by A'karikz Yannaing
Like pouring rain from entire sky
Touring my pain along the entire time
In the game of history chain and political lines
In the mind of freedom fighters
Fountain of sacrificed youth
On the mountain of truth-land
Battle for peace and adore the gun
Self-learning from own inside thoughts
High-speed maturities of ...ISM without a brand
1988, senior students against Junta
1996, junior students against Junta
2007, religious monks against Junta
Now and ever, Burma against Junta
Hunger of total freedom
Anger of people's demands
Army bullets hit students' head
Students' flag hit the whole nation
The nation hit the generations
The generations hit the future
People's victory is absolutely ours
Every nightmare of my everynight
Rasing my flag as high as I give a salute
Singing my anthem as nice as I build the truth
Shining my sun as bright as I light
Fighting my best as die-hard as I survive
I WROTE THE HISTORY!!!
A'karikz Yannaing
Saturday, June 27, 2009
Nightly Nightmare
Posted by
ဖိုးနေ
at
3:33 PM
1 comments
Labels: ကဗျာ
My Wild Dream
A dreamland
by Nge Lay
Nge Lay was a high school student during nationwide uprising in 1988. he joined revolution at the age of 16 in that year. he wrote about 400 poems in 20 years time. he simply named his very first poetry book MY WILD DREAM.
The following poems are from MY WILD DREAM and the book is still in the production-line. Between his high hpoes and his low budgets, the book doesn't go ahead and volume 2, 3, 4 are waiting as well. As a freedom fighter, I do believe that his poetry is going to build a bridge between international societies and Burma's pro-democracy movement. What do you reckon? Have A Check!
A'karikz Yannaing
Posted by
ဖိုးနေ
at
3:15 PM
0
comments
Labels: ကဗျာ
My Wild Dream
Hope [A Flickerin' One]
by Nge Lay
Hope...
At times, I’d pretend
Like to believe myself
There’s always something in my hand,
But I wouldn’t hear a starting gun’s fired
Till a bomb’s set and the silence’s begun,
I just awake from a distant dream
In time to see what I’ve grabbed as I read
All the stars on every line in my palm,
Put a little smile on my face
When I failed to hide the worries
Burnin’ in my eyes, telling myself
No iota of fears, but my feet
Was ready to back away, and my faith
Just ran straight to surrender,
Forced myself to admit a defeat
Yet dared not to imagine to spend eternity in despair,
Tho’ deep down in my heart, I did wanna see
The future in a beautiful day.....
However, there’s one thing I’ve noticed
Years, many forests were disappeared
But here we’ve never learnt,
We loved wars, engaged many battles
Still failed to conquer one,
Even immortal ceased to exist,
Yet we’ve put many species out
Into extinction while dreaming a new creation,
Pushing every boundary in a journey to utopia
With a mind to enslave others,
It ain’t a habit that runs deep in our blood
But a desire to kill one another,
So now I’d wonder
It must be a privilege to be
An owner of the land
That’s never ours.....
H o p e
Posted by
ဖိုးနေ
at
3:02 PM
0
comments
Labels: ကဗျာ
My Wild Dream
A Victim of The Dark
- Nge Lay
Days in and days out...
Things were gettin’ clear about
What I’ve learnt and how did I acquire,
Now it’s time to stop my wonder
Although what’s done was done, in the end
For all I’ve ever prepared left me nothin’
When I wiped a slate clean, a new beginning
A manipulative dream and a wasted chance
Sat comfortably on the fence,
So I sighed,
Here’s come another decadence.....
There’s no regret for the things I’ve done,
It’s nothing to do with my pride, or it’s certainly not
An act of desire to save a life out of salvation,
I wished I’d never be forced to make
This harsh decision, after all
I laid down my gun as a price of freedom,
I found my pleasure,
These dreams gave me a new reason
For being an outsider, but night after night
I wondered and wandered, just wasted my times,
Exit! All I’d found here was
There’s no route to the alternative,
It’s a journey of a nocturnal trip
Although my mind remained fresh
And my eyes were glowing
That’s so bright in the state of bliss,
I took my step
Deep into “the night”, surrounded by darkness
That’s so hard to expose
As the law’s lost its power to impose,
But at the end of my sight,
I’d see my soul
Turning away from the moonlight
And sat in quiet
Before silent exploded
In a lonely corner of the night.....
Far away,
Far from every living, every dream
That’s turned a nightmare and the seasons that’d bring
A message (encoded) in the fresh air, a reason why
I was so tired living with growing fears, it wasn’t sacred,
Yet still I’ve kept my faith and ready to believe
There must be a place, a place
We’d all share, without power
To impose on one and another,
A place we’d all live together
Where we wouldn’t have to sacrifice
And never something to divide,
Thou’ there were prices still tagged
For peace and for freedom.....
As thou’ it’s an another nature, in fact
It’s just a same old fear like every passion meets
A new world of desire, please
Let me ask you a favour
Before this nightmare’s controlled all my senses,
Would you leave me alone
In this world of decadence?
Cos’ at times,
I’d need to rearrange my dream and check out
Any internal damage in my heart, chances are hard,
But I may survive in the night, outside this life for so long
As though I’d feel that many times I’ve been,
A victim of the dark.....
[ August 14, 1999 ]
Posted by
ဖိုးနေ
at
2:47 PM
0
comments
Labels: ကဗျာ
Friday, June 26, 2009
ရန်ကုန်တွင် A/H1 N1 တုပ်ကွေးဖြစ်ပွားနေဟု သတင်းများ ပျံနှံ
NEJ / ၂၅ ဇွန် ၂၀၀၉
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ဟူသော သတင်းများ ယမန်နေ့ကစ၍ ပျံ့နှံ့လျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
A/H1 N1 တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ် ဝေဒနာရှင်တဦးကို တွေ့ရှိရပြီးသည့်နောက် သတင်းစတင်ပေါက်ကြား ရာမှ ပြည်သူများကြား ယင်းသို့ သတင်းများ ပျံ့နှံ့နေခြင်းဖြစ်သည်။
အဆိုပါဝေဒနာရှင်သည် ရန်ကုန်ဆေးရုံကြီး၊ ရောဂါထိန်းချုပ်ရေးသီးသန့် လူနာခန်းတွင် ဇွန် (၂၂) ရက်၌ ဆေးကုသမှု ခံယူခဲ့ကြောင်း ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။
ရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံသား အမျိုးသားတဦးဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင်တဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက်နေ့စွဲဖြင့် ယနေ့
ကြာသပတေးနေ့တွင် ဖြန့်ချိသည့် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးကမူ “ကျနော်တို့လည်းကြားတာပဲ။ ဆေးရုံကြီးကို ဖုန်းနဲ့မေးတော့ ဆေးရုံတက်တယ်ဆိုတာ ဟုတ်တယ်တဲ့။ ဆေးရုံက ဆင်းသွားပြီလား၊ မဆင်းသေးဘူးလားဆိုတာ မေးတော့ မပြောတတ်ဘူးလို့ ပြောတယ်ဗျ” ဟု ပြောသည်။
ယင်းသတင်းကြောင့် လူအများကြောက်ရွံ့နေကြပြီး အဆိုပါရောဂါဖြစ်ပွားပါက ကူးစက်မှုနှုန်းမြန်သည်ဟူ၍ ရောဂါလက္ခဏာများအကြောင်း ရေးသားဖော်ပြချက်များကြောင့် တဦးနှင့်တဦး သတင်းများလက်ဆင့်ကမ်း ပြောဆိုနေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းနေ အိမ်ရှင်မတဦးက “ကျမတို့နေတာက ဒဂုံဆိုတော့ ဘာမှမသိရဘူး။ ဘာဖြစ်လို့ဖြစ်နေမှန်း ကို မသိတာ။ ဒါကြောင့် ရန်ကုန်မြို့ထဲမှာ ဆေးခန်းဖွင့်ထားတဲ့ အသိအိမ်ကို သွားမေးရတယ်။ ဒါနဲ့ သူတို့က ပြောတယ်။ ရန်ကုန်မှာ ၀က်တုပ်ကွေးဖြစ်ပြီတဲ့လေ။ ကြားကြားချင်းတော့ လန့်သွားတာပဲ။ အမလေး ကျမတို့အိမ်က ၀က်သားဆိုရင် အလွန်ကြိုက်ပဲ” ဟု ပြောသည်။
Posted by
ကိုဈာန်
at
2:15 PM
0
comments
Labels: သတင်း
ဘန်ကီမွန်း မြန်မာပြည်လာရေး ဂမ်ဘာရီ ညှိနှိုင်း
ဗွီအိုအေ၊ ဇွန်လ ၂၆ ရက် ၂၀၀၉
မစ္စတာဂမ်ဘာရီ (Mr. Gambari) ဒီကနေ့ သောကြာနေ့မှာပဲ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
သူ့ရဲ့ ၈ ကြိမ်မြောက်ဖြစ်မယ့် ဒီတခေါက် ခရီးစဉ်ကတော့ အဓိကအားဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) လာရောက်နိုင်ဖို့အတွက် ကြိုတင်ညှိနှိုင်းမယ့်သဘော ဖြစ်နိုင်ပါတယ်။
မစ္စတာဂမ်ဘာရီဟာ ဒီနှစ် ဖေဖော်ဝါရီလက နောက်ဆုံးအကြိမ် မြန်မာပြည်ကို ရောက်လာခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နဲ့ သူ တွေ့ဆုံခဲ့ပါတယ်။ အခုတကြိမ် မစ္စတာဂမ်ဘာရီဟာ မြန်မာပြည်မှာ ၂ ရက်ကြာ နေထိုင်လိမ့်မယ်ဆိုပြီး အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးရုံး အရာရှိက ဆိုပါတယ်။
မစ္စတာဂမ်ဘာရီနဲ့ စစ်အစိုးရတို့ ညှိနှိုင်းလို့ ပြေလည်ပြီး မစ္စတာဘန်ကီမွန်း လာဖြစ်မယ်ဆိုရင် နောက်လ ဇူလိုင်လအတွင်းမှာ ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် အာရှသံတမန်တချို့က တွက်နေကြပါတယ်။
Posted by
ကိုဈာန်
at
2:13 PM
0
comments
Labels: သတင်း
ဒေါ်စု လုံခြုံရေးအတွက် ဥပဒေအရ စစ်အစိုးရမှာသာ တာဝန်ရှိ
ဗွီအိုအေ၊ ဇွန်လ ၂၅ ရက် ၂၀၀၉
အကျယ်ချုပ် ကျခံနေရသူတယောက်ရဲ့ လုံခြုံရေးဟာ သူ့ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေမှာပဲ ဥပဒေအရ လုံးဝ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အကျိုးဆောင်အဖွဲ့က ပြောဆိုလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အားနည်းခဲ့တယ်လို့ ဒီနေ့ကျင်းပခဲ့တဲ့ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်းရာမှာ ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အဲဒီကာလမှာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်က ကာကွယ်တဲ့ ဥပဒေပုဒ်မ ၁၀(ခ) အရ ထိန်းသိမ်းခံနေရတဲ့ အချိန်။ အဲဒီလို ထိန်းသိမ်းခံနေရတဲ့ အချိန်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရမှာသာ လုံးဝ တာဝန်ရှိတယ်။ ဒါ ဥပဒေအရ ပြောတာပါ။
“ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တားဆီးမိန့် ချမှတ်ခဲ့တဲ့အထဲမှာ အကျုံးဝင်တဲ့ မိမိလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရထိုက်တဲ့ လုံခြုံရေးဆိုင်ရာ အခွင့်အရေးတွေ ရုပ်သိမ်းခံထားရပြီ၊ ရုပ်သိမ်းခံထားရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိလုံခြုံရေးကို ဘာမှ ဆောင်ရွက်နိုင်ခွင့်လည်း မရှိဘူး၊ ဒါဟာ အဲဒီလို ရုပ်သိမ်းတဲ့ အဖွဲ့အစည်းကသာ တာဝန်ရှိတယ်ဆိုတာ ဥပဒေအရ ရှိနေတဲ့အတွက် ဒီနေ့ပြောတဲ့စကားဟာ သိပ်ပြီးတော့ ဥပဒေနဲ့ မကိုက်ညီဘူးလို့ပဲ ကျနော် ယုံကြည်ပါတယ်။”
မစ္စတာယက်ထော ပထမတခေါက် လာတုန်းက ထားသွားခဲ့တဲ့ Book of Mormon ဆိုတဲ့စာအုပ်၊ အဲဒီစာအုပ် အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ပြည့်စုံမှန်ကန်စွာ သတင်းမပို့ဘဲ ထိန်ချန်ထားတဲ့အတွက် လူတယောက် ၀င်လာတယ်ဆိုတဲ့ အချက်ကို ဆက်စပ်အတည်ပြုဖို့ ခက်ခဲတယ်လို့ ပြောထားပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ရော…။
“ကျနော်တို့က တဖက်ကို အပြစ်ပြောချင်တာတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် အဲဒီလို ၀င်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးက တာဝန်မရှိဘူးလား၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စအတွက် ဘာ့ကြောင့် တာဝန်ရှိရမလဲ၊ အဲဒါလေးကို စဉ်းစားဖို့တော့ လိုမယ်ထင်တယ်ဗျ။”
ရဲချုပ်ခင်ရီ ပြောတဲ့အထဲမှာ အိမ်ထဲကို ဒုတိယအကြိမ် လျှို့ဝှက် ၀င်ရောက်သွားနိုင်တဲ့ အတွက်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ စစ်ဆေးလျက် ရှိပါတယ်တဲ့။ ဒီအဖြစ်အတွက် တာဝန်ပေါ့လျော့သူတွေကို တွေ့ရှိပါက အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
“အဲတော့ နောက်ဆုံးအကြိမ် ၀င်တာရော၊ ပထမအကြိမ် ၀င်တာရော၊ ပထမအကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့တယ်။ ဒုတိယအကြိမ်မှာ ဒေါက်တာတင်မျိုးဝင်းကို ၇ ရက်နေ့ ရောက်လာရင် သတင်းပို့ခိုင်းမယ်၊ သို့သော် ၇ ရက်နေ့မှာ ၀င်ခွင့်မရဘူး။ အဲတော့ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိရအောင် အဲဒီ Enquiry Board ကို ဘယ်တုန်းက ဖွဲ့လဲ။
“ဒါ ရဲချုပ်ကို ကျနော် Against လုပ်နေတာ မဟုတ်ဘူး။ တရားရုံးရှေ့မှာကို ကျနော်တို့ မေးထားတယ်။ Enquiry ဘယ်သူနဲ့ ဖွဲ့တာလဲ၊ ဘယ်အဖွဲ့အစည်းက ဖွဲ့တာလဲ၊ အဲဒီ Enquiry ဘာလုပ်သလဲ၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို စပြီး သတင်းပို့တဲ့ ပုဂ္ဂိုလ်တွေကို ဘာ့ကြောင့် မစစ်၊ မမေးတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ မေးခွန်းတွေ ထုတ်တယ်။ တရားရုံးရှေ့မှာ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး အဖြေမပေးနိုင်ကြပါဘူး။”
ပထမအခေါက် မစ္စတာယက်ထော လာတုန်းက ၄ ရက်အကြာကြမှ ဒေါက်တာတင်မျိုးဝင်းက တဆင့် သတင်းပို့တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အနီးအနားမှာရှိတဲ့ လုံခြုံရေးတွေကိုရော တခါတည်း တိုက်ရိုက် ပြောဆိုလို့ မရဘူးလားဆိုတဲ့ သဘောမျိုး သက်ရောက်နေလို့ပါလား။
“ဟုတ်တယ်၊ သူတို့ ဒီလိုပြောပါတယ်။ လက်တွေ့အားဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရဲ့ ခြံဝင်းအတွင်းမှာ လုံခြုံရေး တယောက်မှ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ခွင့်မပြုဘူး။ အပြင်မှာ လုံခြုံရေး ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တကြိမ်တခါမှ တွေ့ဘူးခြင်း မရှိဘူး။ အဲဒီအခြေအနေပါ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။
Posted by
ကိုဈာန်
at
2:12 PM
0
comments
Labels: သတင်း
ယက်တောအမှု ဒေါ်စုတွင် တာဝန်ရှိဟု ရဲချုပ်က အပြစ်တင်
မဇ္ဈိမ၊ ဇွန်လ ၂၅ ရက် ၂၀၀၉
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဝင်ရောက်မှုနှင့် ပတ်သက်၍ သူမတွင်သာ တာဝန်ရှိကြောင်း မြန်မာနိုင်ငံ ရဲချုပ်က ယနေ့ ပြောသည်။
ပထမအကြိမ် လာရောက်စဉ်ကတည်းက တာဝန်ရှိသူများကို သတင်းပြည့်စုံစွာ မပို့ခဲ့ဘဲ ထိန်ချန်ထားခဲ့သည်ဟူ၍ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ရန်ကုန်ရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးပြတိုက်၌ ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသွားသည်။
ဂျွန်ယက်တော နေအိမ်တွင် ဝင်ရောက်နိုင်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်တွင်သာ တာဝန်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
ဂျွန်ယက်တော နေအိမ်တွင် ဝင်ရောက်နိုင်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်တွင်သာ တာဝန်ရှိကြောင်း ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
ဒေါ်အောင်ဆန်းစုကြည်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ရိုက်သတင်းမပို့ဘဲ ၄ ရက်အကြာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကျမှ သူမအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော ဒေါက်တာတင်မျိုးဝင်းကတဆင့် သတင်းပို့ခဲ့သဖြင့် သဲလွန်စရရန် ခက်ခဲပြီး အဖြစ်မှန် မဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲချုပ်က ဆိုသည်။
မစ္စတာယက်တောသည် ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ပြီး၊ ဝေဖန်သုံးသပ် ဆင်ခြင်နိုင်စွမ်း မြင့်မားသည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်းနှင့် စိတ်ဝေဒနာရှင် ကျပ်မပြည့်သူတဦးဆိုတာ မဟုတ်မှန်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
မစ္စတာ ယက်တောသည် အင်လျားကန်အတွင်း ကိုက် ၃၀၀၀ ကျော် အကွာအဝေးကို ဖြတ်ကူးပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ခိုးဝင်ခဲ့သည်ကို အစားအသောက် နေရာထိုင်ခင်းဖြင့် လက်ခံခဲ့မှုဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ်ကာလအတွင်း စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ တရားစွဲဆိုထားသည်။ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့တွင် အပြစ်ကျူးလွန်မှု မရှိကြောင်း တရားရုံးတွင် ကိုယ်တိုင်ထွက်ဆိုထားပြီး၊ အကျယ်ချုပ်ကျနေသည့် သူ့ကို လုံခြုံရေးစောင့်ကြည့်သူများတွင်သာ တာဝန်ရှိသည်ဟု ထွက်ဆိုထားသည်။
မြန်မာစစ်အစိုးရအနေဖြင့် မစ္စတာယက်တော၏ အမှုသည် ကြိုတင်ကြံစည်မှုဖြစ်ပြီး နောက်ကွယ်တွင် အဖွဲ့အစည်းတခုခု ပါဝင်ပတ်သက်နေသည်ဟု သံသယရှိနေကြောင်းကို ရဲချုပ်၏ ပြောစကားများတွင် ပါရှိသည်။ သို့သော် မည်သည့်အဖွဲ့ဖြစ်သည်ကို စုံစမ်းဖော်ထုတ်ဆဲဖြစ်သည်ဟု ရဲချုပ်က ပြောသည်။
အတိုက်အခံများကမူ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်စု မပါဝင်စေလိုခြင်းနှင့် ရွေးကောက်ပွဲကာလအတွင်း လွတ်မြောက်နေစေလိုခြင်း မရှိသည့်အတွက် နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်တော့မည့်အချိန်တွင် စစ်အစိုးရက စီစဉ်ခဲ့သည့်အမှုဟု စွပ်စွဲထားကြသည်။
Posted by
ကိုဈာန်
at
2:11 PM
0
comments
Labels: သတင်း
Thursday, June 25, 2009
ဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စတင်
ဗွီအိုအေ၊ ဇွန်လ ၂၄ ရက် ၂၀၀၉
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားရောက်တဲ့အကြောင်း ကုလသမဂ္ဂက အတည်ပြုပြောဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်အစိုးရဘက်က တရားစွဲဆိုနေတဲ့အချိန်မှာ မစ္စတာ ဂမ်ဘာရီ သွားရောက်တာဖြစ်ပါတယ်။ ကြိုတင် ကြေညာထားခြင်း မရှိဘဲ သွားရောက်တဲ့ ခရီးစဉ်ဟာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် သွားရောက်မယ့် ခရီးစဉ်တခု ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံကို သွားနေပြီဆိုတာကို ကုလသမဂ္ဂက ဒီနေ့ အတည်ပြု ပြောပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကြိုတင် မကြေညာခဲ့တာကို ကြည့်ရင် ကုလသမဂ္ဂဘက်က စစ်အစိုးရနဲ့ စေ့စပ်ညှိ့နိုင်းပြီး ခရီးစဉ်မစခင် အထူး သိမ်သိမ်မွေ့မွေ့ နဲ့ ကိုင်တွယ်နေရပုံရပါတယ်။ အထူးသဖြင့် မစ္စတာ ဂမ်ဘာရီ အနေနဲ ခရီးစဉ်အတွင်းမှာ စစ်အစိုးရဘက်က နိုင်ငံရေးအရ အသုံးချခံရတာမျိုးမဖြစ်အောင်၊ ရလဒ် တစုံတရာထွက်ပြီး ခရီးစဉ်က အပြန် မျက်နှာပန်းလှအောင် ကြိုးပမ်းနေရတယ်လို့ မြန်မာ့အရေး လေ့လာသူတွေ သုံးသပ်ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရိုက်တာသတင်း တပုဒ်မှာတော့ အနောက်တိုင်း သံတမန်တချို့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြန်မာစစ်အစိုးရက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လာမယ့် ဂျုလိုင်လအတွင်း မြန်မာနိုင်ငံလာဘို့ ဖိတ်ကြားထားတယ်လို့ ဖေါ်ပြပါတယ်။ အတွင်းရေးမှူးချုပ်ဘက်က ဒီဖိတ်ကြားချက်ကို လက်ခံမယ် လက်မခံဘူးဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို စစ်အစိုးရဘက် ၀ါဒဖြန့်ဘို့ အသုံးချတာမျိုးဖြစ်သွားမှာ ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောတဲ့အကြောင်း ကိုးကားရေးသားထားပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာ့ ကုလသမဂ္ဂဟာ စစ်အစိုးရကို ထိထိရောက်ရောက် နားချနိုင်တဲ့ အခြေအနေမျိုးမှာ မရှိဘဲ၊ စစ်အစိုးရကို အပျော့ဆွဲ ဆွဲနေရတဲ့ အခြေအနေမျိုးမှာသာ ရှိနေတယ်ဆိုပြီး မြန်မာဒီမိုကရေစီအင်အားစုတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒီလို အားမလို အားမရဖြစ်နေသူတွေထဲမှာ အန်အဲလ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်လည်း ပါပါတယ်။
"သူတို့ဟာစစ်အစိုးရကို လာများ ချော့ချင်နေလို့လား၊ ချော့ချင်နေတာလား၊ ဒါမှမဟုတ် စစ်အစိုးရကို လာပြီး မျက်နှာချိုသွေးချင်နေလို့လား၊ ဒီလို သဘောနဲ့များဖြစ်လို့ တိုးတိုးတိတ်တိတ် ကြိတ်ကြိတ် လုပ်နေတာလား၊ ဒီလို ကျနော် သံသယဖြစ်မိတယ်။ သို့သော် ဒါက ကျနော့ရဲ့ သံသယပေါ့ဗျာ၊ ထားပါတော့၊ ဒါတွေက သူတို့ ကိစ္စဆိုတော့ ကျနော်တို့ ဘာမှ သိပ်ပြီး ပြောစရာ မရှိပါဘူး၊ ဒါက ကျနော့ရဲ့ သံသယပါ။''
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်တဲ့နေရာမှာ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ပဲ တွန်းအားပေးတဲ့ အဆင့်မှာရောက်နေပြီး ဒါဟာ ဒုတိယ အဆင့်ဖြစ်တယ်လို့ ဦးဝင်းတင်က မြင်ပါတယ်။
ဒီမိုကရေစီရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာက စစ်အစိုးရ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်ပြီး ဒီ အခြေခံ ဥပဒေပါ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင်ဘို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးကို တွန်းအားပေးဘို့ လိုတယ်လို့ မြင်ပါတယ်။
''နိုင်ငံတကာက အဲဒီ ကိစ္စလေးကို ကျန်ကျန်နေတယ်။ နိုင်ငံတကာက အနောက်နိုင်ငံတွေက ဒီ အစိုးရကို တောင်းဆိုတဲ့အခါမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုပြီး တောင်းဆိုပါ။ ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စတို့ ဘာတို့ ဆိုတာက ဒုတိယ ကိစ္စဖြစ်ပါတယ်။ ဒီ အခြေခံ ဥပဒေက ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပြည်သူတွေ ကြားထဲမှာ ကန့်လန့်ကြီး ခံနေပါတယ်။ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုပေးပါ၊ ကျနော်က ဒါကို ပြောချင်ပါတယ်။''
ဦးဝင်းတင် ပြောဆိုနေတာပါ။ မစ္စတာ ဂမ်ဘာရီ ဟာ အခုတခေါက် မြန်မာပြည် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့် ရမရ မသေချာ သေးပါဘူး။ အင်းစိန်အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခွင့် တောင်းမှာ သေခြာပါတယ်။
မစ္စတာ ဂမ်ဘာရီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်းပဲဖြစ်ဖြစ်၊ အစိုးရ ဧည့်ဂေဟာ မှာပဲဖြစ်ဖြစ်၊ အင်းစိန်ထောင်မှာဘဲ တွေ့တွေ့ စစ်အစိုးရ ချုပ်နှောင်တာကို ခံနေရဆဲအခြေအနေမှာ တွေ့နေရတာကိုက ကုလသမဂ္ဂရဲ့ မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှုတွေ အရာမထင်သေးဘူးဆိုတာ ပြနေတယ်ဆိုပြီး မြန်မာ့အရေး လေ့လာသူတွေ ပြောဆိုနေကြတာပါ။
Posted by
ကိုဈာန်
at
12:23 PM
0
comments
Labels: သတင်း
မြောက်ကိုရီးယား သင်္ဘောကို ကြားဖြတ်စစ်ဆေးဖို့ အမေရိကန် မဆုံးဖြတ်သေး
ဗွီအိုအေ၊ ဇွန်လ ၂၅ ရက် ၂၀၀၉
ဒုံးကျည်တွေ ဒါမှမဟုတ် ဒုံးကျည်အစိတ်အပိုင်းတွေ တင်ဆောင်လာတယ်လို့ သင်္ကာမကင်းဖြစ်ခံရတဲ့ ကမ်နန် ၁ မြောက်ကိုရီယား သင်္ဘောကို အဆက်အသွယ်လုပ်ဖို့ မလုပ်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ သူ့မဟာမိတ်နိုင်ငံတွေဖက်က မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန်စစ်ဖက်က ပြောပါတယ်။ အခြားနိုင်ငံတွေနဲ့အတူ ဆုံးဖြတ်ချက်လုပ်ဖွယ်ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရသူက မနေ့ကတော့ ပြောပါတယ်။ ဘယ်နိုင်ငံတွေနဲ့လည်း ဆိုတာတော့ ရှင်းလင်းပြောတာ မရှိပါဘူး။
ဒါပေမဲ့လည်း ဒီဆုံးဖြတ်ချက်မျိုး မကြာခင်ထွက်လာမယ်လို့လည်း ခန့်မှန်းမထားဘူးလို့ ကာကွယ်ရေးဌာန ပြောခွင့်ရသူ Morrell က ပြောပါတယ်။ မြောက်ကိုရီယား လက်နက်တင်ပို့မှုကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အပေါ် ဖောက်ဖျက်တယ်လို့ သင်္ကာမကင်းရှိတဲ့ သင်္ဘောတွေကို ကြားဖြတ်တားမြစ် စစ်ဆေးတာမျိုးတွေ လုပ်ဖို့ အစီအစဉ်ရှိ မရှိကိုလည်း ပြောခွင့်ရသူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ မြောက်ကိုရီယားဖက်က သူ့သင်္ဘောတွေကို ဒီလို တားမြစ်စစ်ဆေးတာလုပ်ရင် စစ်ကြေညာတယ်လို့ ယူဆမယ်လို့ ပြောထားပါတယ်။
ကမ်နန် ၁ သင်္ဘောဟာ တရုတ်ပင်လယ်ကနေ မြန်မာနိုင်ငံဖက်ကို ဦးတည်နေတယ်လို့ တောင်ကိုရီယား ထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။ ဒီသင်္ဘောရဲ့ခရီးစဉ် ဘယ်ကို သွားမလဲဆိုတာ ခန့်မှန်းချက် မေးမြန်းချက် ကိုတော့ အမေရိကန် ကာကွယ်ရေးဌာန ပြောခွင့်ရသူက ဖြေကြားဖို့ ငြင်းခဲ့ပါတယ်။ မြန်မာအစိုးရ မီဒီယာတွေမှာတော့ မြောက်ကိုရီယား သင်္ဘောတစင်း အိန္ဒိယဘက်ကနေ ဆန်တင်ပြီး မြန်မာနိုင်ငံကို လာဖို့ရှိတယ်ဆိုတာပဲ သတင်းဖော်ပြပြီး အသေးစိတ်ကိုတော့ မရေးပါဘူး။ အခု ကမ်နန်၁ မြောက်ကိုရီယား သင်္ဘောကိုတော့ အမေရိကန် ရေတပ်သင်္ဘောက နောက်ယောင်ခံလိုက်နေတယ်လို့ အမေရိကန်စစ်ဖက် အရာရှိတွေက ပြောခဲ့ပါတယ်။ မြောက်ကိုရီယားသင်္ဘောဟာ အခု ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်နေတယ်လို့ အမေရိကန် စစ်ဖက်အရာရှိတဦး ပြောဆိုချက်ကို ကိုးကားပြီး အေပီ သတင်းမှာ ရေးသားထားပါတယ်။
Posted by
ကိုဈာန်
at
12:22 PM
0
comments
Labels: သတင်း
မြန်မာနိုင်ငံ စိတ်ကြွဆေး ထုတ်လုပ်မှု အရှိန်အ၀ါကြီးသူတွေ ပါဝင်
ဗွီအိုအေ၊ ဇွန်လ ၂၄ ရက် ၂၀၀၉
မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏဟာ အခု နှစ်ပိုင်းအတွင်း အတန်ငယ်တိုးများလာတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။ အထူးသဖြင့် ရှမ်းပြည် အရှေ့ဖက်ဒေသမှာ ၂၀၀၈ခုနှစ်အတွင်း အရင်နှစ်ကထက် ၃၆ ရာခိုင်နှုန်း ဘိန်းစိုက်ပျိုးမှု တိုးများလာတာလို့ ပြောပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ပြောပြပါမယ်။
မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု ပမာဏဟာ အခုနှစ်ပိုင်းအတွင်း အနည်းငယ်များလာတယ်ဆိုပေမဲ့ အရင် ၁၉၉၀ ခုနှစ် ကာလများလောက်အထိတော့ ပမာဏများလာတာမဟုတ်ပါဘူး။ အဓိက ဘိန်းစိုက်ပျိုးဒေသ ရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းမှာ အရှေ့ပိုင်းက အနည်းငယ်ပိုများလာတာပါ။ ဒါတောင်မှ UNODC စာရှင်းအရ ရှမ်းပြည်တောင်ပိုင်းကတော့ စိုက်ပျိုးမှုပမာဏ ကျဆင်းပါတယ်။ ၂၀၀၈ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံး ဘိန်းစိုက်ပျိုးမြေဟာ ခန့်မှန်းချေ မြေဟတ်တာ နှစ်သောင်း၈ထောင်ကျော်ရှိတယ်လို့ UNODC က ထုတ်ပြန်ပါတယ်။ UNODC အနေနဲ့ တကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးထုတ်လုပ်မှုအခြေအနေ အစီရင်ခံကို ဒီကနေထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အခုလို ထည့်သွင်းထားတာပါ။ မြန်မာနိုင်ငံမှာ အခုလို ဘိန်းစိုက်ပျိုးမှုအတန်ငယ်မြင့်တတ်လာတဲ့အပေါ် အစိုးရကိုတော့ သတိပေးထားတယ်လို့ UNODC ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး Antonio Maria Costa က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၂နှစ် ၁၅နှစ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု အတော်လေးကို သိသိသာသာ ကျသွားတာ အတော်များများသိကြပါတယ်။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့နှစ်နှစ် သုံးနှစ်အတွင်းမှာတော့ ဘိန်းစိုက်ပျိုးမှု ပမာဏက အနည်းငယ်တတ်လာခဲ့ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်ရေးလုပ်မယ်ဆိုတာ ပိုင်းဖြတ်ထားတဲ့အတိုင်း ဆောင်ရွက်သွားဖို့ အာဏာပိုင်တွေကို ကျနော်တို့ သတိပေးခဲ့ပါတယ်။ လာမယ့် ၅နှစ် ၆နှစ်အတွင်းမှာ အရှေ့တောင်အာရှဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ရပ်တန့်ဖို့ဆိုတဲ့ ရည်မှန်းချက်အပေါ် အစိုးရတွေအနေနဲ့ စွဲမြဲနေဖို့ အရေးကြီးပါတယ်။”
ဒီလို ဘိန်းစိုက်ပျိုးမှုပမာဏ မြင့်တတ်လာပေမယ့်လို့ စိုက်ပျိုးမြေ အကန့်အသတ်ကြောင့် ဘိန်းအထွက် ထုတ်လုပ်မှုကတော့ သိသိသိသာသာကြီး တတ်လာတော့ မရှိဘူးလို့ အန်ထိုနီယို ကော့စတာက ပြောပါတယ်။
“အရေးကြီးတဲ့ အချက်တခုကတော့ မြန်မာနိုင်ငံတွင်းမှာ ဘိန်းစိုက်ပျိုးမြေက အတော်လေး နည်းပါတယ်။ ဒါကြောင့်လည်း ဘိန်းစိုက်ပျိုးမှုတိုးလာတာကြောင့် ဆိုးဆိုးဝါးဝါးတော့ ဖြစ်မလာပါဘူး။”
အခုလို ဘိန်းစိုက်ပျိုးမှု ပမာဏတတ်လာပေမယ့်လို့ - မြန်မာနိုင်ငံမှာ ဟိုအရင် ဆယ်နှစ်ပိုင်းကလိုမဟုတ်တော့ပဲ ဘိန်းစိုက်ပျိုးမှုရော ဘိန်းအထွက်နှုန်းပါ သိသိသာသာကြီး ကျဆင်းခဲ့တာကိုတော့ UNODC က အသိအမှတ်ပြုသလို၊ မြန်မာအစိုးရအနေနဲ့ ဒီအရှိန်အဟုန်အတိုင်း မကျပဲ ဘိန်းတိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လုပ်ဖို့ အားပေးတိုက်တွန်းပါတယ်။ ဒါပေမယ့်တဖက်မှာတော့ စိတ်ကြွဆေးပြားထုတ်လုပ်မှု တိုးလာပြီး ဒါဟာ ဒေသတွင်းက အရှိန်အ၀ါကြီးသူတွေနဲ့ ပတ်သက်မှုတွေရှိနေတယ်လို့ မစ္စတာ အန်ထိုနီယို ကော့စတာက ပြောပါတယ်။
“မြန်မာနိုင်ငံအရှေ့ခြမ်းမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်ကျလာတဲ့အကြောင်းနဲ့ ပတ်သက်လို့ ကျနော်တို့ အတိအကျသိထားမှုကတော့ အေတီအက်စ် ခေါ် အဖာတမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေ တိုးသထက် တိုးများလာတဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ဒီ စိတ်ကြွဆေးပြားထုတ်လုပ်သူတွေဟာ အရင် ဘိန်းစိုက်ပျိုးမှုကို စွန့်လွှတ်လိုက်ရတဲ့ တောင်သူတွေလည်း မဟုတ်ပါဘူး။ သူတို့တွေဟာ ဒေသတွင်းမှာ အရှိန်အ၀ါကြီးတဲ့သူတွေရဲ့ အကာအကွယ်ရထားတဲ့ ရာဇ၀တ်ဂိုဏ်းအုပ်စုတွေနဲ့ပတ်သက်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေအနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို တိုက်ဖျက်သလိုပဲ ဒီစိတ်ကြွဆေးထုတ်လုပ်မှုကို အလေးပေး တိုက်ဖျက်သွားဖို့ ကျွန်တော်တို့ အစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။”
UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး Antonio Maria Costa ကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။ UNODC အနေနဲ့ ကတော့ လက်ရှိ မြန်မာနိုင်ငံတွင်း ဘိန်း နှိမ်နင်းရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ပါဝင်တာမျိုးမရှိပေမဲ့ ဘိန်းစိုက်တောင်သူတွေအတွက် ဘိန်းစိုက်ပျိုးမှု စွန့်လွတ်ရတဲ့အခါ ခြေမဲ့လက်မဲ့မဖြစ်အောင် အခြားဖွံဖြိုးရေးအစီအစဉ်တွေ ထောက်ပံ့ရေးအစီအစဉ်တွေ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။ ဘိန်းစိုက်ပျိုးမှု အဓိက နေရာတွေကတော့ ရှမ်းပြည် အရှေ့ပိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်း ကချင်ပြည်နယ် ကယားပြည်နယ် စတဲ့ မြန်မာနိုင်ငံအရှေ့ခြမ်းဒေသတွေမှာဖြစ်ပြီး အနောက်ဖက် ချင်းပြည်နယ်စပ်မှာလည်း စိုက်ပျိုးမှုအတန်ငယ်ရှိပါတယ်။
Posted by
ကိုဈာန်
at
12:21 PM
0
comments
Labels: သတင်း
Wednesday, June 24, 2009
မြောက်ကိုရီးယားသင်္ဘောနောက်သို့ အမေရိကန်ရေတပ်သင်္ဘော နောက်ယောင်ခံဆဲ
NEJ / ၂၄ ဇွန် ၂၀၀၉
ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ထားသည့် စစ်လက်နက်ပစ္စည်း များ တင်ဆောင်ကာ မြန်မာနိုင်ငံ ဘက်ဆီသို့ ဦးတည်သွားနေသည်ဟု ယူဆရသည့် Kang Nam မြောက်ကိုရီးယားကုန်တင်သင်္ဘော၏ နောက်သို့ အမေရိကန်ရေတပ်သင်္ဘောက ဆက်လက် နောက်ယောင်ခံ လိုက်ဆဲ ဖြစ်သည်။
ပြီးခဲ့သည့်လ၌ မြောက်ကိုရီးယားက အနုမြူဗုံးစမ်းသပ် ဖောက်ခွဲခဲ့သည့် အတွက် လုံခြုံရေးကောင်စီက ယင်းသို့ ပိတ်ပင်တားမြစ်မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။
Kang Nam မြောက်ကိုရီးယားသင်္ဘောသည် လက်နက်များ တင်ဆောင်လာသည်ဟု သံသယရှိဖွယ်ဖြစ်ပါက အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ဆေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြောက်ကိုရီးယားသင်္ဘောသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မကြာသေးခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပထမဆုံး အကဲစမ်းလိုက်ခြင်းဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြသည်။
နောက်ယောင်ခံလိုက်နေသည့် အမေရိကန်ရေတပ်သင်္ဘောအနေဖြင့် ကြားဖြတ်ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားချက်မရဟု အမေရိကန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောကြားခဲ့သော်လည်း မြောက်ကိုရီးယားသင်္ဘောသည် မကြာခင် လောင်စာဆီဖြည့်ရန် တထောက်ရပ်နားရန် လိုအပ်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၏တားမြစ်ချက်များအရ လက်နက်သယ်ဆောင်သည်ဟု သံသယဖြစ်နေသည့်သင်္ဘောကို အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် လောင်စာဆီဖြည့်တင်းသော ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ခွင့်မရှိပေ။
ကမ္ဘာ့သင်္ဘောများ လောင်စာဆီဖြည့်ရာ အချက်အချာဖြစ်သည့် စင်ကာပူနိုင်ငံကမူ စင်ကာပူဆိပ်ကမ်းသို့ Kang Nam မြောက်ကိုရီးယားသင်္ဘော ဆိုက်ကပ်ပါက လိုအပ်သလို အရေးယူဆောင်ရွက်မည်ဟု ပြောကြားထားသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ Kang Nam မြောက်ကိုရီးယားကုန်တင်သင်္ဘောသည် Nampo သင်္ဘောဆိပ်မှထွက်ခွာခဲ့ပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံလိုက်နေခြင်းဖြစ်သည်။
မြောက်ကိုရီးယားကမူ ၎င်း၏သင်္ဘောကို ကြားဖြတ်ဟန့်တားမှု ပြုလုပ်ပါက စစ်ကြေညာသည့်လုပ်ရပ်ဟု ထုတ်ဖော် ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၌လည်း Kang Nam 1 သင်္ဘောတစင်းသည် မြန်မာနိုင်ငံသို့ တရားမ၀င် စစ်လက်နက် ပစ္စည်းများ တင်ပို့ပေးခဲ့သည်ဟု အနောက်တိုင်းသံတမန်များက ပြောဆိုခဲ့သည်။ မြန်မာအာဏာပိုင်များက အဆိုပါသင်္ဘောတွင် သံသယဖြစ်စရာ မည်သည့်ကုန်ပစ္စည်းမှ မပါဝင်ကြောင်း ယင်းအချိန်က ပြောကြားခဲ့သည်။
ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ သုတေသနနှင့်မှတ်တမ်းတင်ဌာနမှ သုတေသနမှူး ဦးဌေးအောင် ကလည်း ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ သီလ၀ါဆိပ်ကမ်းသို့ စစ်လက်နက်ပစ္စည်းများတင်ဆောင်လာသည့် Kang Nam 1 မြောက်ကိုရီးယား သင်္ဘောတစင်းဆိုက်ကပ်သည်မှာ အမှန်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျနော်တို့သိရသလောက်ဆိုရင် အဲဒီတုန်းက Kang Nam 1 သင်္ဘော သီလ၀ါဆိပ်ကမ်းမှာ မဆိုက်ခင် ကတည်းက ဆိပ်ကမ်းပတ်ဝန်းကျင်ကို (၂) ရက် (၃) ရက်ကတည်းက လုံခြုံရေးယူတယ်။ ကက (၂) လို့ခေါ်တဲ့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနဲ့ ကက (လျှပ်) လို့ခေါ်တဲ့ လျှပ်စစ်နဲ့ စစ်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက ရှင်းလင်းသယ်ယူရေးအဖွဲ့တွေက ကြိုတင်ရောက်ပြီးတော့ ဆိပ်ခံတံတားပတ်ဝန်းကျင်မှာ မိုင်းရှင်းတာတွေ အနီးကပ်လုံခြုံရေးတွေ လုပ်ခဲ့တယ်။ နောက်မှ အင်းတိုင်မှာအခြေစိုက်တဲ့ အမှတ် (၁) ပင်မအလုပ်ရုံ (လျှပ်စစ်) က ဒုတိယတပ်မှူး ဒု-ဗိုလ်မှူးကြီးရဲဒင်နဲ့ ဗိုလ်ကြီးအောင်မိုးဇော်တို့ ခေါင်းဆောင်တဲ့အဖွဲ့က တာဝန်ယူကြီးကြပ်ပြီးတော့ ပစ္စည်းတွေကို သယ်တယ်။ အင်းတိုင်၊ ပတောင်း၊ မန္တလေးကို သယ်တာ” ဟု ပြောသည်။
ထိုအချိန်က အဆိုပါသင်္ဘောတွင် ဒုံးကျည်လက်နက်၊ တာဝေးပစ်အမြောက်ကြီးများနှင့် ပတ်သက်သည့် အစိတ်အပိုင်းများ ပါဝင်ကြောင်း ဦးဌေးအောင်က ပြောသည်။
ယခုတဖန် မြောက်ကိုရီးယားမှ Kang Nam 1 သင်္ဘောတစင်း စစ်လက်နက်ပစ္စည်းများတင်ဆောင်ကာ မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ ဦးဌေးအောင်က “ယခုသင်္ဘောလာတာ နည်းနည်းထူးဆန်း နေတယ်။ အရင်ကလည်း ဒီသင်္ဘောက မြန်မာနိုင်ငံကို လာခဲ့ဖူးတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာကြားမှာလည်း စစ်ရေးဆက်ဆံမှုတွေက နီးနီးကပ်ကပ်လုပ်နေတယ်ဆိုတော့ ဒီသင်္ဘောဦးတည်တဲ့ လမ်းကြောင်းအရကတော့ ဗမာပြည်ကို ဆိုက်ကပ်ဖို့ ဖြစ်နိုင်တယ်လို့ ထင်ရတာပေါ့” ဟု ပြောသည်။
မြန်မာစစ်အစိုးရက ၎င်းတို့စစ်တပ်ကို ခေတ်မီတိုးတက်စေရန် လုပ်ဆောင်နေသည့်အတွက် နည်းပညာရော၊ ခေတ်မီလက်နက်ပစ္စည်းအစိတ်အပိုင်းမှာပါ ရရာနေရာက လိုက်ဝယ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
“အနောက်နိုင်ငံတွေက လက်နက်ပိတ်ဆို့တဲ့အခါ အစပထမတုန်းကတော့ သူတို့ တရုတ်တို့ ရုရှားတို့က ၀ယ်တာပေါ့နော်။ ဒါပေမယ့် တချို့ဗျူဟာမြောက် လက်နက်တွေကြတော့ ဗမာစစ်အစိုးရကို ရောင်းဖို့ သူတို့ နောက်တွန့်နေတဲ့ အနေအထားမျိုး ရှိတယ်လို့ကြားရတယ်။ အဲဒီတော့ ရနိုင်တဲ့နေရာကနေ ရှာဝယ်ရင်းနဲ့ မြောက်ကိုရီးယားနဲ့ ဆက်စပ်မိသွားတဲ့သဘောပေါ့” ၎င်းက ဆက်လက်ရှင်းပြသည်။
“ကျနော်တို့သိရသလောက်ကတော့ ၁၉၉၉ ခုနှစ်ကတည်းက သူတို့စပြီးတော့ အဲလို မြောက်ကိုရီးယားနဲ့ စစ်လက်နက်ပစ္စည်း ဆက်စပ်မှုတွေ ရှိနေတာလေ။ အခုအချိန်မှာ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် နည်းပညာတွေကို ဗမာအစိုးရက စိတ်ဝင်စားနေတယ်လို့ ကျနော်တို့ ကြားရတာရှိတယ်။ နောက်တခုက တာဝေးပစ် အမြောက်ကြီးတွေကို စိတ်ဝင်စားတယ်။ နောက် မြောက်ကိုရီးယားမှာပဲ နျူကလီးယားနဲ့ပတ်သက်တဲ့ သုတေသန နည်းပညာတွေကိုလည်း သူတို့ရရှိဖို့ ကြိုးစားတယ်ဆိုတာလည်း ကြားရတယ်။ သေချာတာတခုကတော့ ဒုံးကျည်နဲ့ အမြောက်ကြီးတွေ မြောက်ကိုရီးယားကနေ ယူနေတယ်။ နောက် မြောက်ကိုရီးယားက ခေတ်မီရေဒါ နည်းပညာတွေ သူတို့ယူနေတယ်” ဟု ဦးဌေးအောင်က ပြောသည်။
အမေရိကန် ပင်တာဂွန်မှ စစ်အရာကြီးတဦးကမူ အဓိကသံသယဖြစ်စရာမှာ မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေခြင်းဖြစ်သည်ဟု အေပီသတင်းဌာနသို့ပြောသည်။
မြောက်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းအငယ်စားများကို ရောင်းချခဲ့ကြောင်း သတင်းများ လည်း ထွက်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံမှ ဆိုးဝါးသည့် လူ့အခွင့်အရေးမှတ်တမ်းများနှင့် ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးခြင်းမရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု တားမြစ်ပိတ်ဆို့ထားသည်။
Posted by
ကိုဈာန်
at
8:02 PM
0
comments
Labels: သတင်း
Monday, June 22, 2009
မြန်မာကိုသွားမည့် မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ဖျက်သင်္ဘော နောက်ယောင်ခံ
မဇ္ဈိမ၊ ဇွန်လ ၂၁ ရက် ၂၀၀၉
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းနေသည် ဟုဆိုသော မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်းကို အမေရိကန် ရေတပ် ဖျက်သင်္ဘောက နောက်ယောင်ခံ လိုက်လျှက်ရှိကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားသည်။
တန်ချိန် ၂၀၀၀ ရှိ ကန်နမ် အမည်ရ သင်္ဘောသည် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအနီး နန်ပိုဆိပ်ကမ်းမှ ဗုဒ္ဓဟူးနေ့က စတင် ထွက်ခွာခဲ့ကြောင်း အမေရိကန် အရာရှိများက ပြောကြားထားသော်လည်း သင်္ဘောသည် မည်သည့်အရပ်သို့ ဦးတည် ခုတ်မောင်းနေပြီး မည်သည့် ကုန်ပစ္စည်းများ တင်ဆောင်သွားသည်ကို ပြောကြားရန်ကိုမူ ငြင်းဆန်ထားသည်ဟု နယူးယောက်တိုင်းမ် သတင်းစာ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအသစ် ပြုလုပ်ပြီးနောက် အမေရိကန်နှင့် မဟာမိတ်များအတွက် ဗွေဆော်ဦး စမ်းသပ်ချက်တခု ဖြစ်လာသည်။
Fox သတင်းဌာနက အမေရိကန် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တခုကို ကိုးကား ဖော်ပြထားရာတွင် အမေရိကန် ဖျက်သင်္ဘော ဂျွန် အက်စ် မက်ကိန်းသည် ကြားဖြတ်ဟန့်တားရန် အမိန့်ရလျှင် အရေးယူ ဆောင်ရွက်နိုင်ရန် နေရာယူထားသည်ဟု ပါရှိသည်။
တောင်ကိုရီးယား၏ YTN သတင်းဌာန၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် သင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်နေသည် ဟုဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူနေသော နိုင်ငံတခုဖြစ်သလို မြောက်ကိုရီးယား သင်္ဘောများ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ရာတွင် ခရီးတထောက်နားသည့် အရပ်လည်း ဖြစ်သည်။
သင်္ဘောပေါ်တွင် ဒုံးကျည်များ သို့မဟုတ် ဒုံးကျည် အပိုပစ္စည်းများ တင်ဆောင်ထားဖွယ် ရှိသည်ဟု အမေရိကန် အာဏာပိုင်များက သံသယရှိနေကြောင်း အမည်မဖော်ပြထားသော ထောက်လှမ်းရေး သတင်းရပ်ကွက် တခုကို ကိုးကား ဖော်ပြထားသည်။
မြောက်ကိုရီးယားက မြေအောက် နူကလီးယား စမ်းသပ်ဖောက်ခွဲမှုတခု မေ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူရေး ဆုံးဖြတ်ချက်တခုကို ဇွန် ၁၂ ရက်နေ့က ချမှတ်ခဲ့သည်။
ဆုံးဖြတ်ချက်တွင် မြောက်ကိုရီးယား၏ လက်နက်ရောင်းချမှုကို ပိတ်ပင်ရေး ပါဝင်ပြီး သံသယဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယား သင်္ဘောများကို စစ်ဆေးရေးတို့ ပြုလုပ်သွားမှာ ဖြစ်သည်။
မြောက်ကိုရီးယားကတော့ သူ၏သင်္ဘောများကို ကြားဖြတ် ဟန့်တားမှု ပြုလုပ်လျှင် စစ်ကြေညာသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဗီတို အာဏာပိုင်ရှင် နိုင်ငံတခုဖြစ်သော တရုတ်က မြောက်ကိုရီးယား သင်္ဘောများကို ကြားဖြတ်ဟန့်တားလျှင် အင်အား အသုံးပြုစေလိုခြင်း မရှိဟု ပြောဆိုထားသည်။
Posted by
ဆုံဆည်းရာ
at
12:07 PM
0
comments
Labels: သတင်း
သံသယ ရှိဖွယ် မြောက်ကိုရီးယား သင်္ဘော မြန်မာနိုင်ငံကို ဦးတည်
ဗွီအိုအေ၊ ဇွန်လ ၂၂ ရက် ၂၀၀၉
မြန်မာနိုင်ငံဘက်ကို ဦးတည်နေပုံရတဲ့ တရုတ် ပင်လယ်ပြင်က မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစင်းမှာ စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာနိုင်ခြေရှိတယ်ဆိုပြီး အမေရိကန် စစ်သင်္ဘောတစင်းက နောက်ယောင် ခံလိုက်နေပါတယ်။ အကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြပါတယ်။
ကောင်နမ် ၀မ်း (Kang Nam 1) လို့ အမည်ရတဲ့ မြောက်ကိုးရီးယား သင်္ဘောကို အမေရိကန် ရေတပ် ဖျက်သင်္ဘော တစင်းက နောက်ယောင်ခံလိုက်နေပြီး၊ ဆက်သွယ်ရေး ဂြိုလ်တုနဲ့လည်း သူ့ရဲ့ လမ်းကြောင်းကို စောင့်ကြည့်နေပါတယ်။ လမ်းကြောင်းအရဆိုရင် မြန်မာနိုင်ငံဘက်ကို ဦးတည်နေတယ်လို့ ခန့်မှန်းထားကြတာပါ။ ဒီသတင်းတွေကို တောင်ကိုရီးယား သတင်းတွေမှာ ပြသနေပါတယ်။
“မြောက်ကိုရီးယား နန်ဖို ဆိုတဲ့ နေရာကနေပြီး တန်ချိန် ၂၀၀၀ရှိတဲ့ ကောင်နမ် ၁ ဆိုတဲ့ သင်္ဘော တစင်းက မြောက်ကိုရီးယား နိုင်ငံကနေ စတင်ထွက်ခွာပြီး၊ မြန်မာနိုင်ငံကို ဦးတည်နေတဲ့အကြောင်းကို သတင်းမှာ ဖော်ပြနေပါတယ်။ အဲဒီသင်္ဘောက ငါးစင်းရှိတယ်။ ကောင်နမ် ဖိုး ဆိုတဲ့ သင်္ဘောက နံပါတ် ၁ ကနေ နံပါတ် ၅အထိ ၅စင်းရှိတဲ့အကြောင်း၊ အဲဒီသင်္ဘောအများစုက လက်နက်တွေ သယ်ဆောင်ပြီး တင်ပို့နေတဲ့အကြောင်းကို သတင်းတွေမှာ ပြနေတယ်။ အမေရိကန် က ဂြိုလ်တုကနေ တွေ့နေရတယ်ဆိုတဲ့အကြောင်း၊ အကျယ်ချဲ့ပြီးတော့ ဖော်ပြထားတာ မရှိဘူး။ နောက်ယောင်ခံလိုက်တာနဲ့၊ ဂြိုလ်တုကနေ တွေ့နေရတယ်ဆိုတာပဲ ဖော်ပြထားတယ်။ အခုနောက်ဆုံးသတင်းကတော့ တရုတ်ပင်လယ်ပြင်ကို ဖြတ်ကျော်နေတဲ့အကြောင်းပေါ့။ အဲဒါကိုတော့ သူတို့ ပြထားတယ်။ သင်္ဘောသွားနေတဲ့ ပုံက အစပေါ့။ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြထားတာက မြောက်ကိုရီးယားရဲ့ အလုပ်သမား သတင်းစာက အဲဒီသင်္ဘောပေါ်မှာ ကြီးမားတဲ့ လက်နက်တွေ၊ မစ်ဇိုင်းတွေ၊ နြူကလီးယားနဲ့ ပတ်သက်တဲ့ လက်နက်တွေ ပါနိုင်တယ်ဆိုတဲ့အကြောင်းကို ကိုရီးယား နောက်ဆုံး သတင်းမှာ တွေ့နေရတယ်။”
မြောက်ကိုရီးယားနဲ့ တောင်ကိုးရီးယားကလည်း မြောက်ကိုရီးယား နောက်ဆုံးတချိန် မကြာခင်က နြူကလီးယား လက်နက် စမ်းသပ်မှု ပြုလုပ်ပြီးနောက်ဆုံးမှာ တင်းတင်းမာမာ ဖြစ်နေချိန်မှာ၊ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံမှုတွေ ရှိလာတာ၊ အခုလည်း မြန်မာဘက်ကို မြောက်ကိုရီးယား သင်္ဘော တစင်း ဦးတည်သွားနေတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားက ဘယ်လို စိုးရိမ်မှုတွေ ရှိတာနဲ့ ပတ်သက်ပြီး ဘာများကြားသလဲခင်ဗျ။
“ယေဘူယျ လက်နက်တွေ ပါနိုင်တဲ့အကြောင်းတွေကို ဖော်ပြတာပဲ ရှိတယ်။ တောင်ကိုရီးယားအနေနဲ့ သင်္ဘောသွားတဲ့ ကိစ္စကို အစိုးရက ပြန်လည် တုံ့ပြန်တဲ့သတင်းကို မကြားသေးရပါဘူး။”
တောင်ကိုးရီးနိုင်ငံက ကိုဇော်မိုးအောင်က ပြောပြထားတာပါ။
အခု အဖြစ်အပျက်ဟာ လဆန်းပိုင်းအတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် ချမှတ်အပြီး ပထမဆုံးအကြိမ် ဖြစ်လာတာပါ။ ဆုံးဖြတ်ချက်ထဲမှာ မြောက်ကိုးရီးယား နြူကလီးယား လက်နက်အစီအစဉ်၊ ဒုံးကျည်လက်နက် အစီအစဉ်တွေ မလုပ်နိုင်အောင် မြောက်ကိုရီးယား သဘောင်္တွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ၀င်ရောက် ရှာဖွေ စစ်ဆေးနိုင်တယ်ဆိုတဲ့ အချက်ပါပါတယ်။ နောက်ကလိုက်နေတဲ့ အမေရိကန် စစ်သင်္ဘော က မြောက်ကိုရီးယား သင်္ဘောကို ကြားဖြတ် ဟန့်တား ရှာဖွေတာမျိုး လုပ်မလားဆိုတာကိုတော့ အမေရိကန် က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။ မြောက်ကိုရီးယား တလောက နြူကလီးယား စမ်းသပ်မှု တခု လုပ်ခဲ့လို့ အနောက်နိုင်ငံတွေနဲ့ တင်းတင်းမာမာ ပြန်ဖြစ်ခဲ့တာပါ။ အထူးသဖြင့် အမေရိကန် ဟာဝါအီ ကျွန်းဘက်ကို ချိန်ရွယ်ပြီးတော့ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုတခု လုပ်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် အမေရိကန် ပြည်ထောင်စုဘက်က မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှု မှန်သမျှကို အထူး ဂရုပြု စောင့်ကြည့်နေတယ်လို့ ပြောရမှာပါ။
Posted by
ဆုံဆည်းရာ
at
12:05 PM
0
comments
Labels: သတင်း
Thursday, June 11, 2009
ဒေါ်စုကို ရုံးတင်တဲ့အတွက် မြန်မာမူဝါဒပြင်ရခက်
ဗွီအိုအေ၊ ဇွန်လ ၁၁ ရက် ၂၀၀၉
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာ အစိုးရ ကနေ ပြင်းပြင်းထန်ထန် ကိုင်တွယ် လာတာကြောင့် မြန်မာနိုင်ငံ အပြောင်းအလဲအတွက် စစ်အစိုးရနဲ့ ထိစပ်ဆောင်ရွက်မယ့် အမေရိကန်ပြည်ထောင်စု စဉ်းစားချက် အပေါ်မှာ အဟန့်အတား ဖြစ်စေတယ်လို့ အရှေ့အာရှ နိုင်ငံခြားရေး ၀န်ကြီး အဖြစ် သမ္မတအိုဘားမား အဆိုပြုခံထားရသူက ပြောဆိုသွားပါတယ်။ ဒီအကြောင်း မစုမြတ်မွန်က တင်ဆက်ပါတယ်။
အမေရိကန်အစိုးရရဲ့ အာရှဆိုင်ရာ ထိပ်တန်း သံတမန်တဦးအဖြစ် Kurt Campbell ကို အရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနေရာ သမ္မတအိုဘားမားက အဆိုပြုထားတာပါ။ မနေ့က အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲမှာ သူ့ရဲ့ အရှေ့အာရှဆိုင်ရာ နိုင်ငံခြားရေး သဘောထား စဉ်းစားချက်တွေကို အထက်လွှတ်တော် အမတ်တွေက မေးမြန်းကြရာမှာ Mr.Campbell က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ပြောသွားတာပါ။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သြဇာဟာ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်အတွင်း အတော်ကြီး အားနည်း ကျဆင်းသွားတယ်လို့ အထက်လွှတ်တော် အမတ်တွေကို Mr.Campbell က ပြောပါတယ်။ ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးသမားတွေ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အစိုးရပိုင်း အဖွဲ့အစည်းတွေ အားလုံးဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံမှာ လက်လွှတ် ဆုံးရှုံးမှုတွေ ရှိလာတယ်လို့ ပြောသွားပါတယ်။
ဒီအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး မူဝါဒကို အခု နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် လက်ထက် ပြန်ပြီး ဆန်းစစ် သုံးသပ်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရနဲ့တိုက်ရိုက်ထိစပ်သွားဖို့ စဉ်းစားချက်ကို ပြောပါတယ်။
ဒါပေမဲ့လည်း အခု ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ အာဏာပိုင်တွေက တရားစွဲဆိုလိုက်တာကြောင့် ဒီစဉ်းစားချက်တွေကို အတန်ငယ် ထိခိုက်မှုရှိတယ်လို့ Mr.Campbell က အထက်လွှတ်တော် အမတ်တွေကို ရှင်းပြပါတယ်။ ဒါကြောင့် မြန်မာ အစိုးရအနေနဲ့ ဘာတွေ ဆက်လုပ်မယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်အခြေအနေကို နိုင်ငံခြားရေး ဌာနအနေနဲ့ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေဟာ အခု အမေရိကန်ရဲ့ မူဝါဒ ပြန်လည် သုံးသပ်မှု အပေါ်မှာ အများကြီး သက်ရောက်လာလိမ့်မယ်လို့လည်း ရှင်းပြသွားပါတယ်။
Mr.Campbell ဟာ လက်ရှိ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ခရစ်စတိုဖာဟီလ်း ရဲ့ နေရာအတွက် ရာထားခံရသူပါ။ အမေရိကန်ပြည်ထောင်စုရဲ့ အာရှနိုင်ငံများအရေးဆောင်ရွက်ရာမှာ အရေးကြီးတဲ့ သံတမန်နေရာဖြစ်ပါတယ်။
Posted by
ဆုံဆည်းရာ
at
10:38 AM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့
မဇ္ဈိမ၊ ဇွန်လ ၁၀ ရက် ၂၀၀၉
နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။
သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေးခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့်ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေတဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏ ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။
တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေးအတွက် ကြာသပတေးနေ့တွင် ဗဟိုတရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။
တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန်အကျဉ်းထောင်အတွင်း ရုံးထိုင်စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။
''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆိုထားခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားခဲ့သည်။
သို့သော် သူတို့က ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟိုတရားရုံးတွင် ဆက်လက်၍ အယူခံတက်မည်ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက်စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။
Posted by
ဆုံဆည်းရာ
at
10:34 AM
0
comments
Labels: သတင်း
ဂိုဂျုတ်တောင်ခရီးစဉ် နိုင်ငံရေးတိုးတက်မှုအတွက် သံသယရှိဟု သုံးသပ်
ဧရာဝတီ-ကိုထွေး၊ ဇွန်လ ၁၀ ရက် ၂၀၀၉
စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်၏ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုသော်လည်း နိုင်ငံရေး ပြောင်းလဲ တိုးတက်ရေး အတွက်မူ သံသယရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပြောသည်။
ဦးဝင်းတင်က “မြန်မာပြည်နဲ့ ပတ်သက်လို့ ပွင့်လင်းတဲ့ သူ့ရဲ့ပြောဆိုမှုတွေကို တန်ဖိုးထားပါတယ်၊ စစ်အစိုးရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို ထောက်ပြပြီး လမ်းကြောင်းမှန်ရောက်အောင် အကြံပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စင်ကာပူသည် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့်ထိတွေ့ခွင့် ရစေရန် ဆွဲသွင်းပေးသည့် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံသို့ ၀င်ရောက်ရေးထောက်ခံပေးသောနိုင်ငံတခုဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
မြန်မာ့အရေးလေ့လာသူတဦးဖြစ်သူ လယ်ရီဂျေဂင်က “၀န်ကြီးချုပ်ဟောင်းတဦးအနေနဲ့ မစ္စတာဂိုဂျုတ်တောင် မြန်မာပြည်လာတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စရယ်၊ မြန်မာ့နိုင်ငံရေး နဲ့ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားရယ်ကို သံတမန်တဦးအဖြစ် လာပြောရုံပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လေးစားမှုကို ရထားတဲ့သူ အနေနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်းလာပြောတာပါ ” ဟု ပြောသည်။
မစ္စတာဂိုဂျုတ်တောင်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်တွင်တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင်ထည့်သွင်း ဖော်ပြထားသည်။
မစ္စတာဂိုဂျုတ်တောင် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဆီယံ၏သဘောထားထက် သူ၏သဘောထား ကိုသာပြောဆိုနိုင်ဖွယ်ရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် မြန်မာ နိုင်ငံရေး အခြေအနေအပေါ် အာဆီယံခေါင်းဆောင်များ၏ သဘောထားကိုမူ ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက် နစ်နာစေသဖြင့် ထိုအမှုကို ဆက်လက် ခွင့်ပြုရန်မသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်များကို ပြောခဲ့သည်ဟု စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာ တွင် ပါရှိသည်။
“ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရက စွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သော် လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်” ဟု မစ္စတာ ဂိုဂျုတ်တောင်က ပြောကြောင်း အဆိုပါ သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။
ထို့အပြင် မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း ပါဝင်ခွင့်ပြုရန် တိုက်တွန်းပြောကြားခဲ့ရာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တို့ကသဘောတူလက်ခံခဲ့ကြောင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။
ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နိုင်ငံရေး အခြေအနေကို သံတမန်နည်းလမ်းဖြင့် ချဉ်းကပ် ဖြေရှင်းနိုင်ရေး အထူးကြိုးပမ်းလျက်ရှိသည်။
ယနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ဖိရုန်းသည် တရုတ်ျနိုင်ငံသို့သွားရောက်ကာ မြန်မာ ပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမည် ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖိ ဆစ်ဝေ့ချာချီဝသည်လည်း ယခုလအတွင်းတွင် ထပ်မံသွားရောက်မည် ဖြစ်သည်။
မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က “အာဆီယံရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေဟာ ကောင်းပါတယ် ဒါပေမယ့် အောင်မြင်မှုမရဘူး ဆိုရင်တော့ နောက်အစီစဉ် တခုကို တွေးထားသင့်တယ်။ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ထပ်လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက အာဆီယံကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့အတွက် လေးစားမှုမရှိဘူး” ဟု ပြောသည်။
မစ္စတာဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ရန်အတွက် အာဆီယံ၏ နောက်ဆုံး ကြိုးပမ်း အားထုတ်မှုတခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် လေ့မရှိပေ။
လွန်ခဲ့သောရက်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒတို့က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက် သည်။
Posted by
ဆုံဆည်းရာ
at
10:30 AM
0
comments
Labels: သတင်း
Tuesday, June 9, 2009
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်
မဇ္ဈိမ၊ ဇွန်လ ၉ ရက် ၂၀၀၉
နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မစခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ်အကျယ်ချုပ် ထပ်မံချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလိုတခုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း မြန်မာစစ်အစိုးရသည် သူမကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။
Posted by
ကိုဈာန်
at
12:54 PM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာထိခိုက်စေမယ့် ပုံတုများ ဖြန့်ဝေ
ဗွီအိုအေ၊ ဇွန်လ ၈ ရက် ၂၀၀၉
နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်မှာ ချုပ်ခံထားရပြီး တရား ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာကျစေမယ့်ပုံတွေ အထက်မြန်မာပြည် ဒေသတချို့မှာ ဖြန့်ချိနေတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို တိတ်တဆိတ် ၀င်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောရဲ့ ပုံတွေကို ကွန်ပြူတာ ဂရပ်ဖစ်နည်းတွေနဲ့ ပြုလုပ် ဖန်တီးထားပြီးတော့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လူမသိ သူမသိ မနက် လင်းအချိန်မှာ လမ်းပေါ်နဲ့ အရောင်းဆိုင်တွေမှာ ဖြန့်ဝေခဲ့တယ်လို့ မန္တလေး မြို့ခံ လူငယ်တဦးက ပြောပါတယ်။ ဒီပုံတွေကို ဘယ်သူဘယ်ဝါနဲ့ ဘယ်အဖွဲ့အစည်းက ဖြန့်ဝေခဲ့တယ်ဆိုတာ မသိပေမဲ့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ပုံတွေ ဖြစ်တယ် ဆိုတာကို ကြည့်တာနဲ့ အားလုံးက သိတယ်လို့ အဲဒီ လူငယ်က ပြောပါတယ်။
“ ဘယ်လို ပုံစံဝေသလဲဆိုရင် သူတို့က ပေါ်တင် မဝေဘူးခင်ဗျ။ အိမ်ယာထတဲ့အချိန် အိမ်ရှေ့တွေ၊ ဆိုင်ရှေ့တွေမှာ အန်တီစုရဲ့ ပုံတွေကို အများကြီး ကျဲသွားတဲ့ ပုံစံမျိုးထားခဲ့တာ။ ပုံတွေကို ကြည့်လိုက်တော့ အန်တီစု က ဂျွန်ယက်တောရဲ့ ရင်ခွင်ထဲမှာ လှဲအိပ်နေတဲ့ ပုံတွေ လုပ်ထားတယ်။ စာမှာလည်း စိတ်ရှုပ်ရပြီ၊ မောင်လေးရယ် ဆိုပြီး ရေးထားတယ်။ နောက်ခံပုံကတော့ အန်တီစုရဲ့အိမ်ကို နောက်ခံထား ထည့်ထားတယ်။ လူထုကတော့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ပုံဆို တော့ သိပါတယ်ခင်ဗျ။ ပြည်သူလူထုက နလပိန်းတုံး မဟုတ်ပါဘူး ခင်ဗျ။ ဒါကြီးတွေက သူတို့ လုပ်ထားပါတယ်။ ကွန်ပြူတာနဲ့ ထပ်ထားပါတယ်ဆိုတာ အားလုံးက မြင်လိုက်တာနဲ့ သိပါတယ်ခင်ဗျ။”
အခုလို ကွန်ပြူတာ ဂရက်ဖစ် နည်းပညာတွေနဲ့ ဖန်တီးပြီး လုပ်ထားတဲ့ ပုံတွေကို တွေ့ရတဲ့ သူတိုင်း စိတ်ဆိုး ဒေါသဖြစ်ရ တယ်လို့ သူက ပြောပါတယ်။
“ပြည်သူလူထုကတော့ လုပ်ကြံထားတဲ့ပုံ မှန်း သိရတော့ စိတ်တိုပြီး ဆွဲဆုတ်ပစ်တယ်။ နောက်ပြီးတော့ တော်တော် အောက်တန်းကျတယ်ဆိုပြီးလည်း ပြောပါတယ်။ ပြည်သူလူထုကတော့ အဲဒါတွေကို လက်မခံပါဘူး။ အော့နှလုံးနာပါတယ်။ ပိုပြီးတော့ အော့နှလုံး နာကုန်ကြတယ်။ ပြည်သူတွေ လွှတ်ပေးဆိုပြီး လှုပ်ရှားမှု စတဲ့အချိန်ကစပြီး တန်ပြန်လုပ်တာပေါ့။ အဲဒီလို နားလည်ပါတယ်။ ပြည်သူကတော့ တော်တော်လေး ပိုရွံသွားပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးပြီးတော့ အထူးတရားရုံးမှာ အမှု စစ်ဆေးနေကတည်းက အပြစ် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဓာတ်ပုံဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို အထက်မြန်မာပြည်က စတင်နေပါတယ်။ အဲဒီ လှုပ်ရှားမှုအပေါ် လူထုရဲ့ အာရုံ စူးစိုက်မှုနဲ့ ထောက်ခံအားပေးမှုတွေ ရလာတာကြောင့် အခုလို သိက္ခာချထားတဲ့ ပုံတွေကို ဖြန့်ဝေနေတာဖြစ်တယ်လို့ ရေနံချောင်းအန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောပါတယ်။
“သိက္ခာချင်း မတူတဲ့ လူတွေ လုပ်တဲ့ အလုပ်ကိုး။ အန်တီတို့ ရေနံချောင်းမှာတော့ မရှိပါဘူး။ ရန်သူချင်း တူဦးတော့ သိက္ခာ ရှိတဲ့ ရန်သူနဲ့ သိက္ခာမရှိတဲ့ ရန်သူဆိုတာ ရှိသေးတာပဲ။ အန်တီတို့ လုပ်တဲ့ လှုပ်ရှားမှုက အောင်မြင်နေတာကိုး။ လူထု နောက်က လိုက်တယ်ဆိုတာ သိနေတော့။ သူတို့ ဒီလို ပြလိုက်တာဟာ စိတ်ထားယုတ်တယ်ဆိုတာ ပြလိုက်တာပဲ။ သူတို့ ကတော့ ဂရုမစိုက်ပါဘူး။ အန်တီတို့က စိတ်မကောင်းဘူး။ ကိုယ့်နိုင်ငံမှာ ဒီလောက်တောင် အောက်တန်းကျနေတာ။ စိတ်ထား ဒီလောက်မကောင်းနေကြတာ။ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့။ ဘယ်လောက်ပဲ အလှူဒါနတွေ လုပ်လုပ် စိတ်ထား မကောင်းရင် အလကားပဲ”
အခုလို ကွန်ပြူတာတွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေကို လွန်ခဲ့တဲ့ ၂ရက်လောက်က မန္တလေးနဲ့ အခြား မြေလတ်ပိုင်း မြို့ တွေမှာ အများအပြား ဖြန့်ဝေတာတွေ့ရပေမဲ့ နောက်ရက်တွေမှာတော့ ဒီပုံတွေကို အများအပြား ဖြန့်ဝေတာ မတွေ့ရဘူးလို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။
Posted by
soneseayar
at
10:04 AM
0
comments
Labels: သတင်း
မြန်မာစစ်တပ် ထိုးစစ်ကြောင့် ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနယ်စပ် ထွက်ပြေး
ဗွီအိုအေ၊ ဇွန်လ ၈ ရက် ၂၀၀၉
အစိုးရစစ်တပ်က ကရင်တိုင်းရင်းသား သူပုန်များအား ထိုးစစ်ဆင်လို့ မြန်မာ ၃,၀၀၀ လောက် ထိုင်းနယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်နဲ့ ထောက်ပံ့ရေးအဖွဲ့များက ဆိုပါတယ်။
ကရင်ပြည်နယ် လယ်ပေါ်ဟွာ ဒုက္ခသည်စခန်းက အရပ်သား ၃,၂၉၅ ယောက် အနီး အနားက အစိုးရစစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် Free Burma Rangers ထောက်ပံ့ရေးအဖွဲ့က ကြေညာပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ကရင်တိုင်းရင်းသား သူပုန်များ တိုက်ခိုက်ကြလို့ ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးလာကြကြောင်းထိုင်းစစ်တပ်ကလည်း ဆိုပါတယ်။
မြန်မာစစ်တပ်က ဒီကေဘီအေခေါ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့များ အကူနဲ့ ကေအန်ယူ ကရင်တိုင်းရင်းသား သူပုန်များကို အရင်သီတင်းပတ်ကတည်းက တိုက်ခိုက်နေကြတယ်လို့ ထိုင်းအခြေစိုက် ထောက်ပံ့ရေးအဖွဲ့များကလည်း ပြောဆိုကြပါတယ်။
Posted by
soneseayar
at
10:02 AM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အင်ဒို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတောင်းဆို
ဗွီအိုအေ၊ ဇွန်လ ၉ ရက် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတရားစွဲဆိုမှုဟာ အခြေအမြစ်မရှိဘဲ ဖမ်းဆီးထားရာကနေ အမြန်ဆုံးပြန်လွှတ် ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန်ဝိရာယုဒ (Hassan Wirajuda) တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုသွား ပါတယ်။ ၀န်ကြီး ၂ဦးရဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့်ထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထား ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ၂ဦးစလုံးဟာ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်ကတည်းက မြန်မာနိုင်ငံအရေးကိစ္စကို အလေးထား ဆွေးနွေးခဲ့ကြပုံ ပေါ်ပါတယ်။ ကမ္ဘာ့နိုင်ငံအရေးကိစ္စမှာ မြန်မာ့အရေးကို ၂ဦးစလုံးက အလေးပေး ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု
အနေနဲ့တော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခု အာဏာပိုင်တွေက တရားစွဲဆိုတာဟာ အခြေအမြစ် လုံးဝမရှိဘူးလို့ တစိုက်မတ်မတ် ပြောခဲ့သလို အခုသတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒါကို ထပ်လောင်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးအတွက် အာဆီယံနိုင်ငံတွေရဲ့ တောင်းဆိုမှုကိုလည်း ချီးကျူးပြောသွားပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တင်ထားတဲ့ စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးဆိုတာပြောပါရစေ။ သူ့ကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ အင်ဒိုနီးရှား အပါအ၀င် အခြား အာဆီယံနိုင်ငံတွေကလည်း အလားတူပြောဆိုပြီး ဒေါ်အောင်ဆန်း
စုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ကျေးဇူးတင်ပါတယ်။”
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒကလည်း မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာစေဖို့ရာ အာဆီယံပဋိညာဉ်အရ အသင်းဝင်းနိုင်ငံ တနိုင်ငံအနေနဲ့ တာဝန်ရှိတယ်ဆိုတာကို သတိပေးပြောသွားပါတယ်။
“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စိတ်မသက်သာစရာ အကြောင်းအရာတွေလည်း ပါပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့
ဖြစ်ရပ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ရမယ့် အချိန်ကျကာမှ ခုလိုထပ်ဖြစ်လာတာမို့ ကျနော်တို့အနေနဲ့ ပြင်းထန်တဲ့ ကြေညာချက်တရပ် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းသစ်ပါ
အချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပေးထားခဲ့ပါတယ်။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုထားခဲ့ကြပါတယ်။”
နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ မြန်မာ့အရေးကိစ္စကို ပြောဆိုသလိုပဲ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းစံထားတွေမှာ ၂နိုင်ငံ သဘောထားတူကြတဲ့ကိစ္စ၊ အခြားအင်ဒိုနီးရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးအကူအညီကိစ္စ၊ နိုင်ငံ
တကာအရေးမှာတော့ အခြားနျူကလီးယားအရေးကိစ္စ၊ အာဆီယံဒေသတွင်းတည်ငြိမ်ရေး၊ လုံခြုံရေးကိစ္စ၊ အရှေ့အလယ်ပိုင်းအရေး၊ လက်ဘနွန်ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ပြောဆိုသွားကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ အခု နှစ်ဆန်းပိုင်းကပဲ အင်ဒိုနီးရှားမှာ တခါ တွေ့ခဲ့ဖူးပါတယ်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီကိုရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့မနက်ပိုင်းကတော့ ၀ါရှင်တန်ဒီစီက Carnegie Endowment ဆွေးနွေးပွဲမှာ တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ပြဿနာတွေအပေါ်အမြင်
စတာတွေ ရှင်းလင်းသွားခဲ့ပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံကိစ္စကို အတော်လေး ပြောသွားပါတယ်။
မြန်မာ့အရေးကို ဒေသတွင်းနိုင်ငံတွေက အဓိက ထိစပ်ကိုင်တွယ်သွားဖို့ လိုမယ်လို့ ယုံကြည်တာကြောင့် အင်ဒိုနီးရှားကပဲ ကမကထ ဦးဆောင်ပြီး မြန်မာ့အရေး ဒေသတွင်း အဖွဲ့တခု ဖွဲ့စည်းခဲ့တာတွေကိုလည်း ပြောပါတယ်။ ဒါ့အပြင် အာဆီယံအတွင်းမှာ
ဗီယက်နမ်လိုနိုင်ငံကတောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေလုပ်ဖို့ ဖိအားပေး တိုက်တွန်းလာတာကြောင့် အာဆီယံအတွင်း တိုးတက်မှုရှိလာတာကိုလည်း ပြောသွားပါတယ်။ တဖက်မှာတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ
ဒဏ်ခတ်တာဟာ မြန်မာလူထုကိုပဲ ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက်ပြောဆိုသွား ပါတယ်။
Posted by
soneseayar
at
9:53 AM
0
comments
Labels: သတင်း
မနက်ဖြန် ၂ ရက်ပေါင်းရင် သဘက်ခါ
စင်္ကာပူအစည်းအဝေးမှာ ငါတို့ နိုင်ငံက၀န်ကြီးချုပ်သိန်းစိန်ကို ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ စင်္ကာပူဝန်ကြီးချုပ်တို့က သိန်းစိန်ကိုမေးတယ် Whentime do you go back your country? မင်းနိုင်ငံကိုဘယ်အချိန်ပြန်မလဲပေါ့။ ငါတို့ဝန်ကြီးသိန်းစိန်က ပြန်ပြောလိုက်တယ်။ ဒါပေမဲ့သူအင်္ဂလိပ်စကားမတတ်ဘူးလေ ပြောချင်တာက
အဘိဓာန်စာအုပ် ထုတ်စားတော့မယ် ထင်
ဆက်လက်ဖြန့်ဝေပါ ဒီသတင်းကမ္ဘာမှာ နာမည်ကြီးနေတယ်။ မြန်မာတွေနာမည်
Posted by
ဆုံဆည်းရာ
at
9:30 AM
2
comments
Labels: ဟာသ
Friday, June 5, 2009
Walk On
U2 ဟာ တစ်ယောက်မှမကွဲထွက်ပဲနဲ့ရှင်သန်လာတာ နှစ် ၂၀ကျော်ပြီ။ Humanity ကိုတန်ဖိုးအထားဆုံး အဖွဲ.လို ဆိုရမယ်။ တကယ်လည်း Bono နဲ့The Edge ရဲ့လုပ်ဆောင်ချက်တွေဟာ လူ့အကျိုးပြုလုပ်ငန်းတွေပဲ။ ဒီသီချင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုရေးဖွဲ.တဲ့သီချင်းလို့cd ကာဘာက သီချင်းစာသား အောက်ဆုံးမှာရေးထားတယ်။ သူတို့ live show တွေမှာ Bono က ဒီသီချင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့ တီရှပ်ကို ၀တ်ပြီးဆိုတယ်။ မြန်မာပြည်မှာ ထူးအိမ်သင်လည်း U2 သီချင်းတွေဆိုခဲ့တယ်။ ကျနော်က သူ့ music မျိုးကို မကြိုက်လို့ U2 ပရိသတ်မဟုတ်ဘူး။ Walk On ဆိုတဲ့ခေါင်းစဉ်က ရိုးရိုးလေးနဲ့ အရောက်ပို့နိုင်တယ်။ စာသားဟာ ရိုးရိုးလေးပဲ ခင်းကျင်းပြသွားတာ ထိရောက်တယ်။ Home is where the heart is ဆိုတဲ့ စကားကို Home is where the hurt is လို့ရေးတာထူးခြားတယ်။ သေချာလိုက်ကြည့်နားထောင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေးအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြပါ။
Walk On
And love is not the easy thing
The only baggage you can bring...
And love is not the easy thing....
The only baggage you can bring
Is all that you can't leave behind
And if the darkness is to keep us apart
And if the daylight feels like it's a long way off
And if your glass heart should crack
And for a second you turn back
Oh no, be strong
Walk on, walk on
What you got they can't steal it
No they can't even feel it
Walk on, walk on...
Stay safe tonight
You're packing a suitcase for a place none of us has been
A place that has to be believed to be seen
You could have flown away
A singing bird in an open cage
Who will only fly, only fly for freedom
Walk on, walk on
What you've got they can't deny it
Can't sell it, can't buy it
Walk on, walk on
Stay safe tonight
And I know it aches
And your heart it breaks
And you can only take so much
Walk on, walk on
Home, hard to know what it is if you've never had one
Home, I can't say where it is but I know I'm going home
That's where the hurt is
I know it aches
How your heart it breaks
And you can only take so much
Walk on, walk on
Leave it behind
You've got to leave it behind
All that you fashion
All that you make
All that you build
All that you break
All that you measure
All that you steal
All this you can leave behind
All that you reason
All that you sense
All that you speak
All you dress up
All that you scheme.
သုအိုက်စံ
Posted by
ဖိုးနေ
at
5:18 PM
0
comments
Labels: ဗွီဒီယို
Thursday, June 4, 2009
ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့ ဆန္ဒပြ
ဗွီအိုအေ၊ ဂျွန်လ ၄ ရက် ၂၀၀၉
ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြကြတဲ့ လူစုတစုကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။
အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၃ ယောက်ထက်မနည်းဟာ အမျိုးသမီးတယောက်ရဲ့ ခင်ပွန်းသည် အထိန်းသိမ်းခံထားရတာကို ပြန်လွှတ်ပေးဖို့ တောင်းဆို ထားတဲ့ စာတမ်းကိုကိုင်ပြီး သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသမီးတယောက်ရဲ့ ခင်ပွန်းဖြစ်သူကို မြန်မာစစ်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ ဘယ်သူ ဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘဲ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်တယ်ဆိုတာကိုပဲ စုံစမ်းလို့ရပါသေးတယ်။
ဆန္ဒပြတာကို အမေရိကန်သံရုံး တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စအတွက် ဆန္ဒပြကြတာဖြစ်ပြီး နိုင်ငံရေးလှုံ့ဆော်တာမျိုး မပါဘူးလို့ သံရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ၁၅ မိနစ်လောက် ကြာပြီးတဲ့နောက်
သူတို့တွေ ပြန်ထွက်သွားကြတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးလိုက်တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Posted by
ကိုဈာန်
at
10:48 PM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများဖြန့်ဝေ
ဧရာဝတီ၊ ဂျွန်လ ၄ ရက် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေခြင်း (Photo campaign) လှုပ်ရှုားမှုတရပ်ကို မိတ္ထီလာခရိုင် အတွင်း၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါဝင်သော ဓာတ်ပုံ ၁၀၀၀၀ခန့်ကို ဇွန်လ၂ရက်နေ့က စတင်၍ ဦးဆောင် ဖြန့်ဝေရာယခုအခါဓာတ်ပုံ ၃၀၀၀ခန့် ရှိပြီဖြစ်ကြောင်း သိရသည်၊
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဖြန့်ဝေသော ဓာတ်ပုံ ၈မျိုး တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ယှဉ်တွဲရိုက်ကူးထားသော ဓာတ်ပုံမှာ အများဆုံး ဖြန့်ဝေရကြောင်း မိတ္ထီလာခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဒေါ်အေးအေးမြင့် ကပြောသည်။
ဒေါ်အေးအေးမြင့်က“မြန်မာပြည်မှာသတင်းနဲံ့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတော့ မီဒီယာတွေမှာ ဒေါ်အောင် ဆန်း စုကြည် ရဲ့ဓာတ်ပုံ ကိုသိပ်ဖော် ပြလေ့ မရှိဘူး၊ မမြင်ဘူးတဲ့သူတွေက အများကြီးပဲ၊ လာတောင်းတဲ့သူတွေ ကလည်း မနည်း ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဖြန်ဝေတဲ့ဓာတ်ပုံ ၈မျိုးထဲမှာ ဖခင်ဖြစ်တဲ့ဗိုလ်ချုပ် အောင်ဆန်းနဲ ရိုက်ထားတဲ့ပုံက အဖြန့်ဝေရဆုံးပဲ” ဟု ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဓာတ်ပုံများကို အခမဲ့ ဖြန်ဝေသွားမည်ဖြစ်ပြီး အရွယ်အစားမှာ ၃ လက်မ x ၄ လက်မ ပတ်လည် ရှိကြောင်း လည်းသိရသည်။
“ကျမတိုရဲ့ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ကျယ်ကျယ်ပြန့်ပြန့် လူထုလက်ထဲ အိမ်တိုင်းစေ့ ရောက်ရှိအောင်ဖြန့်ဝေသွားမှာဖြစ်တယ်၊ ဓာတ်ပုံကိုရယူကြတဲ့ပြည်သူတွေကို တောင်းဆိုချင်တာက ဓာတ်ပုံကို မိမိတို့ အိမ်ရဲ့ ဧည့်ခန်းမှာ မှန်ဘောင်သွင်း ချိတ်ဆွဲထားနိုင်ရင်ထားစေချင်တာပေါ့ အဲဒါမှအဆင် မပြေဘူး ဆိုရင် အိမ်မှာဓာတ်ပုံ ထည့်တဲ့ အယ်လ်ဘမ်ရဲ့ရှေ့ ဆုံးမှာ ထည့်သွင်းထားဖို့ဆော်သြထားတယ်၊ မိမိရဲ့ GSMဖုန်းထဲမှာ၊ ပိုက်ဆံအိတ်ထဲတွေမှာ လည်း ထည့်ထား စေချင်ပါတယ်”ဟု၎င်း ကဆက်ပြောသည်။
မိတ္ထီလာခရိုင်(NLD)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာဖြင့် လူထု ပါဝင် ဆင်နွှဲ နိုင်သော လှုပ်ရှုားမှုအဖြစ် Photo Campagin ကိုရွေးချယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ မိတ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မြင်းခြံ၊ ညောင်ဦး၊ညောင်ရွှေ မြို့များကို ဖြန်ဝေပြီး ဖြစ်ကြောင်း၊ နောက်ပိုင်း မိုးကုတ် မန္တလေးကိုပါ ဆက်လက် ဖြန့်ဝေသွားရန်စီစဉ်နေပြီး မကြာမီရက်ပိုင်း အတွင်း ပဲခူး၊မကွေးတိုင်း များ လည်း ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ သာစည်မြိုနယ် တွင်မှု ရဲများကလိုက်လံ သိမ်းဆည်းနေသည်ဟုကြားသိရကြောင်း ဒေါ်အေးအေးမြင့်က ပြောသည်။
၎င်းဓာတ်ပုံဖြန်ဝေသည့်လှုပ်ရှားမှုနှင့် ပတ်သက်၍ သံဃာ့တပ်ပေါင်းစုမှ ဦးဆောင်ဆရာတော်တပါးဖြစ်သူ ဦးအာစ္စရိယက ထောက်ခံခဲ့ပြီး သံဃာတော်များကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် တတ်အားသရွေ့ ဘုရားတွင် ဆုတောင်း မေတ္တာပို့သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
Generation Wave အဖွဲ့အနေနှင့်လည်း မတ်လက ရန်ကုန်၊ပြည် ရှိလူစည်ကားရာနေရာများတွင် စာရွက်စာတမ်းများ ဖြန်ဝေခြင်း၊ မှုတ်ဆေးများဖြင့် လှုံ့ဆော်စာရေးသားခြင်းများ ပြုလုပ်ခဲ့ကြောင်း ရှေ့ဆက်၍လည်းပြည်သူ လူထုနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးက ဧရာဝတီသို့ပြောသည်။
Posted by
ကိုဈာန်
at
9:21 PM
0
comments
Labels: သတင်း
Wednesday, June 3, 2009
The Tiananmen Man
ကျနော်တို့တွေ၊"ဒီရေမြင့်သစ်" "တရုပ်ပြည်ပေါ်ကကြယ်နီ" "အိုယမ်ဟိုင်ရဲ့တေးသံ" "မော်စီတုံးရဲ့လက်ရွေးစင်ဆောင်းပါးများ" "တောင်များရဲ့တောင်၊ ပင်လယ်များရဲ့မြောက်ဘက်ဆီသို့" - စတဲ့လက်ဝဲစာအုပ်တွေကို ဖတ်ပြီးစိတ်ကူးယှဉ်နေချိန် - လက်တွေ့ဘ၀ထဲမှာတော့ သစ္စာဖောက်မှုတွေ၊ လိမ်ညာမှုတွေ၊ ယမ်းနံတွေ၊ သွေးညှီနံ့တွေကို ခံစားလိုက်ရပါတယ်။
၁၉၈၉ မှာ တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားကို အကြမ်းဖက်သတ်ဖြတ်ပြီးတုံ့ပြန်လိုက်တဲ့အခါ၊ တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေက ကျနော်တို့ရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို နောက်ကျောကနေ သွေးအေးအေးနဲ့ ဓါးနဲ့ထိုးလိုက်တဲ့အခါ "တကမ္ဘာလုံးရှိ အလုပ်သမားထုကြီးညီညွတ်ကြလော့" ဆိုတဲ့ကြွေးကြော်သံတွေက "ဟန်တရုပ်လူမျိုးကြီးပွားဖို့အတွက် ကမ္ဘာမီးလောင်သားကောင်ချနင်းကြလော့" ဆိုတဲ့ မိုးခြိမ်းသံတွေအဖြစ် ကွဲအင်ကျယ်လောင်စွာ အသွင်ပြောင်းခဲ့ပါတယ်။
တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှု အနှစ် (၂၀) ပြည့်ခဲ့ပါပြီး။
သေချာတာတခုကတော့ ကျောင်းသားကိုသတ်ဖို့ ၀န်မလေးတဲ့ ဘယ်လိုအုပ်စိုးသူ လူတန်းစားမဆို သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့အချက်ပါပဲ။ (အောင်မိုးဝင်း-ဒုတိယအိမ်)
၁၉၈၈ မှာ မြန်မာကျောင်းသားအရေးအခင်းဖြစ်တယ်။ ၁၉၈၉ မှာ တရုတ်ကျောင်းသားအရေးအခင်း ဖြစ်တယ်။ မြန်မာ့ကျောင်းသားလှုပ်ရှားမှုက အောင်မြင်အရာထင်ခဲ့တယ်လို့ဆိုရမယ်။ တရုတ်ကျောင်းသားလှုပ်ရှားမှုက တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီးလို ခိုင်တဲ့ သု့ပြည်တွင်းရေး ပေါ်လစီကြောင့်ရယ် လူထုထောက်ခံမှုမရခဲ့တာရယ်ကြောင့် မှေးမှိန်ခဲ့ရတယ်။
အဲဒီရင်ပြင်ပေါ်မှာ တရုတ်ကျောင်းသားတွေ တင့်ကားတွေနဲ့ ကြိတ်သတ်ခံခဲ့ရတာ အားလုံးသိကြပါတယ်။ ဒီသမိုင်းကို သီချင်းတပုဒ် ရေးဖွဲ.တီးခတ်တဲ့ NEVERMORE က အမေရိကန်နိုင်ငံ BOSTON မြို့က POWER METAL BAND တစ်ခုပါ။ POWER METAL ဆိုပေမဲ့ MELODIC METAL နဲ့ပေါင်းစပ်တီးခတ်ထားတဲ့ NEVERMORE ရဲ့ သံစဉ်တွေဟာတော်တော်မိုက်ပါတယ်။ ဒီသီချင်းကို သူတို့ ဂစ်တာသမားက ၆ ကြိုးဂစ်တာနဲ့ ဒီအသံရအောင် နောက်ဆုံးတီးခဲ့တဲ့သီချင်းလို့ဆိုတယ်။ နောက်ပိုင်းတော့ ၇ ကြိုးနဲ့ပဲဆက်တီးတော့တယ်။ ဘာပဲဖြစ်ဖြစ်
နိုင်ငံတကာက အမှန်တရားအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်တဲ့ ကျောင်းသားအားလုံးကို ဒီသီချင်းနဲ့အလေးပြုလိုက်ပါတယ်။ စာသားကို လိုက်ကြည့်သွားရင်း ခပ်ကျယ်ကျယ်လေး နားထောင်ကြည့်ပါ။ Enjoy!!!
The Tiananmen Man
On june fifth, in the year of eighty-nine, he was unarmed with focused mind
Deflance glared down the barrel of the gun pointed from a tank in tiananmen square
And he stood there:
To control, to manipulate, the media his power slave
He knew the world was watching, knew he had a plan
To confront the powerful tyranny in the square of tiananmen
Ecstatic youth played with fire, freedom wash over them
Democracy their desire, the tiananmen man had a plan
Manipulate the media
He used blind faith in the face of anarchy, the cybernetic rapture has begun to envelop me
Freedom is the rush, adrenaline high, choice of the oppressed wiling to die
Like a hostage the government holds your drug
To control, to manipulate, the media his power slave
He knew the world was watching, knew he had a plan
To confront the powerful tyranny in the square of tiananmen
Ecstatic youth played with fire, freedom wash over them
Democracy their desire, the tiananmen man had a plan
Manipulate the media
His act was a cybernetic gesture
His act was a cybernetic gesture
He knew the world was watching, knew he had a plan
To confront the powerful tyranny in the square of tiananmen
Ecstatic youth played with fire, freedom wash over them
Democracy their desire, the tiananmen man had a plan
Manipulate the media, manipulate the media
Manipulate to control
သုအိုက်စံ
Posted by
ဖိုးနေ
at
6:35 PM
0
comments
Labels: ဗွီဒီယို
မြန်မာ့အရေး လုံခြုံရေးကောင်စီ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကုလအရာရှိ အကြံပြု
ဗွီအိုအေ၊ ဂျွန်လ ၃ ရက် ၂၀၀၉
မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံး ဖွဲ့စည်းသင့်တယ်လို့ နယူးယောက် တိုင်းမ်စ် သတင်းစာမှာ မေလ ၃၀ ရက်နေ့က ဆောင်းပါးတပုဒ်ရေးပြီး တိုက်တွန်းခဲ့ပါတယ်။
မစ္စတာပင်ညဲရိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ သူ့အနေနဲ့ အတန်တန် တိုက်တွန်းခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ထိုက်ထိုက်တန်တန် ခံနေရပေမယ့် မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံလောက် ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေကတော့ နိုင်ငံတကာရဲ့ မသိကျိုးကျွန်ပြုခြင်းတွေရဲ့ နောက်ကွယ်မှာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း လူနည်းစုတိုင်းရင်းသား ကျေးရွာပေါင်း ၃,၃၀၀ ကျော် ဖျက်ဆီးခြင်း ခံနေရတဲ့အပြင်၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ ကလေးစစ်သားစုဆောင်းမှု၊ ကျေးရွာက အမျိုးသမီးတွေကို မြန်မာစစ်သားတွေ မုဒိမ်းကျင့်မှုတွေ ပြုခဲ့တဲ့အပေါ်မှာ စစ်အစိုးရက တာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ပင်ညဲရိုး က ထောက်ပြပါတယ်။ နောက်နောင်မှာ ဆိုးရွားတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်ခြင်းက ကာကွယ်နိုင်ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းဖို့ မစ္စတာ ပင်ညဲရိုး က အကြံပြုတိုက်တွန်းခဲ့တာပါ။ လက်ရှိ မြန်မာ့နိုင်ငံအရေး အရှုပ်အရှင်းအပေါ် ဘယ်လို သုံးသပ်မိလို့ ခုလို အကြံပြု တိုက်တွန်းခဲ့ပါသလဲ ဆိုတာကို သိရအောင် မစ္စတာပင်ညဲရိုး ကို ဆက်သွယ်မေးမြန်း ကြည့်ပါတယ်။
"ကျနော် ပထမဆုံး ဇောင်းပေးပြောချင်တာကတော့ ဒီလိုပါ။ မြန်မာပြည်ရဲ့ ပြဿနာဟာ ဒေသတွင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ် မဟုတ်ဘူးဆိုပြီး မြန်မာ့အိမ်နီးချင်းတချို့ က လွယ်လွယ်နဲ့ ဆင်ခြေပေးတာဟာ မြန်မာ့အရေးနဲ့  ပတ်သက်ပြီး ခိုင်မာပြီးပြည့်စုံတဲ့ သုံးသပ်ချက်မျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံပေါင်း ၂၀ ရဲ့ အမှုကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့အပေါ် အခြေခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဆုံးဖြတ်ချက် ချမှတ်တာတို့ ကြားဝင်ဖြေရှင်းတာမျိုးတို့ ပြုလုပ်ခဲ့ဖူးပါတယ်။ မြန်မာအရေးဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုရှိမရှိ ဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းတွေထဲက တခုကတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းတာပဲဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အရှေ့တီမောနဲ့ တိုဂိုနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲစည်းခဲ့တုန်းက ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာ နှစ်ရှည်လများ ရှေ့ ဆက်မတိုးနိုင်တဲ့ အဖြစ်ဆိုးကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။
အခုချိန်ထိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်ရွက်ခဲ့မှုအပေါ်မှာ ဘယ်လို မြင်ပါသလဲ၊ -
"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ မိတ်ဆွေ ၁၉ နိုင်ငံအဖွဲ့ကို ဖွဲ့စည်းလိုက်တာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့က သိပ်ကြီးလွန်တယ်လို့ ထင်ပါတယ်။ မြန်မာ့အရေး အတွက် ပိုပြီး ကျစ်ကျစ်လစ်လစ် ဆောင်ရွက်နိုင်တဲ့ နိုင်ငံ သုံးလေးနိုင်ငံလောက်ပါတဲ့ အဖွဲ့ဆိုရင် ပိုထိရောက်မယ်လို့ ကျနော် မြင်ပါတယ်။ ဥပမာ - အမေရိကန်၊ အာဆီယံ၊ တရုတ်နဲ့ ကုလသမဂ္ဂတို့ ပါဝင်တဲ့အဖွဲ့  လိုမျိုးပေါ့။ ဒီလိုအဖွဲ့ကနေတဆင့် လိုအပ်ရင်လိုအပ်သလို တခြားနိုင်ငံတွေနဲ့ပါ ဆွေးနွေးတိုင်ပင်လို့ရတာပေါ့။"
အဲဒီလို အဖွဲ့မျိုးဖွဲ့စည်းတယ်ထားဦး၊ သူတို့က ဘယ်လိုကိစ္စတွေကို လုပ်ဆောင်နိုင်မှာလဲ။ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။ -
"နောက်အရေးကြီးတာတခုက ပြီးခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း ကျနော်အနေနဲ့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ချဉ်းကပ်ပုံ ပေါ်လစီ တမျိုးတည်းနဲ့ အလုပ်မဖြစ်နိုင်ပါဘူးဆိုတာ။ တကယ်ပဲ လိုအပ်နေတာက ဘယ်ပေါင်းစုံက ချဉ်းကပ်မှုတွေ လိုအပ်တယ်။ ချဉ်းကပ်မှု အားလုံးဟာလည်း ဟန်ချက်ညီဖို့လိုတဲ့အပြင် တစိုက်မတ်မတ် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ကျနော် မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့စဉ် ၈ နှစ်တာ ကာလအတွင်း ဒီလိုမျိုး တခါမှမရှိခဲ့ဖူးပါဘူး။ ဥပမာ - အခု အမေရိကန် သမ္မတအိုဘားမား က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ ဒဏ်ခတ်တဲ့မူကို သုံးသပ်နေပါတယ်။ ကျနော်အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ရုတ်သိမ်းလိုက်ဖို့ တခါမှ အကြုံမပြုခဲ့ဖူးပါဘူး။ ဒါပေမယ့် ပိတ်ဆို့မှုတခုတည်းနဲ့ မလုံလောက်ပါဘူး။ သံတမန်ရေးလမ်းကြောင်း ကနေလည်း ထိထိမိမိ ပူးတွဲဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။"
သံတမန်လမ်းကြောင်းကဆိုလို့ အာရှနိုင်ငံတွေကလည်း သူတို့စကားနဲ့ပြောရရင် အပြုသဘောဆောင်တဲ့ သံတမန် လမ်းကြောင်းကနေ မြန်မာစစ်အစိုးရကို ထိတွေ့ဆက်ဆံနေပေမယ့် သိပ်မထူးဖြစ်နေတော့ မစ္စတာ ပင်ညဲရိုး အနေနဲ့ သံတမန်လမ်းကြောင်းအရ ဒီထက်ထိရောက်အောင် ဘယ်လိုလုပ်နိုင်မယ်လို့ ထင်ပါသလဲ။ -
"မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိတာကြောင့် ပထ၀ီနိုင်ငံရေးအရ သံတမန်နည်းအရ ချဉ်းကပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမယ့် အာရှနိုင်ငံတွေ ပြောနေတဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို ကျနော် မဆိုလိုပါဘူး။ ထင်ထင်ပေါ်ပေါ်နဲ့ ကမ္ဘာကို သိစေဖို့ရုံလောက် ဟန်သဘောနဲ့ တွေ့ဆုံတာမျိုးမဟုတ်ဘဲ တကယ်ပဲ အသံတိတ်တိတ်နဲ့ ကန့်လန့်ကာ နောက်ကွယ်ကပဲဖြစ်ဖြစ် အဖြေမထွက် ထွက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေးပြောဆို ညှိနှိုင်းတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ။ အချုပ်ပြောရရင်တော့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ဆိုတာဟာ မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းရာမှာ အကျိုးရှိမယ်လို့ ထင်တဲ့ ချဉ်းကပ်ပုံ မူအမျိုးမျိုးထဲက တခုသာဖြစ်ပါတယ်။ တကယ်ပဲ ထိရောက်အောင် ဆိုရင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ တပြိုင်နက်တည်း ဟန်ချက်ညီညီ ဆောင်ရွက်ပြီး၊ ကောက်ရိုးမီးလို မဟုတ်ဘဲ တစိုက်မတ်မတ် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။"
ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး က ရှင်းပြခဲ့တာဖြစ်ပါတယ်။
Posted by
ဆုံဆည်းရာ
at
10:41 AM
0
comments
Labels: အကြံပြုချက်
ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် လှပရဲရင့်သူ
မိုးစက်မှော်
(သတင်းသမားတစ်ဦး၏ ပုံမနှိပ်သောမှတ်တမ်း)
မွန်းလွဲတစ်နာရီတွင် စတင်မည့် တရားခွင်နှင့် တရားခွင်သို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ်-၄၇/၂၀၀၉၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားပြီး ယနေ့တွင်သူမကို စစ်ဆေးရန်ရှိသည်။
သြစတြေးလျနှင့် ဗြိတိသျှသံအမတ်များ၊ စင်ကာပူသံအမတ်ကြီးတို့ကို ရှေ့ဆုံးတန်းတွင်တွေ့ရသည်။ အခြားသံတမန်များမှာလည်း သံရုံးမှ နိုင်ငံရေးဆိုင်ဆိုင်ရာမြန်မာတာဝန်ခံများနှင့်အတူရှိနေကြသည်၊ ပြည်တွင်းပြည်ပသတင်းထောက်များမှာလည်း အခွင့်အရေးကို ပြည့်ပြည့်၀၀ရစိမ့်သောငှာ တရားခွင်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနိုင်သမျှနီးအောင် နေရာယူနေကြသည်။
ကင်မရာ၊ ရီကော်ဒါစသည်တို့ကို ယူဆောင်ခွင့်မရှိသဖြင့် အကြားစွမ်းရည်၊ အမြင်စွမ်းရည်တို့ဖြင့်သာ တတ်နိုင်သမျှ မှတ်တမ်းတင် သတင်းရေးသားရမည်ဖြစ်သဖြင့် မြင်သာကြားသာသော နေရာကို ဘောင်အတွင်းမှ သတင်းထောက်များ ကြိုးစားယူနေကြရခြင်း ဖြစ်သည်။
ထိုစဉ်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်မှာ တရားခွင်သို့ ၀င်ရောက်လာလေသည်။ အားလုံးက မတ်တပ်ရပ်ကာ သူမကို ၀ိုင်းကြည့်ကြသည်။ ရဲမေများကလည်း အသင့်အနေအထားနှင့်ရှိကြသည်။ သူမနှင့်နီးနိုင်သမျှနီးအောင် တရားခွင်နှင့်နီးနိုင်သမျှနီးအောင် ပရိသတ်မှာတိုးကပ်သွားကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပရိသတ်ကိုတစ်ချက်ကလေးမှ မကြည့်ပါ၊ သူမရှေ့နေဦးဉာဏ်ဝင်းနှင့်တွေ့ပြီး စကားပြောပါသည်။ ထို့နောက် တရားခွင်သို့ မကြာမီတင်ပြရန်ရှိပုံရသည့် လျှောက်လွှာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ဖတ်နေသည်ကို တွေ့ရသည်။
ခရမ်းနုရောင် အင်္ကျီ၊ ခရမ်းရင့် အဖြူရောင်ကြက်ခြေခတ်ပတ်လည်စင်း ပုလဲဖောက်ချည်လုံချည်နှင့် အသားအရည်ကောင်းသော ပေါ်လွင်သည့်ပိန်ပါးပါးကိုယ်ထည်နှင့် ဒေါ်အောင်ဆန်းစုကြည်မှာ ကြည့်ကောင်းနေဆဲဖြစ်သည်။ ကျန်းမာပုံလည်း ရသည်။
အင်တာနက်နှင့် စာစောင်တချို့တွင်သာ ဓါတ်ပုံကို မြင်ခဲ့ဖူးသော စာရေးသူအတွက် လူကိုယ်တိုင် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဆံပင်ကို ဖြန့်ချထားမည်ဆိုပါက ကျောထိရုံသာရှိမည်ဖြစ်ပြီး ယနေ့တွင်တော့ နောက်ဘက်မှစုသိမ်းကာ အတွင်းတွင် သားရေကွင်းပါအမည်းရောင်အ၀တ်(ခေါင်းစည်းကြိုး)ဖြင့် ပတ်စည်းထားသည်။ မိတ်ကပ်ပါးပါးသာ လိမ်းထားပုံပေါ်ပြီး ပန်းမပန်ထားပါ၊ အသားအရေနှင့် ၀တ်စုံမှာ မိန်းမပီသသည့်အသွင်ရှိသည်။
နောက်ကျောမှကြည့်နေသော ပရိသတ်မှာ သူမလည်တိုင်ကိုပါမြင်တွေ့ရပြီး အညိုရောင်ကော်ကိုင်းမျက်မှန်(ကိုင်းကြီးမဟုတ်၊ ယခု ခေတ်စားနေသောအရွယ် ကိုင်းသေး) နှင့်စာဖတ်နေသော ဒေါ်အောင်ဆန်းစုကြည်မှာ တည်ငြိမ်နေပြီး ရုံးအလုပ်လုပ်နေပုံပေါက်သည်။
သူမကိုကြည့်ရသည်မှာ တည်ငြိမ်နေပြီး ယခုအမှုအတွက် သက်သောင့်သက်သာဖြစ်နေသည်ကို တွေ့ရသည်။ စာဖတ်ပြီးနောက် မျက်မှန်ကို မျက်နှာမှဖြုတ်သိမ်းကာ ချည်လက်ကိုင်အိတ်အနက်(အိတ်သေး)ထဲ ထည့်လိုက်သည်။
မိုးအုပ်နေသော်လည်း အိုက်လောင်ဆဲအခန်းထဲတွင် လက်ကိုင်ပ၀ါ အဖြူလေးနှင့် သူမပါးကို တို့ပွတ်သည်ကို တစ်ကြိမ်မြင်ရသည်။ ပထမအကြိမ်မြင်ဖူးသောမိမိကို တစ်ပတ်ခန့်အတွင်း နှစ်ကြိမ်မြင်ဖူးသော သံတမန်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့်အပတ် ၄င်းမြင်တွေ့သည်နှင့် နှိုင်းယှဉ်လျင် ယနေ့အနီးငယ် ဖျော့တော့ပုံရကြောင်း ပြောပြသည်။
စာဖတ်ပြီး အမှုသည်များထိုင်သည့်ခုံသို့ ထလာပြီးထိုင်တော့မှ ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်ကို လှမ်းကြည့် ရယ်ပြ စကားတစ် ခွန်းနှစ်ခွန်းလှမ်းပြောသည်၊ ”လာကြတဲ့အတွက် ၀မ်းသာတယ်” ဟု ပြောတာသာ ကြားသည်။
တရားခွင်စတင်
မွန်းလွဲတစ်နာရီထိုးစမှာ တရားခွင်စာရေးက အမှုတွဲပြင်ဆင်၊ တရားခွင်ပြင်ဆင်ပြီး မကြာမီမှာပဲ ရုံးစသည်။ တရားသူကြီးနှစ်ဦး ထွက်လာပြီး နေရာယူသည်။ ပရိသတ်က မတ်တပ်ရပ်ပေးရသည်။ တရားခွင်စာရေးက လက်နှိပ်စက်စမ်းလိုက်သည်၊ လက်နှိပ်စက်သံ တဖြောင်းဖြောင်းစကြားရပြီ။
တရားရုံးများတွင် လက်နှိပ်စက်သာ သုံးနေဆဲဖြစ်သည်၊ ကွန်ပျူတာကို အသုံးမပြုနိုင်သေး၊ ယခုကဲ့သို့ မီးမမှန်သောကာလတွင် လက်နှိပ်စက်ကသာ အကောင်းဆုံးအနေအထားတွင် ရှိနေဆဲဟုသာ တွေးလိုက်မိသည်။
တရားခွင်ပုံစံမှာ တရားသူကြီးနှစ်ဦးထိုင်ရန်နေရာ (အမြင့်တွင်)၊ နောက်ခံတွင် ပုံမှန်တရားခွင်များကဲ့သို့ နိုင်ငံတော်အလံရှိမနေဘဲ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သာရှိသည်။ မည်သည့်ပုံမှတော့ ချိတ်ဆွဲမထားပေ။ တရားခွင်တွင် တရားသူကြီးများနှင့် စကားပြောဆိုလျှင် စင်ပေါ်တက်ပြီးမှ စကားပြောနိုင်သည်။
တရားသူကြီးနှစ်ဦးရှေ့ဘက်စင်အောက်တွင် တရားသူကြီးများ၏ လက်ယာဘက်ခြမ်း၌ တရားစွဲဥပဒေအရာရှိများထိုင်ပြီး လက်ဝဲဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမနှင့် မစ္စတာရက်တောတို့၏ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးခင်မောင်ဦးတို့ ထိုင်ကြလေသည်။ တရားသူကြီးများနှင့် ရှေ့နေများထိုင်နေပုံမှာ ထောင့်မှန်အနေအထား ဖြစ်သည်။
တရားသူကြီးများနှင့် မျက်ဆိုင်ခုံတန်းတွင်တော့ တရားခွင်ကိုကြည့်နေသောပရိသတ်ဘက်မှကြည့်ပါက ၀ဲဘက်အစွန်တွင် မစ္စတာရက်တော(မတ်မတ်အနေအထားဖြင့်)၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မ၀င်းမမတို့ သုံးပေခန့်အကွာအဝေးစီဖြင့် ထိုင်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်တို့ ထိုင်သည့်နောက်တန်းတွင် သစ်သားဖြင့်အပိတ်တန်းကာထားပြီး ယင်းနောက်ဘက်တွင် ခုံတန်းသုံးတန်း ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်တို့ထိုင်ပြီးနောက် ယင်းခုံတန်းသုံးတန်း၏ တစ်တန်းတွင် အမျိုးသမီးရဲအရာရှိ ခြောက်ဦးဝင်ထိုင်ကြသည်။ ငါးဦးက အပြာနုရင့်ရဲယူနီဖောင်းနှင့်ဖြစ်ပြီး တစ်ဦးမှာ အကျဉ်းထောင်ယူနီဖောင်း(ကာကီရောင်)နှင့်ဖြစ်သည်။
ရဲအရာရှိများနောက်တွင် သစ်သားတန်းနှင့်နောက်တစ်ကြိမ်ကာရံထားပြီး သံတမန်များ စထိုင်သည်။ သံတမန်တို့ထိုင်ပြီး ငါးတန်း မြောက်မှာမှ သတင်းထောက်များထိုင်ကြရသည်။
တရားခွင်သို့တက်ရောက်နားထောင်သော ပရိသတ်အတွက် မင်းလမ်းတစ်ဖက်တစ်ချက်လျင် ခုံငါးလုံးချ ကိုးတန်း (လူ ၉၀ စာ) ထားသည်ကို တွေ့ရသည်။ လောင်အိုက်နေသောအခန်းတွင်း မျက်နှာကျက်ပန်ကာ ရှစ်လုံးတန်း သုံးတန်း ၂၄ လုံးတပ်ထားသည်ကို တွေ့ရသည်။ တရားခွင်လုပ်ထားသောအဆောက်အဦကြီးတစ်ခုလုံးမှာ ၃၅ ပေ၊ ပေ ၈၀ ခန့်ရှိ တစ်ထပ်အဆောက်အအုံဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေဦးဉာဏ်ဝင်းက တရားသူကြီးများထိုင်ရာ စင်ပေါ်တက်သွားပြီး တင်ပြချက်လျှောက်လွှာကို တင်တာတွေ့ရသည်။ တရားသူကြီးနှစ်ဦး တစ်ဦးလျှင်လျှောက်လွှာတစ်စောင်စီရပြီး ကြည့်ကြသည်။
”အမှုသည်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေဖြစ်တဲ့သူတို့ ဆွေးနွေးခွင့်ရလိုကြောင်း၊အမှုသည်နဲ့ရှေ့နေ သေချာတွေ့ခွင့် မရ သေးကြောင်း၊ သို့မို့ကြောင့် ဥပဒေပါအခွင့်အရေးအရ တွေ့ဆုံခွင့်တစ်နာရီခန့်ဖြစ်ဖြစ် ရလိုကြောင်း တောင်းဆိုပါကြောင်း စသည်ဖြင့်” ဦးဉာဏ်ဝင်းက ရုံးတော်သို့ လျှောက်ထားသည်။
တရားသူကြီးနှစ်ဦးတိုင်ပင်ကြပြီး တစ်ခုခုကို ဖတ်ပြသည်။ တရားစွဲဥပဒေအရာရှိက တစုံတရာထပြောပြန်သည်။ နောက်တော့ လျှောက်လွှာနှင့်ပတ်သက်၍ ဘာပြောသည်ကို သေချာမသိတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စစစ်ရန်ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်ရာမှထပြီး တရားသူကြီးနှစ်ဦးရှေ့ အစစ်ခံရမည့်အမှုသည်ထိုင်ရန်ရှိသည့်ခုံတွင် ၀င်ထိုင်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို သူမရှေ့နေက စတင်မေးမြန်းခြင်းမပြုဘဲ တရားသူကြီးဦးညီညီစိုးကပင် မေးမြန်းပါသည်။ နာရီဝက်မရှိတရှိတွင်ပြီးသည်။ တရားသူကြီးမေးမြန်းသည့်မေးခွန်းများနှင့်ဒေါ်အောင်ဆန်းစုကြည်ဖြေကြားသည့်အဖြေများကို ပီပီသသမကြားရသော်လည်း တရားခွင်စာရေးလက်နှိပ်စက်နှင့်မှတ်တမ်းတင်ရန် တရားသူကြီးကမေးခွန်းနှင့်အဖြေကို ဆီလျော်စွာ စာခေါ်ပေးချိန်တွင် အများစုကိုကြားရပါသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမဖြေသည့်အဖြေနှင့် တရားသူကြီးစာခေါ်ချိန် စာသားအနည်းငယ်လွဲပါက သူမဖြေကြားထွက်ဆိုသည့် အတိုင်းအမှန်ကိုသာ မှတ်တမ်းတင်ရန် နှစ်ကြိမ်သုံးကြိမ်ပြောဆိုသည်ကိုတွေ့ရပြီး တရားသူကြီးကလည်း အစ်မကြီး ထွက်ဆိုသည့် အတိုင်း မှတ်တမ်းတင်ပေးပါမည်ဟု ပြောပါသည်။ တရားသူကြီးက မစ္စတာရက်တော ဒေါ်အောင်ဆန်းစုကြည် ခြံအတွင်းဝင်ရောက်ပုံကို မေးမြန်းပါသည် (အမေးအဖြေအပြည့်အစုံကို မေ ၂၇ ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြပြီးဖြစ်သဖြင့် မဖော်ပြတော့ပါ)။
အမေးအဖြေထဲတွင် တရားသူကြီးက ”မစ္စတာဂျွန် ၀ီလီယံရက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ရောက်ရှိချိန်က အိမ်ပတ်ဝန်းကျင် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိပါသလား” ဟု မေးသည်ကို ဒေါ်အောင်ဆန်းစုကြည်က ”ခြံအတွင်းမှတော့ မရှိပါ၊ ခြံအပြင်မှာ ရှိ မရှိ မသိပါ” ဟု ပြန်လည်ဖြေကြားပါသည်။
တရားခွင်အပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးမေးမြန်းမှုအပြီးတွင် သူမထထွက်လာတော့ မျက်နှာကြည်လင်နေဆဲဖြစ်သည်၊ သူမရှေ့နေဦးဉာဏ်ဝင်းကိုလည်း ပြုံးပြုံးနှင့်တွေ့လိုက်သည်။ ဦးဉာဏ်ဝင်းကော၊ တရားစွဲဥပဒေအကျိုးဆောင်များပါ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမမေးကြပါ။ တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ရုံးရှေ့ထွက်ဆိုချက်(လက်နှိပ်စက်မူ)ကို ဖတ်ပြပြီး ထွက်ဆိုမှုကို အတည်ပြုပါသည်။
ဒေါ်အောင်ဆန်းစုကြည်အမှုမှာ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်တွင်ပြီးသည်။ တရားခွင်ကို နောက်တစ်ရက်သို့ ရွှေ့ဆိုင်းကြောင်းပြောကာ မစ္စတာရက်တောအမှု ၄၈/၂၀၀၉ ကို ဆက်လက်စစ်ဆေးပါသည်။
ဒေါ်အောင်ဆန်းစုကြည်က တရားခွင်မှမပြန်မီ ပရိသတ်ကိုတစ်ချက်ကြည့်လိုက်ပြီး ပြုံးပြပါသည်၊စကားတစ်ခွန်းနှစ်ခွန်းပြောသည်။ ကြားလိုက်ရသည်က ”တွေ့ရတာ ၀မ်းသာပါတယ်” ဟူ၍။ပရိသတ်အများစုကို ဒေါ်အောင်ဆန်းစုကြည်မသိပါ၊ သူမရှေ့နေ ဦးဉာဏ်ဝင်းက နောက်မှတိုးတိုးကပ်ပြောနေသည်ကိုတွေ့သည်။
ဒေါ်အောင်ဆန်းစုကြည်ပြန်သည်နှင့် သံတမန်များလည်း ပြန်ကုန်ကြသည်။ သတင်းထောက်များလည်း ပြန်တော့သည်။ မစ္စတာရက်တောကတော့ ရှပ်အင်္ကျီကို တံတောင်ဆစ်အထိလက်ခေါက်ဝတ်ပြီး ကာကီရောင်နုစတိုင်ဘောင်းဘီဝတ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်သွားသည့်အထိ တရားခွင်တွင် ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေဆဲ၊ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာရက်တောကို တရားခွင်တွင် တစ်နာရီခန့်ရှိနေစဉ်အတွင်း တစ်ကြိမ်မှ ကြည့်မသွားခဲ့။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြန်လည်ထွက်ခွာလာတော့ ဒေါ်အောင်ဆန်းစုကြည်အား ထားရှိရာ အကျဉ်းထောင်တွင်းမှ အရာရှိ ရိပ်သာသို့ပင် စောင်းငဲ့ကြည့်ခဲ့သေးသည်။
Posted by
ဆုံဆည်းရာ
at
10:27 AM
0
comments
Labels: ဆောင်းပါး
Tianmen နှစ်ပတ်လည် လုံခြုံရေးတိုးမြှင့်
ဘီဘီစီ၊ ဂျွန်လ ၃ ရက် ၂၀၀၉
အင်တာနက် စာမျက်နှာတွေကို ဝင်ရောက် ကြည့်ရှုလို့ မရအောင် ပိတ်ထားသလို၊ ဓာတ်ပုံတွေ အပြန်အလှန် ဖလှယ်ကြရာ နာမည်ကြီး Flickr စာမျက်နှာကိုလည်း အစိုးရက ပိတ်ထားပါတယ်။
Posted by
soneseayar
at
10:25 AM
0
comments
Labels: သတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် ရွေးကောက်ပွဲပျက်နိုင်ဟု ဦးဝင်းတင်ပြော
ဧရာဝတီ-ကြည်ဝေ၊ ဂျွန်လ ၂ ရက် ၂၀၀၉
လူထု ခေါင်းဆောင် လည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိုက်လျှင် ၂၀၁၀ ရွေးကောက်ပွဲ ပျက်သည်အထိ အကျိုးသက်ရောက် သွားနိုင်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောဆိုသည်။
“ဒေါ်စုကိုသာ ထောင်ချမယ်ဆိုရင် ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ဒီရွေးကောက်ပွဲရဲ့ အခြေအနေ ပြည်သူက ဆန္ဒ ဖော်ပြဖို့ဆိုတဲ့ အလားအလာတွေက အကုန်လုံး မှေးမှိန် ကွယ်ပျောက်သွားမှာပဲ၊ ဒေါ်စုကို ထောင်ချခြင်းဟာ ရွေးကောက်ပွဲကို တရားခွင်တင်တာနဲ့ အတူတူ အဓိပ္ပာယ် သက်ရောက်မယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချခဲ့ပါက NLD အနေနှင့် တခုခု တုံ့ပြန်သင့်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
“ဒေါ်စု ထောင်ကျခဲ့ရင် NLD က တခုခု လုပ်ရမယ်၊ ဒါခေါင်းဆောင်ဗျ။ ဒေါ်စုဟာ ထိပ်တန်းခေါင်းဆောင်ဖြစ်တယ်၊ ရှင်းရှင်းပြောရရင် ဒါ ဘယ်သူနဲ့မှ နှိုင်းယှဉ်ဖို့ မရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုခေါင်းဆောင် တယောက်လုံးကို အိမ်အကျယ်ချုပ် ချထားရာကနေ ဆွဲထုတ်ပြီးတော့ တရားခွင်ပို့၊ ထောင် ချမယ် ဆိုရင်တော့ NLD က တခုခု တော့ ပြောဖို့ကောင်းတယ်လို့ ကျနော် ထင်တယ်၊ ဒီကိစ္စက ပြောဖို့ လိုအပ်တဲ့ကိစ္စ၊ ပြောရမှာပဲ၊ ပြောလည်း ပြောလိမ့်မယ်လို့ ကျနော် ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခြင်းအားဖြင့် ရွေးကောက်ပွဲအပေါ် သက်ရောက် သွားနိုင်ကြောင်း၊ နိုင်ငံတကာ အပါအ၀င် လူထုကပါ ထိုရွေးကောက်ပွဲကို ဆန့်ကျင်သည့်အခြေအနေထိ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးသမားဟောင်း တဦးကလည်း ပြောသည်။
“NLD မပါရင်၊ ဒေါ်စု ထောင်ချ ခံရရင်တော့ ဒီရွေးကောက်ပွဲက ပျက်မှာပဲ၊ ဖြစ်ခဲ့ရင်လည်း ဘယ်သူကမှ ယုံကြည်မှု ရှိမှာမဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ခံယူပွဲလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု အဆိုပါ နိုင်ငံရေးသမား ဟောင်းက ဆိုသည်။
NLD အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချပါက မည်ကဲ့သို့ ပြုလုပ်မည် ဆိုသည်ကို ကြိုတင်ပြောဆိုခြင်း မရှိသော်လည်း တခုခုတုံ့ပြန်မည် ဆိုသည်ကိုမူ ခန့်မှန်းသိရကြောင်း၊ သို့သော်လည်း ပါတီ၏ တုံ့ပြန်မှုကို စစ်အစိုးရအနေနှင့် ဂရုစိုက်မည် မဟုတ်သည်မှာ သေချာကြောင်း သူက သုံးသပ်သည်။
လက်ရှိ NLD အဖွဲ့အနေနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် မရှိသေးကြောင်း၊ NLD ၏ ဆုံးဖြတ်ချက်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေးနှင့် နိုင်ငံတကာကြီးကြပ်မှု ပါသည့် သန့်ရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးရေးတို့ကို တောင်းဆိုထားကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်များထံမှ သိရှိရသည်။
“ပါတီက ကြေညာချက်တွေ ထုတ်နေတာပဲ၊ ဒါကို စစ်အစိုးရက ဘာလုပ်သလဲ၊ ပါတီ တောင်းဆိုထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာကို ဂရုမစိုက်လို့ ဒေါ်စုကို ဖမ်းပြီး ထောင်ထဲ ပို့တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
NLD ၏ ခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရာမှ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော အား နေအိမ်အတွင်း လက်ခံမှု၊ တွေ့ဆုံမှုဖြင့် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းထားလိုက်ပြီး တရားစွဲဆို အမှုဖွင့်ကာ ထောင်ချရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမှုကို စီရင်မည့် တရားသူကြီးနှင့် နီးစပ်သူ တဦးထံမှာ သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံခဲ့ရပါက NLD အနေနှင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊ စစ်အစိုးရ၏ ရွေးကောက်ပွဲ မည်သို့ ဖြစ်ပေါ်လာမည် ဆိုသည်တို့ကို လူထုက စိတ်ဝင်စားနေကြကြောင်း ပြည်တွင်း သတင်းဂျာနယ် တခု၏ အမှုဆောင်အရာရှိ တဦးက ပြောဆိုသည်။
“မနှစ်က မေ မှာ လုပ်သွားတဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ လာမယ့် ရွေးကောက်ပွဲလည်း ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ် ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာသလောက်ရှိပါတယ်။ တကယ်လို့များ နိုင်ငံတကာက ကြီးကြပ်မှု ပါလို့ ၁၉၉၀ တုန်းကလိုပဲ ဖြစ်ခဲ့မယ်ဆိုရင်၊ NLD ကလည်း ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် NLD က ဒုတိယအကြိမ် ထပ်နိုင်လိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။
သတင်းစာဆရာကြီး ဦးဝင်တင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမည် ဆိုပါက NLD တင်မက တခြားသော နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများလည်း ရွေးကောက်ပွဲ ၀င်ရန် စဉ်စားကြဖို့ လိုမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီလို ပက်ပက်စက်စက်ကြံရင်တော့ ဒီရွေးကောက်ပွဲဟာ ၀င်သင့်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်ဘူး၊ ၀င်လို့လည်း ရမှာမဟုတ်ဘူး၊ ၀င်ခြင်းအားဖြင့်လည်း ဘာအဖြေမှ ထွက်မယ့် ရွေးကောက်ပွဲလည်း မဟုတ်ဘူး၊ ဒီလို ရွေးကောက်ပွဲမျိုးဟာ ပြည်သူရဲ့ အဆုံးအဖြတ်၊ ပြည်သူရဲ့ဆန္ဒ ဖော်ပြရာရောက်တဲ့ ရွေးကောက်ပွဲမျိုးလည်း မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်” ဟု ဦးဝင်တင်က ဆိုသည်။
Posted by
soneseayar
at
10:06 AM
0
comments
Labels: သတင်း
`ဤကဲ့သို့ထီးတင်ခဲ့ကျသည် `ဤ ကဲ့သို့ပြိုလဲ
၂၂ရက်သာခံသော ထီးတင်ပွဲ ကုသိုလ်ကောင်းမူဟု ခေါ်ဆိုရပေမည်။ အကုသိုလ်ကံများနောက်မှ လိုက်ပါလာလေပီ အချိန်မှာသူတို့အတွက် များစွာ မကျန်တော့ပေ။
Posted by
soneseayar
at
9:43 AM
0
comments
Labels: သတင်းဓါတ်ပုံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို လွှတ်ပေးရန် တောင်းဆို
မဇ္ဈိမ၊ ဇွန်လ ၂ ရက် ၂၀၀၉ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ တကမ္ဘာလုံးက မြန်မာ့ဒိမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို အာရုံစိုက်နေကြချိန်တွင်ပင်၊ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး လွတ်မြောက်ရေးအတွက် ဝိုင်းဝန်း ဖိအားပေးကြပါရန် ကမ္ဘာ့နိုင်ငံများကို ဝါရင့်နိုင်ငံရေးသမား တဦးက တောင်းဆိုလိုက်ပါသည်။
ဒီချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဝါရင့် သတင်းစာဆရာ တဦးဖြစ်သူ ဦးဝင်းတင်က အင်္ဂါနေ့က ဤသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို စောင့်ကြည့်ရန်နှင့် သူမ၏ လွတ်မြောက်ရေးအတွက် ဖိအားပေးရန်မှာ အရေးကြီးသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ဦးတင်ဦး လွတ်မြောက်ရေးအတွက် စစ်အစိုးရကို ဖိအားပေးသင့်ကြောင်း သူက ပြောဆိုပါသည်။
“ကျနော် အာဏာပိုင်တွေကို တိုက်တွန်းချင်တာ ၅ နှစ်လဲ ပြည့်ပြီမို့ သူ့ကို လွှတ်ပေးဘို့ပါဘဲ” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
အငြိမ်စား ဗိုလ်ချုပ်ကြီးဖြစ်သူ ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့က အထက် မြန်မာနိုင်ငံ ဒီပဲယင်းမြို့တွင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော လူအုပ်က သူတို့၏ ကားတန်းကို ဝင်ရောက် ရိုက်နှက်ခြင်းခံခဲ့ရအပြီး ဖမ်းဆီးခြင်း ခံခဲ့ရသည်။
သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသမားတဦး ဖြစ်ခဲ့သူ ဦးဝင်းတင်က ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၅ နှစ်ကြာ အကျဉ်းချခံရပြီး ဖြစ်သဖြင့် သူတို့ကို လွှတ်ပေးရန် အချိန်တန်ပြီဟု ပြောပါသည်။
“သူတို့ကို လွှတ်ပေးဘို့ ပြောဆိုတာက လွဲလို့ ကျနော်တို့ ဘာမှ မလုပ်နိုင်ပါဘူး” ဟု သူက ဆက်လက် ပြောဆိုပါသည်။
ဒီပဲယင်းမြို့တွင် ရက်စက်စွာ အကြမ်းဘက် တိုက်ခိုက်ခံရ အပြီးတွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခြင်း ခံခဲ့ရပါသည်။ ထို့နောက် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့သို့ ပြန်လည် ခေါ်ယူလာခြင်း ခံခဲ့ရပြီး သူ၏ နေအိမ်တွင် အကျယ်ချုပ် ချထားခြင်း ခံရသည်။
ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံတော်အား နှောင့်ယှက်ျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀(က) အရ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ ဤပုဒ်မအရ ထိန်းသိမ်းခံရသူကို အများဆုံး ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။
၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလမှ တရားဝင် စတင်ရေတွက်လျှင်ပင် သူ၏ အကျယ်ချုပ် သက်တမ်းမှာ ၅ နှစ်ပြည့်နေပြီ ဖြစ်သဖြင့် သူ့ကို ဆက်လက် ဖမ်းဆီး ချုပ်နှောင်ထားခြင်းမှာ မြန်မာနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ရာ ရောက်သည်ဟု ဦးဝင်တင်က ပြောသည်။
သို့သော် သူ့ကို နေအိမ်အကျယ်ချုပ် သက်တမ်း နောက်ထပ်တနှစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း စစ်အစိုးရက ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေငြာခဲ့သည်။
ဤသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဆက်လက် ချုပ်နှောင်ထားခြင်းသည် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု မရှိကြောင်း ပြသနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - မြန်မာပြည်ကို တည်ထောင်သူတဦးနှင့် တွဲဘက် အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်က အင်္ဂါနေ့က ပြောပါသည်။
တနင်္ဂနွေနေ့ကလည်း စစ်အစိုးရ ကာကွယ်ရေး ဒုဝန်ကြီးဖြစ်သူက စင်္ကာပူတွင် ကျင်းပသော ဒေသတွင်း လုံခြုံရေး အစည်း အဝေးတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ တရားဥပဒေအတိုင်း ရုံးတင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းရေးကိစ္စဖြစ်၍ မည်သည့် နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း ပြောကြားသွားသည်။
ဤတရားခွင်သည် နိုင်ငံတကာဥပဒေ မူဝါဒတရပ်ဖြစ်သည့် တရားဥပဒေ၏ အထက်၌ မည်သူမျှမရှိ ဟူသောမူအရ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ “ဥပဒေ ချိုးဖောက်သူကို အရေးယူခြင်း မပြုပါက မင်းမဲ့ဝါဒ လွှမ်းမိုးလာပြီး လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ကျိုးပေါက်စေလိမ့်မည် ဖြစ်သည်” ဟု သူက ပြောပါသည်။
စစ်မှုထမ်းဟောင်းတဦးဖြစ်သူ ဦးတင်ဦးသည် စစ်သားများအကြား အထူး လေးစားခြင်း ခံရသူ ဖြစ်သည်။ သူသည်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ဤပါတီသည် ၁၉၉ဝ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် ဤရလဒ်ကို စစ်အစိုးရက မည်သည့်အခါကမျှ လေးစား လိုက်နာခြင်း မရှိခဲ့ပါ။
Posted by
soneseayar
at
9:21 AM
0
comments
Labels: သတင်း
Monday, June 1, 2009
ပြည်တွင်းရေးဝင်မစွတ်ဖို့ မြန်မာအစိုးရ သတိပေး
ဗွီအိုအေ၊ ဂျွန်လ ၁ ရက် ၂၀၀၇ ခုနှစ်
မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကမ္ဘာခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုတွေ ပိုပြီး တိုးများလာပေမဲ့ မြန်မာအစိုးရကတော့ ဒါဟာ မြန်မာပြည်တွင်းရေးကို ၀င်စွတ်ဖက်တာဆိုပြီး ငြင်းပယ်နေတုန်းပါပဲ။ မြန်မာနိုင်ငံပြည်တွင်းရေးကို ၀င်ရောက် စွတ်ဖက်ခြင်းအားဖြင့် ဒေသတွင်း လုံခြုံရေးကိုလည်း ထိခိုက်နိုင်တယ်ဆိုပြီး မနေ့ စင်ကာပူမှာ လုပ်တဲ့ အာရှဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပါတယ်။
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ ကိစ္စဟာ မြန်မာပြည်တွင်း ဥပဒေရေးရာ ကိစ္စဖြစ်ပြီး၊ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုဖို့က လွဲလို့ ဘာမှအခြား ရွေးခြယ်စရာမရှိဘူးလို့ မြန်မာ စစ်အစိုးရ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က ပြောဆိုသွားတာပါ။ မနေ့က စင်ကာပူနိုင်ငံမှာ တတိယနေ့ အဖြစ်လုပ်တဲ့ ရှန်ဂရီလာ အာရှဒေသ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအတွင်း အခြားခေါင်းဆောင်တွေရဲ့ မြန်မာ့ အရေး ဝေဖန်ချက် အပေါ် ဗိုလ်ချုပ်အေးမြင့်က တုန့်ပြန်သွားခဲ့တာပါ။
"တိုင်းပြည်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွတ်ဖက်တာတွေ မလုပ်သင့်ပါဘူး။ ဒီလို လုပ်ခြင်း အားဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်နိုင်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ နေအိမ်ခြံဝင်း အတွင်း ခိုးဝင်လာသူ ရှိတယ် ဆိုတာကို အာဏာပိုင်တွေကို အကြောင်းကြား ဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားစွဲဆိုတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်အေးမြင့်က အစည်းအဝေး တတ်လာတဲ့ နိုင်ငံတကာ ကာကွယ်ရေး ထိပ်တန်း အရာရှိတွေကို ရှင်းလင်းသွားပါတယ်။
ရှန်ဂရီလာ အာရှဒေသလုံခြုံရေးအစည်းအဝေးအတွင်း အခု လတ်တလောဒေသအတွင်း ဂယက်ထနေတဲ့ မြောက်ကိုရီယားနြူကလီယားကိစ္စပြီးရင် မြန်မာ့အရေးကိစ္စဟာ တတ်လာတဲ့ခေါင်းဆောင်တွေရဲ့စိုးရိမ်စရာ အခြေအနေတခုဖြစ်ခဲ့ပါတယ်။ ဗြိတိသျှနိုင်ငံ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာဝန်ကြီး Ann Taylor ကလည်း မြန်မာပြည်သူတွေဟာ အထီးကျန်မှုနဲ့ပဋိပက္ခတွေရဲ့ ဒဏ်ကို ရာစုနှစ်ဝက်နီးပါး ခံစားခဲ့ကြရတယ်လို့ ပြောဆိုပါတယ်။ ဒါကြောင့် အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အချိန်ရောက်နေပြီလို့ စစ်အစိုးရကို သတိပေးခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ဟာ တဦးတည်းအထီးကျန်နေတာမဟုတ်ပါဘူး။ တကမ္ဘာလုံးက ပြည်သူတွေဟာ သူမနဲ့အတူ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိနေပါတယ်။ ဒါကြောင့် စစ်အစိုးရကို ပြောချင်ပါတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဖို့ အချိန်ကျနေပြီး ဆိုတာပါ။"
အမေရိကန်ကာကွယ်ရေးဝန်ကြီးရောဘတ်ဂိတ်ကလည်း မြန်မာ့နိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုနဲ့ နိုင်ငံရေးပြဿနာတွေဖြေရှင်းနိုင်ဖို့ လိုလားတယ်လို့ အမေရိကန်အစိုးရရဲ့သဘောထားကို ဒီအစည်းအဝေးမှာ စနေနေ့က ထပ်လောင်း ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ တကယ်တမ်းအပြောင်းအလဲတွေ မြင်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာ မြင်ချင်ပါတယ်။ အတိုက်အခံနဲ့ စစ်အစိုးရအကြား အဓိပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်တာ မြင်ချင်ပါတယ်။"
နိုင်ငံတကာခေါင်းဆောင်တွေဟာ အခု ရှန်ဂရီလာ ဒေသလုံခြုံရေးအစည်းအဝေးမတိုင်ခင်ကလည်း ဟနွိုင်းနဲ့ ဖနွမ်းပင်မှာလုပ်ခဲ့တဲ့ အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သူတို့ စိုးရိမ်မှုတွေ ထုတ်ဖော်ပြောခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဌ တာဝန်လည်းယူထားတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီစစ်ဝိတ်ချာချီဝ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားစွဲဆိုတဲ့ကိစ္စအပေါ် မြန်မာအစိုးရက မပြတ်ဝေဖန်နေပါတယ်။ လာမယ့် ဇွန် ၁။၂ ရက် တောင်ကိုရီယားနိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်းအစည်းအဝေးတခုမှာလည်း မြန်မာ့နိုင်ငံအရေးကိစ္စကို ဆွေးနွေးကြမယ်လို့ မနေ့က ထိုင်းရုပ်မြင်သံကြားအပတ်စဉ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားတာကြောင့် မြန်မာအစိုးရက ပြည်တွင်းရေးဝင်မစွတ်ပါနဲ့ပြောနေပေမယ့်လည်း၊ နိုင်ငံတကာဖိအားတွေကတော့ အထူးသဖြင့် အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ ဖိအားတွေ အရင်ကထက် ပိုလာတယ်လို့ ပြောရမှာပါ။
Posted by
ဆုံဆည်းရာ
at
11:29 AM
1 comments
Labels: သတင်း
၆၄ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ဂျပန်တွင် ပြုလုပ်မည်
ဂျွန်လ ၁ ရက် ၂၀၀၇ ခုနှစ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ ပြည်သူအပေါင်းယုံကြည်လေးစားသော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လာမည့်ဇွန်လ(၁၉)ရက်နေ့တွင်ကျရောက် မည့်(၆၄)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကြသော ဂျပန်နိုင်ငံရောက် မြန်မာများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်ပေးခြင်း၊ အလှူအတန်းပြုလုပ်ကြခြင်းများ ဆောက်ရွက်ကြမည်ဟုသိရသည်။
ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများကို ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် အစားအသောက်များပေးဝေလှူဒါန်း မှုများပြုလုပ်မည်ဖြစ်သလို ဂျပန် နိုင်ငံတွင်လည်း ယခင်နှစ်များအ တိုင်း သွေးလှူခြင်း၊ ဇီဝိတဒါနငါး လွှတ်ခြင်းများပြုလုပ်ကြမည်ဖြစ်သည်။
အဆိုပါလှူဒါန်းမှုအတွက် ဂျပန်နိုင်ငံတာဝန်ခံတဦးဖြစ်သည့် မိုးသောက်ကြယ်စာကြည့်တိုက်မှ ဒေါ်တင်တင်ဝင်းမှ ``ကျမတို့ချစ်မြတ် နိုးတဲ့ဒေါ်အောင်ဆန်းစုကြည်ကျန်း မာစေဖို့နှင့် မတရားသဖြင့်နေအိမ် အကျဉ်းချချုပ်နှောင်ခံနေရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ဖို့ရည် ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်း`` လှူဒါန်းပြုလုပ်ရခြင်း၏အကြောင်း ရင်းကိုပြောပြသည်။
]ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လပ်စစ်မြို့တော်ဟု တင်စားခေါ်ဝေါ်နေသော (AKIHABARA)ရက် ကွက်ရှိ၊ ရေစီးရေလာကောင်းသော Kandaချောင်းတွင် ဇီဝိတဒါနငါး လွှတ်ခြင်းနှင့် အဆိုပါရက်ကွက်ရှိ ဆေးခန်းတွင် သွေးလှူဒါန်းခြင်း များကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်မှာ ဟု ယခုနှစ်နှင့်ဆိုလျင် ၈ နှစ်ရှိ သွားပြီဖြစ်ကြောင်း ဒေါ်တင်တင် ဝင်းမှဆက်လက်ရှင်းပြသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများအတွက် လူတစ်ဦးလျှင် ဘတ်(၁၀ဝ) တန်ဖိုးဖြင့် ဆန်(၄)ကီလို၊ ကုလား ပဲကီလိုဝက်နှင့် ငါးသေတ္တာတဗူး နှုန်းစီရရှိနိုင်မှာဖြစ်ပြီး ဘတ် (၁၀ဝ)လျှင် ဂျပန်ယန်း(၃၀ဝ)နှင့် ညီမျှပါသည်။
ထို့အတွက်ကြောင့် ကုသိုလ်ဒါ နပြုလုပ်သူ ဂျပန်နိုင်ငံရောက်မြန် မာများအနေဖြင့် လူတဦးစာ ယန်း ၃၀ဝ ဖြစ်စေ၊ သို့မဟုတ်ဆယ်ဦး စာဖြစ်စေ၊ မိမိမွေးနေ့သက်စေ့အ လိုက်ဖြစ်စေ၊ စိတ်ကြိုက်လှူဒါန်း နိုင်ပါကြောင်းဖိတ်ခေါ်ထားသည်။
ယခုပြုလုပ်လှူဒါန်းမှုမှာ ဂျပန် နိုင်ငံရှိအဖွဲ့အစည်းအသီးသီးမှမြန် မာများ ဒုတိယအကြိမ်မြောက်စု ပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ပထမ အကြိမ်တွင် ဒေါ်အောင်ဆန်းစု ကြည်၏(၆၃)နှစ်ပြည့်မွေးနေ့ သက်စေ့၊ ဒုလ္လဘရဟန်းဝတ်လိုသူ ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများ ကို ပဉ္ဇင်းဝတ်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အတွက်ကြောင့် မိမိတို့လေး စားချစ်ခင်မြတ်နိုးသည့်ဒေါ်အောင် ဆန်းဆုကြည်မွေးနေ့အတွက် ကောင်းမှုကုသိုလ်ပြုလိုသူ၊ သို့မ ဟုတ်ကုသိုလ်ယူလိုသူဂျပန်ရောက် မြန်မာများအနေဖြင့် ဂျပန်နိုင်ငံ တာဝန်ခံများဖြစ်ကြသည့် ဦးညီ ညီပေါက်(HRDP-Japan)ဝ၉၀ ၁၆၅၁ ၇၆၄၀၊ ဒေါ်တင်တင်ဝင်း (မိုးသောက်ကြယ်စာကြည့်တိုက်) ဝ၉၀ ၈၇၂၀ ၉၀၁၇၊ ဦးဘုန်းလှိုင် (FWUBC)ဝ၉၀ ၅၃၁၈ ၅၀၅၄၊ ဦး ဝင်းဇော်(NLD LA-JB)ဝ၉၀ ၂၄၈၆ ၂၈၉၇၊ ဦးညိုဝင်းသိန်း(ဖန် မီးအိမ်ဖောင်ဒေးရှင်း-ဂျပန်)ဝ၉၀ ၈၅၀ဝ ၁၆၄၂၊ ဒေါ်အိဖြူထွေး(မြန် မာနိုင်ငံသားဒုက္ခသည်များကူညီစောင့် ရှောက်ရေးအသင်း-ဂျပန်)ဝ၈၀ ၅၆၈၉ ၆၁၄၈၊ ဦးထင်ပေါ်(HRWUB)ဝ၉၀ ၁၇၃၉ ၆၄၈၉ နှင့် ဦး မောင်သန့်(BDA Group) ဝ၈၀ ၁၂၉၉ ၅၈၁၂ သို့ဆက်သွယ်လှု တန်းနိုင်သည့်အပြင် အတူလက် တွဲ၍တာဝန်ယူလုပ်ဆောင်ပေးမည် သူများကိုလည်း ကြိုဆိုဖိတ်ခေါ် ထားကြောင်းသိရှိရပါသည်။
ကောက်ခံရရှိသည့် ငွေစာရင်းများကိုလည်း နေ့စဉ်ပုံမှန်ဖော်ပြပေးသွားပါမည်။
ထိုင်းနိုင်ငံဘက်အခြမ်းတွင် တာဝန်ယူလုပ်ဆောင်ပေးမည့်သူများ၏အမည်များကိုလည်း မကြာမှီထုတ်ပြန်ပါမည်။
တခြားအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများကိုလည်း အသေးစိပ်စုံစမ်း၍ ဖော်ပြပါမည်။
စာရေးဆရာများ၏ စာမူများ(အသစ်၊ အဟောင်း)ကိုလည်း ရှာဖွေ၍ပုံမှန်တင်ဆက်ပေးသွားပါမည်။
သတင်းရေးသားသူ-
စိုးဝင်းရှိန်(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံ)
Posted by
ဆုံဆည်းရာ
at
11:22 AM
0
comments
Labels: သတင်း


