Friday, November 28, 2008

သက်ကျားအို စစ်အစိုးရ ဝန်ကြီး (၄) ဦးကို နိုင်ငံရေးဘက်ပို့မည်

NEJ/ ၂၈ နိုဝင်ဘာ ၂၀၀၈

အသက်ကြီးသည့် နေပြည်တော်ဝန်ကြီး (၄) ဦးကို မကြာခင် နိုင်ငံရေးဘက် ပြောင်းတော့မည်ဟု ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါဝန်ကြီး (၄) ဦးမှာ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ် သိန်းအောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်း၊ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီနှင့် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းတို့ဖြစ်သည်။

သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်း အောင်ဆိုလျှင် နိုင်ငံရေးဘက်ပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏ အရာရှိများအား မကြာခင်က တရားဝင်ပြောခဲ့ပြီး ဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းဆိုလျှင် အသက် (၇၃) နှစ်ရှိပြီဖြစ်သည်။ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီဆိုလည်း (၆၈) နှစ်ရှိ ပြီဖြစ်သည်။ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းက (၇၂) နှစ်ရှိပြီဖြစ်သည်။

0 comments: