Friday, November 28, 2008

ကူဝိတ်နှင့် မြောက်ကိုရီးယားတွင် မြန်မာသံရုံးဖွင့်ရန် ကြိုးပမ်း

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈

ကူဝိတ်နှင့် မြောက်ကိုရီးယားနိုင်ငံများတွင် မြန်မာသံရုံးများဖွင့်နိုင်ရန် မြန်မာစစ်အစိုးရ ကြိုးပမ်းနေပြီး အဆိုပါ ကိစ္စများ ဆောင်ရွက်နိုင်ရန် မကြာခင် မြန်မာစစ်အစိုးရ အဆင့်မြင့် အရာရှိတဦးကို အဆိုပါနိုင်ငံများသို့ စေလွှတ်ဖွယ်ရှိသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကူဝိတ်နိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာပြီး မကြာခင် ကူဝိတ်နိုင်ငံတွင် မြန်မာ သံရုံးဖွင့်ရန် စစ်အစိုးရဘက်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီစဉ်အတွင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍများတွင် ကူဝိတ်နိုင်ငံမှ ရေရှည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုကြောင်း ကူဝိတ် ဘဏ္ဍာရေး ၀န်ကြီးက ထုတ်ဖော်ပြောခဲ့သည်။

မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရဆက်ဆံရေးမှာ အထူးလျှို့ဝှက်ပြီး ၂၀၀၇ ခုနှစ်မှစပြီး သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ခဲ့သည်။

0 comments: