Wednesday, May 27, 2009

အာဆီယံမှ မြန်မာကို ဆိုင်းငံ့ရန် စင်္ကာပူအမတ်တောင်းဆို

ဧရာဝတီ-ကိုစိုး၊ မေလ ၂၇ ရက် ၂၀၀၉

အာဆီယံ အဖွဲ့အနေနှင့် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားရန် စင်္ကာပူ ပါလီမန်အမတ် တဦးက ဘန်ကောက်အခြေစိုက် နိုင်ငံခြား သတင်းထောက်များ ကလပ်၌ ယမန်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး လက်မှတ်ထိုးလှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

စင်္ကာပူ ပါလီမန်အမတ် Mr Charles Chong က အာဆီယံ အနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေး ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန် မဆိုထားနှင့် အကန့်အသတ်ဖြင့် အရေးယူပိတ်ဆို့ ရေးပင် မပြုလုပ်ဟုလည်း ဝေဖန်ပြောကြားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ တွင်ဖော်ပြထားသည်။

“အာဆီယံရဲ့သြဇာဟာ မြန်မာအစိုးရ အပေါ်သက်ရောက်မှုမရှိဘူးဆိုတော့ မြန်မာကို အာဆီယံ အဖွဲ့ဝင်အဖြစ် ကနေ ရပ်ဆိုင်းထားသင့်ပါတယ်”ဟု Mr Charles Chong က ပြောဆိုသည်။

Mr Charles Chong က လတ်တလော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင် နေရသည့် အမှု အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများကို ရှုတ်ချ ဝေဖန် လိုက်ပြီး မြန်မာပြည်သူများထက် စစ်အစိုးရကို ပိုမိုထိခိုက်စေသော အရေးအယူ ပိတ်ဆို့မှုများကို ပြုလုပ်သင့် ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် စဖြစ်သည့် အချိန်ကတည်းက အငြင်းပွားဖွယ်နိုင်ငံဖြစ်ခဲ့ရာမှ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ဒီမိုကရေစီ ခေါင်းဆောင်တဦးအား တရားစီရင်နေသည့် နိုင်ငံ တနိုင်ငံဖြစ်နေ ကြောင်းလည်း ဘန်ကောက်ပို့စ်က ရေးသားထားသည်။

“မြန်မာနိုင်ငံကို လက်ပန်းကျနေတဲ့ အဆင့် ရောက်သွားမှာကို ကျနော်တို့ မလိုလားပါဘူး”ဟု လည်း Mr Charles Chong က ပြောသည်။

Mr Charles Chong ၏ ပြောကြားချက်များသည် စင်္ကာပူ အစိုးရကိုယ်စားပြုပြောကြားခြင်းမဟုတ်ဘဲ မြန်မာစစ် အစိုးရ၏ စိတ်ပျက်ဖွယ်ရာလုပ်ရပ်များကို ပုဂ္ဂလိက အမြင်ဖြင့်ပြောကြားခြင်းဖြစ်ကြောင်းလည်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

ယမန်နေ့က ဘန်ကောက် နိုင်ငံခြားသတင်းထောက်များ ကလပ်တွင် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) တို့ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံ အင်အားစုများ သတ်မှတ်ထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မေလ ၁၃ ရက်နေ့တွင် စတင် ပြုလုပ်ခဲ့သော ယင်းလက်မှတ်ထိုးလှုပ်ရှားမှုသည် ယမန်နေ့အထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှ လက်မှတ်ပေါင်း ၆ သိန်း ခွဲ ရရှိကြောင်း လှုပ်ရှားမှုအဖွဲ့က ကြေညာခဲ့ပြီး ယင်းလှုပ်ရှားမှုသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းမှ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး စစ်အစိုးရကို ဖိအားပေး တောင်းဆိုရန် ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကပင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပနေသော ၉ ကြိမ်မြောက် အာရှ-ဥရောပ ASEM အစည်း အဝေးသို့ တက်ရောက်လာသော အာရှ-ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသည့် ထုတ်ပြန်ချက်တခု သတ်မှတ် ထုတ် ပြန်ခဲ့သည်။

အပြည့်အစုံသို့...

ဒေါ်စုလွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေး အန်အယ်ဒီ အလေးထား တောင်းဆို

မဇ္ဈိမ၊ မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ပါရန် စစ်အစိုးရကို ထပ်လောင်း တောင်းဆိုလိုက်သည့် ကြေညာချက်တရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်လိုက်သည်။

၁၉ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနား တရပ်ကို ရန်ကန်ုရှိ အတိုက်အခံ ပါတီ၏ ရုံးချုပ်တွင် ယနေ့နေ့လည်က ပြုလုပ်ခဲ့ပြီး စာမျက်နှာ ၂ မျက်နှာပါ ကြေညာချက် ထုတ်ပြန်ရာတွင် အလေးထား တင်ပြထားခြင်း ဖြစ်သည်။

အပြည့်အစုံသို့...

ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ တွင် နအဖ လုံခြုံရေးတင်းကျပ်

မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နအဖ လုံခြုံရေးတင်းကျပ်

photos by AP

အပြည့်အစုံသို့...

ကျောက်ပန်းတောင်းမှာလည်း လုံခြုံရေးများ ချထားလာ

မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ညမှ စတင်ကာ လုံခြုံရေးများ တိုးမြှင့်ချထားလာသည်။

ရဲများက ဆိုင်ကယ်များဖြင့် တမြို့လုံး လှည့်လည်နေပြီး၊ အရပ်ဝတ်နှင့် ကြံ့ဖွံ့များက ဆုတောင်းပြည့် စေတီကြီးအနီးတွင် စောင့်ကြပ်နေခြင်း ဖြစ်သည်။


ယခုလ ၂၅-၂၆ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲကို အန်အယ်ဒီ မျိုးဆက်သစ်လူငယ်၊ ကျောင်းသားလူငယ်အဖွဲ့နှင့် အရပ်သား လူငယ်များ အမည်ခံထားသည့် လူငယ်အင်အား ၃၀ ခန့်က စေတီတော်ကြီးတွင် ပြုလုပ်ခဲ့ပြီးနောက် အာဏာပိုင်များဘက်က လုံခြုံရေး တိုးမြှင့်လာခြင်းလည်း ဖြစ်သည်။

ထို့အပြင် ယနေ့သည် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ရမည့်နေ့လည်း ဖြစ်သဖြင့် ယခုလို လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတဦးက ပြောသည်။

အပြည့်အစုံသို့...

ရွေးကောက်ပွဲနေ့ နအဖ လုံခြုံရေးတင်းကျပ်

မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

photo by reuters

အပြည့်အစုံသို့...

ဗိုလ်ချုပ်ဈေးမှာ လုံခြုံရေး သတိပေး

မဇ္ဈိမ၊ မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

ရန်ကုန်မြို့လယ် ဗိုလ်ချုပ်ဈေးတွင် ဈေးအုပ်ချုပ်ရေးက ၂၇ ရက်၊ ၂၈ ရက် နှင့် ၂၉ ရက်များတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်လာနိုင်ဖွယ်ရှိ၍ ဆိုင်ခန်းများ လုံခြုံရေးသတိရှိကြရန် သတိပေးမှုများ ရှိနေသည်။

ယနေ့နံနက်တွင် ဗိုလ်ချုပ်ဈေးနှင့် ကမ်းနားလမ်းနေရာအချို့တွင် လက်နက်ကိုင်ရဲများ ချထားပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များကိုပါ တွေ့မြင်နေကြရသည်။

အပြည့်အစုံသို့...

ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့

မဇ္ဈိမ၊ မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် ပြုလုပ်မှာ ဖြစ်သည်။ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အန်အယ်ဒီသည် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် သမတ အိုဘားမား တောင်းဆို

မဇ္ဈိမ၊ မေလ ၂၇ ရက် ၂၀၀၉ ခုနှစ်

အမေရိကန် သမတကြီး ဘရက်ခ် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် ကင်းမဲ့ကြောင်းနဲ့ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ် ရှုတ်ချတယ် ဆိုတဲ့အကြောင်း အင်္ဂါနေ့ထုတ် အိမ်ဖြူတော်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အနေဖြင့် တိုင်းသူပြည်သားများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားသော တိုင်းရင်းသား အဖွဲ့များနှင့် အတိုက်အခံ အဖွဲ့များအပေါ် လေးစားသမှုပြသပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်း ရှိနေကြောင်း သမတ အိုဘားမားက ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ပြန်လည်ရရှိပြီး တိုင်းသူပြည်သားများအတွက် ပိုမို ကောင်းမွန်သော အနာဂတ်တခုကို တက်လှမ်းနိုင်ရေး အရေးပါသော ခြေလှမ်းတခု ဖြစ်ပေလိမ့်မည်ဟုလည်း ပါရှိသည်။

အပြည့်အစုံသို့...

Tuesday, May 26, 2009

မြန်မာနိုင်ငံစစ်အာဏာရှင်တိုက်ဖျက်ရေး လူထုတပ်ဦး

မနေ့ကဖွဲ့စည်းလိုက်တဲ့ လူထုတပ်ဦးဖော်ဆောင်ရေး အဖွဲ့ ကို ဦးဇင်းတို့ကဂုဏ်ပြုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွင့်နဲ့
လက်ရှိဖြစ်ပေါ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ကာ တံခါးပိတ် တရားစီရင်တာကို မကျေနပ်တဲ့ ကျောင်းသားလူငယ်၊ အန်အယ်ဒီလူငယ်တွေက မြန်မာနိုင်ငံစစ်အာဏာရှင် တိုက်ဖျက်ရေး လူထုတပ်ဦးကို ဒီကနေ့ မေလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်၊၊

ဒီအဖွဲ့ကဒီကနေ့မှာထုတ်ပြန်ကြေငြာချက်တစောင်ထုတ်ခဲ့ပြန်ခဲတယ်လို့သိရပါတယ်။ဒီအဖွဲ့ကို နယ်မြို့တွေမှာလည်း တိုးချဲ့ဖွဲ့စည်းမှာ ဖြစ်တယ်လို့ လူထုတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစစ်နိုင်က ပြောပြပါတယ်၊

လူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရာ အင်းစိန်ထောင်ကို အကျီ င်္အဖြူရောင်တွေ ၀တ်ဆင်ပြီး တအိမ်တယောက်နုန်းချီတက်ပေးပို့ကိုလည်း တိုက်တွန်းပြောဆိုနေပါတယ်။

မြန်မာနိုင်ငံစစ်အာဏာရှင်တိုက်ဖျက်ရေးလူထုတပ်ဦးအနေနဲ့လူထုကိုအမှန်တကယ်တပ်ဦးကနေ ဦးဆောင်နိုင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းတိုက်ဖျက်နိုင်ပါစေလို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ဆုတောင်ပေးပါတယ် အားလုံးလက်တွဲညီညာချီတက်ကြပါ။

အရှင်ထေရ၀ံသ
ပြည်တွင်းတစ်နေရာ

အပြည့်အစုံသို့...

စစ်အစိုးရ၏ သဘောထားကို သိစေချင်

မဇ္ဈိမ၊ မေလ ၂၆ ရက် ၂၀၀၇ ခုနှစ်

ရဲချုပ်ခင်ရီက ယနေ့သတင်းစာ ရှင်းလင်းပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာစစ်အစိုးရ အနေဖြင့် စဉ်းစားခဲ့ကြောင်းကို သိစေချင်၍ ခေါ်ယူကာ ရှင်းလင်း ပြောပြရခြင်းဖြစ်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

၁၅ မိနစ်ကြာ ရှင်းလင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနက် ဦးလှမျိုးမြင့်သာ တက်ရောက်ပြီး ကျန်သူများဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည့် နောက်ဆုံးရသတင်း

ဆုံဆည်းရာ၊ မေလ ၂၆ ရက် ၂၀၀၇ ခုနှစ်

ယခုစွဲချက်တင် စစ်ဆေးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်(၅)နှစ်၊ ပြစ်ဒဏ်စီရင်ပြီး ဖျာပုံအကျဉ်းထောင်သို့ ပို့ဆောင်ရန် အမိန့်စာ ရေးသားထားသည့် စာတစ်စောင်နှင့်ထောင်ဒဏ် (၃) နှစ်၊ ပြစ်ဒဏ်စီရင်ပြီး ယင်း ထောင်ဒဏ်အား ဆိုင်းငံ့ကာလ သတ်မှတ်၍ နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိရန်၊ အမိန့်စာ ရေးသားထားသည့် စာတစောင် … စုစုပေါင်းစာ (၂) စောင် ကြိုတင် ပြင်ဆင်ထားရှိပြီး၊ နိုင်ငံတော် အကြီးအကဲ၏၊ နောက်ဆုံးအမိန့်အား စောင့်ဆိုင်းလျှက် ရှိကြောင်း သိရှိရပါတယ်။

အပြည့်အစုံသို့...

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၆ လတိုးနိုင်ဟု ရဲက ပြော

မဇ္ဈိမ၊ မေလ ၂၆ ရက် ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ လတိုးမြှင့်ခွင့်ရှိကြောင်း အင်းစိန်အကျဉ်းထောင်ထဲတွင် ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိက ပြောကြားသွားသည်။

မေလ ၂၇ ရက်နေ့တွင် ပြည့်မည့် နေအိမ်အကျယ်ချုပ်သက်တမ်းကို နိုဝင်ဘာလ ၂ဝဝ၉ အထိ တိုးမြှင့်၍ ရကြောင်းနှင့် အာဏာပိုင်များက တိုးမြှင့်သင့်၊ မသင့် စဉ်းစားနေခိုက်တွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သံတမန်များနှင့် သတင်းထောက်များကို သတင်းရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့မှုး မြင့်သိန်းက ပြောကြားသွားသည်။

သတင်းစာရှင်းလင်းပွဲသို့ ရဲချုပ် ခင်ရီလည်း တက်ရောက်ခဲ့ပြီး သံတမန် ၂၉ ဦး၊ နိုင်ငံခြားသတင်းထောက် ၁၅ ဦး၊ ပြည်တွင်းသတင်းထောက် ၁ဝ ဦးတို့ တက်ရောက်ခွင့်ရခဲ့သည်။

နေ့လည် ၁၂ နာရီ ၃ဝ မိနစ်တွင် တရားခွင် ရုံးထုတ်ခြင်း ပြန်လည်စတင်မှာဖြစ်သည်။

အပြည့်အစုံသို့...

Sunday, May 24, 2009

ငါးလွှတ်ကာ ဆုတောင်မေတ္တာပို့ခဲ့

ပြည်သူအမေအတွက်ကျောက်ပန်းတောင်းလူငယ်၄၀ကျော်ဟာစုရပ်ကနေမဟာစေတီကြီးဘုရားဆီကိုတူညီဝတ်စုံဝတ်ကာချီတက်ပြီး ငါးလွှတ်ကာ ဆုတောင်မေတ္တာပို့ခဲ့ကြားသိရပါတယ်။
အတွက်စွန့်စားခြင်း သူရဲကောင်းများကို ကာကွယ်ပေးကြပါ
လူထုချစ်မြတ်နိုးတဲ့ခေါင်းဆောင်ငြိမ်းချမ်းရေးရဲ့မီးရှုးတန်ဆောင်၊မြန်မာ့ဒီမိုကရေစီအရေးရဲ့လမင်းကြီးဒေါ်အောင်ဆန်းစုကြည်မတရားအမှုဆင်ဖမ်းဆီးခံထားရတာကနေလွတ်မြောက်အောင်နှင
့်နိုင်ငံရေးအကျဉ်သားများလွတ်မြှောက်ရေးအတွက်စတင်လှူပ်ရှားနေ့ကြပါပြီး။သူတို့တွေကို ရဟန်းသံဃာကျောင်သားကျောင်းသူပြည်သူလူထုကြီးဝိုင်းရံပေးကြပါ ။
ကျောက်ပန်းတောင်းလူငယ်၄၀ကျော်ဟာစုရပ်ကနေမဟာစေတီကြီးဘုရားဆီကိုတူညီဝတ်စုံဝတ်ကာချီတက်ပြီး ငါးလွှတ်ကာ ဆုတောင်မေတ္တာပို့ခဲ့ကြပါတယ်၊၊
ဒီဆုတောင်းတဲ့ပွဲကိုစစ်အာဏာရှင်များရဲ့လက်ကိုင်ဒုတ်တွေကစောင့်ကြည့်အင်းအာပြပြီးမေးမြန်းတာရှိခဲ့ပေမဲ့တစုံတရာတော့အနှောက်အယှက်မပေးဘူးလို့သိရပါတယ်၊ကျေးဇူးကြီးပါပေ့၊
ပြည်သူချစ်တဲ့ခေါင်းဆောင်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ဥပဒေဘောင်အတွင်းကလှုပ်ရှားမှုဖြစ်တာကြောင့်ပြည်သူတရပ်လုံးမိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာဆုတောင်းမေတ္တာပို့လမ်းလျှောက်တဲ့ပွဲတွေလုပ်ပြီးစစ်အာဏာရှင်တွေကိုဆန့်ကျင်ကြပါစို့လို့တိုက်တွန်းရင်းဖြေးဖြေးချင်းတိုက်ပွဲအရှိန်မြှင့်တင်ကြဖို့အချိန်တန်နေပါပြီး။အားလုံးပါဝင်အောင်လုပ်ဆောင်ကြပါလို့ တောင်ပန်းအပ်ပါသည်။

ဒီနေ့မနက် ပိုင်းတွင်း ထိုင်းနိုင်ငံ မဲဆောက်တွင်လှုပ်ရှားမူပြုလုပ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်နိင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးထိုင်းနိုင်ငံမဲဆောက်ရှိမြ၀တီတံတားမှာမြန်မာနိုင်ငံသားများဆန္ဒပြကြကြောင်းအားလုံး၁၀၀လောက်ရှိတယ်ထိုင်းစစ်တပ်လအနှောက်အရှက်မပေးဘူး ရဲလဲမဖမ်းဘူး မတားဘူး ထောက်လှမ်းရေးလဲပါတယ်
ထိုင်းတချို့လည်းပါတယ်အဖြူတွေက၃၀လောက်ရှိတယ်အဖွဲ့အစည်းကလူတွေမပါဘူးနိင်ငံရေးတက်ကြွသူတွေပဲ ဦးဆောင်ကြတာ ဟု သတင်းရရှိပါကြောင်း။

မန်းမြေ အရှင်ယသ

အပြည့်အစုံသို့...

ထေရ၀ါဒတိုက်အုပ်ဆရာတော်

အရှင်ထေရ၀ံသ

ထေရ၀ါဒတိုက်အုပ်ဆရာတော်ကြီးကအသက်ကြီးပင်မယ့်တိုင်းပြည်အတွက်အကျိုးပြုမယ့်သူကိုယ်သာထောက်ခံတာ စစ်အာဏာရှင်တွေကို မထောက်ခံဘူးဟု ပြောဆိုပါသည်။


ဒီနေ့မနက်စွယ်တော်ဘုရားနည်ကထေရ၀ါဒဘုန်းတော်ကြီးကျောင်းကိုသွားခြဲ့ပပါတယ်။ဒေါက်တာဆရာတော်ဘုရားကြီးဖုန်းဆက်ခေါ်လို့ရောက်သွားခဲ့ပါတယ်။ဆရာတော်ဘုရားကြီးဟာထေရ၀ါဒ
ကျောင်းတိုက်ကြီးရဲ့တိုက်အုပ်ဆရာတော်ကြီးဖြစ်ပါတယ်။အသက်တော်အားဖြင့်၈၀နည်းနေ့ပါပြီး။ဝါတော်အားဖြင့်၆၀ပြည့်နေပါပြီး။ဦးဇင်းကျောင်းဝင်အတွင်းခြေချလိုက်တာတပြိုင်းနက်ဆရာတော်ကြီးရဲ့ဒါကာကြီးကကိုယ်တော်လေး၊ဟိုဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံမူကြီးဘယ်အဆင့်ရောက်ပြီးလဲတဲ၊့ဦးဇင်းလဲခဏနေ့အုံးဆိုပြီးလက်ကာပြကာဆရာတော်ဘုရားသတင်းသုံးတဲ့ ကျောင်းဘက်ကိုဦးတည်းခဲ့ပါတယ်။

ဆရာတော်ဘုရားခြေတော်ရင်းရောက်တယ်ဆိုရင်ပဲကိုယ်တော်လေးတို့ကိုသတိပေးမလို့ခေါ်ပါတာပါ။တင်ပါဘုရားဦးတင်ပါတယ်။ကိုယ်တော်သိတဲ့အတိုင်းပဲ၊ဒီနေ့လူငယ်လူကြီးတွေကသူတို့သိပ်ချစ်တဲ့
ပြည်သူအချစ်တော်အောင်ဆန်းရဲ့သမီးကိုဒေါ်စုလို့မခေါ်သင့်ဘူးကွာ၊နောက်ပြီးအောင်းဆန်းသမီးကိုယ်တိုင်းကဒေါ်စုလို့ခေါ်တာကိုသိပ်မကြိုက်ဘူး။ဒါကြောင်းဘုန်းကြီးကနေ့ဒီကနေ့ပြည်သူလူထုတွေကိုဒေါ်စုလို့မခေါ်ကြဖို့နာမ်မည်အပြည်စုံကိုခေါ်ပါလို့တောင်းပန်ချင်ပါတယ်။ဘာအတွက်လည်းဆိုရင်ဘုန်းကြီးကိုယ်တိုင်ဒီစစ်ကောင်းတွေကိုကံဆောင်ထားတဲ့အတွက်ဒီလို့ခေါ်ခြင်းအားဖြင့် စစ်အာဏာရှင်တွေ အကြိုက်လိုက်ပြီး ခေါ်ဆိုရာကြသလို့ဖြစ်နေပါတယ်

ဒါကြောင့်အောင်ဆန်းသမီလေးကိုလေးစားတန်းဖိုထားရင်ပြုပြင်ကြပါတိုက်တွန်းပေးစမ်း။ကိုတော်လေးဘုန်းကြီးကအသက်ကြီးပေမယ့်တိုင်းပြည်အတွက်အကျိုးပြုမယ့်သူကိုယ်သာထောက်ခံတာ စစ်အာဏာရှင်တွေကို မထောက်ခံဘူးဟု ဆရာတော်ဘုရားကြီးက မိန့်ပါတယ်။

