူညီလို့၊ ဘယ်လောက် အောင်မြင်ကာ၊ ဘယ်သို့ လုပ်ခဲ့ကြသည်ကို သက်ရှိထင်ရှားရှိနေသူ ပြည်ချစ် ရဲဘော်ဟောင်းကြီးများ ပြောပြ၍ အတော်အတန် သိခဲ့ရသည်။ တရုတ်ပြည်သစ် ခေါင်းဆောင်ကြီးထံ အမေရိကန် သမတ နစ်ဆင်နှင့် လွန်းပျံ ခရီးသည်ကြီး ဒီပလိုမေစီ ကစ်ဆင်းဂျား (နိုင်ငံခြားရေး ၀န်ကြီး) တို့ ရောက်လာကြသည်။ သူတို့၏ တံခါးပိတ်ဆွေးနွေးပွဲများမှ “ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိ” ဖြစ်ခဲ့သည်။ သူတို့၏ ဘုံရန်သူကား ဆိုရှယ် နယ်ချဲ့ ဟူသတည်း။ ဦးနု အိန္ဒိယ ကိုသွားသည်။ ဟိုမှာ တရားအားထုတ်နေသည်။ ဗိုလ်နေ၀င်းက “စိတ်ကောက်ပြီး ထွက်သွားကြတဲ့ ညီအကိုတွေ ပြန်လာချိန်တန်ပါပြီ” ဟု လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ကိုကြီးနု အိန္ဒိယမှ ရန်ကုန်ပြန်ကာ တရားအားထုတ်ခဲ့ပြန်သည်။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တကြောမှ ဦးနုကို ယုံကြည်ပုံအပ် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် အညတရ ရဲဘော်များသည်ကား အမိမဲ့သား ရေနည်းငါးသဖွယ်…။ အသိုက်ပျက် ငှက်ကလေးများလို ဘ၀ပျက်ခဲ့ရသည်။ ကိုကြီးနုသည် ဆရာဒဂုန်တာရာ၏ စကားဖြင့် ပြောရမည်ဆိုလျင် “မုန်တိုင်းထဲမှ သစ်ရွက် တရွက်” ပင် ဖြစ်နေလေရော့သလား။ သို့သော် သူတရွက်တည်းကား မဟုတ်ပေ … ။

ကိုဘဆွေနှင့် ကိုကျော်ငြိမ်းကား ရှင်းပါသည်။ ဘာမှ ငြိမ်းချမ်းရေးတွေ လုပ်မနေနဲ့ လာ လက်နက်ချကြ ဖြစ်သည်။ မချလျင် အပြုတ်တိုက်မည်။ သူတို့ တပည့် ဗိုလ်နေ၀င်းက သူတို့ ခြေရာကို တထပ်တည်း နင်းသည်။ သူအာဏာရလာတော့ ဒီအဖိုးကြီးတွေကိုပါ နိုင်ငံရေးလောကမှ အပြတ်ရှင်းပြစ်သည်။ နေ တစင်းပဲရှိရမည်။ နှစ်စင်း၊ သုံးစင်း မရှိစေရ။

ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ခွေးကတက် ရောက်သွားသည့် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေ ရှိခဲ့သည်။ သို့သော် မြေအောက်လှုပ်ရှားမှုမှ တဆင့် ဗမာပြည်လမ်းမထိုထိုတွင် ကျောင်းသားများ၊ အလုပ်သမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နှစ်ကာလအလိုက် စဉ်ဆက်မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြသည်။ ၈၈၈၈ အရေးတော်ပုံကြီးသည် သူ့ အလိုလိုဖြစ်လာသည်မဟုတ်။ ထိုထိုသော တိုက်ပွဲဝင် လှုပ်ရှားမှုများ၏ ရင့်မှည့် အမြုတေ အရေးတော်ပုံကြီးပင် ဖြစ်သည်။ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ ပါဝင်သဖြင့် အရေးတော်ပုံကြီး ဟု တိုက်ပွဲတန်ဖိုး သတ်မှတ်ခံရခြင်း ဖြစ်သည်။ မိခင် နေမကောင်း၍ ဗမာပြည်ရောက်နေသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်အောင်ဆန်း၏ သမီးကို ကျောင်းသားများက တိုက်ပွဲကို ဦးဆောင် ပေးရန် အိမ်တိုင်ယာရောက် သွားရောက် တောင်းဆိုခဲ့သည်။ ဖအေ့သွေးပါသူ သမီးသည် တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ သူကား ……..
“ ဒေါ်အောင်ဆန်းစုကြည်”

ဗိုလ်နေ၀င်းမှ ဗိုလ်စောမောင်အား အာဏာသိမ်းစေခဲ့သည်။ ပါတီများ ဖွဲ့စည်း တည်ထောင်မှုပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကြသည်။ ဗိုလ်အောင်ကြီးကို ကြာကြာ မစောင့်လိုက်ရ။ မင်းသားခေါင်းပြုတ်ကျကာ သူ့မူရင်း ဘီလူးခေါင်းပေါ်လာသည်။ ဒီချုပ် အတွင်း ညီညွတ်ရေး ဖြိုခွဲမှုကို စတင်ခဲ့သည်။ ကိုင်သည့် ပြဿနာ အချက်အလက်ကား “ ဘုမသိ၊ ဘမသိ၊ သမိုင်းမသိသူများ အကြိုက် ကွန်မြူနစ် ဆန့်ကျင်ရေး” ဖြစ်သည်။ သို့သော် သူ ဗိုလ်အောင်ကြီးသာ လွင့်သွားသည်။ ပါတီခွဲထောင်သည်။ ဦးတင်ဦးနှင့် ဒေါ်စုတွင် ဘုံရန်သူကို မျက်ခြေမပြတ်သည့် ရပ်တည်ချက်ကို တွေ့ရသည်။ တိုင်းပြည်၏ ဘုံရန်သူကား စစ်အာဏာရှင်စနစ်သာ ဖြစ်သည်ကို သူတို့ရပ်တည်ချက်က ပြခဲ့သည်။

ဒီချုပ်အတွင်း တပ်မှုးဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။ ဒေါ်စုက ဘဘတို့ “ဗိုလ်အောင်ဆန်း လမ်းစဉ်လိုက်မှာလား၊ ဗိုလ်နေ၀င်း လမ်းစဉ်လိုက်မှာလား”ဟု တည်မြဲတပ်မှူးဟောင်းများကို မေးခွန်းထုတ်ခဲ့ သည်။ မကြာမီ ၁၉၈၉ ဇူလိုင် ၁၉ ချီတက်ပွဲပျက်သည်။ အာဇာနည်ကုန်းကို ချီတက်ရန် တိုက်ပွဲခေါ်ခဲ့ပြီးမှ ဒေါ်စုက လက်ရှိ စစ်အာဏာရှင်၊ စစ်အုပ်စုသည် ဖက်ဆစ်ဆန်သည်ဟု ဆိုကာ ချီတက်ပွဲကိုဖျက်လိုက်သည်။ ချီတက်သွားကြသော ကျောင်းသားအချို့ အရိုက်ခံရ၊ အဖမ်းခံလိုက်ရသည်။ နောက်တနေ့ ဖြစ်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။

ဒီချုပ် ခေါင်းဆောင်ပိုင်းကို တည်မြဲတပ်မှူးဟောင်းများ ဦးစီးကာ ပြုပြင်လိုက်ကြ သည်။ သည့်အပြင် ရန်သူ့အလိုကျ ဗိုလ်အောင်ရွှေ ဦးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီချုပ်မှ မဲပေးထုတ်ပယ်လိုက်လေသည်။ ၁၉၉၅ ဂျွန် ၁၀ ရက်နေ့ ဖြစ်မည် ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။ ဒေါ်စု လွတ်သည့် နေ့တွင်ပင် တိုက်ပွဲတောင်းဆိုချက်မှာ “ဒိုင်ယာလော့” ဖြစ်နေသည်။ ဒေါ်စုကလည်း လွတ် လွတ်ချင်း ဒိုင်ယာလော့ လုပ်ရန် စစ်အုပ်စုကို တောင်းဆိုသည်။ ပြီးတော့ သူမ လုပ်စရာ ရှိတာကို လုပ်သည်။ ဒီချုပ်အတွင်း ညီညွတ်ရေးအတွက် ပြန်လည်ရင်ကြားစေ့စေခဲ့သည်။ ဘဘဗိုလ်အောင်ရွှေ (တည်မြဲတပ်မှူး ဟောင်းကြီး)ကို ဥက္ကဋ္ဌ နေရာမှာပဲထားသည်။ ဦးတင်ဦးက သဘောထားကြီးစွာ ဒုဥက္ကဋ္ဌ နေရာမှာပဲနေသည်။ ဒေါ်စု လူထုထဲဆင်းသည်။ လူထုနှင့် တွေ့သည်။ အင်းယားလမ်းတွင် ဒေါ်စုတို့ကားတန်း အကြမ်းဖက်ခံရသည်။ ဦးတင်ဦး ဒဏ်ရာရသည်။ မကြာခင် “ဒီပဲယင်း လူ အစုအပြုံ သတ်ပွဲ” ဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ စီးလာသည့်ကား လွတ်သွားသည်။ နေအိမ် အကျယ်ချုပ်ခံကြရသည်။
အများသိပြီး သမိုင်းအဖြစ်အပျက်တွေကို လူတတ်ကြီးလုပ် ရေးနေခြင်းမဟုတ်ပါ။ ဖေါ်ပြပါ အဖြစ်အပျက်တို့မှ အတွေးစများကို တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ဗိုလ်အောင်ဆန်း မဖြစ်နိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဗမာပြည်နိုင်ငံရေးလောကထဲ စ၀င်ကတည်းက ချောချောမွေ့မွေ့ လျှောက်ခဲ့ရသည်မဟုတ်ပါ။ တိုက်ပွဲကြမ်းများဖြင့်သာ အတိပြီးခဲ့သည်။ နိုင်ငံရေးဘ၀ နုနယ်သော ဒေါ်စုသည် လူထုဘက်က ရိုးရိုးသားသား၊ သတ္တိရှိရှိ ရပ်တည် ခဲ့သည်သာဖြစ်သည်။ သူ၏ နိုင်ငံရေး အတွေ့အကြုံ မပြည့်အိုးကို လက်တွေ့တိုက်ပွဲ အတွေ့အကြုံများဖြင့် ဖြည့်ဆည်းသည်။ သူသည် နိုင်ငံရေး ဖန်ဆင်းရှင်ကြီး (Master Creator) မဟုတ် လူထုက တင်မြောက်ထားသော လူထုခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ ထာဝရ ခေါင်းဆောင်လား၊ တခဏ ခေါင်းဆောင်လား ဆိုသည်မှာ လူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။ စစ်အုပ်စုက ရွေးကောင်ပွဲအတွက် အသေအချာ ပြင်ဆင်သည်။ မတရားသည့် နည်းလမ်းပေါင်းစုံကို အာဏာဖြင့် အကောင်အထည်ဖေါ်သည်။ ဖဲစကားဖြင့် ပြောမည်ဆိုလျင် ရှိုးဝိုင်းတွင် စပိတ်(တစ်) လေးလုံးကို သေနတ်ထောက်ကာ လုယူထားသည်။ ပြီး ၀ိုင်းထဲမှလူအားလုံး ရှိသမျှပိုက်ဆံ အကုန်ထုတ်ရိုက်ရမည်ဟု သေနတ်နှင့်ချိန်ကာ ရိုက်ခိုင်းသည်။ ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့၊ လုပ်ခဲ့ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်က မလွတ်ခင်ကပင် ရွေးကောက်ပွဲကို မ၀င်ဘူးဟု သပိတ်မှောက် ခဲ့သေးသည်။

သူလွတ်လာသောအခါ အခြေအနေ တစုံလုံးသည် တစ်ကပြန်စရမည့် အခြေအနေ ဖြစ်နေသည်။ လွတ်လွတ်လပ်လပ်မဟုတ်။ ရန်သူကို ရင်ဆိုင်နေရချိန်မှာ ပါတီတွင်းကို လည်း သန့်ရှင်းအောင် မည်သို့လုပ်ကြမည်နည်း။ သူမ၏ အတ္တဘာဝ အင်အားများကို ဘယ်လိုတည်ဆောက်ရမည်နည်း။

ဒီမှာ တခုတင်ပြချင်ပါသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် နည်းပရိယာယ်အရ “ရန်သူ့လူ ကိုယ့်ဘက်ပါရေး” ဖြစ်သည်။ ကျနော်တို့တိုက်နေသည်မှာ စစ်အာဏာရှင် စနစ်ကိုသာဖြစ်သည်။ ဒါသည်ပင် မဟာဗျူဟာခေါ်ခေါ် သေနင်္ဂဗျူဟာ ဖြစ်သည်။ ကျနော် တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေသူတွေ ဘာတွေများ ဘယ်လောက် လုပ်နိုင်ခဲ့ ပါသနည်း။

လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှုများကို အားမလို၊ အားမရဖြစ်ကြသည်။ ဘယ်အခြေခံပေါ်မှာ ဖြစ်နေကြ ပါသနည်း။ ဒေါ်စု လွဲသွားပြီဟု မြင်ကြသည်။ ဘယ် အထိလွဲသွားနိုင်ပါသနည်း။ ကျနော်တို့ က တိုက်ပွဲအတွက် ဘာတွေများ ပြင်ဆင်ထားပြီးကြပါသနည်း။ ဗိုလ်အောင်ဆန်း ဂျပန်ခေါ်လာသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ဖို့လိုအပ်လာမည်။ တိုက်ရန် ဗိုလ်အောင်ဆန်း ၏ ခေတ်ပြိုင် ခေါင်းဆောင်တွေက မြေအောက်တွင် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဗိုလ်အောင်ဆန်းကလည်း ဖက်ဆစ်ဂျပန်ကို တိုက်ရန် လက်ခံခဲ့သည်။ သူပင် ဦးဆောင်သူထဲ ပါလာခဲ့သည်။ ယခု ဒေါ်စုတွင် ဗိုလ်အောင်ဆန်းလို အတ္တဘာဝ အင်အား များ ရှိနေပါရဲ့လား။ ကျနော်တို့ ဘာတွေများ ပြင်ဆင်ဆောင်ရွက်နိုင် ခဲ့ပါသနည်း။ သမိုင်းက အညှာအတာ ကင်းသည်။ သမိုင်း၏ ကရုဏာသက်မှုကို မည်သူ တဦး တယောက်ကမျှ မခံစားရနိုင်ပါ။

မင်းကိုနိုင်ကို ရှက်ပါ

အနှစ် နှစ်ဆယ်နီးပါး ထောင်ကျခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြန်လွတ်လာခဲ့သည်။ ၂၀၀၇ မတိုင်မီဖြစ်သည်။ တည်ငြိမ်သည်။ အမြော် အမြင်ရှိသည်။ “၈၈ မျိုးဆက်ကျောင်းသားများ” ကိုစည်းရုံးဖွဲ့စည်းနိုင်ခဲ့သည်။ ခု နှစ်ရှည် ထောင်ချခံထားရပြန်သည်။ သူသည် သူလုပ်စရာရှိသည်ကို ရိုးရိုးသားသားလုပ်သည်။ ရိုးရိုး တွေးသည်။ ဘုံရန်သူကို သိသည်။ လေလုံးမကြီး။ သူလုပ်နိုင်သည်ကို စည်းရုံးရေး ရှိရှိ နိုင်ငံရေး အသိ၊ သတိဖြင့် လုပ်ခဲ့သည်။ ရန်သူက သိသည်။ သွား ထောင်ထဲမှာနေ …..။ သူကား လက်ရှိ ၈၈၈၈ မျိုးဆက်တွေထဲတွင် နှိုင်းယှဉ်မှုအရ ကျောင်းသား ခေါင်းဆောင် စစ်စစ်တယောက်ပင် ဖြစ်သည်။

ကမာပုလဲ
၂၃၊ ၀၄၊ ၂၀၁၁။

အပြည့်အစုံသို့...

Monday, April 25, 2011

အဇင်း ရဲစခန်းကို ဒီကေဘီအေ ၀င်ရောက်တိုက်ခိုက်

ဆုံဆည်းရာ၊ ဧပြီလ ၂၅ ရက် ၂၀၁၁

နအဖ တပ်များနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် တပ်များ ကရင်ပြန်နယ်နဲ့ မွန်ပြည်နယ် တို့တွင် တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက်ဖြစ်ပွားနေပါတယ်။

မွန်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ် အဇင်း ရဲစခန်းကို ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်များနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ နေ့လယ်ပိုင်း ၂ နာရီခန့်က ၀င်ရောက်တိုက်ခဲ့ပါတယ်။ အဇင်းရွာ အခြေစိုက် ခလရ ၃၇၁ တပ်ရင်း အခြေစိုက်စခန်းမှ နအဖ တပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နအဖ တပ်ဘက်မှ ထိုက်ခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ရန်အတွက် ပေါ်တာအထမ်းသမားများကို လိုက်လံခေါ်ဆောင်နေကြောင်း ရွာတဦးက ပြောဆိုပါတယ်။

ယမန်နေ့ တနင်္ဂနွေနေ့ကလည်း ကျိုက်ဒုံမြို့နယ်နှင့် မိနာအကျေးရွာအကြားတွင် စကခ ၅ လက်အောက်ခံ နည်းဗျူဟာ ၁ ခမရ ၅၄၃ တပ်ရင် အင်အား ၆၀ ကျော်ရှိသည့် နအဖ တပ်များနဲ့ ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တို့ မနက် ၆ နာရီမှ ညနေ ၆ နာအရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ၁၉ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ညနေ ၃ နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီးစောဖားမီး ဦးဆောင်တဲ့အဖွဲ့က ယမန်နေ့ ၂၄ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)၊ အေအန်အယ်အေ တပ်ရင်း (၁၀၂)မှ ဗိုလ်စတီးအဖွဲ့နှင့် သွားရောက် ပူးပေါင်းကြောင်း သိရှိရပါတယ်။

အပြည့်အစုံသို့...

ဒီကေဘီအေ မြိုင်ကြီးငူစခန်းတွင် တိုက်ပွဲဖြစ်ပွား

ဆုံဆည်းရာ၊ ဧပြီလ ၂၅ ရက် ၂၀၁၁

ကရင်ပြည်နယ်၊ ကမမောင်းမြို့ သံလွင်တဖက်ကမ်းရှိ ဒီကေဘီအေ အခြေစိုက် ဌာနချုပ်ဖြစ်တဲ့ မြိုင်ကြီးငူစခန်းမှာ ဒီကေဘီအေ တပ်ရင်း သုံးရင်းဖြစ်တဲ့ ၉၉၉၊ ၅၅၅ နှင့် ၃၃၃ တပ်တွေကြား နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက် လက်ခံရေး၊ မခံရေး ကို အစည်းအဝေးအတွင်း အချင်းပွားရာမှ မကျေမလည်ဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့ သောကြာနေ့ညပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ နယ်ခြားစောင့်တပ် စတင်အသွင်ကူးပြောင်းစဉ်ကာလအတွင်းကပင် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှုအရ အချင်းအချင်း မကျေလည်မှုတွေရှိခဲ့တယ်လို့ ဒီကေဘီအေ ရဲဘောင်ဟောင်း တဦးက ပြောဆိုပါတယ်။

ဗိုလ်ချုပ်မောင်ကြည်ဦးစီးတဲ့ ဒီကေဘီအေ ၃၃၃ တပ်မှ တပ်ဖွဲ့အချို့က နယ်ခြားစောင့်တပ် လက်မခံရေးကို အချင်းပွားရာမှ ၃၃၃ တပ်မှ တပ်ဖွဲ့အချို့က ဧပြီလ ၂၃ ရက်နေ့ညက ဒီကေဘီအေ အခြေစိုက်ဌာချုပ် မြိုင်ကြီးငူစခန်းကို လက်နက်ကြီးများနဲ့ ၀င်ရောက်ပစ်ခတ်စီးနင်းသိမ်းပိုက်ခဲ့ပြီး လက်နက်ဂိုထောင်၊ ရုံးများ၊ လိုင်စင်မဲ့ကားများ ထားရာနေရာများနဲ့ ဘားတိုက်အချို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် အခြေအနေ ဆက်လက် တင်းမာနေဆဲပဲလို့ သိရှိပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် စနေနေ့ညဘက်တွင် အသေအပျောက်နှင့် ထိခိုက်ဒါဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ဆယ်ဦးထက်မနည်းရှိတယ်လို့ ဒီကေဘီအေ ရဲဘော်တဦးမှ ပြောကြားပါတယ်။ ဒီကေဘီအေ အချင်းချင်းတိုက်ပွဲဖြစ်ပွားနေချိန်မှာ ဒီကေဘီအေ စခန်း ဌာနချုပ် အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန က ထိုင်းနိုင်ငံတနေရာတွင် ကျန်းမာရေးအရ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဒီကေဘီအေ အကြီးအကဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနဟာလည်း ၂၀၁၀ သြဂုတ်လ ၁၉ ရက် နေ့ မတိုင်မီအထိ ဒီကေဘီအေကနေ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲစတင်ကျင်းပခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့ကတည်းက အခုအချိန်အထိ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့အချို့ နယ်ခြားစောင့်တပ် လက်မခံရေး၊ ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အတွက် နအဖ နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

Saturday, April 23, 2011

ပြည်တွင်း magazine မှာပါခဲ့ဖူးတဲ့ ကဗျာတချို့

ရေသောက်မြစ်

ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်စရာမလိုဘူး။

ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါဆက်တူးသွားပါ့မယ်။

ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊

အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။

(ကမ္ဘာလောကရှိရေသောက်မြစ်လိုကဗျာဆရာတွေအတွက်ဦးညွတ်ဖွဲ.ဆိုသည်)



လူရဲ့ဂီတ

ရင်ဘတ်အချင်းချင်းတီးခတ်ထားတဲ့သံစဉ်ပါ
အင်ထရိုတစ်ခုလုံး
အချိုမြိန်ဆုံးတွေနဲ့လန်းသစ်တက်ကြွနေခဲ့တယ်။

