ဆုံဆည်းရာ၊ ၃၀ ရက် နိုဝင်ဘာလ ၂၀၁၀
သတင်း
ည (၁၂ နာရီ) ယနေ့မနက် ၁၀ နာရီကျော်က နအဖ စစ်တပ်များမှ ဗိုလ်မှူးချုပ်ထိန်မောင် ဦးစီးတဲ့ ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့များကို ဝေါလေဒေသ ဖလူးလေးကျေးရွာ ပြောင်းဖူးဂိတ် အနီးတွင် အလစ်ဝင်ရောက် စတင်တိုက်ခဲ့တဲ့အတွက် ဗိုလ်သဲခီး ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့မှ ၁ ဦးသေဆုံးပြီး ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။
ည (၁၁ နာရီ ၃၀ မိနစ်) နအဖ နဲ့ ဒီကေဘီအေ တိုက်ပွဲများ တင်းမာမှု အရှိန်အဟုန်မြင့် ဖြစ်ပွားနေပါတယ်။ ယနေ့ မနက်ပိုင်း ၈ နာရီခန့်တွင်လည်း နအဖ ဘက်မှ စကခ ၁၂၊ နည်းဗျူဟာ ၃ လက်အောက်ခံ ခလရ ၆၁၊ ခမရ ၂၃၀ ၊ ခမရ-၅၄၉ တို့နှင့် ဒီကေဘီအေ တပ်ဖွဲ့များ အပြန်အလှန်ပစ်ခဲ့ကြတာပါ။ ထို့အပြင် ဝေါလေဒေသရှိ ဗျူဟာကုန်းတွင် စခန်းထိုင်သော စကခ (၈) လက်အောက်ခံ ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တပ်ရင်းများနှင့် ကေအန်အယ်အေ တပ်မဟာ ၆ တပ်ရင်းများနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရှိရသည်။
(ညနေ ၅ နာရီ) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ဒီကေဘီအေမှ သိမ်းဆည်းရမိသည်ဟု သိရသည်။ ဒီကေဘီအေ တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။ (ကိုးကား - KIC news)
ညနေ (၄ နာရီ ၃၀) ထိုင်း-မြန်မာနယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ် ဖလူးဒေသမှာ ဒီကေဘီအေ တပ်မဟာ ၅ တပ်တွေ နဲ့ စစ်အစိုးရ တပ်တွေအကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာ ၃ ရက်မြောက် ရှိသွားပြီလို့ ဒီကေဘီအေ တပ်မှူးတွေက ပြောပါတယ်။
- စစ်အစိုးရ စကခ ၁၂ နဲ့ စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၃၀ ၊ ခမရ-၅၄၉ ၊ စတဲ့ တပ်ရင်း ၄ ရင်းက အင်အား ၄၀၀ နီးပါးလောက်နဲ့ ဒီကေဘီအေ တပ်တွေနဲ့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ညနေပိုင်းအထိ ဖလူးဒေသမှာ ဆက်လက် တိုက်ပွဲဖြစ်နေတာလို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောကျော်သက်က ပြောပါတယ်။
- ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေကတည်းက မြဝတီမြို့ရဲ့ တောင်ဘက် ၆ မိုင်အကွာခန့်မှာ ရှိတဲ့ ဖလူးလေး၊ ဖလူးကြီးကျေးရွာ အနီးမှာ ဒီကေဘီအေ တပ်မဟာ ၅ နဲ့ စစ်အစိုးရတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဒီကေဘီအေဖက်က တယောက်ဒဏ်ရာရပြီး စစ်အစိုးရတပ်ဖွဲ့ဖက်က ၂၀ နီးပါး ဒဏ်ရာရ သွားခဲ့တယ်လို့ ဒီကေဘီအေအဖွဲ့က ပြောပါတယ်။
- သုံးရက်အတွင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ဖလူးလေး၊ ဖလူးကြီးနဲ့ မင်းလက်ပံစတဲ့ ကျေးရွာတွေက ရွာသူရွာသား တထောင်နီးပါးလောက်ဟာ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးလာတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက မဲ့ကုတ်ကင်းရွာက ဝှေ့မဟာဟုန် ဘုန်းကြီးကျောင်းမှာ ယာယီဒုက္ခသည် စခန်းဖွင့်ပြီး ကူညီပေးထားခဲ့ပါတယ်။ စစ်အစိုးရဟာ ဗိုလ်မှူးချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို့ လုံးဝ လက်နက်ချဖို့ကိုသာ ဖိအားပေးနေတယ်လို့ ပြောပါတယ်။ (ကိုးကား - အာအက်အေရ်)
(ကိုးကား - တိုးဒီသွေး)
Tuesday, November 30, 2010
ယနေ့ သတင်း (၃၀ ရက် နိုဝင်ဘာလ ၂၀၁၀)
Posted by
ဆုံဆည်းရာ
at
5:38 PM
0
comments
Labels: သတင်း
Monday, November 29, 2010
ယနေ့ သတင်း (၂၉ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၉ ရက် နိုဝင်ဘာလ ၂၀၁၀
သတင်း
ည (၁၁ နာရီ ၃၀) ကရင်ပြည်နယ်၊ ဘုရားသုံးဆူဘက်မှာလည်း နအဖ စစ်တပ်မှ စစ်အင်အား တပ်ရင်း ၅ ရင်းတိုးချထားလိုက်ပြီး ဒီကေဘီအေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေကို လိုက်လံတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။ ယမန်နေ့ညကလည်း ချောင်းဆုံဒေသမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဘုရားသုံးဆူနဲ့ ၁၃ မိုင်ဝေးတဲ့ ချောင်းဆုံဒေသ တဲသုံးလုံးဘက်မှာ နအဖ စစ်တပ် တပ်မ ၄၄ လက်အောက်ခံ ခမရ ၄၀၆ နဲ့ ဒီကေဘီအေ ၉၀၆ ဗိုလ်မှူးအေ၀မ်းဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပြီး တဲသုံးလုံးဘက်မှာလည်း ပေါ်တာဆွဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဘုရားသုံးဆူမြို့ထဲမှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ဗွီဒီယို
ည (၁၁ နာရီ) ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များတွေ့ဆုံ (ကိုးကား - ဟံသာဝတီ)
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားများ မိသားစုဝင်များနဲ့ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပါတယ်။ ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ဘူးသီးတောင်ထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်သည့် သုံးနှစ်ပြည့် နှစ်လည်ဆွမ်းကျွေး တရားနာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် တွေ့ဆုံခြင်းဖြစ်သည်။
သတင်း
ည (၈ နာရီ) ယနေ့ ညနေပိုင်း ၆ နာရီ ၄၀ တွင် နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တပ်ဖွဲ့ တိုက်ပွဲများ အရှိန်မြင့်စွာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ညနေပိုင်း တိုက်ပွဲတွင် နအဖ ဘက်မှ ၂ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။ နေ့လည်ပိုင်းကဖြစ်ခဲ့သော နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တိုက်ပွဲတွင် နအဖ ဘက်မှ ၁ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။
ညနေ (၃ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး သရက်တပင်ကျေးရွာမှာ နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်းနဲ့ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင် ဒီကေဘီအေ တပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယခုအချိန်အထိ တိုက်ပွဲများ တဖက်နဲ့တဖက် ပြင်းထန်စွာ ပစ်ခတ်လျှက်ရှိကြောင်း သိရှိရသည်။
နံနက် (၁၁ နာရီ ၃၀) ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ တိုက်ပွဲများကြောင့် နအဖ စစ်သား ၁၇ ယောက်ကျဆုံးပြီး၊ ၂ ယောက်မှာ အပြင်းအထန် ဒဏ်ရာရသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသနေတယ်လို့ သိရှိရသည်။ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
နံနက် (၁၀) မြန်မာဘက်ခြမ်း မြ၀တီနဲ့ ကီလိုမီတာ ၂၀ အကွာ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ပြေးဒုက္ခသည်များကို မယ့်ကူကေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ထားရှိကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
11:54 AM
0
comments
Labels: သတင်း
Sunday, November 28, 2010
ယနေ့ သတင်း (၂၈ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၈ ရက် နိုဝင်ဘာလ ၂၀၁၀
သတင်း
နေ့လည်(၃ နာရီ) မြ၀တီမြို့ တောင်ဘက် ကီလိုမီတာ ၂၀ အကွာရှိ ဖလူးကျေးရွာအနီး တဲ့ဂေါ်ကျိုးဘက်မှာ နအဖ တပ်များနဲ့ ဒီကေဘီအေတပ်များ ယနေ့မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီ ၄၁ မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တွေလို့ သိရှိရပါတယ်။ ယနေ့ဖြစ်သော တိုက်ပွဲများတွင် နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်ကြောင်း သိရှိရပါတယ်။
နေ့လည်(၂ နာရီ) ယမန်နေ့ညနေ ၄ နာရီခန့်က နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်း၊ နယ်ခြားစောင့်တပ်များကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်ဦးအောင်တဲ့ ဒီကေဘီအေ အဖွဲ့တို့မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဘက်မှ တပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်း သိရှိရပါတယ်။
နံနက် (၈ နာရီ) နအဖ စစ်တပ် ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့ ယမန်နေ့ ညနေပိုင်း ဖလူးကျေးရွာအနီး တဂေါ်ကျိုးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နအဖ စစ်တပ်မှ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာတာကို ဒီကေဘီအေ ကလိုထူးဖောဗျူဟာမှူး ဗိုလ်မှူးကျော်သက်တို့က ခြုံခိုတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲက ည ၈ နာရီလောက်တွင် လက်နက်ကြီးများနဲ့ အပြန်လှန်ပစ်ခတ်မှု ပြင်းထန်လာခဲ့ပါတယ်။ ညဦးပိုင်းအထိ ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရှိရပါတယ်။
Posted by
ဆုံဆည်းရာ
at
9:05 AM
0
comments
Labels: သတင်း
Saturday, November 27, 2010
ယနေ့ သတင်း (၂၇ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀
သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။
နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။
ကဗျာ
"စိုးရိမ်စိတ်"
မစုကိုမြင် ငိုချင်ရဲ့
တားမရဘူး
ဗေဒါပြန် အံကိုခဲတဲ့
သူ့ရုပ်သွင် အားရှိလို့ ကြည်နူး၊
ဒို့ဖခင်ဗိုလ်ချုပ်ကိုဖြင့်
ပြလိုက်ချင် လူထုကိုလှ
တစ်သိန်းမကဘူး။
အမေလို့ခေါ်တဲ့အသံ
ဘ၀ဂ်ကိုညံပါလို့
မိုးမချုပ်ချင်ဘူး
မိုးချုပ်ရင် တဖန်ခွဲရမှာမို့
စိတ်မချဘူး...။
စောမေ(မြိတ်)
Posted by
ဆုံဆည်းရာ
at
9:36 AM
2
comments
Labels: သတင်း
ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချတာလား (သို့) အင်းစိန်ထောင်သို့ ခေါ်ယူဖမ်းဆီးခံရတာလား
ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀ ခုနှစ်။ မြန်မာစံတော်ချိန် (၈ နာရီ)
“ခင်ညွန့်ဘာတွေဖြစ်နေပြီလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook စာမျက်မှာ ဗွီဒီယိုကလစ် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုဗွီဒီယိုက စိတ်ဝင်စားစရာကောင်းပြီး ရဲချုပ်ခင်ရီအဖွဲ့လို့ ထင်ရတဲ့ အဖွဲ့တဖွဲ့က ခင်ညွန့်အိမ်ကနေ တနေရာကို ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။ ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို သူ့အိမ်ဝန်းကျင်မှာ မတွေ့တာ တလလောက်ရှိပြီလို့ အိမ်နီးနားချင်းများက ပြောဆိုနေကြပါတယ်။ ငြိမ်းချမ်းအရေးအဖွဲ့တွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကြောင့် ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချနေပြီလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါအပြင် သူ့ထောက်လှမ်းရေးကွန်ယက်ကို ပြန်လည်ဖွဲ့စည်းခဲ့တာကြောင့် အင်းစိန်ထောင်သို့ ခေါ်ယူဖမ်းဆီးခြင်းခံရတာလို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။
Posted by
ဆုံဆည်းရာ
at
8:21 AM
1 comments
Labels: ဗွီဒီယို
Friday, November 26, 2010
ယနေ့ သတင်း (၂၆ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၆ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
နံနက် (၁၀ နာရီ ၁၄) ယနေ့မနက်ပိုင်း ၁၀ နာရီတွင် ဝေါလေဒေသ၊ ဖလူးကျေးရွာဘက်မှာ နအဖ နဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး နအဖ ဘက်မှ ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာသည့် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်း အင်အား ၈၀ ကျော်ခန့်နဲ့ ဒီကေဘီအေ တပ်ဖွဲ့များ ဖြစ်တယ်လို့ သိရှိရပါတယ်။ မိုင်းကွင်းထဲမှာရောက်နေတဲ့ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို ရိက္ခာသွားရောက်ပို့ဆောင်သည့် နအဖ ခလရ(၆၂)တပ်ရင်းနဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားတာပါ။
ဟာသ
မြို့တော်ဝင်ဟောင်း အောင်သိန်းလင်းမဲဆွယ်တဲ့အနေနဲ့ ခင်းခဲ့တဲ့လမ်းကို အောင်သိန်းလမ်းလို့ လူသိများနေတဲ့ လမ်းပါ။ ရွေးကောက်ပွဲသာပြီးသွားတယ် လမ်းကမပြီးသေးပါ။ ထာဝရ နှင်းဆီအငြိမ့်မှာ နေတိုးက ယခုလို ပျက်သွားပါတယ်။ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခု တော့ ပြောချင်သည် တခြမ်းပဲ ခင်း... တော့ သွားရ အလွန်ခက်သည်”း)။ (ဓါတ်ပုံ - Mizzima)
Posted by
ကိုဈာန်
at
10:42 AM
0
comments
Labels: သတင်း
Thursday, November 25, 2010
ယနေ့ သတင်း (၂၅ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၅ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီယမန်နေ့က ညနေပိုင်းက နအဖ တပ်တွေ မြ၀တီမှ ဝေါလေ၊ ကနဲလေး ဘက်ကို စစ်ကူအဖြစ် စစ်ကား ၁၀ ဒီကေဘီအေ တပ်များကို တိုက်ခိုက်ဖို့အတွက် ပို့ဆောင်လိုက်တယ်လို့ သိရှိပါတယ်။ ဒီကေဘီအေ တပ်များက မောခီး၊ စခန်းသစ်နဲ့ ဝေါလေ၊ ကနဲလေး ဘက်တို့မှာ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို မိုင်းထောင်ထားတဲ့အတွက် နအဖ တပ်များ ရိက္ခာပြတ်ပြီး ထွက်မရဖြစ်နေတယ်လို့ သိရပါတယ်။ ၂၃ ရက်နေ့က နအဖ စစ်တပ်ရင် စစ်စင်ရေးဗျူဟာမှူးက ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို လက်နက်ချဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်မချပါက နအဖ ဘက်က စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရှိရပါတယ်။
သျှမ်းပြည်တပ်မတော်
နိုဝင်ဘာ ၂၃ ရက်နေ့က သံလွင်အရှေ့ခြမ်း ပုံပါကျင်အရှေ့ဖက် (ထိုင်းနယ်စပ်အနောက်ဖက် ၈ မိုင် အကွာ) ၀မ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည်တပ်မတော်နှင့် နအဖစစ်တပ်တို့ မိနစ် ၂၀ ကြာ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ မနေ့က မနက်ပိုင်း ၇း၃၀ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက်ဒဏ်ရာရ တယ်၊ ဗမာ တပ်ဘက်က ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်က အင်အား ၁၀ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃၀ လောက်ရှိမယ် ” ဟု သျှမ်းပြည်တပ်မတော်အသိုင်း အ၀ိုင်းက ပြောသည်။
လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ်အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ်ခံရပြီးနောက်ပိုင်း အင်အား ၃၀ ကျော်ပါ နအဖစစ်ကြောင်းတကြောင်း သျှမ်းပြည် တပ်မတော် နယ်လှည့် စစ်ကြောင်းအား နောက်ယောင်ခံလိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး နအဖတပ်သားများ သေဆုံးခဲ့ကြောင့် ဒေသခံများပြောဆိုနေကြပါတယ်။ လွန်ခဲ့သည့်အပတ်အတွင်းလည်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်းစစ်ကား ၆ စီးဖြင့် နအဖ စစ်သားအပြည့်တင်ကာ မိုင်းတော့ - မိုင်းထားဘက် စစ်အားဖြည့်ရန် တက်သွားသည်ဟု နယ်စပ်နေ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်တဲ့ ၇ ရက်နေ့မှ ယနေ့အချိန်ထိ နအဖနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနဲ ဖြစ်ပွားခဲ့ဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်က ပြောဆိုပါတယ်။ (ကိုးကား - သျှမ်းသံတော်ဆင့်)
Posted by
ဆုံဆည်းရာ
at
11:59 AM
0
comments
Labels: သတင်း
Wednesday, November 24, 2010
ယနေ့ သတင်း (၂၄ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၄ ရက် နိုဝင်ဘာလ ၂၀၁၀
သတင်း
- မြောက်နှင့် တောင် ကိုရီးယား အမြောက်များဖြင့် ပစ်ခတ်
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ပစ်ခတ်မှုတွင် တောင်ကိုရီးယား မရိန်းတပ်သား ၂ ဦး အသက် Sergeant Seo Jeong-woo ၂၂ နှစ် နှင့် Private 2nd Class Moon Kwang-wook ၂၀ နှစ် သေဆုံးပြီး ၁၆ ဦးဒဏ်ရာရကာ ထိုအထဲမှ ၆ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ အရပ်သား ၃ ဦးလဲ ဒဏ်ရာရရှိခဲ့ပြီး အိမ်များနှင့် သိုလှောင်ရုံ(ဂိုထောင်)များလည်း မီးလောင်ခဲ့သည်။ တောမီးများလဲ လောင်ကြွမ်းနေပြီး ရန်ဖျောင်းကျွန်း တကျွန်းလုံး မီးများ ပြတ်တောက် သွားခဲ့သည်။ အရပ်သားများကို အင်ချွန်းသို့ ရွှေ့ပြောင်းပေးထားပြီး အချို့အရပ်သားများကို ဘန်ကာများသို့ ပြောင်းရွှေ့ ပေးထားခဲ့သည်။ နေ့လည် ၂ နာရီ ၃၄ မိနစ်တွင် ပထမအကြိမ် ပစ်ခတ်ခဲ့ပြီး ၂နာရီ ၄၉ မိနစ်အထိ အချက် ၂၀ ကျော်ပြစ်ခတ်ခဲ့သည်။ ၃ နာရီ ၁၀ မိနစ် မှ ၄၁ မိနစ်အထိ ဒုတိယ အကြိမ် ပစ်ခတ်ခဲ့သည်။ မရိန်းတပ်အတွင်း K 9 ( တင့်ကား)အမြောက်တပ် လက်နှက်တိုက်၊ စစ်တန်းလျားနှင့် အနီးရှိ အိမ်များပေါ်သို့  ကျရောက်ခဲ့သည်။ ရန်းဖျောင်းကျွန်းမှ ၁၂ ကီလိုမီတာ ဂဲဘော်ရီ အမြောက်စခန်းမှ ပစ်ခတ်ခဲ့သည်။ တောင်ကိုရီးယားမှလဲ အချက် ၈၀ ပြန်လည် ပစ်ခတ်ခဲ့သည်။ အဆိုပါ ယန်းဖောင်းကျွန်းသည် နယ်ကြားမျဉ်း NLL မှ ၁-၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ အဆိုပါ အမြောက်တပ် မှ K 9 တင့်ကားများသည် နံနက် ၈ နာရီ အချိန်မှ စတင်၍ ပင်လယ်ပြင်သို့  ပစ်ခတ် စစ်ရေးလေ့ကျင့်နေချိန် ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ၂၂ ရက်နေ့မှ လကုန်သည်အထိ လေ့ကျင့်ရန်ဖြစ်သည်။ ယနေ့ တိုက်ခိုက်မှုကြောင့် အဆိုပါ စစ်ရေးလေ့ကျင့်မှုရပ်တန့်မည် မဟုတ်ဟု တောင်ကိုရီးယား စစ်ရုံးမှ ထုတ်ဖေါ်ပြောကြားခဲ့သည်။ အဆိုပါကျွန်းတွင် မီးသတ်ကား တစ်စီးသာရှိသည်။ အင်ချွန်းမြို့မှ မီးသတ်ကားနှင့်  လူနာတင်ယာဉ်များ ပို့ဆောင်လျှက်ရှိသည်။ မြောက်ကိုရီးယား အသံလွှင့်ဌာမှ တောင်ကိုရီးယားမှ စတင်ပြစ် ခတ်ခဲ့သည်ဟု ကြေညာခဲ့သည်။ မြောက်ကိုရီးယားမှ ထိခိုက်မှုကို ထုတ်ဖေါ်ပြောကြားမှု မရှိပေ။ (ကိုးကား။ ။ http://world.kbs.co.kr/korean/
မြောက်နဲ့တောင် တိုက်ပွဲ ဗွီဒီယိုပါ
လက်နက်ချမလား၊ စစ်တိုက်မလား...
ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။
DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။
ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)
(၁၂ နာရီ) ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ထိန်လင်းတို့ ရွှေတိဂုံဘုရား ဖူးမြော်နေစဉ်


ဗွီဒီယို
ကရင်နီတပ်နှင့် နအဖ တပ် တိုက်ပွဲ ဗွီဒီယို တင်ပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ထိန်လင်းတို့ တွေ့ဆုံစဉ်
ဟာသ အငြိမ့်
တန်ဆောင်တိုင် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၁ နေ့က သုဝဏ္ဏအားကစားရုံမှာ ဖျော်ဖြေခဲ့တဲ့ ထာဝရနှင်းဆီအငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က စီစဉ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်းနဲ့ မိုးမိုးတို့ ပါဝင်ခဲ့ပါတယ်။ ဗွီဒီယိုဖိုင် နမူနာလေး တင်ပေးလိုက်ပါတယ်။
Posted by
ဆုံဆည်းရာ
at
10:51 AM
0
comments
Saturday, November 20, 2010
ယနေ့ သတင်း (၂၀ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၂၀ ရက် နိုဝင်ဘာလ ၂၀၁၀
သတင်း
- နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။ (ကိုးကား - news-eleven.com)
ဗွီဒီယို
မြဝတီမြို့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား
ဒီကေဘီအေ ၉၀၉ တပ်ရင်း လာရောက်ပေါင်းစည်းတဲ့အတွက် ကေအန်ယူမှ ဂုဏ်ပြုကြိုဆိုပွဲပြုလုပ် (၁၇ နိုဝင်ဘာလ ၂၀၁၀)
ကာတွန်း (အော်ပီကျယ်)
Posted by
ဆုံဆည်းရာ
at
10:31 AM
1 comments
Labels: ဗွီဒီယို
Friday, November 19, 2010
ယနေ့ သတင်း (၁၉ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁၉ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ(၃နာရီ) မြ၀တီ ဟွေ့ရှမ်းရွာဘက် တံတားကြိုးအနီးတွင် တဖက်နဲ့ တဖက်ပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။ နအဖ စစ်နဲ့ အခြားပစ်ခတ်သည့်အဖွဲ့မှာ မည်သည့်အဖွဲ့မှန်း မသိရသေးပေ။
(၂ နာရီ ၂၀) “မြ၀တီ ရဲစခန်းထဲ သို့ လူ ၂ယောက်က လက်ပစ်ဗုံးနဲ့ ပစ်တယ်။ အဲဒီလက်ပစ်ဗုံးက ရဲစခန်းနားမှာ ပေါက်သွားတယ်။ အဲဒီလူထဲကတယောက်က ကျောင်းထဲကို ပြေးဝင်သွားတာ”ဟု မြို့ခံတဦးမှ ပြောဆို သည်။ လက်ပစ်ဗုံးနဲ့ ပစ်သွားသူများကို ဖမ်းဆီးမိခြင်း မရှိပဲ ထိုပစ်ခတ်သူများသည် မည်သူမ၀ါဖြစ်သည်ကို မသိရှိရပေ။ ယခု မြ၀တီမြို့ကို စစ်တပ်တွေ ၀ိုင်းထားကြောင်း သိရှိရသည်။
(၁ နာရီ ၄၀) မြ၀တီမြို့တွင်း ကုန်သွယ်မှုဇုံ၊ သင်္ကန်းညီနောင် ဘက်က ပစ်ခတ်မှုများ ဖြစ်ပေါ်နေသောကြောင့် မြ၀တီမြို့တွင်းတွင် ပြည်သူလူထုများ ရှုတ်ရှုတ်သဲသဲ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ မြ၀တီမြို့က ကျောင်းများကို ပိတ်ပစ်လိုက်ပြီး ဈေးဆိုင်များလည်း ပိတ်လိုက်ကြကြောင်းသိရှိရသည်။
ဟာသ

နအဖ ရွေးကောက်ပွဲလုပ်မှ ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်လည်း ကြံ့ဖွတ်ကိုယ်စားလှယ်လောင်းတွေ ပေါ်တာပဲ
ဗွီဒီယို
မြ၀တီမြို့တွင် နအဖ စစ်တပ်နဲ့ ဒီကေဘီအေတို့ ဖြစ်ပွားခဲ့သော မြို့တွင်းတိုက်ပွဲ (ကိုးကား - နေ့သစ်)
Posted by
ဆုံဆည်းရာ
at
8:50 AM
1 comments
Labels: သတင်း
Thursday, November 18, 2010
ယနေ့ သတင်း (၁၈ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁၈ ရက် နိုဝင်ဘာလ ၂၀၁၀
ရန်ကုန်
- ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနောက်လမ်းရှိ Sky Net အင်တာနက်ဆိုင်တွင် ယနေ့ မနက်ပိုင်းတွင် ဗုံးများတွေ့ရှိသောကြောင့် ရန်ကုန်ရှိ internet ဆိုင်များ ချက်ချင်း ပိတ်ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်း အင်တာနက်လိုင်းတချို့ ဖြတ်ထားခံထားရကြောင်း သိရှိရသည်။
မြ၀တီ
- ဒီကေဘီအေ တပ်မဟာ ၅ - ကလိုထူးဘောဗျူဟာ လက်အောက်ခံ တပ်ရင်း ၉၀၉ မှ ဗိုလ်မှူးကြီး စတီး ဦးဆောင်သည့် တပ်ဖွဲ့အင်အား ၁၅၀ ခန့် ယမန်နေ့က ကေအန်ယူနှင့် ပြန်လည် ပူးပေါင်းသွားကြောင်း သိရှိရသည်။
- နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်များ တပ်မဟာ ၆ နယ်မြေ ကျိုင်းဒုံဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
- မြ၀တီမြို့တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မြ၀တီမြို့တွင် ရပ်ဝေးမှ လာရောက် နေထိုင်လုပ်ကိုင်နေကြသော စီးပွားရေးသမားနှင့် ပြည်သူလူထုများ နေရပ်မြို့များသို့ ပြန်ကုန်ကြကြောင်း မြို့ခံတဦးမှ ပြောသည်။ မြ၀တီမြို့တွင်းတွင် နအဖ စစ်သားများမှ ဟမ်းဖုန်းကိုင်ဆောင်ထားသူများကို ဒီကေဘီအေ သတင်းပေးများဟုဆိုကာ ဟန်းဖုန်းများကို လိုက်လံ သိမ်းဆည်းနေကြောင်း သိရသည်။
ဗွီဒီယို
- ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ဒုတိယ ပင်လုံညီလာခံအကြောင်း ယမန်နေ့က ထိုင်းတီဗွီလိုင်းက ထုတ်လွှင့်သွားတာပါ။
လွန်ပဲလွန်နိုင်ပေ (ကာတွန်း)

အောက်တိုဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာက အမှားပြင်ဆင်ချက်ကို ကာတွန်းဆွဲထားတာပါ။ ရှင်းလင်းတဲ့ပုံကြည့်မယ်ဆိုရင် ပုံပေါ်ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
Posted by
ကိုဈာန်
at
8:07 AM
4
comments
Wednesday, November 17, 2010
ယနေ့ သတင်း (၁၇ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁၇ ရက် နိုဝင်ဘာလ ၂၀၁၀
ဘုရားသုံးဆူဒေသ
- တပ်မဟာ (၆) ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်စုများက နအဖ စစ်တပ် ခမရ ၂၈၄ တပ်သားများအား ကျောက်ကွဲကျေးရွာအပြင်ရှိ မိုင်းကွင်းများသို့ တိုက်ထုတ်မှုကြောင့် နအဖ စစ်တပ်မှ စစ်သား ၄၀ ယောက် ဒဏ်ရာအပြင်းအထန် ဒဏ်ရာရှိကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ ဒဏ်ရာရ စစ်သားအများအပြား ပြန်လည်ဆုတ်ခွာစဉ် နအဖ စစ်တပ်မှ စစ်သားအချို့ ထပ်မံ မိုင်းထိခဲ့ကြောင်းလည်း သိရှိရသည်။ ဒဏ်ရာရ တပ်သားများကို ဘုရားသုံးဆူအနီးရှိ ဗမာစစ်တပ်များ စခန်းချရာနေရာသို့ ကုန်ကားကြီးများဖြင့် ခေါ်ဆောင်သွားသည်။ ထိုတိုက်ပွဲများတွင် နအဖ စစ်တပ်မှ မည်မျှသေဆုံးသည်ကို မသိရသေးပေ။
- နအဖ စစ်တပ် ခမရ ၂၈၄ သည် ဘုရားဆုံးဆူအနီး သသိန်းရွာမှ မွန်လူမျိုး အရပ်သား ၁၅ဦးအား စစ်ကိရိယာများ နှင့်ရိက္ခာများသယ်ခိုင်းရန် ပေါ်တာဆွဲခဲ့သည်။ မျက်မြင်သက်သေတဦး အဆိုအရ ပေါ်တာ မလိုက်ပါက ရွာကို မီးရှို့မည်ဟု အစိုးရတပ်သားများက ခြိမ်းခြောက်သည်ဟု သိရှိရသည်။
- ဘုရားဆုံးဆူအနီးတွင် ယမန်နေ့ညနေက တပ်မဟာ ၆ မှ ကရင့်အမျိုးသားလွှတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တိုက်ခိုက်မှုကြောင့် နအဖ စစ်တပ် ခမရ ၂၈၄ နဲ့ ၂၀၇ မှ စစ်သား ၄၀ ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရသည်။ (ကိုးကား - TaiFreedom)
ဗွီဒီယို
- ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး
Posted by
ကိုဈာန်
at
9:34 AM
1 comments
Labels: ဗွီဒီယို
Tuesday, November 16, 2010
ယနေ့ သတင်း (၁၆ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁၆ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
- ဒီကေဘီအေ နာယက မြိုင်ကြီးငူ ဆရာတော် ဦးသုဇန အား နအဖ မှ ယနေ့ နေပြည်တော်သို့ ပင့်ဆောင်ထားကြောင်း သိရှိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါလေဒေသမှာ ဖြစ်ပွားတဲ့ နအဖ နဲ့ ဒီကေဘီအေ တိုက်ပွဲများကြောင့် တပ်ခရိုင် ဖုတ်ဖရတ်မြို့နယ် ထဲသို့ စစ်ပြေး ဒုက္ခသည် ၅၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။
ဘုရားသုံးဆူဒေသ
- ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲများ ဒီကနေ့ ငြိမ်သက်သွားပြီလို့ သိရှိရပါတယ်။ ဘုရားသုံးဆူမြို့ကနေ ဒီကေဘီအေများ ဆုတ်ခွာသွားတယ်လို့ သိရှိရပါတယ်။ တိမ်းရှောင်နေသော စစ်ပြေးဒုက္ခသည်တွေလည်း နေရပ်သို့ ပြန်လည် ၀င်ရောက်နေပြီလို့ သိရှိရပါတယ်။
SSA ဆိုင်ရာ သတင်းများ
- နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲသည် စစ်အစိုးရကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနှင့် ရွေးကောက်ပွဲ ကော်မရှင်များ ပြည်သူလူထုအား အတင်းအဓမ္မမဲပေးခိုင်းခြင်း၊ မသမာ မဲလိမ်၊ မဲခိုးခြင်း၊ ကြိုတင်မဲ ကောက် ယူခြင်း၊ ရွာသူကြီးများအား ကိုယ်စားမဲပေးစေခြင်း၊ အကြောင်းပြချက်အမျိုးမျိုးသုံး၍ ရွေးကောက်ပွဲကျင်းပ ရက်နီးမှ မဲရုံပြောင်းရွှေ့ခြင်း၊ အာဏာသုံး၍ ပြိုင်ဖက်ပါတီအပေါ် ပြသနာရှာအပြစ်ပုံချခြင်း တို့ကြောင့် ရွေးကောက်ပွဲ ရလဒ်မှလုံးဝ လက်မခံကြောင်းပြတ်သား စွာဆန့်ကျင်ကြောင်း နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ၂၀၁၀ ရွေး ကောက်ပွဲအပေါ် သျှမ်းပြည်တပ်မတော်၏ သဘောထားထုတ်ပြန်ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။
- အာဏာရစစ်အုပ်စုချုပ်နှောင်ခြင်းမှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းရင်းသားခေါင်း ဆောင်များ မျှော်လင့်ထားသည့်အတိုင်း လွတ်လပ်စွာ နိုင်ငံရေးမလှုပ်ရှားနိုင်မည်ကို စိုးရိမ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ် က ပြောကြားလိုက်ပါသည်။
- သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွက်စစ် က ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်ဟု ပြောကြားလိုက်သည်။ ယခုလ ၇ ရက်က တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နဲ့ နအဖ စစ်တပ်အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက် ရက်စွဲနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်း ပြည်တပ်မတော်က သဘောထားထုတ်ပြန် ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်ထဲမှာ DKBA က နအဖ အစိုးရကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်လိုက်တဲ့စိတ်ဓါတ်ကို အထူးလေးစာဂုဏ်ယူမိကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်တပ်ဖွဲ့တွေအတွက် စံနမူနာထား အတုယူသင့်ကြောင်း RCSS/SSA ဗဟိုဦးစီးကော်မတီက အဓိကထား ဖော်ပြထားကြောင်း သိရှိရပါတယ်။ (ကိုးကား - သျှမ်းသံတော်ဆင့်)
ဗွီဒီယို
ဒေါ်ဆောင်ဆန်းစုကြည် လွှတ်မြောက်သည့် သတင်းကို မြန်မာ ရုပ်မြင်သံကြားတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖော်ပြသည့် သတင်း ဗွီဒီယိုဖိုင် တင်ပေးလိုက်ပါတယ်။
Posted by
ဆုံဆည်းရာ
at
10:20 AM
1 comments
Labels: သတင်း
Monday, November 15, 2010
ယနေ့တိုက်ပွဲ သတင်း (၁၅ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀
်မြ၀တီ
ဝေါလေဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ယမန်နေ့ညနဲ့ ယနေ့မနက် အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါသေးတယ်။ ဒီကေဘီကေ တပ်များက လောခေါ်ဘက်တွင် အခြေစိုက်ထားပြီး နအဖ စစ်တပ်မှ ဝေါလေရွာဘက်တွင် စခန်းချထားကြောင်း သိရှိရပါတယ်။ ထို ဝေါလေ ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မော်လီချိုင်းဘက်သို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။
ဘုရားသုံးဆူဒေသ
ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ တိုက်ပွဲတွေ ကြို့ကြားကြို့ကြား ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ချောင်းဆုံ ဒေသမှာလည်း နအဖ စစ်တပ် ခမရ ၂၁၀ နဲ့ ကေအန်ယူတို့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။
ဝေါလေဒေသနဲ့ ဘုရားသုံးဆူဒေသရှိ စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ ဗွီဒီယိုဖိုင် တင်ပေးလိုက်ပါတယ်။
Posted by
ကိုဈာန်
at
4:47 PM
1 comments
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့ ဗိုလ်မှူးချုပ် စောလားဘွယ်ပြောဆို
ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။
ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။
မြ၀တီကို ကျွန်တော်တို့ တိုက်တုံးက နအဖ အင်အားက ၈၀ လောက်ပဲရှိတယ်။ ကျွန်တော်တို့က သူတို့ထက် အင်အားများတယ်။ တိုက်ပွဲစ ဖြစ်တာနဲ့ ကျွန်တော်တို့က လက်နက်ငယ်တွေနဲ့ သူတို့ကိုပဲ ထိအောင်ပစ်တာ၊ သူတို့က လက်နက်ကြီးတွေနဲ့ ထင်သလိုပစ်တာ လူထုတွေထိကုန်တယ်။ ကျွန်တော် တော်တော် စိတ်မကောင်းဘူး။ ထိုင်းဖက်ကိုလဲ သူတိုပဲ ပစ်တာ။ ဆက်ပြီး မြ၀တီ ကိုထိန်းထားရင် ရပင်မဲ့ လူထုထိမှာကြောင့်လို့ ကျွန်တော်တို့ အစီစဉ် ရှိရှိနဲ့ပဲ ဆုတ်ခွာပေးလိုက်တာပါ။ သေဆုံးသွားတဲ့ မြ၀တီက လူထုတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလဲ မြ၀တီကို ဆုတ်ပေးလိုက်ပင်မဲ့ ကျန်တဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖေါ်သွားမယ် ဆက်တိုက်သွားပါ့မယ်။ နေ့စဉ်လိုလို ဘုရားသုံးဆူ၊ ဝေလေ နဲ့ ကြားခံနေရာတွေမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။ တိုင်းရင်းသားတွေ တပ်ပေါင်းစုတွေလဲ ညီညီညာညာနဲ့ ၀ိုင်းတိုက်ကြပါ အတွင်းအပြင် စည်းစည်းလုံးလုံး ရှိကြရင်ကောင်းမယ်။ ကျွန်တော်တို့ကို တတ်နိုင်တဲ့ ဖက်က ၀ိုင်းကူညီ ကြပါ။
ကျွန်တော် ငတ်ပျက်နေတဲ့ ပြည်သူလူထုကို စာနာတယ်။ နအဖ ရဲဘော်လေးတွေကိုလဲ သနားတယ်။ တပ်မှာ ဘာမှ မရှိကြဘူး။ တချို့ဆို ဘောင်းဘီတိုလေးတွေနဲ့ ကျွန်တော်သူတို့ကိုပါ ယူနီဖောင်းတွေ ထုတ်ပေးတယ်။ သူတို့ အရာရဲရှိ တချို့ကိုတော့ ကြိုက်ဘူး။ ကျွန်တော်တို့အပေါ် နားလည်တဲ့ အရာရှိတွေလဲ ရှိတယ်။ အခု တက်လာတဲ့ တိုင်းမှူးက ကျွန်တော်ဆီကို ဖုန်းဆက်တော့ ဟေ့ကောင် ဘာညာနဲ့ သိပ်မိုက်ရိုင်းတယ်။ မင်းဘာတွေ လုပ်တာလဲ ဘာညာနဲ့ ဒါနဲ့ ကျွန်တော်ဖုန်း လုံးဝမဖွင့်တော့ဘူး။ ကျွန်တော် ဘာလုပ်လဲ မေးဖို့ထက်။ သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။
နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။
Posted by
ကိုဈာန်
at
12:29 PM
4
comments
Labels: သတင်း
Sunday, November 14, 2010
ယနေ့ သတင်းများ (၁၄ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ ၁၄ ရက် နိုဝင်ဘာလ ၂၀၁၀
ညနေ(၄ နာရီ ) ယနေ့ နေ့လည် ၁၂ နာရီမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းအသံဖိုင်နဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။



နေ့လည်(၁၂ နာရီ ၂၆) ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့အသံကို ဒီမိုကရက်တစ်မြန်မာ့အသံက တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ ထုတ်လွှင့်ချက်ကို ယခုလင့်မှာ သွားရောက်နားဆင်နိုင်သည်။ တိုက်ရိုက်လင့် http://www.livestation.com/channels/66-democratic-voice-of-burma-burmese
နေ့လည်(၁၁ နာရီ ၄၅) ရွှေဂုံတိုင်လမ်းပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမှာကို စောင့်ဆိုင်းနေတဲ့ ပြည်သူလူထု ၁၀၀၀၀ ကျော်ဖြစ်လာပြီလို့ သိရှိရပါတယ်။
နံနက် (၁၁ နာရီ ၃၀) နအဖ စစ်တပ်မှ အမြောက်ကြီး စခန်း ဌာနချုပ် (၉၀၉) ကွပ်ကဲမှုအောက် လင်းခေးမြို့နယ် အခြေစိုက် အမြောက်တပ် (၃၆၁) မှ ဒု တပ်ရင်းမှူး ၀င်းအောင်လတ်နှင့် အဖွဲ့သည် ၁၁၊၁၁၊၂၀၁၀ ရက်နေ့ နေ့လည် (၁၂း၅၀) နာရီ အချိန်တွင် လင်းခေးမြို့မှ ဈေးဝယ်ပြီးအပြန် လင်းခေးမြို့ နှင့် ဘန်ပေါင်းကျေးရွာအကြားသို့အရောက်တွင် SURA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိစစ်သည် အားလုံးနှင့် ဒုတပ်ရင်းမှူး ဇနီးအပါအ၀င် (၆) ဦး သေဆုံးပြီး SURA အဖွဲ့မှ ၉မမ ဘလောင်နီပစ္စတို (၁)လက် ၊ ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ် (၁) လက် ၊ ပွိုင့် ၃၀ ကာဘိုင် (၁) လက်နှင့် ကိုတာဖုန်း (၁) လုံး SURA မှ သိမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
နံနက် (၉ နာရီ ၂၇) ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယို သတင်းတွေပါ။
Posted by
ကိုဈာန်
at
9:52 AM
1 comments
Saturday, November 13, 2010
ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀
ည (၈ နာရီ ၄၇) မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းဖောက်ကြောင်း သိရှိရသည်။ ၈ နာရီလောက်က စဖောက်တာ ယခုအချိန်အထိပဲဟု မိုးကုတ်မြို့ခံတဦးမှ ပြောဆိုသည်။
ည (၆ နာရီ ၄၅) ဒေါ်အောင်ဆန်းစုကြည် စောင့်မျှော်နေသည့် ပြည်သူလူထုအား အိမ်ရှေ့ခြံဂိတ်ဝမှ ထွက်တွေ့နေစဉ်...။


(ဓါတ်ပုံ AFP)
Posted by
ကိုဈာန်
at
7:13 PM
1 comments
Labels: ဓာတ်ပုံ
မီးထဲကကြာ ပေး မေတ္တာစာ
မောင်လွမ်းဏီ
မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။
ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။
တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။
၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။
ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။
မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။
မောင်လွမ်းဏီ
Posted by
ကိုဈာန်
at
7:10 PM
1 comments
Labels: ကဗျာ
ယနေ့သတင်းများ (၁၃ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ ၁၃ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်..... ၆ နာရီ ၃၁ မိနစ် ----------------------------------------------------------------------
ည(၆ နာရီ ၁၄ မိနစ်) မနက်ဖြန် ၁၂ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း သိရှိရသည်။
ညနေ(၅ နာရီ ၁၀ မိနစ်) ဒေါ်စုလွတ်ပြီ။ ည ၇ နာရီလောက်မှာ ရွှေဂုံတိုင်ရုံးကို ရောက်မယ်လို့ NLD လူငယ်အဖွဲ့ဝင် ကိုရာဇာက ပြောသည်။ CEC ၃ ယောက်နဲ့ သံတမန်တချို့ ဒေါ်စု ခြံဝင်းထဲသို့ ၀င်သွားကြောင်း ပြောပါတယ်။
ညနေ(၄ နာရီ ၅၀ မိနစ်) ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လူပေါင်း ၅၀၀၀ လောက်ဖြစ်လာပါတယ်။ အမေစု ချက်ချင်းလွှတ်လို့ လူထုက အော်ဟစ်တောင်းဆိုနေ ပါတယ်။
ညနေ(၄ နာရီ ၁၅ မိနစ်) ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည့် လွှတ်မည်ကို စောင့်ဆိုင်းနေကြတဲ့ သူတွေကတော့ တဖြည်းဖြည်းများလာပါတယ်။ ကမ္ဘာအေးဘုရားလမ်းဘက်မှာ... လှည်းတန်းဖက်ကော လူတွေ ၀င်လာရောဆို ၃၀၀၀ လောက်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ။ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းကြကြောင်းလည်း သိရပါတယ်။
နေ့လည်(၁ နာရီ ၇ မိနစ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့ ရွှေဂုံတိုင်လမ်းပေါ်က အန်အယ်ဒီရုံးရှေ့မှာ စောင့်ဆိုင်းနေတဲ့ လူ ၂၀၀၀ ကျော် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။ အန်အယ်ဒီပါတီဝင်များနဲ့ ပြည်သူလူထုက စောင့်ဆိုင်းနေသလို စွမ်းအားရှင်နဲ့ နအဖ အာဏာပိုင်တွေကလည်း စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
(၉ နာရီ ၂၇ မိနစ်) တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည့်ခြံဝင်းထဲသို့ အဘဦးတင်ဦးနဲ့ ဦးဝင်းတင် ၀င်ရန် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
(၉ နာရီ ၂ မိနစ်) ဒီကေဘီအေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် နအဖ စစ်တပ် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး သက်နိုင် နှင့် အင်တာဗျူးပါ။
Posted by
ကိုဈာန်
at
10:33 AM
1 comments
Labels: သတင်း
Friday, November 12, 2010
ယနေ့သတင်းများ (၁၂ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ ၁၂ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်.....ည ၈ နာရီ ၂၀ မိနစ် ----------------------------------------------------------------------
ည(၈ နာရီ ) ညနေဘက် က ရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်ဒီရုံးရှေ့က အခြေအနေတွေနဲ့ အင်တာဗျူးအချို့ကို ထိုင်းတီဗွီ က ည ၇ နာမှာ ထုတ်လွှင့်သွားတာပါ။
ည(၈ နာရီ ) ယနေ့ ဘုရားသုံးဆူဒေသအခြေအနေကို ထိုင်းရုပ်သံ ၃ က ည ၇ နာရီက ထုတ်လွှင့်သွားတဲ့ သတင်းပါ။
ညနေ(၅ နာရီ ၃၀ မိနစ်) နိုင်ငံတကာရောက် မကဒတ ရဲဘော်ဟောင်းများနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအား လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မကဒတရဲ့ အမြင် တင်ပြချက် စာတစောင် ထွက်ရှိလာပါတယ်။
“ကျောင်းသားတပ်မတော် အနေဖြင့် မွန်၊ ရှမ်း၊ ကချင်၊ ကရင်နီ၊ ၀ စသဖြင့် မိမိတို့နဲ့ ထိစပ်နေသည့် အဖွဲ့များအား နယ်မြေအလိုက် စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရေး၊ တဖက်နဲ့ တဖက် အပြန်အလှန် ပံ့ပိုးနိုင်ရေးကိုလည်း တင်ပြထားကြောင်းနှင့် ဗိုလ်မှူးချုပ် စောလားဘွယ် တရားဝင်ပြောဆိုခဲ့သော အချက် (၂) ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်း၊ စောဘဦးကြီးမူ (၄) ချက်ကို အပြည့်အ၀ ထောက်ခံသလို ပူးပေါင်းဆောင်ရွက် အသင့်ဖြစ်ကြောင်း ပြင်ဆင်မှုများလည်း လက်တွေ့လုပ်ပြီးဖြစ်ကြောင်း....” ရေးထားသားပါတယ်။ ထို မကဒတရဲ့ အမြင် တင်ပြချက် စာကို ဖတ်ရှုမယ်ဆိုရင် Link အတိုင်း နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ တိုက်ရိုက်လင့်ကတော့ http://www.scribd.com/doc/42154312/Letter-to-Former-Comrades-Abroad
နေ့လည်(၂ နာရီ ၄၀ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်ပြီး သံတမန်များနဲ့ တွေ့ဆုံနေကြောင်း သိရှိရသည်။
နေ့လည်(၂ နာရီ ၃၀ မိနစ်) ယမန်နေ့က နအဖ စစ်တပ် ခလ၇ ၃၆၁ မှ စစ်ကားတဦးကို ရှမ်းပြည်လွှတ်မြောက်ရေး တပ်မတော်က ချုံခိုက်တိုက်ခိုက်ရာ စစ်သားအားလုံး ကျဆုံးသွားကြောင်းသိရှိရသည်။ ခလ၇ ၃၆၁ မှ တပ်ရင်းမှူး ဗိုလ်မှူး အပါအ၀င် တပ်ကြပ်တဦးကိုလည်း အသေဖမ်းဆီးရမိပါသည်။ ဂျီသရီးရိုင်ဖယ်တလက်၊ ကာဘိုင်တလက်နဲ့ ၉ မမ ပစ္စတို တလက်အပြင် ကြေးနန်းဆက်သွယ်ရေးတခုကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တပ်မတော်က အကျအဆုံးမရှိကြောင်းလည်း သိရသည်။ (ကိုးကား - Tai Freedom)
နေ့လည်(၁ နာရီ ၁၄ မိနစ်) ယနေ့နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား လွတ်ပေးရန် လက်မှတ်ရေးထိုးခိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မကြာခင် ရုံးတက်မည်ဖြစ်ကြောင်း... (လောလောဆယ်တော့ ဒေါ်စုကို လွတ်ပေးမှု မရှိသေးကြောင်းကို ဦးဝင်းတင်မှ ပြောဆိုသည်။) ညနေလေးနာရီတွင် ဒေါ်စုအား လွှတ်ပေးမည်ဟု ထိုင်းတီဗွီတခုမှ သတင်းကြေညာသွားသည်။
နံနက်(၁၁ နာရီ ၂၅မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တဖက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထိခိုက်ဒါဏ်ရသော ရွာသူရွာသားများကို ဆေးရုံပို့ဆောင်ထားရကြောင်း ထိုင်းသတင်းဌာန ၉ လိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။ လတ်တလော တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါတယ်။ နအဖ စစ်တပ်မှ ဝေါလေဘက်ရှိ ထောင်ထားတဲ့ မိုင်းတွင်းကို ရှင်းပေးဖို့ ဒီကေဘီအေမှ ဗိုလ်စောလားဘွယ်ကို တောင်းဆိုထားကြောင်း သိရှိရသည်။
နံနက်(၉ နာရီ ၄၅မိနစ်) ယခုအချိန်အထိ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ် စကခ ၈ တပ်မက တပ်ရင်း ခမရ ၄၅၀ စစ်ကူနဲ့ ဒီကေဘီအေတို့ ရွာသစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ကြို့ကြို့ကြားကြား ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရှိရသည်။ လောလောဆယ် ဒီကေဘီအေက မယ်ကစ ဘက်မှာ အခြေချထားကြောင်း သိရှိရသည်။
နံနက်(၈ နာရီ ၂၅ မိနစ်) နအဖ စစ်တပ်များကို တိုက်စစ်ဆင်ဖို့ အင်းအားကြီး လက်နက်ကိုင် ၆ ဖွဲ့မှ တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ လွတ်လပ်တဲ့ ကချင်တပ်မတော်(KIA)၊ ကရင်နီတပ် (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းတပ်မတော်-မြောက်ပိုင်း (SSA-N) တို့မှ နအဖ စစ်အစိုးရအား တိုက်စစ်ဆင်ဖို့ အင်သား သုံးသောင်းကျော်ဖြင့် ထိုးစစ်ဆင်တိုက်ပွဲဝင်မည်။ (ကိုးကား - AFP)
နံနက်(၇ နာရီ ၅၀ မိနစ်) ယမန်နေ့ညနေ ၅ နာရီလောက်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် တပ်မဟာ၁ အဖွဲ့နဲ့ နအဖ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၂၄ တို့ တဖက်နဲ့ တိုက်ပွဲများပွားခဲ့ပါတယ်။ တိုက်ပွဲက ကြို့ကြားကြို့ကြား ဖြစ်တာမဟုတ်ပဲ တဖက်နဲ့တဖက် အင်အား ၇၀၊ ၈၀ လောက်နဲ့ အပြင်းအထန်နေတုန်းလို့ ဆိုပါတယ်။ SSA မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အင်အား ၃၀၀၀ ကျော်ခန့်ရှိတယ်လို့ သိရှိရသည်။(ကိုးကား - ဗွီအိုအေ)
နံနက်(၇ နာရီ ၄၀ မိနစ်) ဘုရားသုံးဆူဒေသတွင် တိုက်ပွဲဖြစ် ကြို့ကြားကြို့ကြား ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေမှ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့တံဆိပ်များ ဖြုတ်ပြီး ဒီကေဘီအေ အသွင်ပြန်ပြောင်းလဲခဲ့ကြောင်း သိရှိရသည်။
Posted by
ဆုံဆည်းရာ
at
8:01 AM
2
comments
Labels: သတင်း
Thursday, November 11, 2010
ယနေ့တိုက်ပွဲသတင်းများ (၁၁ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ ၁၁ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်.....ညနေ ၈ နာရီ ၁ မိနစ်
-----------------------------------------------------------------------
ညနေ(၇ နာရီ ၅၀ မိနစ်) ရှမ်းပြည်နယ်တွင် တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီ...။ (ကိုးကား - shanland.org)
Shan State Army (SSA) North’s Battalion 24 stationed at Kunkieng- Wan Lwe, 3 miles west of Wan Hsaw, a village between Wanhai, the main base of the SSA North, and Monghsu, was attacked by a unit from Light Infantry Division 33, at 17:00 local time, according to SSA sources.
“At first, the 33rd was encircling us,” said an SSA officer, “but now reinforcements from Wanhai are encircling the 33rd. “The fighting is still raging at the time of this reporting,” he added.
19:00.
ညနေ(၄ နာရီ ၁ မိနစ်) ရှမ်းပြည်အတွင်းရှိ နအဖ တပ်ရင်းများ ကရင်နီပြည်တွင်းသို့ စစ်ဆင်ရေး စတင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်တပ်မှ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇တို့ ဖြစ်ကြပြီး လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေရှင်းလင်းရေး စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။ (ကိုးကား - ကန္တာရ၀တီတိုင်း(မ်))
နေ့လည်(၁ နာရီ ၁၀ မိနစ်) နေပြည်တော်ကို ကယန်းပြည်သစ်မှ လူငယ်များ ဗုံးဖောက်မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် နေပြည်တော်နဲ့ နယ်မြေချင်းနီးသည် ကယန်းပြည်သစ် နယ်မြေကို နအဖစစ်တပ်မှ စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။
နေ့လည်(၁၂ နာရီ ၁၀ မိနစ်) လတ်တလော ရောက်ရှိလာတဲ့ သတင်းများအရ မဲသဝေါလမ်းတွင် နအဖ စစ်တပ်များနဲ့ ကေအန်ယူ စစ်တပ်များ တိုက်ပွဲများ ဖြစ်နေကြောင်း သိရှိရသည်။
နေ့လည်(၁၂ နာရီ ၅ မိနစ်) ယမန်နေ့က ဖာမွန်မြို့နယ် အနောက်မြောက်ဖက် မဲ့သရွတ်တွင် စခန်းထိုင်ထားသော နအဖ အခြေစိုက်စခန်းတခုဖြစ်တဲ့ ခမရ ၃၄၀ ကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ ထို့အပြင် ဘီလင်းမြို့အတွင်းမှာရှိတဲ့ ကျွန်းပင်ဝင်း၊ ၀င်းမောင်း မှာရှိတဲ့ နအဖ စစ်တပ်နဲ့ (BDF) နယ်ခြားစောင့်တပ် စခန်းတွေကို ကေအန်ယူ (ကေအန်အယ်အေ) အထူးတပ်ရင်း ၁၀၂ မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နံနက်(၁၀ နာရီ ၂၁ မိနစ်) ဒီကေဘီအေ ဗိုလ်မှူး စောလားဘွယ်မှ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ့တပ်မတော်သားများကို ယခုလို ပန်ကြားလိုက်ကြောင်း သိရှိရသည်။
မတရားမှုတွေကြောင့် တရားသောစစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာ လူမျိုးအများစုအပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန် ဆောင်ရွက်မှ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရားကိုမြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့ နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြည်တွင်းက အနိုင်ကျင့်ခံ အညာခံရတဲ့ ဒီမိုကရေစီမြတ်နိုးသူ အင်အားစုအားလုံးလည်း လက်တွဲပါဝင် ပူးပေါင်းပြီး လက်တဆုတ်စာ နအဖ စစ်မိစ္ဆာ အာဏာရှင်တစုကို ပြည်ထောင်စုစိတ်အစစ်နဲ့ တော်လှန်ကြပါ။
နံနက်(၈ နာရီ ၃၈ မိနစ်) သျှမ်းပြည်တပ်မတော်မှ ဒီကေဘီအေအား ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကြေညာချက်တစောင် ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ထိုကြေညာချက်ကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ။
နံနက်(၈ နာရီ ၁၈ မိနစ်) နအဖ ဘက်က ၉ ရက်နေ့ ဘုရားသုံးဆူ၊ မြ၀တီမြို့တွေမှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ်တို့ရဲ့ တိုက်ပွဲကိစ္စတွေနဲ့ ပက်သတ်ပြီး အပြန်အလှန် သတင်းတင်ပို့တဲ့ ကြေးနန်း စာတစောင် ယနေ့လည်း ထပ်မံ ထွက်ရှိလာပါတယ်။ မနေ့တုန်းကလည်း ၈ ရက်နေ့က တိုက်ပွဲအခြေအနေ ကြေးနန်းစာတစောင်လည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ ယခုကြေးနန်းစားစာက နအဖ စစ်တပ် ကြေးနန်းရေးသားပုံ ရေးသားနည်း မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ တကယ့်ကြေးနန်းလား ဟုတ်မဟုတ် မသေချာပါဘူး။ ကိုယ်ပိုင် သုံးသပ်ချင့်ချိန်နိုင်ပါတယ်။ ကြေးနန်းစာကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ။
နံနက်(၈ နာရီ ၂ မိနစ်) ဘုရားသုံးဆူဖြစ်ပွားနေသော တိုက်ပွဲ သတင်းတကို ထိုင်းတီဗွီ ၃ မှ ယမန်နေ့ည ၁၀ နာရီက ထုတ်လွှင့်သွားတဲ့ ဗွီဒီယို သတင်းပါ....
နံနက်(၈ နာရီ ၀ မိနစ်) မြ၀တီနဲ့ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲဖြစ်ပွားမှုများကို TVThai သတင်းဌာနမှ ယမန်နေ့ည ၁၀ နာရီတွင် ထုတ်လွှင့်သွားတာပါ။
နံနက်(၇ နာရီ ၃၀ မိနစ်)ဘုရားသုံးဆူ မြ၀တီအခြေအနေ သတင်းဆောင်းပါး... The Nation က မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ တင်ထားသည်ကို ဘာသာပြန်ဖော်ပြသည်။
ကန်ချနဘူရီနှင့် မျက်နှာချင်းဆိုင်မှာ တိုက်ပွဲများ သဲကြီးမဲကြီး ဖြစ်နေသည့်အလျာက် ဘုရားသုံးဆူတောင်ကြားရှိ အရေးအခင်းမှာလည်း ဆက်လက်ဖြစ်ပွားနေသည်။ မြ၀တီမြို့တိုက်ပွဲမှာ လူအများအပြားသေခဲ့သော်လည်း ယခုအခါ အဆိုပါ နယ်စပ်မြို့မှာ ပုံမှန်အခြေအနေ ပြန်ရောက်ပြီဖြစ်သည်။
မြ၀တီမြို့မှာ အေးဆေးငြိမ်သက်နေပြီဖြစ်သည့်အတွက် တနင်္လာနေ့က မဲဆောက်သို့ ထွက်ပြေးလာသည့် ထောင်ပေါင်းများစွာသော (မြန်မာ) ဒုက္ခသည်များအား ထိုင်းအရာရှိများက မြ၀တီသို့ပြန်ပို့ပေးနေပြီ ဖြစ်သည်။
ဘုရားသုံးဆူ အခြေအနေ
သို့သော် (ထိုင်းနိုင်ငံ) တောင်ဘက်ခြမ်း ဘုရားသုံးဆူမြို့မှာ တိုက်ပွဲများဆက်ဖြစ်နေခြင်းကြောင့် ဆက်လက်တင်းမာနေပြီး ထိုင်းဘက်သို့ အများအပြား ထွက်ပြေးလာနေကြသည်။ ကန်ချနဘူရီအနောက်ဘက် ဘုရားသုံးဆူ ထိုင်းဘက်ခြမ်းမှာ အာပီဂျီ ဒုံးကျည်လက်နက်ကြီး ကျည်ဆံအချို့ ကျရောက်ခဲ့ခြင်းကြောင့် အဆိုပါဒေသကို စစ်မြေပြင်အဖြစ် ထိုင်းဒေသခံအာဏာပိုင်များက ကြေငြာထားသည်။ သို့သော် ထိုင်းလူမျိုးများ ထိခိုက်ဒဏ်ရာရသည့်သတင်းမရှိပေ။
လက်နက်ကိုင် မွန်နှင့်ကရင် ပူးပေါင်းအင်အား ၃၀၀ခန့်က ဘုရားသုံးဆူမြို့အား တနင်္လာနေ့က တိုက်ခိုက်ခဲ့ပြီးနောက် ဘုရားသုံးဆူမြို့ကို ပြန်ရဘို့အတွက် ဒုတိယနေ့မှာ မြန်မာစစ်သား ရာပေါင်းများစွာနှင့် ထပ်မံအားဖြည့်ခဲ့ရသည်။ နေ့ခင်းဘက်တွင် သေနတ်သံများ လက်ပစ်ဗုံးသံများ ဒုံးကျည်ပစ်သံများ မကြာခဏကြားနေသည်။ သတင်းရပ်ကွက်များ၏ ပြောဆိုချက်အရ ဘုရားသုံးဆူမြို့အား ပြန်ထိန်းချုပ်နိုင်ရန် မြန်မာစစ်သားများ၏ အားထုတ်မှုမှာ တိုင်းရင်းသားအုပ်စုများ၏ ပြင်းထန်စွာ ခုခံမှုကြောင့် အခက်အခဲ ဖြစ်နေသည်။
တိုက်ခိုက်နေသည့် ကရင်များမှာ ယခင်က ပြိုင်ဘက်များဖြစ်သည့် ကေအန်ယူနှင့် ဒီကေဘီအေတပ် ပူးပေါင်းအင်အားဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။
မနက်ပိုင်းတွင် အခြေအနေ ငြိမ်သက်နေသော်လည်း နေ့ခင်းဘက်တွင် ဘုရားသုံးဆူမြို့မှာ ထပ်မံဖြစ်ပွားသည့်တိုက်ပွဲကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြောင်း ဆန်ခလဘူရီခရိုင်အကြီးအကဲ ချန်မရာ့ ကန်းနွိုင်က ပြောသည်။
တိုက်ပွဲများ ထိုင်းဘက်သို့ ကျွံမလာစေရန် မြန်မာစစ်တပ် တာဝန်ရှိသူကို ဆက်သွယ်ပြောကြားထားကြောင်း ထိုင်းခြေမြန်တပ်မ ၉ တပ်မှူးကြီး ဗိုလ်ချုပ်ထ၀မ် ရွမ်သီရိက ပြောသည်။ တိုက်ပွဲများ ထိုင်းဘက် ကျွံမလာစေရန် သတိထားမည့်အကြောင်း မြန်မာဘက်မှ သဘောတူသော်လည်း အခြေအနေ ပုံမှန်ဖြစ်သည်ထိ မြန်မာဒုက္ခသည်များကို စောင့်ရှောက်ထားရန် မေတ္တာရပ်ခံခဲ့ကြောင်း ၄င်းတပ်မှူးကြီးက ပြောသည်။ ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်များကို ယာယီဒုက္ခသည်စခန်းတွင် နေရာချထားပေးသော်လည်း ကန်ချနဘူရီမြို့သို့ သွားခွင့်မပြုဟု အဆိုပါ တပ်မှူးကြီးက ဆက်ပြောသည်။
လွန်ခဲ့သည့် ၂၆နှစ်ကာလအတွင်း တိုက်ပွဲကြောင့် ဇာတိမြေက ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် တသိန်းခွဲကို ထိုင်းက နေရာချထားပြီးဖြစ်သည်။ မြန်မာနိုင်ငံမှ တရားမ၀င် အလုပ်သမားပေါင်းကလည်း ထိုင်းနိုင်ငံတွင် ၂ သန်းခန့်ရှိသည်။
မြ၀တီအခြေအနေ
မြ၀တီကို လက်နက်ကိုင်တိုင်းရင်းသားများလက်မှာ မြန်မာစစ်သားများ ပြန်ရယူပြီးနောက် မဲဆောက်မြို့မှာလည်း ထိုင်းအမှတ် ၃ စစ်တိုင်းဒေသ တပ်မတော်[3]နှင့် ဒေသခံ ထိုင်းအာဏာပိုင်များက ထောင်ပေါင်းများစွာရှိသည့် မြန်မာဒုက္ခသည်များကို မနေ့က မြ၀တီဘက်သို့ ပြန်ပို့ပေးခဲ့သည်။ အဆိုပါ လက်နက်ကိုင် တိုင်းရင်းသားများက မြန်မာနိုင်ငံ၏ မမျှတသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေနှင့် မြ၀တီမြို့၏ အချက်အချာနေရာများကို တနင်္ဂနွေနေ့က သိမ်းယူခဲ့ခြင်းဖြစ်သည်။
မြ၀တီအခြေအနေ ပုံမှန်ဖြစ်သွားပြီဟု ထိုင်းအာဏာပိုင်များက မြန်မာဒုက္ခသည်များအား အကြောင်းကြားပြီးနောက် ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည် ၂သောင်းအနက် ၇၀ ရာနှုန်းက မြ၀တီပြန်ရန် ယမန်နေ့က သဘောတူခဲ့သည်။
သောင်ရင်းမြစ်ကို လှေနှင့်မဖြတ်ခင် ဒုက္ခသည် အတော်များများ မဲဆောက်ရှိ ထိုင်းနယ်ခြားရဲစခန်းမှ သောင်ရင်းမြစ်ကမ်းဘက်သို့ ဆင်းသွားသည်ကို မြင်နေရသည်။ သူတို့ဆွေမျိုးအများအပြားကလည်း တဘက်ကမ်းမှ ကြိုနေသည်ကို မြင်နေရသည်။
သို့သော် မြ၀တီဘက် ပြန်ရမှာ စိတ်မချသေးသည့်အတွက် ထောင်ပေါင်းများစွာသော မြန်မာဒုက္ခသည်များ (မဲဆောက်) ယာယီဒုက္ခသည်စခန်းတွင် ကျန်နေသေးသည်။ မြန်မာဘက်မှ ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များအတွက် နောက်ထပ် ဒုက္ခသည်စခန်းသစ် ဖွင့်ပေးတော့မှာ မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ခစ်တီ ဇဂ္ဂဘထ္တရ က ပြောသည်။
" ကျန်တော်တို့အနေနဲ့ အချိန်တိုကာလအတွင်းသာ လူလူချင်း စာနာတဲ့ အကူအညီမျိုး ပေးရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ပေါ်လစီချမှတ်ထားပီး အခြေအနေပုံမှန်ဖြစ်တာနဲ့ ချက်ချင်း (ဒုက္ခသည်တွေကို) ပြန်ပို့မှာဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး ဆွန်ခစ်တီက ပြောသည်။ ထို့ပြင် ထိုင်းနိုင်ငံအနေနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်သလို မည်သည့် လက်နက်ကိုင်အဖွဲ့မျိုးကိုမှ ထိုင်းနယ်မြေတွင်း ခိုလှုံခွင့်ပေးမှာ မဟုတ်ကြောင်းကိုပါ ဗိုလ်ချုပ်ကြီး ဆွန်ခစ်တီက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အနှစ် ၂၀အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲများ တနင်္ဂနွေနေ့က ကျင်းပနေစဉ် မြ၀တီမြို့ အစိုးရအဆောက်အဦ အတော်များများကို ဒီကေဘီအေတပ်များ က သိမ်းပိုက်ခဲ့သည်။ သို့သော် ကျည်ဆန်ကုန်သွားသည့်အချိန်တွင် အဆိုပါ ကရင်တိုက်ခိုက်သူများမှာ တောင်ပိုင်းသို့ ပြန်လည် ဆုတ်ခွာသွားသည်ဟု သတင်းရပ်ကွက်များက ပြောသည်။
မြ၀တီတိုက်ပွဲကြောင့် နှစ်ဘက်လုံးမှာ အကျအဆုံးများစွာရှိပြီး အရပ်သားအပါအ၀င် ဒါဇင်များစွာ ဒဏ်ရာရခဲ့သည်။ သို့သော် အကျအဆုံး ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည်ဆိုသည့် စာရင်းအတိအကျကို အတည်ပြုနိုင်ခြင်း မရှိပေ။ လက်နက်ကိုင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် စီးပွားရေးလုပ်ငန်း အကျိုးစီးပွားများကို ခြိမ်းခြောက်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးမှာ လူနည်းစုအဖွဲ့များ ပါဝင်ရမည်ဆိုသည့် မြန်မာစစ်တပ်၏ တောင်းဆိုချက်ကို ဆန့်ကျင်သည့်အနေဖြင့် ယခင်က စစ်အစိုးရကို ထောက်ခံခဲ့သည့် ဒီကေဘီအေတပ်ဖွဲ့က မြ၀တီကို တိုက်ခိုက်ဘို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (ဘာသာပြန် - ဒေါ်ဘုတ်ဆုံ)
Posted by
ဆုံဆည်းရာ
at
8:18 AM
4
comments
Wednesday, November 10, 2010
ယနေ့တိုက်ပွဲများ (၁၀ ရက် နိုဝင်ဘာလ ၂၀၁၀)
ဆုံဆည်းရာ ၁၀ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်..... ၃ နာရီ ၁၀ မိနစ်
-----------------------------------------------------------------------
(၃ နာရီ ၁၀ မိနစ်) ဘားအံခရိုင် ဘားအံမြို့အနီး မြင်စိုင်းတောင်ကုန်းပေါ်ရှိ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ လက်ကျန် အဖွဲ့များ စခန်းထိုင်ရာ ငကျိဘုရားကုန်းစခန်းကို ကေအန်ယူ တပ်မဟာ (၁) မှ ယမန်နေ့ ညက တက်ရောက် သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
ဒီကေဘီအေ အကုန်လုံးက နအဖ ကို ပုန်ကန်ပြီး တိုက်ပွဲ ဖြစ်တာ မဟုတ်ပါဘူး။ ဗိုလ်စောလားဘွယ်ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့နဲ့ ဘုရားသုံးဆူက တပ်ဖွဲ့များသာ နအဖနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။ နအဖ စစ်တပ်နဲ့ တွဲဖက်ပြီး စခန်းထိုင်ထားတဲ့ ဒီကေဘီအေ အချို့ ကျန်ပါသေးတယ်ဟု ဒီကေဘီအေ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးမှ ပြောဆိုသည်။
(၂ နာရီ ၂၀ မိနစ်) မြ၀တီမြို့တွင် ဖြစ်ပွားသော ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲများကို ကေအန်ယူ များက ပြုလုပ်သည်ဟု နအဖ စစ်အစိုးရ စွပ်စွဲသည့် မြန်မာ့အသံ ရုပ်မြင်သံကြားသတင်းပါ..... မြန်မာ့အသံ လိမ်နေသည်... မြ၀တီရုပ်သံ ညာနေသည်။
(၁ နာရီ ၄၅ မိနစ်) ဗိုလ်ချစ်သူနဲ့ နအဖ တပ်တွေက နယ်ခြားစောင့် လက်ခံထားသော DKBA တပ်ကို လက်နက်များပြန်လည် သိမ်းဆည်းပြီး အရပ်ဝတ်ဖြင့်နေရန် ပြုလုပ်နေ။ မြ၀တီ တံတားထိပ်တွင် နအဖမှ CCTV ကင်မရာများ လိုက်လံထပ်ဆင်နေ။ မြ၀တီမြို့အခြေအနေမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာဖွယ်ရှိသည့်အတွက် ပြည်သူများ ထိုင်းနိုင်ငံဘက်ကမ်း သို့ ပြန်လည်ဝင်ရောက်မှုရှိနေကြောင်း သိရှိရသည်။
(၁၁ နာရီ ၃၂ မိနစ်) လက်ရှိ နအဖ ဘက် ၈ ရက်နေ့ တိုက်ပွဲကိစ္စတွေနဲ့ ပက်သတ်ပြီး အပြန်အလှန် သတင်းတင်ပို့တဲ့ လ၀ ကြေးနန်း စာတစောင် ထွက်ရှိလာပါတယ်။ ဟုတ်မဟုတ် မသေချာပေမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ စာတစောင်ဖြစ်ပါတယ်။ ကိုယ်ပိုင် သုံးသပ်ချင့်ချိန်နိုင်ပါတယ်။ လ၀ ကြေးနန်း စာတစောင်ကို ယခုလင့် နှိပ်ပါ အတိုင်း သွားရောက် ဖတ်ရှုနိုင်ပါတယ်။
(၁၀ နာရီ ၃၅ မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တွင် မြန်မာပြည်ဘက်ခြမ်း ကျေးရွာတွေမှာ နေထိုင်တဲ့ ရွာသူရွာသား ၅၀၀ ကျော် စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိနေပါတယ်။ မနေ့က ဝေါလေ ဒေသကို ထိုးစစ်ဆင်ခဲ့တာတွေနဲ့ ယနေ့ ဒီကေဘီအေ အခြေစိုက်ရွာတွေ နအဖ စစ်တပ်က ၂၄ နာရီအတွင်း ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးလာခဲ့ကြတာပါ။ ထို စစ်ပြေးဒုက္ခသည် ၅၀၀ ကျော်ကို လောလောဆယ် IRC နဲ့ အခြား လူမှုရေးအဖွဲ့တွေက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါသေးတယ်။ နောက်ထပ်ပြီးလည်း စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာမယ်လို့ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ ရွာသားတဦးကဆိုပါတယ်။
(၁၀ နာရီ ၅ မိနစ်) ဘုရားသုံးဆူဒေသမှာ ဒီကေဘီအေ အင်အား ၂၀၀ ခန့် နအဖ အခြေစိုက်စခန်း ခလရ ၂၈၃ ကို ၀ိုင်းထားကြောင်း သိရှိရသည်။ ဒီကေဘီအေနဲ့ နအဖ တပ်များ တဖက်နဲ့တဖက် ယခုအချိန်အထိ ကြို့ကြား ကြို့ကြား ပစ်ခတ်မှုများ ရှိနေပါတယ်။ ဘုရားသုံးဆူဒေသခံ ပြည်သူလူထုတွေကတော့ စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်းဘက်ကမ်းကိုနဲ့ ဂျပန်ရေတွင်း ဘက်ကို ၀င်ရောက်နေတယ်လို့ သိရှိရပါတယ်။ ဘုရားသုံးဆူဒေသ တဘက်ရှိ ထိုင်းဘက်ကမ်းမှာတော့ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ (တစ်သောင်း) ကျော်သွားပြီလို့ ထိုင်း သတင်းဌာနတွေက ကြေညာထားတာတွေ့ရပါတယ်။
(၉ နာရီ ၅၁ မိနစ်) မြ၀တီမြို့မှာ ယခုပဲ လက်နက်ငယ်သံတွေ ပြန်ကြားရတယ်လို့ သတင်းပို့လာပါတယ်။
(၉ နာရီ ၃၈ မိနစ်) ထိုင်း-မြန်မာ နယ်စပ် ဒီကေဘီအေနဲ့ နအဖ စစ်တပ်များဖြစ်ပွားနေသည့် တိုက်ပွဲများ မြ၀တီကနေ ဆုတ်ခွာသွားပါတယ်။ သို့ပေမယ့် မနေ့က ညနေပိုင်းအထိ နအဖ တပ်တွေ ဒီကေဘီအေ ဗိုလ်စောလားဘွယ် နေထိုင်သည် ဝေါလေ ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ လတ်တလော သတင်းများအရ နအဖ စစ်တပ်များမှ ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ် တဖက်ကမ်းရှိ ဒီကေဘီအေ အခြေစိုက် သီပေါဘိုး၊ ကနဲလေး ဒေသတွေကို နအဖ စစ်တပ်က ၂၄ အတွင်း ၀င်တိုက်မယ်လို့ ဗျူဟာကနေ့ အမိန့်ချလိုက်သည်။
(၈ နာရီ ၃၈ မိနစ်) ထိုင်း စစ်တပ်မှ တပ်မမှူး သည် ဒုက္ခသည်များအား " ဗမာပြည်ဘက်တွင် တိုက်ပွဲများ ရပ်သွားပြီ။ အေးအေးဆေးဆေးဖြစ်သွားပြီ။ ကျနော်တို့လည်း သူတို့နဲ့ ညှိနှိုင်းနေပါတယ်။ အေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်ကျရင် တံတားကနေ ပြန်ပို့ပေးမယ်။ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ့်ပစ္စည်းတွေကို ပြန်ကြည့်လို့ရတာပေါ့။ တံတားကနေ ပြန်ပို့ဖို့ ထိုင်း မြန်မာ လူကြီးတွေနဲ့ ညှိနေပါတယ်" ဟု ပြောကြားခဲ့သည်၊
" ဒီကေဘီအေ တွေ မြ၀တီမှာ မရှိတော့ဘူး။ သူ့နေရာသူ ပြန်ဆုတ်သွားပြီ။ ' ဟု ပြောကြားခဲ့သည်၊
ထိုင်းစစ်တပ်နှင့် အာဏာပိုင်များမှ အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း ဒုက္ခသည်များမှာ ယနေ့ မနက်အထိ ထပ်ရောက်နေဆဲဖြစ်သည်၊ ယနေ့ ထပ်မံ ရောက်ရှိလာသော ဒုက္ခသည်များတွင် ဘုန်းကြီးများ။ ကိုရင်များ ပါလာသည်၊ ဒုက္ခသည်များမှ သူတို့အနေဖြင့် မပြန်ရဲသေးကြောင်း ထိုင်းအာဏာပိုင်တဦးမှ ပြောကြားကြသည်၊
တခြားအခြေအနေများမှာ-
ဒုက္ခသည်ဝင်းထဲသို့ ရောက်ရှိနေသော နယ်စပ်မှာရှိတဲ့ စက်ရုံအလုပ်သမားများကို အလုပ်ပြန်ဆင်းရန် အလုပ်ရှင်(စက်ရုံပိုင်ရှင်)များ
Posted by
ကိုဈာန်
at
10:07 AM
4
comments
Labels: သတင်း
Tuesday, November 9, 2010
တိုက်ပွဲအခြေအနေများ
ဆုံဆည်းရာ ၉ ရက် နိုဝင်ဘာလ ၂၀၁၀
ဆုံဆည်းရာဘလော့ဘ်ကို ပြည်တွင်းမှ ကြည့်မယ်ဆို ယခုလင့် http://proxynaungnaung.appspot.com/soneseayar.blogspot.com/ အတိုင်း ကြည့်ကြဖို့ လက်ဆင့်ကမ်း ဖြန့်ဝေပေးပါခင်ဗျား
မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)
အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...
ညနေ(၄ နာရီ ) မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။
နေ့လည်(၃ နာရီ ၄၅ မိနစ်) ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)
နေ့လည်(၃ နာရီ ၄၁ မိနစ်) ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။
နေ့လည်(၃ နာရီ ၃၆) ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။
နေ့လည်(၂ နာရီ ) နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နေ့လည်(၁ နာရီ ၅၀ မိနစ် ) မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။
နေ့လည်(၁ နာရီ ၄၅ မိနစ် ) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။
နေ့လည်(၁ နာရီ ၁၅ မိနစ် ) မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။
နံနက်(၁ နာရီ ၉ မိနစ် ) ဘုရားသုံးဆူတိုက်ပွဲ အခြေအနေကို ထိုင်း တီဗွီ က ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရိ ပြသသွားတာပါ။
နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။
နံနက်(၁၂ နာရီ ၃၀ မိနစ် ) အတည်ပြုဖို့ ခက်ခဲ့တဲ့ သတင်းတွေ ရနေလို့ ခဏလေးစောင့်ပေးပါ။ ဖုန်းဆက်သွယ်နေပါသည်။
နံနက်(၁၁ နာရီ ၄၄ မိနစ် ) မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။
နံနက်(၁၁ နာရီ ၃၃ မိနစ် ) လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။
နံနက်(၁၁ နာရီ ) မြ၀တီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ (ဓါတ်ပုံ - REUTERS)


နံနက်(၁၀ နာရီ ၅၀ မိနစ်) ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC
နံနက်(၁၀ နာရီ ၃၀ မိနစ်) ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။
နံနက်(၁၀ နာရီ ၂၀ မိနစ်) ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။
နံနက်(၁၀ နာရီ ၃ မိနစ်) ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
နံနက်(၉ နာရီ ၄၇ မိနစ်) မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)
နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။
နံနက်(၉ နာရီ ) ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
နံနက်(၈ နာရီ ၃၀ မိနစ်) မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။
နံနက်(၈ နာရီ ၂၂ မိနစ်) ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)
နံနက်(၈ နာရီ ၁၀ မိနစ်) ယနေ့နံနက်ပိုင်းတွင် မြ၀တီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။
နံနက်(၈ နာရီ ၄ မိနစ်) မြ၀တီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြ၀တီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၄၀ မိနစ်) ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁၀ ဦးတက်မနည်းရြှိ့ပီး... ဒဏ်ရာရသူ ၃၀ နီးပါးခန့်ရှိကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၃၀ မိနစ် ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁၀ ဦးထက်မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။
Posted by
ကိုဈာန်
at
7:33 AM
1 comments
Labels: သတင်း
Monday, November 8, 2010
မြ၀တီတွင် ပစ်ခတ်မှုများ ဖြစ်ပွား (Breaking News)
ဆုံဆည်းရာ ၈ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်.....ည ၁၁ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ည (၁၂ နာရီ ) ယနေ့ ၈ ရက် နိုဝင်ဘာ ၂၀၁၀ ခုနှစ် မြန်မာစံတော်ချိန် ည ၁၂ နာရီတွင် ဘလော့ဘ်နားမည်။ မနက်ဖြန် ၉ ရက် နိုဝင်ဘာ ၂၀၁၀ ခုနှစ် မနက် မြန်မာစံတော်ချိန် ၇ နာရီပြန်ဖွင့်မည်။
ည (၁၁ နာရီ ၅၅ မိနစ်) ညနေပိုင်းက မြ၀တီမြို့တွင် ဒီကေဘီအေနှင့် နအဖ တိုက်ပွဲများကြောင့် မီးလောင်နေသည့် မြင်ကွင်း.... (ဓါတ်ပုံ - REUTERS)
ည (၁၁ နာရီ ၃၀ မိနစ်) မြ၀တီမြို့အခြေအနေကို တီဗွီထိုင်း (TV Thai channel)လိုင်းက ထိုင်းစံတော်ချိန် ၁၁ နာရီမှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ထားတာပါ။ ထိုင်းဘက်ကမ်းရှိ စစ်ပြေးဒုက္ခသည် ၂၀၀၀၀ (နှစ်သောင်း)ကျော် နေထိုင်ရမှုတွေကိုလည်း ဗွီဒီယိုရိုက်ပြီး တင်ပြပေးထားပါတယ်။ စစ်ပြေးဒုက္ခသည်အတွက် နေရေးထိုင်ရေး စားရေးသောက်ရေး အခက်အခဲရှိတယ်လို့လည်း ပြောဆိုသွားပါတယ်။
ည (၁၁ နာရီ ၁၁ မိနစ်) မြ၀တီမြို့မှာတော့ ပစ်ခတ်မှု နည်းပါးသွားပြီလို့ သိရပါတယ်။ ဖုန်းဆက်သွယ်မှုတချို့ ပြတ်တောက်နေပါတယ်။ ဖုန်းတွေ ဘတ်ထရီကုန်နေကြောင်း သိရှိရသည်။
ည (၁၀ နာရီ ၅ မိနစ်) မဲဆောက်မြို့တွင်ထားရှိသော ဒုက္ခသည်များ
ည (၁၀ နာရီ ၀၀ မိနစ်) ဘုရားသုံးဆူမြို့အတွင်း နေ့ခင်းဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်အတွင်းပိုင်းရှိ ဖလကျေတီ ကျေးရွာကို M 79 လေးလုံး ကျရောက် ပေါက်ကွဲမှုကြောင့် ထိုင်းဈေးသည် တဦး ဒဏ်ရာရှိပြီး စံခဆေးရုံကို တင်ထားရကြောင်သိရသည်။ ဘုရားသုံးဆူမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်များနှင့် ဖလကျေတီ ကျေးရွာမှ နေထိုင်သူများကို ထိုင်း - မြန်မာနယ်စပ်မှ ၁ ကီလိုခန့် ကွာဝေးသည့် ထိုင်း စာသင်ကျောင်းအတွင်း စစ်ပြေးဒုက္ခသည် ၂၀၀၀ လောက်အား နေရာချထား သိရှိရသည်။
(၉ နာရီ ၄၀ မိနစ်) ဒီကေဘီအေမှ နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းသွားခဲ့သည့် ဗိုလ်ချစ်သူအား နအဖက ဖမ်းဆီးထားကြောင်း သိရှိရသည်။ နယ်ခြားစောင့်တပ် အင်အား ၂၀၀ ကျော် ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးနှင့် ပူးပေါင်းသွားသောကြောင့်ဖြစ်သည်။
(၉ နာရီ ၂၀ မိနစ်) ဒီကေဘီအေ ဘက်မှ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ (ငြိမ်းချမ်းရေးကောင်စီ)မှ ကူညီထောက်ပံပေးနေတယ်လို့ သိရှိရသည်။
(၉ နာရီ ၁၅ မိနစ်) မြ၀တီမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ အခုချိန်မှ ညှိလို့ မရတော့ဘူး ဆက်ဖြစ်မှာပဲလို့ပြောတယ်။ ဗိုလ်မှူးအဆင့် ဗိုလ်အဆင့်နဲ့ ညှိလို့ မရတော့ဘူးလို့ ဒီကေဘီအေ ဘက်မှ ပြောဆိုလိုက်သည်။
ည (၈ နာရီ ၅၁ မိနစ်) သံလွင်တံတားနဲ့ ဂျိုင်းတံတား ကျိုးသွားကြောင်း သိရှိရသည်။ မိုင်းခွဲခံရာတာလို့ သိရှိရပါတယ်။
ည (၇ နာရီ ၄၅ မိနစ်) ABSDF မှ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်း ဥက္ကဌ ကိုသံခဲက ပြောဆိုလိုက်သည်။ ၄င်းက ဆက်လက်ပြီး “ABSDF ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်” လို့ ကိုသံခဲက ပြောပါတယ်။
(၇ နာရီ ၃၈ မိနစ်) မဲဆောက်လေယာဉ်ကွင်းရှေ့ စစ်ပြေးဒုက္ခသည်တွေထားတဲ့ ထိုင်းစစ်တပ်ဝန်းထဲကို ဒုက္ခသည် တဖြည်းဖြည်း ၀င်ရောက်နေပါတယ်။ ယခုလက်ရှိ အချိန်အထိ မဲဆောက် - မြ၀တီ ကမ်းနားမှ စစ်ပြေး ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ကားတွေ တဖွဲဖွဲ ၀င်ရောက်နေဆဲပဲဖြစ်တယ်လို့ ရောက်ရှိနေသူတဦးက ပြောပါတယ်။ စစ်ပြေး ဒုက္ခသည်တွေအတွက် အစားအစာနဲ့ နေရာထိုင်ခင်း ခက်ခဲမှုတွေလည်း ရှိနေပါတယ်။
(၇ နာရီ ၂၃ မိနစ်) ထိုင်း-မြန်မာ နယ်စပ် တခုဖြစ်တဲ့ ဘုရားသုံးဆူဘက်မှာ ဒီကေဘီအေ တပ်တွေက နအဖ စစ်တပ်မှ ဒု-ရင်းမှူး ဗိုလ်မှူးနေထူး အား ဖမ်းဆီးရမိထားတယ်လို့ သိရှိရပါတယ်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ရုပ်သံစတေးရှင်နဲ့  စရဖရုံး အကောက်ဂိတ်တွေကို ဒီကေဘီအေဘက်မှ သိမ်းဆည်းထားကြောင်း သိရသည်။
ည (၇ နာရီ ၄ မိနစ်) ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးများ ထပ်ပြီး ကျရောက်လာလျှင် ထိုင်းစစ်တပ်မှ ပြန်လည် ပစ်ခတ်မယ်လို့ ထိုင်းစစ်အရာရှိ တဦးမှ ပြောဆိုလိုက်သည်။
ည (၆ နာရီ ၅၆ မိနစ်) မြ၀တီမြို့မှာ ဖြစ်ပွားနေတဲ့ နအဖနဲ့ ဒီကေဘီအေတို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကို ယနေ့ည အပြတ်တိုက်ဖို့ နအဖ ဗျူဟာမှူးက အမိန့်ပေးလိုက်ပါတယ်။ ထိုင်းဘက်ကမ်း မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေး ဒုက္ခသည် သုံးသောင်းနီးပါးရှိလာပြီလို့ သိရှိရသည်။
ည (၆ နာရီ ၁၇ မိနစ်) မြ၀တီမြို့လက်နက်ကြီးသံများ ယခု ကျနော်ထိုင်နေတဲ့နေရာက နေ တချက် တချက် ကြားနေရပါသေးသည်။
ညနေ (၅ နာရီ ၅၉ မိနစ်) မြ၀တီမြို့လက်နက်ကြီးသံများနည်းနည်း ဆဲသွားပြီလို့သိရှိရပါတယ်။ ဆက်လက်တိုက်ပွဲဖြစ်ဖို့ အားယူနေတယ်လို့ ထင်မြင်ကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။
ညနေ (၅ နာရီ ၃၇ မိနစ်) မြ၀တီမြို့တွင် ဒီကေဘီအေနှင့် နအဖ တပ်များကြား ဖြစ်ပွားနေသောတိုက်ပွဲ ယနေ့ ညဘက်တွင် အရှိန်အဟုန်မြင့်ဖွယ် ရှိပါတယ်။ အချို့သော လူတွေက မြ၀တီမြို့ကနေ မဲဆောက်ဘက်ကို ထွက်ခွာချင်နေပါတယ်။ ဒါပေမယ့် ဂိတ်တွေ ပိတ်လိုက်သောကြောင့် ထွက်ခွာမရ ဖြစ်နေသူတွေလည်း ရှိပါတယ်။
(၅ နာရီ ၂၀ မိနစ်) မြ၀တီမြို့ သုံညဂိတ် ရှေ့တည့်တည့် သစ္စာမဂ္ဂင် ဘုန်းကြီးကျောင်းမှာ လူ ၃၀၀ ၀န်းကျင်ခန့် ပိတ်မိနေတယ်ကြောင်း သိရှိရသည်။
ညနေ (၅ နာရီ ၁၃ မိနစ်) ထိုင်း တီဗွီ ၇ လိုင်းက ထုတ်လွှင့်သွားတဲ့ မဲဆောက် - မြ၀တီ အခြေအနေပါ...။
ညနေ (၅ နာရီ ၈ မိနစ်) ယခုအချိန်အထိ မြ၀တီကမ်းကနေ ထိုင်းဘက်ကမ်းကို ကူးလာနေတဲ့ စစ်ပြေးဒုက္ခသည်တွေက ကူးလာနေတုန်းပါ။ ကူးလာသမျှ စစ်ပြေးဒုက္ခသည်တွေကို မဲဆောက်လေယာဉ်ကွင်းရှေ့က စစ်တပ်ဝန်းထဲမှာ ထားသလို နောက်လာမယ့်သူတွေအတွက် မဲဆောက်လေယာဉ်ကွင်းထဲမှာ ထားမယ်လို့လည်း သိရှိရပါတယ်။ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၀၀၀၀ (တစ်သောင်း) ကျော် ဖြစ်လာပါပြီ။ ရေနဲ့ အစာရေစာ ရှားပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ပြေးဒုက္ခသည်ကို ကူညီသူ အန်ဂျီအိုမှ လူတဦးက ပြောပါတယ်။
ညနေ (၅ နာရီ) မြ၀တီမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ...။ နအဖ ဘက်က စစ်ကူတွေ မော်လမြိုင်က တက်လာတယ်ပြောပါတယ်။ နအဖ က ပြည်တွင်း စစ်ပွဲကို လေယာဉ်ပျံသုံးဖို့ စီစဉ်နေကြောင်းလည်း သိရှိရပါတယ်။ တိုက်ပွဲ ညဘက်မှာ အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ဖို့ရှိကြောင်း သိရှိရပါတယ်။
ညနေ (၄ နာရီ ၃၇မိနစ်) မြ၀တီတွင် ဒီကေဘီအေမှ အဓိက ကျတဲ့ နေရာတွေ သိမ်းယူလိုက်ကြောင်း သိရှိရသည်။ (ကိုးကား..The Nation)
ညနေ (၄ နာရီ ၁၉မိနစ်) မြ၀တီတွင် စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုတော့မယ်။ မြို့ထဲက လူတွေကို အကုန် ထွက်ခိုင်းလိုက်ပြီ။ အခု တိုက်ပွဲက မြ၀တီ မြို့တ၀က်လောက်ဖြစ်နီပါး ဖြစ်ပွားနေတယ်။ ဘယ်သူမှ ထိန်းချုပ်လို့ မရသေးဘူး မော်လမြိုင်က နအဖတပ်တွေ တက်လာတယ်ဟု သိရ။
ညနေ (၄ နာရီ ၄မိနစ်) မဲဆောက်မြို့ လေယာဉ်ကွင်းရှေ့ စစ်တပ်ထဲရှိ စစ်ပြေး ဒုက္ခသည်အရေးကို တပ်ခရိုင်ဝန်၊ ယူအန်၊ အခြား အန်ဂျီအိုများ ဆွေးနွေးလျှက်ရှိကြောင်း သိရှိရသည်။ လောလောဆယ် ထိုစစ်တပ်ဝန်းထဲတွင် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ရှိပြီး၊ အခြား နေရာများတွင်လည်း သုံးထောင်ကျော်ရှိကြောင်း သိရှိရသည်။
ညနေ (၃ နာရီ ၂၇မိနစ်) မြ၀တီတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲအရှိန်ကြောင့် မီးလောင်နေသည်။ ၉၀၇ ဒီကေဘီအေ တပ်ဝန်းကနေ စတင်လောင်ကျွမ်းတာပါ။ မီးခိုးလုံးတွေ တက်လာပါတယ်။ တိုက်ပွဲက တစတစနဲ့ ပိုမိုပြင်းထန်ပြီး အသံတွေ ပိုမိုကျယ်လောင်စွာ ကြားလာရပါတယ်။
ညနေ (၃ နာရီ ၁၂မိနစ်) ဘုရားသုံးဆူတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်မှုကြောင့် ရုပ်သံစတေရှင် ပျက်စီးသွားပြီး စရဖရုံး ပြာကျသွားကြောင်း သိရှိရသည်။ ဒီကေဘီအေ ၂ယောက်ကျဆုံးပြီး နအဖ ဘက်မှ စစ်သား ၂ယောက်ကျသွားသည်။ နအဖ ဘက်မှ သေနတ် ၉ လက်ကို ဒီကေဘီအေမှရရှိ အောင်ပွဲခံခဲ့သည်။ နအဖ စစ်တပ်မှ ဆုတ်ပစ် ထွက်ခွာနေကြောင်း သိရှိရသည်။ ကေအန်ယူမှလည်း ၀န်းရံထားကြောင်း ထပ်မံသိရှိသည်။
နေ့လယ် (၂ နာရီ ၅၉မိနစ်) မဲဆောက် လေယာဉ်ကွင်းအရှေ့က ထိုင်းစစ်တပ်ဝင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေကို နောက်ဆုံး ရိုက်ထားတာပါ။
နေ့လယ် (၂ နာရီ ၅၆မိနစ်) ထိုင်းနိုင်ငံ ASTV က ဒီနေ့ ၁၂ နာရီလောက်က ရိုက်ထားတဲ့ ဗွီဒီယိုကလစ်တွေ တင်ပေးလိုက်ပါတယ်။
နေ့လယ် (၂ နာရီ ၄၆မိနစ်) မြ၀တီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ မဲဆောက် လေယာဉ်ကွင်းရှေ့ ထိုင်းစစ်ထဲတွင်ထားရှိထားပါတယ်။ စစ်ပြေး ဒုက္ခသည် အနည်း ၇၀၀၀ ၀န်းကျင်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်
(၂ နာရီ ၃၉မိနစ်) မြ၀တီမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ လက်နက်ငယ်နှင့် လက်နက်ကြီးများ ပစ်ခတ်နေပါတယ်။ ထိုင်းဘက်ကမ်းကို ရောက်ရှိလာတဲ့ လူနာများ မရှိသေးဘူးလို့ သိရှိရပါတယ်။
နေ့လယ် (၂ နာရီ ၂၆မိနစ်) ဘုရားသုံးဆူတောင်ပိုင်းမြို့အစွန်မှာ ဒီကေဘီအေနှင့် နအဖ တို့ရဲ့ တိုက်ပွဲအရှိန်ကြောင့် မီးတွေ လောင်နေကြောင်း။ ထိုင်းနိုင်ငံဘက်ရှိ ဆန်ခဆေးရုံကို လူနာများ ရောက်လာကြောင်း သိရှိရသည်။ တိုင်ပွဲက ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ လက်နက်ငယ်များအဆက်အပြတ် ပစ်ခတ်နေပြီး လက်နက်ကြီးများလည်း မကြာခဏ ပစ်ခတ်....။
နေ့လယ် (၂ နာရီ ၅မိနစ်) ထိုင်းဘက်မှ မြ၀တီ- မဲဆောက် လမ်းပေါ်မှ ဒုက္ခသည်များ...။
နေ့လယ် (၂ နာရီ ၁မိနစ်) မြ၀တီတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် သုံးဦးထက် မနည်းသေဆုံးကြောင်း အေအက်ပီ သတင်းဌာနက ပြောဆိုသည်။ (ကိုးကား - 3 die in clashes in Burma)
နေ့လယ် (၁ နာရီ ၅၆ မိနစ်) ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပစ်ခတ်နေတယ်။ စက်သေနတ် စက်တိုက်ပစ်သံတွေ ကြားနေရတယ်။ မြ၀တီ ကြံခင်းဂိတ်ကနေ ထိုင်းဘက်ကို ထွက်ပြေးဖို့စောင့်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပို့ဆောင်ပေးနေတဲ့ လှေက တစီးပဲရှိတယ်။
(၁ နာရီ ၄၅ မိနစ်) ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။ “ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။ ပြည်သူလူထုတွေ ငတ်ကုန်တာကို လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။ဟု ပြောဆိုသည်။
နေ့လယ် (၁ နာရီ ၃၈ မိနစ်) ပြန်ပစ်ပြီ.... မြ၀တီမြို့မှာ ဒီကေဘီအေ ဘက်က အင်အား ၅ဝဝ ကျော်လောက်က၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ သိပ်မဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပိုမိုပစ်ခတ်လာပါတယ်။ ခုနက ပစ်ခတ်ပြီးရပ်နားသွားပြီး ယခု မြန်မာစံတော်ချိန် ၁ နာရီ ၄၃ မိနစ် တရက်စက်ပစ်ခတ်နေတာပါ။ မြ၀တီမှ မဲဆောက်ကူးမည့် စစ်ပြေး ဒုက္ခသည်များကို လှေဖြင့် ပို့ပေးမည့် သူမရှိတော့ပဲ မြ၀တီ ဘက်ကမ်းမှာ လှေကို စောင့်နေပါတယ်။
နေ့လယ် (၁ နာရီ ၃၂ မိနစ်) မြ၀တီမှ စစ်ပြေးဒုက္ခသည်များ ထွက်ပြေးလာနေကြပြီ။ မြ၀တီမြို့တွင်းမှ နအဖ စစ်တပ်မှ ထွက်ခွာချိန် ၄၅ မိနစ်ပေးထားရာ မိနစ် ၃၀ ရှိသွားပြီဖြစ်ကြောင်းသိရသည်။
(၁ နာရီ ၂၄) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူ ပူးပေါင်းတိုက်ပွဲဝင်ပြီ
နေ့လယ် (၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...
နေ့လယ် (၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
-----------------------------------------------------------------------
မြ၀တီ
(၁း ၁၀) တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ဖို့အခြေအနေရှိကြောင်း။ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးမှ လူအင်အား ထပ်မံစုဆောင်းနေကြောင်း သိရှိရသည်။
(၁း ၀၅) နအဖ စစ်တပ်မှ မြ၀တီမြို့နေလူထုအား မြ၀တီမြို့အတွင်းမှနေ ၄၅ မိနစ်အတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း ကားများဖြင့်လိုက်လံ ကြေညာနေသည်။ ထိုင်းဘက် ခြမ်း ကမ်းနားတွင် စစ်ပြေးဒုက္ထသည်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။
(၁ နာရီ) နအဖ စစ် အစိုးရဘက်က နေပြည်တော်ကလွှတ်သည့် ရဟတ်ယာဉ်တစင်း ရောက်ရှိလာကြောင်း မျက်မြင်သက်သေ တဦးပြောကြားသည်။
(၁၂း ၃၀) မြ၀တီတွင် ပစ်ခတ်မှုများကြောင့် လတ်တလောတွင် ၂ ဦးသေဆုံးကြောင်း မျက်မြင်သက်သေတဦး အပြောအရ သိရှိရသည်။ ဒဏ်ရာရှိသူ ၁၀ ဦးထက်မနည်းကြောင်း မျက်မြင်သက်သေတဦး ပြောကြားချက်အရ သိရှိရသည်။ အခြားထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်သေးလို့ ပြောဆိုသည်။ ၁ ဂိတ် ဟွေ့မှုတ်ရွာ ထိုင်းဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။ (ကိုးကား - Spillover of fighting in Burma kills one Thai) တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်နက်ငယ်အသုံးများ အဆက်မပြတ်ကြားနေရသလို... လက်နက်ကြီးပစ်ခတ်သံများကိုလည်း တချက်ချက်ကြားရပါတယ်။ မိုးကုတ်ဂိတ်ကနေစပြီး မနက်ကိုးနာရီလောက်က စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာပါ။ နအဖ စစ်တပ်က ပေါ်တာလိုက်လံဆွဲနေကြောင်း သိရှိရပါတယ်။
DKBA မှ မြ၀တီရဲစခန်းကို သိမ်းပိုက်ထားစဉ်
ကောဂရိတ်
ကောဂရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဘားအံကနေ မြ၀တီကို စစ်ကူဆင်းလာတဲ့ စစ်ကားတွေကို ဒီကေဘီအေက လမ်းကနေ ကြားဖြတ်တိုက်ခိုက်တာလို့ သိရှိရပါတယ်။
ဘုရားသုံးဆူမြို့နယ်
(၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...
(၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
ဒီကေဘီအေတပ်များနှင့် ကေအန်ယူကတဘက်၊ နအဖ စစ်တပ်မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ တဘက် တဘက်နှင့်တဘက် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
မဲဆောက်
မဲဆောက်ဘက်မှာတော့ မြ၀တီ-မဲဆောက်လမ်းကို လေယာဉ်ကွင်းအရှေ့မှာနေပြီး ထိုင်းစစ်တပ်တွေ လမ်းကိုပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်အခြမ်းကမ်းနားတွင် ထိုင်းစစ်တပ်မှ လက်နက်အပြည်အစုံ နေရာယူထားသလို့ လက်နက်ကြီးသံကြားလိုက်တိုင်း ပြားပြားဝပ်လိုက်တာ တွေ့ရပါတယ်။ ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်း အရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာ တလုံးကျလာပါတယ်။ အောက်မှာ ဓါတ်ပုံ တင်ထားပါတယ်။ နောက် ၁ ဂိတ် ထိုင်းဘက်ရှိ ဟွေ့မှုတ်ရွာ (ထိုင်းရွာ)ကိုလည်း လက်နက်ကြီးများ ကျရောက်ခဲ့ပါတယ်။ ထိုလက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။

(ကိုးကား - Spillover of fighting in Burma kills one Thai) လက်နက်ကြီးကျရောက်တဲ့အတွက် ထိုင်းရွာသား အနည်းနယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးရသတင်းကတော့ ထိုကဲ့သို့ မြ၀တီမြို့တွင်းမှာ ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပေးလာတဲ့ စစ်ပြေးဒုက္ခသည် ထောင်ကျော်ကြောင်းသိရှိရပါတယ်။ တဖြေးဖြေးနဲ့ စစ်ပြေး ဒုက္ခသည် များပြားလာကြောင်း ထပ်မံသိရှိရ။ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းတကျောင်းတွင် ထားရှိထားကြောင်းသိရှိသည်။ နောက်ဆုံး မဲဆောက်မြို့တော်ဝန်ရုံးမှာ တာဝန်ရှိသူ Mr.Kittisak Tomornsak ပြောပြချက်အရ ထိုင်းဘက်ကို ထွက်ပြေးလာသည် စစ်ပြေးဒုက္ထသည် ထောင်ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။
ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်းအရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာသည့် မြင်ကွင်း
Posted by
ကိုဈာန်
at
11:46 AM
1 comments
Labels: သတင်း, သတင်းဓါတ်ပုံ