ဦးဇင်းလဲဆရာတော်ဘုရားကြီးရဲ့စကားကြားရတော့ကျက်သိန်းထမိပါတယ်။ဆရာတော်ဘုရားပြောတာဟုတ်ပါတယ်။ ဦးဇင်းတို့အားလုံးပြီးစလွယ် ဒေါ်စု ဒေါ်စုနဲ့ ပြီးစလွယ်ခေါ်ဝေါ်သုံးနှုန်းပြီး ရေးသားနေတာတွေကို ဦးဇင်းကိုယ်တိုင်လည်းဝန်ခံပါတယ် ဆရာတော်ဘုရားကြီးက သူဟာ အဲဒီစကားကိုကြားရင်စစ်အာဏာရှင်တွေကိုထောက်ခံတဲ့သူများလှချီးလို့တွေတဲ့ အကြောင်းနှင့်
သူတို့တွေက အောင်ဆန်းကိုစော်ကားလှချီးလားတွေပြီး ဂရုဏာသက်မိတဲ့အတွက် တိုင်းပြည်ရဲ့သူရဲ့ကောင်းတွေမျက်နှာကိုထောက်ထားပြီးပြုပြင်ကြဖို့ဆရာတော်ဘုရားကြီးကထပ်မံတိုက်တွန်းပါတယ်

ဆရာတော်ကြီးကအောင်ဆန်းဂုဏ်ရှိန်ကိုမှေးမှိန်သေးသိမ်အောင်မလုပ်ကြပါနဲ့လို့ အားလုံးကို သတိပေးပါတယ်။အမောင်သတင်းသမားတို့။ကံကြီးထိုက်ပါလိမ့်မယ်။စေတနာနဲ့သတိပေးတာပါလို့ဆရာတော်ကြီးကပြောပါတယ်။

ဒေါ်စုလို့ခေါ်တာဒေါ်စုကိုယ်တိုင်ကမကြိုက်ပါဘူးဆိုတာလဲအခုအထိ ဒေါ်စုပဲ လုပ်နေကြတယ် တော်တော်ခက်တဲ့ကောင်တွေပါ့လား လို့ဆရာတော်ဘုရားကြီးက မိန့်ပါတယ။် သူတို့မိသားစုက တိုင်းပြည်ရဲ့ စံပြတွေ သူတို့ကို နောက်မပြစ်မှားကြပါနဲ့ သူတော်ကောင်းကိုပြစ်မှားရင် မကြာခင် ငရဲ
ရောက်လိမ့်၊မယုံမရှိနဲ့ကိုယ်တော်လေးရေးတဲ့စာသားများသည်ဆရာတော်ဘုရားကြီးပြောဆိုချက်များသာဖြစ်ပါသည်။ စာရေးသူ အာဘော်မဟုတ်ပါကြောင်း သိစေအပ်ပါသည်။

တစ်ဆက်တည်း စစ်အာဏာရှင်များကို ဘာများပြောခြင်းပါလဲဘုရားလို့လျှေက်ထားတဲ့အခါ ဆရာတော်ဘုရားကြီးကအမှားတွေကို ပြင်ဖို့လို့ပြီးလိုပြောပါတယ်။ ဒီထက်ဆက်မိုက်နေအုံးမယ် ဆိုရင်မကြာခင်း ပြည်သူပြည်သားများရဲ့ဒဏ်ခတ်ခြင်းကိုခံလိမ်းလို့မိန့်ပါတယ် ။

မှတ်ချက်
စာရေးသူသည် သာမညာသာဖြစ်ပါသည်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာကို ပြည်ပရောက်ဒါကာဒါကာမတွေကိုယ့်နိုင်ငံမှာဘာတွေဖြစ်နေ့တာဆိုတာကိုအသိပေးခြင်းသာဖြစ်ပါသည်။ အမှားများစွာရှိပါသည်။ အခက်ခဲ့များစွာကြားက ပြုလုပ်နေ့ရသည့်အတွက် ဦးဇင်းတို့အားလုံးကို နားလည်းပေးဖို့ တောင်းပန်းအပ်ပါသည်။

အရှင်ထေရ၀ံသ

ဓတ်ပုံတောင်းလား။ မိတ်ဆွေများကို ဓတ်ပုံတွေကိုပို့ချင်ပါတယ်။ဦးဇင်းတို့အဖွဲ့ မှာ အခုမှသာ ကွန်ပြူတာသင်သူသင်နေရတဲ့ အတွက်မပို့နိုင်သေးပါ။ မကြာခင်ဦးဇင်းတို့အဖွဲ့ လှုပ်ရှားမူများကို ပေးပို့ပါမည်။

source - yahoomailgroup

အပြည့်အစုံသို့...

Saturday, May 23, 2009

မေလ (၂၂) ရက်နေ့ အင်းစိန်အခြေအနေနှင့် အထူးတရားရုံးအတွင်း အခြေအနေများ

အရှင်ထေရ၀ံသ

ဦးဇင်းဒီနေ့ တွေနေ့ကြ မိတ်ဆွေများနှင့် စကားလက်စုံကြနေ့ခိုက် ယနေ့  မေလ (၂၂) ရက်နေ့ အင်းစိန်အခြေအနေနှင့် အထူးတရားရုံးအတွင်း အခြေအနေများကိုကြားလိုက်ရတော့ စစ်အာဏာရှင်များရဲ့ လူတိုးပွဲ့ကြီးမပြီးနိုင်သေကြောင်းအများစုက ပြောဆိုကြပါတယ်။ အခုလေးတင်တဲ့ စစ်အာဏာရှင်များက လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှူး ၀င်းနိုင်ထွန်း ဆိုသူကို သက်သေထပ်ထည့်လိုက်ပြန်ပြီးတဲ့။ ဦးဇင်းတို့အားလုံး စိတ်မကောင်းဖြစ်ရပြန်ပါတယ။် အနီးက ခလေးတစ်ယောက်က ဦင်္းဇင်းလက်နက်သာရှိရင် စစ်အာဏာရှင်တွေကိုပြန်တိုက်မယ်ဘုရား ဒီနေ့ရာမှာ ဦးဇင်းခံစားရတာကတော ငါတို့လူကြီးတွေ ဒီခလေးလို့ စိတ်ရှိရင်သိပ်ကောင်းမှာဘဲ့လို့တွေမိပါတယ်။

စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည် အမှုကို လာမယ့် ရှေ့အပါတ် တနလာင်္နေ့ကို အထူးတရားရုံးက ရုံးပြန်ချိန်းပါတယ်။ စစ်ဆေးမေးမြန်းပြီးတဲ့အထဲက(၅)ယောက်ကိုပါပြန်လည်စစ်ဆေးမေးမြန်းမယ်လို့  သိရပါတယ်။ သက်သေ (၂၃) ဦးမှာ (၁၃) ယောက်ကို စစ်ဆေးမေးမြန်းပြီးကြောင်း သိရှိရပါတယ်

စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းအများအပြားမေးကြောင်းသိရပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အချက်က သူဟာ ၀ီလီယန်ယက်တောကို လက်ခံတာ လူလူချင်းစာနာလို့ ဖြစ်ကြောင်း။
(၂) အချက်က သူ့ကြောင့် တခြားလူတွေ ဒုက္ခရောက်မှာစိုးလို့ မလုပ်ချင်လို့ပါလို့  ပြောပါတယ်။ သူကြောင့် ၀ီလီယန်ယက်တောရယ် တာဝန်ကျနေကြတဲ့ လုံခြုံရေးတွေရယ် ထိခိုက်မှာ စိုးလို့ပါလို့  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိပါဘူးလို့  ပြောပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ ဘာအပြစ်မှ မကျူးလွန်တာကြောင့်ဆိုတာ ပြောပါတယ်။ ဒီအမှုနဲ့ ပက်သက်ပြီး ဆက်ပြောတာက -