ပထမအပိုဒ်ကို
စစ်မှန်တဲ့ညီညာမှုနဲ့သီဆိုရမှာမို့
တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်ယုံကြည်နိုင်ဖို့
အချစ်တို့ကိုအသုံးချခဲ့တယ်။

သီဆိုနေတုန်းရပ်လို့မရတဲ့တေးသွားဟာ
တစ်ယောက်မအားတော့တစ်ယောက်ပဲဆို
နှစ်ယောက်အားတော့နှစ်ယောက်တွဲဆို
ငြိုငြင်လို့လည်းမရတော့ဘူး
မဆိုချင်လို့လည်းမရတော့ဘူး
အကူး၊ အချိတ်၊ အနိမ့်၊ အမြင့် တွေနဲ့
တေးဟာလွင့်ပြန့်နေခဲ့တယ်။

ကော်ရက်စ်အပိုဒ်မှာ
ဟာမိုနီသမားတွေထပ်ပိုလာခဲ့
တေးသွားဟာမြန်ဆန်သွက်လက်
သြဂက်ထရာဆန်ဆန်ရင့်ကျက်လာခဲ့တယ်။

နောက်ဆုံးအပိုဒ်မှာ
ဟာမိုနီသမားတွေကကြွေးကြော်ကြပြီ
ဂီတသစ်ကိုဖန်ဆင်းမယ်တဲ့
သံစဉ်ဟောင်းထဲ
အညောင်းမိမခံနိုင်ဘူးတဲ့
ဂီတပုံစံနှစ်မျိုးကွဲခဲ့တယ်။

စခဲ့တဲ့နှစ်ဦးရဲ့ဂီတမျိုးက
ငြိမ့်ညောင်းတိုးသိမ့်ညှင်သာပြီး
ဟာမိုနီသမားတွေရဲ့ဂီတကတော့
လေထုကြီးတစ်ခုလုံးကိုသိမ်းပိုက်သွားတာပေါ့
လူသား
နားနဲ့
ပြောင်းလဲတိုးတက်သွားတဲ့ဘ၀ဖြစ်စဉ်။ ။


ခံပြင်းလွန်းတဲ့ပင်လယ်

ပြောကြသေးရဲ့
မြစ်တွေကပေးဆပ်မှ
ငါဖြစ်လာရတာပါတဲ့

တကယ်ဆို
မြစ်တွေကို မျိုချဖို့
ငါဖြစ်လာရတာပါ

တစ်ဘ၀လုံး
ကိုယ့်ကိုယ်ကိုယ် ပက်လက်လှန်
အငွေ့ပြန်ကျိုချက်
ဒါ...မြစ်တွေကို အသက်ဆက်ဖို့ပါ

မြစ်ပေါင်းစုံရဲ့
အကျင့်ပေါင်းစုံ
ပေါင်းဆုံရာအရပ်
ကြည့်...ငါ့ရင်ဘတ်မှာ ဒါဏ်ရာစတွေ

အပြစ်မဆိုပါဘူး
မြစ်ဆိုတာ စီးမှာပေါ့
(တခါတရံတော့)
ငါ့နှုပ်ခမ်းပါးတွေကို
ခပ်ကြမ်းကြမ်း ဖဲ့ရွဲ.တိုက်စား
မြစ်များက...သိမ်မွေ.မှုမဲ့ စီးဆင်းမှုတွေနဲ့
ငါက...ရင်နာနေတဲ့ သီးခံခြင်းတွေနဲ့

ဘာဖြစ်ဖြစ်ပါ
အနစ်နာခံခြင်းဟာ ငါ့ဘဝ
ရင့်ကျက်ခြင်းဟာ ငါ့သိက္ခာ
ငါနေတတ်ခဲ့၊ ငါကျေနပ်ခဲ့

တချိန်လုံး
တောင်တန်းတွေကိုခေါ်မျှော်
သူတို့ပေါ်မလာကြ
ကောင်းကင်ကျယ်ကို ငါလွမ်းတ
နမ်းခွင့်ကို မရခဲ့တဲ့ ငါ
သဘာဝကျိန်စာကျမ်းကြီးထဲ
ကျေကွဲစရာတွေကို
ရေထဲမှာ ဖုံးဖိ
ကြိုးစား ပြုံးကြည့်ခဲ့ပါသေးတယ်

ငါရိုးသားခဲ့ပါတယ်
ငါကိုယ်တိုင် ရိုးသားခဲ့ပါတယ်

ငါ့အောက်ခြေရေသောက်မြစ်တွေ
ခြေထောက်ငြောင်းလာတဲ့အခါမျိုး
မုန်တိုင်းတွေ အလည်လာတဲ့အခါမျိုး
သူတို့ယူလာတဲ့ လေနီကြမ်းတွေကိုသောက်
တစ်ခွက်ပြီးတစ်ခွက်သောက်
ပေါက်ကွဲခက်ထန်တဲ့ ဂီတအောက်မှာ
အသွေးအသားတွေ ဆူဝေခဲ့ပြီ
ထိန်းချုပ်မှုတွေ လျော့ပြေခဲ့ပြီ

နာကြည်းချက်တွေလေ
ခံစားချက်တွေလေ
မကျေနပ်ချက်တွေလေ
ရင်မှာဆူပွက်
လှိုင်းလုံးတွေ တာထွက်သွားကြပြီ

ဟလို...ချစ်သူမြစ်များ
တစိမ့်စိမ့် မူးအားကောင်းတဲ့
နှစ်ချို့မျက်ရည်ဟာ
"ဒီရေ"တွေပေါ့
အကြင်နာတရားကတော့
အငွေ.ပျံသွားခဲ့တာ...ကြာပြီ။ ။


သုအိုင်စံ

အပြည့်အစုံသို့...

Wednesday, April 20, 2011

နအဖ နှင့် ရှမ်းပြည်တပ်မတော်ကြား SSPP/ SSA တိုက်ပွဲပြင်းထန်

ဆုံဆည်းရာ၊ ဧပြီလ ၂၀ ရက် ၂၀၁၁


ရှမ်းပြည်နယ်၊ တောင်ကျိုးအုပ်စု ဟွေ့လောင်ရွာနှင့် ဟောင်ကျိုးရွာများတွင် နအဖ အခြေစိုက်တပ်များနှင့် လှုပ်ရှားတပ်များဖြစ်တဲ့ ခမရ ၅၃၁၊ ခမရ ၅၄၂ တပ်များကို သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ နှစ်ဆန်းတရက်နေ့များတွင် ရှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ၃၆ တပ်များ ၀င်ရောက်တိုက်ခိုက်ရာ နအဖ စစ်တပ်မှ တပ်ရင်းမှူးတဦးအပါအ၀င် ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရှိခဲ့ပါတယ်။

နအဖ စစ်တပ်မှ အင်အား ၂၀၀ နီးပါးရှိ ခမရ ၅၃၁၊ ခမရ ၅၄၂ နှင့် ရှမ်းပြည်တပ်မတော် SSPP/ SSA တပ်မဟာ ၃၆ တပ်များ နှင့် သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားရာ တပ်ရင်းမှူး ၁ ယောက်၊ အရာခံဗိုလ်တယောက်၊ တပ်ကြပ်ကြီးတယောက် နှင့် တပ်သား ၇ ယောက် စုစုပေါင်း ၁၀ ယောက်သေဆုံးပြီး ၁၅ ဒဏ်ရာရှိခဲ့ပြီး အာပီဂျီသီး ၅ လုံးနှင့် ကျောပိုးအိတ် ၆ လုံးသိမ်းဆီးရမိကြောင်း သိရသည်။

အပြည့်အစုံသို့...

ဂြိုလ်သားတစ်ကောင်ရဲ့အတွေး


(၁၉၉၈ခုနှစ်ကရေးခဲ့တာပါ၊ ပုံကိုနှိပ်ပြီးဖတ်)
သုအိုင်စံ

အပြည့်အစုံသို့...

Tuesday, April 19, 2011

ငါ့ကိုမောင်းတာဘယ်သူလဲ

လာခဲ့တာမဟုတ်ဘူး
ရောက်ခဲ့တာ။

ဒီလမ်းပေါ်မှာ
စီစဉ်ပြီးသားအစီအစဉ်မကျမှုတွေ
မလွပ်လပ်နိုင်တဲ့လွပ်လပ်ခွင့်တွေ
ပြင်ဆင်လို့မရတဲ့ပြင်ဆင်ခွင့်တွေ...ရှိတယ်
ဒီလမ်းပေါ်မှာ
ကျောင်းမအပ်ခဲ့ပေမဲ့စာသင်နေရတယ်
လျှောက်လွာမတင်ခဲ့ပေမဲ့အလုပ်ဝင်နေရတယ်
မတောင်းဆိုခဲ့ပေမဲ့ရရှိနေတယ်
ဒီလမ်းပေါ်မှာ
ခံစားမှုနဲ့ပေးဝယ်ရင်
နှလုံးသားကိုကျွေးတဲ့အစာရမယ်
ဦးနှောက်ကိုအလုပ်ခန့်ချင်ရင်တော့
ရှိပြီးသားဒသနအိုတွေကိုအာဂုံဆောင်ရမယ်
ဒီလမ်းပေါ်မှာပဲ
တည်ငြိမ်စွာအမောင်းခံနေရတဲ့(အချိန်)နဲ့
ဆူပူစွာအမောင်းခံနေရတဲ့(ငါ့ခြေလှမ်း)တွေ
ရွေ.နေတယ်။

ထွက်သွားတာမဟုတ်ဘူး
တွန်းထုတ်ခံရတာ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Monday, April 18, 2011

လူနှင့်သူဖွာရှိက်နေတဲ့သူ့ဘဝ

မီးမညှိပဲနဲ့တောင်
အလိုလိုစွဲလောင်ခဲ့သေးတာပဲ
မဖွာရှိက်လည်းပြာဟာကြွေမြဲ
စိတ်ပါရင်မီးဟာရဲလို့
စိတ်နာရင်မီးခိုးထွက်ရုံလေး
ဆေးလိပ်သောက်ခြင်းရဲ့ဒါဏ်ဒုက္ခ
ဖြတ်ချင်တိုင်းလည်းဖြတ်မရ
မပြတ်ချင်လည်းပဲပြတ်သွားတတ်တယ်

တငွေ.ငွေ.နေ့ရက်များ
တရွေ.ရွေ.ရှေ့ဆက်သွား

အစီခံအရောက်မှာ
ကြောက်ရွံ.စွာတောင်းပန်လို့မရ
ရဲရင့်စွာတော်လှန်လို့မရ
ဆေးလိပ်ပြတ်ပြီ

ပြာပုံထဲမှာဘာမှမရှိ
အစီခံထဲမှာသမိုင်းရှိတယ်

အစီခံဆိုတာ
လွင့်ပစ်အပ်တဲ့အရာပဲ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Sunday, April 17, 2011

