ကော်ဖီဆိုင်ထဲ
အတိုက်အခံ ခေါင်းဆောင်များရဲ့ 
အသုံးမကျမှုများနဲ့ 
အော်ကြီးဟစ်ကျယ်
ငါ ...
ဝေဖန်တတ်လာခဲ့။
မဟုတ်ပါဘူး
ကြည့်လို့မရတာလည်း မဟုတ်ပါဘူး
အားမလို အားမရမှုတွေလည်းပါဖူးရဲ့ 
ဒီလိုပါ ...
ပြောချင်တာက
ဒီခေတ်ဆိုးကြီးထဲ
ရိုင်းဆိုင်းစိတ်တွေ ၀င်လာခဲ့ ။
ဟုတ်ပါတယ်
ငါ့ မှာ ..
အချက်အလက်များစွာလည်း ရှိရဲ့ 
သို့ ပေမယ့်
စိတ်လောကြီးမှု တခုနဲ့ 
မှားရွန်းစွာ အသားကျလာခဲ့။
အမှားတွေ ကိုယ်စီနဲ့ 
ထပ်တူ ဖြစ်စဉ် မဟုတ်တဲ့
အဖြစ်မျိုးနဲ့ 
နေစေတော့
နေတော့လေ ...
အို ...
အဖ .. ဘုရားသခင်
ခွင့်လွတ်တော် မူပါ
ခွင့်ပြုပါ
လွတ်မြောက်စွာ ပြောဆိုခွင့် ပေးပါ ။
Saturday, September 25, 2010
အနှစ် 20 ကျော် အတွက်.. ပြန်လည် ရှာဖွေတွေ့ ရှိခြင်း
Posted by
nanda
at
2:13 PM
1 comments
Labels: ကဗျာ
Friday, September 24, 2010
ရဲဘော်တို့လာ၊ စုရုံးနေ
ကဒေါင်းတို့မည်သည်
သူတပါးအလိုကျ
ကပြအသုံးတော်ခံ
အားမာန်လျှော့လေ့
ရှိသော်ငြား၊
ခွပ်ဒေါင်းတို့မည်သည်ကား
အနိုင်မခံ
အရှုံးမပေး
သွေးချင်းချင်းနီသည်ထိ
အားလျှော့ရိုးထုံးစံမရှိ။
၂၀၁၀ရဲ့ တိုက်ပွဲခေါ်သံ
ခွပ်ဒေါင်းအလံကား
ဘူမိနက်သန်
အောင်မြေမှန်တွင်
စိုက်ထူထားသည်မို့
ရဲဘော်တို့လာ-
စုရုံးကြစို့။
အဆုံးစစ်ပွဲကို
နွှဲပါစို့။
ခင်မမမျိုး (၁၇၊၉၊ ၂၀၁၀)
Posted by
nanda
at
1:39 PM
1 comments
Labels: ကဗျာ
Subscribe to:
Posts (Atom)