တရားရုံးက(၁၅) မိနစ်လောက်နားမယ်ဆိုပြီ သတ်မှတ်လိုက်ပေမယ့် (၄၅) မိနစ်လောက်ကြာမှ ပြန်စပါတယ်။ တရားရုံး ပြန်စတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေကို ဘာမှ ကြိုတင်မပြောထားဘဲ သက်သေ တောင်းတာလုပ်ပါတယ်။ နောက်တစ်ခါ ရုံးချိန်းကျမှ တင်မယ်လို့ ပြောခဲ့ကြပါတယ်။

နောက်ပြီး ၀ီလီယန်ယက်တောက သူ့ကို မစစ်ခင်အချိန်မှာ၊ နောက်ဘက်ကို လှည့်ပြီး သူဖာသာ သူပြောနေတာတွေကြားတွေ့ရပါတယ်။ သူပြောဆိုရေရွတ်နေတာ “ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူပြောနေတာပါ။

မနက်ပိုင်းမှာ ၀ီလီယန်ယက်တောကို စစ်ပါတယ်။ ၀ီလီယန်ယက်တောကို စည်ပင်က မေးပါတယ်။ ဘာလို့အင်းယားကန်မှာရေကူးရတာလည်းဆိုတာမေးပါတယ်။ ၀ီလီယန်ယက်တောက သူရေထဲမှာ လမ်းမလျှောက်တက်လို့ ရေကူးရတာပါလို့  ပြန်ဖြေပါတယ်။

ဒီနေတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်နေ့လည်ကျမှရောက်လာပါတယ်။ နေလည်(၁) နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းပါတယ်။

ဒီလို နအဖဘက်ကနေ ချက်ချင်းဘဲ လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှူး ၀င်းနိုင်ထွန်း ဆိုသူကို သက်သေထပ်ထည့်တာနဲ့  ပတ်သက်ပြီး၊ ရှေ့နေတွေက နအဖဘက်က အရင်ကတည်း ပေးထားတဲ့ (၂၂) ယောက်ထဲမှာ သူ မပါဖူးဆိုပြီး မေးခွန်းထုတ်ပါတယ်။ တရားရုံးက စာရွက်မှာကျတော့နောက်ဆက်တွဲစာရင်းမှာ သူတစ်ယောက်ထဲ ပါတယ်ဆိုပြီး လုပ်ချလိုက်ပါတယ်။

အထူးတရားရုံး အခြေအနေနဲ့  ပတ်သက်ပြီး ဆက်ပြောရရင် ယခင်နေ့ များက သက်သေ (၂၂)ဘဲသတ်မှတ်ထားရှိခဲ့တာပါ။ ဒီနေ့ကြတော့စစ်အာဏာရှင်းများကသက်သေတစ်ယောက်ထပ်တိုးပါတယ်။ လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှူး ၀င်းနိုင်ထွန်း ဆိုသူပါ။ ဒါကြောင့် ဒီနေ့မှာ သက်သေ စုစုပေါင်း (၂၃) ဦး ဖြစ်သွားပါတယ်။

မြန်မာပြည်ကဒုတိယမြောက်မုန်တိုင်း။ ယနေစစ်အာဏာရှင်များရဲ့၏အင်းစိန်တရားရုံးမှဒေါ်စုအားတရားစွဲတင်ရန်အမှုလက်ခံလိုက်ပြီးဖြစ်သည်။ တရားသူကြီးမှဒေါ်အောင်ဆန်းစုကြည်အားအပြစ်ရှိပါသလားဟုမေးရာ ဥပဒေချိုးဖောက်မှုမရှိပါသဖြင့်အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်မှ တုံ့ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တရားသူကြီးက ပြောတယ်။ အမှုကို တင်္နလာနေ့ရုံးချိန်းထားပါတယ်။ ဟုတ်ပါတယ်။ပြောပါတယ်။ ဒီနေ့မိုးရွာထဲစိုစွတ်ချမ်းအေးနေတဲ့ကြားထဲကတစ်နေကုန်သွားရောက်နေခဲ့ကြတဲ့အသက်အရွယ်ကြီးသူများကိုကြည့်ပြီး ကျန်တဲ့သူတွေအနေနဲ့ အင်စိန်းထောင်းရှေ့ကို သွားရောက်အားပေးစေချင်ပါတယ်။

အရှင်ထေရ၀ံသ


အပြည့်အစုံသို့...

Friday, May 22, 2009

ဘန်ကီမွန်း မြန်မာနိုင်ငံကို အမြန်ဆုံးသွားလို

ဗွီအိုအေ၊ မေလ ၂၂ ရက် ၂၀၀၇ ခုနှစ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ မကြာခင်အနာဂတ်မှာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

မနေ့က စီအန်အန်သတင်းနဲ့ အင်တာဗျူးလုပ်ရာမှာ မစ္စတာဘန်ကီမွန်းက သူ့ခရီးစဉ်အတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်း ရှိသေးတယ်၊ သူ့အနေနဲ့ကတော့ ဖြစ်နိုင်ရင် အမြန်ဆုံးသွားချင်တယ်လို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ
ဟာ လက်ခံနိုင်ဖွယ်မရှိဘူး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ မစ္စတာဘန်ကပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိနေပြီး ကုလသမဂ္ဂအနေနဲ့လည်း မြန်မာပြည်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံသို့...

ယနေ့မနက် ၁၀ နာရီတွင် ယခင်နေ့များအတိုင်း ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် အမူအားဆက်လက်
ရင်ဆိုင်ရန်ရှိပါသည်။ပြည်သူများမှလဲ ယခင်နေ့များအတိုင်း အင်းစိန်ထောင်ဘက်သို့ သွားရောက်နေကျပါသည်။

အပြည့်အစုံသို့...

Friday, May 15, 2009

WHAT A TIME IS NOW

LET THE WORLD JUDGE

We express many different cultures of real expressions
We speak many different tribe-accents and language
We eat many different types of food and knowledge
We share many different unimaginable bitter stories
We care about many different individual flickered families
But we only have one same blood
We are the people of Burma!

You only dress one color of military uniform
You only sing one ready-made military song
You only speak army code and military term
You only eat rationed foods and army rum
You only share your battle and your duty
You only care about your life and your family
But you all have one same blood
You are the army of Junta!

We are united as universally red as our blood
We march waves after waves constantly and endlessly
We are brave and ready to face your emotionless cruel authority
We will sacrifice and we will definitely gain our glorious true victory!

By the way,
Don’t forget, your blood is always same as mine
Don’t forget, your bullet could hit your own child
Don’t forget, this is transitional history of our time
Don’t forget, this is transactional morality of our mind

Let this world judge buddy!


[This Poem Is Every Minutely Dedicated To Every Single Nationality Of Burma
And Every Single Soldier Of Union Of Myanmar!!!]

A’karikz Yannaing

အပြည့်အစုံသို့...

Wednesday, May 13, 2009

၃၃လမ်းထဲမှာ အရက်သောက်၊ ကဗျာဆရာများပြောတဲ့ ရသတွေနဲ့ မူးချင်တယ်

သုအိုင်စံ

မေမေရေ... ဟောဒီမှာ အောင်ပွဲ ဆိုပြီး လူထုရှေ့မှာ သပ်သပ်ရပ်ရပ် မချပြနိုင်သေးတဲ့ သူပုန်တွေမှာ အိမ်ပြန်လက်မှတ်မရှိသေးပါဘူး။ အိမ်ပြန်လမ်းလည်း မပီပြင်သေးပါဘူး။ ကျနော်က မြန်မာနိုင်ငံသား၊ ပုဂံမရောက်ဖူးဘူး။ ခေတ်လူငယ် ရန်ကုန် မရောက်ဖူးဘူး။ စာတော်တယ် ကိုးတန်းတောင် မအောင်ခဲ့ဘူး။ R.I.T ကျောင်းသားဖြစ်ချင်ခဲ့တယ် တက္ကသိုလ် ဗဟုသုတ ဘာမှမရလိုက်ဘူး။ အခု ကဗျာရေးတယ် လေထန်ကုန်း မရောက်ဖူးဘူး။ တခါတခါ မြန်မာပြည်ထဲ ပြန်ပြေးဝင်ချင်စိတ်တွေ ပေါက်လာတတ်တယ်။ အဲဒီစိတ်ကို ပထမဆုံး တားတာက ရဲကျော်စွာ။
သူ့ကို လူချင်း မသိပါဘူး။ နေလင်း ရေးတဲ့ လူရှင်သချိုင်းများအကြောင်း စာအုပ်ထဲမှာ သူ့အကြောင်းဖတ်ခဲ့ရတယ်။ သူဟာ မြန်မာပြည်ရဲ့ အငယ်ဆုံး နိုင်ငံရေး အကျဉ်းသားဖြစ်မယ် ထင်တယ်။ ဆယ်ကျော်သက် အရွယ်နဲ့ နိုင်ငံရေးလုပ်တယ်။ ထောင်ကျတယ်။ စိတ်မာတယ်။ အပြင်မှာ မိဘဆုံးတယ်။ မတွေ့လိုက်ကြရ။ အခုထိ သူထောင်ထဲမှာပဲ ရှိလိမ့်ဦးမယ်။ နောက် တစ်ယောက်က သိပ်မကြာခင်ကပဲ ကျဆုံးသွားတဲ့ ကျောင်းသားခေါင်းဆောင်
သက်ဝင်းအောင်။ တိုင်းပြည်ကို ကောင်းရာကောင်းရပ်ကို ရောက်အောင်ဆွဲတင်ဖို့ ကြိုးစားတဲ့ မြန်မာလူငယ်။ စစ်လူမိုက်တွေရဲ့ တမြေ့မြေ့ စနစ်တကျ ညှင်းပန်း သတ်ဖြတ်မှုကြောင့်ထောင်ထဲမှာပဲ ကြွေပြုန်းခဲ့ရတယ်။ နောက်တစ်ယောက်က ကိုမင်းကိုနိုင်။ နောက်တစ်ယောက်က ဆရာတာရာမင်းဝေ။ နောက်...ကျနော်နဲ့အတူ အခုထိ လက်တွဲတိုက်ပွဲဝင်နေတဲ့ တောတွင်းကရဲဘော်များ။ နိုင်ငံတကာက ရဲဘော်များ။ သူတို့တွေက ယုံကြည်ချက်နဲ့ရေးထားတဲ့ သမိုင်းသစ္စာကို ကိုယ်ရဲ့ ဘာမဟုတ်တဲ့ အတ္တနဲ့ ကျနော် မဖျက်ပစ်နိုင်ဘူး။ အခုချိန်ထိ ကျနော့် ရပ်တည်ချက် လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲဝင်ကျောင်းသားအားလုံးနဲ့ တထပ်တည်းပဲ။ ပြည်တွင်း မဂ္ဂဇင်းတချို့ကို ကျနော် ကဗျာရေး/ပို့ နဲနဲဖော်ပြခံခဲ့ရဖူးတယ်။
အဲဒီထဲက ၃ ပုဒ် ဖော်ပြလိုက်တယ်။ ရန်ကုန်မြို့ မြေပုံထဲမှာတွေ့တာ ၃၃လမ်းဟာ လမ်းတိုပြတ်လေးဗျ။ ရောက်မှာပေါ့၊ တစ်နေ့နေ့။ ။



ရေသောက်မြစ်

ကိုယ့်ကျင်းကိုယ်တူးပြီးမှ
ကြီးပြင်းလာရတဲ့ကောင်ပါ
ငါသေတဲ့အခါ
သင်တို့အလုပ်ရှုပ်စရာမလိုဘူး။

ချစ်သူရေ...
ရေသောက်မြစ်ဖြစ်လာမှတော့
မြေအောက်မှာနှစ်ရှည်လများ
နက်သထက်နက်
ငါဆက်တူးသွားပါ့မယ်။

ကမ္ဘာမြေပေါ်က
ငါပို့ပေးလိုက်တဲ့ပန်းတွေ
လှပနေပါစေတော့
ငါပို့ပေးလိုက်တဲ့ကဗျာတွေ
ရသဝေဖြာစေတော့၊

အဲဒီရေသောက်မြစ်က
ရေတစ်ပေါက်လောက်
သောက်ခွင့်ရခဲ့ရင်ပဲ
သေပွဲရဲရဲဝင်ရဲပြီ။ ။

(ကမ္ဘာလောကရှိရေသောက်မြစ်လိုကဗျာဆရာတွေအတွက်ဦးညွတ်ဖွဲ.ဆိုသည်)


လူရဲ့ဂီတ

ရင်ဘတ်အချင်းချင်းတီးခတ်ထားတဲ့သံစဉ်ပါ
အင်ထရိုတစ်ခုလုံး
အချိုမြိန်ဆုံးတွေနဲ့လန်းသစ်တက်ကြွနေခဲ့တယ်။

ပထမအပိုဒ်ကို
စစ်မှန်တဲ့ညီညာမှုနဲ့သီဆိုရမှာမို့
တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်ယုံကြည်နိုင်ဖို့
အချစ်တို့ကိုအသုံးချခဲ့တယ်။

သီဆိုနေတုန်းရပ်လို့မရတဲ့တေးသွားဟာ
တစ်ယောက်မအားတော့တစ်ယောက်ပဲဆို
နှစ်ယောက်အားတော့နှစ်ယောက်တွဲဆို
ငြိုငြင်လို့လည်းမရတော့ဘူး
မဆိုချင်လို့လည်းမရတော့ဘူး
အကူး၊ အချိတ်၊ အနိမ့်၊ အမြင့် တွေနဲ့
တေးဟာလွင့်ပြန့်နေခဲ့တယ်။

ကော်ရက်စ်အပိုဒ်မှာ
ဟာမိုနီသမားတွေထပ်ပိုလာခဲ့
တေးသွားဟာမြန်ဆန်သွက်လက်
သြဂက်ထရာဆန်ဆန်ရင့်ကျက်လာခဲ့တယ်။

နောက်ဆုံးအပိုဒ်မှာ
ဟာမိုနီသမားတွေကကြွေးကြော်ကြပြီ
ဂီတသစ်ကိုဖန်ဆင်းမယ်တဲ့
သံစဉ်ဟောင်းထဲ
အညောင်းမိမခံနိုင်ဘူးတဲ့
ဂီတပုံစံနှစ်မျိုးကွဲခဲ့တယ်။

စခဲ့တဲ့နှစ်ဦးရဲ့ဂီတမျိုးက
ငြိမ့်ညောင်းတိုးသိမ့်ညှင်သာပြီး
ဟာမိုနီသမားတွေရဲ့ဂီတကတော့
လေထုကြီးတစ်ခုလုံးကိုသိမ်းပိုက်သွားတာပေါ့
လူသား
နားနဲ့
ပြောင်းလဲတိုးတက်သွားတဲ့ဘ၀ဖြစ်စဉ်။ ။

ခံပြင်းလွန်းတဲ့ပင်လယ်

ပြောကြသေးရဲ့
မြစ်တွေကပေးဆပ်မှ
ငါဖြစ်လာရတာပါတဲ့

တကယ်ဆို
မြစ်တွေကို မျိုချဖို့
ငါဖြစ်လာရတာပါ

တစ်ဘ၀လုံး
ကိုယ့်ကိုယ်ကိုယ် ပက်လက်လှန်
အငွေ့ပြန်ကျိုချက်
ဒါ...မြစ်တွေကို အသက်ဆက်ဖို့ပါ

မြစ်ပေါင်းစုံရဲ့
အကျင့်ပေါင်းစုံ
ပေါင်းဆုံရာအရပ်
ကြည့်...ငါ့ရင်ဘတ်မှာ ဒါဏ်ရာစတွေ

အပြစ်မဆိုပါဘူး
မြစ်ဆိုတာ စီးမှာပေါ့
(တခါတရံတော့)
ငါ့နှုပ်ခမ်းပါးတွေကို
ခပ်ကြမ်းကြမ်း ဖဲ့ရွဲ.တိုက်စား
မြစ်များက...သိမ်မွေ.မှုမဲ့ စီးဆင်းမှုတွေနဲ့
ငါက...ရင်နာနေတဲ့ သီးခံခြင်းတွေနဲ့

ဘာဖြစ်ဖြစ်ပါ
အနစ်နာခံခြင်းဟာ ငါ့ဘဝ
ရင့်ကျက်ခြင်းဟာ ငါ့သိက္ခာ
ငါနေတတ်ခဲ့၊ ငါကျေနပ်ခဲ့

တချိန်လုံး
တောင်တန်းတွေကိုခေါ်မျှော်
သူတို့ပေါ်မလာကြ
ကောင်းကင်ကျယ်ကို ငါလွမ်းတ
နမ်းခွင့်ကို မရခဲ့တဲ့ ငါ
သဘာဝကျိန်စာကျမ်းကြီးထဲ
ကျေကွဲစရာတွေကို
ရေထဲမှာ ဖုံးဖိ
ကြိုးစား ပြုံးကြည့်ခဲ့ပါသေးတယ်

ငါရိုးသားခဲ့ပါတယ်
ငါကိုယ်တိုင် ရိုးသားခဲ့ပါတယ်

ငါ့အောက်ခြေရေသောက်မြစ်တွေ
ခြေထောက်ငြောင်းလာတဲ့အခါမျိုး
မုန်တိုင်းတွေ အလည်လာတဲ့အခါမျိုး
သူတို့ယူလာတဲ့ လေနီကြမ်းတွေကိုသောက်
တစ်ခွက်ပြီးတစ်ခွက်သောက်
ပေါက်ကွဲခက်ထန်တဲ့ ဂီတအောက်မှာ
အသွေးအသားတွေ ဆူဝေခဲ့ပြီ
ထိန်းချုပ်မှုတွေ လျော့ပြေခဲ့ပြီ

နာကြည်းချက်တွေလေ
ခံစားချက်တွေလေ
မကျေနပ်ချက်တွေလေ
ရင်မှာဆူပွက်
လှိုင်းလုံးတွေ တာထွက်သွားကြပြီ

ဟလို...ချစ်သူမြစ်များ
တစိမ့်စိမ့် မူးအားကောင်းတဲ့
နှစ်ချို့မျက်ရည်ဟာ
"ဒီရေ"တွေပေါ့
အကြင်နာတရားကတော့
အငွေ.ပျံသွားခဲ့တာ...ကြာပြီ။ ။

သုအိုင်စံ

အပြည့်အစုံသို့...

Sunday, May 10, 2009

commemorial pain

I wrote this poem exactly a year ago. later on, my friend the poet, Thoe Htane trancomposed into burmese. i didn't edit or change a word on his work. At that time, Cyclone Nargis stepped over Burma's Irrawaddy Delta and destroyed everything. The government didn't work out the right way! Everyone's got universial heart break. The whole world did try to help Burma but the government didn't accept it. Today, a year later, the rice fields are yet not recovered. People in Irrawaddy Delta are stiil hard to handle to go on their lives. There is not enough useful water at the moment. HAPPY MOTHERS' DAY TO YOU! DON'T FORGET TO REBUILD THE NATION. This is your die-hard duties and stub-born gifts. DO NOT RUN AWAY FROM THIS. All The Best!!!

BURMA'S NON-POLITICAL FLOOD

Water, water, all around me
But I am so..so… thirsty.
Here, there, human bodies’ everywhere
But none alive accompany me and share.
And I look at myself
Broken hopes and empty handed.
And I look further around
Just like a post heavy-battled ground.
Wild cyclone has wiped all things down.

Where are those kids from innocent playground?
Where are students in the green and white uniform?
Where is my town always singing along country rock songs?
Where are my mates who search for freedom and independence?
Where are those local chicks with new-leaf-color lips?
Where are those parents with a too busy habit?
All my questions disappear,
All my answers whisper…and whisperer.
Collaborated disaster of the nature and the dictator!

And I constantly hear voices from my empty stomach
Asking me food, forcing me speak out and stand up.
I silently speak with my loudest, to the entire world
Then mankind’s sympathies come and knock my door.

Let me now open my door
‘Cause those sympathies will help to fix my wounded floor.
Let me invite them with an open heart
‘Cause those sympathies will help my life reconstruct.

Hello Mr. militarists,
Your guns are currently useless,
My demands are urgently needed,
Here, I’m alive, not a corpse yet,
Neither much time left.
Together, let’s work out as a nice diplomat!

(Dedicated To My Mother And People Of Burma Who Lost Lives And
Who Are Hardly Survived Under Both Natural And Political Weathers!)

A’karikz Yannaing
Mothers’ Day-2008

ဗမာနိုင်ငံရဲ့နိုင်ငံရေးမပါတဲ့ရေဘေးကပ်

ရေတွေ...ရေတွေ...
ငါ့နားပတ်ချာလည်ဝိုင်းလို့
ဒါပေမဲ့ င့ါမှာ ရေဆာသွေ.ခြောက်လို့
ဟိုမှာ...ဒီမှာ...
ကြည့်လေရာမှာ လူသေကောင်များသာပြည့်လို့...
ငါနဲ့အတူ-- ဒီဒုက္ခကို မျှဝေခံစားစရာ
ရှင်ကျန်သူ တစ်ယောက်မှမရှိတော့...
ငါ့ကိုယ်ငါပြန်ကြည့်မိရဲ့
မျှော်လင့်ချက် အကျိုးအပဲ့များနဲ့
ဗလာလက်များသာတွေ.ခဲ့ပြီ။
နောက်ထပ်ပိုဝေးဝေးကို ငါငေးရီကြည့်မိတယ်
အကျအဆုံးများတဲ့တိုက်ပွဲတစ်ခုရဲ့နောက်ဆက်တွဲလို
ရိုင်းစိုင်းသူမုန်တိုင်းဟာ အရာခပ်သိမ်းကို မုဒိန်းကျင့်ခဲ့ပြီ။

ရိုးသားမှုထဲ ဆော့ပြေးကစားနေသူ ကလေးများလည်းဘယ်ရောက်သွားပြီလဲ
အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းများသူလည်း ဘယ်ရောက်ကုန်ပြီလဲ
လွပ်လပ်မှုနဲ့ လူ့အခွင့်အရေး ဖွေရှာသူ ငါ့သူငယ်ချင်းများရော ဘယ်မှာလဲ
လိင်စိတ် ၁၅၀၀ အားနဲ့နှုပ်ခမ်းနီပါးများရော ဘယ်ရောက်ကုန်ပြီလဲ
နေ့မအားညမအား မိဘများလည်းဘယ်ရောက်သွားကြလဲ
မေးခွန်းများ လေထဲပျေက်ကွယ်ပါးလျလို့
အဖြေများဟာ တိုးတိတ်ဆိတ်ငြိမ်...တိုး...တိတ်...ဆိတ်...ငြိမ်
ဒါဟာ...
သဘာဝကပ်ဘေးနဲ့ အာဏာရအငတ်ခွေးတို့ရဲ့ ပူးပေါင်းကြံစည်ဖျက်ဆီးမှုကြီး။