လူမှုရေးသင်္ချာ

အပေါင်းအနှုတ်မလုပ်တော့
ကျောင်းထုတ်ပစ်လိုက်တယ်

အမြှောက်အစားမလုပ်တော့
ဟောက်စားညစ်လိုက်တယ်

ညီမျှခြင်းအမှန်ချပြတော့
ဂျီကြငြင်းဆန်ကြတယ်

ပုံသေနည်းတွေနဲ့ စာလာလာပြ
ထုံပေငြီးငွေ.နေတဲ့ဘာသာရပ်ပဲ

သီအိုရီတွေနဲ့ လိုက်လိုက်တိုင်းညာညှိ
ဒီလိုဟိုလိုတွေနဲ့မိုက်မိုက်ရိုင်းလာသည့်အသိဥာဏ်

ခေါင်းစားတယ်ကွာ...မတွက်တော့ဘူး
သုံည တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ရှစ် ကိုး
မအေ -ိုး...ကိန်းဂဏန်းတွေ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Saturday, April 16, 2011

စိတ်ကိုးမား(COMA)

“ ကမ္ဘာမှာ ခင်ဗျားလိုစိတ်လူနာတွေ များများလာပြီးဗျ
အေးဗျာ၊ ဆေးပညာဟာကိုယ်ခံအားကျဆင်းတဲ့ရောဂါကို တွေ့သလိုပဲ
စိတ်ပညာဟာကိုယ်ကျင့်တရားကျဆင်းတဲ့ရောဂါကို တွေ့ခဲ့တယ်
အဲ .. မတွေ့တာကတော့ကုသနည်းတွေပဲ၊
လူဟာရိုးသားခွင့်ကိုရခဲ့တယ်
အဲဒါကိုလူမှုရေးမှာချသုံးရတာကို လူတွေကကြိုက်တယ်
လက်ဆွဲနှုတ်ဆက်နေတဲ့ညာလက်မှာ ရိုးသားမှုတွေစီးပါလာတာမျိုး
တစ်ဦးစကားကိုတစ်ဦးက သံသယနဲ့တွက်ချက်စရာမလိုတာမျိုး
အကြည့်ချင်းဆုံတဲ့မျက်လုံးတွေမှာရိုးသားမှုဟာလက်ပနေတာမျိုး
သိပ်လှတဲ့လူ့ရိုးရာတွေပေါ့ဗျာ
ခက်တာက၊
လူညစ်သက်သက်လောကမှာ အဲဒါကသုံးမရဘူး
နီတိနဲ့လက်တွေ့တွေလွဲချော်လာတဲ့ ဒီဘက်ခေတ်မှာ
ဘုရားသခင်ကိုကိုးကွယ်ရမှာ ပျင်းလာသလိုမျိုး
လူတွေဟာရိုးသားမှုကိုချသုံးရမှာ ပျင်းလာကြတယ်
အဲဒါဟာရောဂါရဲ့အစပဲ၊
အရွယ်ရောက်ပြီးသူတွေရဲ့စိတ်ကို စိတ်ဖြာကြည့်လိုက်တဲ့အခါ
တချို့ဟာ တိမ်ကောသွားတဲ့ရိုးသားစိတ်နေရာမှာ
ဆိုးစိတ်ညစ်စိတ်တွေဝင်ရောက်လာတော့တယ်
မျောက်ကနေလူကိုကူးစက်တဲ့ရောဂါလိုပဲ ကူးစက်လွယ်တယ်
ဥပမာ .. ဟစ်တလာရဲ့စိတ်ရူးဟာ စတာလင်ကိုကူးတယ်
စတာလင်ရဲ့စိတ္တဇဟာ ဆတ်ဒန်ဟူစိန်ကိုကူးတယ်
ခင်ဗျားရောဂါဟာ လူအားလုံးဆီကကူးတာဖြစ်နိုင်တယ်
တကယ်တော့လူဟာ
ကလေးတယောက်လို သောကကင်းရတာကိုဝမ်းမြောက်ပေမဲ့
ကလေးတစ်ယောက်လို ပုံသွင်းခံရမှာကိုတော့ကြောက်တယ်ဗျာ
ဆိုတော့ကာ
မတတ်နိုင်ခြင်းဆေးခါးတွေ မျိုချရုံကလွဲလို
့ဒီအသိတရားလွဲကိုဘာနဲ့ဆက်ကုနိုင်ဦးမှာလဲ
ခင်ဗျားလည်း နောက်ထပ်ဆေးခန်းမလာနဲ့တော့
အဲ...ဖြစ်နိုင်ရင်၊အခုကျနော်ရှင်းပြခဲ့တာတွေအားလုံး
ကျနော်ကိုပြန်ပြောခဲ့ပါလား
အဲဒါတွေကိုသဘောပေါက်ဆင်ခြင်နိုင်ဖို့
ကျနော်ကိုယ်တိုင်လည်း တကယ်လိုအပ်နေတယ်ဗျာ” ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Friday, April 15, 2011

ကာလနဂါး

အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ . . . . ။

“ဘ၀”ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း” . . . လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ?!
ငါကတော့ အိပ်နေရတာကိုပဲ . . . . ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျောက်ကြီး မကောင်းနိုင်ဘူးပေါ့ . . . .
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
ကျေးဇူးပြုပြီး ငါ့ကို
“အရူး” လို့ ခေါ်ပါ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော . . ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် . . . .၊
ဟောဒီ အရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့အုတ်ဂူမှာလည်း ဘာကမ္ဗည်းမှ ထိုးပေးဖို့
အကြောင်းမရှိပေဘူး။
အို . . . မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ . . . .
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီး လိုက်ရှာကြ၊

ငါကတော့ . . .
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့်ကိုယ်ချင့် . . . ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို . . . သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး။

မင်းခိုက်စိုးစန်

အပြည့်အစုံသို့...

Thursday, April 14, 2011

အသံကြောင့်ဂီတသေတယ်

လက်ဇောင်းနဲ့ တဖြောင်းဖြောင်း ခုတ်တယ်၊ မသေဘူး
လက်ဝါးနဲ့ တဖြန်းဖြန်း ရိုက်တယ်၊ မသေဘူး
လက်ဖျံနဲ့ တ၀ုန်းဝုန်း ထုတယ်၊ မသေဘူး
လက်သီးနဲ့ တခွပ်ခွပ်ထိုးတယ်၊ မသေဘူး
လက်ညိုးနဲ့ ငေါက်ငေါက်ထိုးတယ်၊ သေ သွား တယ်။။။

သုအိုင်စံ

အပြည့်အစုံသို့...

ရုက္ခဗေဒအရိုးစု

ဖြစ်ချင်မှုတွေတပြုံတမကြီးကိုင်းဝေဖြာထွက်
ဘ၀ကိုယာယီသုံးခပ်ညံ့ညံ့အခက်အလက်တွေနဲ့ ရပ်တည်ရှင်သန်
လူဆန်ဆန်လူ့မာန်နဲ့ဖြစ်ညှစ်ပွင့်သီးလိုက်တဲ့အဓိပ္ပါယ်မှန်သမျှ
သစ်ပင်ပေါ်ဘာမှမကျန်ခဲ့ဘူး။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Wednesday, April 13, 2011

အမြင့်ဆုံးအနုပညာပြပွဲ

(၁)
မြောက်များစွာသောဘာသာစကားတွေကို
မဖြိုဖျက်ခင်
ကဗျာဟာ
စကားလုံးဝင်္ကဘာပယောဂအောက်က
လွတ်မြောက်ဖို့လိုတယ်တဲ့
သတ်သေသွားတဲ့ကဗျာဆရာပြောခဲ့တယ်။

(၂)
အလင်း အမှောင်ဆိုတဲ့ အကျဉ်းထောင်ထဲက
မခုန်ထွက်ခင်
ပန်းချီဟာ
အဆင်း အရောင်တွေရဲ့ အရိပ်သြဇာအောက်က
ဖောက်ထွက်ဖို့လိုတယ်တဲ့
ဂေါက်သွားတဲ့ ပန်းချီဆရာပြောခဲ့တယ်။

(၃)
လေထုနဲ့ ရေဒီယိုလှိုင်းတွေကို
မဖြိုခွင်းခင်
သံစဉ်ဟာ
ပညာရှိကြီး ဆယ့်နှစ်ပါးရဲ့ပိုင်နက်ထဲက
ခွဲထွက်ပြီးဖို့လိုတယ်တဲ့
ဆွံ.အသွားတဲ့ ဂီတဆရာကြီးပြောခဲ့တယ်။

(ပြပွဲ)
(တစ်) ကဗျာကို
(နှစ်) ပန်းချီနဲ့သရုပ်ဖော်ပြီး
(သုံး) သံစဉ်ထဲမှာတီးခတ်
ကမ္ဘာပျက်ပြီးနောက်၊ နောက်တစ်နေ့မှာ
ဖျော်ဖြေပါလိမ့်မယ်။ ။

သုအိုင်စံ
၀၁.၀၈.၀၁
(၂၀၀၂ လောက်မှာ ရုပ်ရှင်တေးကဗျာ မှာဖော်ပြခဲ့ပါတယ်။)

အပြည့်အစုံသို့...

Tuesday, April 12, 2011

၃၁ ဘုံ အသုဘ

မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
မပျက်ဘူးဆိုတဲ့ယုံကြည်ချက်နဲ့ခရီးဆက်ခဲ့တယ် ဟားဟား ဟားဟား
ဟားဟား ဟားဟား ဟားဟား ဟားဟား ဟားဟား ဟားဟား

သုအိုင်စံ

အပြည့်အစုံသို့...

Saturday, April 2, 2011

နောင်ကျမှ အောင်ဗလကို သိမယ်

မောင်လွမ်းဏီ

စစ်နိုင်ချင်ရင်
ခေတ်ပြိုင်ဖတ်တဲ့
ပြောစမှတ်နဲ့ ရန်သူကို ကျောသပ်ခဲ့တယ်။

သတင်းစာသမားလေ
ဗိုလ်နေ၀င်းနဲ့
လက်မရွံ့တပ်သားတွေအကြောင်း
စစ်ဓားပြလမ်းစဉ်အကြောင်း
ကလောင်တချောင်းနဲ့ ရင်ဆိုင်ခဲ့
မောင်သောင်းဆိုတဲ့ ကြေးမုံ။

အတွေးစုံတယ်
အရေးစုံကြွယ်၊ ဘေးကြုံတယ်
သတင်းသမားနဲ့ အာဏာပိုင်
အချင်းများနိုင်တာ
ဆရာညိုမြ ညွှန်းဆိုလမ်းပြခဲ့သတဲ့
အဘစကား စောသွားလေသလား။

ကိုတွတ်
သတင်းစာလွတ်လပ်ခွင့်ဟာ
သမိုင်းစာမျက်နှာ
ဒီအဘိဓမ္မာ ဖက်တွယ်ထားကွာ
မောင်လွမ်းတို့ကို သင်ကြား
ရန်သူဆိုတာ ရင်ကြားစေ့ရတာ ခက်တယ်။

ကျနော်
အဘနဲ့ ခဏ ခဏ အငြင်းပွားခဲ့ပေမယ့်
သတင်းသမားဆိုတာ
လမ်းကြားက နပမ်းသမားတွေမှန်း
လွမ်းရမှ သိတယ်။ ။

(အဘသောင်းကို မှန်းဆကန်တော့၍ ...)

မောင်လွမ်းဏီ
၃၀-၃-၂၀၁၁

အပြည့်အစုံသို့...