ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၉ ရက် ၂၀၀၉
အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည့်စွဲချက်များဖြင့် သြဂုတ်လအတွင်း ရာထူးဖြုတ်ချခံရကာ ဖမ်းဆီးခံထားရသည့် ယခင် ရန်ကုန်တိုင်း၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်သည် ပြီးခဲ့သည့်အပတ်အတွင်း ထွက်ပြေးလွတ်မြောက်သွားသည်။
ရဲမှူးကြီးဝင်းနိုင်အား ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း ရဲတပ်ဖွဲ့အတွင်း မမှန်မကန်လုပ်ရပ်များအား သက်သေထွက်ဆိုခဲ့သဖြင့် နေပြည်တော်တွင် အကျယ်ချုပ်ဖြင့် ဆက်လက်ချုပ်ထားရာမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “သူက ဖော်ကောင်လုပ်ခဲ့တာ။ ဒါနဲ့ သူ့ကို အကျယ်ချုပ်လို ချုပ်ထားတုန်း ထွက်ပြေးသွားတာ။ သူပြေးတာက ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကလို့ သိရတယ်။ သူက ဖော်လိုက်တော့ ရဲမှူးတွေ အတော်များများ အစစ်ဆေးခံရ၊ အဖမ်းခံရတာတွေ ဖြစ်နေတယ်။ ရဲချုပ်ခင်ရီကိုလည်း ဖမ်းထားတယ်။ အခု ရဲအပေါ်ပိုင်းမှာ အတော်လေး ရှုပ်နေကုန်ပြီ” ဟု ပြောသည်။
ရဲမှူးကြီး ဝင်းနိုင်သည် ရှမ်းပြည်မြောက်ပိုင်း ပြည်နယ်ရဲမှူးအဖြစ် လားရှိုးတွင် မကြာသေးမီနှစ်ပိုင်းများက တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ရှိ စီးပွားရေးသမားများနှင့် ရင်းနှီးဆက်စပ်မူများလည်းရှိ၍ ၎င်းတို့၏ အကူအညီဖြင့် တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
၎င်းက “၂ဝဝ၅-၂ဝဝ၆-၂ဝဝ၇ လောက်ကထင်တယ်။ လားရှိုးမှာ သူ တာဝန်ကျသွားသေးတယ်။ ဆိုတော့ အဲဒီကတည်းက တရုတ်နယ်စပ်က မှောင်ခိုလုပ်နေတဲ့ စီးပွားရေးသမားတွေနဲ့ ဆက်စပ်ပတ်သက်နေတာတွေ အများကြီးရှိခဲ့တယ်။ အဲဒါကြောင့်လည်း တရုတ်ဘက်ကို ထွက်ပြေးလို့ရနိုင်တာ။ နယ်စပ်နဲ့နီးတဲ့ ကျယ်ဂေါင်၊ ရွှေလီလို နေရာတွေတော့ ဘယ်နေရဲမလဲ။ မံစီတို့၊ ရင်ကျန်းတို့လို နည်းနည်းအတွင်းကျတဲ့ နေရာတွေကို ပြေးမှာပေါ့” ဟု ပြောသည်။
Tuesday, September 29, 2009
ရဲမှူးကြီးဝင်းနိုင် အချုပ်ခံထားရာမှ ထွက်ပြေးလွတ်မြောက်
Posted by
ဆုံဆည်းရာ
at
1:12 PM
0
comments
Labels: သတင်း
Monday, September 28, 2009
သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉
နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များနှင့်တွေ့လိုကြောင်း ထည့်သွင်းတောင်းဆိုထားခြင်းဖြစ်သည်။
အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။
နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက်အာဏာပိုင်များထံ တင်ပြအသိပေးနိုင်ရန် သတင်းတပ်ဖွဲ့မှတဆင့် နှုတ်ဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံး သိရှိနားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရန် ပိတ်ဆို့မှု ချမှတ်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံအစိုးရများ၏ သဘောထားများကို သိရှိနားလည်နိုင်ရေးတို့အတွက် အမေရိကန်သံမှူး၊ အီးယူသံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပါတီ၏သဘောထားကို ညှိနှိုင်းရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။
မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုများကြောင့် အနောက်နိုင်ငံများက ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ အရေးယူဒဏ်ခတ်မှုများ ပယ်ဖျက်ရေး၊ အလုံးစုံပျက်သုဉ်းရေးလမ်းစဉ် စွန့်လွှတ်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပိတ်ဆို့ရေး စသည့်အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ စွန့်လွှတ်ပါက တွေ့ဆုံမည်ဟု နအဖဥက္ကဋ္ဌက ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူလုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ထံမှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။
Posted by
ဆုံဆည်းရာ
at
10:56 PM
0
comments
Labels: သတင်း
ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉
လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်နှင့် မွန်တိုင်းရင်းသားခေါင်းဆောင် အချို့တို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ (Kachin State Progressive Party - KSPP) ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ တူးဂျာနှင့် မွန်အမျိုးသားတို့အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီတွင် ပါဝင်သူ နိုင်မင်းနွယ်စိုးတို့အား ယခုအချိန်သည် နိုင်ငံရေးလှုပ်ရှားမှု စတင်ရန် စောသေးသည်ဟု အကြောင်းပြကာ မီဒီယာများသို့ ဆက်သွယ်စကားပြောခြင်း မလုပ်ကြရန် စစ်အစိုးရအာဏာပိုင်တို့က လာရောက်သတိပေးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာတူးဂျာကိုလည်း အလားတူသတိပေးခဲ့ကြောင်းနှင့် ယခင်သီတင်းပတ်အတွင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည့် ၎င်း၏ တွေ့ဆုံမေးမြန်းချက်များနှင့် သက်ဆိုင်နိုင်ကြောင်း ကချင်ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “နအဖတွေက တူးဂျာတို့ရဲ့လုပ်ရပ်တွေကို မကြိုက်လို့မဟုတ်ဘူး။ ရွေးကောက်ပွဲ ဝင်ကြမယ့်သူတွေပဲ ဆိုတော့လေ။ အခု သတိပေးတာက မီဒီယာတွေဆီကို ခင်ဗျားတို့ message တွေပေးတာ စောနေတယ်။ နအဖဘက်က ပါတီထောင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထွက်လာပြီးလို့ Register လုပ်ခွင့်ရပြီးမှ မီဒီယာတွေနဲ့တွေ့ဆုံပါ။ ဒီလိုမျိုး သတိပေး ခေါ်ပြောတာ။ ဦးသုဝေတို့ ဒီမိုကရက်တစ်ပါတီရဲ့သတင်းတွေကိုလည်း နအဖက ပိတ်ထားတယ်” ဟု ပြောသည်။
“မင်းနွယ်စိုးကိုလည်း ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က နအဖရဲအရာရှိတွေက လာခေါ်သွားတယ်။ ဒီ မွန် (၁၅) ဦး ကော်မတီအဖွဲ့ရဲ့ လစဉ် ပုံမှန်အစည်းအဝေးတွေကို မလုပ်နဲ့ဦး။ ဒီနိုင်ငံရေးလှုပ်ရှားမှုတွေကို မစနဲ့ဦး။ အချိန်စောသေးတယ်။ အဲဒီလို သတိပေးပြီး ပြန်လွှတ်လိုက်တယ်” ဟု နိုင်မင်းနွယ်စိုးနှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
ထိုသို့သတိပေးမှုကြောင့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီ၏ လစဉ် ပုံမှန်အစည်းအဝေးကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၄) ရက်တွင် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။
ယခုလဆန်းပိုင်းထုတ် စစ်အစိုးရသတင်းစာများတွင်မူ ကချင်နှင့် မွန်တိုင်းရင်းသားတို့သည် ရွေးကောက်ပွဲအတွက် ပါတီဖွဲ့စည်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ချီးကျူးရေးသားခဲ့သည်။
ဝါရင့် ရှမ်းနိုင်ငံရေးသမား ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ပဒမဖ) ကလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီတရပ်အဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်၍ အဆိုပါ ကချင်ပြည်နယ် တိုးတက်သောပါတီနှင့် မွန်(၁၅) ဦး ကော်မတီတို့အား လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။
မွန်အမျိုးသားတို့အား ကိုယ်စားပြုမည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦး ကော်မတီတွင် မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (MNDF) မှ ခေါင်းဆောင်အချို့နှင့် မွန်ပြည်သစ်ပါတီမှ နုတ်ထွက်ထားသူ ခေါင်းဆောင်အချို့လည်း ပါဝင်သည်။
Posted by
ဆုံဆည်းရာ
at
10:54 PM
0
comments
Labels: သတင်း
၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို
ဧရာဝတီ၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉
၅၀၀၀ ကျပ်တန်ငွေစက္ကူသစ် ထုတ်ဝေသုံးစွဲမည့် စစ်အစိုးရ၏ အစီအစဉ်ကို မြန်မာပြည်သူ အများစုက တိုင်းပြည် စီးပွားရေး ယခုထက် ပိုမို ယိုယွင်းပျက်စီးမည့် အရိပ်လက္ခဏာ အဖြစ် ရှုမြင်နေကြကြောင်း လေ့လာ သိရှိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ၅၀၀၀ ကျပ်တန် ငွေစက္ကူကို သုံးစွဲမည်ဟု တရားဝင် ကြေညာလိုက်သောကြောင့် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက်ကာ မြန်မာငွေ တန်ဖိုး ကျဆင်း၍ ကုန်ဈေးနှုန်းများ ရုတ်တရက် တိုးမြင့်တက်လာမည်ကို လူအများက စိုးရိမ်နေကြသည်ဟု ကြားသိရသည်။
ကျပ် ၅၀၀၀ တန် ထွက်လာမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ရှိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရ၀န်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပျံကျဈေးသည်များနှင့် နေ့စားပျံကျ လုပ်သားများ၏ အမြင်များကို တွေ့ဆုံမေးမြန်းရာ အများစုမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်၊ ငွေ အကြွေ ပိုမို ရှားပါးလာမည်၊ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည် စသည့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ် လာမည်ဟု ထင်မြင်ချက် ပေးကြသည်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးများ ကျဆင်းပြီး မြန်မာငွေ တန်ဖိုး ပြန်လည်မြင့်တက် တည်ငြိမ်လာချိန်တွင် ကျပ် ၅၀၀၀ တန် ထုတ်ဝေ ခြင်းသည် မှားယွင်းသော လုပ်ရပ် ဖြစ်သည် ဟု ရန်ကုန်ရှိ စီးပွားရေးပညာရှင် တဦးက ပြောသည်။
“စီးပွားရေး အကျပ်အတည်းမှာ မြန်မာငွေတန်ဖိုး မာလာတယ်။ လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေကြားမှာ ရွှေတို့၊ ဒေါ်လာတို့ထက် မြန်မာငွေပဲ စုထား၊ ကိုင်ထားတဲ့အထိ တန်ဖိုးတက်ခဲ့တယ်။ ရွှေဈေးတွေထိုးကျ၊ အမေရိကန်ဒေါ်လာ မတည်မငြိမ်ဖြစ်နေလို့ ကျပ်ငွေအပေါ် ယုံကြည်မှု တိုးနေချိန်မှာ မြန်မာငွေတန်ဖိုးက တည်ငြိမ်နေတာကို ဆက်ထိန်းသင့်တယ်” ဟု ထိုစီးပွားရေးပညာရှင်က ဆိုသည်။
ဘဏ်စနစ်နှင့် ချက်လက်မှတ် အသုံးပြုမှု မတွင်ကျယ်ခြင်းကြောင့် လက်ငင်း ငွေသားပေးချေစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေစက္ကူ အမြောက်အမြား ကိုင်တွယ်ရခြင်းမှ သက်သာ သွားနိုင် သော်လည်း ၅၀၀၀ ကျပ်တန် ထွက် ပေါ်လာခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များပြားကြောင်း စီးပွားရေးပညာရှင် တချို့က သုံးသပ်သည်။
ယခုအခြေအနေတွင်ပင် အကြွေရှားပါးမှုပြဿနာ အကြီးအကျယ်ကြုံတွေ့နေရပြီး ၅၀၀၀ ကျပ်တန် ထွက်ရှိလာချိန်တွင် ပိုမိုအခက်ကြုံနိုင်သည်ဟုလည်း စီးပွားရေး ကျွမ်းကျင်သူများက ဆိုကြသည်။
“အခုတောင် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေ ရှားနေတာ ၅၀၀၀ တန်ထွက်လာ ရင် ၅၀၀ နဲ့ ၁၀၀၀ တန် ထပ်ရှားသွားမယ်။ အကြွေရှားပါးမှုကြောင့် ကုန်စည်ဈေးနှုန်း တက်မယ်။ ဥပမာ - ၂၅၀ တန် ပစ္စည်းတခုကို အကြွေရှားလို့ ၃၀၀ နဲ့ တင်ရောင်းတယ်။ ၄၀၀ တန်ကိုလည်း အကြွေရှားလို့ ၅၀၀ တင်ရောင်းတယ်။ ဒီလိုနဲ့ နောက်ဆုံး ကုန်ပစ္စည်းတွေရဲ့ အနိမ့်ဆုံးတန်ဖိုးက ၅၀၀ ဖြစ်လာလိမ့်မယ်။ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် ပစ္စည်းတွေ လုံးဝ ပျောက်သွားလိမ့်မယ်” ဟု ဒဂုံတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ဆရာတဦးက ဆိုသည်။
၅၀၀၀ ကျပ်တန်များ ထုတ်ဝေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်အစိုးရအနေနှင့် အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
“နေပြည်တော်ဆောက်တယ်။ အစိုးရ ၀န်ထမ်းတွေကိုလည်း လစာ အဆပေါင်းများစွာ တိုးပေးတယ်။ စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း တနေ့တခြားပိုများလာတယ်။ အရာရှိက စပြီး စစ်သားအဆုံး တပ်မတော် သားတွေကို တိုင်းပြည်က ရှာကျွေးနေရတယ်။ အစိုးရမှာ ခုလို ဘတ်ဂျက်လိုငွေတွေ ပြနေလွန်းလို့ ၅၀၀၀ တန်ထုတ်ရတာဆိုတာ ထင်ရှားပါတယ်” ဟု ရန်ကုန် စီးပွားရေးပညာရှင်တဦးက ပြောသည်။
၅၀၀၀ ကျပ်တန် ထွက်ရှိလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ သေချာပေါက် ကြုံတွေ့ရမည်ဖြစ်ပြီး ချက်ချင်းလက်ငင်း ငွေကြေးဖောင်းပွမှု ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ဘဲ တဖြည်းဖြည်း ခြောက်လမှ တနှစ်အကြား ငွေကြေး ဖောင်းပွမှု ပြဿနာများ ကြုံတွေ့ရမည်မှာ သေချာသည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။
“၅၀၀၀ တန်ထုတ်မယ်လို့ ကြေညာပြီး ရွှေဈေး၊ ဒေါ်လာဈေးတွေ တက်သွားတာက လန့်လို့ တက်သွားတာ။ တကယ် ငွေကြေးဖောင်းပွလို့ မဟုတ်သေးဘူး။ တကယ်က ၅၀၀၀ တန်ထွက်ပြီး ခြောက်လနဲ့ တနှစ်အတွင်း
ကျမှ ဖြစ်မှာ။ နောက်ဆုံး ဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတက်မယ်။ ဒါက သီအိုရီအရ သေချာပေါက် ပြောနိုင်တာပါ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သုတေသီတဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင် အများစုမှာ ၅၀၀၀ ကျပ်တန်ထွက်ရှိမည့်အပေါ် ဆိုးကျိုးသာ များသည်ဟု ထောက်ပြနေချိန်တွင် သာမန် မြန်မာပြည်သူများ အကြားတွင်လည်း ၅၀၀၀ ကျပ်တန် ထွက်ပေါ်လာမည့် အရေးကို စိုးရိမ်လျက် ရှိသည်။
၅၀၀၀ ကျပ်တန်ကြောင့် လုပ်ငန်းရှင်များအကြားတွင် မြန်မာငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ငွေအစား ခိုင်မာမှုရှိသော အရာများကို ပြောင်းလဲ စုဆောင်းရန် စဉ်းစားနေကြကြောင်း ကြားသိရသည်။
“လုပ်ငန်းရှင်က သူပိုင်ဆိုင်မှုလျော့သွားမှာ ကြောက်တယ်။ ဒီတော့ ကျပ်ငွေအစား ခိုင်မာတဲ့ ပိုင်ဆိုင်မှုကို ပြောင်းလဲချင်တယ်။ ရွှေ၊ ဒေါ်လာ၊ အိမ်၊ ခြံမြေ၊ တိုက်တာ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လာ လိမ့်မယ်” ဟု ရန်ကုန် စီးပွားရေးသမားတဦးက ပြောသည်။
၅၀၀၀ ကျပ်တန်ထွက်ရှိလာခြင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာတည်မြဲရေး ယတြာလည်း ဖြစ်နိုင်သည် ဟု သုံးသပ်သူများ ရှိနေသည်။
“ဦးနေ၀င်း လက်ထက်ကလည်း ၉ ဂဏန်း ယတြာသဘောနဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ထုတ်တယ်။ ခုလည်း ငါးထောင်တန် ထုတ်တယ်ဆိုတာက ငါထောင်တယ်၊ ငါမလဲဘူး ဆိုတဲ့ အတိတ်နမိတ်တဘောင်နဲ့ ထုတ်တာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
စစ်အစိုးရ သက်တမ်းတလျှောက် ခြင်္သေ့ပုံကိုသာ ငွေစက္ကူများတွင် ထည့်သွင်းရိုက်နှိပ်ခဲ့ရာမှ အသစ် ထွက်ရှိမည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူ တော်ပုံ ပြောင်းလဲ ရိုက်နှိပ်ခြင်းမှာ ယတြာသဘောဖြစ်သည်ဟု
ဗေဒင်ဆရာတဦးက ပြောသည်။
“တိုင်းပြည် အုပ်ချုပ်တဲ့သူတွေ ဘုန်းတန်ခိုးကြီးမားလာရင် ဆင်ဖြူတော်ပေါ်တယ်။ ဒါမှမဟုတ် ဆင်ဖြူတော် ကို တခြားတိုင်းပြည်တွေက ဆက်သရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ဘုန်းတန်ခိုးကြီးတဲ့ မင်းတပါး အဖြစ် ယတြာချေတဲ့အနေနဲ့ ဆင်ဖြူတော်ပုံကို တမင် ငွေစက္ကူမှာရိုက်တာ။ ဗေဒင်သဘောတွေ၊ ဓာတ်ဆင် ဓာတ်ရိုက်သဘော တွေအများကြီး ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့နိုင်ငံများတွင် ငွေစက္ကူ ရိုက်နှိပ်ရာ၌ ငွေစက္ကူထုတ်လုပ်မည့် သက်ဆိုင်ရာ နိုင်ငံအလိုက် အထင်ကရ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး သူရဲကောင်းများ၊ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြား အသိအမှတ်ပြု ခံရသော ယဉ်ကျေးမှု အမွေအနှစ်နေရာ များ၏ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေလေ့ ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ တိရစ္ဆာန်ရုပ်ပုံများကို ငွေစက္ကူတွင် ရိုက်နှိပ်အသုံးပြုသည့်နိုင်ငံ ရှားပါး လှသည်ဟု မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင်တဦးက ရှင်းပြသည်။
“ကျနော် ကမ္ဘာပတ်လာတာ ဘယ်နိုင်ငံမှာမှ ငွေစက္ကူပေါ် တိရစ္ဆာန်ပုံ ရိုက်နှိပ်ပြီး သုံးတာ မတွေ့ဖူးသေးဘူး။ သူတို့နိုင်ငံတွေရဲ့ အကျော်အမော်တွေ၊ နိုင်ငံ့ခေါင်းဆောင် ပုံတွေကိုပဲ ငွေစက္ကူပေါ်မှာ အမြတ်တနိုး ရိုက်နှိပ် ကြတာ။ ငွေစက္ကူ မြင်တာနဲ့ သူတို့ တိုင်းပြည်အကြောင်းကို စိတ်ဝင်စားမိတယ်” ဟု သင်္ဘော ကပ္ပတိန် တဦးက ပြောသည်။
ငွေစက္ကူများပေါ်တွင် တိရစ္ဆာန်ပုံများရိုက်နှိပ်သုံးစွဲခြင်းသည် ငွေကြေးအပေါ် ယုံကြည်မှု လျော့နည်း စေနိုင်သည်ဟုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တဦးက ရှင်းပြသည်။
“ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ပိုက်ဆံတွေကို လူတွေ တန်ဖိုးထားသိမ်းကြတယ်။ ပိုက်ဆံပေါ်မှာ ဗိုလ်ချုပ်ပုံ မြင်လိုက်ကတည်းက ပိုက်ဆံအပေါ် ယုံကြည်မှုရှိတယ်။ ပိုက်ဆံကို လူတွေ တန်ဖိုး ထားဖို့ဆိုရင် ပိုက်ဆံ မှာလည်း လူတွေ တန်ဖိုး ထားနိုင်လောက်တဲ့ အရာတွေ၊ ပုံ သဏ္ဌာန်တွေရှိရမယ်” ဟု သူက ဆိုသည်။
Posted by
ဆုံဆည်းရာ
at
10:53 PM
0
comments
Labels: သတင်း
တရုတ်-မြန်မာ နယ်စပ် အရေး ပိုမိုရှုပ်ထွေးလာ
ဧရာဝတီ၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉
အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် စီးပွားရေး လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများကို အမြန်ဆုံးပြန်လာရန် တရုတ်အစိုးရက ခေါ်ယူထားကြောင်း ယူနန်ဒေသ ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားသည်ဟု သိရသည်။
တရုတ်အစိုးရက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ထိုင်းမြန်မာ နယ်စပ်ရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ တရုတ် နိုင်ငံ သားများကို ပြန်လာရန် ခေါ်ထားသောကြောင့် နယ်စပ်ဒေသတွင် တိုက်ပွဲများထပ်မံ ဖြစ်ပေါ်လာဦးမည်လားဟု ဒေသခံများက စိုးရိမ်နေကြသည် ဟုလည်း ကြားသိရသည်။
“တရုတ်အစိုးရ ညွှန်ကြားချက်အရ မြန်မာပြည် အရှေ့ပိုင်းမှာ နေတဲ့ တရုတ်လူမျိုးတွေ ပြန်လာဖို့ စက်တင်ဘာ ၂၅ရက်က တရုတ်စံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်မှာကြေညာတယ်၊ မြန်မာပြည်မှာ တိုက်ပွဲတွေဖြစ်လာ နိုင်တဲ့အတွက် တရုတ် နိုင်ငံသားတွေ ချက်ခြင်းပြန်လာ ကြဖို့ပါ။ အားလုံးကတော့ စိုးရိမ်နေတယ်” ဟု ကချင်သတင်းစဉ်မှ လဖိုင်နော်ဒင်း က ပြောသည်။
မြန်မာနိုင်ငံတွင် တရုတ်လူမျိုး အများအပြား စီးပွားရေး လုပ်ကိုင်ရန် ရောက်ရှိနေသည့်အပြင် ကချင်ပြည်နယ် တာပိန်မြစ် တွင် ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်း အမှတ်(၁) နှင့် (၂ ) တွင် အလုပ်လုပ်နေ သော တရုတ်အလုပ်သမား များ စာရင်းကိုလည်း လိုက်လံကောက်ခံနေသည်ဟု သိရသည်။
ထို့အပြင် ရှမ်းပြည်အရှေ့မြောက်ပိုင်းနှင့် ကပ်လျက်ရှိသော နယ်စပ်ကျေးရွာများ အားလုံးတွင် တရုတ်နိုင်ငံတော် အလံများ ကို လွှင့်တင်ထားရန် ပြောကြားထားသည်ဟုလည်း လဖိုင်နော်ဒင်းက ဆိုသည်။
တရုတ်လူမျိုး အများအပြားသည် နယ်စပ်ဒေသများတွင် နေထိုင်ကြောင်း၊ အထူးသဖြင့် ကိုးကန့်နယ်တွင် ပိုမိုနေထိုင်ပြီး နယ်စပ်အရေးကိစ္စများ ရှုပ်ထွေးလာလျှင် တရုတ်အစိုးရအနေဖြင့် ပြန်လည်ခေါ်ယူလေ့ရှိကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ ကုန်သည်တဦးက ပြောသည်။
“တရုတ်ကတော့ အရင်တုန်းကလည်း ဒီလိုနယ်စပ်မှာတခုခု ဖြစ်ရင် သူ့နိုင်ငံသားတွေကို ပြန်ခေါ်တာတွေရှိတယ်၊ ကိုးကန့် ကိစ္စဖြစ်ပြီးတော့လည်း ပြန်ခေါ်တယ်၊ ဒါပေမယ့် ဘာပဲပြောပြော သတိထားရမယ်” ဟု အဆိုပါကုန်သည်က ဆိုသည်။
တရုတ်ပြည်မှ အစိုးရအရာရှိများသည် ၀ဒေသ ပန်ဆန်းမြို့မှတဆင့် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ တန့်ယန်းမြို့သို့ ရောက်ရှိလာပြီး စစ်အစိုးရ အရာရှိများနှင့် ယနေ့ တွေ့ဆုံဆွေးနွေးနေသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
ထို့အပြင် ရှမ်းပြည်အရှေ့မြောက်ပိုင်း၌ စစ်အစိုးရက စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး လက်နက်ကြီးတပ်များကိုလည်း တိုးချဲ့ချထားကြောင်း၊ ယခင်တိုက်ပွဲများကဲ့သို့ ခြေလျင်တပ်အင်အားဖြင့် ထိုးစစ်ဆင်မည် မဟုတ်ဘဲ လက်နက်ကြီး များကိုသာ သုံးစွဲကာ ထိုးစစ်ဆင်မည့်ဟုထင်မြင်ကြောင်းလည်း ၎င်းကဆိုသည်။
“၀တွေက စစ် အစိုးရ တပ်တွေနဲ့ ကန့်သတ်စည်းမျဉ်းခြားထားတယ်၊ နအဖက စစ်အင်အားများများစားစားနဲ့တော့ လုပ်မှာ မဟုတ်ဘူး၊ လက်နက်ကြီးတွေ၊ မြောက်ကိုရီးယားက ၀ယ်ထားတဲ့လက်နက်တွေနဲ့ ပြင်ထားတယ်လို့ပြောတယ်” ဟု ဦးစိန်ကြည်ကပြောသည်။
နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှစ်ဖွဲ့စလုံးက ငြင်းဆိုထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ယခုတကြိမ် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့လျှင် စစ်အစိုးရက လက်နက်ကြီးများ၊ လေယာဉ်များနှင့် လိုအပ်လျှင် ဓာတုလက်နက်များကိုပါ အသုံးပြုလာနိုင်ကြောင်း လဖိုင်နော်ဒင်းကလည်း သုံးသပ်သည်။
စစ်အစိုးရအနေဖြင့် ပထမဦးစွာ UWSA အဖွဲ့၏ ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ လားရှိုး အစရှိသည့်မြို့ကြီးများတွင် ရင်းနှီး မြှုပ်နှံ ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ခြင်း၊ မူးယစ်ဆေးဝါးဖြင့် အပြစ်ရှာခြင်းများကို ပြုလုပ်လိမ့်မည်ဟု ထင် မြင်ကြောင်း ဦးစိန်ကြည် ဆိုသည်။
သို့သော် ၀ခေါင်းဆောင်ပိုင်းက ၎င်းတို့၏ ဝဒေသသည် တောင်ပိုင်းနှင့် မြောက်ပိုင်းအဖြစ် သွေးကွဲမည်ကိုသာ စိုးရိမ်နေကြောင်း သူကပြောသည်
“၀ခေါင်းဆောင်ပိုင်းက ဝေရှောက်ခမ်းအုပ်စု ခြံခုန် သွားမှာကို စိုးရိမ်နေတယ်၊ ဒီအချက်ကိုသူတို့အတွင်းထဲက ထိပ်ပိုင်း ခေါင်းဆောင်တွေကိုယ်တိုင် ပြင်ပရန်ထက် အတွင်းက အပြောင်းအလဲလုပ်မယ့် သေရေးရှင်ရေးကိစ္စက အရေးကြီးတယ် လို့ ၀န်ခံတယ်” ဟု ဦးစိန်ကြည်ကဆိုသည်။
ဝခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို သုံးသပ်နေရကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် မိမိအကျိုးစီးပွားအတွက် စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကြား မည်သည့်ဘက်မှ ရပ်တည်မည် ဆိုသည့် အချက်ကိုလည်း ထည့်သွင်း စဉ်းစားနေရကြောင်း ဦးစိန်ကြည်က သုံးသပ်သည်။
ထို့အပြင် အတည်မပြုနိုင်သော သတင်းများအရ တောင်ပိုင်း ၀တပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA - S) ကို အပစ်ခတ်ရပ်စဲရန် မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံ အာဏာပိုင်များမှ တဆင့် ကမ်း လှမ်းထားကြောင်း သိရှိရသည်။
တရုတ်နယ်စပ်ရှိ အပစ်ရပ်အဖွဲ့ တဖွဲ့ဖြစ်သော KIA အတွင်းတွင်လည်း နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလဲလိုသော အင်အားစုက နိုင်ငံရေးကိုသာ အဓိကထားလုပ်လိုသည့် အင်အားစုကို မကြာသေးမီက ရှင်းလင်း ထုတ်ပယ်လိုက်ခြင်းသည် စစ်အစိုးရအား စစ်ကြေညာလိုက်ခြင်းသာ ဖြစ်သည်ဟု လဖိုင်နော်ဒင်းက သုံးသပ်သည်။
အတည်မပြုနိုင်သော သတင်းများအရ လိုင်ဇာမြို့တွင် KIA အဖွဲ့ခေါင်းဆောင်ပိုင်းအတွင်း အစည်းအဝေးပြုလုပ်ပြီး နောက် မြစ်ကြီးနားမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် သွားရောက်တွေဆုံလိမ့်မည်ဟု ကြားသိ ရသည်။
အလားတူ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူဒေသတွင် စစ်အစိုးရက လက်နက်ကြီးတပ်ခွဲတခွဲကို ထပ်မံချထားကြောင်း၊ ထို့အပြင် ပြည်တွင်းဒုက္ခသည်စခန်းတခုဖြစ်သော ခလော့ ခနီ ရွာအနီးတွင် ရဲစခန်းတခုဖွင့်လှစ်ခွင့်ပြုရန် မွန်ပြည်သစ်ပါတီအား စစ်အစိုးရက တောင်းဆိုထားကြောင်း မွန်ပြည်သစ် ပါတီ နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှသိရသည်။
၂၀၁၀ ပြည့်နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရက အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် စစ်ရေးအရလည်းကောင်း၊ စစ်အစိုးရသတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများပေးလာရာ အပစ်ရပ်အဖွဲ့များအနေဖြင့် တခြားရွေးချယ်စရာလမ်း မရှိတော့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
Posted by
ဆုံဆည်းရာ
at
10:52 PM
0
comments
Labels: သတင်း
ပြင်းထန်သည့် ပြည်တွင်းစစ် ပေါ်ပေါက်လာနိုင်ဟု သုံးသပ်သူများ ပြောဆို
မဇ္ဈိမ၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉
နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် အရှေ့မြောက် သံလွင်မြစ် အနောက်ဘက်တွင် တည်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်း ဒုက္ခသည် စခန်းများ တည်ဆောက် နေခြင်းသည် ပြင်းထန်သည့် ပြည်တွင်းစစ်များ ထပ်မံ ဖြစ်ပွားမည့် လက္ခဏာ ဖြစ်နိုင်ကြောင်း ထိုင်းအခြေစိုက် စစ်ရေး ကျွမ်းကျင်သူ တချို့က ပြောဆိုလိုက်ကြသည်။
“ဆောက်တာ တကယ် သေချာတယ် ဆိုရင်၊ ဒါက ထူးခြား ဖြစ်စဉ်လို့ ပြောလို့ ရပါတယ်။ တရုတ်က တရားဝင် ကြိုတင် ဒုက္ခသည်စခန်း ဆောက်နေတယ် ဆိုတော့ နောက်ထပ် ပြင်းထန်တဲ့ ပြည်တွင်းစစ်တွေ ဖြစ်လာမယ့် အရိပ်လက္ခဏာ လို့ ပြောလို့ရပါတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ့ စစ်ရေးကျွမ်းကျင်သူ ဦးဌေးအောင်က မဇ္စျိမကို ပြောသည်။
ဦးဌေးအောင်က “တရုတ်အစိုးရက အောက်ခြေကနေ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တိတ်တဆိတ် ညှိနှိုင်းပေး နေတာ ရလဒ်က အောင်မြင်မှု မရတဲ့ သဘောမှာ ရှိတယ်” ဟု ပြောသည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်ကို လာမည့် လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန် ကြားရန် စစ်အစိုးရက သတ်မှတ် ပေးထားသည်။
“ကိုးကန့်တွေက အမာခံ နေတော့ ကျန်တဲ့ ဝ' နဲ့ မိုင်းလား တို့ကလည်း သူတို့ဂုဏ်သိက္ခာအရ ဆက်ပြီး တောင့်ခံမယ့် သဘောဆိုတော့ နယ်ခြားစောင့်တပ်ကို လက်ခံမှာ မဟုတ်ဘူး။ အဲဒီမှာတင် တင်းမာနိုင်တယ်” ဟု ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။
ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တရုတ်အစိုးရ အကူအညီဖြင့် မြန်မာဘက်ခြမ်း မုန်းကိုး ဒေသနှင့် ကပ်လျက်တည်ရှိ သည့် ယူနန်ပြည်နယ် အတွင်း ဒုက္ခသည်စခန်း ၃ နေရာသတ်မှတ်၍ တည်ဆောက် နေကြောင်း ထိုင်းအခြေစိုက် ကချင် သတင်းဌာန KNG က ယခုလ ၂၅ ရက်နေ့တွင် မုန်းကိုး ဒေသခံ ဒုက္ခသည် အေဂျင်စီ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။
မုန်းကိုး ဒေသသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် လောက်ကိုင်အခြေစိုက် ကချင် လွတ်မြောက် ရေး တပ်မတော် KIA တပ်မဟာနယ်မြေ အမှတ် ၄ နှင့် သံလွင်အရှေ့ဘက်ခြမ်းရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ အခြေစိုက်ထားသည့် ဒေသများအကြား တည်ရှိသည်။
စစ်အစိုးရက ထိုးစစ် ဆင်လာပါက စုပေါင်းကာကွယ်ရန် ရည်ရွယ်၍ အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA စသည့် အဖွဲ့များက မဟာမိတ်များ အဖြစ် ဖွဲ့စည်းခဲ့သည်။
ဦးခွန်ဆိုင်းက “ဒီတခါ စစ်ပွဲ ဖြစ်ရင်တော့ ပိုပြင်းထန် လာနိုင်တယ်။ မိုင်းလားအဖွဲ့ကို တိုက်ရင်းနဲ့ ဝ' တွေကို ပိတ်ညှပ်မယ့် သဘောရှိတယ်” ဟု ပြောသည်။
နအဖ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဒေါက်တာတူးဂျာ အပါအဝင် KIO ခေါင်းဆောင်တချို့ အဖွဲ့မှ နုတ်ထွက် ခဲ့သော်လည်း၊ KIO က စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကို လက်မခံဘဲ ကချင်လူမျိုးကို ကိုယ်စားပြုမည့် ကချင်ဒေသလုံခြုံရေးတပ် KRGF ကို ဖွဲ့စည်းရန် ရည်ရွယ်ထားသည်။
“ကချင်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ သံလွင်အနောက်မှာ ဒုက္ခသည်စခန်း ဆောက်နေတော့ ဒီဘက်ခြမ်းက ဝ' ၊ ကိုးကန့်-တရုတ်တွေနဲ့ အခါတွေ ထွက်ပြေးလာရင် အဆင်သင့် ခိုနိုင်အောင်လို့ ဆောက်နေတယ်လို့ ယူဆတယ်” ဟု KNG အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။
ဆောက်လုပ်နေသည့် ဒုက္ခသည်စခန်း ၃ ခုကို ပလပ်စတစ် အထူစားဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး၊ စခန်းတခုလျှင် ဒုက္ခသည် ၃၀၀၀ မှ ၆၀၀၀ အထိ လက်ခံနိုင်မည့် အဆောက်အဦးများ ဖြစ်ကြောင်း KNG က ဆိုသည်။
ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ အတွင်း စစ်တပ်က ထိုးစစ်ဆင်သဖြင့် မြန်မာ ဘက်မှ ကိုးကန့် စစ်ပြေးဒုက္ခသည် ၃၀၀၀၀ ခန့် တရုတ်နယ်စပ် ဒေသတွင်း ထွက်ပြေး ခိုလှုံခဲ့ကြရသည်။
စစ်အစိုးရထုတ် သတင်းစာများက လောက်ကိုင်ဒေသ ပုံမှန်အခြေအနေ ရောက်သွားပြီဟု ပြောဆိုနေသော်လည်း စခန်းများမှ ပြန်လည်ရောက်ရှိလာသူများ မရှိသလောက် နည်းပါးကြောင်း တရုတ်နယ်စပ်တွင် ရောက်ရှိနေသည့် ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။
သူက “အိမ်ပြန်တယ် ဆိုတာက အိမ်ကို သွားကြည့်ကြတာ။ တယောက်၊ နှစ်ယောက် ပြန်ကြတာ။ ပြီးတော့ ပြန်လာကြတယ်။ ကြောက်နေကြတုန်းပဲ။ ဘယ်သူမှ မနေရဲကြဘူး” ဟု ပြောသည်။
သို့သော် တရုတ်နယ်စပ်တွင် ခိုလှုံနေကြသည့် ကိုးကန့်-တရုတ် လူမျိုးများ အနေဖြင့် လာမည့်လ လဆန်းပိုင်းတွင် နေရပ်သို့ ပြန်ကြရန် စီစဉ်နေကြောင်း သိရသည်။
“တရုတ် တည်ထောင်တဲ့ နှစ် ၆၀ ပြည့်နဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်အပြီး ၇ ရက် နောက်ပိုင်းမှ ပြန်လာကြမယ်လို့ သိရတယ်” ဟု တရုတ်နိုင်ငံ နယ်စပ်မြို့ ရွှေလီတွင် နေထိုင်သူ မြန်မာကုန်သည် ဦးစိုင်းအိုက်မောင်းက ပြောသည်။
ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်က တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Posted by
ဆုံဆည်းရာ
at
10:50 PM
0
comments
Labels: သတင်း
တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၈ ရက် ၂၀၀၉
မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်ရှိ အပစ်ခတ်ရပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် သက်ဆိုင်ရာ နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက နှိုးဆော်ထားသည်။
အပစ်ခတ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသအတွင်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ကိုင်နေကြ သူများနှင့် လောင်းကစားလုပ်ကြသူများအားလုံး ပြန်လာကြရန် အပစ်ခတ်ရပ်အဖွဲ့များမှတဆင့် တရုတ်အာဏာပိုင်များက ယခုလ (၂၅) ရက်တွင် နှိုးဆော်ထားသည်ဟု ကိုးကန့်ဒေသရှိ ချင်းရွှေဟော်မြို့မှ ကုန်သည်တဦးက ပြောသည်။
၎င်းက “ဘာလက်မှတ်မှမရှိဘဲ နေနေကြတဲ့ တရုတ်တွေကို ပြန်ခိုင်းနေတာ။ လက်မှတ်တွေ ဂိတ်မှာလုပ်ခဲ့ပြီး ပြန်ဝင်လို့တော့ ရတယ်။ ဒီဘက်ထဲမှာရှိနေတဲ့ သူတို့တရုတ်တွေကို ပြန်ပြီးစာရင်းကောက်ချင်တဲ့ သဘောနဲ့တူတယ်။ (၁၅) ရက်စာ နေထိုင်ခွင့်ပဲ ပေးတယ်။ ဈေးဆိုင်လာဖွင့်တဲ့သူတို့၊ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတို့ အားလုံး (၁၅) ရက်တခါ တရုတ်ဂိတ်တွေမှာ နယ်စပ် ဖြတ်ကျော် လက်မှတ်လုပ်ရမယ်။ ပြီးရင် ဒီဘက်ကို ပြန်ဝင်ပေါ့” ဟု ပြောသည်။
တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်ထွက်သွားလာမှုအပေါ် နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက ဝင်ထွက်ခွင့် လက်မှတ်ကို အစောပိုင်းကာလများကဲ့သို့ အလွယ်တကူ ထုတ်မပေးတော့ဘဲ တင်းကျပ်မှုများရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း ရှိနေကြသည့် တရုတ်နိုင်ငံသားများနှင့် ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းနှင့် မိုင်းမောမြို့အပါအဝင် ဒေသအတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့်လည်း အလားတူ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ရယူပြီးမှသာ နေထိုင်ခွင့်ရှိသည်ဟု အဆိုပါဒေသအတွင်းရှိ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်တွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။
၂ဝဝဝ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လီနင်မင် ဦးဆောင်သည့် မုံးကိုးကာကွယ်ရေး တပ်ဖွဲ့တွင် ကြေးစားစစ်သားအဖြစ် ဝင်ရောက်လုပ်ခဲ့ကြသူများ အပါအဝင် တရုတ်နိုင်ငံသား အနည်းဆုံး (၅ဝ) ထက်မနည်း သေဆုံးခဲ့သည်ဟု မုံးကိုးတပ်ဖွဲ့ အာဏာသိမ်းအရေးအခင်းကို စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားကြသည်။
တရုတ်အာဏာပိုင်များက တိုက်ပွဲများ တစုံတရာဖြစ်လျှင် တရုတ်နိုင်ငံသားများ တိုက်ပွဲဖြစ်ရာဒေသအတွင်း မည်ရွေ့မည်မျှ ရှိနေသည်သို သိရှိနိုင်ရန် ယခုကဲ့သို့ ကြိုတင်စာရင်းပြုစုချင်သကဲ့သို့ အပစ်ခတ်ရပ်အဖွဲ့နယ်မြေထဲ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားချင်ပုံရကြောင်း တရုတ်-မြန်မာနယ်စပ် အကဲခတ်များက ယူဆနေကြသည်။
Posted by
ဆုံဆည်းရာ
at
10:49 PM
0
comments
Labels: သတင်း
ရွေးကောက်ပွဲဥပဒေအပေါ် တည်ပြီး NLD ရွေးကောက်ပွဲ ၀င်မ၀င်ဆုံးဖြတ်မည်
ဗွီအိုအေ၊ စက်တင်ဘာလ ၂၇ ရက် ၂၀၀၉
ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ ဖြတ်သန်းရမယ့် အခြေအနေဖြစ်ပေမဲ့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မ၀င်ဆိုတာကိုတော့ ရွေးကောက်ပွဲ ဥပဒေအပေါ် အခြေခံပြီး စဉ်စားသွားမယ်လို့ မြန်မာနိုင်ငံအတွင်းက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီအဖွဲ့အစည်း တည်ထောင်ခဲ့တာ ၂၁ပြည့် အထိမ်းအမှတ် အခန်းအနားတရပ်ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ချုပ်ချုပ်မှာ ဒီနေ့ကျင်းပတာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတို့ကို လွှတ်ပေးဖို့ အဖွဲ့ချုပ်က တောင်းဆိုခဲ့ပါတယ်။
အကြောင်းစုံကို ဒေါ်အေးအေးမာက တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ၂၁ နှစ်ကာလကြာခဲ့ပေမဲ့ အချိန်အတော်များများ ပါတီ လုပ်ငန်းတွေ၊ ပါတီရုံးတွေ ကန့်သတ်ခံခဲ့ရပြီး ပါတီခေါင်းဆောင်တွေနဲ့ အဖွဲဝင် အတော်များများဟာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောပြသွားတာကတော့
“ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကို လိုလားတယ်ဆိုရင် ဖြတ်သန်းရမယ့် မုဒ်ဦးတခု ဖြစ်တယ်ဆိုတာ NLD က လက်ခံတယ်။ NLDဟာ ပြည်သူ့အကျိုးကို ဘယ်တော့မှ သွေဖီသွားမှာ မဟုတ်ဘူး။ ဘယ်တော့မှ သစ္စာဖောက် ကျောခိုင်းသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့က ရပ်တည်ချက်တွေနဲ့ တင်ပြထားတာ ရှိတယ်။ ၁။ ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီနဲ့ အချက်အလက်တွေကို တွေ့ဆုံညှိနှိုင်းပြီးတော့ ပြင်ဆင်သွားရအောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက် မရှိပြန်လွှတ်ပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာက ယုံကြည်လေးစား လက်ခံနိုင်လောက်တဲ့ အသိအမှတ်ပြုခြင်းခံရလောက်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ပြင်ဆင်ပေးပါ။ နိုင်ငံတကာက လာရောက်ဆုံးဖြတ် ကြည့်ရှုပါဝင်ကူညီမှုတွေကို ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့က စဉ်းစားမယ်။”
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာပြီ ဆိုရင်တော့ NLDဟာ တင်ပြထားတဲ့ အချက်တွေကို လိုက်လျောမယ်ဆိုရင် ရွေးကောက်ပွဲကို ၀င်သင့် မ၀င်သင့်ဆိုတာကို တရားဝင် အသိပေးမယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲ ဥပဒေတို့ ထွက်လာရင် အဲဒါတွေကို သုံးသပ်ပြီးတော့ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်မ၀င် ကြေညာမယ်။ စောစောက တင်ပြချက်တွေကို ခွင့်ပြုမယ်ဆိုရင်ဖြင့် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်တယ်။ ”
အခုလို အရေးကြီးတဲ့ ကာလမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံခေါ်ပြီး အောက်ခြေမြို့နယ်ထု နဲ့ ထိတွေ့ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို တောင်းဆိုထားတာလည်း ရှိပါတယ်။
“နိုင်ငံရေးပါတီတဲ့ NLDဟာ မြို့နယ်၊ တိုင်း ရုံးတွေကို ပိတ်ခံထားရတာလည်း ၆နှစ်ကျော်ကျော် ကြာပြီ။ ဘာဥပဒေ အကြောင်းပြချက်မှ မရှိဘဲနဲ့ ချိတ်ပိတ်ခံထားရတာ ဖြစ်တဲ့အတွက် မြို့နယ် ရုံးတွေ၊ တိုင်းရုံးတွေဟာ လုံးဝ လှုပ်ရှားခွင့်မရှိဘူး၊ အစည်းအဝေးတောင် လုပ်ခွင့်မရှိဘူး။”
ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် နှစ်ပတ်လည်နေ့ပွဲကို လုံခြုံရေး တင်းကျပ်စွာ ချထားတဲ့ကြားကပဲ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာသံရုံးတွေက သံတမန်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက အဖွဲ့ချုပ်ဝင်တွေ လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း အဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်နေ့ပွဲတွေကို လုပ်တဲ့အခါ မြို့နယ်တိုင်းမှာ စောင့်ကြပ် ကြည့်ရှုတာတွေ၊ ဓာတ်ပုံ၊ဗွီဒီယို ရိုက်ကူးတာတွေကို အာဏာပိုင်တွေ လုပ်တာ ခံခဲ့ရကြောင်း တနင်္သာရီတိုင်း ကော့သောင်းနဲ့ မြိတ်မြို့ အဖွဲ့ချုပ်ဝင်တွေက ပြောပြပါတယ်။
Posted by
soneseayar
at
2:50 AM
0
comments
Labels: သတင်း
Sunday, September 27, 2009
သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ်
စစ်အစိုးရ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့ (26.9.09) စနေနေ့ နံနက်တွင် ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌
ကျောင်းသားလူငယ်များမှ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့် အထိမ်းအမှတ်အဖြစ်
လမ်းမများပေါ်တွင် ဆေးနီများလိုက်လံပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့် အခြားတော်လှန်ရေးအင်အားစုများ
ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ........
သံဃာများသွေးမြေကျခဲ့ရခြင်းကိုမြန်မာတနိုင်ငံလုံးကမမေ့သေးကြောင်းန.အ.ဖစစ်အစိုးရအားသတိပေးခြင်း
နှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန်အသိပေးခြင်းဖြစ်ကြောင်း (၂၀၀၇)မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။
လှုပ်ရှားမှုကိုလသာ၊ကျောက်တံတား၊ဗိုလ်တထောင်၊သာကေတ၊ဒေါပုံ၊တာမွေ၊ကျောင်မြောင်း၊မင်္ဂလာတောင်ညွန့်၊
တောင်ဥက္ကလာ၊မြောက်ဥက္ကလာ မြို့နယ်များ၏အဓိကလမ်းမကြီးများနှင့်ကားမှတ်တိုင်များတွင်ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အဆိုပါအင်အားစုများက ရန်ကုန်တိုင်းသန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီကျောင်း
စာသင်တိုက်များသို့ သံဃာ့ သမဂ္ဂီ၏ကံဆောင်ပွဲကြေငြာချက်များကိုဖြန့်ချီခဲ့ကြောင်းလည်းသိရသည်။
ဆက်လက်၍လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း
အဆိုပါအဖွဲ့ မှ(၂၀၀၇)မျိုးဆက်ကျောင်းသားတဦးမှပြောကြားခဲ့ သည်။
ဒီ source အတွက် ကိုသားဆွေ ကို ကျေးဇူးပါ။
Posted by
nanda
at
6:22 PM
1 comments
Labels: သတင်း
Saturday, September 26, 2009
အ စက်ဝိုင်း(အစက်ဝိုင်း)
ဂိတ်ဆုံးနေတဲ့သံသရာ တကောင်ပါ
အတိတ်ကို စိတ်နဲ့  ပြန်ပြန်ပတ်တယ်
ဘာအရိပ်မှ မထင်ဘူး
အနာဂတ်ကို ဗလာဘ၀နဲ့ ကြမ္မာဖတ်တယ်
ဘာအတိတ်မှ မမြင်ဘူး
နေအတက်မှာ ရှည်ထွက်လာတဲ့ ရှင်သန်နေတာတွေကိုတွေ့ တယ်
နေစောင်းလုတာနဲ့ သေကြောင်းဆုပန်တဲ့ ဥာဏ်ပညာတွေကို မြင်တယ်
မြင်/တွေ့ သမျှဟာ
သံသရာမီးပျက်မှတော့ ဦးနှောက်မီးပျက်ပြီပေါ့ကွာ
မျက်လုံးဟာ ဆက်သုံးလို့မရတော့ဘူး...အလင်းရေ...
ရပ်လို့ မရတဲ့သံသရာ တကောင်ပါ။။။
သုအိုင်စံ
Posted by
nanda
at
4:58 PM
1 comments
Labels: ကဗျာ
Wednesday, September 23, 2009
လွတ်မြောက်လာသူများက ဆိုးဝါးသော ထောင်တွင်း အခြေအနေများကို ထုတ်ဖော်
ဧရာဝတီ၊ စက်တင်ဘာလ ၂၂ ရက် ၂၀၀၉
မြန်မာနိုင်ငံတဝန်းရှိ စစ်အစိုးရ အကျဉ်းထောင် များအတွင်း နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်းနှင့် အစားအစာ ချို့တဲ့ခြင်းများကြောင့် ကျန်းမာရေး ဆိုးဝါးမှုများရှိကြောင်း မကြာသေးခင်က ပြန်လည် လွတ်မြောက်လာသော အကျဉ်းသားများက ပြောသည်။
ထောင်တွင်းတွင် ကျန်းမာရေး အခက်အခဲရှိလျှင် အရေး ပေါ်လူနာများ အနေဖြင့် ထောင်ပြင်ပရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသရပြီး တခါတရံတွင် အာဏာပိုင်များက ခွင့်မပြုသောကြောင့် အသက်ဆုံးရှုံးရသော အကျဉ်းသားများပင် ရှိကြောင်း မကြာသေးခင်က သာယာဝတီ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ကိုအောင်ထွန်းက ပြောသည်။
“တကယ့်အရေးပေါ်ကိစ္စ ညပိုင်းမှာ ပေါ်လာရင်တော့ဗျာ၊သူတို့ကလည်းခွင့်မပြုတော့ မကုနိုင်လို့ တိမ်းပါးသွား တဲ့သူတွေ မနည်းဘူး၊ ကျန်းမာရေးစောင့်ရှောက်မှုကတော့ ကျနော်ရောက်တဲ့အချိန်က စပြီး၊ ပြန်ထွက်တဲ့ အချိန်အထိ ထောင်မှာ ဆရာဝန်မရှိဘူး၊ ဆေးမှူးအဆင့်ရှိတဲ့ သူပဲရှိတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူး၊ ဆေးဝါးမလုံလောက်ဘူး” ဟု ၎င်းကပြောပြသည်။
ကိုအောင်ထွန်းသည် “မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း” စာအုပ် ရေးသားပြုစုသည့်အတွက် ၁၉၉၈ ခုနှစ်တွင် စစ် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။
ထို့အတူ သရက်ထောင်တွင်လည်း အစားအသောက်ချို့တဲ့ခြင်း၊ ဆေးဝါးမပြည့်စုံခြင်း၊ ဆေးကုသခွင့်မရခြင်း၊ အဓမ္မအလုပ် စေခိုင်းခြင်းများ ကြုံခဲ့ရပြီး အင်းစိန်ထောင်တွင် ရှိစဉ်ကလည်း ခုခံအားကျရောဂါဖြင့် သေဆုံးသူ အကျဉ်းသားများကို တွေ့ခဲ့ ရသည်ဟု သရက်ထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ကိုထွန်းထွန်ငြိမ်းကလည်း ဆိုသည်။
“ဆေးမရှိဘူး။ ဆရာဝန်ကလည်း ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး”ဟု ၎င်းကပြောသည်။
အဆိုပါ သရက်ထောင်တွင် သံတွဲထောင်မှ ရွှေ့ပြောင်းလိုက်သော အစာရေပြွန်ရောဂါဝေဒနာရှင် ၈၇ နှစ်အရွယ်တောင် ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ခိုင်ကို သရက်ထောင် ရင်ခွဲရုံတွင် တဦး တည်းထားရှိပြီး၊ ရွှေဝါရောင်တော်လှန်ရေးကာလ ဖမ်းဆီးခံခဲ့ရသော မနီလာသိန်း၊ ပခုက္ကူမှ ဦးသန့်ရှင်း၊ သာယာဝတီမှ ကိုဂျော်လီထွန်း၊ ဘိုကလေးမှ ဦးအောင်ခင်ဘို နှင့် ကိုစိန်အေး၊ တောင်ကုတ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခိုင် တို့အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးလည်း သရက်ထောင်တွင်ရှိနေသေးသည်ဟု သိရသည်။
လက်ရှိ အကျဉ်းထောင်များတွင် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေမှာ အင်မတန်ဆိုးရွားနေ၍ မကြာသေးခင်က ပြန်လွတ်လာသော နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိမ်းသည်လည်း ထောင်တွင်းကျန်းမာရေးအခြေအနေ ဆိုးဝါးမှု ကြောင့် လမ်းမလျှောက်နိုင်ကြောင်း သိရသည်။
မန္တလေးအိုးဘိုထောင်တွင်လည်း အကျဉ်းသားများသည် အစားအသောက်ချို့တဲ့မှုများ ရှိနေကြပြီး ထောင်ဝင်စာ နှင့် ပြင်ပ အလှူရှင်များ ၏ လှူဒါန်းမှုများကိုသာ အားထားနေရကြောင်း၊ ထောင်အာဏာပိုင်များ ကလည်း ငွေကြေးတတ်နိုင်သူများ ကိုသာ အခွင့်အရေးပေးကြောင်း ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသား ကိုဘိုဘို က ပြောသည်။
ကိုဘိုဘို ( ခ ) ကိုမျိုးကျော်သူသည် ယခင်က (ABSDF -မြောက်ပိုင်း) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့၌ အဖမ်းခံခဲ့ရပြီး မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တသက်တကျွန်းကျခံခဲ့ရသူဖြစ်ကြောင်း သိရသည်။
“ကျနော်ထောင်တသက်ကျတော့ ကျနော့်မိန်းမက ထောင်ထဲမှာ လာပြီးတော့ ကွာရှင်းခွင့်တောင်းတယ်၊ အခုတော့ သားလေးတယောက်ကျန်ခဲ့တယ်”ဟု ကိုဘိုဘိုက ဧရာဝတီသို့ ပြောပြသည်။
မန္တလေးအိုးဘိုထောင်မှ ကိုရန်နိုင်မင်း၊ ကိုစိန်လင်း၊ ကိုစိုးမိုးနိုင်၊ မဇင်မာအောင်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောကြာဦး နှင့် မကေသီအောင်တို့ပါဝင်ပြီး၊ သာယာဝတီထောင်မှ ဦးသောင်းဝင်းဗိုလ်၊ ဦးဘချစ်နှင့် ကေအန်ယူမှ ကိုရွှေသားတို့ပါဝင်ပြီး၊သရက်ထောင်မှမကွေးတိုင်း အန်အယ်လ်ဒီ ဥက္ကဌ ဦးမြင့်ဦး၊ ကိုရန်အောင်ရွှေ၊ ဦးသာချို (ရေနံချောင်း)၊ နတ်မောက်မှ ကိုဌေးဝင်း၊ ချောက်မှ ကိုထွန်းထွန်းငြိမ်းတို့အပြင် ၁၉၉၉ ခုနှစ် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး စီးနင်းမှုဖြင့် စွဲချက်တင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုခိုင်ကောင်းစံနှင့် ကေအန်ယူမှ ကိုတောကြည်တို့ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။
စစ်အစိုးရက ပြီခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စတင်ပြီးအကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင်ပြုမည်ဟု ကြေညာခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP )က နိုင်ငံရေးအကျဉ်းသား ၁၂၇ ဦး လွတ်မြောက်လာခဲ့သည်ဟု ထုတ်ပြန်ထားသည်။
AAPP ၏ စာရင်းအရ ၂၀၀၄ခုနှစ်တွင် အကျဉ်းသား ၁၄၃၁၈ ဦးတွင် ၊ နိုင်ငံရေးအကျဉ်းသား ၆၀ဦး၊၂၀၀၅ခုနှစ်တွင် အကျဉ်းသား ၄၀၀ဦးတွင် နိုင်ငံရေးအကျဉ်းသား ၃၄၁ဦး၊ ၂၀၀၇ခုနှစ်တွင် အကျဉ်းသား ၈၅၈၅ ဦးတွင် နိုင်ငံရေးအကျဉ်း သား ၂၀ဦး ၊ ၂၀၀၈ခုနှစ်တွင် အကျဉ်းသား ၉၀၀၂ဦးတွင် နိုင်ငံရေး အကျဉ်းသား ၉ဦးပါဝင်ပြီး၊ ယခု ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလက အကျဉ်းသား ၆၃၁၃ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ဦးသာ လွတ်မြောက်ခဲ့သည်ဟု သိရသည်။
Posted by
soneseayar
at
5:27 PM
1 comments
Labels: သတင်း
၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၃ ရက် ၂၀၀၉
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ပြည်တွင်းသတင်းဂျာနယ်အသီးသီးမှ သတင်းထောက်များ၊ အယ်ဒီတာများအား အဆင့်မြင့်သတင်းစာပညာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အဆင့်မြင့်သတင်းစာပညာသင်တန်းဖြစ်ပြီး လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်ကြားပေးသော သင်တန်းဖြစ်ကြောင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ဒီသင်တန်းက အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ ပါတီတွေကို အင်တာဗျူးလုပ်မယ့်ပုံစံတွေကို သင်နေတာ။ မြန်မာနိုင်ငံသတင်းထောက်တွေက ရွေးကောက်ပွဲအတွက် ပါတီအသီးသီးကိုမေးမြန်းဖို့ မတတ်တာသေချာတယ်။ သူတို့မှာ အတွေ့အကြုံမရှိဘူးလေ။ အခုလို သင်တန်းမှာ ဒီကိစ္စတွေကို သင်ပေးတာ အရမ်းကောင်းတယ်” ဟု ပြောသည်။
ယခု သင်တန်းအား အမေရိကန်နိုင်ငံသား သတင်းစာဆရာ Dr. Doug Cosper က သင်ကြားပေးမည်ဟု သိရသည်။
၎င်းသည် စာပေနှင့်စာနယ်ဇင်းက ကြီးမှူးဖွင့်လှစ်သော သတင်းစာသင်တန်း ၁/၂၀၀၉ နှင့် ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့သော သတင်းစာသင်တန်း ၂/၂၀၀၉ တို့တွင် စတင်သင်ကြားခဲ့သူဖြစ်သည်။
ဝါရင့်သတင်းစာဆရာတဦးက “အခုလို အဆင့်မြင့်သင်တန်း ပို့ချခွင့်ကို ပေးတာဟာ မြန်မာနိုင်ငံသတင်းလောကအတွက် အင်မတန်မှ တန်ဖိုးရှိတယ်။ သင်တန်းတက်တဲ့သူတွေဆီက ကျနော်တို့ပြန်ကြားရတာက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်တာလို့ သိရတယ်။ ဒါဟာ အားရစရာတခုပါ။ ဘာလို့လည်းဆိုတော့ ပွဲမ၀င်ခင် အပြင်မှာ ကျင်းပပေးနေတာမျိုး ဖြစ်နေလို့ပါပဲ” ဟု ပြောသည်။
အဆိုပါ အဆင့်မြင့်သတင်းစာသင်တန်းတွင် သင်တန်းသားဦးရေ (၂၅) ဦး တက်ရောက်ခွင့်ရပြီး ၎င်းတို့သည် စာနယ်ဇင်းသင်တန်း အမှတ်စဉ် (၁)နှင့် (၂) တို့မှ သင်တန်းသား စုစုပေါင်း (၈၀) ခန့်မှ ရွေးချယ်ထားသူများဖြစ်ကြောင်း သိရသည်။
သင်တန်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၁) ရက်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သင်တန်းကာလမှာ (၁၀) ရက်ကြာမြင့်မည်ဟု သိရသည်။
Posted by
soneseayar
at
5:27 PM
0
comments
Labels: သတင်း
ရန်ကုန်-မန္တလေး မဟာဗျူဟာ အမြန်လမ်းမကြီး မပြီးဆုံးခင် လမ်းအစိတ်အပိုင်းအချို့ စတင်ပျက်စီး
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၃ ရက် ၂၀၀၉
ရန်ကုန်- မန္တလေးသို့ (၁၀) နာရီနှင့်အရောက်သွားနိုင်မည့် နှစ်ထပ်ကွန်ကရစ် အမြန်လမ်းမကြီး ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းခွင်မပြီးစီးမီ ဖောက်လုပ်ပြီးလမ်းနှင့် တံတားအစိတ်အပိုင်းအချို့ ပြန်လည်ပြုပြင် ဖာထေးနေရသည်။
အထူးသဖြင့် အနောက်ရိုးမနှင့်ကပ်နေသော ညောင်လေးပင်၊ ဖြူး၊ တောင်ငူ လမ်းပိုင်းရှိ တည်ဆောက်ပြီး တံတားအချို့၏ ချဉ်းကပ်လမ်းများ ပဲ့ကျပြီး ရေကြောင်းထိန်း မြေထိန်းနံရံများ အက်ကွဲကာ နေပြည်တော်အ၀င် လမ်းအစိတ်အပိုင်းအချို့ ပြန်လည်ပြုပြင်နေရသည်ဟု ဒေသခံပြည်သူတို့က ပြောသည်။
အဆိုပါဒေသများတွင် မိုးရာသီ၌ တောင်ကျရေများသည့်အတွက် မြေသားလမ်းကျွံခြင်း၊ တံတားရေပြွန်ပေါက်များ ရေပေါက်မပွင့်ခြင်းတို့ ရှိသည့်အပြင် လမ်းတံတားများ ဆောက်လုပ်ရာ၌ ခံနိုင်ရည်ရှိ-မရှိ သုံးသပ်ခြင်း၊ စံချိန်စံညွှန်းကိုက်ညီမှု စစ်ဆေးခြင်းတို့ အားနည်းသည့်အတွက် တည်ဆောက်ပြီးစအချိန်တွင်ပင် ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်ကြောင်း မြို့ခံအင်ဂျင်နီယာများက သုံးသပ်သည်။
ဖြူးမြို့နယ်အပိုင်းတွင် အရှည်ဆုံး (၉) ပေခန့်သာရှိသည့် ကတက်မြှောင်တံတား၊ ဇဟားတံတား၊ ကျွဲမကူးတံတား၊ ဖြူးလက်ဝဲတူးမြောင်း၊ ဖြူးလက်ယာတူးမြောင်း အပါအ၀င် လမ်းကြောတလျှောက် တံတားအတော်များများ စတင်ပျက်စီးစပြုနေပြီဖြစ်သည်။
ပေ (၅၀၀) ကျော်ရှည်လျားသည့် ဖြူးချောင်းတံတား၊ ဆွာချောင်းတံတား၊ ခပေါင်းချောင်းတံတားတို့၏ မြေထိန်းနံရံ အစိတ်အပိုင်းအချို့လည်း အက်ကြောင်းများ ဖြစ်ပေါ်နေသည်ဟု ဒေသခံမျက်မြင်များက ပြောသည်။
အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စစ်ထောက်ချုပ်ရုံး၏ စီစဉ်ညွှန်ကြားမှုဖြင့် လမ်းပိုင်းနှင့်တံတားပိုင်း (၂) ပိုင်းခွဲကာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး တာဝန်ခံများက တည်ဆောက်နေခြင်းဖြစ်သည်။
လမ်းပိုင်းတည်ဆောက်ရာတွင် တောင်နံရံများကို ဖြိုချပြီး မြေသားများကို လမ်းအူကြောင်း၌ဖို့ကာ အောက်ခံမြေသားမာစေရန် လမ်းကြိတ်စက်ဖြင့် အထပ်ထပ်ဖိနင်းပြီးနောက် မြေသားကျစ်သွားပါက အသင့်ဖျော်ပြီး ကွန်ကရစ်များ လမ်းအူကြောင်းပေါ် သွန်ချခြင်းဖြင့် ပထမအဆင့် ကွန်ကရစ်ထု (၁) ပေ၊ ဒုတိယအဆင့် (၈) လက်မထုဖြင့် လမ်းကို ဖြန့်ခင်းထားခြင်းဖြစ်သည်။
ထိုသို့ လမ်းခင်းရာတွင် မိုးတွင်း၌ သဲချောင်းငယ်များကြောင့် မြေသားအချို့ နိမ့်ဝင်သွားခဲ့သဖြင့် ယခုကဲ့သို့ ခရီးသွားယာဉ်များ စတင်အသုံးပြုချိန်၌ လမ်းကျွံမှုများဖြစ်ပေါ်လာပြီး နိမ့်ကျကျွံဝင်သွားသည့် ကွန်ကရစ်လမ်းသားများကို လမ်းသားအသစ်များ ပြန်ခင်းနေရခြင်းဖြစ်သည်။
ယင်းကဲ့သို့ အငယ်စားပြင်ဆင်မှုများကို ရန်ကုန်-နေပြည်တော် လမ်းကြောတလျှောက် နေရာအတော်များများ၌ တွေ့နေရသည်ဟု ခရီးသည်များက ပြောသည်။
ရန်ကုန်-မန္တလေး မဟာဗျူဟာလမ်းမကြီး၏ တံတားပိုင်း တည်ဆောက်မှုကိုမူ တာဝန်ခံတဦးစီဖြင့် အုပ်ချုပ်စေသောကြောင့် ထိုတာဝန်ခံများက တောင်ဖြိုဖျက်ရာမှရရှိသည့် ကျောက်ရောမြေများကို စစ်ဆေးဆန်ခါချခြင်းမပြုဘဲ ဘိလပ်မြေ၊ ထုံးတို့ဖြင့် ရောစပ်ကာ ကွန်ကရစ်သား ပြုလုပ်ခဲ့ကြသည်ဟု တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် ၀န်ထမ်းများထံမှ သိရသည်။
တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ၀န်ထမ်းတဦးက “ကန်ထရိုက်တွေရဲ့ဝိသမလောဘကြောင့် အခုလို လမ်းအသုံးပြုစမှာတောင် တံတားရဲ့ မြေထိန်းနံရံတွေ အက်ကြောင်းထနေတာဖြစ်တယ်” ဟု ပြောသည်။
ကတက်မြှောင်ကျေးရွာမှ ဖြူးလက်ဝဲတူးမြောင်းအထိ (၇) မိုင်ခန့်အတွင်း တံတား (၅) စင်းနှင့် ရေပြွန်ပေါက် (၁) ခုအတွက် နိုင်ငံတော်မှ ကျခံသုံးစွဲငွေ သိန်းပေါင်း (၁) သောင်းကျော် ရှိသည်ဟု သိရသည်။
စစ်မြေပြင်အင်ဂျင်နီယာတပ် (GE) တပ်ကြပ်ကြီးအဆင့်ရှိသူ တံတားပိုင်း တာဝန်ခံသည် သိန်း (၅,၀၀၀) ခန့် အကျိုးအမြတ် ရှိနိုင်သည်ဟု အဆိုပါတံတားများ တည်ဆောက်စဉ်က ငွေစာရင်းအဖွဲ့တွင်ပါဝင်သူ ၀န်ထမ်းတဦးက ပြောသည်။
ရန်ကုန်- မန္တလေး လမ်းမကြီးသည် ခုံးတံတား အဆင်းအတက်များတွင်သာ ချဉ်းကပ်လမ်းအပါအ၀င် (၈) လမ်းသွားဖြစ်ပြီး ကျန်လမ်းကြောမှာ တဖက် (၂) လမ်းပါ (၄) လမ်းသွားဖြစ်သည်။ ထောက်ကြံ့အနီး အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်အထိ ကွန်ကရစ်သား ခင်းပြီးဖြစ်ကာ နေပြည်တော်မှ မိတ္ထီလာ၊ မြစ်သားအထိ လမ်းပိုင်းမှာမူ မြေသားအဆင့်သာ ရှိသေးသည်။
နိုင်ငံတ၀န်း ၁၉၈၈ ခုနှစ်တွင် လမ်းမိုင်အရှည် (၁၃,၆၃၅) မိုင်ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် မေလတွင် လမ်းအရှည်စုစုပေါင်း (၁၉,၉၉၉) မိုင် (၁) ဖာလုံရှိလာသဖြင့် (၆,၃၆၄) မိုင် (၁) ဖာလုံ တိုးတက်လာခဲ့သည်ဟု စက်တင်ဘာ (၂၀) ရက်ထုတ် နအဖသတင်းစာများတွင် ဖော်ပြသည်။
ထိုသို့ ကြီးမားသောတည်ဆောက်ရေးလုပ်ငန်းများကို တွန်း၍လုပ်နေသော်လည်း ၎င်းတို့ကို ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက်မထားရှိခြင်းသည် မြန်မာနိုင်ငံအစိုးရအဆက်ဆက်၏ အားနည်းချက်ဖြစ်သည်ဟု အငြိမ်းစား စီမံကိန်းအရာရှိတဦးက သုံးသပ်သည်။
Posted by
soneseayar
at
5:25 PM
0
comments
Labels: သတင်း
ဝတပ်ဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် တွေ့ဆုံမည့်အစီစဉ် နအဖဘက်က ရွှေ့ဆိုင်းထား
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၃ ရက် ၂၀၀၉
ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ခေါင်းဆောင်များနှင့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယခုလ ဒုတိယပတ်အတွင်း ဝတပ်ဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးမည့်အစီစဉ်ကို နအဖဘက်မှ ရွှေ့ဆိုင်းထားသည်။
အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအတွက် တာဝန်ယူထားသည့် စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဝခေါင်းဆောင်များအကြား ယနေ့အချိန်အထိ မတွေ့ဆုံနိုင်ဘဲ ဖြစ်နေသည်ဟု ပန်ဆန်းမြို့ရှိ ဝအရာရှိတဦးက ပြောသည်။
၎င်းက “ဗိုလ်ချုပ် ရဲမြင့် ဒီကိုရောက်မလာပါဘူး။ ကျနော်တို့ခေါင်းဆောင်တွေနဲ့ မတွေ့ဖြစ်သေးပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေကတော့ တွေ့မှာပါ၊ သူတို့ဘက်က အဆင်သင့် မဖြစ်တာလို့ ယူဆစရာပေါ့လေ။ ဘယ်နေ့ကို တွေ့မယ် ဆိုတာတော့ ကျနော်တို့လည်း မသိသေးပါဘူး။ အစောပိုင်းကတော့ တွေ့မယ်ဆိုပြီး အကြောင်းကြားထားပါတယ်။ အဲဒါ ရောက်မလာတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁)၊ ကိုးကန့်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေးအခင်းများ နောက်ပိုင်း ဝတပ်ဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်မှ အင်အားဖြည့်တင်း တပ်ချမှုများ လုပ်ခဲ့ပြီးနောက် ဒေသအတွင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့သည်။
ထို့အပြင် ဒေသအတွင်း လာရောက်စီးပွားရှာ အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသားများကို ဝတပ်ဖွဲ့က နှင်ထုတ်မှုများကြောင့် နှစ်ဘက်အကြား စစ်ရေးတင်းမာမှုရှိနေချိန်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသ အာဏာပိုင်များပါ ပါဝင်မည့်ဆွေးနွေးပွဲတခု ဖြစ်လာမည်ဟု အစောပိုင်းသတင်းများ ပေါ်ထွက်လာခဲ့သော်လည်း ယနေ့အထိ အကောင်အထည်မပေါ်သေးပေ။
“အချို့ကုန်သည်တွေလည်း ပြန်လာကြပါပြီ။ အခြေအနေက နည်းနည်းအေးသလိုတော့ ဖြစ်သွားပြီ။ ဒါပေမယ့် စစ်ရေးသတိတော့ အမြဲတမ်းရှိထားရမှာပေါ့လေ။ ကျူးကျော်လာမယ်၊ ရန်စလာမယ်ဆိုရင်တော့ ကျနော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရမှာပေါ့” ဟု အဆိုပါ ဝအရာရှိက ပြောသည်။
ဝဒေသမြောက်ပိုင်း ဝတပ်ဖွဲ့ထိန်းချုပ်ရာဒေသများနှင့် နယ်မြေတဆက်တစပ်တည်းဖြစ်သည့် ဟိုပန်မြို့နယ်အတွင်းရှိ နအဖတပ်စခန်းများတွင် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၆) ရင်းနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကွမ်းလုံစစ်ဗျူဟာ လက်အောက်ခံတပ်အချို့ ဆက်လက်တပ်စွဲထားသကဲ့သို့ ဝဒေသ အနောက်ဘက် သံလွင်မြစ်အနောက်ခြမ်းရှိ တန့်ယန်းမြို့နယ်အတွင်း ရမခလက်အောက်ခံ တပ်ရင်း (၉) ရင်း တပ်စွဲထားကြောင်း စစ်ဘက်နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။
Posted by
soneseayar
at
5:24 PM
0
comments
Labels: သတင်း
Tuesday, September 22, 2009
ခေါင်းဆောင်များနှင့် ထပ်မံတွေ့ခွင့်ရရန် NLD တောင်းဆို
ဧရာဝတီ၊ စက်တင်ဘာလ ၂၂ ရက် ၂၀၀၉
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် (NLD) ၏ အနာဂတ် မူဝါဒ လမ်းစဉ်များ ချမှတ်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အား ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံခွင့်ပေးရန် အာဏာပိုင်များထံ စာရေးသား ပေးပို့ တောင်းဆိုထားကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဉာဏ်ဝင်း က ပြောသည်။
၁၉၉၅ ခုနှစ်က တွေ့ရသော ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်
စက်တင်ဘာ ၁၆ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိနိုင်ငံရေးအရ အရေးကြီးတဲ့ အဆုံးအဖြတ် ပြုရမယ့် ကိစ္စတွေ ဆောင်ရွက်ဖို့၊ ပါတီ၏ အနာဂတ် မူဝါဒ လမ်းစဉ်များ ချမှတ်နိုင်ဖို့ အဲဒီ အကြောင်းပြချက်တွေ့နဲ့ တွေခွင့်ရဖို့ တောင်းဆိုထားပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
သို့သော်လည်း အာဏာပိုင်များက ယခုအချိန်ထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း၊ NLD အနေဖြင့် တွေ့ခွင့်ရရန် မျှော်လင့်ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
လွန်ခဲ့သည့် ၅နှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို တကြိမ် တွေ့ဆုံခွင့် ပေးခဲ့ဖူးသည်။
စစ်အစိုးရက ခွင့်ပြုသဖြင့် ၂၀၀၄ ဧပြီလ ၂၇ရက်နေ့တွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ထိုစဉ်က အဆုံးမသတ်ရသေးသော အမျိုးသားညီလာခံသို့ NLD တက်ရောက်ရေး မတက်ရောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယခုတကြိမ် တွေ့ဆုံခွင့် ရပါက လာမည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါဝင်ရေး၊ မပါဝင်ရေးကို ဆွေးနွေးဖွယ်ရှိသည်ဟု အများက ယူဆနေကြသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် သုံးသပ်မည် ဆိုပါက ရွေးကောက်ပွဲ ၀င်ရေးအတွက် NLD က စဉ်းစားမည်ဟု ကြေညာထားသည်။
သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၀ ပြည့်နှစ် နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NLD က မည်သို့ ထပ်မံ ဆုံးဖြတ်မည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထို့ကြောင့် ထိန်းသိမ်းခံရသည့်သက်တမ်း ၆ နှစ် ကျော်သွားပြီ ဖြစ်သည်။
၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ တွင် ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ် သို့ ပြောင်းလဲလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲပြီး နေအိမ်အကျယ်ချုပ် ထပ်မံချထားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက တနင်္ဂနွေနေ့ ညနေပိုင်းတွင် ခွင့်ပြု လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေသည်ဟု သိရသည်။
Posted by
soneseayar
at
3:37 PM
0
comments
Labels: သတင်း
မိသားစုဆရာဝန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရ
ဗွီအိုအေ၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
နေအိမ်မှာအကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သွေးအားနည်းတဲ့ ဝေဒနာ ခံစားနေရတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့မှာ ဆရာဝန် သွားရောက်စစ်ဆေးပြီးတဲ့နောက် အခုလိုသိခဲ့ရတာပါ။
အပြည့်အစုံကို ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်း က ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ ပြောပြပါဦးရှင်။
နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကို လျှော့ပေါ့ ဆိုင်းငံ့ ပြီးတဲ့ နောက် နေအိမ်ကို ပြန်အပို့ခံရပြီးချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအကြိမ်အဖြစ် ဆရာဝန်နဲ့ တွေ့ဆုံ စစ်ဆေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းက စစ်ဆေးကုသလာခဲ့တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ဆေးအဖွဲ့တို့ တနင်္ဂနွေနေ့က သွားရောက် စစ်ဆေးခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“မနေ့က နေ့ခင်းပေါ့။ ဆရာ တင်မျိုးဝင်းနဲ့ သူ့ရဲ့ ဆေးအဖွဲ့ပေါ့။ ၀င်ခွင့်ရပါတယ်။ ဆရာတင်မျိုးဝင်းနဲ့လည်း နောက်ပိုင်း ကျွန်တော်တွေ့တယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်တဲ့။ ဒါပေမဲ့ သေးပေါင်နည်းနည်း ကျနေတယ်တဲ့ အဲဒီလို ပြောပါတယ်။ ”
ဒီ့မတိုင်ခင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာ၊ သွေးအားနည်းတာနဲ့ ကြွက်တက်တဲ့ ဝေဒနာတွေ ကို ခံစားခဲ့ရဖူးပါတယ်။ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တောက အိမ်ထဲကို ရေကူးဝင်ရောက်ရာ ကနေ ပေါ်ပေါက်ခဲ့ရတဲ့ အမှုအခင်းမတိုင်ခင် နေအိမ်အကျယ်ချုပ် ကျနေခဲ့တုန်းက ဒေါက်တာတင်မျိုးဝင်းအနေနဲ့ တလ တကြိမ် ကျန်းမာရေး စစ်ဆေးခွင့် ရထားခဲ့ပါတယ်။ မစ္စတာယက်တော ရေကူးဝင်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာရေးစစ်ဆေးဖို့ ဒေါက်တာ တင်မျိုးဝင်း သွားစောင့်နေခဲ့တာမှာ တွေ့ခွင့်မရခဲ့ဘဲ အိမ်ပြန် လာပြီးတဲ့နောက် အာဏာပိုင်တွေက ခေါ်ယူ ထိန်းသိမ်းလိုက်ပါ တယ်။ နောက်ပိုင်းမှာ ဒေါက်တာတင်မျိုးဝင်းကို ပြန်လွှတ် ပေးခဲ့ပေမဲ့ အဲဒီအချိန်က ဘာ့ကြောင့် ထိန်းသိမ်းခဲ့တာလည်းဆိုတာ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီးတဲ့နောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ ထောင်ဒဏ်ကို ထက်ဝက်လျှော့၊ ကျန်တဲ့ ထောင်ဒဏ် ၁၈ လကိုလည်း ဆိုင်းငံ့ပြီး ကန့်သတ်ချက်တွေနဲ့အညီ နေအိမ်မှာ ပြန်နေစေဆိုပြီး အိမ်ပြန်ပို့ခဲ့တာပါ။ အဲဒီကန့်သတ်ချက်တွေထဲမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေး စစ်ဆေးကုသခွင့်ဆိုတာ ပါဝင်ပါတယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက် အာဏာပိုင်တွေကနေ ဆရာဝန်တဦး စေလွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါဘူး။ သူ့ကိုတောက်လျှောက် စစ်ဆေး ကုသ လာခဲ့ပြီး သူ့ရဲ့ ကျန်းမာရေးမှတ်တမ်း၊ ဆေးကုသမှုမှတ်တမ်းတွေကို သေသေချာချာသိထားတဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ပဲ ဆက်လက် ကုသချင်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တလကျော်ကြာပြီးတော့မှသာ အခုလို ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့တာပါ။ ဒီလို ကျန်းမာရေး စစ်ဆေးခွင့်ကို ပုံမှန်ရက်အတိအကျနဲ့ ခွင့်ပြုမှာလားဆိုတာ တိတိကျကျ မသိရ သေးပေမဲ့ ဦးဥာဏ်ဝင်းက တော့ ရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
“ပုံမှန်တွေ့ခွင့်ပေးလိမ့်မယ်လို့၊ ရလိမ့်မယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ ယုံကြည်ပါတယ်။”
သြဂုတ်လ ၁၁ ရက်နေ့မှာ ခရိုင်တရားရုံးက ချမှတ်ခဲ့တဲ့ ထောင်ဒဏ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်တရားရုံးမှာ အယူခံလွှာတင်သွင်းခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကပဲ နှစ်ဘက် အကျိုးဆောင်တွေ ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက အောက်တိုဘာလ ၂ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ရုံးချိန်း ပြန်ပေးထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ချမှတ်ခံရသလို ဘယ်လိုပြစ်မှုမျိုးကိုမှ ကျူးလွန်ခြင်းမရှိတဲ့အတွက် တခြား ပယောဂ တွေမပါဘဲ ဥပဒေကြောင်းအတိုင်း စီရင်ခံရမယ်ဆိုရင် ပြစ်ဒဏ်ကနေ လွတ်မြောက်လာမယ်လို့ အကျိုးဆောင် ရှေ့နေတွေက အခိုင်အမာ ယုံကြည်ထားကြပါတယ်ခင်ဗျား။
Posted by
ဆုံဆည်းရာ
at
12:23 PM
0
comments
Labels: သတင်း
စစ်အစိုးရနှင့် အန်ဒီအေ-ကေ အတွင်းရေးမှူးဟောင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေး
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
စစ်အစိုးရက လွန်ခဲ့သည့် (၄) နှစ် အာဏာသိမ်းပွဲတွင် မအောင်မြင်ခဲ့သည့် အန်ဒီအေ (ကချင်) အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်းအဖွဲ့နှင့် လျှို့ဝှက်ဆွေးနွေးနေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိတဦးက ပြောသည်။
အမည်မဖော်လိုသူ အဆိုပါအရာရှိက “ဦးဇလွန်းအဖွဲ့နဲ့ ကျနော်တို့ ဆွေးနွေးနေတယ်။ သူတို့အဖွဲ့ ရပ်တည်ရေးနဲ့ ဆိုင်တယ်” ဟု ပြောဆိုသည်။
အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူတဦးကလည်း ယခုကဲ့သို့ ဦးဇလွန်းအဖွဲ့နှင့် စစ်အစိုးရ လျှို့ဝှက်ဆွေးနွေးမှုများ ရှိနေကြောင်း အတည်ပြုပြောကြားသည်။
၎င်းက “လွန်ခဲ့တဲ့ (၄) နှစ် အန်ဒီအေ (ကချင်) ပန်ဝါဌာနချုပ်မှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ဖြစ်ပွားပြီးနောက် ရှုံးနိမ့်သွားတဲ့ ဦးလယောက်ဇယ်လွန်းနဲ့ အဖွဲ့ကို ဘာအရေးယူမှုမှ မလုပ်ဘဲ မြစ်ကြီးနားကို ပြန်ပို့ပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်းဆိုခဲ့တဲ့အတွက် လက်ရှိဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းက အာဏာသိမ်းအဖွဲ့ကို မြစ်ကြီးနား ပို့ခဲ့တယ်။ မြစ်ကြီးနားနဲ့ဝိုင်းမော် ရောက်ပြီးနောက်ပိုင်း ကချင်အရေးကိစ္စတွေ ရှိလာတိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စရဖ တာဝန်ခံနဲ့ တိုင်းမှူးကိုယ်တိုင် အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံလေ့ရှိတယ်” ဟု ပြောသည်။
ယခုတကြိမ် ခေါ်ယူတွေ့ဆုံမှုမှာမူ ထူးခြားကြောင်း၊ ဦးလယောက်ဇယ်လွန်းနှင့်အဖွဲ့ကို သီးခြားအဖွဲ့တခုအဖြစ် ဖွဲ့စည်းပေးထားပြီး နယ်မြေတခု ပေးထားမည်ဖြစ်ကြောင်း၊ လက်ရှိ အန်ဒီအေ(ကချင်) ခေါင်းဆောင် ဦးဆခုံတိန့်ယိန်းနှင့် ပတ်သက်ပြီး စစ်အစိုးရ အနေဖြင့် အလိုမကျဖယ်ရှားလိုပါက ဒေသလူထု ထောက်ခံမှုရထားပြီး အဆိုပါဒေသကို နှစ် (၄ဝ) နီးပါး ခေါင်းဆောင်ခဲ့သည့် ဦးလယောက်ဇယ်လွန်းဖြင့် ချက်ချင်း အစားထိုးနိုင်ရန်ဖြစ်ကြောင်း အန်ဒီအေ (ကချင်) အဖွဲ့နှင့် နီးစပ်သူက ဆက်လက်ရှင်းပြသည်။
အတွင်းရေးမှူးဟောင်း ဦးလယောက်ဇယ်လွန်း၏ အဖွဲ့တွင် ဦးမန်ကျီခေါင်လွန်း၊ ဦးစံဝေခေါင်လွန်း၊ ဦးချန်းလန်း၊ ဦးဇုံးလန်း စသည့်ခေါင်းဆောင်များ ပါဝင်ကြသည်။
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေက ခွဲထွက်ပြီး အန်ဒီအေ (ကချင်) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည့် ကေအိုင်အေ ထောက်လှမ်းရေးမှူးဟောင်း လဆန်အောင်ဝါ ဦးဆောင်သည့်အဖွဲ့ကိုလည်း အန်ဒီအေ (ကချင်) နှင့် ပူးပေါင်းသည်ကို နအဖစစ်အစိုးရက လက်မခံဘဲ နယ်မြေသီးသန့် သတ်မှတ်ပေးပြီး အဖွဲ့ငယ်တဖွဲ့အဖြစ် လက်ခံထားသည်။
အလားတူ ရှမ်းပြည်၊ ကရင်နီပြည်နှင့် ကရင်ပြည်နယ်တို့၌လည်း မူလ လက်နက်ကိုင်အဖွဲ့ကြီးတို့မှ ခွဲထွက်လာသူများကို အဖွဲ့ငယ်လေးများအဖြစ် နေရာသတ်မှတ်ပေးကာ အဖွဲ့ကြီးများအား စစ်ရေးအရ တိုက်ခိုက်ရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ ဖြိုခွဲရာ၌လည်းကောင်း အသုံးချလေ့ရှိသည်။
ပြီးခဲ့သည့် ကိုးကန့်အရေးအခင်းကာလတွင် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုကို အသုံးချခဲ့ရုံမက ယခင်မွေးမြူထားသည့် လက်နက်ကိုင် အဖွဲ့ငယ်လေးများကိုပါ အသုံးပြုပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ဦးဖုန်ကြားရှင်နှင့်အဖွဲ့ကို ဖြုတ်ချခဲ့သည်။
ကချင်ပြည်နယ်၊ ကချင်အထူးဒေသ (၁) အတွင်းတွင် စစ်အစိုးရ တပ်ဖွဲ့အချို့နှင့် အစိုးရဝန်ထမ်းအချို့ လာရောက်နေရာယူထားသကဲ့သို့ အစိုးရတပ်မှ အရာရှိများပါဝင်သည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလည်း အကောင်အထည်ဖော်နေကြောင်း စုံစမ်းသိရသည်။
Posted by
ဆုံဆည်းရာ
at
12:22 PM
0
comments
Labels: သတင်း
ကိုးကန့်ဒေသ ဒကစမှူး ဖမ်းဆီး စစ်ဆေးခံနေရ
ဧရာဝတီ၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
မကြာခင်က ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲတွင် မြန်မာ့ တပ်မတော်ဘက်မှ အကျအဆုံး များခြင်းနှင့် ငွေကြေးရယူခြင်း တို့ကြောင့် စစ်အစိုးရက လောက်ကိုင်မြို့ အခြေစိုက် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ဗိုလ်မှူးချုပ် ၀င်းမောင်အား အရေးယူထားကြောင်း သိရသည်။
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် အကျယ်ချုပ် ချထားကြောင်း ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။
“တိုင်းဌာချုပ်ထဲမှာ အကျယ်ချုပ် ထားတယ်၊ ယူနီဖောင်းလည်း ချွတ်ထားလိုက်ပြီ။ ခုံရုံးတင်ပြီး၊ အပြစ်ပေး အရေးယူ တခုခုတော့ လုပ်လိမ့် မယ်၊ ထောင်ချမှာလား၊ ထွက်ရမှာလား ဆိုတာတော့ မသိဘူး” ဟု အဆိုပါ စစ်ဌာနချုပ်နှင့် နီးစပ်သူက ပြောသည်။
ယခုအခါတွင် လောက်ကိုင်ဒေသ ဒကစ ကို တာဝန်ယူရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် လှမြင့်ကို တာဝန်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
အကျအဆုံး များပြားခြင်းကြောင့်ဟု အကြောင်းမပြဘဲ ကိုးကန့်ဒေသ မူးယစ်ဆေး နှင့် လက်နက်ကိစ္စတို့နှင့် ပတ်သက်သည့် သတင်းများကို ကြိုတင် မသိရှိခြင်းကြောင့် အရေးယူမည့် ပုံစံမျိုးဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ၎င်းက ပြောပြသည်။
ကိုးကန့်တိုက်ပွဲ အတွင်း တပ်မတော်သား ၁၁ ဦး ကျဆုံးပြီး၊ ၃၄ဦး ဒဏ်ရာရရှိ ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သို့သော်လည်း ကျဆုံးသူ အရေးအတွက်မှာ ကြေညာထားသည်ထက် များပြားသည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူက ဧရာဝတီကို ပြောသည်။
ဒကစမှူးအား ဖမ်းဆီးစစ်ဆေးနေခြင်းမှာ ကိုးကန့်ဒေသရှိ စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ပတ်သက်ပြီး စီးပွားရေးသမားကြီးများထံမှ ငွေကြေး ရယူခဲ့ ခြင်းကြောင့် ဖမ်းဆီးထားသည် ဟူသော သတင်းတချို့လည်း ထွက်ပေါ်နေသည်။
စစ်အရာရှိများက လုပ်ငန်းရှင်များထံမှ ငွေကြေးရယူခြင်းမှာ လူတိုင်းသိသည့် လျှို့ဝှက်ချက်ဖြစ်သည်ဟု စီးပွားရေး သမားတဦးက ထောက်ပြသည်။
“ဒကစမှူးထားပါအုံး၊ တိုင်းမှူး အဆက်ဆက် မကင်းပါဘူး၊ တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်တုန်းက ကိုးကန့်ကုန်သည် ကိုသန်းဝင်းက တလကို မြန်မာငွေ သိန်း ၅၀၀ ပေးရတယ်၊ ထောက်လှမ်းရေးက ဖမ်းမယ် လုပ်တော့ ကိုသန်းဝင်း ခဏ ရှောင်နေရသေးတယ်” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည် လားရှိုးမှ စီးပွားရေးသမား တဦးက ပြောသည်။
တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ရှိသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် လုပ်ငန်းရှင်များနှင့် စစ်အရာရှိကြီးများသည် စီးပွားရေး အရ အမြဲတမ်း ပတ်သက်မှုများ ရှိနေကြောင်း၊ စီးပွားရေးအရလည်း ပြဿနာ အများအပြား ရှိကြောင်းသိရသည်။
“ဗိုလ်ချုပ်မြင့်လှိုင်ဆိုရင် သူ့အတွက် ငွေရှာပေးနေတဲ့ ဂျီဝမ်း ဒုတိယဗိုလ်မှူး ကြီး မျိုးချစ်ကို ဗျူဟာမှူး ရာထူး ပေးပြီး အဲဒီတိုင်းမှာပဲ လူခံအနေနဲ့ ထားခဲ့တယ်၊ စီးပွားရေး ဆက်လုပ်ဖို့ပေါ့။ စစ်တပ်သမိုင်းမှာ ဒီနေရာကလူကို ဒီနေရာမှာ ရာထူးတိုးပြီး ပြန်ထားတာ သိပ်မရှိဘူး” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ကိုးကန့်ဒေသ တိုက်ပွဲများမှာ ဦးဖုန်ကျားရှင် ခေါင်းဆောင်သော ကိုးကန့်အပစ်ရပ်အဖွဲ့တွင် တရားမ၀င် လက်နက်စက်ရုံရှိသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်အစိုးရက ၀င်ရောက်ရှာဖွေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်ဒေသတွင် လက်နက်စက်ရုံ နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ရှိသည် ဟူသော သတင်းမှာ လွန်ခဲ့သည့် နှစ်အတန်ကြာကပင် ထွက်နေကြောင်း၊ အရှေ့မြောက်တိုင်းတွင် တာဝန်ယူခဲ့သည့် တိုင်းမှူးများ နှင့် ယခုလက်ရှိ တာဝန် ထမ်းဆောင်နေသော ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ်လည်း သိရှိကြောင်း၊ လက်နက်စက်ရုံ၊ လက်နက်တိုက်ဆိုသည်မှာ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းတွင် ရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
“ကိုးကန့်မှာ လက်နက်စက်ရုံရှိတာက တိုင်းမှုး ဗိုလ်ချုပ်မြင့်လှိုင် လက်ထက်ကတည်းက ရှိတာပဲ၊ သူတို့လည်း အားလုံး သိနေတာပဲ၊ အခုမှ တရုတ်က ပြောမှ သိရတယ်၊ ဒါကြောင့် ဒကစမှူးကို အရေးယူတယ် ဆိုတာကတော့ သူ့အပေါ် ပုံချတာပါ” ဟု ကိုးကန့်ဒေသခံတဦးက ပြောသည်။
ဗိုလ်မှူးချုပ်ဝင်းမောင် အနေဖြင့် ကိုးကန့်ပြဿနာကို နိုင်နင်းစွာ မကိုင်တွယ် နိုင်သောကြောင့် ယခုကဲ့သို့ အရေးယူ ခံရခြင်း ဖြစ်နိုင်ကြောင်း တရုတ် မြန်မာ နယ်စပ်မှ မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။
Posted by
ဆုံဆည်းရာ
at
12:18 PM
0
comments
Labels: သတင်း
ရန်ကုန်လေဆိပ်တွင် အဖမ်းခံရသူ အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ
ဧရာဝတီ၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော နိုင်ငံရေးသမား ဦးကျော်ဇောလွင် (ခေါ်) ဦးညီညီအောင်ကို အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်သော်လည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးကြောင်း သိရသည်။
ဦးညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အဝင်၌ အဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ပြီး ၁၇ ရက်နေ့က အင်းစိန်ထောင်သို့ပို့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးက မိသားစုထံ ထုတ်ဖော် ပြောကြားလိုက်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ မြန်မာသံရုံးမှတဆင့် ဗီဇာရယူပြီး ဘန်ကောက်မှ စက်တင်ဘာ ၃ ရက်နေ့ညနေပိုင်း လေယာဉ် TG/305 ဖြင့် ထွက်ခွာသွားစဉ် ရန်ကုန်အဝင်၌ စစ်အစိုးရက ထိန်းသိမ်းထားခဲ့ပြီး ၁၉ ရက်နေ့ကမှ အမေရိကန် သံရုံးအရာရှိနှင့် တွေ့ခွင့်ပေးကြောင်း သိရသည်။
အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ယနေ့ အင်းစိန်ထောင်သို့ သွားရောက်ခဲ့ရာ ဦးညီညီအောင်နှင့် လူချင်း တွေ့ခွင့်မရဘဲ အမေရိကန်သံရုံး အကူအညီဖြင့် အစားအသောက်များကိုသာ ပေးခဲ့ရကြောင်း သိရသည်။
ဦးညီညီအောင်ကို အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ - ၅ (ည) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁ ရက်နေ့ တွင် တရားရုံးထုတ်မည်ဟု အမေရိကန် သံရုံးက မိသားစုထံသို့ အကြောင်း ကြားကြောင်း ဒေါ်ခင်ခင်ဆွေကဆက်ပြောသည်။
“သူ့ကို အောက်တိုဘာ ၁ ရက်နေ့ လှိုင်မြို့နယ် တရားရုံးမှာ ရုံးထုတ်မယ်လို့ ပြောပါတယ်” ဟု ဒေါ်ခင်ခင်ဆွေက ဆိုသည်။
ရန်ကုန်ရှိ အမေရိကန် သံရုံးက ရှေ့နေငှားရမ်းရန် ကူညီမည်ဖြစ်ရာ ဦးညီညီအောင်၏ သဘောထားအရ သူ၏ အမှုလိုက် ရှေ့နေအဖြစ် ရှေ့နေ ဦးကြည်ဝင်းကို ငှားရမ်းလိုကြောင်း သိရသည်။
ဖမ်းဆီး၊ ထိန်းသိမ်းခံရစဉ် အတောအတွင်း နှိပ်စက် ညှင်းပန်းမှုခံခဲ့ရသေးကြောင်း ဦးညီညီအောင်၏ အကိုတော်စပ်သူ ထိုင်းနိုင်ငံတွင် နေထိုင်သည့် ဦးကိုကိုအောင်က ပြောသည်။
ဦးကိုကိုအောင်က “သူ အထဲမှာ အနှိပ်စက်ခံရတယ်၊ ၇ ရက် ထမင်းမကျွေးဘူး၊ ၁၀ ရက် ဝန်းကျင်လောက် နှိပ်စက်ခံရတယ်၊ မျက်နှာက အစ တကိုယ်လုံး ရိုက်နှက်ခံရတယ်လို့ ကောင်စစ်ဝန်ကတဆင့် ကျနော်တို့ကို ပြောပြတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက အနှိပ်စက်ခံထားရသောကြောင့် ကျန်းမာရေးအတွက် ဆေးကုသခွင့် တောင်းထား သော်လည်း ယခုထက်ထိ မရသေးသဖြင့် မိသားစုက စိုးရိမ်နေကြသည်ဟု ဆိုသည်။
မြန်မာပြည်ထဲ ပြန်သွားရခြင်း အကြောင်းအရင်းကို ဦးညီညီအောင် ကိုယ်တိုင်သာ သိနိုင်မည် ဖြစ်ကြောင်းနှင့် ၎င်းအဖမ်းအဆီးခံရသည့် သတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ၁၇ ရက်ကြာ မည်သည့် သတင်းမျှ ထုတ်ဖော်ခဲ့ခြင်းမရှိကြောင်း ဦးကိုကိုအောင်က ဆက်ပြောသည်။
ဦးညီညီအောင် အထိန်းသိမ်း မခံရမီကပင် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် သူ၏ မိသားစုဝင် ၅ ဦး အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
၎င်း၏ မိခင် ဒေါ်စန်းစန်းတင်သည် ထောင်ဒဏ် ၅ နှစ်ချခံထားရပြီး မောင်နှမ ၀မ်းကွဲ တော်စပ်သူ မသက်သက်အောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချခံထားရသည်။
နှလုံးရောဂါရှိသော မသက်သက်အောင်သည် မြင်းခြံထောင်တွင် ယခုအခါ မျက်လုံးဝေဒနာနှင့် အကျောကပ်ခြင်း ဝေဒနာကိုပါ ခံစားနေရကြောင်း ဒေါ်ခင်ခင်ဆွေကပြောသည်။
ဦးညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူပြီး အမေရိကန် နိုင်ငံသား အဖြစ်ခံယူခဲ့သည်။
Posted by
ဆုံဆည်းရာ
at
12:15 PM
0
comments
Labels: သတင်း
အကျဉ်းသားများကို ဟန်ပြ လွှတ်ပေးခြင်း ဖြစ်ကြောင်း ဝေဖန်နေကြ
ဧရာဝတီ၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
မကြာသေးမီ ရက်ပိုင်းက အကျဉ်းသား ၇၁၁၄ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပေးကြောင်း စစ်အစိုးရက ကြေညာခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား အများစုမှာ ဆက်လက် ချုပ်နှောင်ခံနေရသည်။
၂၀၀၄ ခုနှစ်မှ စတင်ပြီး နှစ်စဉ် စစ်အစိုးရက အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့် အမိန့်များ ထုတ်ပြန်ခဲ့ရာတွင် လွတ်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသား အရေအတွက်ထက် သာမန် ရာဇ၀တ် အကျဉ်းသား ဦးရေက ပိုများသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP ) မှ ထုတ်ပြန်သည့်စာရင်း အရ သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလက ကုလသမဂ္ဂ လူအခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနား မြန်မာပြည်သို့ အလည်အပတ် ရောက်ရှိလာပြီးနောက်ပိုင်းတွင် စစ်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ မသွားရောက်မီ အကျဉ်း သား ၇၁၁၄ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမည်ဟု ကြေညာရာတွင် နိုင်ငံရေးအမှုများဖြင့် ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသာ ၂၅၀ခန့် ပါဝင်မည်ဟု စစ်အစိုးရ၏ အကျဉ်းဦးစီးဌာနကြေညာခဲ့သည်
“စစ်အစိုးရက အကျဉ်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသား အနည်းငယ် လွှတ်တာက နိုင်ငံတကာဖိအားတွေ လျော့ဖို့ပါ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ မင်းကိုနိုင် နဲ့၈၈မျိုးဆက်တွေ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ မပါသေးဘူး” ဟု AAPP အဖွဲ့မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီသို့ပြောသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးနေသော်လည်း၊ ပြီးခဲ့သည့် ရက်ပိုင်းက သံဃာတော် ၇ပါးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ၅ ဦးကို မြင်းခြံမြို့တွင် စစ်အစိုးရ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြောင်းလဲရာတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တခုဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး လွတ်ပေးခဲ့သည် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား ၁၂၇ ဦး ရှိပြီဖြစ်ပြီး၊ ထိုအထဲတွင် သံဃာတော် ၄ပါး ၊ စာနယ်ဇင်းသမား ၄ဦးနှင့် ရှေ့နေတဦးလည်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အခါပေး ရွှေတိဂုံစေတီတော်အား ထီးတင်ခဲ့သူ တိမ်ကြားအဖွဲ့ ခေါင်းဆောင် ဘိုးတော်သန်းလှ၊ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း မျိုးညွန်အောင် နှင့် ထောက်လှမ်းရေးအဖွဲ့များ ပါဝင်သည်ဟု သိရသည်။ ဗိုလ်မှူးဟောင်း မျိုးညွန်အောင်သည် ပြည်ထဲရေးဝန်ကြီးအဖြစ် တာန်ယူခဲ့သူ ဗိုလ်မှူးကြီးဟောင်း တင်လှိုင်၏ သားမက်တော်စပ်သည်ဟု သိရသည်။
ဗမာာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား လှုပ်ရှားမှု သမိုင်း စာအုပ် ရေးသားပြုစုသူ ကိုအောင်ထွန်းနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုဘိုဘိုတို့လည်း ပြန်လည် လွတ်မြောက်လာခဲ့သည်။
“ဒီလိုပါပဲ နိုင်ငံတကာဖိအားတွေ ရှိလာရင် လွှတ်မယ်၊ အကျပ်အတည်း တွေ့လာရင် လွှတ်မယ်” ဟု ကိုအောင်ထွန်းက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် စင်ပြိုင်အာစီယံအဖွဲ့မှ စည်းရုံးရေးမှူး ဒက်ဘီ စတူးဟပ်ကလည်း “စစ်အစိုးရက နိုင်ငံတကာ ဖိအား များလာတဲ့အခါ နိုင်ငံရေး အကျဉ်းသားလွှတ်တာဟာ လှည့်ကွက် တခုလို ဖြစ်နေပြီ၊ ဒါပေမဲ့ နောက်ပိုင်း ပြန်ပြန်ပြီး ဖမ်းနေတာက ပြဿနာတခုပဲ၊ တိုင်းပြည် အနာဂတ်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်” ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာခြင်းကြောင့် ၀မ်းသာကြောင်း၊ အဓိက ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်း သိမ်းထားခြင်းနှင့် တိုင်းရင်းသားအရေး ပြဿနာများသာ ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူများက ထောက်ပြကြသည်။
“နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာတော့ သူတို့ မိသားစုတွေ အတွက် ၀မ်းသာတာပေါ့ ၊ဒါပေမဲ့ သူတို့က အပြစ် မရှိဘူး အလကား ခံရတာ၊ ဒါကိုမှ ကုလသမဂ္ဂတို့ ၊ အနောက်နိုင်ငံတွေက ကြိုဆိုရင်တော့ သူတို့ အားလုံး သွားပြီပေါ့” ဟု ရန်ကုန်မြို့ရှိ စာနယ်ဇင်းသမားတဦးက ပြောသည်။
ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်ချိန်တွင် သံဃာတော်များ ချီတက် ဆန္ဒပြမည်ကို စိုးရိမ်သောကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေးများကို တိုးမြှင့်ချထားနေသည်။
၂၀၀၄ခုနှစ်တွင် အကျဉ်းသား ၁၄၃၁၈ ဦးတွင် ၊ နိုင်ငံရေးအကျဉ်းသား ၆၀ဦး၊၂၀၀၅ခုနှစ်တွင် အကျဉ်းသား ၄၀၀ဦးတွင် နိုင်ငံရေးအကျဉ်းသား ၃၄၁ဦး၊ ၂၀၀၇ခုနှစ်တွင် အကျဉ်းသား ၈၅၈၅ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၀ဦး ၊ ၂၀၀၈ခုနှစ်တွင် အကျဉ်းသား ၉၀၀၂ဦးတွင် နိုင်ငံရေး အကျဉ်းသား ၉ဦးပါဝင်ပြီး၊ ယခု ၂၀၀၉ခုနှစ် နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလက အကျဉ်းသား ၆၃၁၃ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ဦးသာ လွတ်မြောက်ခဲ့သည်ဟု AAPP ၏ စာရင်းများတွင် ဖော်ပြထားသည်။
Posted by
ဆုံဆည်းရာ
at
12:13 PM
0
comments
Labels: သတင်း
မြန်မာ အတိုက်အခံရုံးတချို့ ပိတ်ထားဆဲ
ဧရာဝတီ၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ရုံးတချို့ကို ထိုင်းအာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုနှင့် ပတ်သက်ပြီး အတိုက်ခံ အသိုင်းအ၀န်းတွင် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြဆဲဖြစ် သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့၌် ထိုင်းအာဏာပိုင်များက ချင်းမိုင်မြို့ရှိ မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) ၏ လုပ်ငန်းများ တည်ရှိရာ နေရာတချို့ကို ၀င်ရောက် စစ်ဆေးခဲ့ရာ အမျိုးသမီး ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး နောက် ယခုအချိန်အထိ စိုးရိမ်ထိတ်လန့်ပြီး ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။
ဖမ်းဆီး ခံရသူများအနက် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများကို နာရီပိုင်းအတွင်း ပြန် လွှတ်ပေးခဲ့သော်လည်း ၎င်း အမျိုးသမီး ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်မှုဖြင့် တရက်ခန့် ဆက်လက် ထိန်းသိမ်းထားပြီးမှ ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
အထိန်းအသိမ်းခံခဲ့ရသည့် အမျိုးသမီး ၁၀ ဦးသည် BWU အဖွဲ့က စီစဉ်သည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် တက်ရောက်နေသူများ ဖြစ်သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များက BWU ၏ လုပ်ငန်းများ တည်ရှိရာနေရာများ အပြင် လူ့အခွင့်အရေး ပညာပေးဌာန - မြန်မာနိုင်ငံ (HREIB) နှင့် အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ (NHEC) ရုံးတို့ကိုလည်း
ဝင်ရောက် စစ်ဆေးခဲ့သည်။
ထိုသို့ ဝင်ရောက်စစ်ဆေးခဲ့သည့် ရဲအရာရှိများထံတွင် ရုံးများတည်ရှိရာ မြေပုံများ၊ အချက်အလက်များ ပါရှိသည်ဟု မြန်မာအတိုက်အခံ သတင်းရပ်ကွက်က ဆိုသည်။
ချင်းမိုင်မြို့ရှိ အတိုက်အခံရုံးများကြားတွင် စစ်အစိုးရ အာဏာပိုင်များ၏ သတင်းပေးများ ရှိနိုင်သည့်အတွက် ယခုကဲ့သို့ ဖမ်းခိုင်းခြင်း ဖြစ်နိုင်သည်ဟုလည်း မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက သုံးသပ်သည်။
“ကြားရသလောက် ထိုင်းနိုင်ငံမှာ တာဝန်ကျနေတဲ့ မြန်မာစစ်သံမှူး အသစ်က ဒီဘက်မှာရှိတဲ့ အတိုက်ခံတွေ လုပ်တဲ့ အစည်းအဝေး၊ သင်တန်း၊ ဘာပဲလုပ်လုပ် သတင်းရတာနဲ့ အဲဒီနေရာတွေကို သွားဖမ်းဖို့ ထိုင်းကိုလှမ်းပြီး ပြောတယ်” ဟု ဦးဝင်းမင်းက ပြောသည်။
အတိုက်အခံ သတင်းရပ်ကွက်များ အဆိုရ မြန်မာ စစ်အစိုးရက လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်၍ တိုင်းရင်းသားအများစု အပါဝင် တချို့အတိုက်အခံများကိုလည်း ဖိအားပေးသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေသည်ဟု သုံးသပ်ကြသည်။
ထိုသတင်းကြောင့် ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် လူအခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များ၊ သတင်းဌာနများ အပါဝင် တခြားသော NGO ရုံးများမှာ စိုးရိမ်သောကြောင့် ရုံးများကို ယာယီပိတ်ခဲ့ကြရသည်။
အလားတူပင် လွန်ခဲ့သည့် ၁၆ ရက်နေ့က Mae Sariang အခြေစိုက်သည့် Karen Teachers Working Group (KTWG)၊ ကရင်အမျိုးသမီး အစည်းအရုံး(KWO) နှင့် Karen Office for Relief and Development (KORD) ရုံးများသို့ ထိုင်းအာဏာပိုင်များ ၀င်ရောက်စစ်ဆေးခဲ့သေးသည်။ သို့ရာတွင် မည်သူ့ ကိုမျှ ဖမ်းဆီးခဲ့ခြင်း မရှိဟု သိရသည်။
KORD ရုံးမှ အဖွဲ့ဝင်တဦးဖြစ်သည့် စောထူးခီက “ထိုင်းအာဏာပိုင်တွေက အထက်ကို တင်ပြစရာလို့တယ်ဆိုပြီး တော့ သူတို့ဝင်လာတယ်၊ ရုံးကို ဓါတ်ပုံရိုက်သွားတယ်”ဟု ဧရာဝတီသို့ပြောပြသည်။
ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုများ မပြုလုပ်သေး သော်လည်း ရုံးများပိတ်ခိုင်းမည်ကို စိုးရိမ်ရသည်ဟု စောထူးခီက ဆိုသည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ် စံခလဘူရီအခြေစိုက် လွတ်လပ်သော မွန်သတင်း အင်ဂျင် စီ(IMNA)၊ အပါဝင် တချို့မွန်လူ့အခွင့်အရေး ရုံးများလည်း ယနေ့မှ စတင်ကာ ယာယီပိတ်ထားရကြောင်း ကြားသိရသည်။
လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် အစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက လုံခြုံရေး အခြေအနေ စိုးရိမ်ရသဖြင့် ရုံးလုပ်ငန်းများကို ရက်သတ္တပတ်ပေါင်း အတန်ကြာ ရပ် ဆိုင်းထားခဲ့ဖူးသည်။
ဤအတောအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၊ အနောက်နိုင်ငံ အစိုးရများက ထိုင်းနိုင်ငံရှိ မြန်မာ့ အရေး လှုပ်ရှားသူများ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်။
သံတမန်များ၏ အဆိုအရ ဘန်ကောက်မြို့ရှိ အနောက်နိုင်ငံ သံရုံးများလက်ရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး တချို့သော သံရုံးများက လက်ရှိ ချင်းမိုင်မြို့ အဖမ်းအဆီးသတင်းနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များကို သံတမန်ရေးရာအရ စုံစမ်းမှုများ ပြုခဲ့ကြောင်း သိရသည်
ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ လက်ထက်တွင် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်ပြီး ယခင်က နှောက်ယှက်မှု မရှိခဲ့ဖူးကြောင်း သိရသည်။
Posted by
ဆုံဆည်းရာ
at
12:11 PM
0
comments
Labels: သတင်း
Monday, September 21, 2009
လွှတ်တဲ့အထဲ စစ်တပ်အရာရှိဟောင်းတွေ ပါဝင်
ဗွီအိုအေ၊ စက်တင်ဘာ ၂၀ ရက် ၂၀၀၉
မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၇၀၀၀ကျော်ထဲမှာ လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင် တယ်လို့ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှုးချုပ်က ပြောခဲ့ပေမဲ့ အခုအချိန်အထိတော့ နိုင်ငံရေးအကျဉ်းသား ၁၃၀ လောက် ပဲ လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု လွတ်တဲ့အထဲမှာ အရင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အတူ ဖမ်းဆီးထောင်ချခံရသူတွေ အတော်များများ ပါဝင်တယ်လို့လည်း သိရပါတယ်။
အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပါတယ်။
အခု လွတ်တဲ့အထဲမှာ နိုင်ငံတော်လုံခြုံရေးအရ ထိန်းသိမ်းထားသူ ၂၅၀ ပါဝင်မယ်လို့ အကျဉ်းဦးစီး ညွန်ချုပ်က ပြောခဲ့လို ဟိုလူပါနိုးနိုး ဒီလူ ပါနိုးနိုးနဲ့ သတင်းတွေက အမျိုးမျိုးထွက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံး အတည်ပြုရတဲ့အထဲမှာတော့ AAPP နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းအဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၁၅ဦးပဲ ရှိပါသေး တယ်။ အချို့ နယ်ထောင်တွေက လွှတ်ကြတော့ လွတ်တယ်လို့သာ သတင်းကြားတယ်၊ သက်ဆိုင်ရာ မိသားစုအိမ်တွေဆီကို ရောက်မလာကြသေးပါဘူး။ သက်ဆိုင်ရာကလည်း ဒီလူ ဒီလူ လွတ်တယ်ဆိုတာ မိသားစုတွေကို အကြောင်းကြားတာမျိုး လည်း မရှိပါဘူး။ မိသားစုဝင်တွေကပဲ ထောင်တွေဆီ လှမ်းဆက်သွယ်တာတို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ် သတင်းမေးနေကြပါတယ်။ အခု လွတ်မြောက်လာတဲ့ အရေအတွက်နဲ့ ပတ်သက်လို့တော့ အေအေပီပီ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး ကိုတိတ်နိုင်က ဗွီအိုအေကို အခုလို ပြောပါတယ်။
“ကျွန်တော်တို့ ဒီနေ့အထိ အတည်ပြုလို့ရတာကတော့ ၁၁၁ ဦးက အတည်ပြုလို့ရတယ်။ အတည်မပြုရသေးတာကတော့ ၂၀ကျော်ကျော် ကျန်ပါသေးတယ်။”
ဘယ်လို အတည်မပြုနိုင်တာလဲခင်ဗျ။
“အဓိက က မုံရွာက ၃ဦး ကျန်တယ်။ နောက်တခါ ရခိုင်ပြည်နယ်ဘက်က ထောင်တွေထဲမှာ ၂၀ လောက်ကျန်ပါတယ်။ အဲဒါတွေက ကျွန်တော်တို့က လွတ်မှန်းတော့ သိတယ်။ သို့ပေမဲ့ ဘယ်သူတွေလဲ ဆိုတာကို အတည်မပြုနိုင်တဲ့ ကိစ္စတွေ ရှိနေလို့ ဒီအတိုင်း ထားထားတာပါ။”
အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောသွားတဲ့အထဲမှာ လုံခြုံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ အခု လွှတ်တဲ့ အထဲမှာ ၂၅၀လောက်ပါမယ်လို့ ပြောပါတယ်။ အခုဆိုရင် တ၀က်လောက်ပဲ ဖြစ်နေတော့ ဒါဟာ ဘယ်လို ဖြစ်တာလဲခင်ဗျ။
“ကျွန်တော်တို့ အခု လွတ်လာတဲ့သူတွေကို ပြန်လေ့လာကြည့်တဲ့အခါ ဘိုးတော် သန်းလှအပါအ၀င် ဗိုလ်ချုပ် ခင်ညွှန့်တို့နဲ့ ပတ်သက်ပြီး၊ နောက်ပိုင်း ဖမ်းဆီးထားတဲ့ အကောက်ခွန်ဌာနက လူတွေပါမယ်။ သတင်းတပ်ဖွဲ့က လူတွေပါမယ်။ လ၀က က လူတွေပါမယ်။ အဲဒီလူတွေထဲက ပြန်လွတ်လာတာတွေ ရှိပါတယ်။”
အခုလို လွှတ်လိုက်တဲ့အထဲ တပ်မတော်သားဟောင်းတွေအတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သီးသန့် မှာကြားချက် ပါဝင် တယ်လို့လည်း အခု အသုတ် လွတ်မြောက်တဲ့အထဲပါဝင်တဲ့ ကျောင်းသားသမိုင်းစာအုပ်ပြုစုလို့ နှစ်ရှည် ဖမ်းဆီး ထောင်ချခံ ခဲ့ရတဲ့ ကိုအောင်ထွန်းကလည်း ပြောပါတယ်။
“ပဲခူးထောင် အုပ်စု ညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဖတ်ပြသွားတဲ့အထဲမှာ တပ်မတော်သားတွေ ပါပါတယ်တဲ့။ ပါတယ်ဆိုပြီး ပြောပြီးတော့ တပ်မတော်သားတွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မှာကြားလိုက်ပါတယ်ဆိုတဲ့ စကား ကို ပြောပါတယ်ခင်ဗျ။ ပြီးတဲ့အခါမှာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ဘာပြောသလဲဆိုတော့ နိုင်ငံတော် က စေတနာ သဘောထားမှန်နဲ့ လွှတ်လိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ဖို့အတွက်ရော၊ သတင်းစာထဲမှာ ပါတဲ့ မိသားစု အခြေအနေကို ငဲ့ညှာတာ ဘာညာပေါ့၊ အဲဒါတွေ ပါပါတယ်။ ”
တပ်မတော်သား အများစုလို့ ဆိုလိုတာက အခု ကိုအောင်ထွန်းနဲ့အတူ လွတ်တဲ့အချိန်မှာ တပ်မတော်ဘက်က အရာရှိတွေ ပါသလား။
“ပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ပတ်သက်တဲ့ အမှုတွဲက တချို့လည်း ပါကောင်းပါမယ်။ လူတွေတော့ မသိဘူး။”
တပ်မတော်သားများအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာတယ်ဆိုတာ ဘာကို မှာတာလဲခင်ဗျ။
“တပ်မတော်သားတွေက တပ်မတော်ရဲ့ စည်းကမ်းနဲ့ လိုက်နာပြီး တပ်မတော်ရဲ့ သဘောထား အစစ်အမှန်ကို နားလည်ပြီး တိုင်းပြည်ရဲ့ တတပ်တအား တနေရာရာကနေ ပါဝင်ဆောင်ရွက်ကြဖို့အတွက်ဆိုပြီးတော့ ပြောသွားပါတယ်။”
အခု လွတ်တဲ့အထဲမှာ တရားဝင်နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၃၈ဦး ပါတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာတော့ ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်သုံးဦးနဲ့ အချို့ တိုင်းနဲ့မြို့နယ် တာဝန်ရှိသူတွေ လူငယ်ပိုင်းတွေ ပါဝင်တယ်လို့သိရပါတယ်။ အထင်ကရ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦးအပါအ၀င် ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ အစရှိသူတွေကတော့ မလွတ်သေးပါဘူးး။
Posted by
soneseayar
at
2:54 PM
0
comments
Labels: သတင်း
နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ
ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉
နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံကိုယ်စားပြုပါဝင်သော ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာစက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေးများပါဝင် သည့် တဦးချင်း စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
တဦးချင်း ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့သည့်စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်းလိုက်ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီ ပါဝင်သည့် အသင်းက ပထမဆုရရှိခဲ့ပြီး မောင်သောင်ဒီ၏ စက္ကူလေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံနိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြပါရှိသည်။
မောင်သောင်ဒီ၏ မိဘများသည် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး မောင်သောင်ဒီအား ချင်းမိုင်မြို့တွင် မွေးဖွားခဲ့သည်။
ချင်းမိုင်မြို့ ဘန့်ဝှေစိုင်တွင် ကျောင်းတက်နေသည့် (၄) တန်းကျောင်းသား မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ်အရုပ်ချိုး ခေါက်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ဂျပန်တွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အရွေးခံရကာ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး ပြိုင်ပွဲသို့ တရားဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းခံခဲ့ရာမှ ပြီးခဲ့သည့်စက်တင်ဘာ (၄) ရက်တွင် ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
မောင်သောင်ဒီသည် ထိုင်းနိုင်ငံ၌မွေးဖွားသော်လည်း မြန်မာနိုင်ငံသား ဖြစ်သည့်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ၀င်ရောက်ကူညီပြီးနောက် ထိုင်းအစိုးရက သဘောတူလိုက်ခြင်းဖြစ်သည်။
မိဘများသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိုင်ဆောင်ထားသူများ ဖြစ်နေသည့်အတွက် မောင်သောင်ဒီအနေဖြင့် ထိုင်းနိုင်ငံ၌ မွေးဖွားသော်လည်း ထိုင်းနိုင်ငံသားအဖြစ် အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသားအဖြစ်လည်း အကျုံးမ၀င်သည့်အတွက် နိုင်ငံမဲ့အခြေအနေအဖြစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မောင်သောင်ဒီအား တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူလေယာဉ်ပြိုင်ပွဲတွင် မောင်သောင်ဒီ ပထမဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
Posted by
soneseayar
at
2:52 PM
0
comments
Labels: သတင်း
Saturday, September 19, 2009
သစ္စာစားသူများ
သုအိုင်စံ
၁၈/၀၉/၂၀၀၉
နင်းမိုင်းထောင်တဲ့ရဲဘော် ဂေါက်သွားပြီဟေ့
ဒီစစ်မြေပြင်ကို မီးရှို့ ပစ်လိုက်ရတော့မလား
ဒီဗျူဟာမှားတယ်ဆိုရင် ဘယ်ဗျူဟာကမှန်လဲ
ဝေဟင်ထောက်လှန်းရေးက ကြားဖြတ်စက် ရပ်သွားပြီ
မြေပြင်ထောက်လှန်းရေးက ခါးက အဆက်ပြတ်သွားပြီ
စစ်ကြောင်းဟာရေနဲ့ ဝေးနေတယ်
ကင်းရှည်ထုတ်ထားတဲ့ တပ်စိတ် စက်မပေါ်တော့ဘူး
ကင်းချထားတဲ့ ရဲဘော်တွေအိပ်ပျော်နေတယ်
စစ်ကြောင်းဟာ ရန်သူ့ နယ်မြေထဲမှာ မီးမသုံးရတဲ့ညနက်နက်ထဲ
မင်းမှာ ကျည်ဘယ်လောက်ကျန်သေးလဲ ဟေ့ကောင်
ငါ့ခြေထောက်တွေ သဲဝဲစားနေပြီကွာ
လမ်းခွမှာ လမ်းမှားမပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ ရဲဘော်တိုင်းရဲ့ သစ္စာ
လမ်းခွမှာ လမ်းမှားပြဖို့ ဆိုတာ စစ်ကြောင်းရဲ့ နောက်ဆုံးရဲဘော်ရဲ့ သစ္စာ
သစ္စာဆိုတာ
သေရင်တောင် မရရအောင် ထမ်းထုတ်ခဲ့ရမဲ့ အလောင်း
စုတ်ပြတ်သတ်နေရင်တောင် လွှင့်ထူတားရမဲ့ အလံတော်
တော်လှန်ရေးကွာ
သမိုင်းတွေ တ၀ုန်းဝုန်းတွန်းတိုက်ပြိုဆင်းဖြစ်တည်သလို ယုံကြည်ထားလိုက်
ယုံ-ကြည်-ထား-လိုက်။။။
သုအိုင်စံ
Posted by
nanda
at
3:18 PM
0
comments
Labels: ကဗျာ
ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ဖို့ မြန်မာစစ်အစိုးရကို ဘန်ကီမွန်း တိုက်တွန်း
ဗွီအိုအေ၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၉
မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေထဲက ထောင်ဂဏန်းနဲ့ချီပြီး ပြန်လွှတ် ပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပေမဲ့၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့လိုတယ် လို့လည်း ထပ်ပြီး သတိပေးလိုက်ပါတယ်။ အစိုးရက ထောင်ဂဏန်းချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးနေပေမယ့်လည်း ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ မဆိုသလောက်သာ ပါဝင်နေတာမို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒါဟာ မလုံလောက်ဘူးလို့ ဆိုနေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးမယ်လို့ ကြေညာလိုက်ပြီး နောက်တနေ့ မနေ့ကတော့ မြန်မာနိုင်ငံ တ၀န်း အကျဉ်းထောင်တွေက အကျဉ်းသားတွေကို လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင် လာတာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်တာပါ။ ဒါပေမယ့်လို့ စစ်အစိုးရအာဏာပိုင်တွေအပေါ် သူ အစော ပိုင်းက တိုက်တွန်းထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့လိုတယ် လို့လည်း ထပ်ပြီး သတိပေး ခဲ့တဲ့အကြောင်း နယူးယောက်ခ် ကုလသမဂ္ဂရုံးချုပ်မှာ မနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မီရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောဆိုလိုက်တာပါ။
"မနေ့က ကြာသပတေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကြေညာခဲ့တဲ့ တစိတ်တပိုင်းအဖြစ်နဲ့ နိုင်ငံရေးအကျဉ်းသား တချို့ လွတ်မြောက်လာတဲ့အတွက် အတွင်းရေးမှူးချုပ်က ကြိုဆိုပါတယ်။ မြန်မာနိုင်ငံကို သွားခဲ့တဲ့ ဇူလိုင်လနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အပါအ၀င် မြန်မာစစ်အစိုးရအနေနဲ့ ယုံကြည်ကိုးစားလောက်တဲ့ ခြေလှမ်းတွေကိုလှမ်းပြီး တုန့်ပြန်သွားဖို့ အတွက်ကိုလည်း မြန်မာအာဏာပိုင်တွေကို အတွင်းရေးမှူးချုပ်က တောင်းဆိုထား တာပါ။"
စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာတဲ့ နိုင်ငံသား အကျဉ်းသား အကျဉ်းသူပေါင်း ၇,၁၁၄ ယောက်ကို တိုင်းပြည် အကျိုးပြုဖို့ ရည်ရွယ်တဲ့အနေနဲ့ရော၊ အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေကို ထောက်ထားငဲ့ညှာတဲ့ အနေနဲ့ရော လူသားချင်း စာနာထောက်ထားပြီး ကျန်နေတဲ့ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း မြန်မာ စစ်အစိုးရက ကြာသပတေးနေ့က ကြေညာခဲ့ပြီ နောက်တနေ့မှာတော့ ပထမအသုတ် အနေနဲ့ မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသား ရာဂဏန်းလောက် ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင်တွေ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ သံဃာတော်တွေ၊ စာနယ်ဇင်းသမား တချို့နဲ့အတူ နိုင်ငံရေး အကျဉ်းသား ၅၀ လောက် ပါဝင်ခဲ့တာပါ။ ဒါပေမဲ့လို့ အခုအချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြန်လွှတ်ပေးဖို့ မျှော်လင့်ချက်နဲ့ တောင်းဆိုနေတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမလား ဆိုတာကတော့ မသေချာလှပါဘူး။ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာ တွေကို ပြေလည်စေရေး အတွက်ဆိုရင်တော့ ဒီလို ဖမ်းဆီးထိန်းသိမ်း ထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုတယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်းခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။
"အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ ခြေလှမ်းတွေလှမ်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးနိုင်မဲ့ နောက်ထပ် လုပ်စရာရှိတာတွေ ဆက်လုပ်သွားဖို့အတွက်ကိုလည်း ထပ်လောင်း တောင်းဆိုထားတယ်လို့ ပြောခဲ့ပါတယ်။"
အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မီရှဲလ် မွန်းတပ်စ် ဖြစ်ပါတယ်။ ဒီလိုပဲ မြန်မာစစ်အစိုးရက အကျဉ်းသားတွေ မကြာခဏ ဆိုသလို လွှတ်ပေးတာမျိုးတွေ ရှိပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ မဆိုသလောက်သာ ပါဝင်ခဲ့တာမို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေက ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာတုန်းက အကျဉ်းသား ၉,၀၀၀ ကျော်၊ ဒီနှစ် ဖေဖော်ဝါရီလထဲမှာ တုန်းကတော့ ၆,၀၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့် ဒီအထဲမှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ၀ါရင့်သတင်းစာဆရာ ဦးဝင်းတင်အပါအ၀င် နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်သာ ပါဝင်ခဲ့တာပါ။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး ဖြစ်တဲ့ (Amnesty International) က မြန်မာနိုင်ငံဆိုင်ရာ သုတေသန အရာရှိ တဦးဖြစ်တဲ့ ဘင်န်ဂျမင် ဇ၀က်ကီး (Benjamin Zawacki) ကတော့ နိုင်ငံရေးပြဿနာတွေ ပြေလည်စေရေးအတွက် ဆိုရင် တော့ ဒီနှုန်းအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေလို့ မရဘူးလို့ ဆိုလိုက်ပါတယ်။
"နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ထက် နည်းနည်းမှ မလျော့ရဘူး ဆိုရင်တော့ မသင့်တော်ပါဘူး။ ၂,၂၀၀ စလုံးကို တကြိမ်တည်းနဲ့ အစိုးရက အကုန်ပြန်လွှတ်ဖို့ ဆိုတာကလည်း ကျနော်တို့ မျှော်လင့်ထားတဲ့ကိစ္စ မဟုတ် ပါဘူး။ ဒါပေမဲ့လို့ လွှတ်ပေးနေတဲ့ ပုံစံကို ကြည့်မယ်ဆိုရင်တော့၊ ၆ လကနေ ၁ နှစ်လောက်အတွင်း တကြိမ်စီ၊ ဆိုပါတော့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကနေ ၂၅ ယောက်လောက်အထိပဲ လွှတ်ပေးနေတာကတော့ သိပ်ကို နည်းလွန်းပါ တယ်။"
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာရှိ ဘင်ဂျမင် ဇ၀က်ကီး ပါ။ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စစ်အစိုးရရဲ့ ကြေညာချက်ဟာဆိုရင် ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ ကျင်းပဖို့ရှိနေပြီး၊ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ပြောကြဆိုကြဖို့ရှိနေတဲ့ အထွေထွေ ညီလာခံ စတင်မယ့် အချိန်နဲ့လည်း တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာပါ။ ကုလသမဂ္ဂမှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောကြဆိုကြမယ့် အထဲမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြဖို့ အစီအစဉ်လည်း တခုအပါအ၀င် ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ အာရုံစိုက်ပြောဆိုဖို့ ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လည်း ဒီဆွေးနွေးမှုမှာ ပါဝင်ဖို့ရှိနေတာပါ။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကတော့ ဖိတ်ကြားချက်ကို ငြင်းဆန် ထားတယ်လို့ ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပေမယ့်၊ အတွင်းရေးမှူးချုပ်ရုံးကတော့ နိုင်ငံပေါင်း ၁၅ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ ပါဝင် တက်ရောက်ဖို့ ရှိနေတဲ့ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးမယ့်သူ တွေ ရဲ့ နောက်ဆုံးစာရင်းကို အတည်မပြုရသေးဘူးလို့သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Posted by
soneseayar
at
1:39 PM
0
comments
Labels: သတင်း
အကျဉ်းသား ၇၀၀၀ ကျော်လွှတ် နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ပါဝင်
ဧရာဝတီ၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၉
စစ်အစိုးရက ယနေ့ စတင်၍ အကျဉ်းသား ၇၁၁၄ ဦးကို လွှတ်ပေးရာတွင် သတင်းထောက်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၄၀ ကျော်သာ ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ပုဒ်မ ၁၇/၁ နှင့် အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ည)တို့ဖြင့် ဖမ်း ဆီးထားသူ စုစုပေါင်း ၂၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဟု အင်းစိန် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော် ယနေ့တွင် သတင်းထောက်များဖြစ်သော မအိမ့်ခိုင်ဦးနှင့် ကိုကျော်ကျော်သန့်၊ သံဃာတော်တပါး တို့အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄၃ ဦးသာ ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းထောက်များ ပြောပြချက် အရ သိရှိရသည်။ ၎င်း သံဃာတော် တပါး သည် အရှင်စန္ဒောဘာသ ဖြစ်သည်ဟု ဆိုသည်။
မအိမ့်ခိုင်ဦးသည် ရန်ကုန်မြို့တွင် အပတ်စဉ် ထုတ်ဝေသော အီကိုဗီးရှင်း (Eco Vision) ဂျာနယ်၏ သတင်း ထောက်တဦးဖြစ်သည်။ သူမသည် နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူ ၂၀ ခန့် ရန်ကုန်မြို့တာမွေမြို့နယ်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြသော သတင်းကို ရေးသားခဲ့သည့်အတွက် အဖမ်းဆီးခံခဲ့ရသည်။
ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ လွှတ်သည့် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင်များလည်းပါဝင်သည်ဟု ဆိုသည်။
ဧရာဝတီမှ ရရှိထားသည့် စာရင်းများအရ ယနေ့ပြန်လွတ်သူများတွင် ကိုညီညီမင်း၊ ဦးတင်မြ၊မုံရွာ အောင်ရှင်(ခေါ်) ဦးအေးကြူ၊ မတင်တင်မြင့်၊ မသန်းသန်းဌေး၊ မသန်းသန်းဆင့်၊ မသင်မင်းစိုး၊ မကြည်ကြည်မင်း၊ ကိုဇော်ထွတ် အောင်၊ ဦးတင်မျိုးထွတ်(ခေါ်)ကျော်ဦး၊ ဦးဝင်းမြင့်၊ဦးကျော်မောင်၊ဦးနေ၀င်း၊ဦးကြည်လင်း၊ဦးစိုးဝေ(ခေါ်) သန်းဇော် တို့လည်း ပါဝင်ကြောင်း သိရသည်။
ယင်းပြန်လွတ်လာသူများတွင် ထင်ရှားသော ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းလည်း ပါဝင်သည်။
အစိုးရက ယခုကဲ့သို့ အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းသည် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူများအား လူသားချင်းစာနာ ထောက်ထားမှု၊ သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း ၊ ဒေသ အကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ရန်အတွက် နိုင်ငံသား အကျဉ်းသား ၇၁၁၄ ဦးတို့ကို ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် အစိတ်အပိုင်းကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်း စာတွင် ဖော်ပြထားသည်။
AAPP တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်ကမူ“နအဖက နိုင်ငံတကာက ဖိအားပေးတော့မယ်လို့ သူတို့ ယုံကြည် လာလို့ရှိရင် နိုင်ငံတကာ ပိတ်ဆို့မှုတွေ လျှော့သွားအောင်လို့ ဒီလို လွှတ်ပြတယ်၊ အခုအချိန်ထိ တကယ်အရေး ကြီး တဲ့ ဒေါ်အောင်ဆန်းစုကြည် မပါသေးဘူး၊ ဦးခွန်ထွန်းဦးတို့ ကိုမင်းကိုနိုင်တို့ မပါသေးဘူး”ဟု ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကတိပေးထားသောကြောင့် မကြာခင် ကျင်းပမည့်အထွေထွေညီလာခံ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို ပြုလုပ်ရန်ရှိ သည့် အတွက် ကြိုပြင်ဆင်ထားသည့် သဘောသာဖြစ်ကြောင်း ၎င်း ဦးဘိုကြည်က ဆိုသည်။
ထို့အပြင် စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေး တိုင်း မြင်းခြံမြို့မှ သံဃာတော်တပါး အပါအ၀င် ၈ ဦးကို မကြာခင် ရက်ပိုင်းကဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်းသိရ သည်။
အဆိုပါ ၈ ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင် သွား ခြင်း ဖြစ်ကြောင်း ဒေသခံများအဆိုရ သိရခြင်းဖြစ်သည်။
လွန်ခဲ့သည့် ဇူလိုင်လတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။
AAPP ၏ စာရင်းများအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း သိရသည်။
Posted by
soneseayar
at
1:37 PM
0
comments
Labels: သတင်း
Friday, September 18, 2009
ဒေါ်အောင်ဆန်းစုကြည် အယူခံ အမိန့်ချမှတ်မည့်ရက် ရွှေ့ဆိုင်း
ဧရာဝတီ၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၉
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို အောက်တိုဘာလ ၂ရက်နေ့တွင် အမိန့် ချမှတ်မည်ဟု ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယင်းအယူခံကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကြားနာခဲ့ပြီး ညနေ ၃ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။
“အယူခံ အကြောင်းပြချက်တွေကိုပဲ လျှောက်လဲချက်ပေးကြတာပဲ၊ ဟိုဘက်ကလည်းပေးတယ်၊ ကျနော်တို့ဘက် ကတော့ ဦးကြည်ဝင်းက လျှောက်လဲချက်ပေးတယ်၊ သူ့ လျှောက်လဲချက်က ၂ နာရီခွဲ ကြာပါတယ်၊ အောက်တိုဘာ ၂ရက်နေ့မှာ အမိန့်ချဖို့ ချိန်းလိုက်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံရန်အတွက် ယခုလောလောဆယ်တွင်မူ အစီအစဉ် မရှိသေးကြောင်း၊ ဥပဒေရှုထောင့်မှ ကြည့်ပါက အမှု အခြေအနေမှာ ကောင်းမွန်ကြောင်း၊ လွတ်မြောက်ရန် မျှော်လင့်နိုင်ကြောင်း ၎င်းကဆိုသည်။
ယင်းအယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုကြောင်း သိရသည်။
အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် ယနေ့ နံနက် ၁၀ နာရီတွင် ရုံးချိန်းပေးထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အယူခံ ကြားနာသည့် ယနေ့သည် စစ်အစိုးရ အာဏာသိမ်းသည့် ၂၁ နှစ်ပြည့် မြောက်သော နေ့နှင့်တိုက်ဆိုင်နေသကဲ့သို့ အကျဉ်းသား ၇၁၁၄ဦးကို စစ်အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်ကြောင်း အစိုးရပိုင်သတင်းစာများတွင် ဖော်ပြချက်နှင့်လည်း တိုက်ဆိုင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။
ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။
Posted by
soneseayar
at
6:52 PM
0
comments
Labels: သတင်း
နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်
ခေတ်ပြိုင်၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၉
စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။
“တနိုင်ငံလုံးအနေနဲ့ ၅ (ည)၊ ၁၇၊ ၁၃၊ ၂၀ စသည့်အမှုတို့ဖြင့် အကျဉ်းကျခံနေရသူတွေ ပါဝင်ပါတယ်။ ဒီနေ့ကစပြီးတော့ လွှတ်ပေးနေမှာပါ။ မနေ့က ထုတ်ပြန်တဲ့ အမိန့်အတိုင်းပါပဲ။ လွှတ်ပေးမယ့်လူဦးရေ (၇,၁၁၄) ဦး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။
ပြန်လည်လွန်မြောက်လာသည့် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြက “ကျနော်တို့တွေက နိုင်ငံရေးကို ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ကို ဖမ်းတဲ့ကိစ္စဟာ ဘာမှဟုတ်တိပတ်တိ အမှုမဟုတ်ဘူး။ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ဖမ်းတဲ့အတွက် မကျေနပ်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
Posted by
soneseayar
at
6:51 PM
0
comments
Labels: သတင်း
အကျဉ်းသား ၇,၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး
ဗွီအိုအေ၊ စက်တင်ဘာလ ၁၇ ရက် ၂၀၀၉
မြန်မာစစ်အစိုးရက သူတို့အခေါ် နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
တည်ဆဲဥပဒေအရ အရေးယူခဲ့ရတယ်ဆိုတဲ့ ဒီအကျဉ်းသားတွေကို လူမှုရေးအားဖြင့် သက်ညှာတဲ့အနေနဲ့လည်းကောင်း၊ တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက်လည်းကောင်း၊ သူတို့ကျခံဖို့ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွှတ်ပေးလိုက်တာလို့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိနေပြီး ဒီအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုကနေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခုလွှတ်ပေးလိုက်တဲ့ ၇,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါမယ် ဆိုတာတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အလားတူ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အထဲ အကျဉ်းသား ၉,၀၀၀ ကျော်ထဲမှာတော့ သတင်းစာဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ် သာ ပါဝင်ခဲ့ပါတယ်။
ဒီနှစ်ဆန်းပိုင်းက လွှတ်ပေးတဲ့ အကျဉ်းသား ၅,၀၀၀ ကျော်ထဲမှာတော့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်သာ ပါဝင်ခဲ့ပါတယ်။ အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ မစုစုနွေး စတဲ့ ပုဂ္ဂိုလ်တွေဟာ အလားတူ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နည်းတူ ထောင်ကျခံနေကြရဆဲ ဖြစ်ပါတယ်။
Posted by
soneseayar
at
11:01 AM
0
comments
Labels: သတင်း
NLD လူငယ်တချို့ အဖမ်းခံရ
ဗွီအိုအေ၊ စက်တင်ဘာလ ၁၇ ရက် ၂၀၀၉
အာဏာပိုင်တွေဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ တဘက်မှာ တိုင်းသိပြည်သိ တရားဝင် ကြေညာချက်တွေ ထုတ်ပြန်နေပေမယ့်လည်း တဘက်မှာတော့ ဖမ်းဆီးထိန်းသိမ်းမှုတွေက ဆက်လက် ပြုလုပ်နေပါတယ်။ ရန်ကုန်တိုင်း မြို့နယ်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ၄ ဦးကို မနေ့ညပိုင်းမှာ အာဏာပိုင်တွေက လာရောက် ခေါ်ဆောင်သွားခဲ့ပါတယ်။ တဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဖြစ်ပေမဲ့ ကျန်တဲ့ ၃ ဦးက ဘယ်ရောက်နေမှန်း မသိဘူးလို့ NLD ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေအတွက် လက်ရှိမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တခြား အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတဲ့ အချိန်အတွင်းမှာပဲ NLD အဖွဲ့ဝင်တွေနဲ့ တခြား တက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးခံရတဲ့ သတင်းတွေကလည်း ဆက်တိုက်လို ကြားနေရပါတယ်။
အခုနောက်ဆုံး ဖြစ်ရပ်ကတော့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က NLD လူငယ်အဖွဲ့ဝင်တွေ အဖမ်းခံကြရတာပါ။
“ကျနော်တို့ဆီက လူငယ် ၄ ယောက် မနေ့က အဖမ်းခံရတယ်။ ရန်ကုန် မရမ်းကုန်းမြို့နယ်ကပါ။ ကိုမင်းမင်းအောင်၊ ကိုသီဟဇော်၊ ကိုကျော်ဝင်းနိုင်နဲ့ မမြင့်မြင့်အေး၊ အဲဒီ ၄ ယောက်ကို မနေ့က ညနေပိုင်းက ဖမ်းပါတယ်။ မမြင့်မြင့်အေး ကတော့ မနေ့ည ၁၀ နာရီလောက်မှာ သူ့ကို ပြန်လွှတ်လိုက်တယ်။ အဲဒီ ၃ ယောက်တော့ အခုထိ ကျန်သေးတယ်။ ဘာ့ကြောင့်ဖမ်းလဲဆိုတဲ့ သူတို့ဘက်က စွပ်စွဲချက်ကိုတော့ ကျနော်တို့ မသိပါဘူး။”
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က NLD ပါတီဝင် မဟုတ်တဲ့ သီးခြား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ၅ ဦးထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီ စက်တင်ဘာလဟာ ၂၀၀၇ ခုနှစ်က ဖြစ်ခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်ကာလ ဖြစ်တာမို့ သံဃာတော်တွေ ဖမ်းဆီးခံရတာတွေ လည်း ရှိထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ ညကလည်း ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်က အဆောင်တခုမှာ နေထိုင်တဲ့ တက်ကြွ လှုပ်ရှားသူ လူငယ် ကိုတိုးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘယ်ရောက်နေတယ်ဆိုတာ စုံစမ်းလို့မရဘူးလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။ ကိုတိုးအောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုခဲ့တဲ့ အချိန်ကာလ တုန်းက ဘုရားပေါ်တက် ဆုတောင်းပွဲတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် အထိန်းသိမ်း ခံခဲ့ရဖူးပါတယ်။ အခုတကြိမ်ကတော့ ဘာ့ကြောင့် ဖမ်းဆီးတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခုအဖမ်းခံရတဲ့ NLD လူငယ်တွေဟာ ပါတီရဲ့ မြို့နယ်လူငယ်အဖွဲ့ခွဲ ဖွဲ့စည်းရေးမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ ဦးဉာဏ်ဝင်းကပြောပြီး ဘာ့ကြောင့် ဖမ်းဆီးသွားတာလဲဆိုတဲ့ အကြောင်းရင်းကို မသိသေးတာကြောင့် စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။
“ကျနော်တို့ နားလည်နေတာ ဒီ လူငယ် သုံးလေးယောက်က မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးမှာ ဆောင်ရွက်ကြမယ့် လူငယ်တွေပေါ့။ ပါဝင်ပတ်သက်ရမယ့် လူငယ်တွေ။ အဲတော့ ဒီအတွက်များ ဖြစ်သလားလို့ ကျနော်တို့ ဒီလိုတော့ ခန့်မှန်းပါတယ်။ စုံစမ်းနေပါတယ်၊ ကျနော်တို့ ဘယ်မှာရှိနေလဲ၊ ဘာကြောင့်လဲဆိုတာ သိအောင်တော့ ကြိုးစားနေတယ်။ အခြေအနေကတော့ သူတို့စွပ်စွဲချက်ကို ကျနော်တို့ မသိပါဘူး။”
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်းဟာ NLD အပါအ၀င် ၁၁ ခုပဲရှိပြီး ဒီပါတီတွေဟာ လည်း စည်းရုံးလှုပ်ရှားခွင့်၊ ဖွဲ့စည်းခွင့်တွေ မရှိကြပါဘူး။ NLD ပါတီဆိုရင် ဗဟန်းမြို့နယ်က ပါတီရုံးချုပ်မှာ လုပ်ငန်းတွေ လုပ်နေနိုင်တာကလွဲလို့ ကျန်တဲ့ ပြည်နယ် တိုင်း မြို့နယ်ရုံးခွဲတွေ အားလုံးကို အပိတ်ခံထားရပါတယ်။
ဒါပေမဲ့လည်း တရားဝင် မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကို ဆိုင်းဘုတ်တင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်တွေ ပြုထားတာ ကြောင့် NLD လို တရားဝင် ပါတီတွေကိုလည်း အလားတူ လုပ်ဆောင်ခွင့်ပြုဖို့ သိပ်မကြာသေးခင်ကပဲ NLD ပါတီကနေ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား တောင်းခံခဲ့ပါသေးတယ်။ ဒီစာနဲ့ပတ်သက်လို့ အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားတာ မရှိသေးဘဲ စည်းရုံးလှုပ်ရှားတဲ့ NLD အဖွဲ့ဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေကိုပဲ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Posted by
soneseayar
at
11:00 AM
0
comments
Labels: သတင်း
Thursday, September 17, 2009
ကိုးကန့်ဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံ
ဧရာဝတီ၊ စက်တင်ဘာလ ၁၇ ရက် ၂၀၀၉
ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးခဲ့သော်လည်း ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံနေရကြောင်း သိရသည်။
မကြာမီက စစ်အစိုးရနှင့် ကိုးကန့်တိုင်းရင်းသား အပစ်ရပ်အဖွဲ့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာအကူ အညီပေးနေသော ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်(WFP)နှင့် အစိုးရမဟုတ်သည့် အကူအညီပေးရေးအဖွဲ့များ၏ လုပ်ငန်းများကို ရပ်ဆိုင်း ခဲ့ရသည့်အတွက် စားနပ် ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေနေရသည်ဟု ဒေသခံများက ပြောသည်။
“အရင်တုန်းက ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကပေးတယ်လေ၊ အခုတော့လုပ်ငန်းတွေရပ်ထား ရတော့ ဆန်ပြတ်သွားတာပေါ့၊ ရှိတဲ့ဆန်ကလည်း စစ်တပ်ကို ပို့ပေးရတယ်” ဟု လောက်ကိုင်မြို့မှ ဒေသခံတဦးက ပြောသည်။
စစ်အစိုးရ သတင်းစာများတွင် နယ်မြေတည်ငြိမ်သွားပြီဟု ဖော်ပြထားသော်လည်း ပြီးခဲ့သည့်သြဂုတ်လ အတွင်းက ဖြစ်ပွား ခဲ့သော တိုက်ပွဲများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည့်အပြင် စစ်အစိုးရတပ် အများအပြားဝင် ရောက်လာမှုကြောင့် ဒေသတွင်းစားနပ်ရိက္ခာ မလုံလောက်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ဒေသတွင်းရှိ လူဦးရေ ၁၂၀၀၀၀ ကို WFP နှင့် တခြားသော NGO အကူအညီ ပေး ရေးအဖွဲ့များက ဆန်နှင့် စားနပ်ရိက္ခာ များ ကိုအကူအညီပေးနေရကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများ ကြောင့် အဆိုပါ အဖွဲ့ အစည်းများတွင် လုပ်ကိုင်နေသူများလည်း တိုက်ပွဲများ အတွင်းတွင် ပိတ်မိနေကြောင်း သိရသည်။
“ကိုးကန့်ဒေသမှာ အမျိုးသမီးအိမ်ထောင်ဦးစီးတို့၊ သက်ကြီးရွယ်အိုတို့၊ မူလတန်းကလေးတွေ ကိုဆန် ထောက်ပံပေးတယ်၊ နောက်ပြီးတော့ အသက်မွေးဝမ်းကျောင်း သင်တန်းတက်တဲ့သူတွေကို ဆန်ထောက်ပံတယ်၊ အခုတော့ ရပ်ထားတယ်”ဟု WFP မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
WFP နှင့် အခြားသော NGO အဖွဲ့များသည် ကိုးကန့်ဒေသ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး လုပ်ငန်းများ နှင့် ဒေသတွင်း ရှိလူမှုရေး လုပ်ငန်းများလုပ်ကိုင်ရန် အတွက်ရောက်ရှိနေကြပြီး ဒေသခံများ၏ အသက် မွေးဝမ်းကျောင်းနှင့် ပတ်သက် သော သင်တန်းများပေးခြင်း၊ အလုပ်အကိုင်များရှာဖွေပေးခြင်း၊ သုံးနှစ်အောက် ကလေးငယ် များ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် နို့တိုက်မိခင်များ၊ HIV ဝေဒနာရှင်များအား စားနပ်ရိက္ခာထောက်ပံ့သောအစီစဉ်များကို လုပ်ကိုင်နေကြောင်းသိရသည်။
၎င်းအဖွဲ့အစည်းများ၏ရုံးများကို လောက်ကိုင်မြို့တွင် ဖွင့်လှစ်ထားပြီး ပုံမှန်လုပ်ငန်းများလုပ်ကိုင် နိုင်ရန်အတွက် ရက်သတ္တ နှစ်ပတ်ခန့် အချိန်ကြာဦးမည် ဖြစ်ကြောင်း၊ ဒေသအတွင်း လုံခြုံမှု ရှိမှသာလျှင် ၀န်ထမ်းများကို ပြန်လွှတ်မည်ဖြစ်ကြောင်း WFP မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
စစ်အစိုးရ သတင်းစာများတွင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ကိုးကန့်ဒေသသို့ ပြန်လာနေကြ သည်ဟု ဖော်ပြနေသော်လည်း ဒုက္ခသည် အများစုမှာ တရုတ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ကျန်ရှိနေသေးကြောင်း ၊ ကိုးကန့်ဒေသ နှင့် ၀ဒေသတို့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကိုစိုးရိမ်နေသောကြောင့် အခြေအနေကို စောင့်ကြည့် နေကြကြောင်းသိရသည်။
“တရုတ်ဘက် က ဒုက္ခသည်စခန်းမှာ ကျောင်းသားတွေ ၊ စတိုးဆိုင်ပိုင်ရှင်တွေကျန်နေတုံးပဲ၊ မပြန်သေးဘူး၊ အခြေအနေကို စောင့်ကြည်နေကြတယ်”ဟု အဆိုပါ မြို့ခံက ပြောသည်။
စစ်အစိုးရ သတင်းစာများတွင် စက်တင်ဘာ ၈ ရက်နေ့အထိ စာရင်းအရ ကိုးကန့်ဒေသသို့ ဒုက္ခသည် ၁၅၆၀၇ ဦး ပြန် လည်ဝင်ရောက်လာပြီဟု ရေးသားထား သော်လည်း တရုတ်နိုင်ငံမှ တရားဝင်ထုတ်ပြန်သော စာရင်းအရ ဒုက္ခသည်ပေါင်း ၃၇၀၀၀ ရှိကြောင်း သိရသည်။
Posted by
soneseayar
at
9:01 PM
0
comments
Labels: သတင်း
နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌ ကျန်းမာရေးဆိုးရွားနေ
ဧရာဝတီ၊ စက်တင်ဘာလ ၁၇ ရက် ၂၀၀၉
မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၁၄၀ ခန့်သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုရ သိရသည်။
အဆိုပါ ကျန်းမာရေး ဆိုးရွားသူများသည် နှလုံး ၊ သွေးတိုး ၊ အသည်းရောင်အသားဝါ၊ အစာအိမ်၊ငှက်ဖျား၊ ကင်ဆာ၊ မျက်စိ အာရုံကြောအားနည်းခြင်း စသည့် ရောဂါ ဝေဒနာများကို ခံစားနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောဆိုသည်။
AAPP ၏ စာရင်းများအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း သိရသည်။
အကျဉ်းထောင်များတွင် ဆေးဝါးများကို ထောင်အာဏာပိုင်များက ထောက်ပံ့မှုများ မလုံလောက်သည့်အတွက် ယခုကဲ့သို့ ကျန်းမာရေး ဆိုးရွားကြခြင်းဖြစ်သည်ဟု AAPP တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
“လိုအပ်တဲ့ ဆေးဝါးတွေကို ထောင်တွေကနေ မထောက်ပံ့နိုင်ဘူး၊ မိသားစုတွေက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆေးကု နေရတယ်၊ ကုန်ကျတဲ့ စရိတ်က လိုအပ်တာထက် ပိုပြီးတော့ကြီးတယ်၊နောက် အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့ အခါကျတော့ အဲဒါက ရောဂါကို ပိုပြီးတော့ ဆိုးရွားစေတဲ့အချက်တွေပဲ”ဟု ၎င်းက ပြောသည်။
အလားတူ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှင့် ပတ်သက်ပြီး ဖမ်းဆီး၍ ဧရာဝတီတိုင်း ဖျာပုံထောင်တွင် ထောင်ချခံထားရသော ဦးရွှေမောင်းသည် ကျန်းမာရေး ဆိုးရွားနေပြီး အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်း၏ ဇနီး ဒေါ်သန်းသန်းဝင်းက ဧရာဝတီသို့ ပြောသည်။
“၀မ်းလျှော၊၀မ်းပျက် ဖြစ်နေတယ်၊ အားနည်းနေတယ်၊ သူ ကျမနဲ့ စကားပြောနေတာ တကိုယ်လုံး တုန်နေတာပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါ ဦးရွှေမောင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးကုသခွင့်ပေးရန် ထောင်အာဏာကပိုင်များထံသို့ စာရေး တောင်းဆိုမည်ဟုလည်း ဒေါ်သန်းသန်းဝင်းက ဆိုသည်။
ဦးရွှေမောင်းသည် မန္တလေးမြို့တွင် အဖမ်းခံရပြီး ရန်ကုန် အင်းစိန်ထောင်မှ ထောင်ဒဏ် ၈ နှစ် ချခံရကာ ဖျာပုံ ထောင်သို့ ပြောင်းရွှေ့ခံထားရခြင်းဖြစ်သည်။ ၎င်း ဦးရွှေမောင်းကို ဒေါ်သန်းသန်းဝင်းက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထောင်ဝင် စာသွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းဇေယျာ နှင့် ကိုလှမျိုးနောင်၊ ကိုမြအေး၊ မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးတင်ယု ၊ ဦးကြည်သန်း တို့သည် ကျန်း မာရေး ဆိုးရွား နေကြောင်း သိရှိရသည်။
ထို့အပြင် နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် ၁၀၄ နှစ် ကျခံနေရသော ကိုဗိုလ်မင်းယုကိုနှင့် မကေသီအောင် တို့သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်းလည်း သိရသည်။
ကိုဗိုလ်မင်းယုကိုသည် မန္တလေးအိုးဘိုထောင်မှ သရက်ထောင်သို့ ပြောင်းရွှေ့ခံထားရပြီး ထောင်တွင်း၌ ၎င်း၏ ဦးခေါင်းတွင် ရိုက်နှက်ခံရမှု၊ အစာအာဟာရ ကောင်းစွာမရခြင်း စသည့် ဒဏ်များကြောင့် မကြာခဏ မူးလဲ ကြောင်း ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောပြသည်။
Posted by
soneseayar
at
8:54 PM
0
comments
Labels: သတင်း