ဟာနေတဲ့ငါ့ရင်ဘတ်ထဲ တဖွဲဖွဲကြားနေရတဲ့ အသံတွေ
အစာတောင်းခံသံတွေ အစာတောင်းခံသံတွေ
အမှန်တရားဘက် မားမားရပ်ဖို့တောင်းဆိုသံတွေ...
ကမ္ဘာကြီးရေ...
ကျနော့်ရဲ့ အကျယ်လောင်ဆုံးစကားများကို အသံမပါပဲလွှင့်ထုတ်လိုက်ပါရဲ့
လူသားတို့ရဲ့ ကိုယ်ချင်းစာနာမှုတရားဟာ
ဘယ်အချိန်များ ကျနော်တို့ အိမ်တံခါးဝကိုရောက်လာမှာပါလဲ
ငါ့အိမ်တံခါးလေးဖွင့်ထားပါရစေတော့
စာနာမှုတရားဟာ ငါ့ပျက်စီးကြမ်းပြင်များကို တဖန်သစ်လွင်ပါစေလေ
ဖွင့်ထားတဲ့ ငါ့နှလုံးသားနဲ့ ဖိတ်ကြားလိုက်ပါရစေတော့
စာနာမှုတရားဟာ ငါ့ဘ၀ပြန်လည်ထူထောင်ရေးကာလမှာ လမ်းပြပါစေလေ။

စစ်သွေးကြွအဘတို့ရေ...
ခင်ဗျားတို့ သေနတ်များလည်း အခုတော့ သုံးစားလို့မရနိုင်ပါ
ကျနော့်တောင်းဆိုချက်များသာ အရေးတကြီးလိုအပ်နေပါတယ်
ဒီမှာ...ကျနော်တစ်ယောက်
(အချိန်သိပ်မရဘူးဆိုရင်တောင်)
မသေမပျောက် အသက်ငေါက်တောက် ရှင်ကျန်လျှက်ပါပဲ
ဒါကြောင့်
သံတမန်ဆန်ဆန် အားလုံးကို အတူတကွဖြေရှင်းကြပါစို့။

အပြည့်အစုံသို့...

Thursday, May 7, 2009

CEMETERY ROSE AND DEATH KISSES

A'karikz Yannaing

Just like you,
I was heavy-loaded

Just like you,
I drove ahead
On this highway,
All the destinations were unsure
All the definitions were unclear
Almost all the accelerations differed

Just like you,
I slept in that darkness

Just like you,
I had the food of tastelessness
On this highway,
I waved GOODBYE to red tale lights of memory
I said HELLO to the front lights of presency

Just like you,
I hated the police camera of lawful shits
I hated the stupid drama of awful promise
On this highway,
I used to lose all my maps
I used to lose all my bests

Just like you,
I was listening to the silence
And wondering what is really inside

Just like you,
I was looking at the emptiness
And wondering how the real MEANING look alike

Just like you,
I never looked back
I was almost empty handed.

Just like you,
I left nothing over there
I brought nothing to here

Just like you, on this highway,
On this highway, just like you,
The highway itself was just like you
You yourself was just like the highway
And I myself was also in the same way

Just like you,
I'm here and dead
Take a look at those cemetery roses
They're all nicely standard and fresh
Just like you,
Just like me,
Just like all,
Nobody wants to use them and ignore their beautifulness
Would you accept one of the roses to celebrate our death?
"Long Live This Death: Long Live Our Death:"
Just like every human history is empty and useless
SKELETON KISSES ARE ETERNITY!!!

A'karikz Yannaing

အပြည့်အစုံသို့...

Sunday, May 3, 2009

စပါးလှေ့ချိန်

သုအိုင်စံ

မုန်တိုင်းတွေ ကစုန်စိုင်း ထန်းရေမူးလေ့ရှိတဲ့ ရွာမှာ
ငါနေတယ်
အမှား အမိုက်တွေနဲ့ စပါးစိုက်ထားတဲ့ လယ်မှာ
လယ်လုပ်တယ်
စပါးစိုက်ပေမဲ့ မစားလိုက်ရတာတွေလည်းရှိတယ်
ငါ့လယ်တဲကို
၃ ခေတ် ပိုးစားနေတဲ့ ၃ နှစ်ဝါးပိုးဝါးနဲ့ ဆောက်တယ်
မြန်မာ့ရိုးမတောင်တန်းပေါ်က
ငါခိုးဖြတ်လာတဲ့ တောင်ထန်းတွေနဲ့ ခေါင်မိုးတယ်
ပြီးတော့
ဘားတိုက်ထဲလှောင်ထားတဲ့ နွားအမိုက်အမဲတွေနဲ့လယ်ထွန်တယ်
ဒီကောင်တွေထဲမှာက
ပဲဖတ်စားရတဲ့နွားရှိသလို၊ ရိုးဖြတ်မ၀ါးရတဲ့နွားလည်းရှိတယ်
တခါတခါ ဒီကောင်တွေ ထခွေ့ကြရင်ငါ စိတ်ညစ်တယ်
ငါ့မှာ
မတရားပါတီထောင်တားတဲ့ နွားညီနောင်တစ်စုံ လည်းရှိတယ်

အမှားအလီလီလှောင်ထားတဲ့ စပါးကျီတစ်ဆောင် လည်းရှိတယ်
ရွာဘေးနားတ၀ိုက် စာကလေးများတသိုက်က
ငါ့လယ်ထဲ စပါးလာစားကြတဲ့အခါ
ငါက ဂျီသရီး ဂျီဖိုး တွေနဲ့ ထ ထ ပစ်တယ်
ဒီကောင်တွေက
အကောင်သေးတော့ အရှောင်မြန်တယ်၊ ရှင်းရခက်တယ်
တခါတခါ ငါစဉ်းစားတယ်
ဒီစာကလေးတွေဟာ ဒီရွာ ဒီလယ် တ၀ိုက်မှာပဲ
အတောင်အတောင်ချင်းရိုက် နှုပ်သီးနှုပ်သီးချင်းကိုက်
အသိုက်ဖွဲ.မျိုးဆက်ပွား
ဒီကောင်တွေကို ငါသုတ်သင်ခွင့်ရှိပ့ါမလား
ဒါဟာဒီကောင်တွေရဲ့ ဇာတိမြေပဲမဟုတ်လား
ငါက ဦးနှောက်နဲတော့ င့ါစဉ်းစားမှု အဖြေမရခင် ရပ်ရပ်လိုက်တယ်
ဒီနှစ်တော့
ဒီကောင်တွေကို ပရိယာယ်နဲ့အိမ်လည်ဖိတ်ထားတယ်
ပြီးတော့ ကြွက်သတ်ဆေးလိမ်းထားတဲ့စပါးတွေနဲ့ ဧည့်ခံမယ်
ငါ့အကြံမမိုက်ဘူးလား၊ဟား ဟား ဟား ဟား………
နှစ်ထောင့်တစ်ဆယ်ဆိုတဲ့လယ်ထဲမှာ
စာကလေးတွေနဲ့ငါ လုံးထွေးသတ်ပုတ်တိုက်ခိုက်
ငါမသေဆုံးလိုက်ပါဘူး ဦးနှောက်ကိုအတွေးအခေါ်မှန်သွားရုံလေး
ငါ့ကိုယ်ငါပြန်မြင်လိုက်တာ စာကလေးတစ်ကောင်အဖြစ်နဲ့
ငါ့နွားတွေကိုငါပြန်မြင်လိုက်တာ စာကလေးတွေအဖြစ်နဲ့
စာကလေးစကားတွေပြောလို့
(ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ)
အဓိပ္ပါယ်ကဘာလဲ။ လူစကားနဲ့ဆိုရင်တော့
ငါတို့တပ်မတော် ပြည်သူ့ဘက်က ရပ်တည်လိုက်ကြပြီဟေ့။ ။

သုအိုင်စံ

အပြည့်အစုံသို့...