Friday, January 23, 2009

ဂွာတာနာမို အကျဉ်းစခန်း တနှစ်အတွင်းပိတ်ဖို့ အိုဘားမား အမိန့်ပေး

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၃ ရက် ၂၀၀၉

အကြမ်းဖက်သမားကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ဂွာတာနာမို ပင်လယ်အော်က အမေရိကန်ရေတပ်ရဲ့ အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမိန့်ပေးလိုက်ပါတယ်။ ဒီလိုပိတ်ပစ်ဖို့ အမိန့်ပေးလိုက်တာက အရင် သမ္မတဟောင်း ဂျော့ခ်ျ ဒဘလျူ ဘုရှ် (George W.Bush) ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲလိုက်တဲ့ အဓိက အပြောင်းအလဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို ရုံးတင်စစ်ဆေးနေတာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးတဲ့အခါ အဆင့်မြင့်စစ်ဆေးနည်းလို့ နာမည်ပေးထားတဲ့ နည်းနာတွေကို မသုံးဘို့လည်း သမ္မတ အိုဘားမားက ပိတ်ပင်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) အိမ်ဖြူတော်ကပေးပို့တဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်သမားတွေအပေါ် ဖမ်းဆီးစစ်ဆေးမှု နည်းလမ်းတွေကို သမ္မတသစ် အိုဘားမား ဖောင်တိန်ကို သုံးခါမြှောက် လက်မှတ်ရေးပြီး မြေလှန်ပြောင်းလဲလိုက်ပါတယ်။ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သူက အမိန့်ပေးလိုက်တာပါ။ ဒီလို ပိတ်ပစ်လိုက်ပေမယ့်လည်း အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ ထိုးစစ်ဆင်မှုတွေကတော့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုကို အောင်မြင်အောင် ဆက်ပြီးတိုက်ဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ တာဝန်ယူတဲ့ကာလတွေမှာ ဒီတိုက်ပွဲက အောင်မြင်မှာပါ။”

တနှစ်အတွင်းမှာ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဘရက်ခ် အိုဘားမားက အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပြီးတဲ့အချိန် အကြမ်းဖက်သမားအဖြစ် သံသယရှိတဲ့သူ၊ လက်ရှိ ထိန်းသိမ်းထားခံနေရတဲ့ အကျဉ်းသား ၂၄၅ ယောက်ကို ဘယ်လို ဆက်ပြီးကိုင်တွယ်သင့်တယ်ဆိုတာကို အကြံပြု ညွှန်ပြမယ့် အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

သမ္မတဟောင်းဘုရှ် လက်ထက်က တည်ထောင်ခဲ့တဲ့ စစ်ခုံရုံး ရုံးတင်စစ်ဆေးမှုတွေကို ပြန်ပြီးသုံးသပ်ဖို့ ဂွာတာနာမို အကျဉ်းထောင်အတွင်း ရုံးတင်စစ်ဆေးမှုတွေကိုလည်း ရက် ၁၂၀ ရပ်ဆိုင်းဖို့ အမေရိကန် အစိုးရသစ်က ညွှန်ကြားထားပါတယ်။

အမေရိကန် အစိုးရဌာန အားလုံးအနေနဲ့ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို စစ်ဆေးတဲ့အခါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ အမေရိကန် စစ်မြေပြင်သုံးလမ်းညွှန်ကို သမ္မတ အိုဘားမားက ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်သမားတွေကို ရေမွန်းအောင်လုပ်ပြီး စစ်ဆေးတဲ့နည်း၊ ရေနစ်အောင်လုပ်တဲ့နည်းလမ်း စတဲ့ အဆင့်မြင့်စစ်ဆေးနည်းခေါ် နည်းနာတွေကို မသုံးဘို့လည်း သူက တားမြစ်လိုက်ပါတယ်။ ဒီနည်းလမ်းတွေကို ဗဟိုထောက်လှမ်းရေးအေဂျင်စီက တခါတရံ ချွင်းချက်နဲ့ ကျင့်သုံးနေတယ်လို့ ယုံကြည်ရပါတယ်။

အခု ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ဂျနီဗာသဘောတူညီချက်နဲ့အတူ စစ်ဆေးမယ်လို့ အမေရိကန် အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီစည်းကမ်းချက်အသစ်ကို ချွင်းချက်မရှိ လက်ခံရမယ်ဆိုပြီးတော့လည်း စီအိုင်အေ ညွှန်ကြားရေးမှူးက သူ့ဝန်ထမ်းအားလုံးကို အမိန့်ထုတ်ထားပါတယ်။

အခုအချိန်အထိတော့ အကျဉ်းစခန်းကို ပိတ်ပြီးတဲ့အခါ ဖမ်းထားတဲ့ ကျန်နေသေးတဲ့သူတွေကို ဘာဆက်လုပ်မယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အိမ်ဖြူတော်အရာရှိတွေကတော့ ဘယ်အကြမ်းဖက်သမားတွေကိုမှ နှိပ်စက်ညှဉ်းပန်းနိုင်တဲ့ တတိယနိုင်ငံတွေကို ပို့မှာမဟုတ်ဘူးလို့ ပြောနေပါတယ်။

အိုဘားမားကတော့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနဲ့ လက်ခံယုံကြည်တဲ့ အတွေးအခေါ်အကြား မှားယွင်းတဲ့ ရွေးချယ်မှုတွေကို အမေရိကန်အစိုးရက ဆက်လုပ်မှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

“ကျနော်မြင်တာက အကြမ်းဖက်တာမျိုးကို မစဉ်းစားဘဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ ကျနော်တို့ရဲ့အင်အားနဲ့ ကျင့်ဝတ်ကို မြင့်မြင့်မားမား လက်ခံဖြေရှင်းနိုင်တဲ့ အတွေးအခေါ်ကို အတိအကျ ဆိုလိုတာပါ။ ကမ္ဘာတ၀န်းက အကြမ်းဖက်အဖွဲ့အစည်းတွေကို ကျနော်တို့မြင်နေတဲ့ပုံစံမျိုး မဟုတ်တဲ့ နည်းလမ်းတွေကို သုံးမယ့် အတွေးအခေါ်ပါ။”

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို ကြီးကြပ်ဖို့ အမေရိကန်ရေတပ် ဗိုလ်မှူးချုပ် ဒန်းနစ္စ ဘလဲ (Dennis Blair) ကို ရွေးချယ် တာဝန်ပေးလိုက်တယ်လို့ အိုဘားမားက ပြောပါတယ်။ ဗိုလ်ချုပ်ဒန်းနစ္စ ဘလဲက ဂွာတာနာမို အကျဉ်းစခန်းဟာ အကြမ်းဖက်သမားတွေ လူသစ်စုဆောင်းဖို့ အော်ဟစ်သံတွေ ကြားနေရတဲ့ နေရာလို့လည်း သူက ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဒီလို အကျဉ်းစခန်းပိတ်ပစ်မှာနဲ့ ပတ်သက်လို့ ရီပတ်ဗလစ်ကန်ပါတီဝင်တွေကတော့ လက်မခံပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လွတ်မြောက်ခဲ့သူတွေ အယ်လ်ခိုက်ဒါး အကြမ်းဖက်အဖွဲ့နဲ့ ပြန်ပေါင်းခဲ့တာတွေကို ပြန်ပြီး ကိုးကားထောက်ပြပါတယ်။

ဂွာတာနာမို အကျဉ်းစခန်းနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချနေခဲ့တာ ကြာပါပြီ။ ဒီပင်လယ်အော်မှာ အမေရိကန်ရေတပ်က ရာစုနှစ်တခုကျော် ရေတပ်အခြေစိုက်စခန်းကို ဖွင့်လှစ်ထားတာပါ။ ကျူးဘားတော်လှန်ရေး မတိုင်ခင်ကတည်းက ကျုးဘားနိုင်ငံကမြေကို ငှားရမ်းပြီး ဖွင့်လှစ်ထားတာပါ။ အခု သမ္မတအိုဘားမားရဲ့ အမိန့်အရတော့ အကျဉ်းစခန်းကိုသာ ပိတ်ပစ်မှာဖြစ်ပြီး ရေတပ်အခြေစိုက်စခန်းကတော့ ရှိနေဦးမှာပါ။

အပြည့်အစုံသို့...

နိုင်ငံရေးအကျဉ်းသူတဦး ကိုယ်ဝန်ပျက်ကျ

ဧရာဝတီ-အေးလဲ့၊ ဇန်န၀ါရီလ ၂၂ ရက် ၂၀၀၉

မန္တလေး ထောင်တွင် ကိုယ်ဝန် ပျက်ကျသွားသော နိုင်ငံရေး အကျဉ်းသူ တဦး၏ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူက ပြောလိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုထွန်းထွန်းက ၎င်း၏ ဇနီးဖြစ်သူသည် နှလုံးရောဂါလည်း ခံစားနေရပြီး၊ ထောင်တွင်းဆေးရုံသို့ရောက်ရှိနေသည် ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၂၄နှစ်ရှိ ကိုထွန်းထွန်းက “သူဟာ ဘာအပြစ်မှ မရှိတဲ့ အမျိုးသမီး တဦးဖြစ်ပါတယ်။ ကျနော်တို့ ရင်သွေးကို ပေးဆပ်လိုက်ရတယ်ဗျ၊ စိတ် ထိခိုက်ရပါတယ်၊ ကျနော်တို့ဆီမှာ ဆုံးရှုံး စရာဆိုလို့ နောက်ထပ် ဘာမှ မရှိတော့ဘူး၊ ကျနော့်ကိုယ် ကျနော် ဖြေမဆည်နိုင် ဖြစ်နေတယ်၊ ကျနော့်ဇနီး၊ ကျနော့် ကလေးကိုလည်း ပေးလိုက်ရတယ်။ ကျနော် ကိုယ်တိုင်လည်း ပြေးနေရတယ်” ဟုပြောသည်။

၎င်းတို့ အိမ်ထောင်သက်တမ်း ၁နှစ်ခွဲသာ ရှိသေးပြီး ရင်သွေးယူရန် ဆန္ဒပြင်းပြခဲ့ကြကြောင်းလည်း ကိုထွန်းထွန်းက ပြောသည်။

မကေသီအောင် သည် အသက် ၂၃နှစ် သာ ရှိသေးကြောင်း၊ မည်သည့် နိုင်ငံရေး လှုပ်ရှားမှုတွင်မှ ပါဝင်ခြင်းမရှိကြောင်း ကိုထွန်းထွန်းက ပြောပြသည်။

“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ကျနော့်ကို လာဖမ်းတယ်ဗျာ။ ကျနော့်ကို မတွေ့တာနဲ ကျနော့်အမျိုးသမီး မကေသီအောင်ကို ဖမ်းသွားတယ်” ဟု ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောပြသည်။

အာဏာပိုင်တို့က မကေသီအောင်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ရက်နေ့တွင် မန္တလေးထောင် အတွင်း၌ပင် တရားစီရင်ပြီး ထောင်ဒဏ် ၂၆နှစ် ချမှတ်ခဲ့သည်။

စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပမ်းမှု၊ ကိုယ်ဝန်ဆောင် နေစဉ် စိတ်ဖိစီးမှု၊ ထောင်အတွင်း အစာ အာဟာရ ကောင်းစွာ မရသည့်အပြင် ကိုယ်ဝန်ဆောင် အားတိုးဆေး မသုံးစွဲရခြင်း တို့ကြောင့် ကိုယ်ဝန်လွယ်ပြီး ၆ လအကြာ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပျက်ကျခဲ့ကြောင်း သိရသည်။

မကေသီအောင်နှင့် အမှုတွဲ စုစုပေါင်း ၁၀ဦးခန့် ရှိပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့ထဲမှ လူငယ်တဦးဖြစ်သူ ကိုဗိုလ်မင်းယုကိုသည် ထောင်ဒဏ် နှစ် ၁၀၀ကျော် ချမှတ်ခံရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက မကေသီအောင်သည် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂)၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁) စသည့် ပုဒ်မများဖြင့် တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရခြင်းဖြစ်သည်ဟု ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မကေသီအောင်အပေါ် စွဲဆိုခဲ့သည့် ဥပဒေ ပုဒ်မများကို အသေးစိတ် ပြန်လည် စစ်ဆေး သုံးသပ်ထားသော အဆိုပါ ကြေညာချက်တွင် စစ်ကြောရေး တာဝန်ရှိသူများ၊ အကျဉ်းထောင်တွင် တာဝန်ရှိသူများအား စုံစမ်း ဆေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

ထို့အပြင်သန္ဓေသား ပျက်ကျခြင်း အတွက် လူသေမှု၊ ကိုယ်ဝန်ဆောင် မိခင် သဘောမတူဘဲ ကိုယ်ဝန် ပျက်စေမှု တို့ဖြင့် အကျဉ်းထောင်မှ တာဝန်ရှိသူများကို တရားစွဲဆိုရန်လည်း တောင်းဆိုထားသည်။

အပြည့်အစုံသို့...

ကိုယ့်လမ်း ကိုယ်ထွင်စေချင်သူ

Wednesday, 21 January 2009 14:36 ဧရာဝတီ
E-mail Print
ရန်ကုန်မြို့တွင် နေထိုင်သည့် သတင်းစာဆရာ လူထုစိန်ဝင်းအား အမေရိကန် သမ္မတသစ် ဘရက် အိုဘားမားနှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ပါသည်။

လူထု စိန်ဝင်းသည် တပါတီ အာဏာရှင် ဦးနေ၀င်း အစိုးရ လက်ထက်တွင် ထောင်ဒဏ် ချမှတ်၍ တကျွန်း အပို့ ခံခဲ့ရသည်။ ဆရာသည် သတင်းစာဆရာ တဦးအနေဖြင့် မဂ္ဂဇင်း၊ ဂျာနယ် များတွင် ဆောင်းပါးများ၊ စာအုပ် စာတမ်းများကို ရေးသား ထုတ်ဝေနေခဲ့သူ ဖြစ်သည်။ ယခု ဆက်သွယ် မေးမြန်းမှုကို ကျန်းမာရေး ချို့ယွင်းနေသည့် ကြားမှ ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါသည်။

[နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သူ သတင်းစာ ဆရာကြီး လူထုစိန်ဝင်း (ဓာတ်ပုံ - Jennifer Hsu)]

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သူ သတင်းစာ ဆရာကြီး လူထုစိန်ဝင်း (ဓာတ်ပုံ - Jennifer Hsu)
မေး။ ။ အမေရိကန် သမ္မတသစ် မစ္စတာ ဘရက် အိုဘားမားအပေါ် မြန်မာသတင်းစာသမား တယောက် အနေနဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ ကျနော်က တလျှောက်လုံးပေါ့၊ under dog တွေဘက်က ရပ်တည်ပြီးတော့ ရေးခဲ့တဲ့ လူပါ၊ အထူးသဖြင့် အမေရိကန် လူမည်းတွေရဲ့ တိုက်ပွဲပေါ့လေ၊ အဆက်ဆက်ကို အများကြီးထောက်ခံပြီး ရေးခဲ့တဲ့လူပါ၊ “အဖြူနဲ့ အမည်း”ဆိုတဲ့ စာအုပ်လည်းပဲ ကျနော် ထုတ်ဝေခဲ့ဖူးတယ်၊ ကျနော်က အမြဲတမ်း အနှိမ်ခံ အဖိခံတွေဘက်က ရပ်တည်တာပါ။

သာမန်အားဖြင့် ကျနော်က အိုဘားမားကို ထောက်ခံတယ်၊ အိုဘားမား ဟာ လူတော်တယောက်ပါပဲ၊ လူဖြူတွေ ကြီးစိုးတဲ့ နိုင်ငံမှာ သာမန် အောက်ခြေကလူတယောက်က ဒီနေရာကို အရွေးခံရတယ်ဆိုတာ သူအင်မတန် တော် လို့သာ ဖြစ်ပါတယ်၊ လူတော်တယောက်လို့ ကျနော် သူ့ကိုချီးကျူးပါတယ်၊ အသိအမှတ်ပြုပါတယ်၊ လေးစား ပါ တယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံရဲ့ မူဝါဒတွေကို ဖန်တီးနေတာက အမေရိကန် လူတော်တွေ၊ သမ္မတတွေ မဟုတ်ကြ ဘူး၊ ဘဏ်သူဌေးကြီးတွေ၊ Wall street က ငွေကြေးကုန်သည်တွေတို့၊ လက်နက်ကုန်သည်တွေတို့၊ ရေနံကော်ပို ရေးရှင်းကြီးတွေပေါ့လေ၊ သူတို့က ဖန်တီးနေတာ ဖြစ်တယ်။

အဲဒီတော့ အိုဘားမား ဟာ ဘယ်လောက်ပဲ တော်တော် လက်ရှိ ရှိနေတဲ့ အမေရိကန်နိုင်ငံရဲ့ အခြေခံမူဝါဒ တွေ ကိုတော့ သူ များများစားစား ပြောင်းလဲနိုင်လိမ့်မယ်လို့ မထင်ဘူး၊ သူ့ရှေ့က ရှိခဲ့တဲ့ ကစ်ဆင်းဂျားတို့ ဆိုလည်း လူတော်တွေပါပဲ၊ နောက် ကွန်ဒိုလီစာ ရိုက်စ်ဆိုရင်လည်း တကယ့်ကို ထိပ်ထိပ်ကြဲ အင်မတန် ထက်မြက်တဲ့ အမျိုးသမီး တယောက်ပါပဲ၊ ဒါပေမယ့်လို့ သူတို့ရဲ့အစွမ်းအစတွေဟာ ငွေကြေး အဓိကထားတဲ့ကော်ပိုရေးရှင်းကြီး တွေရဲ့ အောက်မှာ တိမ်မြုပ် သွားကြတာပဲ။

အဲဒီတော့ကာ ကျနော့်အနေနဲ့ သိပ်ပြီးအများကြီး မျှော်လင့်မထားပါဘူး၊ အနည်းအကျဉ်း အပေါ်ယံ အပြောင်း အလဲတွေလောက်ပဲ ဖြစ်မယ် ထင်တယ်၊ အခြေခံ မူဝါဒတွေကတော့ ဒီအတိုင်းပဲ ဆက်သွားမယ်လို့ ထင်ပါတယ်၊ တခု ကျနော် သတိပေးချင်တာပေါ့လေ၊ အိုဘားမားကလည်း အာဖဂန်နစ္စတန်မှာ စစ်အင်အားတွေ တိုးပြီး ပို့မယ်လို့ ပြောခဲ့တာတွေ ရှိတယ်။

အာဖဂန်နစ္စတန် ဆိုတာ ဟိုး အင်္ဂလိပ် လက်ထက်၊ အင်္ဂလိပ် ကျွန်ဘ၀ တုန်းကလည်း အင်္ဂလိပ်တွေ ခွက်ခွက် လန် ရှုံးအောင် ပထန် တော်လှန်ရေးသမားတွေက တိုက်ခိုက်ခဲ့တယ်၊ နောက်တခါ ရုရှ တွေ အာဖဂန်နစ္စတန် ကို သိမ်းပိုက်တဲ့ အခါမှာလည်း ရုရှတွေ လက်မြှောက်ပြီးတော့ ပြန်ပြေးရလောက်အောင် တိုက်ရေး ခိုက်ရေးမှာ အစွမ်းထက်တဲ့ တကယ့် စစ်သူရဲတွေပါ။

အခုအမေရိကန်ကလည်း အာဖဂန်မှာ တိုးပြီး စစ်အင်အားတွေ မြှင့်မယ်ဆိုလို့ ရှိရင်လည်း ဒီစစ်သူရဲ ပထန်တွေရဲ့ အောက်မှာပဲ ရုရှတွေ ပြေးသလိုပဲ နောက်ဆုံးကြ ပြေးရလိမ့်မယ်လို့ ကျနော်ကတော့ အိုဘားမားကို သတိပေး လိုက်ချင်တယ်။

မေး။ ။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ရော အိုဘားမားကို မျှော်လင့်လို့ရမလား၊ ဘယ်လောက်အထိ မျှော်လင့် နိုင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ သိပ်ပြီးတော့ မမျှော်လင့်ဘူးဗျ၊ ဘာဖြစ်လို့လည်း ဆိုတော့ ဘုရှ် လက်ထက်မှာလည်းပဲ၊ ဘုရှ် Lip service ပေးတဲ့(ပါးစပ်နဲ့ ဆောင်ရွက်တဲ့)နေရာမှာ အင်မတန် တော်တဲ့ လူပဲ၊ ဘုရှ်ကော လော်ရာ ဘုရှ်ကော တလျှောက်လုံး မြန်မာပြည် အရေးအတွက် Lip service တွေ ပေးခဲ့တာပဲ၊ တကယ် လက်တွေ့ကြ တော့ ဘာမှ မလုပ်နိုင်ပါဘူး၊ လုပ်ချင်တဲ့ ဆန္ဒလည်း မရှိပါဘူး။

ဘာကြောင့်လည်း ဆိုတော့ မြန်မာပြည်နဲ့ပတ်သက်လို့ ရေနံ အကျိုးစီးပွားတွေ၊ ရေနံကုမ္ပဏီကြီးတွေပေါ့၊ တိုတယ်လ် တို့လို၊ ပရီးမီးယားတို့လို ရေနံ ကုမ္ပဏီကြီးတွေရဲ့ သြဇာက အများကြီး ကြီးမားတယ်၊ အဲဒါကြောင့် ကျနော်ကတော့ အိုဘားမား လက်ထက်မှာလည်းပဲ Lip service ပေးတာထက်ပိုပြီး လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။

ကျနော်တို့က နဂိုကတည်းက ခဏခဏ ကျနော့် ပုဂ္ဂိုလ်ရေးအရ ပြောပါတယ်၊ ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာပဲ၊ အခုလည်း အဲဒီအတိုင်းပဲ ထပ်ပြီးတော့ ဆော်သြချင်တယ်၊ အိုဘားမားကိုလည်း အားကိုး မနေ ပါနဲ့ ဘန်ကီမွန်းလည်း အားကိုးမနေပါနဲ့ ကိုယ့်အား ကိုယ်ကိုးပါလို့။

မေး။ ။ ဒါဆိုရင် မြန်မာပြည်အပေါ် အမေရိကန်ရဲ့အရေးယူပိတ်ဆို့တဲ့ ဒဏ်ခတ်မှု(Sanction)တွေက အသုံးမတဲ့ ဘူး၊ မထိရောက်ဘူး ဆိုတဲ့ သဘောလား။

ဖြေ။ ။ ဟုတ်ကဲ့ တကယ်တမ်း ထိရောက်မှု မရှိခဲ့ပါဘူး၊ သာမန် အပေါ်ယံကြော ထိခိုက်တာမျိုးတော့ အနည်း အကျဉ်း ရှိမှာပေါ့လေ၊ အစိုးရတဖွဲ့ကို ပြုတ်ကျသွားအောင် Sanction က လုပ်လိုက်တယ်လို့ ကမ္ဘာမှာ မရှိခဲ့ပါ ဘူး၊ အစိတ် အပိုင်း တခုအထိတော့ အထိုက်အလျောက် အကျိုးရှိပါတယ်၊ လုံးဝ အသုံးမကျဘူးလို့တော့ မဆို လိုပါဘူး၊ ဒီ တခုတည်း အပေါ်မှာလည်း မြန်မာ လူမျိုးတွေက မျှော်လင့်နေလို့ မဖြစ်ဘူး၊ ကျနော်တို့ တခြား နည်းလမ်းပေါင်းစုံ အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

မေး။ ။ နည်းလမ်းပေါင်းစုံ အသုံးပြုဖို့ လိုတယ်ဆိုတော့၊ အကြံပြုလိုတဲ့ နည်းလမ်းများ ရှိပါသလား။

ဖြေ။ ။ ကျနော် ခဏခဏ ပြောပါတယ်၊ ဧရာဝတီမှာပဲ ကျနော် လွန်ခဲ့တဲ့ နှစ်ထဲက ပြောခဲ့ပါသေးတယ်၊ ကျနော် တို့ က ဒီ ကုလသမဂ္ဂကိုလည်း အားမကိုးနဲ့၊ အမေရိကန်ကိုလည်း အားမကိုးနဲ့ ဘယ်သူ့ကိုမှ အားမကိုးနဲ့ ကိုယ့် ပြည်သူ လူထုကို ကိုယ်အားကိုးပါ၊ မြန်မာပြည်သူလူထုက နိုင်ငံရေး နိုးကြားမှုမှာ မညံ့ပါဘူး၊ ကျနော်တို့ စက်တင် ဘာ သံဃာ့ အရေးအခင်းကပြခဲ့ပြီပဲ၊ မြန်မာပြည်သူတွေဟာ ကြောက်မနေပါဘူး၊ ညံ့မနေပါဘူး၊ ကိုယ့်ပြည်သူ ကိုယ် အားကိုးပါလို့ ကျနော် ပြောခဲ့တယ်၊ အခုလည်း အဲဒီနည်းပဲ ကျနော် ထပ်ပြီးတော့ တိုက်တွန်းချင်တယ်၊ ပြည်သူ့ အားကို ယုံပါ၊ ပြည်သူကို အားကိုးပါ။

မေး။ ။ လက်ရှိအခြေအနအရ မြန်မာပြည်သူတွေက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ သွားပြီး မဲပေးရတော့ မယ့် အခြေအနေ ဖြစ်နေတော့၊ အဲဒီ အပေါ်မှာရော ဘယ်လိုပြောမလဲ။

ဖြေ။ ။ ဒါကလည်း ကျနော်တို့ဆီမှာ၊ ဒါမျိုးတွေ အကြိမ်ကြိမ်ကြုံခဲ့ပြီးပါပြီ၊ ၁၉၇၄ ခုနှစ်ကလည်း ဆန္ဒခံယူပွဲတို့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ တို့ ကြုံခဲ့သလိုပဲ၊ ရွေးကောက်ပွဲတွေလည်း အကြိမ်ကြိမ် ကျင်းပခဲ့တာပဲ၊ အခုလာမယ့် ရွေးကောက်ပွဲလည်း အဲဒီ ၇၄ ရွေးကောက်ပွဲ တွေလိုပဲ ဖြစ်မှာပါပဲ၊ ဘာမှ ထူးမှာ မဟုတ်ပါဘူး၊ သာမန် ပြည်သူ လူထုကတော့ ရွေးကောက်ပွဲတို့ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတို့ အပေါ်မှာ စိတ်ဝင်စားမှု တယ်မရှိပါဘူး။

မေး။ ။ ဒါဆို မြန်မာပြည်သူလူထုကိုရော ဘာထပ်ပြောချင်ပါသေးလဲ။

ဖြေ။ ။ စောစောက ကျနော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ ကုလသမဂ္ဂတို့ ဘန်ကီမွန်းတို့ အားမကိုးနဲ့ ရွေးကောက်ပွဲကို လည်း မျှော်လင့်ချက်ကြီး ထားမနေနဲ့ ကိုယ့်ပြည်သူအားကို အားကိုးပြီး ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်ပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောချင်ပါတယ်။ ။

Rest of your post

အပြည့်အစုံသို့...

Thursday, January 22, 2009



အပြည့်အစုံသို့...

သမ္မတသစ် အိုဘားမားရဲ့  ပထမနေ့

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၂ ရက် ၂၀၀၉

ဘရက်ခ် အိုဘားမား အမေရိကန် သမ္မတအဖြစ် ပထမဆုံး ရုံးထိုင်တဲ့ နေ့မှာပဲ အမေရိကန်နိုင်ငံ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ပြဿနာထဲက တချို့ ဖြစ်တဲ့ ငွေကြေးဈေးကွက် အကျပ်အတည်းနဲ့ အီရက်နဲ့ အာဖဂန်စစ်ပွဲများကိစ္စကို စတင် ကိုင်တွယ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုးဘားမားဟာ သူ့ရဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ်စ်နဲ့ စစ်ဖက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးပါတယ်။

ဂွာတာနာမို ပင်လယ်အော်ရှိ အကျဉ်းစခန်း ၂နှစ်အတွင်း ပိတ်ရေး အချိန် သတ်မှတ်တဲ့ သမ္မတရဲ့ အမိန့်ကိုလည်း မစ္စတာ အိုးဘားမား ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက အလုပ်အကိုင်တွေ သန်းနဲ့ ချီကာ ဖန်တီးနိုင်ရေး ရည်စူးတဲ့ ဒေါ်လာ ဘီလီယံ ၈၀၀ စီးပွားရေး နိုးထရေး စီမံချက်ကို တွန်းအားပေးလိုက်ပါတယ်။ တပ်ဖွဲ့များ အီရက်နိုင်ငံက ၁၆လအတွင်း ရုတ်သိမ်းမယ်လို့ သမ္မတက ကတိက၀တ်ပြုလိုက်ပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့အင်အား ၂ဆ တိုးပြီးချထားရေး အစီအစဉ်ကိုလည်း သမ္မတ အိုဘားမားက ထောက်ခံလိုက်ပါတယ်။

အပြည့်အစုံသို့...

ဦးသန့် ရာပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်မည်

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၂ ရက် ၂၀၀၉

ဒီနေ့ ဇန်န၀ါရီလ ၂၂ရက်နေ့ဟာ မြန်မာအမျိုးသားတွေကို ကမ္ဘာကသိလာအောင် စွမ်းဆောင်နိုင်ငံတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အနှစ်တရာပြည့် မွေးနေ့ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ သက်တမ်း ၂ ကြိမ် ဆက်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့် နှစ်တရာပြည့် အထိမ်းအမှတ်နဲ့ ကုလသမဂ္ဂ က ဦးသန့်ပုံ တံဆိပ်ခေါင်းတွေကို ထုတ်ဝေပြီး ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာ စပြီးထုတ်ဝေမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

၁၉၀၉ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့က အောက်မြန်မာပြည် ပန်းတနော်မြို့ကလေးမှာ မြန်မာ့ ဂုဏ်ဆောင် တဦး ဖြစ်လာမယ့် အဖ ဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က မွေးဖွားခဲ့ပါတယ်။ သား ၄ဦးအနက် အကြီးဆုံး သားဖြစ်တဲ့ ဦးသန့်ဟာ ငယ်စဉ်ကတည်းက စာပေကို လိုက်စားတဲ့ ပုဂ္ဂိုလ်တဦးပါ။ စကားနည်းပြီး၊ ဖြောင့်မတ်တည်ကြည်တဲ့ ဦးသန့်ဟာ ပညာရေးမှာ ထူးချွန်ပြီး အသက် ၂၅နှစ်အရွယ်မှာပဲ ပန်းတနော် ကျောင်းအုပ်တာဝန်ကို ယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ အသံလွှတ်ဌာန ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရပြီး ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာန အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနုအတွက် မိန့်ခွန်းတွေ ရေးပေးခဲ့ရပြီး ဦးနုရဲ့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။

၁၉၅၅ခုနှစ်မှာ မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေးဌာန အကြီးအကဲ ဖြစ်လာပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အနေနဲ့ ၁၉၅၇ခုနှစ်ကနေ ၁၉၆၁ခုနှစ်အထိ တာဝန်ယူခဲ့သူပါ။ တချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ ၁၀နှစ်တိတိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူလို့ ကမ္ဘာကနေ အသိအမှတ် ပြုခဲ့ကြပါတယ်။ အခု ကုလသမဂ္ဂကနေ ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်တရာပြည့် တံဆိပ်ခေါင်းတွေ ထုတ်ဝေတော့မယ်လို့ သိရတာကြောင့် ကုလသမဂ္ဂ စာတိုက် စီမံခန့်ခွဲရေးဌာနက ဒေါ်မေဦးကို မေးကြည့်ပါတယ်။

ယူအင် ဌာနချုပ် ၃ခုရှိတဲ့ နယူးယောက်၊ ဂျနီဗာ၊ ဗီယာနာမှာ နယူးယောက်ကတော့ ယူဆက် တန်ဖိုးနဲ့ထုတ်တယ်။ ၉၄ ဆန့်(94 cent) နိုင်ငံတကာ သုံးလို့ရအောင် ထုတ်တယ်။ Swiss Bank က ၁.၃၀၊ ယူရို တန်ဖိုးက ၁.၁၅။
အမေရိကန် နိုင်ငံမှာ ထုတ်မယ့် တံဆိပ်ခေါင်း ပုံက ဦးသန့် ကိုယ်တပိုင်းပုံ၊ ဘေးနားက ခရမ်းရောင်၊ အလယ်မှာ သူ့ပုံက ရွှေရောင်၊ ပြီးတော့ ဂျနီဘာက Swiss Bankနဲ့ ထုတ်တာက အဲဒီ တ၀က် ဓာတ်ပုံပဲ၊ ဘေးက အနီရောင်နဲ့၊ ပြီးတော့ ဂျာမန်ကျတော့ အစိမ်းရောင်။ ယူအင်မှာ ဦးသန့် ဓာတ်ပုံ အကြီးကြီးရှိတယ်လေ။ အဲဒီပုံကို အသေးလုပ်ထားတာ။ ပုံလေးတွေက ဆင်တူရိုးမှာပါပဲ။ သိပ်တော့ မကွာပါဘူး။ ၃မျိုးပေါ့။ ပြီးတော့ တံဆိပ်ခေါင်း စာရွက်လွှာတခုမှာ ဓာတ်ပုံပေါင်း ၂၀ပါတယ်။

ဒီဟာက ပထမဆုံး အကြိမ်ထုတ်တာ။ ဦးသန့် နှစ် ၁၀၀ပြည့် အထိမ်းအမှတ်နဲ့ ထုတ်တာပဲ။

တည်ကြည်ဖြောင့်မတ်တဲ့ မြန်မာ အမျိုးသား ဦးသန့်ဟာ ကမ္ဘာ့ ခေါင်းဆောင် အများအပြားရဲ့ ပုဂ္ဂိုလ်ရေးအရ ကြည်ညိုလေးစားမှုကို ခံရတဲ့အပြင်၊ ဂုဏ်ပြုမှုအမျိုးမျိုး ကိုပါ ခံရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ ပညာရည် ပြည့်ဝပြီး၊ ထူးခြားတဲ့ သူဖြစ်ရုံမကဘဲ၊ ဇ၀နဥာဏ်ရှိတဲ့သူလို့လည်း မြန်မာစာပေပညာရှင် ဦးဝင်းဖေက အခုလို ပြောပါတယ်။

ဦးသန့်နဲ့ ပတ်သက်လို့ ကျွန်တော်ကြားဖူးတာရှိတယ်။ ဦးသန့်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ခန့်တော့မယ်လို့ ပြင်သစ်က သဘောမတူဘူးဆိုတဲ့ဟာလေ။ သူတို့ရဲ့ မှတ်ချက်က ဒီလောက် လူပုပုလေး တယောက်ကို ဘယ့်နှယ့်ကြောင့် ခန့်ရမှာလည်း ဆိုတာပေါ့။ ဦးသန့်မှာ abrupt answer ရှိတယ်။ သူဟာ နပိုလီယံထက်တော့ ရှည်ပါတယ်လို့ ဖြေလိုက်တယ်။ ဇ၀န ဥာဏ်နဲ့ ပြန်လည် တုန့်ပြန်မှုလေးပေါ့လေ။ အဖြေလေးက သိပ်ကောင်းတယ်။ အဲဒါလေးတော့ ကျွန်တော် မှတ်မိတယ်။ ဦးသန့်က အတော့်ကို ထူးခြားတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးတယောက်ဖြစ်တယ်။ ဦးသန့်ကို ဒတ် ဟမ်းမား ရှိုး လေယာဉ်ပျံ ပျက်ကျပြီး ရုတ်တရက် ဆုံးတော့ ဦးသန့်ကို ရုတ်တရက် ခန့်ရတော့မယ်ဆိုတဲ့ အချိန်မှာ တကယ်တမ်း အသွင်အပြင် ကောင်းလှလို့တော့ မဟုတ်ဘူး။ ဦးသန့် တတ်တာကတော့ မှန်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကြားဝင်နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ထူထောင်တဲ့ အခြေခံ ငါးနိုင်ငံ သိက္ခာက တော်တော်ကြီးတယ်ဗျ။ အဲဒီသိက္ခာနဲ့ ပတ်သက်ပြီး ဦးသန့်ကို ခန့်တာ။ ခန့်တဲ့ အချိန်က အလွန်အရေးကြီးတဲ့ စစ်အေးခေတ် အချိန်ကြီးမှာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ပြလိုက်တဲ့ အချိန်မှာ နောက်တခါ သူဟာ ပြန်ပြီး အရွေးခံရတယ်။ အရွေးခံရတဲ့အပြင် ဒုတိယ သက်တမ်းမှာ ပြန်ပြီး အရွေးခံရတယ်။ အဲဒီလောက် ထူးခြားတဲ့ လူတယောက်ကို နယူးယောက် ဟက်ဆင် မြစ်ထဲမှာ ဦးသန့်အတွက် ကျွန်းကို ရှိတယ်၊ ဂုဏ်ပြုထားတာ။

ဦးသန့်ဟာ ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ရက် အသက် ၆၅နှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ဆန္ဒအရ သူ့ရုပ်ကလာပ်ကို မြန်မာနိုင်ငံကို ပြန်ပြီး ပို့ပေးခဲ့ရပါတယ်။

အပြည့်အစုံသို့...

လှေစီးပြေးဒုက္ခသည် ကုလသမဂ္ဂနဲ့တွေ့ ခွင့်မရ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၂ ရက် ၂၀၀၉

မြန်မာနိုင်ငံက ထွက်ပြေးလာကြသူတွေကို ထိုင်းစစ်တပ်က ပင်လယ်အတွင်း မောင်းထုတ်လိုက်လို့ ရာဂဏန်းနဲ့ချီကာ သေဆုံးကုန်ကြတယ်လို့ စွပ်စွဲထားတဲ့အတွက် မြန်မာ ဒုက္ခသည်များနဲ့ ကုလသမဂ္ဂ ပါရဂူများနဲ့ တွေ့ခွင့်တောင်းတာကို ထိုင်းအစိုးရက လက်မခံ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စကို စုံစမ်းချင်ရင် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ ထိုင်းအစိုးရ တာဝန်ခံများကိုသာ တွေ့ကြရမှာလို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀က်ချာချီဝက်က ပြောပါတယ်။

မြန်မာဒုက္ခသည် ၁၀၀၀ လောက်ကို အသက်ရှင်လောက်တဲ့ ပစ္စည်းနဲ့ အခြေအနေမရှိဘဲ ထိုင်းစစ်တပ်က ပင်လယ်တွင်း မောင်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပြီးနောက် အင်္ဂါနေ့မှာ UNHCR ကုလသမဂ္ဂနဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည် ၁၂၆ ယောက် နိုင်ငံတကာရဲ့ အကာအကွယ် အစောင့်အရှောက်များ လိုအပ်သလားဆိုတာ မေးမြန်းဖို့ တွေ့ခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့တာပါ။ ဒီစွပ်စွဲချက် မဟုတ်မမှန်ဘူးလို့ ထိုင်းစစ်တပ်က ငြင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ်က အဲဒီလို လုပ်သလားဆိုတာကို မိမိအစိုးရက စုံစမ်းသွားမယ်လို့ ကတိပြုရင်း တရားမ၀င် လူတွေ လိမ့်ဝင်လာတာကို မိမိနိုင်ငံအနေနဲ့ ကာကွယ်ခွင့်ရှိကြောင်းလည်း ခုခံ ပြောဆိုသွားပါတယ်။

အပြည့်အစုံသို့...

ထိုင်းရောက် မြန်မာလုပ်သားတွေ ဌာနေပြန် သက်တမ်း တိုးရတော့မည်

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၁ ရက် ၂၀၀၉

ထိုင်းနိုင်ငံက ရွေ့ပြောင်းအလုပ်သမားအားလုံးကို လာမယ့် ၂၀၁၀ ဖေါ်ဖေါ်ဝါရီလကစပြီး နိုင်ငံကူး လက်မှတ် အထောက်ထားသစ် လုပ်ဖို့ မြန်မာနိုင်ငံကို ပြန်ပို့မှုာဖြစ်ပြီးတော့ လက်ရှိ အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင် ထားသူတွေကိုလည်း ဒီနှစ်အတွက်ပဲ သက်တမ်း တိုးမယ်တော့မယ်လို့ ဒီနေ့ထုတ် Chiang Mai mail online သတင်းစာမှာေ ဖ်ါပြထားပါတယ်။ အခုအစဉ်ဟာ အလုပ်သမားတွေအဖို့ အခက်ခဲဖြစ်နိုင်တဲ့ အပြင် အကောင်ထည် ဖေါ်ဖို့လည်း ခက်ခဲမှာဖြစ်တဲ့အကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ဝေဖန်ပြော ဆိုမှုတွေရှိပါတယ်။

အလုပ်သမားအရေး ကူညီနေတဲ့ ချင်းမိုင် အခြေစိုက် MAP foundation ဒါရိုက်တာ Jackie Pollock က နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက်က နေ့စဉ် လက်ခံ အရေတွက် အရဆိုရင် နှစ် ၂၀ လောက်ကြာ သွားနိုင်တယ်လို့ ခုလိုပြောပါတယ်။

“မြန်မာဘက်က ပြောတာက နိုင်ငံကူးလက်မှတ် အထောက်ထား လုပ်တဲ့ကာလမှာ နယ်စပ် ၃ နေရာက တရက်ကို အယောက် ၂၀၀ လုပ်ပေးမယ့်ပေါ့။ ဆိုလိုတာကတော့ ချင်းမိုင်၊ ဘန်ကောက်အပါဝင် ထိုင်းနိုင်ငံ အနှံ့က ရွေ့ပြောင်း အလုပ်သမား ၂၀၀ ဟာ အလုပ်ရှင်တွေနဲ့ အတူ နယ်စပ်ကို နေ့တိုင်း သွားကြဖို့ဆိုတာ အလုပ်သမားတွေအတွက် အခက်ခဲရှိပါတယ်။ တကယ်လို့ မြန်မာ အာဏာပိုင်တွေက နေ့စဉ် အယောက် ၂၀၀ လုပ်ပေးနိုင်သည် ထားဦး အများဆုံး လုပ်ပေးနိုင်ရင် တနှစ်ကို တသိန်း နှစ်သောင်း လောက်ပဲ လုပ်ပေးနိုင်မှာပါ။ ဒီအတိုင်းဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာတွေ အားလုံး အထောက်ထားရဖို့ နှစ် ၂၀ လာက်တောင် စောင့်ရမလိုဖြစ်နေပြီ”

၂၀၀၃ ခုနှစ်ကတည်းက ဒီအစီစဉ်ကို အကောင်ထည်ဖေါ်ဖို့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ နယ်စပ်မြို့တွေဖြစ်တဲ့ မြ၀တီ၊ တာချီလိတ်နဲ့ ကော့သောင်း မြို့တွေကနေ ထုတ်ပေးမယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ရောက် လာအိုနဲ့ ကမ်ပူးချား အလုပ်သမားတွေကို ဘန်ကောက်မှာရှိတဲ့ သူတို့ရဲ့ သံရုံးတွေက နိုင်ငံသား အသိမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့လို့ နိုင်ငံရင်းကို ပြန်စရာ မလိုခဲ့ဘူး လို့လည်း သိရပါတယ်။

အလုပ်သမား အရေးကူညီနေတဲ့ မြန်မာ့ ဒီမိုကရေစီရရှိရေး ထိုင်း လှုပ်ရှားမှုကော်မတီ TACDB က ဦမြင့်ဝေက အလုပ်သမားတွေဟာ စစ်အစိုးရကို မယုံတဲ့အတွက် ဘန်ကောက် မြန်မာသံရုံးက စီစဉ်မှသာ ဖြစ်နိုင်မယ်လို့ ခုလိုရှင်းပြပါတယ်။

“ဖြစ်နိုင်ခြေကတော့ ပြသနာက ဗမာပြည်သူတွေက အစိုးရကို မယုံဘူးဗျာ၊ အဲဒီတော့ လူဦးရေ သိပ်နည်းနေတယ်။ ဒီကိစ္စ ကိုဆောင်ရွက်ဖို့၊ ပထမ တကြိမ် လုပ်တုန်း ကလည်း ဗမာအစိုးရက အချက်ဘက်တွေ ကောက်လိုက်တာ သူ့ရဲ့ အောက်ခြေ ၀န်ထမ်းတွေက အလုပ်သမားတွေ အိမ်တွေမှာ ၅၀၀၀၀ တို့၊ ၁၀၀၀၀၀၀ တို့ အနိုင်ကျင့်ပြီး ပိုက်ဆံတွေ တောင်းကြတယ်။ အဲဒီမှာ အခု ဒီအဆင့် ဒုတိယ အကြိမ်ပြန်လုပ်တော့ ဗမာအလုပ် သမားတွေက စိုးရိမ်မှုရှိတယ်။ သံသယရှိနေတော့ ဒီဥစ္စာ ဖြစ်နိုင်မှုက တော်တော် ခက်နေတယ်။ အဖြစ်နိုင်ဆုံးကတော့ ဗမာအစိုးရ ဘန်ကောက်သံရုံးက နေလာပြီး လုပ်ပေးရင် ဖြစ်နိုင်ဆုံးပဲ။ ”

အာဏာပိုင်တွေဟာ ၂၀၀၈ ခု ဆန္ဒခံယူပွဲ ကာလက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ပြန်လာဖို့ မိသားစုဝင်တွေကို ဖိအား ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ရွေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံကူး အထောက်ထား လက်မှတ် ထုတ်ပေးရေး အစီစဉ်ဟာ အာဏာပိုင်တွေဘက်က နိုင်ငံရေး ရည်ရွယ်ချက် လုပ်ထာလည်း ဖြစ်နိုင်တယ်လို့ ဥိးမြင့်ဝေက ခုလိုသုံးသပ်ထားပါသေးတယ်။

“ခုလက်ရှိ ထိုင်းနိုင်ငံထဲမှာ ခိုးဝင် အလုပ်လုပ်နေသူတွေက မြန်မာပြည်ထဲမှာရှိ တယ်မရှိဘူး ဆိုတာ ဘယ်သူမှ မသိဘူးလေ။ သူတို့က အိမ်မှာ လူစာရင်း ပြထားပြီးတော့ ရှိနေတာတွေလည်း ရှိတယ်။ အခု သူတို့က ပတ်စပို့ လုပ်ပေးပြီးတော့မှ အဲဒီ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒ သဘောထားကို တရားဝင် ပတ်စပို့ ပေးထားတဲ့အတွက် နိုင်ငံခြားမှာလည်း မဲယူလို့ ရတာပေါ့နော်။ ဒါမျိုးတွေလည်း လုပ်လို့ရတယ်။ အိမ်ကို ပြန်လာပြီး မဲပေး ခိုင်းတာမျိုးလည်း လုပ်လို့ရတယ်။”

အလုပ်သမားအရေး ကူညီနေသူတွေက ထိုင်းနိုင်ငံမှာ တရားဝင်ရော၊ တရားမ၀င်ပါ မြန်မာ အလုပ်သမား ၂သန်း နီးပါးရှိတယ် ခန်းမှန်းကြပြီး ခုလုပ်မယ့် အစီစဉ်ဟာလည်း အကောင် ထည်ဖေါ်ဖို့ ခက်ခဲကြောင်း ပြောဆိုသွားကြတာဖြစ်ပါတယ်ခင်ဗျ။

အပြည့်အစုံသို့...

ရေမျောမြန်မာနှစ်ဦးကို ငှက်ကြီးနှစ်ကောင် အစာ အန်ပေးခဲ့

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၁ ရက် ၂၀၀၉

ကြီးမားတဲ့ ရေခဲပုံးထဲမှာနေရင်း ပင်လယ်ပြင်ထဲ ၂၅ ရက်ကြာခဲ့တဲ့ မြန်မာငါးဖမ်းသမားနှစ်ဦးက သူတို့ဟာ အသက်ဆက်ရေး အတွက် မိုးရေနဲ့ ငါး ရှာစားတဲ့ ငှက်တွေ အန်ထုတ်လိုက်တဲ့ ငါးအပိုင်းအစတွေကို စားပြီး အသက်ရှင်ခဲ့တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံ Sydney Morning Herald သတင်းစာကြီးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီ ရေခဲပုံးထဲမှာနေ မိုးရေ သောက်ပြီး ပထမ ဆယ်ရက်လောက် ပင်လယ်ထဲ မျောနေခဲ့တယ်လို့ ပြောထားပါတယ်။ ဒီနောက်တော့ ကြီးမားတဲ့ ပင်လယ်ငှက်ကြီးနှစ်ကောင် ရောက်လာပြီး အန်လိုက်တဲ့ ငါးသေးသေးလေးတွေကို စားသုံးခဲ့တယ်လို့ ပြောပါတယ်။ သူတို့ ငါးဖမ်းသင်္ဘောမှာ ထိုင်းနဲ့ မြန်မာ ငါးဖမ်းသမား ၂၀ ပါရှိပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ပင်လယ်ပြင်ထဲမှာ နစ်မြုပ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီကနေ သူတို့နှစ်ဦး ရေခဲပုံးထဲဝင်ပြီး ပင်လယ်ထဲမျော အသက်ရှင်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို သြစတြေးလျ နဲ့ ပါပူဝါ နယူးဂီနီ အကြားမှာရှိတဲ့ တိုရီ ရေလက်ကြားထဲမှာ ပုံမှန်ကင်းလှည့်နေတဲ့ ကမ်းရိုးတန်းစောင့် လေယာဉ်ကနေ တွေ့ပြီး စနေနေ့က ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်မိတဲ့အချိန်မှာ ရေဓါတ်အားနည်းနေလို့ ဆေးရုံတင် ကုသခဲ့ရပြီး၊ အင်္ဂါနေ့ကတော့ Queensland ဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

ဒီငါးဖမ်းသမားနှစ်ဦးဟာ ဘယ်ကလာသလဲ၊ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ အတည်ပြုဖို့ အချိန်ယူရဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အပြည့်အစုံသို့...

ဒုတိယံမ္ပိ ကျမ်းကျိန်ရသည့် သမ္မတကြီးအိုဘားမားအဖြစ်

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၂၂ ရက် ၂၀၀၉

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က အိုဘားမားနှင့် ကျမ်းတိုင်ပေးသည့် ဥသျှောင်တရားသူကြီးတို့ကြား စိတ်လှုပ်ရှားပြီး စကားကျန်သွားသည်ကို တကမ္ဘာလုံးက သိသွားပြီးနောက် အမေရိကန်သမ္မတများ သက်တမ်းမှာ ရှားရှားပါးပါး ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲ ထပ်လုပ်ရသည်။

အိုဘားမား၏ ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ၀ါရှင်တန်ဒီစီမြို့ သမ္မတအိမ်ဖြူတော်မှာ တိုးတိုးတိတ်တိတ် ထပ်လုပ်ရခြင်းဖြစ်သည်။ သမ္မတအိမ်ဖြူတော်ကမူ “ဘာမှစိတ်မပူပါနဲ့ (ပထမအကြိမ်) သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့ နေ့ခင်းကတည်းက အိုဘားမားဟာ သမ္မတကြီးဖြစ်နေပါပြီ” ဟု ပြောသည်။

ထိုအတောအတွင်း အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ စာသားများ အဆုံးပိုင်းတွင် “ကျွန်ုပ်အား ဘုရားသခင် စောင့်ရှောက်တော်မူပါ” ဆိုသည့်စာသားကို ဖြုတ်ပေးရန် အမေရိကန် ဘုရားမဲ့ဂိုဏ်းသားများနှင့် ဘာသာရေးမဟုတ်သည့် အဖွဲ့များက တရားစွဲထားသည်။

အပြည့်အစုံသို့...

ဟီလာရီ၏ Smart Power နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာစစ်အစိုးရ

ခေတ်ပြိုင်-ဟန်တင်အောင်၊ ဇန်န၀ါရီလ ၂၂ ရက် ၂၀၀၉
မစ္စဟီလာရီကလင်တန်အား အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးရာထူးသည် အိုဘားမားအစိုးရ၏ အရေးပါသည့် ရာထူးဖြစ်သည်။ ထို့ကြောင့် မစ္စ ဟီလာရီကလင်တန်အား နိုင်ငံခြားရေးဝန်ကြီးခန့်ခြင်းသည် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန် လုပ်ကိုင်နေသည့် ဖောင်ဒေးရှင်းအတွက် အလှူငွေထည့်နေသည့် နိုင်ငံခြားအစိုးရများကို ဆက်ဆံရာတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်သည်ဟု လွှတ်တော်၌ အငြင်းပွားပြီးနောက် ယခုကဲ့သို့ အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီသုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီကလင်တန်က သန္နိဋ္ဌာန်ချထားသည်။


၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြ သည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ်နည်းများဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း စီးပွားရေးနည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်ညှဉ်းပန်းအုပ်ချုပ်မှုဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘေလာရှစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။

ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

သေချာသည့်အချက်မှာ လက်ရှိမြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုဥပဒေကို တချိန်က အိုဘားမား၏ဒီမိုကရက်ပါတီ အာဏာရစဉ် သမ္မတကလင်တန် ပြဋ္ဌာန်းခဲ့သည့်အတွက် အိုဘားမားအနေဖြင့် အဆိုပါဥပဒေကို ဆက်ပြီး သက်တမ်းတိုးသည့်ကိစ္စ ထောက်ခံသည့်အဆင့်လောက်တော့ လုပ်လိမ့်မည်ဟုသာ မျှော်လင့်နိုင်သည်။

အပြည့်အစုံသို့...

Wednesday, January 21, 2009

ထောင် ၆၅ နှစ် ကျခံရသူ မနီလာသိန်း ကျန်းမာရေး ချို့ယွင်း

မဇ္ဈိမ-သဲသဲ၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၀၉

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချခံနေရသည့် မနီလာသိန်းသည် ထောင်တွင်း၌ အစာအိမ်ဝေဒနာ ခံစားနေရကြောင်း ကြားသိရသဖြင့် မိသားစုမှ စိုးရိမ်နေကြသည်။

မိသားစုနှင့် တလကျော်ကြာ တွေ့ခွင့်မရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ လူသိများသည့် အမျိုးသမီးခေါင်းဆောင်သည် အစာအိမ်ဝေဒနာကြောင့် နေ့စဉ်နီးပါး အော့အန်လျက် ရှိသည်ဟု သရက်ထောင်မှ ပြန်လွတ်လာသူများမှတဆင့် မိသားစုဝင်များ သိရှိရခြင်း ဖြစ်သည်။

"သူ့ကိုလည်း တွေ့ခွင့်မရတာ ၂ လနီးပါး ရှိနေတော့ ဘာဖြစ်နေမှန်း မသိရဘူး။ အခု တိုက်ပိတ်ခံရပြီး အစာအိမ်ရောဂါကြောင့် နေ့တိုင်းလိုလို အန်နေတယ်လို့ ကြားရတော့ အန်တီတို့ အရမ်းစိတ်ပူနေတာ။ အဲဒီထောင်က လွတ်လာတဲ့သူ ပြောလို့ သိရတာ" ဟု ယောက္ခမဖြစ်သူက မဇ္ဈိမကို ပြောသည်။

သူမနှင့် တွေ့ခွင့်ရရေးအတွက် မိသားစုက သက်ဆိုင်ရာ ထောင်အာဏာပိုင်များထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်သည်ဟု ပြောသည်။


"သူ့ကို စရောက်ကတည်းက တိုက်ပိတ်ထားတယ်။ ဆရာဝန် လာတွေ့တော့လည်း ဆေးကုမပေးဘဲ တရားထိုင် ပုတီးစိပ်လို့ပဲ ပြောတယ်တဲ့။" ဟု သရက်ထောင်မှ မကြာသေးခင်က နိုင်ငံရေးမှုဖြင့် ပြန်လည် လွတ်မြောက်လာသူ ကိုဇော်လင်းက ပြောသည်။

ထို့အပြင် ဘာသာရေးစာအုပ်ကို မနီလာသိန်း ဖတ်ရှုနိုင်ရန် ပေးလိုက်သည့် အကျဉ်းသားနှစ်ဦးကို ထောင်မှူးက ၁၅ ရက်ခန့် သံခြေကျင်း ခတ်လိုက်သည်ဟု ကိုဇော်လင်းက ပြောသည်။

မနီလာသိန်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်ကာ လှုပ်ရှားမှု နောက်ပိုင်းတွင် စစ်အစိုးရက ဆန့်ကျင် ဆန္ဒပြသူများအား လိုက်လံ ဖမ်းဆီးခဲ့ချိန်မှ စတင်ကာ ပုန်းရှောင်နေရင်းမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံရသည်။

ယခင်ကလည်း သူ၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ကြိမ်တိုင်တိုင်- ၁၉၉၁ ခုနှစ်တွင် ၂ လကြာ၊ ၁၉၉၆ ခုနှစ်မှတွင် ၉ နှစ်တိုင်တိုင် ထောင်ကျခံခဲ့ရဖူးသည်။

ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အဖမ်းခံခဲ့ရပြီး အလားတူပင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

အပြည့်အစုံသို့...

ဒေါ်စုနှင့် တွေ့ခွင့်ရရေး ၀န်ကြီးချုပ်ထံ အယူခံ တင်မည်

မဇ္ဈိမ-နန်းဒေ၀ီ ၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၀၉

နယူးဒေလီ (မဇ္စျိမ)။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေးအတွက် သူ၏ ရှေ့နေ ဦးကြည်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ မကြာမီ အယူခံစာ တင်သွားမှာ ဖြစ်သည်။

"အခု တင်မယ့်ဟာက အယူခံအဖွဲ့ အကြီးအကဲက ၀န်ကြီးချုပ်ဗျ။ သတင်းတပ်ဖွဲ့အဆင့်က ကျနော်တို့ကို ခွင့်မပြုဘူးဆိုတော့။ ၀န်ကြီးချုပ်ဆီကို အကျိုးနဲ့ အကြောင်းနဲ့ ဖော်ပြပြီးတော့ လျှောက်မယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ တင်မယ်" ဟု ဦးကြည်ဝင်းက ပြောသည်။

လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးအတွက် ရန်ကုန် ရဲသတင်းတပ်ဖွဲ့သို့ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဦးကြည်ဝင်းက "နံပါတ် ၁ အချက်က အယူခံလွှာကို နေပြည်တော်မှာ ကျနော်တို့ ၉ ၊ ၁၀ ၊ ၂၀၀၈ မှာ တင်ခဲ့ပြီးပြီဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့ဖို့။ ကျနော်တို့ တင်တာလောက်ပဲ သူ သိမယ်။ လက်ခံလား၊ ဘာလားဆိုတာ ဘာပဲဖြစ်ဖြစ်ပါ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ report type လုပ်ရမှာပါ။ နံပါတ် ၂ က တပ်မတော် ဥပဒေအရ convening of the court (တရားရုံးဖွဲ့စည်းခြင်း) ဆိုတာရှိတယ်။ အဲဒီအဆင့်ကို ကျနော်တို့ မတွေ့သေးဘူးပေါ့နော်။ သူတို့ဆီက ဘာမှ မသိရသေးဘူး။ အဲဒါတွေ တင်ပြဖို့ ဒေါ်စုနဲ့ တွေ့ဖို့လိုတာပါ" ဟု ပြောသည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အကျယ်ချုပ် သက်တမ်း ၁၃ နှစ်ကျော် ထိန်းသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်သည် အကျယ်ချုပ်သက်တမ်း ကျော်လွန်နေသည့်အပေါ် ရှေ့နေ ဦးကြည်ဝင်းမှတဆင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်သို့ အယူခံတင်ခဲ့သည်။

သို့သော် အယူခံလွှာအပေါ် စစ်အစိုးရက ငြင်းပယ်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ပြောဆိုခဲ့သော်လည်း ဦးကြည်ဝင်းကမူ ယနေ့ထိတိုင် တစုံတရာ အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောသည်။

"အာဏာပိုင်တွေက တကယ်ငြင်းတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်အကြောင်းကြားခြင်းဖြစ်စေ၊ သွားတင်တဲ့ ကျနော့်ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အခုက အပြင်မှာ ကောလာဟလတွေ ကြားနေရတာ။ ကျနော် နားမလည်ဘူး" ဟု သူက ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန် ခေါင်းဆောင်သည့် အယူခံဝင်အဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိရေးအတွက် တောင်းခံသည့်အပေါ် အရေးတယူ တုံ့ပြန်လိမ့်မည် ထင်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးကြည်ဝင်းတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။

အပြည့်အစုံသို့...

ထိုင်းဝန်ကြီးချုပ်က ရိုဟင်ဂျာများအား ညှဉ်းပန်းနှိပ်စက်မှုအပေါ် စုံစမ်းစစ်ဆေးမည်

မဇ္ဈိမ-ဆလိုင်းပီပီ၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၀၉

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းရေတပ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာ ၄၀၀ ခန့်အား ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်သည်ဟူသော စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးကာ လိုက်လံဖြေရှင်းမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်သစ်က ထိုင်းလူ့အခွင့်အရေး အဖွဲ့များကို ကတိပြုလိုက်သည်။

ထိုင်းနိုင်ငံသို့ လှေဖြင့် တရားမ၀င် ၀င်ရောက်ရန်ကြိုးစားခဲ့သည့် ရိုဟင်ဂျာများအား ထိုင်းရေတပ်က ဖမ်းဆီးပြီး မတရားသဖြင့် ဆက်ဆံခြင်းခံရသည်ဟူသော စွပ်ချက်နဲ့စပ်လျဉ်း၍ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ထိုင်းလူ့အခွင့်အရေးအဖွဲ့များကို တွေ့ဆုံကာ ဆက်လက်စုံစမ်းမှုများ လုပ်သွားမည်ဟု Campaign for Human Rights မှ သဘာပတိ ဆုမ်ချိုင်းဟုမ်လာအော်က ထိုင်းသတင်းထောက်များအား ပြောပြခြင်းဖြစ်သည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံခြားရေးရာဝန်ကြီးကလည်း ယခုအရေးကိစ္စ မှန်ကုန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်းအရာရှိတဦးက အတည်ပြုပြောဆိုသည်။

"ဘာတကယ်ဖြစ်ခဲ့တာလဲ ဆိုတာကို ကျနော်တို့ စစ်ဆေးနေတုန်းပါ" ဟု ထိုင်းနိုင်ငံခြားရေးရာ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလအစောပိုင်းက ထိုင်းနိုင်ငံသို့ တရားမ၀င် ရေကြောင်းလမ်းအတိုင်း ၀င်ရောက်ရန် ကြိုးစားသူ ရိုဟင်ဂျာအမျိုးသား ဦးရေ ၄၀၀ ဦးခန့်ကို ထိုင်းရေတပ်က ဖမ်းဆီးခဲ့သည်။

ခေတ္တထိန်းထိမ်းစဉ်က စားနိပ်ရိက္ခာနှင့် သောက်ရေအနည်းငယ်သာ ပေးပြီး၊ စက်မပါသော လှေဖြင့် ပင်လယ်ပြင်ထဲ ပြန်စေလွှတ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့သူ ရိုဟင်ဂျာအမျိုးသားတဦးက ပြောသည်။

"သူတို့ကို ထိုင်းပင်လယ်ကမ်းစပ်ကို ခေါ်သွားတယ်။ ပြီးတော့ ရိုက်နှက်ကြတယ်။ အဲဒါပြီးမှ သူတို့ကို လှေထဲ အတင်းထည့်ပြီး ပင်လယ်ထဲ လွှတ်လိုက်တာ" ဟု အိန္ဒိယနိုင်ငံတောင်ပိုင်း အာဒါမန်ကျွန်းမှ ရဲဝန်ထမ်းတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောဆိုခဲ့သည်။

အာဒါမန်ကျွန်းအနီးတွင် မျောပါလာသော လှေပေါ်တွင် ပါရှိလာသည့် ရိုဟင်ဂျာ ၉၉ ဦးကို အိန္ဒိယကမ်းရိုးတန်း စောင့်ကြပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့သည် ပင်လယ်ပြင်တွင် ရက်သတ္တနှစ်ပတ်ခန့် မျောနေခဲ့ရသည်ဟု အိန္ဒိယ ကမ်းရိုးတန်းစောင့်အဖွဲ့က ပြောသည်။ ကျန် ၃၀၀ ခန့်မှာမူ ပင်လယ်ပြင်ထဲတွင် ပျောက်ဆုံးနေသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကပင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၄၆ ဦးခန့်အား ပင်လယ်ထဲမှ ကယ်ဆယ်ခဲ့ရသေးသည်ဟု ကမ်းရိုးတန်းစောင့်အဖွဲ့က ဆိုသည်။ အလားတူပင် ယခုလ ၇ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ဆဘန်းကျွန်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉၃ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။

အပြည့်အစုံသို့...

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေ အရပ်ဘက်မှာ ညွှန်ချုပ်အဆင့်သာပေးမည်

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၂၀ ရက် ၂၀၀၉

ရန်ကုန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားအရေအတွက် များနေသည့်အတွက် သင်တန်းဆင်း စစ်အရာရှိများကို ယခင်က တပ်မမှူး၊ တိုင်းမှူးရာထူးများ တိုက်ရိုက်ပေးရာမှ ယခုအခါ အရပ်ဘက်ဌာနများတွင် ညွှန်ချုပ်အဆင့်မျိုးသာ ပေးတော့မည်ဟု သင်တန်းသားတဦးက ပြောသည်။

“ခုတော့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားက (၁၃၂) ဦးတောင် ရှိနေတဲ့အတွက် မင်းတို့အကုန်လုံးတော့ တိုင်းမှူး၊ တပ်မမှူး အကုန်မဖြစ်တော့ဘူး၊ ဒါပေမယ့် မင်းတို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေကိုပဲ နောင်မှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပေးမယ်၊ တခြားသူတွေ မပေးဘူး” ဟု သင်တန်းဆရာက ပြောသည့်အတွက် စစ်ဘက်ရာထူးကြီးကြီးမှန်းထားသည့် သင်တန်းသားများ စိတ်ပျက်ကုန်သည်ဟု သင်တန်းသားတဦးက ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းကို ယခင်က တပတ်လျှင် ဗိုလ်မှူးကြီးအဆင့် (၃၀) မှ (၅၀) ကြားသာ လက်ခံလေ့ရှိသော်လည်း ယခုအခါ (၁၀၀) ကျော်သည်ထိ သင်တန်းသား များပြားလာသည့်အတွက် တပ်မမှူး၊ တိုင်းမှူးရာထူးများ မပေးနိုင်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သူရွှေမန်း (ကြည်း ၁၁၅၃၄) ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်ပြီး အဆိုပါသင်တန်းတက်စဉ်က တမခ (၆၆) မှ ဗိုလ်မှူးကြီးရာထူးနှင့် တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာစစ်ခေါင်းဆောင် အတော်များများမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။ နအဖ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည်လည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၄) ဆင်းဖြစ်သည်။ နအဖ အမိန့်စာအချို့ကို နအဖ အတွင်းရေးမှူးအဖြစ် လက်မှတ်ထိုးထုတ်နေသည့် နေပြည်တော် ညွှန်ချုပ် ဗိုလ်မှူးကြီး သန့်ရှင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၆) ဆင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အရပ်ဘက်ဌာနဆိုင်ရာများတွင် ရောက်ရှိနေသည့် စစ်အရာရှိများကို လျှော့ချတော့မည်ဖြစ်ရာ မကြာခင် အရပ်ဘက် စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်တော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့်အရာရှိတဦးက ပြောသည်။

အရပ်ဘက်ရှိ စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ပြီးနောက် ထူးချွန်သူများကိုသာ ထားပြီး ကျန်စစ်အရာရှိများကို ပင်စင်ပေးမည်ဟုလည်း စုံစမ်းသိရသည်။

အပြည့်အစုံသို့...

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ ကျဆင်း

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၂၀ ရက် ၂၀၀၉
ယမန်နေ့က ထုတ်ပြန်လိုက်သော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်များအား အကူအညီပေးနေသည့် လူမှုရေးအဖွဲ့အစည်း (TBBC) ၏ ထုတ်ပြန်ချက်အရ ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်ပေါင်း တသိန်းသုံးသောင်းကျော်ရှိနေသည့်အတွက် (၂) နှစ်အတွင်း (၁၂) ရာနှုန်း ကျဆင်းသွားသည်။

ယမန်နေ့ ရက်စွဲဖြင့်ဖော်ပြထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်တွင်မူ တသိန်းတသောင်းကျော်ရှိကြောင်း ဖော်ပြထားသည်။ သို့ရာတွင် UNHCR ၏ စာရင်းတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးသူများ၊ စိစစ်ဆဲနှင့် ကျောင်းသားအချို့သာ ပါဝင်ပြီး အသစ်ရောက်ရှိ ခိုလှုံလာသူများကိုမူ ထည့်တွက် ဖော်ပြထားခြင်း မရှိသေးပေ။

ဒုက္ခသည်ဦးရေ လျော့သွားသည့်ကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီကို မေးရာ “တတိယနိုင်ငံတွေကို သွားချင်လို့ ဒုက္ခသည်မဟုတ်ဘဲ ကူးပြောင်းရောက်ရှိလာသူတွေကို စိစစ်လိုက်တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ တကယ် ဒုက္ခသည်ဦးရေကတော့ လျော့ကျသွားခြင်းမရှိပါဘူး။ ဒုက္ခသည်နှစ်သောင်းလောက်ထွက်သွားရင် နှစ်သောင်းလောက်ပြန်ဝင်လာတာပါပဲ” ဟု ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက ရှင်းပြသည်။

“စာရင်းအရ လျော့ကျသွားတယ်ဆိုပေမယ့် ပြည်တွင်းက လာရောက်ခိုလှုံတဲ့ ဒုက္ခသည်အရေအတွက် လျော့ကျသွားတာမျိုး မဟုတ်ဘူး။ တတိယနိုင်ငံတွေကို ကူးပြောင်းရောက်ရှိသွားတဲ့အတွက်လည်း ပါပါတယ်။ ဒါပေမယ့် စာရင်းပြုစုတဲ့အဖွဲ့ကိုလိုက်ပြီး အရေအတွက် ကွာခြားမှုတွေ ရှိနေပါတယ်။TBBC ရဲ့ စာရင်း၊ AMI ရဲ့ စာရင်း၊ UNHCR ရဲ့ စာရင်းတွေ မတူညီပါဘူး။ သူတို့ သတ်မှတ်တဲ့ စံနှုန်းတွေပေါ်မူတည်ပြီး ကွာခြားတတ်ပါတယ်” ဟု မယ်လဒုက္ခသည်စခန်း ဒု-ဥက္ကဋ္ဌ ဦးစောထွန်းထွန်းကလည်း ရှင်းလင်းပြောဆိုသည်။

TBBC ၏ စာရင်းများအရ ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ် နှိုင်းယှဉ်ပါက မြန်မာဒုက္ခသည် (၁၂) ရာခိုင်နှုန်းမျှ လျော့ကျသွားသော်လည်း ဒုက္ခသည်အများဆုံးဖြစ်သည့် ကရင်လူမျိုးများသည် ရာခိုင်နှုန်း (၆၀) ကျော်ဖြင့် အများဆုံးဖြစ်နေသေးသည်။ ရှမ်းဒုက္ခသည်များအနေဖြင့်လည်း ချင်းမိုင်ဒုက္ခသည်စခန်းတွင် ၂၀၀၆ ခုနှစ်၌ (၆၀၄) ဦးရှိရာမှ ၂၀၀၈ ခုနှစ်တွင် (၆၆၆) ဦး ဖြစ်လာသည်။

ဒုက္ခသည်အများစုမှာ တပ်ခ်ဒေသရှိ စခန်းသုံးခုတွင် အများဆုံးရှိနေကြပြီး မဲဟောင်ဆောင်ဒေသတွင် ဒုတိယအများဆုံးရှိကာ ရဒ်ချာ့ဘူရီနှင့် ကန်ချနဘူရီဒေသများတွင်လည်း ရှိနေသည်။ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အများစုမှာ ကရင်လူမျိုးများက အများဆုံးဖြစ်ကာ ၎င်းနောက်တွင် ကရင်နီ၊ တနင်္သာရီနှင့် မွန်တို့ အစဉ်အတိုင်းရှိနေသည်။

ယခုပေါ်ထွက်လာသော စာရင်းအရ ၂၀၀၆ ခုနှစ်နှင့် နှိုင်းဆပါက ဒုက္ခသည်စခန်းရှိ ကရင်နီ (၄) ရာခိုင်နှုန်း မြင့်တက်လာကာ တနင်္သာရီမှာ (၂) ရာခိုင်နှုန်းမျှ လျော့ကျခဲ့သော်လည်း မွန်မှာ (၅) ရာခိုင်နှုန်းအတိုင်းသာ တည်ရှိနေသည်။

၂၀၀၆ ခုနှစ် MOI နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့အစီရင်ခံစာမှာ မြန်မာနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းမှ မြန်မာများအား အဓမ္မရွေ့ပြောင်းသူများအဖြစ် ထိုင်းအစိုးရက သတ်မှတ်ကြောင်းဖော်ပြထားပြီး ယင်းစခန်းများမှ ဒုက္ခသည်များအနေဖြင့် UNHCR ထံ ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်မရှိဟု ထိုင်းအစိုးရက သတ်မှတ်ထားသည်။

မဲဆောက်မြို့နှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက်ရောက်ရှိလာကာ ဒုက္ခသည်အဖြစ် လျှောက်ထားသူများကိုမူ ထိုင်းအစိုးရက နေရပ်ပြန်ရန် စိုးရိမ်ရသူများအဖြစ် သတ်မှတ်ထားပြီး မူလနိုင်ငံကို ပြန်မပို့ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် UNHCR ထံ ထပ်မံလျှောက်ထားပါက လျှောက်ထားချက် အတည်မပြုမီ ဒုက္ခသည် လျှောက်ထားသူများအဆင့်ဟု သတ်မှတ်ပြီး UNHCR က တရားဝင်အသိအမှတ်ပြုပြီးပါက တတိယနိုင်ငံ တခုခုတွင် ပြောင်းရွှေ့အခြေချခွင့်ရှိကြောင်း MOI အစီရင်ခံစာ၌ ရှင်းလင်းဖော်ပြထားသည်။

အပြည့်အစုံသို့...

Tuesday, January 20, 2009

အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လူဖြူအစွန်းရောက်အန္တရာယ်ရှိဟု FBI သုံးသပ်

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၂၀ ရက် ၂၀၀၉


ယနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်၌ ကျင်းပမည့် အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် နာမည်ရ နိုင်ငံတကာအကြမ်းဖက်သမားများ တိုက်ခိုက်မည့်သတင်းမရရှိသော်လည်း ၀ါရှင်တန်မြို့တော် နယ်နိမိတ်အတွင်း လမ်းပန်းဆက်သွယ်ရေးများကို နှောင့်ယှက်နိုင်သည့် သံသယလုပ်ရပ်များရှိနေသည်ဟု လုံခြုံရေးကြိုတင် သုံးသပ်ချက်အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။

သမ္မတသစ် အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူများ၊ အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံရေးနှင့် အခြားပြဿနာများအပေါ် ကန့်ကွက်ဆန္ဒပြသူတို့ကြောင့် လမ်းများ ပိတ်ဆို့နိုင်သည်ဟု မှန်းထားကြောင်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အမေရိကန် လုံခြုံရေးအဖွဲ့ (၁၅) ဖွဲ့ စုပေါင်းသုံးသပ်ထားသည့် လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။


အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လူ (၁) သန်းခွဲမှ (၂) သန်းထိ တက်ရောက်နိုင်သည်ဟု အမေရိကန် လုံခြုံရေးအဖွဲ့များက မှန်းထားသည်။ FBI နှင့် အခြား လုံခြုံရေးအဖွဲ့များ၏ မှန်းဆချက်အရ အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို နိုင်ငံတကာနှင့် ပြည်တွင်း အကြမ်းဖက်မှုအန္တရာယ်ရှိနေကြောင်း ခိုင်လုံသည့် အထောက်အထားမရှိဟု ဆိုသည်။

သို့သော် အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ် လူမဲသမ္မတ ဖြစ်လာသည့် အခမ်းအနားကြီး ဖြစ်သည့်အတွက် လူဖြူုသည်သာ အမြင့်မြတ်ဆုံးအယူအဆ လက်ကိုင်ထားသည့် တယူသန် ပုဂ္ဂလိက အစွန်းရောက်သမားများ၏ အန္တရာယ်ဖြစ်နိုင်ခြေ များနေသည်ဟု FBI နှင့် အခြား လုံခြုံရေးအဖွဲ့များက သုံးသပ်သည်။

အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အနှောင့်အယှက်ပေးနိုင်မည့် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်အလားအလာများတွင်-

-အရပ်လုပ်ဖောက်ခွဲရေးပစ္စည်းများသုံးပြီး တိုက်ခိုက်မည့်အန္တရာယ်၊
-ဖောက်ခွဲရေးပစ္စည်းများသုံး လက်နက်ကိုင်တိုက်ပြီး ဓားစာခံလုပ်မည့် အန္တရာယ်၊
-တဦးချင်း အသေခံ ဗုံးဖောက်ခွဲမည့် အန္တရာယ်ဟု သုံးမျိုးခွဲ စဉ်းစားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓိက လေဆိပ် (၃) ခုဖြစ်သည့် ရော်နယ်ရီဂင် လေဆိပ်၊ ၀ါရှင်တန် ဒါးလက်စ် နိုင်ငံတကာ လေဆိပ်နှင့် ဘော်လ်တီမိုး-၀ါရှင်တန် နိုင်ငံတကာ လေဆိပ်များအနက် ၀ါရှင်တန်မြို့တွင်းကျသည့် ရော်နယ်ရီဂင် လေဆိပ်အတွက် မြို့ပြလေကြောင်းဦးစီးဌာနက အထူးလုံခြုံရေးချထားသော်လည်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လေကြောင်းမှ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုမျိုး သို့မဟုတ် အဆိုပါ လေဆိပ်များကို အခြေခံပြီး တိုက်မည့် ခြိမ်းခြောက်မှုမျိုး မသိရသေးဟု သုံးသပ်သည်။

ဝါရှင်တန်ဒီစီမြို့တော် လေကြောင်းရန်ကာကွယ်ရေးဇုန် သက်မှတ်ချက်

FBI ဗုံးကျွမ်းကျင်သူများအသုံးပြုသည့် ထရပ်ကား

အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံတော် အထူးလုံခြုံရေးပွဲအဖြစ် အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ လုံခြုံရေးရာ လုပ်ငန်းစဉ်များ စီမံခြင်း၊ ညွှန်ကြားခြင်း၊ အကောင်အထည် ဖော်ခြင်း စသည့် ကိစ္စများအတွက် U.S Secret Service အမေရိကန်သမ္မတ လုံခြုံရေးအထူးတပ်ဖွဲ့က ဦးဆောင် တာဝန်ယူထားသည်။ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတ အိုဘားမားကို တိုက်ခိုက်လာသည်ဖြစ်စေ၊ ပွဲတော်အတွင်း အကြမ်းဖက်မှု ပေါ်ပေါက်လျှင်ဖြစ်စေ ထိန်းသိမ်းကာကွယ်ရေး၊ ရာဇ၀တ်မှု စစ်ဆေးရေးကိစ္စများအတွက် FBI ခေါ် ပြည်တွင်းထောက်လှမ်းရေးနှင့် ရာဇ၀တ်မှုခင်း စုံစမ်းဖော်ထုတ်ရေးအဖွဲ့က တာဝန်ယူသည်။

FBI နှင့် အမေရိကန်သမ္မတ လုံခြုံရေးအထူးတပ်ဖွဲ့အပြင် အမေရိကန် တပ်မတော်လက်အောက်ခံ (၅) ဖွဲ့၊ ကက်ပီတိုဟီး ရဲအဖွဲ့နှင့် ၀ါရှင်တန်ဒီစီ မြို့တော်ရဲအဖွဲ့များကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲလုံခြုံရေးတွင် အရေးပါသည့် တာဝန်များ ယူထားကြသည်။

အပြည့်အစုံသို့...

ဆိုင်ကယ်ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေ

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၉ ရက် ၂၀၀၉

နေပြည်တော်တွင် ယာဉ်စည်းကမ်း ပညာပေးမှု နည်းပါးသည့်အတွက် မော်တော်ဆိုင်ကယ် ထိခိုက်မှုဖြင့် သေဆုံးသူ ပျမ်းမျှ တနေ့ (၈) ဦးနှုန်းရှိသည်ဟု နေပြည်တော် တရားရုံးသတင်းရပ်ကွက်က ပြောသည်။

မော်တော်ဆိုင်ကယ် ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေနေသည်မှာ ယာဉ်စည်းကမ်းကို နားမလည်ခြင်း၊ ယာဉ်ထိန်းကြီးကြပ်မှု နည်းပါးခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးရာ စီးသူများလာခြင်း၊ မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း နားမလည်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်ဟု နေပြည်တော် တရားရေးဝန်ထမ်းတဦးက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးပြီးနောက် ဆိုင်ကယ်တစီးကို တလ တသိန်းဖြင့် ငှားပြီး ဆိုင်ကယ်တက္ကစီ မောင်းသူ များလာသည့်အပြင် ကျွမ်းကျင်မှုမရှိသည့် ဆိုင်ကယ်တက္ကစီများက ကားကို ၀င်တိုက်သည့်အမှုများလည်း မကြာခဏရှိနေသည်ဟု နေပြည်တော် ခရီးသွားများက ပြောသည်။

နေပြည်တော်ဝန်ထမ်းများမှာလည်း ပျဉ်းမနား ကားလိုင်းများ ကြပ်သည့်အတွက် အဆိုပါ ဆိုင်ကယ်တက္ကစီ များကိုသာ အားထားစီးနေရသည်။ ထို့ကြောင့် နေပြည်တော် ဆိုင်ကယ်ထိခိုက်သေဆုံးမှုတွင် နေပြည်တော် ၀န်ထမ်းများလည်း ပါဝင်သည်ဟု နေပြည်တော်ဝန်ထမ်းတဦးက ပြောသည်။

နေပြည်တော် ဆိုင်ကယ်တက္ကစီ မောင်းသူများသည် တနေ့ ကျပ်ငွေ (၃,၀၀၀) ဆိုင်ကယ်ပိုင်ရှင်ကို ပြန်ပေးရန် ရှာရသည့်အတွက် အလုအယက် အမြန်မောင်းရာမှ ထိခိုက်မှုများကြုံရသည်ဟုသည်း တရားရုံး သတင်းရပ်ကွက် က ပြောသည်။ နေပြည်တော် ကုတင် (၃၀၀) ဆေးရုံရှိ လူနာအများစုမှာ ဆိုင်ကယ်တိုက်မှုကြောင့် ရောက်လာသည့် လူနာက အများစုဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အပြည့်အစုံသို့...

အမေရိကန် သမ္မတသစ် အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲ ယနေ့ကျင်းပမည်

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၀ ရက် ၂၀၀၉

ဒီနေ့ကျင်းပမယ့် အမေရိကန်သမ္မတသစ်အိုဘားမားရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ၀ါရှင်တန်မြို့တော်မှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေ စိတ်လှုပ်ရှားနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက် သမ္မတ၊ သမိုင်းမှာ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်လူမျိုး သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မြင်ရဖို့ လူတသန်းနဲ့ နှစ်သန်းကြား ၀ါရှင်တန်မြို့တော်မှာ ရှိနေကြမယ်လို့ ခန့်မှန်းကြပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပြင်ဆင်နေကြတာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဂျင်မ် မလုံး (Jim Malone) သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

“ဒီနေ့ တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေဟာ လွယ်လွယ်ကူကူ ဖြေရှင်းလို့ရမယ့် ကိစ္စတွေလို့ ကျနော် ဟန်ဆောင် မပြောချင်ပါဘူး။ တလမက၊ တနှစ်မက၊ ဒီထက်ပိုပြီး အများကြီး ရှည်ကြာနိုင်ပါတယ်” လို့ တနင်္ဂနွေနေ့က ကျင်းပတဲ့ လင်ကွန်း အမှတ်တရရုပ်တုရှေ့ ဂီတဖျော်ဖြေပွဲမှာ ဘရက်ခ် အိုဘားမား ပြောသွား
တာပါ။

လူထုရဲ့ မျှော်လင့်ချက်တွေ မြင့်မားနေချိန်၊ ဘရက်ခ် အိုဘားမား ဒီနေ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတော့မယ်။ သူတာဝန်ယူမယ့် ရှေ့ခရီးမှာ စီးပွားရေး၊ နိုင်ငံခြားရေး
စိန်ခေါ်မှုတွေလည်း အဆင်သင့် စောင့်နေပါတယ်။

ဝါရှင်တန်မြို့တော်မှာလည်း သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ၊ ဒီလို သမိုင်းတွင်မယ့် အဖြစ်အပျက်ကို ကြည့်ခွင့် မြင်ခွင့်ရဖို့ ရာထောင်ချီတဲ့ ရပ်ဝေးကဧည့်သည်တွေ ရောက်နေကြပါတယ်။ ၀ါရှင်တန်ကိုရောက်လာတဲ့ အမျိုးသမီးတယောက်က အခုလို ပြောပါတယ်။

“ဒီပွဲက သမိုင်းမှာ အမှတ်တရကျန်ရစ်မယ့် အဖြစ်အပျက်ကြီးပါ။ ဒီနေရာကို ဘာကြောင့် လာသလဲလို့ မေးစရာမလိုပါဘူး။ ဘယ်လို ဒီနေရာကို ရောက်အောင်သွားကြမယ်၊ ဘယ်တော့သွားမလဲ၊ ဒါပါပဲ။”

ဒီလို သမိုင်းတွင်တဲ့ အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်ချင်ပါတယ်လို့ ပြောနေကြတဲ့ အထဲမှာ အိုင်အိုဝါပြည်နယ်က အလယ်တန်းကျောင်းသားတယောက်လည်း ပါပါတယ်။ သူလည်း ၀ါရှင်တန်ကို ရောက်နေပါတယ်။

“စိတ်လှုပ်ရှားစရာ တော်တော်ကောင်းပါတယ်။ ဒီအခမ်းအနားကို လာရတာကိုက တကယ့် အတွေ့အကြုံတခုပါ။ ကိုယ်တိုင်ပါဝင်ချင်လို့ အခုလို လာခဲ့တာပါ။”

ကျမ်းသစ္စာကျိန်ဆိုပွဲ မကျင်းပခင်နေ့မှာ အိုဘားမားက ၀ါရှင်တန်မြို့တော်မှာရှိတဲ့ ဝေါ်လ်တာ ရိဒ် (Walter Reed) ဆေးရုံကို သွားရောက်ပါတယ်။ ဆေးရုံမှာ ဆေးကုသနေတဲ့၊ ထိခိုက်ဒဏ်ရာရနေတဲ့ အမေရိကန် စစ်သားတွေကို တွေ့ဆုံခဲ့တာပါ။

မနေ့က တနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သူ လူ့အခွင့်အရေး ရဲဘော်ကြီး မာတင် လူသာ ကင်း (Martin Luther King, Jr.) ကို ဂုဏ်ပြုတဲ့နေ့ ရုံးပိတ်ရက်ဖြစ်ပါတယ်။ သမ္မတသစ်ဖြစ်လာမယ့် အိုဘားမားနဲ့ ဒုတိယသမ္မတ တာဝန်ယူမယ့် ဂျိုး ဘိုင်ဒန် (Joe Biden) တို့နှစ်ယောက် အများအတွက် အကျိုးပြု
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အခမဲ့ ပါဝင်ကူညီ လုပ်ဆောင်ကြပါသေးတယ်။ ဒီအချိန်မှာ ၀ါရှင်တန်မြို့တော်တ၀ိုက်မှာလည်း ကျန်းသစ္စာကျိန်ဆိုမယ့်အချိန် နီးကပ် လာနေပြီဆိုတော့ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

ဝါရှင်တန်မြို့တော်ဝန် အာဒရီယန် ဖန်တီ (Adrian Fenty) က NBC ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒီမြို့တော်ဟာ အခမ်းအနားတက်ရောက်မယ့် ကြီးမားလှတဲ့ လူအုပ်ကြီးကို လက်ခံကြိုဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အိုဘားမားကျမ်းသစ္စာကျိန်ဆိုမှာ၊ အဖွင့်မိန့်ခွန်း ပြောမှာတွေကို လူတွေက ကြည့်နိုင်ဖို့ စိတ်အားထက်ထက်သန်သန် စောင့်ဆိုင်းနေကြပါတယ်။ မြို့တော်ဝန် အာဒရီယန် ဖန်တီက အခုလိုပြောပါတယ်။

“ဒီနေ့ဟာ သိပ်ကို ထူးခြားကောင်းမွန်တဲ့ နေ့တနေ့ဖြစ်မှာပါ။ လူတိုင်းကို ဒီမြို့တော်က လှိုက်လှိုက်လှဲလှဲ စိတ်ရောကိုယ်ပါ ကြိုဆိုပါတယ်။”

ဒီလို လူတွေအများအပြားကို ကြိုဆိုမယ့် တချိန်တည်းမှာ ၀ါရှင်တန်မြို့တော်ရဲ့ လုံခြုံရေးကိုလည်း အထူးတင်းကျပ်ထားပါတယ်။

အိုဘားမားဟာ စနေနေ့ကတော့ ဖီလာဒဲလ်ဖီးယားကနေ ၀ါရှင်တန်မြို့တော်ကို ရထားစီးပြီး လာခဲ့ပါတယ်။ ၁၈၆၁ ခုနှစ်က သမ္မတဟောင်း အီဘရာဟင်မ် လင်ကွန်း(Abraham Lincoln) လာခဲ့တဲ့ ခရီးလမ်းအတိုင်း သူ့အနေနဲ့ ထပ်ချပ်မကွာ သင်္ကေတပြုပြီး ရထားစီးလာခဲ့တာပါ။ တနင်္ဂနွေနေ့ကလည်း လင်ကွန်းအမှတ်တရ ရုပ်တုရှေ့မှာ နာမည်ကြီး အနုပညာရှင်တွေ၊ အဆိုတော်တွေ ဖျော်ဖြေပွဲ ကျင်းပခဲ့ပါတယ်။

တနင်္လာနေ့မှာ ဘရက်ခ် အိုဘားမားက ဒုတိယသမ္မတဖြစ်လာမယ့် ဂျိုး ဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပေါင်ဝဲလ် (Colin Powell) နဲ့ သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) တို့ကို ညစာစားပွဲနဲ့ ဧည့်ခံပါလိမ့်မယ်။

အမေရိကန် စစ်တပ်မိသားစုတွေကို ဂုဏ်ပြုပြီး လူငယ်တွေအတွက် အခမဲ့ တေးဂီတဖျော်ဖြေပွဲတွေလည်း ၀ါရှင်တန်မြို့တော်မှာ ကျင်းပနေပါတယ်။

အဂါင်္နေ့မနက်စောစော အိုဘားမားဟာ အိမ်ဖြူတော်ကိုသွားပြီး သမ္မတဘုရှ်နဲ့ ကော်ဖီသောက်ပါလိမ့်မယ်။ အဲဒီနောက် သမ္မတဘုရှ်နဲ့ အိုဘားမားတို့နှစ်ယောက် လွှတ်တော်ကိုလာပြီး အိုဘားမား ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်သလို မိန့်ခွန်းပြောကြားပါလိမ့်မယ်။

အပြည့်အစုံသို့...

ပင်လယ်ပြင်မျော မြန်မာနှစ်ဦး သြစတြေးလျ ကမ်းခြေစောင့်တပ် ကယ်တင်

ဗွီအိုအေ၊ ဇန်န၀ါရီလ ၂၀ ရက် ၂၀၀၉

သြစတြေးလျ ကမ်းခြေစောင့်တပ်က မြန်မာငါးဖမ်းသင်္ဘောသားနှစ်ယောက်ကို ကယ်တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လှေနစ်ပြီး ၂၅ ရက်ကြာ ပင်လယ်ထဲမှာ မျောနေတာဖြစ်ပါတယ်။

တောရက်စ် ရေလက်ကြား (Torres Strait)မှာ သူတို့နှစ်ယောက်ဟာ ရေခဲပုံးကြီးတခုကိုတွဲပြီး မျောနေတာကို ကမ်းခြေစောင့် တပ်တွေက တွေ့ခဲ့တာဖြစ်တယ်လို့ သြစတြေးလျ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။

အဲဒီရေလက်ကြားက သြစတြေးလျနဲ့ ပါပူဝါ နယူးဂီနီကြားမှာ ရှိပါတယ်။ ရဟတ်ယာဉ်တစင်းနဲ့ သူတို့ကို ဆွဲတင်ခဲ့ပြီး ကြာသပတေးနေ့တုန်းက ဆေးရုံကို တင်ပေးထားခဲ့ပါတယ်။

သူတို့နှစ်ယောက် အလုပ်လုပ်ခဲ့ကြတဲ့ ငါးဖမ်းလှေဟာ ခရစ္စမတ်မတိုင်မီ နှစ်ရက်မှာ ပျက်စီးသွားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ အဲဒီနေရာက သြစတြေးလျ မြောက်ဘက်ကမ်းခြေကနေ ရေမိုင် ၂၀၀ လောက်အကွာမှာ ရှိပါတယ်။

သူတို့နှစ်ယောက်လုံး အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ကြပြီး ငါးတွေလှောင်ရာမှာ
သုံးတဲ့ ရေခဲပုံးအကြီးကြီးကို တွယ်ဖက်ပြီး အသက်ရှင်ခဲ့ကြရတာပါ။ တခြား ငါးဖမ်း
လုပ်သား ၁၈ ယောက် အသက်ရှင်မရှင်ကိုတော့ သူတို့မသိပါဘူးလို့ ပြောပါတယ်။
အဲဒီလူတွေက ထိုင်းနဲ့ မြန်မာလူမျိုးတွေ ဖြစ်ကြပါတယ်။

အပြည့်အစုံသို့...

Monday, January 19, 2009

မာတင်လူသာကင်းဆု ဒေါ်စုဆွတ်ခူး

ဧရာဝတီ၊ ဇန်န၀ါရီလ ၁၉ ရက် ၂၀၀၉

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယမန်နေ့က အမေရိကန် ပြည်ထောင်စုရှိ အဖွဲ့အစည်း တခုက ပေးအပ်သော ဆုတခုကို ရရှိခဲ့သည်။ အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါက်တာမာတင်လူသာကင်းအမှတ်တရ အဖြစ် ဂုဏ်ပြု ထူထောင်ထားသော Realizing the Dream အဖွဲ့က ပေးအပ်သည့်ဆုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား US Campaign for Burma အဖွဲ့မှ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က အခမ်းအနားတက်ရောက်ပြီး ဆုလက်ခံရယူသည်။

ဂျော်ဒန်နိုင်ငံ မိဖုရားကြီး နှင့် ဒေါက်တာမာတင်လူသာကင်း၏ သားဖြစ်သူက ဆုများကို ပေးအပ်ခဲ့ရာ မိဖုရားကြီးက “ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူဖြစ်တယ်၊ ဖိနှိပ်မှုတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ တစိုက်မတ်မတ် တွန်းလှန်ခဲ့သူဖြစ်တယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဘာသာကို အလေးအနက် ယုံကြည်သက်ဝင်သူ၊ မဟတ္တမ ဂန္ဒီရဲ့ လမ်းစဉ်တွေကို တသဝေမတိမ်း လိုက်နာသူ၊ ဒေါက်တာမာတင်လူသာကင်းရဲ့ အဆိုအမိန့်တွေကို ယုံကြည်လက်ခံသူဖြစ်တယ်။ ဖိနှိပ်တဲ့သူတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ မြန်မာလူထုကို ဦးဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်” ဟု မိဖုရားကြီးက ဆိုသည်။

ဆုလက်ခံယူသည့် ကိုအောင်ဒင်ကလည်း သမ္မတသစ် ဘားရက်အိုဘားမားသည် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်နေမှုများကို ဆက်လက်ကိုင်စွဲသွားမည်၊ နိုင်ငံတကာမိသားစုက စစ်အစိုးရကိုဖိအားပေးနိုင်ရေးအတွက် သံတမန်ရေးအရ ဦးဆောင် စည်းရုံးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသွားသည်။

“ဒေါက်တာမာတင်လူသာကင်း နဲ့ လူကြီးမင်းတို့အားလုံးလိုပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်မှာလည်း အိပ်မက်တခု ရှိပါတယ်။ အဲဒီ အိပ်မက်ကတော့ ရှင်းရှင်းလေးပါ၊ ပြည်သူလူထုကြီးကို အကြောက်တရားကနေ လွတ်မြောက်ဖို့၊ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့၊ မွေးရာပါအခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ဖို့ပါပဲ” ဟု ကိုအောင်ဒင်က Trumpet of Conscience ဆုကို လက်ခံသည့်မိန့်ခွန်းတွင် ပြောကြားသွားသည်။

“သူက မတရားတာတွေကို အတူတကွ ဆန့်ကျင်ဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့တယ်။ စစ်အစိုးရကိုလည်း အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ အစပြုဖို့ တောင်းဆိုခဲ့တယ်။ အလွှာအသီးသီးပါဝင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်လည်း တောင်းဆိုခဲ့တယ်”ဟု ကိုအောင်ဒင်က ပြောသည်။

သို့သော်လည်း စစ်အစိုးရက အာဏာကို လုံးဝ ချုပ်ကိုင်ထားပြီး၊ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်သည့် ဒေါ်စု၏ မေတ္တာရပ်ခံချက်များကို ဂရုမစိုက်ခဲ့ပါဟု ကိုအောင်ဒင်က ဆိုသည်။

အပြည့်အစုံသို့...

Sunday, January 18, 2009

လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ အဖမ်းခံရ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

မြန်မာပြည်က အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုတွေနဲ့ပတ်သက်ပြီးတော့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို တိုင်ကြားခဲ့လို့ ထောင်ချခံခဲ့ရတဲ့ လယ်သမားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူ ဟာ အောင်လံမြို့က အပြန် ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ရှေ့နေ ကိုဖိုးဖြူကို အာဏာပိုင်တွေက ဘာကြောင့် ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ အကြောင်းစုံကို စုံစမ်းထားတဲ့ မအေးအေးမာ က တင်ပြထားပါတယ်။

ပြီးခဲတဲ့အပတ်ကတည်းက အမှုစစ်ပြီးအပြန် အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းတာကို ခံခဲ့ရပြီးတဲ့နောက် အခု အပတ်မှာတော့ သူကိုယ်စား တရားရုံး ရဲ့ ထွက်ဆိုချက်တွေမှာ သက်သေအထောက်အထားနဲ့ တင်ပြနိုင်ဖို့ အချက်အလက်တွေ လာပေးရင်း ရှေ့နေ ဦးဖိုးဖြူ ဟာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပါတယ်။

ဦးဖိုးဖြူ အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦး ပြောပြတာကတော့ -

“ကိုဖိုးဖြူဟာ အောင်လံကနေပြီးတော့ မကွေးကနေ ထွက်လာတဲ့ အောင်ကမ္ဘာကားကို ရွှေမိုး လ္ဘက်ရည်ဆိုင် ကနေ ဆက်စီးပြီးတော့ ၁၀ နာရီလောက်မှာ အထွက်မှာ အောင်လံကအထွက် တောင်ဘက် တံပိုး ရွာနားမှာ အထွက်ဂိတ်ပေါ့ဗျာ။ အဲဒီဂိတ်ကနေပြီးတော့ မြို့နယ်မှူး အပါအ၀င် ရဲတွေအားလုံးက အက်စ်ပီ တွေက မကွေးက ညွှန်ကြားထားတဲ့အတိုင်း ဖမ်းဆီးပြီးတော့ ညတွင်းချင်း မကွေးကို ဂျစ်ကားနဲ့ ပို့လိုက်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။”

နတ်မောက်မြို့ က လယ်သမား ဦးလှစိုးနဲ့ အောင်လံက ဦးဇော်ဌေးတို့ ၂ ဦးဟာ သူတို့ရဲ့လယ်တွေကို စစ်တပ်ကနေ အဓမ္မ သိမ်းဆည်းတာ နဲ့ပတ်သက်ပြီး အိုင်အယ်လ်အို ကို တိုင်ကြားရင်း ဖမ်းဆီးခံလိုက်ရသူများ ဖြစ်ပါတယ်။ သူတို့ အဖမ်းခံရတာနဲ့ပတ်သက်ပြီး လူငယ်ရှေ့နေ ဦးဖိုးဖြူ က အမူလိုက်ပေးနေရာကနေ တရားရုံးမှာ ကြုံတွေ့နေရတဲ့ မမှန်ကန်တဲ့သက်သေတွေကို ခေါ်လာမှု၊ မှန်ကန်တဲ့ သက်သေတွေကို စကားပြောဆိုခွင့် မပေးတာတွေနဲ့ပတ်သက်ပြီး အခြေအတင် ဖြစ်ပြီး ရှေ့နေပါဝါကို ရုတ်သိမ်းပြီး သူနဲ့ တွဲဘက်ဖြစ်တဲ့ ရှေ့နေ ဦးအောင်သွင်လင်း ကို အမူ ဆက်လိုက်စေခဲ့ပါတယ်။ အခုအပတ် ဦးဇော်ဌေး တို့ တရားရုံးထုတ်စစ်ဆေးတဲ့ နေ့ကို သူရောက်ရှိလာခဲ့ပြီးတဲ့နောက် ရန်ကုန်အပြန်မှာ ဖမ်းဆီးခံလိုက်ရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာတော့ အခုလိုပြောကြားပါတယ်။

“အဲဒါတော့ မသိပါဘူးရှင်။ အိမ်နဲ့လည်း ဘာ အဆက်အသွယ်မှ မရှိပါဘူး။”

ဦးဖိုးဖြူနဲ့ပတ်သက်ပြီး သူဟာ ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နေတဲ့ ရှေ့နေတဦးဖြစ်ပြီး နစ်နာသူတွေဘက်ကနေ ဖိဖိစီးစီး လုပ်ဆောင်ပေးနေတဲ့သူသာ ဖြစ်ကြောင်း ဦးဇော်ဌေးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ကိုဖိုးဖြူကတော့ ကျနော်တို့ ဒီတိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတိုင်း မည်သူမဆိုပေါ့ဗျာ။ တရားဥပဒေရဲ့ အကာအကွယ် အစောင့်အရှောက် ကို ရရှိသင့်တယ်ဆိုပြီးတော့ နေတဲ့သူပဲလေ။ နောက်တခါ အခုတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုဇော်ဌေး ရဲ့ အကျိုးဆောင်အဖြစ် ဆောင်ရွက်တဲ့အခါကျတော့ ပိုပြီးတော့ ဖိဖိစီးစီး လုပ်ရတာပေါ့ဗျာ။ ကျေးရွာတွေကို ရောက်တယ်၊ ရွာသူရွာသားတွေကို တွေ့တယ်။ တရားဥပဒေရဲ့ အကာအကွယ် ရရှိဖို့အတွက် ကြိုးကြိုးပမ်းပမ်း နိုက်နိုက်ချွတ်ချွတ် ဆောင်ရွက်တတ်တဲ့အတွက် လက်ရှိ ဒီ ဆုလဒ် ရတယ်လို့ပဲ ကျနော်တို့တော့ ထင်တယ်။”

နောက်ဆုံးကြားရတဲ့သတင်းတွေအရ ဦးဖိုးဖြူ ကို မကွေးရဲစခန်းမှာပဲ အာဏာပိုင်တွေက ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

ရွှေဝါရောင်လှုပ်ရှားမှု ခေါင်းဆောင် ဦးဂမ္ဗီရ အစာငတ်ခံ ဆန္ဒပြ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

၂၀၀၇ ခုနှစ် သံဃာတော်မျာရဲ့ ရွေဝါရောင် တော်လှန်ရေး မြင်ကွင်းတရပ် (စက်တင်ဘာ ၂၄၊ ၂၀၀၇)
စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တပါး ဖြစ်တဲ့ ဂမ္ဗီရဟာ မန္တလေး အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ ဒါ့အပြင် ထောင်ဝင်စာ သွားတွေ့တဲ့ သူ့မိသားစု ကိုလည်း အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့ အပြင် အခုဆိုရင် ပါဆယ်ကိုတော့ ပေးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရှင်ဂမ္ဗီရ အနေနဲ့ မန္တလေးထောင်တွင်းမှာ ဘာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာလဲ။ ဘယ်နေ့ကစပြီး အစာငတ်ခံဆန္ဒပြခဲ့တာလဲ ဆိုတာကို သိရအောင်လို့ အရှင်ဂမ္ဗီရ ရဲ့ အစ်မဖြစ်သူကို မေးကြည့်တော့ -

“ဘယ်နေ့ကလဲဆိုတော့ ၁၃ ရက်နေ့ကလို့တော့ ပြောတယ်။ ဒီနေ့ ၁၇ ရက် ဆိုတော့ ၄ ရက်တော့ ရှိပြီပေါ့။”

ဘာအကြောင်းကြောင့် သူ ဆန္ဒပြတာလဲရှင်။ -

“အဲဒါ အမေနဲ့တွေ့မှ သိရမှာပါ။ ဘာအကြောင်းကြောင့်ဆိုတာ မေးတော့မေးတယ်။ မသိဘူးတဲ့ မေးကြည့်တော့လည်း ပြောတယ်လေ။ အယ် မိသားစု နဲ့မတွေ့ရတာလား၊ အဲဒါကလည်း တကြောင်းတော့ ပါမယ်ထင်တယ်။ အဲဒီထက် ကြီးတဲ့ဟာလည်း ရှိလိမ့်မယ်လို့တော့ ထင်တာပဲ။”

ထောင်ဝင်စာတွေရော တွေ့ခွင့်ရှိလား အစ်မ။ -

“၂ ပတ်ရှိပြီ။ မတွေ့ရတာ။ ထောင်ဝင်စာလည်း မတွေ့ရဘူး။ ပါဆယ်လည်း မပေးရဘူး။”

သူ့ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။ -

“အခု ဘယ်လိုရှိလဲ ဆိုတော့ အိပ်ယာထဲမှာ လဲနေတယ်တဲ့။ ရေတောင်မှ မသောက်ဘူး။ ရေလည်း မချိုးဘူး။ ဘာဆိုဘာမှမစားဘူး ဆိုတော့ တော်တော်တော့ စိတ်ပူနေတယ်။ အခြေအနေလည်း ဆိုးနေတယ်လို့တော့ ပြောတယ်။”

ထောင်ဝင်စာ သွားတွေ့တော့ အရှင်ဂမ္ဗီရ ရဲ့ မယ်တော်ပဲ သွားတွေ့တာလားရှင်။ -

“ပထမဆုံး ဒီဇင်ဘာ ၂၄ ရက်နေ့ တွေ့ရတုန်းကတော့ အဖေ နဲ့ အမေ သွားတာလေ။ အဲဒီတုန်းက တခေါက် တွေ့ခဲ့ရတယ်။ အဲဒါပြီးတော့ နောက် ၂ ပတ်မှာ မောင်လေးနဲ့အမေ နဲ့သွားတာပေါ့။ အဲဒါ မတွေ့ရဘူး။ ၁၄ ရက်နေ့ကပေါ့။ သူက ဗုဒ္ဓဟူး တရက်ပဲ တွေ့လို့ရတာလေ။ အခက်အခဲ ရှိတာပေါ့။ ငွေကြေး အခက်အခဲဆို ဒီလို သွားဖို့လာဖို့အတွက် တော်တော် စုယူရတယ်။ အလုပ်တွေကလည်း အရင် ဆိုင်ကယ် ၀က်ရှော့ ရှိတာနဲ့ ကုန်စုံဆိုင်ကလည်း သူတို့ ပိတ်ပစ်တယ်လေ။ ပိတ်ပစ်တယ် ဆိုတာက လူတွေမလာရဲအောင် ပိတ်တာပေါ့။ ဗုံးတွေ အလုံး ၅၀ ရှိတယ်တို့၊ လက်နက်တွေ တွေ့တယ်တို့ ဆိုတော့ လူတွေက မလာရဲကြတော့ဘူး။ အဲဒီတော့ လုံးလုံး ပိတ်ပစ်ရတယ်။ အဲဒီလို နေ့စဉ်ဝင်ငွေလည်း မရှိ၊ ဘာ ၀င်ငွေ မှလည်း မရှိတဲ့အခါကျတော့ ဦးပဉ္ဖင်းကို အပတ်စဉ် ကူဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ တော်တော် ကြိုးစားရတယ်။”

ဒါကတော့ မန္တလေးအကျဉ်းထောင်တွင်းမှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သံဃာလှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဗီရ အစာငတ်ခံဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။

အပြည့်အစုံသို့...

လှေစီးပြေး ဒုက္ခသည်များ အပေါ် ရက်စက်မှု ထိုင်း ငြင်းဆို

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကနေ လှေနဲ့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ကို ထိန်းသိမ်းထားပြီးတဲ့နောက်၊ ပင်လယ်ထဲ မှာ လှေ နဲ့ အသေခံ ပစ်ထားခဲ့တယ် ဆိုတဲ့ သတင်းတွေ ကို ထိုင်း စစ်တပ် က ငြင်းဆိုလိုက်ပါတယ်။

ဒုက္ခသည်တွေ နဲ့ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့သူတွေ ကို ပင်လယ်ထဲ အဓမ္မ ပြန်ထွက်သွားအောင် စစ်တပ် က လုပ်ခဲ့တယ် ဆိုတဲ့ သတင်း ကို ထိုင်းစစ်အရာရှိတွေ က ငြင်းဆိုကြတာပါ။ ပြန်နှင်ထုတ်တာသာ ဖြစ်ပါတယ်လို့ ထိုင်းစစ်တပ် အရာရှိတွေ က ပြောပါတယ်။ အချက်အလက် အားလုံး နဲ့ အဲဒီ ကိစ္စ ဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင် အခြေအနေ ကို စစ်ဆေးနေပါတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ကျေညာချက် ကတော့ ဆိုပါတယ်။

ထိုင်းအစိုးရ က စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး က သောကြာနေ့ မှာ တောင်းဆိုခဲ့ပါတယ်။

သူတို့ ကို ထိုင်း ရေတပ် က ဝေးလံခေါင်ဖျား ကျွန်းတစ်ကျွန်းမှာ ရက်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပြီး၊ လှေပေါ်တင် ပင်လယ်ထဲ ကို ပြန်ဆွဲသွားခဲ့တယ်လို့ စာနယ်ဇင်းသမားတွေ နဲ့ လူ့အခွင့်အရေး အုပ်စုတွေ ကို စကားပြောခဲ့ကြတဲ့ အသက်ရှင် ကျန်ရစ်သူတွေ က ဆိုပါတယ်။

လူ ၄၀၀ လောက် ပါတဲ့ အဲဒီ အုပ်စု မှာ အဓိက က မြန်မာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဖြစ်ကြတယ်လို့ အသက်ရှင် ကျန်ခဲ့သူတွေ က ပြောပါတယ်။

သူတို့ ကို စက်မပါတဲ့ လှေတစ်စင်းပေါ်တင်ပြီး အစားအစာ နဲ့ ရေနည်းနည်း နဲ့ ဒီဇင်ဘာလ အတွင်း က ပင်လယ်ထဲ ပြန်မျှောထားခဲ့တယ်လို့ သူတို့က ပြောပါတယ်။ လူလေးယောက် ကို လက် ကြိုးတုပ်ပြီး၊ ရေထဲ ပစ်ချခဲ့တယ်လို့ သူတို့ က ဆိုကြပါတယ်။

အဲဒီ လူ ၄၀၀ ထဲ က အများစု က ရေနစ်သွားခဲ့ကြပြီး၊ ၁၀၀ လောက် က အိန္ဒိယ နိုင်ငံ အန်ဒမန် ကျွန်းတွေ ကို ရောက်သွားခဲ့ကြပါတယ်။

အပြည့်အစုံသို့...

Saturday, January 17, 2009

လှိုင်းရိုင်းမဲလ်တယ်

အပြည့်အစုံသို့...

ထိုင်းအစိုးရရဲ့ မြန်မာပြည် သဘောထား ဒီမိုကရေစီအင်အားစု ထောက်ခံ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၇ ရက် ၂၀၀၉

မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတွင်းမှာ ပြောင်းလဲမှုတွေလုပ်ဖို့ အသစ်တက်လာတဲ့ ထိုင်း အစိုးရ က တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထားရှိသွားမယ့် ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့ ဒေသတွင်း အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့လည်း အခုထက်ပိုပြီးတော့ တက်တက်ကြွကြွနဲ့ တိုက်တွန်း ဆောင်ရွက်သွားဖို့ ထိုင်းအစိုးရက မျှော်လင့်နေတဲ့အကြောင်း ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘင် (Ron Corben) ရဲ့ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေကို ထိုင်းဝန်ကြီးချုပ် သစ် အဘီဆစ် ၀ိုက်ချာချီဝ (Abhisit Vejjajiva) က ဒီအပတ်ထဲမှာပဲ သူ့ရဲ့ အဓိက မိန့်ခွန်းတခု မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့သတိပေးပြောဆိုမှုတွေက ဒေသတခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်နိုင်ခဲ့ပါတယ်။

မှန်ကန်တဲ့ချဉ်းကပ်မှုနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကနေဆင့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင် ထိုင်းအစိုးရအနေနဲ့ တိုက်တွန်းသွားမယ်လို့ ဒီတပတ်အတွင်း နိုင်ငံခြားသတင်းထောက်များ ကလပ် FCCT မှာ မစ္စတာ အဘီဆစ် ပြောသွားခဲ့တာဖြစ်ပါတယ်။

လတ်တလော အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရင်းပစ်ဆူဝမ် (Surin Pitsuwan) ချမှတ်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု က လူ့အခွင့်အရေး ကိစ္စလိုမျိုး အကြောင်းအရာတွေမှာ ပိုပြီးတော့ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။

“အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့အတွက်က နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေက ကျန် ဒေသတခုလုံးကို အကျိုးသက်ရောက်စေတယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်ကျရောက်နေပြီဆိုတာကို ကျနော် ထောက်ပြမှာပါ။ ကျနော်တို့ အလေးထားတဲ့အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အခုထက်ပိုပြီးတော့ တက်တက်ကြွကြွ လုပ်ဖို့ လိုပါတယ်။ ဒါဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုပေမယ့် ဒီလိုမျိုး အပြောင်းအလဲတွေ နဲ့ တိုးတက်မှုတွေကို ကျနော်တို့ တွေ့မြင်ခဲ့ဖူးပါတယ်။”

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ချီရှာဝဒ် အစိုးရလက်ထက်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက်သာ ဦးစားပေးခဲ့ပါတယ်။ အပြုသဘောဆောင် ချဉ်းကပ်မှု မူဝါဒအောက်မှာ ထိုင်း နဲ့ အာဆီယံ တို့ဟာ မြန်မာစစ်အစိုးရ နဲ့ ဆက်ဆံတဲ့နေရာမှာ သိသာထင်ရှားမှု မရှိတဲ့ သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့က မြန်မာကျောင်းသားခေါင်းဆောင် ဒေါက်တာ နိုင်အောင် က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို အဓိကထား ချဉ်းကပ်ဆောင်ရွက်မယ့် ထိုင်းအစိုးရသစ်ရဲ့ ချဉ်းကပ်မှုကို ကြိုဆိုပါတယ်။

“ထိုင်းအစိုးရသစ် ဟာ လူ့အခွင့်အရေး အခြေခံပေါ်မှာ ရပ်တည်မှာပါ။ ဒါကြောင့် ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ပိုပြီးတော့ အလေးထား ရပ်တည်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ အာဆီယံအဖွဲ့ကနေ တဆင့် ချဉ်းကပ်မယ်ဆိုရင်တော့ ဒီချဉ်းကပ်မှုက ခက်ခဲနေဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ - အာဆီယံ အနေနဲ့က ၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကို လက်ကိုင်ထားနေဆဲ့ ဖြစ်တာကြောင့်ပါ။”

Alternative ASEAN လို့ခေါ်တဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ စင်ပြိုင် အာဆီယံအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဒက်ဘီ စတော့ဟက် (Debbie Stothardt) က လည်း ထိုင်းအစိုးရရဲ့ မူဝါဒ ထဲမှာ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးရမယ်ဆိုတာကို တောင်းဆိုဖို့ လိုတယ် လို့ ဆိုပါတယ်။ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌရာထူး ယူထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အရေးမှာ အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးဟာလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ထိုင်းနိုင်ငံမှာပြုလုပ်ဖို့ ရှိနေပါတယ်။

“လက်ရှိ ထိုင်းအစိုးရသစ်အပါအ၀င် တခြား အာဆီယံ အဖွဲ့ဝင် အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံပြဿနာကို ကိုင်တွယ်ရာမှာ နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်အ၀ ရှိဖို့လိုပါတယ်။ အာဆီယံ အနေနဲ့ သိရမှာက မြန်မာစစ်အစိုးရဟာ ယဉ်ကျေးတဲ့ သံတမန်ရေးအရ ဆက်ဆံပြောဆိုမှုတွေကို လေးစားလိုက်နာမှာမဟုတ်ပါဘူး။ အာဆီယံအနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချထားတယ်ဆိုတာကို ပြသနိုင်မှသာ အာဆီယံကို လေးစားလိုက်နာမှာပါ။”

မြန်မာ့အရေးဆောင်ရွက်နေတဲ့ စင်ပြိုင် အာဆီယံအဖွဲ့ က ဒက်ဘီ စတော့ဟက် ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ က သူ့ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးခြေလှမ်းတွေ လှမ်းနိုင်ဖို့ အစိုးရ အနေနဲ့ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေ့လာသုံးသပ်သူ တော်တော်များများကတော့ - စစ်အစိုးရဟာ စစ်တပ်ကို အလေးပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အခြေခံပြီးတော့ ပါလီမန်သစ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ဆက်ယူနိုင်အောင် ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ စစ်အာဏာသိမ်းခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လက်ရှိအစိုးရကတော့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းယူခဲ့တဲ အစိုးရဖြစ်သလို လတ်တလော နေအိမ်အကျယ်ချုပ် ကျခံနေ့တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်ရှင်။

အပြည့်အစုံသို့...

ကရင်သူပုန်များကို တိုက်ခိုက်ရန် နောက်ထပ် တိုက်ပွဲ မကြာမီ စတင်မည်

မဇ္ဈိမ-ဒယ်နီရယ် ပီဒါဆင်၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၀၉

မဲဆောက် (မဇ္ဈိမ)။ ။ ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အထူးတပ်ရင်း ၁ဝ၃ ကို တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ မှ တပ်ဖွဲ့ဝင်များဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက် ရှိသည်။

အထူးတပ်ရင်း အမှတ် ၁ဝ၃ သည် လွန်ခဲ့သောအပတ်က ယင်း၏အခြေခံစခန်းကိုဆုံးရှုံးခဲ့ရပြီး၊ လွန်ခဲ့သော ၇ ရက်လုံးလုံး တချိန်လုံး ရွှေ့ပြောင်းနေခဲ့ရသည်။ ရန်သူကို အာရုံလွှဲနိုင်ရန် မြေမြှုပ်မိုင်းများ၊ ရှေ့ထွက်မိုင်းများ အသုံးပြုခဲ့ကြရသည်။

ထိုင်းနိုင်ငံ ဖုပ်ဖရ (Phop Phra) ခရိုင်အတွင်း ဖြစ်ပွါးနေသော တိုက်ပွဲမှာ ထိုင်းမြန်မာနယ်စပ် မြောက်ပိုင်း တလျှောက် လွန်ခဲ့သောနှစ် ဇွန်လ ၃ဝ ရက်နေ့ကတဲက ဘတပြန် ကျားတပြန် ဖြစ်နေခဲ့သည်။

လွန်ခဲ့သော အပတ်ကမူ မြန်မာအစိုးရ တပ်ဖွဲ့များက တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းကို သိမ်းပိုက်မိခဲ့ပြီး၊ ဖျက်ဆီးပစ်ခဲ့သည်။ ဤစခန်းသည် နေရောင်ခြည် စွမ်းအင်သုံးမီးများ၊ ငါးကန်များ၊ အလွန်ကြီးသော စပါးကျီနှင့် အနီးအနား ရွာ ၂ ရွာမှ လူပေါင်း ၈ဝဝ ခန့်ကို ဆေးဝါး ကုသပေးနေခဲ့သော ဆေးခန်းတို့ဖြင့် အကြီးအကျယ် တည်ဆောက်ထားခြင်း ဖြစ်သည်။

KNLA သည် လွန်ခဲ့သော နှစ်ကတည်းက ဤစခန်းကို ဆုံးရှုံးလိုက်၊ ပြန်အရယူလိုက်ဖြစ်နေခဲ့ပြီး ယခုအခါမှာမူ ပြန်ရ နိုင်စရာ မရှိတော့ပါ။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် အဓိကကျသော အဖွဲ့အချို့ အနက်မှ တခုဖြစ်ပြီး (KNLA) သည် ဤအဖွဲ့၏ လက်နက်ကိုင်တပ် ဖြစ်သည်။

တပ်မှူး ဗိုလ်မှူးကြီး နဒါးမြ က သူတို့၏ အခြေခံစခန်းကို ဆုံးရှုံးခဲ့ပြီး၊ ယခုအခါ သူ့တပ်ဖွဲ့ဝင်များသည် မြောက်ဘက်ရှိ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို ကာကွယ်ရန် ပြန်လည်စုဖွဲ့ နေရာယူမှုများ ပြုလုပ်လျက် ရှိသည်ဟု ပြောသည်။

ဤစခန်းသည် ၁၉၉၈ ခုနှစ်ကတည်းကတည်ရှိခဲ့ပြီး၊ ယမန်နှစ် ဂျူလိုင်လအတွင်း ခေတ္တ သိမ်းပိုက်ခံခဲ့ရသေးသည်။ သို့သော် ၃ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးနောက် ပြန်လည် အရယူနိုင်ခဲ့သည်။

လွန်ခဲ့သော အပတ်က ဖြစ်ပွါးခဲ့သော တိုက်ပွဲများ၌ နအဖ (SPDC) တပ်များ အလွန်အထိနာခဲ့ပြီး ထိုင်းနိုင်ငံမဲဆောက် ဆေးရုံတွင် စတီး လက်တွန်းလှည်းများဖြင့် တွန်းယူလာသော မိုင်းထိ မြန်မာစစ်သား လူနာများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤတိုက်ပွဲ ဖြစ်ပွါးရာနေရာသည် တောင်ပေါ်ရှုခင်းသာများ ရှိသဖြင့် ကမ္ဘာလှည့် ခရီးသည်များ လာရောက်လေ့ရှိသော ထိုင်းနိုင်ငံ အုန်းဖန် (Umphang) ဒေသ၏ တဘက်တွင် တည်ရှိသည်။

နအဖတပ်များသည် ဝါးလေခီးစခန်းကို အကြီးအကျယ် တိုက်ခိုက်ရန် ကြာသပတေးနေ့က နေရာယူထားခဲ့ပြီး၊ ထိုစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မမှန်ဘဲ လွဲချော်သွားခဲ့သည်။

စခန်းအနီးရှိ တောင်ကုန်း အမြင့်များပေါ်တွင် အစိုးရတပ်များ နေရာယူထားနိုင်ပြီး ထိုနေရာများမှ ၈၁ မမ စိန်ပြောင်း များဖြင့် ပစ်ခတ်လျက် ရှိသည်။

KNLA တွင်လည်း သံချပ်ကာယဉ်များပေါ်တွင် တပ်ဆင်ထားလေ့ ရှိသည့် အလွန်ကြောက်မက်ဘွယ်ကောင်းသော ပွိုင့် ၅ (လက်မ) စက်သေနတ်ကြီး ရှိသည်။

KNLA ကဤစခန်းကို အသဲအသန် ထိန်းသိမ်းထားလိုသည်မှာ ဤစခန်းသည် ဒေသတွင်း ထူးခြားအရေးပါသော စခန်းဖြစ်၍ သင်တန်းခန်းမများ၊ ဆေးပေးခန်းများ ရှိခြင်းကြောင့်သာမဟုတ်၊ စစ်သင်းချိုင်းလည်း ဤစခန်းတွင်ရှိ နေသောကြောင့် ဖြစ်သည်။

နအဖ သည် ဤဒေသအတွင်း ထွက်ရှိသည့် ထူးခြားသော သတ္တုသိုက်များဖြစ်သည့် ရွှေ၊ သံဖြူ၊ သွပ်၊ အဖြိုက်နက် (ခနောက်စိမ်းကို ယင်းမှ သန့်စင် ထုတ်ယူသည်) တို့ကို လုယူ၍ “စီးပွါးရေးအရ အပြည့်အဝ ထိန်းချုပ်” ထားလိုသည့် အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သူပုန်တပ်ဖွဲ့က ပြောဆိုပါသည်။

မည်သည့် အဖွဲ့ကပင်ဖြစ်စေ၊ သူတို့ အရင်းအနှီးများအတွက် လုံခြုံရေး အာမခံချက်သာ အပြည့်အဝ ပေးနိုင်မည်ဆိုပါက အဆိုပါ သတ္တုများကို တူးဖော်ထုတ်ယူရန် ထိုင်ဝမ်နှင့် ထိုင်း သတ္တုတူး ကုမ္ပဏီများက အသင့် စောင့်ဆိုင်းနေကြသည်။

ဒေသအတွင်း KNLA ၏ လှုပ်ရှားမှုသည် အမြဲတမ်း မရေမရာသာ ရှိခဲ့သော်လည်း ယခုနောက်ဆုံး ဖြစ်ပွါးနေသော တိုက်ပွဲများသည် နှစ်ပေါင်းများစွာအတွင်း ဖုပ်ဖရ ဝန်းကျင်၌ ဖြစ်ပွါးခဲ့သော တိုက်ပွဲများအနက် အရှည်ကြာ အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်သည်။

အကူအညီပေးရေး လုပ်သားများ၏ အပြောအရ နယ်စပ် တဘက်တချက်တွင်ရှိသော ဟက်တာရာ ပေါင်းများစွာ ရှိသည့် ပြောင်းခင်းများကိုပင် မရိတ်သိမ်းတော့ဘဲ ထိုင်းလယ်သမားများသည် ကရင် ဒုက္ခသည် စခန်းများဆီသို့ ဦးတည်လာနေ ကြသည်ဟု ဆိုသည်။ ထိုနေရာတွင် သူတို့အတွက် အနည်းဆုံး စားစရာတော့ ရမည်။

ထိုင်းကြည်းတပ်ကလည်း ထိုဒေသအတွင်း နယ်စပ်တလျှောက် အင်အား ဖြည့်တင်းချထားမှုများ ပြုလုပ်ခဲ့ပြီး၊ အဝင် အထွက် အားလုံးကို သေချာစွာ စောင့်ကြည့်နေသည်။

ဤဒေသအတွင်း KNLA ၏ အနာဂါတ်အတွက် ယခု ရက်သတ္တပတ်ကုန်ပိုင်းသည် အရေးပါသော အချိန်ဖြစ်လိမ့်မည်။

ပြင်းထန်စွာ ဖြစ်ပွါးသော တိုက်ပွဲများကြောင့် ပြန်လည် ဆုတ်ခွါရန်မှာ မဖြစ်နိုင်တော့ဘဲ ဝါးလေခီးစခန်းမှာ သေချာပေါက် ဖျက်ဆီးခံရတော့မည့်ပုံ ရှိနေသည်။

တနင်္လာနေ့ကလည်း ဗြိတိသျှလူမျိုး ဓါတ်ပုံဆရာတဦးကို စောင်ဖြင့်အုပ်၍ ထိုင်းနိုင်ငံ ဘေးလွတ်ရာသို့ တောတွင်းမှ ခေါ် ထုတ်လာခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ကလည်း အလားတူ နိုင်ငံခြားသား စေတနာ့ ဝန်ထမ်းတဦးကို သင်တန်းအစီအစဉ် တခုကို ရပ်တန့်၍ တိုက်ပွဲများ မဖြစ်ပွါးမီ ထွက်ခွါခိုင်းခဲ့ရသည်။

ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင်လည်း မဲဆောက် အထွေထွေဆေးရုံကြီး၏ စင်္ကြံများပေါ်တွင် လူနာတင် လက်တွန်း လှည်းများ သွားလာနေသည်ကို တွေ့မြင်ကြရဦးမည်။

အပြည့်အစုံသို့...

အမေရိကန်ဒဏ်ခတ်မှုကို မဝေဖန်လိုဟု မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ပြော

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၆ ရက် ၂၀၀၉

မိမိလူမျိုးကောင်းအောင် လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် မက်စ်မြန်မာကုမ္ပဏီအား အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးဒဏ်ခတ်သည့်ကိစ္စအပေါ် ဝေဖန်မှုမလုပ်လိုကြောင်း မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ခေတ်ပြိုင်သို့ ပြောသည်။

မြန်မာစစ်အစိုးရအား ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် ပံ့ပိုးပေးခဲ့သည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်နှင့်တကွ ၎င်းပိုင် မက်စ်မြန်မာကုမ္ပဏီ (၈) ခု အား စီးပွားရေးဒဏ်ခတ်ထားသူများ စာရင်း (Specially Designated Nationals) တွင် ထည့်သွင်းကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့တွင် ကြေညာထားသည်။

ယခုကဲ့သို့ အမေရိကန်အစိုးရ၏ စီးပွားရေးဒဏ်ခတ်မှုအပေါ် မည်ကဲ့သို့ သဘောထားပါသနည်းဟု ခေတ်ပြိုင်က မေးမြန်းရာ မက်စ်မြန်မာကုမ္ပဏီမှ ဦးဇော်ဇော်က “သဘောကတော့ ဘာမှမရှိပါဘူး။ ကျနော် ကိုယ့်တိုင်းပြည်ကို ချစ်တာပဲ။ ကိုယ့်လူမှုရေးကိစ္စကိုပဲ လုပ်တယ်။ သမာအာဇီဝလုပ်တယ်။ ကိုယ့်လူမျိုးတွေ ကောင်းအောင်ကြိုးစား တယ်။ သူများနဲ့ ပတ်သက်လို့တော့ ဘာမှမပြောလိုပါဘူး။ သူတို့လည်း သူတို့အလုပ်လုပ်တာပဲ။ ကျနော့်ရင်ထဲက တော့ ကျနော်တို့တိုင်းပြည်အတွက် ကျနော်ဘောလုံး (ဥက္ကဋ္ဌ) လုပ်တယ်။ လူမှုရေးလုပ်တယ်။ ကလေးတွေ စာသင်ပေးတယ်။ ၀န်ထမ်းသုံးထောင်ကျော် နေ့စဉ်ထမင်းစားဖို့ ကျနော်ကြိုးစားနေတယ်။ ကိုယ့်လူမျိုးကို ချစ်တယ်ဗျာ။ ဒီခံယူချက်ပဲရှိတယ်။ ကျန်တာက သူတို့ဘာလုပ်လုပ် ကျနော်မပြောလိုပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကျနော့် စိတ်ထဲမှာ ဘာမှမရှိပါဘူး” ဟု ပြောသည်။

ဒဏ်ခတ်မှုများကြောင့် ကုမ္ပဏီအနေဖြင့် မည်ကဲ့သို့သော ထိခိုက်မှုများရှိလာမည်ဟု မျှော်မှန်းထားပါသလဲဟု ဆက်လက်မေးမြန်းရာ “ဒါကတော့ ကျနော်တို့က အများကြီးကြိုပြီး မျှော်မှန်းထားတာမရှိပါဘူး။ ကျနော်တို့က လည်း..ဟို..အများကြီးတော့.. ဘာမှကြိုပြီးတော့ တွက်မထားပါဘူးခင်ဗျ” ဟု မက်စ်မြန်မာ ကုမ္ပဏီ၏ အကြီးအကဲရာထူးကို ရယူထားသူ ၎င်းက ကုမ္ပဏီ၏ရှေ့ရေးအလားအလာကို တွက်ဆမထားမိကြောင်း ပြောသည်။

မက်စ်မြန်မာ ဥင်္ီးဇော်ဇော်သည် မြန်မာစစ်ခေါင်းဆောင်ပိုင်းအပေါ် ငွေကြေးအရှိန်အ၀ါ သြဇာရှိသည့်အကြောင်း ပြည်တွင်း သတင်းထောက်တဦးကပြောရာတွင် “သူစစ်အစိုးရနဲ့ ပတ်သက်မှုအတိုင်းအတာ ဘယ်လောက် ထိရှိတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဗိုလ်ချုပ်ကြီးတွေကို သူလိုရာတောင်းနိုင်တယ်။ ထဲထဲဝင်ဝင် ပတ်သက်မှုရှိနိုင်တယ်ဆိုတာကိုတော့ ၂၀၀၇ ခုနှစ်အတွင်း မြန်မာအမျိုးသမီးအသင်းဗိုလ်စွဲတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီအထိ တိုက်ရိုက်ဖုန်းဆက်ပြီး အကြောင်းကြားတယ်။ နောက် တခြား တိုင်းမှူးတွေ၊ ၀န်ကြီးတွေဆီကိုလည်း ဖုန်းဆက်ပြီး ကောင်မလေးတွေကို ဆုချပါဆိုပြီး ပြောတော့ အားလုံးက သူတို့တော့ ဘယ်လောက်ဆုချပါမယ့်ဆိုပြီး သူ့ဆီကို ချက်ချင်းအကြောင်းပြန် ကြရတာကတော့ ကျနော်တို့ မြင်တွေ့ကြား သိခဲ့ရတာတွေပေါ့” ဟု ပြောပြသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ရာတွင် ပုံစံအမျိုးအမျိုးရှိသည်။ ဥပမာ အမေရိကန် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန်တားမြစ်သည့် ဒဏ်ခတ်မှု (Sanctions for new investment)၊ စစ်အစိုးရပိုင် လုပ်ငန်းများကို ပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာဒဏ်ခတ်မှု (Financial Sanctions)၊ ၂၀၀၈ ခုနှစ်မှာ ထပ်မံပြဋ္ဌာန်းသည့် မြန်မာ ကျောက်မျက်ရတနာများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ပင်သည့် ဒဏ်ခတ်မှု (Block Burma Jade Act)၊ မြန်မာစစ်အစိုးရအား ထောက်ပံ့ပေးနေသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ (ဥပမာ ဘိန်းဘုရင် လော်စစ်ဟန်နှင့်သား စတီဗင်လော၊ ဦးတေဇ စသည်) အား အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းရှင်များနှင့် မဆက်ဆံရမည့်သူများအဖြစ် နာမည်ပျက်စာရင်း သွင်းသည့်နည်း စသဖြင့် အမျိုးမျိုးရှိသည်။

၁၉၉၇ ခု မေလ (၂၀) ရက်မှစတင်၍ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ် မလုပ်ရန်တားမြစ်သည် ဒဏ်ခတ်မှုကို စတင်သည်။ အမေရိကန် သမ္မတဘုရှ်သည် လက်ရှိ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများအား တိုးချဲ့ထားသည့် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့၌ လက်မှတ် ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် အခြေ အနေအရပ်ရပ်အပေါ်တွင် ဆောင်ရွက်မှုများ ပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှု ဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်။

ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖက ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီ အင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါး တန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း စသည်တို့ ပါဝင်သည်။

အပြည့်အစုံသို့...

ဒဂုံဝင်းအောင်နှင့် Max ဇော်ဇော်တို့ကို USက ဒဏ်ခတ်

ဧရာဝတီ၊ ဇန်န၀ါရီလ ၁၆ ရက် ၂၀၀၉

သမ္မတ သက်တမ်း လေးရက်သာ ကျန်တော့သည့် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက မြန်မာ ဗိုလ်ချုပ် ကြီးများနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး နှစ်ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ယမန်နေ့က ထည့်သွင်းလိုက်သည်။

၎င်းတို့ နှစ်ဦးမှာ စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့သည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်၊ Max Myanmar ကုမ္ပဏီအကြီးအကဲ ဦးဇော်ဇော်တို့ ဖြစ်သည်။

အဆိုပါစာရင်းထဲတွင် ကနေဒါ-မြန်မာ ဖက်စပ်လုပ်ငန်းတခုဖြစ်သည့် မြန်မာ အိုင်ဗင်ဟိုး ကုမ္ပဏီလည်း ပါဝင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးအဖွဲ့ (OFAC)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ဒီမိုကရေစီအရေး ဆောင်ရွက်နေသူများကို နှိပ်ကွပ်နေသမျှကာလပတ်လုံး မြန်မာစစ်အုပ်စုအပေါ် ပြင်းထန်သည့် ဒဏ်ခတ်မှုများကို ချမှတ်ရန် လိုအပ်ကြောင်းကို အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ထားပြီးဖြစ်သည်” ဟု OFAC ညွှန်ကြားရေးမှူး Adam J Szubin က ကြေညာချက်တွင် ပြောကြားထားသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကျဉ်းချထားခြင်းသည် စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝန်း၏ အလေးအနက်ထားမှုကို လိုလားမှုမရှိကြောင်း ပြသနေသည်၊ လူ့အခွင့်အရေး ချိုးဖောက်ရာတွင် အဆိုးဝါးဆုံးဖြစ်သော အစိုးရကို ဆက်လက်ဖိအားပေးရမည်ဟူသည်ကိုလည်း ပြသနေကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတသစ် မစ္စတာ အိုဘားမား၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဖြစ်လာတော့မည့် Susan Rice ကလည်း မြန်မာစစ်အုပ်စုအပေါ် အရေးယူ ပိတ်ဆို့မှု မျိုးစုံ ပြုလုပ်ရေးကို ထောက်ခံပါကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီတွင် ပြောကြားလိုက်သည်။ ဤကြေညာချက် ထွက်သည့်နေ့တွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတဘုရှ်၏ သက်တမ်းတွင် အမေရိကန် အစိုးရက အနောက်နိုင်ငံများကို ဦးဆောင်ပြီး မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ခဲ့သည်။ စစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့်နီးစပ်သူများ၊ အဓိကကျသည့် နိုင်ငံပိုင် လုပ်ငန်းများ စသဖြင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁ဝဝ ခန့်ကို ဒဏ်ခတ် အရေးယူသည့် စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်သည်။

ဦးဇော်ဇော်သည် Max Myanmar ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ကျောက်မျက်၊ ကျွန်းသစ်၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းတို့ကို လုပ်ကိုင်လျက်ရှိသည်။

ကြေညာချက်တွင် ဖော်ပြထားချက်အရ Max Myanmar ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေသည်ဟု ဆိုသည်။ အရေးယူသည့်စာရင်းတွင် Max Myanmar ကုမ္ပဏီအုပ်စုမှ ကုမ္ပဏီ ၈ ခု ပါဝင်သည်။

ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီအကြီးအကဲ ဦးဝင်းအောင်သည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများဖြင့် စစ်အစိုးရကို အကျိုးပြုနေပြီး၊ စစ်အစိုးရကို ငွေကြေးအမြောက်အများ လှူဒါန်းလျက်ရှိသည်ဟု ကြေညာချက်က ဆိုသည်။

ယခု ဖြည့်စွက်လိုက်သည့် စာရင်းတွင် စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သော ဦးတေဇ၏ ဟိုတယ်လုပ်ငန်းတခု နှင့် စင်္ကာပူနိုင်ငံသူ Cecilia Ng ၏ လုပ်ငန်းများ ပါဝင်သည်။

ဤအတောအတွင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဖြစ်လာတော့မည့် Susan Rice က နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာ့အရေးတွင် ပိုမို ဆောင်ရွက်ရန် လိုအပ်သည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

Susan Rice သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်တော့မည့် မစ္စတာ အိုဘားမား၏ နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်ပြီး အဓိက အကြံပေးသူတဦးအဖြစ် အများကယူဆကြသည်။

သူက မြန်မာပြည်ကို အပြစ်မဲ့ပြည်သူများကို ဖိနှိပ်သည့် ကမ္ဘာပေါ်မှ နိုင်ငံတခုအဖြစ် သတ်မှတ်ထားသည်။

“စစ်အစိုးရကို နည်းမျိုးစုံနဲ့ ဒဏ်ခတ်ပိတ်ဆို့ရမှာပဲ” ဟု သူက ဆိုသည်။

အပြည့်အစုံသို့...

ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရ သက်တမ်းမရှိတော့ဟု ဒေါ်စန်းစန်းပြော

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၁၅ ရက် ၂၀၀၉

ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရသည် သက်တမ်းပြည့်ပြီ ဖြစ်သည့်အတွက် အဆိုပါစင်ပြိုင်အစိုးရ မရှိတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းက ခေတ်ပြိုင်သို့ ပြောသည်။

မကြာခင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့တွင် ကျင်းပမည့် အမ်ပီယူညီလာခံ၌ နောက်တက်မည့်အစိုးရအား ရှေ့လုပ်ငန်းစဉ်များ ချပြသွားမည်ဖြစ်သည်ဟု ဒေါ်စန်းစန်းက ပြောသည်။

သက်တမ်းမရှိတော့သည့် ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား အရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါအစိုးရမှတဆင့် လွှတ်တော်ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်စန်းစန်းက ဆက်လက်ရှင်းပြသည်။

ဒပ်ဗလင်မြို့တွင် ညီလာခံကျင်းပမည့်ကိစ္စ၊ ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရအား တိုးချဲ့ရေးကိစ္စတို့နှင့်ပတ်သက်၍ အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်က အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းခဲ့သည်။

အပြည့်အစုံသို့...

Friday, January 16, 2009

အပြည့်အစုံသို့...

Wednesday, January 14, 2009

မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ

ဗွီအိုအေ၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို လေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်းနိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာ ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကို မဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။

“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစလွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့
လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရတာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။

အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်းမြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom House
အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်နိုင်ငံက မလွတ်လပ်တဲ့ အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့ သူမက ဆိုပါတယ်။

“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေးတွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”

နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြားသုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေ
စိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။ လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။

“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”

လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇ သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာနိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့
၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

အပြည့်အစုံသို့...

စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အသစ် ရွေးချယ်မည်

မဇ္ဈိမ-နန်းဒေ၀ီ၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၀၉

နယူးဒေလီ (မဇ္စျိမ) ။ ။ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို အိုင်ယာလန်နိုင်ငံတွင် ယခုလအတွင်း ပြုလုပ်သွားမှာဖြစ်သည်။

၎ နှစ်တကြိမ် ပြုလုပ်သည့် ၀န်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ပြည်ပရောက် ပါလီမန်အမတ်များက လျှို့ဝှက်မဲပေးခြင်းဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရမှ ၀န်ကြီးတဦးဖြစ်သူ ဒေါက်တာစန်းအောင်က ပြောသည်။

ယခုလုပ်မည့် အစည်းအဝေးတွင် လွှတ်တော်အမတ်များသမဂ္ဂ (MPU) မှ အမတ်ပေါင်း ဦးရေ ၃၀ ကျော် တက်ရောက်မည်ဖြစ်ပြီး၊ ၀န်ကြီးချုပ်အသစ် ရွေးချယ်ခြင်း၊ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်။

၁၀ ရက်တာ ကြာမြင့်မည်ဆိုသည့် အစည်းအဝေး၏ ပထမပိုင်း ၅ ရက်တွင် အမတ်များ အစည်းအဝေး ပြုလုပ်ခြင်းနှင့် ဒုတိယပိုင်း ၅ ရက်ကို တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား လူမျိုးများကောင်စီ (Ethnic Nationalities Council) ၊ SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် အပါအ၀င် အခြားအဖွဲ့အစည်းများလည်း ပါဝင်ဆွေးနွေးကြမည်။

ပြည်ပအခြေစိုက် စင်ပြိုင်အစိုးတရပ်က ၀န်ကြီးချုပ်အသစ် ရွေးချယ်မည့် အစီအစဉ်ကို ယခုလအတွင်း ပြုလုပ်သွားမည်ဆိုသည့် သတင်း ပေါ်ထွက်မလာခင် လဆန်းတရက်နေ့က အတိုက်အခံ တပ်ပေါင်းစု အဖွဲ့ကြီးတခုဖြစ်သည့် NCUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက အစိုးရသစ်တရပ် ဖွဲ့စည်းမည်ဆိုသော ကြေညာချက်ပေါ်ထွက်လာခဲ့သည်။

ဒေါက်တာ စန်းအောင်က ယခုလို ခြေလှမ်းမျိုး မပြုလုပ်သင့်ကြောင်း ပြောဆိုသည်။

သူက "NCUB ဆိုတာ တပါတီမဟုတ်ဘူး။ တပ်ပေါင်းစုဖြစ်တယ်။ အဲဒီထဲက အဖွဲ့ဝင်တွေက ကျေကျေလည်လည် ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက် ချရတယ်။ ကျော်ပြီးတော့ ဆုံးဖြတ်လို့၊ လုပ်လို့ မရဘူး။ တဖွဲ့တစည်းက လုပ်ချင်ရင် သူ့ဟာသူ လုပ်လို့ရတယ်။ NCUB အရှိန်ကို သုံးပြီးတော့ လုပ်လို့မရဘူး'' ဟု ပြောသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် အခြေပြုလျက်ရှိသော NCGUB ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များထဲမှ ပြည်ပရောက်နေသူများဖြင့် ဖွဲ့စည်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ တော်စပ်သူ ဒေါက်တာစိန်ဝင်းက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

အပြည့်အစုံသို့...

ရွေးကောက်ပွဲ ၀င်ပြိုင်ရေး ဘိုကလေးမှာ စည်းဝေး

မဇ္ဈိမ-သန်းထိုက်ဦး၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၁၀ ရွေးကောက်ပွဲတွင် လူအများ ပါဝင်လာရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ နိုင်ငံရေးသမားတချို့ ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့သည်။

မြန်မာအတိုက်အခံများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများအား ဝေဖန်စာများ ရေးသားကာ မကြာခဏဆိုသလို အင်တာနက် စာမျက်နှာထက် ပို့နေသူတဦးဖြစ်သည့် ကိုနေမျိုးဝေ၏ ဘိုကလေးမြို့ ၄ ရပ်ကွက်၊ ပိတောက်လမ်းရှိ အမှတ် ၅၃ နေအိမ်တွင် နိုင်ငံရေးသမား တချို့နှင့် ဒေသခံတချို့တို့ဖြင့် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

''ရည်ရွယ်ချက်က ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူများ နိုးကြားတက်ကြွစွာ စိတ်ဝင်တစား ပါဝင်လာဖို့ အရေးပေါ့။ နောက် ၂၀၁၀ ရွေးကောက်ပွဲကို ရွေးချယ်ခံရမယ့် ကိုယ်စားလှယ်တွေကို လူစစ်နိုင်အောင်ပေါ့။ လူစစ်နိုင်တယ် ဆိုတာက အရည်အသွေးမီတဲ့ လူတွေကို စစ်နိုင်အောင်၊ မေးခွန်တွေ မေးတတ်အောင် အဲဒါကို ကျနော်တို့က ကြိုတင်ပြီး လုပ်တာ။ အလေ့အကျင့် လုပ်ချင်တဲ့ သဘောပေါ့'' ဟု ကိုနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''မေးခွန်းနဲ့ပတ်သက်လို့ သိပ်မေးနိုင်တဲ့ အနေအထားတောင် မရှိဘူး။ တချို့ တက်ရောက်တဲ့ လူတွေတော့ သဘောပေါက်သွားတာပေါ့'' ဟု ပြောသည်။

တက္ကသိုလ်မြတ်သူ၊ ကျိုက်လတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ နိုင်ငံရေး ဘောဂဗေဒ ဦးအုန်းလွင်၊ ဘိုကလေးဝန်းကျင်ရှိ ရွာသားအချို့နှင့် ရပ်ကွက်အတွင်း လူအချို့ကို ဖိတ်ကြားခဲ့ကြောင်းနှင့် အစည်းအဝေး ကျင်းပခွင့် ရရန်အတွက် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ခ၀တ) သို့ ခွင့်ပြုချက်တောင်းခဲ့ကြောင်း သူက ပြောသည်။

''လူ ၅၀ အောက်ကိုတော့ ခ၀တ အထိလောက်ကို လှမ်းပြီးတော့ အကြောင်းကြားလိုက်လို့ရှိရင် ဒါ ဖြစ်နိုင်တယ်ဆိုလို့ လူ ၅၀ အောက် လုပ်တဲ့အတွက် ဒီရွာတွေက ရှိတဲ့ တချို့လူ၊ တချို့ရွာသားတွေပေါ့။ သူတို့ နည်းနည်းကိုယ်စားပြုနိုင်မယ့် လူတွေပေါ့။ ရပ်ကွက်ထဲမှာ လူချစ်လူခင်များတဲ့ လူပေါ့။ လူ ၅၀ အောက်ဆိုတော့ သူတို့က လုပ်ပါပေါ့။ လုပ်မယ်ဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ငြိမ်ငြိမ်လေးလုပ်ဖို့ ပြောတာပေါ့။ အဲဒီမျိုးလေးတွေကို ကျနော်တို့က ခွင့်ယူရတာပေါ့'' ဟု သူက ဆိုသည်။

ပါတီများ မှတ်ပုံတင်ခွင့်နှင့် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာချိန်တွင် ပိုမိုကျယ်ပြန့်စွာ ဆွေးနွေးသွားရန်အတွက် ယခုအခါမှ စတင်ကာ ဆင့်ပွားနိုင်ရေး ခေါ်ယူ ဆွေးနွေးစေခဲ့ခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

နာဂစ် ဘုန်းကြီး ကျောင်းပျက်များ ထိုင်းပြင်မည်

ဧရာဝတီ-ဇာနည်ဝင်း၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

နာဂစ် မုန်တိုင်း အတွင်း ပျက်စီး သွားသည့် မြန်မာပြည်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေး အကူအညီများနှင့် ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက် သွားမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်ဖိရုမ်းက ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

နာဂစ်မုန်တိုင်းကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတီပုထိုးများ ထောင်နှင့်ချီ၍ ပျက်စီးခဲ့သည်
မစ္စတာ ကဆစ်ဖိရုမ်းသည် မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးကျော်သူနှင့် ယမန်နေ့ နံနက်ပိုင်းက တွေ့ဆုံအပြီးတွင် ယင်းသို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မြန်မာပြည်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်စဉ် ဘုန်းတော်ကြီးကျောင်း အများအပြား ပျက်စီးခဲ့သည်။ ဧရာဝတီ တိုင်းတွင် ပျက်စီးသွားသော ဘုန်းကြီး ကျောင်းပေါင်း ၁၁၆၃ ကျောင်း၊ ပြိုကျသွားသဖြင့် အသစ် ပြန်ဆောက်ရမည့် ကျောင်း ၇၃၆ ကျောင်း ရှိပြီး၊ ရန်ကုန်တိုင်း တွင်လည်း အသစ် ပြန်ဆောက်ရမည့် ကျောင်း ၅၂ ကျောင်း ရှိသည်ဟု သာသာနာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး ဆောင်ရွက်နေသော အနောက်နိုင်ငံ အကူအညီ ပေးရေးအဖွဲ့များက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ ပြုပြင်ရေး အတွက် ကူညီထောက်ပံ့ခြင်း မရှိပေ။ ဤ အခြေအနေတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာပြည်မှ ပျက်စီးသွားသော ဘုန်းကြီး ကျောင်းများနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်း ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝ ကလည်း သတင်းထောက်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် မြင်တွေ့ လိုသည်ဟု ပြောလိုက်သည်။ အနောက် နိုင်ငံများကဲ့သို့ ပိတ်ဆို့ အရေးယူနည်းကို သုံးမည်မဟုတ်ဟု ဆိုသော်လည်း မည်သို့သော နည်းလမ်းကို အသုံးပြုမည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခြင်း မရှိပေ။

ပြည်ပရောက် မြန်မာ အတိုက်အခံ များကလည်း ထိုင်းအစိုးရ သစ်သည် ယခင် အစိုးရများနှင့် မတူဘဲ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပိုမို ဆောင်ရွက် နိုင်မည်ဟု မျှော်လင့်နေကြသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ဌာနတာဝန်ခံ ကိုမင်းနိုင်က “ပြီးခဲ့တဲ့ ထိုင်းအစိုးရတွေ ထက်စာရင် ဒီအစိုးရက မြန်မာပြည် ဒီမိုကရေစီရေးကို ပိုပြီး တိမ်းညွတ် လာမယ်လို့တော့ မျှော်လင့်တယ်။ ဒါက မျှော်လင့်ချက်ပဲ။ တကယ့် လက်တွေ့မှာ ဘယ်လို ချည်းကပ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်” ဟု ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ နိုင်ငံခြားရေး တာဝန်ခံ ကိုဇော်မင်း ကလည်း အစိုးရသစ်သည် ယခင် အစိုးရများကဲ့သို့ မျက်နှာ အောက်ချ၍ မြန်မာအစိုးရကို ဆက်ဆံမည် မဟုတ်ကြောင်း၊ သို့သော်လည်း တင်းတင်းမာမာ ဆက်ဆံမည် ဟုလည်း ခန့်မှန်း၍ မရနိုင်ကြောင်း ဧရာဝတီသို့ ပြောပြသည်။

“မစ္စတာ အဖိဆစ် အနေနဲ့ ဒီမိုကရက်တစ် ပါတီက ချမှတ်ထားတဲ့ မူတွေ ပေါ်လစီတွေ အပေါ် အများကြီး ကျော်ပြီးတော့ လုပ်လို့ ရလိမ့်မယ်လို့တော့ ကျနော် မမြင်ဘူး”ဟု ကိုဇော်မင်းက ယူဆသည်။

“သို့သော်လည်း ယခင် ထိုင်းဝန်ကြီးချုပ်တွေလို မြန်မာအစိုးရ ငြိုငြင်အောင် မလုပ်ဘူးဆိုတဲ့ အဆင့်မျိုးထက် နည်းနည်းတော့ ပိုသာမယ်လို့တော့ ယူဆရပါတယ်”ဟု ကိုဇော်မင်းက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ကိုသံခဲကလည်း ထိုင်းအစိုးရသစ်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ ရှိနေသည်။

“အရင် အစိုးရတွေကတော့ စီးပွားရေးကိုပဲ ဦးစားပေးတယ်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအပေါ်မှာ အခု တက်လာတဲ့ အစိုးရက ပိုပြီး အာရုံစူးစိုက်နိုင်မယ်။ စိတ်ဝင်စားမှု ရှိမယ်။ ဒီမိုကရေစီ ရရှိရေးအတွက် မြင်ချင်တဲ့ စေတနာ၊ အားစိုက်မှုတွေက ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်နိုင်တယ်” ဟု ကိုသံခဲက ပြောသည်။

အပြည့်အစုံသို့...

မြန်မာ့အရေး လှုပ်ရှားမှုကြောင့် စင်္ကာပူ ၂ ဦး အဖမ်းခံရ

ဧရာဝတီ၊ ဇန်န၀ါရီလ ၁၃ ရက် ၂၀၀၉

ယမန်နေ့က စင်္ကာပူ အလုပ်သမား ၀န်ကြီးဌာန ရုံးရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူများ အတွက် ဆန္ဒပြခ