Tuesday, December 14, 2010

ယနေ့ သတင်း (၁၄ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၄ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ည (၈ နာရီ ၃၀ မိနစ်) ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပါတယ်။ မော်ဖိုးထ အနီး လော့ခေါ်ရွာမှာ ယနေ့ည ၇ နာရီ ၂၇ မိနစ်မှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ နအဖ ဘက်မှာ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသနဲ့ မြ၀တီမြို့နယ်အတွင်း ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တိုက်ပွဲဖြစ်လာသော ပြီးခဲ့တဲ့လ ၈ ရက်နေ့မှ ယနေ့အချိန်အထိ နအဖ ဘက်မှ အရာရှိစစ်သည် ၆၀ ကျော်သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ည (၈ နာရီ ၂၅ မိနစ်) ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။ (ကိုးကား- ဧရာဝတီ)

ည (၈ နာရီ ၂၀ မိနစ်) ညနေ ၄ နာရီက မော်ခိုကလိုးရွာမှာ နအဖ တပ်များနဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ည (၈ နာရီ ၁၅ မိနစ်) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (ကိုးကား- ဧရာဝတီ)

ည (၈ နာရီ ၁၀ မိနစ်) ယနေ့နေ့လည် ၁၂ နာရီတွင် ထခယ့်ပလယ်ရွာမှာ ဒီကေဘီအေနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ည (၇ နာရီ ၃၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသရှိ ကနဲလေးတွင် ဒီကေဘီအေနဲ့ နအဖ တပ်များ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိသည်။

0 comments: